Posted: 20 May 2012 06:41 AM PDT
၁၈၉၇မှာ ဆောက်လုပ်ခဲ့ပြီး ၁၉၀၅ခုနှစ်မှာ ပြီးစီးခဲ့တဲ့ နှစ် (၁၀၀)ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ဆွီဒင်ပါလီမာန်
အဆောက်အဦး..
Swedish International Development Cooperation Agency (SIDA)ရဲ့
ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်(မရမ်းကုန်းမြို့နယ်)၊ ဒေါ်ခင်ဋ္ဌေးကြွယ် (မော်လမြိုင်မြို့နယ်)၊ ဒေါက်တာ ဒေါ်သန်းငွေ (ကလောမြို့နယ်)၊ ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိမြို့နယ်)၊ ဒေါက်တာလှမြတ်သွေး တိုင်းဒေသကြီးလွှတ်တော် (ရေကြည်မြို့နယ်) တို့မှ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးဟာလာမည့် ဇွန်လဆန်းပိုင်း၌ အခြားပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဆွီဒင်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မှာ ဖြစ်ကြောင်း သိရှိရပါသည်...။
ထို့အတူ လာမည့် ဇွန်လဆန်းပိုင်းမှာလည်း ဂျပန်နိုင်ငံမှ (JICA)အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးအပါအဝင် အဖွဲ့ချုပ်လူငယ် (၁၀)ဦးနှင့် အခြားနိုင်ငံရေး ပါတီများမှ အဖွဲ့ဝင်များ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိမှာ ဖြစ်ပါတယ်..။
ဒီမိုဝေယံ
|
(တိုင်ကြားစာ)
Posted: 20 May 2012 04:26 AM PDT
မြိတ်မြို့လယ်မှ ပျက်ဆီးနေသော လမ်းများအား ပြင်ဆင်ပေးပါရန်..
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့လယ်ခေါင်ရှိ လမ်းများမှာ မိုးရာသီ မရောက်ခင် ကတည်းက အလွန်ပင် ပျက်စီးမှုများ
ကြုံတွေနေရပါသည်။ တစ်ချို့လမ်းများမှာ ချိုင့်ကြီးလွန်းသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွား လမ်းလာများအတွက် အလွန်ပင် ဒုက္ခရောက်နေကြရပြီး အဆိုပါ ချိုင့်ခွက်များအား ရှောင်ကွင်း သွားနေရသဖြင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေပါသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ် မြိတ်ရောက်စဉ်က အဆိုပါ လမ်းများအား ဟန်ပြအဖြစ် အနည်းငယ်သာ ပြုပြင်ပြလိုက်ပါသည်။
၎င်းလမ်းများအား မြိတ်မြို့အမတ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီမှ ပြုပြင်ရန် တာဝန်ယူထားကြောင်း
ကြားသိရသော်လည်း ယခုထက်တိုင် ပြုပြင်ခြင်းမရှိပဲ ကျောက်နှင့်သဲများအား ပြုပြင်မည့်အတိုင်း ဟန်ရေးပြအဖြစ် ပုံထားသည်။ ၎င်းဦးဌေးမြင့်သည် ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း လမ်းများအား ကောင်းအောင် ပြုပြင်ပေးမည်။ လျှပ်စစ်မီးများအား တယူနစ်(၂၀၀)ကျပ်ဖြင့် ရအောင် လုပ်ပေးမည်ဟု အတုအယောင် ကတိများ အမျိုးမျိုးပေးကာ စည်းရုံးခဲ့ပါသည်။ မြိတ်မြို့၏ ကြံ့ဖွံ့ လွှတ်တော် ကိုယ်စားလှယ်ကြီး များမှလည်း ယခုအခါ ၎င်းလမ်းကိစ္စများအား မိမိနှင့်မဆိုင်သလို ယခင်(မဆလခေတ် ၊စစ်အစိုးရခေတ်)က အတိုင်း ရေငုံနုတ်ပိတ် နေခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ မြိတ်မြို့လယ်၌ အရုပ်ဆိုး အကျဉ်းတန် ဖြစ်နေပြီး ချိုင့်များအား ရှောင်ကွင်းသွားရသည့် အတွက် မလိုလားအပ် သည့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်နေသည့် ပျက်ဆီးနေသော အဆိုပါလမ်းများအား အမြန်ဆုံး ပြုပြင်ပေးပါရန် တင်ပြလိုက်ရပါသည်။ |
Posted: 19 May 2012 10:41 PM PDT
ဘယ်ကောင်စီစီ ("လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဦးထုပ်")သာ ဆောင်းခွင့်ရလိုသည်
ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ (အိတ်ဖွပေးစာလို့လည်း စာစီနိုင်ပါ၏၊ လိုရင်းကဖတ်မိကြဖို့ပါ)
ကိုအောင်ဇော်နဲ့ ကိုကျော်စွာမိုးခင်ဗျာ
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော် က"အကူးအပြောင်း ကာလမှာ အဖွဲ့တွေ ပေါ်လာမှာပဲ။ ဒါ ထုံးစံပဲ။
အဓိက က လွတ်လပ်စွာ လုပ်နိုင်ခွင့် ရှိဖို့ပဲလိုတယ်။ ရေရှည်မှာ အလုပ်လုပ်နိုင်တဲ့၊ ဂျာနယ်လစ်အကျိုးကို သယ်ပိုးနိုင်တဲ့ လူတွေ၊ လွတ်လပ်ပြီး သိက္ခာရှိတဲ့ အဖွဲ့အစည်းတွေပဲ ကျန်ခဲ့မှာပါ။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းမှာပဲ ကြည့်ကြည့်၊ အလုပ်လုပ်နိုင်တဲ့ အဖွဲ့တွေ၊ အများက လေးစားတဲ့ အဖွဲ့တွေပဲ ကျန်ခဲ့တာ၊ အင်စတီကျူးရှင်း တခု ခိုင်ခိုင်မာမာ ထူထောင်နိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့က အရေးကြီးတယ်" ဟူ၍ သတင်းထောက်အဖွဲ့ ကွဲပြားနေမှုများနှင့် ပတ်သက်ပြီး အသွင်ကူးပြောင်းရေး ကာလတွင် ထိုသို့ အဖွဲ့ကွဲများ ပေါ်တတ်သည်မှာ သဘာဝဖြစ်ကြောင်း ပြောဟုဆိုပါ၏။ (http://burma.irrawaddy.org/archives/10052)
သိက္ခာရှိတဲ့ အဖွဲ့အစည်းတွေပဲ ကျန်ခဲ့မှာပါဆိုသည်ကို သဘောတူပါသည်။
ကိုအောင်ဇော်စကားမှာအဖွဲ့ ကွဲပြားနေမှုများအပေါ်သဘာဝဆိုသည့်အမြင်နှုင့်
အတူစေတနာလည်း ပါပါသည်။
ကျွန်တော့်ဆန္ဒမှာလည်း အသွင်ကူးပြောင်းရေးကာလမှာမှ မဟုတ် ဘယ်သောအခါမှ အဖွဲ့ကွဲများ မပေါ်စေလိုပါ။
သို့ပါသော်လည်း အများအကျိုးဟု အသွင်ကူးပြောင်းရေး ကာလမှာဟစ် အော်လူစွာလုပ်ပြီး ဘုံအကျိုး အတွက်အများက မတူတာတွေ ခေတ္တမေ့ထားပေးလိုက်ချိန် (တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်နေချိန်) လူစွာတို့ သဘာဝ စုစည်းအားကို အလွဲသုံးစား ပြုတတ်သည်လည်း ရှိတက်သည့်အတွက် ကွဲရတက်သည့် သဘာဝလေး ထပ်မံနားလည်ပေးပါ ကိုအောင်ဇော်ရေ.....။
သတိပြု သံသယထား နေရသည့် အလုပ်သာ ပိုမလာလျှင် အခြားအလုပ် ပိုလုပ်နိုင်ကြမှာ မဟုတ်ပါလား။
သံသယကြီးသည် မထင်ပါနှင့် သံသယပျောက် အမှန်ဘ၀ရောက်ဖို့မှာ ပြည်သူကို ထင်ယောင်ထင်မှား မပြုမိစေဖို့ လိုသလို တစ်တုံးစားတာ မသိလို့ နှစ်တုံးစားတာကြိုက်လို့ဟု ပြည်သူ ထင်သွားလျှင် သွားပြီဗျာ စတုတ္ထမဏ္ဏိုင်ကြီးဟု ထိုင်ငိုမိမှာ အမှန်ပါ။ ငါးမင်ဆွေ ပြောသည့် စတုတ္ထမဏ္ဏိုင်ကြီး မီနီစလွန်းနှင့် လဲစီးသွားပြီ ဆိုတာထက် ဆိုးပြီပေါ့.......။ ကိုအောင်ဇော် ကိုရော၊ ကိုကျော်စွာမိုး ကိုပါ မီဒီယာ ကျင့်ဝတ်နှင့် သဘောထား မှာမျှခြေရှိတာ လေးစားသည့်အတွက် အသိပေးရေးသား ပြောရတာ။
ကျွန်တော်ကတော့ ကျည်ကာ အကျီင်္ဝတ်ပြီးမှ စစ်တိုက်ရဲတာ သဘောမကျပေမယ့် ရှေးရာဇ၀င် သူရဲကောင်းတွေတောင်
သံချပ်ကာအကျိင်္တွေ ၀တ်ကြသည်ဆိုမှတော့ စာပေလွတ်လပ်ခွင့်ကို ကိုင်စွဲပြီး ပြည်သူ့ အကျိုး စွမ်းစွမ်းတမံ သယ်ပိုးကြမည့်၊ အန္တရာယ်ကို အချိန်မရွေး ဖိတ်ခေါ်နေသလိုရှိသည့် (သြော်... ဘုန်းတော်ဘွဲ့ကျူးရုံသက်သက် သတင်းလောကထဲ ရောက်နေသူတွေ ကတော့ဆုတွေ လာဘ်တွေပဲ ဖိတ်ခေါ်နေမှာနော်) အဆိုပါသတင်း သူရဲကောင်းတွေ (တင်စားလွန်းသည်ထင်လျှင်.. ကိုကျော်စွာမိုး ပြည်သူ့ခေတ်မှာ ဖြေထားသလို watch dog ပဲထားလိုက်)ကို အကာအကွယ် ကောင်းရှိစေချင်တာပဲ ဆန္ဒရှိနေ၏။ မီဒီယာဥပဒေ အကြံတောင်းခံပွဲဆိုပြီး အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေ မီဒီယာနှင့် တွေ့ဆုံစဉ် ကျွန်တော် ပြောခဲ့ဖူးပါသည်။
ဒီ့မတိုင်မှီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် တို့နှင့် ဆုံစဉ်မှာလည်း ပြောခဲ့ဖူး၏။ အဲ့ ဒါက ..
ဆရာဦးဖေမြင့် ဥပမာပေးသလို သတင်းမီဒီယာ သမားတွေအတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဦးထုပ်ဆောင်းထားပေးဖို့ လိုနေတာ အမှန်ဖြစ်ကြောင်း၊ ကတို့ဆိပ် မီးလောင်ပေါက်ကွဲမှုမှာ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ဦးထုပ်ဆောင်းထားပါလျှက် ကျဆုံးသွားကြရရှာသည့် မီးသတ်ရဲဘော်တွေ အတွက်ပြည်သူ တစ်ရပ်လုံး ၀မ်းနည်းကြ၊ အစိုးရရော အတိုက်အခံပါ ကြေကွဲကြရသည်။ အကယ်၍ သတင်းသမားတစ်ဦး ကျဆုံး (တင်စားလွန်းသည် ထင်လျှင်လည်း သေသည်ပေါ့ဗျာ)ခဲ့ပါက ဘယ်သူတွေဝမ်းနည်း၊ ဘယ်သူတွေ ကြေကွဲကျမလဲ။
သေဆုံးမှ မဟုတ်ပါဘူး ထောင်ကျသွားခဲ့လျှင်ကော ဟူ၍ မေးမေးပြောပြော ပြုခဲ့ခြင်းပါပဲ။ စာနယ်ဇင်းသမဂ္ဂဖွဲ့ဖို
့စည်းဝေးတော့လည်း ဆရာဦးဖေမြင့်ရှေ့မှာပဲ ဒါကိုထပ်ပြောဖြစ်ပါသည်။
"တစ်..စာပေလွတ်လပ်ခွင့်နဲ့ ရေးသားသူကိုကာကွယ်ရေး၊
နှစ်..စာပေလွတ်လပ်ခွင့်နဲ့ ရေးသားသူကိုကာကွယ်ရေး၊
သုံး..စာပေလွတ်လပ်ခွင့်နဲ့ ရေးသားသူကိုကာကွယ်ရေး။"
ကျွန်တော့်ဆန္ဒက ဤမျှပါပဲ။ စာပေအရေးမှာ ဖီလာဆန်နေဖို့ မဟုတ်သလို။ ပူးသတ်နေဖို့လည်း ဆန္ဒမရှိပါ။
ပြန်ကြားရေးက ဆိုသည့်စာနယ်ဇင်းကောင်စီပဲဖြစ်ဖြစ်၊ ထိုကောင်စီကို မကြိုက်ခြင်း အကြောင်းပြုကာ
ဖွဲ့လိုသည် ဆိုကြသူတို့၏ ကြားဖြတ်စာနယ်ဇင်း ကောင်စီ ဆိုသည်ပဲ ဖြစ်ဖြစ်ဘယ်ကောင်စီစီ ထိုအရေးတွေထက်ကို "စာပေလွတ်လပ်ခွင့်နဲ့ ရေးသားသူကို ကာကွယ်ရေး"ဟု ဆိုလျှင် သဘောခွေ့သည့် အတွက် ဖီလာပြုနေမည်မဟုတ်ပါ။
"တူတာပေါင်းလုပ် မတူတာတော့ခေါင်းငုပ်" ဆိုသည့်သဘော မသက်ရောက်ချင်၍ ဘယ်အဖွဲ့အစည်းနှင့်မျှ မပတ်သက်ပဲ
ဘယ်အဖွဲ့မှ မ၀င်ဘဲ အနှီအဖွဲ့အစည်းကြီးတွေ ကြိုးစား အားထုတ်မှုကြောင့် "လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဦးထုပ်" ရရှိလာပါမှ ငှားဆောင်းရ ကောင်းလေမလား တွေနေမိပါကြောင်းခင်ဗျာ..။
ကိုမျိုး(မြန်မာစာ)
ယခုဘဝအလုပ်အကိုင် စာပေရေးသားခြင်း
ယခုလတ်တလော အလုပ်အကိုင် အယ်ဒီတာချုပ် ပေါ်ပြူလာဂျာနယ်
မြန်မာ့အသံရောက်ပေါ်ပြူလာအယ်ဒီတာချုပ်၊ Weekly Elevenအယ်ဒီတာချုပ်
|
Posted: 19 May 2012 10:17 PM PDT
ပူပြင်းလှသည့် နွေရာသီရက်များ စိပ်လာသည်နှင့်အမျှ မြန်မာပြည် အလယ်ပိုင်းနှင့် ပင်လယ်နှင့်
နီးစပ်သော ရေချိုလိုအပ်မှု အခက်အခဲပြဿနာတွေကြားနေရသည်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတော့သည်။ သောက်သုံးရေပေါများလှသည့် မြန်မာပြည်အောက်ပိုင်းဒေသများတွင် ယခုအချိန်တွင် "ရေအသက် တစ်မနက်" ဆိုသလို ၂ဝ၁၂ ခုနှစ် မတ်လ၊ ဧပြီလမှစတင်၍ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ အကူအညီ တောင်းခံကြသော ရေရှားပါးသည့် မြို့နယ်၊ ကျေးရွာဒေသများရှိ ရေတွင်း၊ ရေကန်များ သောက်သုံးရေ အတွက် အလှူခံထားရှိသော အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများ တို့သည် ကွင်းဆင်းလေ့လာမှုများနှင့်အတူ အရေးပေါ်လိုအပ်နေသော သောက်ရေများရရှိနိုင်အောင် အမြန်ဆုံးစီစဉ်ဆောင်ရွက်ကာ အလျင်မြန်ဆုံး ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့တော့သည်။ ကျေးရွာများဖြစ်သည့် ရန်ကုန်တိုင်း၊ ဒလမြို့နယ်၏ အစွန်ဆုံးပိုင်း၌ တည်ရှိသည့် ခနောင်ချောင်းဝနှင့် ခနောင်မီးခြစ်စက် ကျေးရွာသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင်များနှင့် အသင်းသား/သူများတို့သည် စက်လှေ၊ မော်တော်ယာဉ်ကြီးဖြင့် နေ့စဉ်နီးပါး သွားရောက်၍ လှူဒါန်းခဲ့ရာ ၁၇.၅.၂ဝ၁၂ ရက်နေ့ထိ ရေဂါလံပေါင်း (၈၁ဝဝဝ) အား သောက်ရေများလှူဒါန်းနိုင်ခဲ့သလို ဒလမြို့နယ်တွင်းရှိ ညောင်တုန်း၊ ကျန်စစ်သား၊ မှော်စက်၊ တာကြီးဆိပ်ကြီး အပိုင်(၁) အပိုင်(၄)၊ ကမာဆယ်၊ တပင်ရွှေထီး၊ အံ့ကြီးအရှေ့/အနောက်၊ ရာဇသင်္ကြန် အစရှိသည့် ရပ်ကွက် (၂၃)ခုအတွက် လူဦးရေ (၁) သိန်းခန့်ကိုလည်း သောက်ရေများအား (၂၄ဝဝ) ဂါလံဆန့် ရေဘောက်ဆာ မော်တော်ယာဉ်ကြီးဖြင့် အကြိမ်ရေ (၂၅) ကြိမ်၊ ရေဂါလံစုစုပေါင်း (၆ဝဝဝဝ) အားလည်း နေ့စဉ်နီးပါးခန့် ၁၇.၅. ၂ဝ၁၂ ရက်နေ့အထိ လှူဒါန်းမှုများ ပြုလုပ်လျှက်ရှိပေသည်။ထို့အပြင် ရာသီဥတု ပူပြင်းလာမှုများကြောင့် မိုးရေခံကန်များနှင့် ရေထွက်အား မကောင်းသော စက်ရေတွင်းများ အပေါ်မှီတည်၍ နေထိုင်ကြရသည့် ဒလမြို့နယ်ရှိ ကျေးရွာများနှင့် ရပ်ကွက်အချို့တွင် သောက်သုံးရေ ရှားပါးသည့် အခက်အခဲများ ကြုံတွေ့လျှက်ရှိခြင်းကြောင့် ဝမ်းရောဂါနှင့် အခြားနောက်ဆက်တွဲ ရောဂါ ပြဿနာများပါ ရင်ဆိုင်လာမည်ကို စိုးရိမ်နေမိသည်။ ယခုကဲ့သို့ ရေလှူဒါန်းမှုများအား ပြုလုပ်နေစဉ် သောက်ရေအတွက် ကိုယ်တိုင် လာရောက်၍ သယ်ယူနိုင်ခြင်း မရှိကြသည့် နေအိမ်များသို့လည်း အသင်းသားများတို့သည် ကိုယ်တိုင် ကိုယ်ကျလိုက်လံ၍ သောက်ရေများအား ထမ်းပိုးသယ်ဆောင် ကူညီပေးခဲ့ရာတွင် နေအိမ်တစ်အိမ်၌ အဒေါ်ကြီးတစ်ဦးသည် ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အောက်ပိုင်း ထိခိုက်ခဲ့ကြောင်း ချိုင်းထောက် တစ်ချောင်းရှိပါက သွားလိုရာသို့ သွားရောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားလာသည့်အတွက် သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)သို့ အလှူရှင်များ လှူဒါန်းထားသည့် ချိုင်းထောက် တစ်ချောင်းအား အလျင်မြန်ဆုံး အရေးပေါ် ပေးအပ် လှူဒါန်းခဲ့သည်။
၁၂.၅.၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ စာရင်းစစ် ဒေါ်စီစီမာနှင့်
အဖွဲ့တို့သည် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)သို့ သွားရောက်၍ ငွေစာရင်းကိစ္စရပ်များအား စစ်ဆေးခြင်း၊ ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ကျူတောကျေးရွာအတွက် အဝီစိစက် ရေတွင်းများ တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုလေ့လာ စစ်ဆေးခြင်း၊ "နှလုံးလှစာကြည့်တိုက်"အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်း စာကြည့်တိုက်မှ ပိုလျှံနေသည့် သုတ၊ ရသ စာအုပ်စာပေများအား လှူဒါန်းပေးအပ်ခဲ့ပြီးနောက် ဆင်မြီးဆွဲမြို့ရှိ "ကရုဏာရှင်" နာရေးကူညီမှုအသင်းသို့ ဝင်ရောက်ခဲ့ပြီး လုပ်ဆောင်မှုများအား ကြည့်ရှုလေ့လာခဲ့ပြီး စာအုပ်စာပေများ လှူဒါန်းပေးအပ်ခဲ့ကြသည်။ မကွေးတိုင်းအတွင်းရှိ ဧက (၂ဝ) ကျော်ကျယ်ဝန်းလှသည့် သောက်သုံးရေကန် ပြုပြင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ ဒေါ်ခင်ထားထားအောင်နှင့်အဖွဲ့သည် သွားရောက်၍ လေ့လာမှုများ ပြုလုပ်ခဲ့ရာ၌ ညောင်ပင်ရွာ၊ ညောင်ပင်သာရွာ၊ တည်ပင်ကန်ပေါက်ကျေးရွာ အစရှိသည့် ကျေးရွာ (၃) ရွာတို့သည် ၄င်းသောက်သုံး ရေကန်အားအမှီပြု နေထိုင်လျှက်ရှိကြောင်းအား သိရှိခဲ့ရသည့်အတွက် ကျေးရွာနေဒေသခံ ပြည်သူအပေါင်းတို့မှ ကိုယ့်အားကိုယ်ကိုး တတ်ညီလက်ညီဖြင့် ဝိုင်းဝန်း၍ သောက်သုံးရေကန် အမြန်ဆုံး ပြီးစီးနိုင်အောင် လုပ်ဆောင်နေကြသလို နာရေး ကူညီမှုအသင်း(ရန်ကုန်) သည်လည်း လိုအပ်သော အကူအညီ ထောက်ပံ့မှုများ ပြုလုပ်ပေးလျှက်ရှိရာ မကြာတော့မည့်အချိန်၌ အောင်မြင်စွာပြီးစီးကာ နောက်နှစ်များတွင် ၄င်းသောက်သုံး ရေကန်ကြီးသည် ယခုကဲ့သို့သော မြင်ကွင်းမျိုးအစား ကြည်လင်အေးမြ သန့်ရှင်းသည့် သောက်သုံးရေကန်ကြီးအဖြစ် မြင်တွေ့ရကာ သောက်သုံးရေ ပြတ်လပ်မှု ပြဿနာ ကြုံတွေ့ရတော့မည် မဟုတ်တော့ချေ။
သောက်သုံးရေ ရှားပါးသည့် ကျေးရွာ၊ ဒေသခံ ပြည်သူလူထုတို့သည် မိမိတို့၏ ကျန်းမာရေးအတွက်
နာရေးကူညီမှုအသင်း(ရန်ကုန်)သောက်ရေများကို အခြားသော အရပ်ဒေသများသို့ သွားရောက်၍ ခပ်နေကြရခြင်းကြောင့် သောက်ရေပြတ်လပ်မှုနှင့် လုံးပန်းနေကြရကာ ကလေးငယ်များ၏ ကျောင်းတက်ချိန်များ လစ်ဟင်းနေခြင်းနှင့် ဝမ်းစာဖူလုံရေးအတွက် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ကြခြင်း အစရှိသည့် အခက်အခဲများအား လူသားချင်း စာနာထောက်မွေးကာ စေတနာရှင်၊ ကုသိုလ်ရှင်များတို့မှ မိမိတို့ တစ်နိုင်တစ်ပိုင် (သို့) စုပေါင်း၍ဖြစ်စေ တတ်စွမ်းသရွေ့ သွားရောက်၍ လှူဒါန်းကြဖို့ မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment