Saturday 24 March 2012







မှတ်မှတ်ရရ ဗိုလ်ချုပ်မိန့် ခွန်း(ရုပ်/သံ)
Posted: 24 Mar 2012 12:09 AM PDT



Posted: 23 Mar 2012 11:46 PM PDT

ရောက်သမျှနိုင်ငံတွေက အာဇာနည်ဗိမာန်မှာ ဦးလေးညွှတ် ခါးလေးကိုင်းတတ်တဲ့ ဦးသိန်းစိန်
ကိုယ့်နိုင်ငံက အာဇာနည်ကုန်းကိုတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့ တောင် မထင်
အကျိုးဖြစ်မယ်ရင် ဦးအောင်ဆန်းဓာတ်ပုံကို နောက်ခံထားပြီး အိုက်တင် ပေးလိုပေးနဲ့ ...

Photo..ကိုအောင်မျိုးထွန်း

Posted: 23 Mar 2012 11:30 PM PDT




၂၀၁၁ ဇန်နဝါရီ TIME မဂ္ဂဇင်းမျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံဖေါ်ပြနိုင်ဖို့ ဓါတ်ပုံဆရာ Mr. Platon မြန်မာပြည်ကို ၂၀၁၀ ဒီဇင်္ဘာလအတွင်းမှာ လာရောက်ရိုက်ကူးရင်း ရရှိခဲ့တဲ့အတွေ့အကြုံတစ်ချို့အကြောင်းပါ။

mmcpမှ Greenwoodအားကျေးဇူးတင်ရှိပါတယ်..

Posted: 23 Mar 2012 10:40 PM PDT

Bus တွေနဲ့ ခေါ်လာတာကိုး .... မိပြီ မိပြီ

Photo..ဒီမိုဖက်တီး
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ဆိုသူများကို မိမိ၏ကိုယ်ပိုင်ဆန္ဒအစီအစဉ်နှင့်မဟုတ်ဘဲ ဘတ်စကားဖြင့်လူများအောင် ကြံ့ဖွတ်တာဝန်ခံများက ကတိုက်ကရိုက် စုဆောင်းခြင်း။

မဲဆွယ်စည်းရုံးရေးပွဲသို့တက်ရောက်လာသူများ၏ မျက်နှာများမှာ တက်တက်ကြွကြွမရှိ.ပြုံးပြုံးရွှင်ရွှင်လိုလိုလားလားမရှိ.အခွင့်အရေး ။ နေ့စားငွေတခုခုအခွင့်အရေးရ၍ တက်ရောက်လာရခြင်း

မိမိ၏ကိုယ်ပိုင်ဆန္ဒဖြင့် ရေးသားထောက်ခံထားသော စာတန်း ဆိုင်းဘုတ်များကိုင်ဆောင်ထားခြင်းမရှိ

တအိမ်လျှင် ဘယ်(၂)ယောက်နူန်းဖြင့် ဦးထုတ်. Thirtsများ. နေ့စားဘယ်လောက်ပေးမည် ဟုဆို၍ မဲဆွယ်ပွဲသို့တက်ရောက်လာကြသော အထက်ပါဓာတ်ပုံတွင်ပါဝင်သောလူများ၏ မျက်နှာများတွင် မည်သည့်ယုံကြည်ချက်မှမရှိ. ရယ်ရယ်ပြုံးပြုံးမရှိကြောင်းတွေ့ရှိရပါတယ်

ပြီးခဲ့တဲ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ပါတီမဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာလည်း ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းရဲ့ သား ကြံ့/ဖွံ့ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းက ကျပ်ငွေ ငါးထောင်တန်၊ တထောင်တန်တွေကို တက်ရောက်လာတဲ့ လူထုထဲ ကြဲဖန့်ခဲ့ပါတယ်လို့သိရပါတယ်..

တောင်ငူမြို့၊ ကွင်းပိုင်းရပ်ကွက်မှာ ကြံ့ဖွတ်တွေက မဲဆွယ်ကြတယ်။ ဦးထုပ်တွေ အင်္ကျီတွေ အလကားပေးတယ်။ ကလေးတွေ ၀ိုင်းလုပြီးကို ယူကြတယ်။ မုန့်တွေလဲ ကျွေးတယ်။ ကလေးတွေ အအေးနဲ့ကိတ်တွေ ၀အောင်ပြဲအောင် စားကြတယ်။ ပြီးတော့ ဒေါက်တာဝေေ၀သာကြီးက ကလေးတို့ ဆုတောင်းပေးကြအုံး၊ အန်တီတို့ ပြန်တော့မယ်လို့ပြောလိုက်တော့ ကလေးတွေက "အမေစု ကျန်းမာပါစေ၊ သက်တော် ရာကျော်ရှည်ပါစေ"လို့ အော်ပြီးဆုတောင်းလိုက်ကြတယ်။ ဒေါက်တာဝေေ၀သာကြီးခမျှာ မိုးကြိုးထိသလို မျက်နှာကြီး မဲသွားရှာတယ်။ နောက်လိုက်တွေက အဲ့ဒီလိုမဟုတ်ဘူးလေလို့ ကလေးတွေကို လိုက်ပြောနေတဲ့အချိန် မဆိုင်းမတွပဲ ဒေါက်တာမခမျှာ ကားပေါ်ကို တက်ပြီး ဘာမပြော ညာမပြောနဲ့ လစ်သွားရှာလေတယ်။ အဲ့ဒါ မနေ့ကပဲ ဖြစ်ပျက်သွားတာပေါ့။

Posted: 23 Mar 2012 10:07 PM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၃)ရက်
...
သတင်းထုတ်ပြန်ချက်

အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားသည့် အကြောင်းအရာများ ရေးသားထားသော စာရွက်စာတမ်းများကို အထက်မြန်မာနိုင်ငံနှင့်ရန်ကုန်မြို့တွင် ဖြန့်ဝေလျက်ရှိရာ တာဝန်ရှိသူတို့က ယခုအချိန်ထိ ဟန့်တားအရေးယူခြင်းမရှိခြင်းသည် ယင်းကိစ္စရပ်များကို အားပေးရာရောက်ပါသည်။

ရေဦးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး

ရေဦးမြို့နယ်ချောင်းဆုံကျေးရွာကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းရွှေ(ဘ) ဦးစိုးမောင်သည် ၂၁.၃.၂၀၁၂ရက်နေ့ညနေ (၃)နာရီတွင် ပြည်ခိုင်ဖြိုးပါတီအမည်နှင့် ခြင်္သေ့တံဆိပ်ပါတီရှပ်ကိုဝတ်ပြီး ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးမှုပြုနေကြောင်း သတင်းရရှိပါသည်။

ကျေးရွာကော်မရှင်ဥက္ကဋ္ဌက ပါတီတစ်ခုအတွက်မဲဆွယ်စည်းရုံးမှုသည် တရားမျှတသောရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် အနှောက်အယှက်ဖြစ်ပါသည်။

ပုသိမ်မြို့နယ်၊ဧရာဝတီတိုင်းဒေသကြီး

သမဝါယမဒုတိယဝန်ကြီး ဦးသိန်းထွန်းသည် ရွှေသောင်ယံမြို့နယ်ခွဲ သဘော့ကန်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည်။ ယင်းလုပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ဋ)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပါသည်။

ကန့်ဘလူ၊ကျွန်းလှ၊ရေဦး၊တန့်ဆည်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊စစ်ကိုင်းတိုင်းဒေသကြီး

မတ်လ(၁၉)ရက်နေ့၊ ညနေ(၄)နာရီအချိန်တွင် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် နဂါးပေါ်ကျေးရွာတွင် စည်းရုံးဟောပြောပွဲ ကျင်းပနေစဉ် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးက ဟောပြောပွဲအနီး ကောက်ရိုးပုံကို မီးရှို့ပွဲလှန့်ခဲ့ရာ ရွာသူရွာသားများသွားရောက်ငြိမ်းသတ်ခဲ့ရသည်ဟုသတင်းရရှိပါသည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့
NLD

Posted: 23 Mar 2012 09:30 PM PDT



ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော
၃.၃.၂၀၁၂ (သောကြာ)နေ့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြှောက်မည့် မဲထည့်ရသော နေ့တစ်နေ့ဖြစ်သည်။ နံနက် (၉း၃၀) နာရီအချိန်တွင် အစိုးရမဟုတ်သော အနုပညာသမားများသာပါဝင်သော NGO စစ်စစ်ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရွေးကောက်ပွဲသို့ ကျွန်တော်သွားရောက်ကာ ပထမဦးဆုံး အဓိကသရုပ်ဆောင်အလွှာအတွက် ဆန္ဒမဲဝင်ရောက်ပေးခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ဆန္ဒမဲပေးပြီးသည်နှင့် တပြိုင်နက် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄)ရှိ အမေဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ နံနက် (၁၀း၃၀) နာရီမတိုင်မီ အရောက်သွားခဲ့ ရသည်။ ကျွန်တော်တို့ခြံရှေ့သို့ ရောက်ရှိပြီး မကြာမီ Townace မော်တော်ယာဉ် (၅) စီး ရှေ့ဆင့် နောက်ဆင့်ရောက်လာခဲ့သည်။ ထို့နောက် အမေဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းသို့ ဝင်ရောက်ခဲ့ ကြသည်။ အမေ့အိမ်အတွင်း ဧည့်ခန်းဆောင်တွင် ခေတ္တနေရာယူနေစဉ်အတွင်း အမေ ဒေါ်အောင်ဆန်း စုကြည် ဧည့်ခန်းဆောင်အတွင်းသို့ ရောက်လာတော့သည်။ ကျွန်တော်သည် ကျွန်တော်နှင့်အတူ ပါလာသော ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးမိသားစုနှင့် အမေ့အား မိတ်ဆက်ပေးပြီးသည့်နောက် ဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်) သမီးဒေါ်လှရီ (ရွှေစင်စင်္ကြာ မိသားစု)မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် အလှူငွေ သိန်းတစ်ထောင်ကျပ်တိတိအား အမေ ဒေါ်အောင်ဆန်း စုကြည် လက်ဝယ်သို့ လှူဒါန်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမေနှင့် အလှူရှင်မိသားစုဖြစ်သောဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်)နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မော်လမြိုင်မြို့တွင် ဆုံတွေ့ခဲ့ ရပုံစသည့် ရှေးဟောင်းနှောင်းမြစ်များအား လွမ်းဆွတ်ဖွယ်ပြောကြားခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ကျွန်တော်မှ ဖိဖိစည်းစည်း တာဝန်မယူပေးနိုင်မှုများကို ခွင့်လွှတ်နားလည်ပါရန် အမေ့အား ပြောကြားခဲ့သည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) မှတ်ပုံတင်ပြန်လည်ရရှိပြီဖြစ်ပါ၍ လူမှုရေးကိစ္စများအား ဆထပ်တန်ဘိုး လုပ်ဆောင်နေရပါကြောင်း၊ အမေကလည်း သူသည်လည်း ရွေးကောက်ပွဲကာလ ဖြစ်နေသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ကိစ္စရပ်များအား ဖိဖိစည်းစည်း မလုပ်နိုင်သေးကြောင်း မကြာမီကာလတွင် ယင်းဇာတ်ကားအတွက် ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ အလှူရှင်မိသားစုများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြကာ ယခုလိုလှူဒါန်းမှုအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း အမေမှ ပြောကြားကာ အလှူရှင်မိသားစုများနှင့်တကွ ကျွန်တော်တို့ အမေ့အားနှုတ်ဆက်ပြီး အမေ့ခြံမှ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။

ယခုလို ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် လှူဒါန်းမှုသည် မြန်မာနိုင်ငံ၏သမိုင်း အစစ်အမှန် ကို ကမ္ဘာမှသိရှိအောင် ဖော်ကျူးခြင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသော မြန်မာတို့၏ အမျိုးသား ရေးကိစ္စကို တဖက်တလမ်းပံ့ပိုးမှုပြုလုပ်ခြင်းတို့အပြင် ယင်းဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ရုံတင်ပြသ သည့်အခါ ရရှိမည့် အကျိုးအမြတ်များအားလုံးကို မြန်မာပြည်သူလူထု၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများအား လှူဒါန်းမှုပြုလုပ်မည်ဖြစ်ပါ၍ ယခုကဲ့သို့ ရွှေစင်စင်္ကြာ မိသားစု၏ ကောင်းမှုအလှူ သည် ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်ကြီးပင် ဖြစ်တော့သည်။

ကိုကျော်သူ

Posted: 23 Mar 2012 09:16 PM PDT




ရွှေပြည်သာ ည(၁၁)ရပ်ကွက် ကျူချောင်သုသာန်ဟောင်းအနီး သံဒင်းချောင်းဘေးနေရာတွင် လွန်ခဲ့သည့် ၁၁ နှစ်ခန့်မှ စတင်နေထိုင်ပြီး ဟင်းသီးဟင်းရွက်ပင်များစိုက်ပျိုးရာ ဧရိယာအနီးတွင် လူသေအလောင်းများ လာရောက်မြုပ်နှံမှုများ ရှိနေကြောင်းသိရသည်။

ယာသမား (၁၁) ဦးသည် သံဒင်းချောင်းဘေးနေရာ၌ ၂၀၁၁ ခုနှစ်တွင် ကျူတောများအား ကိုယ်တိုင်ရှင်းလင်းခုတ်ထွင်ကာ ဟင်းသီးဟင်းရွက်များစိုက်ပျိုးပြီး နေထိုင်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့နေထိုင်စဉ်ကာလအတွင်း သက်ဆိုင်ရာဌာနများသို့လည်း သတ်မှတ်သည့်အခွန်များ ပေးဆောင်ခဲ့သည်။ ယခု စိုက်ပျိုးရေးလုပ်ကိုင်ရာယာခင်းသည် ရွှေပြည်သာ သုသာန်ဟောင်းနှင့် လွတ်ကင်းပြီး ယင်းသုသာန်ဟောင်း၏ တခြားတဖက် သံဒင်းချောင်းဘေးမြေပေါ်တွင်သာ စိုက်ပျိုးခြင်းဖြစ်သည်။ နိုင်ငံတော်၏ စီမံကိန်းများဖြစ်သော ကြက်ဆူပင်စိုက်ပျိုးခြင်း စီမံကိန်းတွင်လည်း ပါဝင်ကူညီခဲ့သည်။

ယခုအခါ ကျူချောင်သုသာန်ဧရိယာ၏အပြင်ဘက် စိုက်ပျိုးရေးပြုလုပ်ရာ ယာခင်းအနီးတွင် ဘာသာခြားများမှ လူသေအလောင်းများ လာရောက်မြုပ်နှံခြင်းများ ပြုလုပ်နေကြသည်။

"စိုက်ခင်းရဲ့ တာဘောင်တဖက်မှာရှိတဲ့ မြန်မာသုသာန်ဟောင်းဟာ ၁၂ဧက ကျော်ကျယ်ပါတယ်။ ဘာသာခြားတွေအတွက် မြေနေရာပေးမယ်ဆိုရင်လည်း မြန်မာသုသာန်မြေဧရိယာကနေ ခွဲဝေပေးလို့ရပါတယ်။ ခုလို လူတွေစားသောက်တဲ့ သီးနှံစိုက်ခင်းအနားမှာ အလောင်းလာမြုပ်တာ မလုပ်သင့်ပါဘူး။" ဟု ယာသမားတစ်ဦးမှ ပြောသည်။

လူအများစားသုံးရာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရာ ယာခင်အနီးတွင် ယခုလို အလောင်းမြုပ်နှံခြင်းသည် မပြုလုပ်သင့်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးစေလိုကြောင်း ယာခင်းလုပ်သားများမှ ပြောဆိုနေကြသည်။

"ဒီသုသာန်က ၁၉၉၆ ခုနှစ် မှာကတဲက ပျက်ပြီးသားပါ။ နိုင်ငံတော်က ရေဝေး၊ ထိန်ပင် စတဲ့ သုသာန်တွေမှာ သွားသင်္ဂြိုဖို့ အမိန့်ထုတ်ထားပြီးသားပါ။ နောက်ပြီးဒီနေရာက လူနေရပ်ကွက်နဲ့ နဲနဲလှမ်းတယ်၊ ဒီလိုသာအလောင်းတွေကို ဒီနေရာမှာ မြေမြုပ်ခွင့် ပြုလိုက်မယ်ဆိုရင် မသမာသူတွေက ရာဇ၀တ်မှုကျူးလွန်ပြီး ဒီနေရာမှာ လာရောက်မြှပ်နှံမယ်ဆိုရင်လည်း ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး။ ဘာသာခြားတွေရဲ့ ဓလေ့ကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီစိုက်ခင်းနေရာကိုတော့ အလောင်းမြုပ်နှံရာ သုသာန်အဖြစ် အသုံးမပြုသင့်ပါဘူး" ဟု ၈၈မျိုးဆက်ကျောင်းသားဟောင်းများပါတီမှ မအေးမာက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနေဖြင့် ရန်ကုန်မြို့နေ ပြည်သူလူထုအား အကျိုးပြုနေသော ဟင်းသီးဟင်ရွက်စိုက်ပျိုးရာနေရာကို အလောင်းမြုပ်နှံရာသုသာန်နေရာအဖြစ် ပြောင်းလဲသတ်မှတ်ထားသည်ကို ပြန်လည်စဉ်းစားသုံး သပ်စေလို ကြောင်း ယာသမားများက ဆန္ဒရှိနေကြသည်။



ကိုရဲ

Posted: 23 Mar 2012 09:50 AM PDT
(၁)
ခုတလော အသံတွေက ဆူညံနေတယ်။ တိုင်းပြည်အပြောင်းအလဲအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ မဟနအကြောင်း … အကြောင်းတွေက စုံလှတယ်။ အင်တာနက်သတင်းတွေ၊ ဘလောဂ်တွေ၊ ၀က်ဘဆိုက်တွေ၊ ဖေ့စဘွတ်ခ်တွေ ဖွင့်လိုက်တိုင်း ဒီအကြောင်းတွေက နေရာယူထားတယ်။ ဒါက ဘာဆန်းလဲ။ ကိုယ့်တိုင်းပြည်အကြောင်း ကိုယ့်မြန်မာတွေ ပြောကြမှာပေါ့။ ဒီတော့ ပြောစရာရှိတာက တို့တိုင်းပြည်တော့ ဒီလို အပြောင်းအလဲတွေ ဖြစ်နေတယ်။ ဒီလိုအချိန်မှာ တို့က မသိချင်ယောင်ဆောင်နေရမှာလား။ ဘယ်ခေတ်မှာမှ ဗုဒ္ဓဘာသာဟာ နိုင်ငံ့အရေးတွေနဲ့ ကင်းကွာမနေခဲ့ဘူးဆိုတာ တွေ့ရမယ်။ ခေတ်တိုင်းခေတ်တိုင်း ဆရာတော်တွေဟာ တိုင်းပြည်အုပ်ချုပ်သူတွေကို အကြံဉာဏ်တွေ ပေးခဲ့တယ်။ ကောင်းရာမွန်ရာတွေကို ပြောကြားပေးခဲ့တယ်။

ဒီလို တရားနဲ့အညီ အုပ်ချုပ်ဖို့ အကြံပေးတာနဲ့ ဒီဆရာတော်တွေဟာ ကိုယ့်အလုပ်ကိုယ် မလုပ်ဘူး။ နိုင်ငံရေးတွေ လုပ်နေတယ်လို့ ဆိုရတော့မလား။ ဘယ်သမိုင်းဆရာကမှ အဲဒီဆရာတော်တွေကို နိုင်ငံရေးလုပ်တဲ့ ဆရာတော်တွေလို့ မပြောခဲ့ဘူး။ တို့ ဗုဒ္ဓဘာသာဟာ တိုင်းပြည်ကောင်းစားရေးအတွက် ဘုရင်တွေကိုတောင်မှ ဆုံးမသြ၀ါဒပေးခဲ့တယ်၊ တိုင်းသူပြည်သားအရေးကို လျစ်လျူမရှုခဲ့ဘူးလို့တောင်မှ ဂုဏ်ယူပြောကြသေးတယ်။ ဒီဘက်ခေတ်ရောက်မှ ဘာတွေ ဖြစ်ကုန်ကြတာလဲ။

(၂)
အသက်ကြီးကြီး ဆရာတော်တွေက အာဏာရှင်အစိုးရ တက်လာတော့ "ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး"ဆိုပြီး တတွတ်တွတ် ရွတ်ဆို ဖားယားကြတယ်။ ဟိုဟာလုပ်ပေးဖို့၊ ဒီဟာ လုပ်ပေးဖို့ တောင်းဆိုတယ်။ အမှန်တကယ် သလိုလို (အာဏာရှင်အကြိုက်) ပြောပေးကြတယ်။ ပြည်သူတွေ စိတ်ဆင်းရဲနေတာတွေ သိရဲ့နဲ့ စိတ်ချမ်းသာနေသလိုလို ပြောပေးကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ခိုင်းတာ အကုန်လုပ်ပေးတယ်။ အာဏာရှင်တည်မြဲရေး သြ၀ါဒတွေ ပေးကြတယ်။ ပြောရရင် အာဏာရှင်တွေ ကောင်းကြောင်းပြောပေးကြတယ်။ ကဲ …. ဟုတ်ပြီ။ ဒီဆရာတော်တွေ ဒီလို ပြော၊ ဒီလို လုပ်နေတာကိုကျတော့ "ဒီဆရာတော်တွေ နိုင်ငံရေး လုပ်တယ်"လို့ ဘယ်သူ ပြောသလဲ။

(၃)

ကိုယ်တော်လေးတွေကလည်း သူတို့ ခံယူချက်နဲ့သူတို့ အမေစု ကောင်းကြောင်း ပြောကြတယ်။ ပြည်သူတွေ ငတ်နေတာကို ပြောပြတယ်။ ကလေးတွေ စာမတတ်တာတွေ ပြောကြတယ်။ ကျောင်းမနေနိုင်ကြတာ ပြောကြတယ်။ ပြည်သူတွေ အထူးသဖြင့် ကျေးလတ်ပြည်သူတွေ စားဝတ်နေရေး မပြေလည်တာတွေ ပြောကြတယ်။ တိုင်းပြည်မှာ ရှိတဲ့ မတရားမှုတွေ၊ အဓမ္မမှုတွေကို ပြောကြတယ်။ (ဆရာတော်ကြီးတွေလို ဖားတာယားတာတွေတောင် မပါဘူး)။ ကဲ … ဟုတ်ပြီ။ ဒီလို ကိုယ့်တိုင်းပြည်တွင်းက ဒီလို အခြေအနေတွေကို ပြောနေတဲ့ ကိုယ်တော်လေးတွေကိုတော့ ခင်ဗျားတို့ ဘယ်လို တံဆိပ်ခတ်နှိပ်ပေးကြသလဲ။ "ဒီကိုယ်တော်က နိုင်ငံရေး လုပ်တယ်"တဲ့။

တချို့ ဒကာ၊ ဒကာမတွေကလည်း လာသေးတယ်။ "အရှင်ဘုရားဆိုက်မှာ နိုင်ငံရေးအကြောင်းတွေ ဆက်ရေးနေရင် တပည့်တော် အရှင်ဘုရား ပညာရေး မထောက်ပံ့တော့ဘူး"တဲ့။ ကျုပ်ကလည်း ရှင်းတယ်။ "ဒကာတို့လို လူတွေနဲ့ ဝေးလေကောင်းလေပဲ"လို့။ တရားမမျှတတာကို တရားမျှတတယ်၊ ဆင်းရဲနေကြတာကို ချမ်းသာနေကြတယ်လို့ ကျုပ်ကလည်း ဘယ်တော့မှ မပြောဘူး။ ဗုဒ္ဓဘာသာဆိုတာ တရားမျှတမှု မရှိတာကို ရှိအောင်၊ ဆင်းရဲနေတာကို ချမ်းသာအောင် နည်းလမ်းတွေ အများကြီး ပေးထားတယ်။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရေး နည်းလမ်းတွေဟာ လောကကနေ ကင်းကွာမနေဘူးဆိုတာ မှတ်ထားရမယ်။ ကျုပ်တစ်ခါ ရေးထားဖူးတယ်။ ကူဋဒန္တသုတ်ဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောထားတဲ့ တိုင်းပြည်တည်ဆောက်ရေး တရားပဲ။

ဒီတော့ ခင်ဗျားတို့ မလှူချင်လည်း မလှူနဲ့။ ကျုပ်ကတော့ လိပ်ပြာသန့်သန့်နဲ့ ဆက်ပြောမှာပဲ။

(၄)
အခုလည်း လာကြသေးတယ်။ "မဟနတွေကို ရေးတာ မကောင်းဘူး။ အဲ့ဒီလို မရေးသင့်ဘူး"တဲ့။ "ဘာဖြစ်လို့လည်း…. မင်းအတွေးအခေါ်တွေက ငါ ပြောလိုက်ရင် ပြိုလဲကုန်အုံးမယ်"လို့ဆိုတော့ "ဗန်းမော်ဆရာတော်ကြီးလို ဆရာတော်ကြီးတွေ ပါနေလို့ပေါ့"တဲ့။ "အေး ဗန်းမော်ဆရာတော်ကြီး ပါတော့ ဘာဖြစ်လဲကွ၊ ငါက ဗန်းမော်ဆရာတော်ကြီးကို ပြစ်မှားတာမှ မဟုတ်တာ၊ ဗန်းမော်ဆရာတော်လို ဆရာတော်တွေကို ငါ လေးစားဦးခိုက်ပြီးသားပဲ၊ အခုဟာက မဟနက မတရားမှုတွေ၊ အဂတိလိုက်စားတာတွေ၊ ပြည်သူတွေ နာမှာ၊ ဒုက္ခရောက်မှာကို ထည့်မတွက်ဘဲ အစိုးရအလိုကျ ဆုံးဖြတ်ပြောဆိုပေးတာတွေ မင်းမသိချင်ယောင် မဆောင်ပါနဲ့။ အဲဒါတွေ ပျောက်ကွယ်သွားရေးအတွက် တစ်ခုခု လုပ်ကြစေဖို့ ငါ ရေးနေ၊ ပြောနေတာ"

အချို့ကလည်း လာသေးတယ်။ "မဟနဆရာတော်တွေ ဦးဆောင်ညွှန်ကြားထောက်ပံ့ထားတဲ့ တက္ကသိုလ်မှာ ပညာသင်ခဲ့ရတဲ့ ကျေးဇူးတွေ မင်း မမေ့နဲ့"တဲ့။ ဒါက ခေါင်းမရှိလို့ ပြောတာ။ မဟနတွေ (ဘယ်သူကလွဲပြီး ဘယ်သူက လွဲပြီးလို့ ပြောနေရင် ပြီးမှာ မဟုတ်ဘူး။ ဒါကြောင့် မဟနလို့ပဲ သုံးရမှာပဲ) တက္ကသိုလ်စာသင်ခန်းထဲကို ဘယ်နှစ်ခေါက် ရောက်ဖူးသလဲ။ တက္ကသိုလ်မှာ စာဘယ်လို သင်ရတယ်၊ စည်းကမ်းတွေ ဘယ်လိုဘယ်ညာ ဘယ်လောက်ထိ သူတို့ သိသလဲ။ တက္ကသိုလ်ရဲ့ အထက်မှာ မဟနကို တင်ထားပေမယ့် နာမည်ပဲ ရှိတယ်ဆိုတာ အားလုံးသိနေတာပဲ။

တက္ကသိုလ်မှာ အခမဲ့ရတဲ့ လျှပ်စစ်မီး၊ အခမဲ့စားရတဲ့ ဆွမ်း၊ အခမဲ့သင်ရတဲ့ ပညာရေး …. ဒီကုန်ကျစရိတ်တွေ အားလုံးဟာ ပြည်သူတွေရဲ့ ချွေးတွေပါဗျာ။ ပြည်သူတွေရဲ့ လုပ်အားတွေပါ။ ချမ်းသာသူအနည်းငယ်နဲ့ ဆင်းရဲသားပြည်သူတွေရဲ့ ကျေးဇူးတွေပါဗျာ။

(၅)
ဒီကျေးဇူးတွေကို ဆပ်ချင်လို့ ကျုပ်ကတော့ ပြည်သူတွေဘက်က အမြဲတမ်း ရပ်တည်ပြောနေမှာပဲ။ ဒါကိုပဲ နိုင်ငံရေးလုပ်တယ်ဆိုပြီး ခေါင်းစဉ်တပ်ချင်သူတွေ ပြောချင်သလို ပြော၊ ဒီလို ပြောလို့ မလှူချင်ဘူးဆိုလည်း မလှူကြနဲ့။ အခန့်မသင့်လို့ ဖမ်းဆီးချုပ်နှောင်ချင်တယ်ဆို ဖမ်း၊ ချုပ်။ ကျုပ်ကတော့ ပြည်သူတွေရဲ့ ကျေးဇူးတွေ ကျန်ရှိနေသေးလို့ ဆက်ပြောမှာပဲ။

ကျုပ်တို့ ဘုန်းကြီးတွေ ပြည်သူတွေရဲ့ ဆွမ်းကို စား၊ ပြည်သူတွေ ဆောက်ပေးတဲ့ကျောင်းမှာ နေ၊ ပြည်သူတွေ ပေးတဲ့ အ၀တ်ကို ၀တ်၊ ပြည်သူတွေ ပေးတဲ့ ဆေးနဲ့ ကျန်းမာနေခဲ့ကြရတာပါ။ ဒီလို အဘက်ဘက်က ထောက်ပံ့ကျွေးမွေးလာခဲ့တဲ့ ပြည်သူတွေကို ကျုပ်တို့ ဘာတွေများ ပေးဆပ်ပြီးပြီလဲဗျာ။

ပြောလိုက်ရင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတာ ဖြစ်အုံးမယ်။ ခရစ်ယာန်ကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေဟာ ရောဂါဝေဒနာသည်တွေ၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ၊ ဆင်းရဲတဲ့ မိသားစုတွေ … ပညာရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေဆီ ရောက်သွားတယ်။ ကျုပ်တို့ ဘုန်းကြီးကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေကတော့ ဘုန်းကြီးကျောင်းထဲက ပြန်ထွက်မလာကြတော့ဘူး။ သံဃာတွေအတွက် စားဝတ်နေရေး လုပ်တဲ့နေရာတွေကို မဆိုလိုပါဘူး။ သံဃာအတွက်လည်း မဟုတ်၊ ပြည်သူအတွက်လည်း မဟုတ်တဲ့ ကျောင်းတွေကို ဆိုလိုတာပါ။ (ပြည်သူတွေအတွက် လုပ်နေတဲ့ အာဇာနည် သံဃာတော်တွေလည်း ရှိပါတယ်။ သူတို့ကို ဦးခိုက်လျှက်ပါ။ ရှိတဲ့အရေအတွက်နဲ့ နှိုင်းစာပြီး ပြောတာပါ)။

(၆)
အခုဆိုရင် ပြည်တွင်းက ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေး၊ ဆေးမကုနိုင်တဲ့ လူနာတွေကို ဆေးကုပေးခြင်းအားဖြင့် ဘာသာခြားတွေက လိုက်လုပ်ပေးနေတယ်။ အခုဆို ဗုဒ္ဓဘာသာဆင်းရဲသားကလေးတွေ၊ မိသားစုတွေဟာ ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြီ။

"ဒကာမကြီး ဟိုဘုရားစင်ကို ဘာလို့ အ၀တ်တွေနဲ့ ဖုံးထားရတာလဲ"

"သားလေးကို ကျောင်းထားပေးတဲ့ ခရစ်ယာန်ဓမ္မဆရာတွေ လာလို့ပါ။ သူတို့ မကြိုက်မှာစိုးလို့၊ အဓိကကတော့ သားလေးကို ကျောင်းဆက်မထားတော့မှာ စိုးလို့ပါ"

………………………………..

"ဟော သား ကျောင်းက ပြန်လာပြီလား။ ကျောင်းမှာ ဘာတွေ လုပ်ခဲ့ရလဲ"

"ဒီနေ့ ပြဇာတ်ကရတယ်လေ။ သားက ယေရှုအဖြစ် သရုပ်ဆောင်ရတယ်၊ သမီးက ရေဗက္က လုပ်ရတယ်"

"ကျောင်းမှာ နောက်ထပ် ဘာတွေ သင်ပေးလဲ"

"သားတို့ကို ဘုရားသခင်က လူတွေ၊ ဆင်းရဲသားတွေကို ကယ်တင်ပေးတဲ့အကြောင်း သင်ပေးတယ်။ နောက် နှစ်ခြင်းခံတဲ့အကြောင်းလည်း သင်ပေးတယ်၊ ရေထဲကို ခေါင်းကို နှစ်တာလေ။ အရမ်း ပျော်ဖို့ ကောင်းတာပဲ"

………………………….

(၇)
ဗုဒ္ဓဘာသာဆိုတာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အမြဲတမ်း ထိပ်ဆုံးက ရှိနေခဲ့တဲ့ ဘာသာပါ။ အခုလိုသာ ဦးဆောင်ပုဂ္ဂိုလ်တွေက အကျင့်ပျက်ခြစားနေရင်၊ အဓမ္မမှုတွေ အားပေးအားမြှောက် လုပ်နေရင်၊ ပြည်သူတွေရဲ့ ကျေးဇူးတရားကို လျစ်လျုရှုနေမယ်
ဆိုရင် ထိပ်ဆုံးမှာ ဆက်ရှိနေအုံးမယ်လို့ ဘယ်သူ ကြွေးကြော်ရဲသလဲ။

(၈)

ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ လေတိုက်ရင် ပြိုလဲမယ့် အတွေးအခေါ်တွေနဲ့ လာမပြောနဲ့။

အရှင်ကုသလသာမိ

www.ashinkusala.com

Posted: 23 Mar 2012 09:30 AM PDT


ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အတွက် ကိုနေဇော်သီဆိုထားတဲ့သီချင်းလေးပါ

Video..အဘ ဥက္ကာကို(ကိုကိုနေဇော် http://www.facebook.com/profile.php?id=100000469100704&sk=wall) သီဆိုထားတဲ့ ထလော့မြန်မာ သီချင်းကို ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်ဟောပြောပွဲ မြင်ကွင်းများနဲ့အတူ ပေါင်းစပ်တင်ဆက်လိုက်ပါတယ်။


Posted: 23 Mar 2012 09:05 AM PDT




22.3.12 နေ့၊ နေ့လည် ၁း၁၅ နာရီတွင် မန္တလေး မဟမြတ်မုနိဘုရား အတွင်း တောင်ဘက်ခြမ်းတွင် ဆရာတော် အရှင်ဝီရသူ ဦးဆောင်သော သံဃာတော်များ၊ အကျဉ်းကျဆဲသူတို့၏ မိသားစုများနှင့် ဗကသများအဖွဲ့ချုပ်မှကျောင်းသားများက အကျဉ်းထောင်အတွင်းလွတ်မြောက်ရန် ကျန်ရှိနေသူတို့အား လွတ်မြောက်စေရန် ဆုတောင်းပွဲကို ကျင်းပခဲ့ပါသည်။

ဆုတောင်းပွဲ အပြီးတွင် မဟာမုနိ ကိုယ်တော်မြတ်ကြီးအားလက်ယာရစ် ပတ်၍ အရှေ့မုဒ်လမ်းမှ တဆင့် ဘုရားကြီးလိပ်ကန် သို့ သွားရောက်လျက် ငှက်များလွတ်ပေးခဲ့သည်။
ထိုအချိန်တွင် ကျန်ရစ်သူ အကျဉ်းသားစာရင်းများ၊ ကျန်ရစ်သူတို့ ပုံများ၊ ဆန္ဒများရေးသားထားသော စာများ စသည့် ဗီနိုင်းများ အသီးသီးကိုင်ဆောင်ထားကြသည်။

ထို့နောက် သိလိုသည်များကို ဆရာတော်က ဖြေကြားပြီးနောက် ၂း၃၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

သတင်းနှင့် ဓါတ်ပုံ-

ကိုဝိုင်ဝိုင်ကေ
ဗကသများ အဖွဲ့ချုပ်
(အထက်ဗမာပြည်)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment