ဖော်မည်
Posted: 23 May 2012 12:25 AM PDT
မြန်မာ့ ပြည်တွင်း ပြည်သူ လူထုအား အမှောင်ချထားပြီး ပြည်တွင်းထွက် လျှပ်စစ်ဓါတ်အားများကို နိုင်ငံခြားသားများ အတွက် ရောင်းချနေခြင်းအား ၀မ်းနည်းကြောင်း ပြသသည့် အနေဖြင့် ယနေ့ည ၇ နာရီတွင် ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် နံဘေး သစ်ဆိုင်ကွေ့မှတ်တိုင် ရှိ မြို့နယ် လျှပ်စစ် ရုံးရှေ့တွင် ဖယောင်းတိုင်ထွန်းကာ အမှောင်ထုတွင်း ငြိမ်သက်စွာ ရပ်ပြီး မြန်မာ့မြေမှ ထွက်သော သယံဇာတများ မြန်မာပြည်ထောင်စု ပြည်သူ့အတွက်သာ ဖြစ်ပါစေကြောင်း ဆုတောင်း ပါမည်။ မိမိတို့ အခြေခံလူတန်းစား ပြည်သူလူထု နှင့် တန်းတူ အရေးကြီးပုဂ္ဂ္ဂိုလ်များ နေထိုင်ရာ ဗွီအိုင်ပီ ရပ်ကွက်များသည်လည်း အမှောင်ချထားခံရသည် ဆိုပါလျှင် ထို ရပ်ကွက်နေ ဗွီအိုင်ပီ များ လည်း ကျနော်နှင့် အတူ လာရောက် ဆုတောင်းနိုင်ပါသည်။ မှောင်မိုက်မိုက်တွင် ကျနော်တို့နှင့် အတူတူ အခက်ကြုံ နေရသော ပြည်သူ့ရဲ ၀န်ထမ်း မိသားစုများ အပါအ၀င် လျှပ်စစ်ကြောင့် ဖိစီးဒုက္ခရောက်နေကြသော ၀န်ထမ်းများ မည်သည့် အဖွဲ့အစည်းမှ မဆို လာရောက် ပူးပေါင်း ဆုတောင်း နိုင်ပါသည်။
(ဗိုလ်ကြီးဟောင်း) နေမျိုးဇင်
|
Posted: 23 May 2012 12:07 AM PDT
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆိုသူ (ဦး) ဇော်မင်း ၏သမိုင်းဝင် ပြောကြားချက် ... ================================= ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာ မရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ "လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင် သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါး ပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင်မှာ ဂျာနယ် တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါး ရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲ ဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲ ရေးတ ယ်ပြောလိုက်၊ ငါရေးတယ် ဆိုလို့ရှိရင် မကောင်းဘူး ဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေ၊ ကျွန်တော် အသာလေး ဖြေနိုင်ပါတယ်။ (ဇော်မင်း - လျှပ်စစ်ဝန်ကြီး) Hlaing Bwa |
Posted: 22 May 2012 09:22 AM PDT
ခြေမသန်တော့သည့်ကြားက ဆုတောင်းလမ်းလျှောက်ခဲ့သော ကုန်ဈေးနှုန်းကျဆင်းရေးခေါင်းဆောင် ကိုထင်ကျော်
မေလ(၂၂)ရက်နေ့ ည(၇း၀၀)နာရီတွင် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားတ၀ိုက်တွင် လူအယောက် ခြောက်ဆယ်ခန့် ၂၄ နာရီ ပြည့်ဝစွာ လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များ ကိုင်ဆောင်ကာ လမ်းလျှောက် တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းဆိုမှုအား မြို့တော်ခန်းမအနီးရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှ စတင်၍ မီးထွန်းထား သောဖယောင်းတိုင်များ ကိုင်ဆောင်ကာ ဆူးလေဘုရားတောင်ဘက်မုဒ်မှတတ်၍ ရင်ပြင်တော်၌ တစ်ပတ်ပတ်ကာ ဘုရားမီးပူဇော်၍ မြန်မာနိုင်ငံ ၂၄ နာရီ လျှပ်စစ်မီးပုံမှန် ရရှိရေးအတွက် ဆုတောင်းခဲ့သည်။ "ပြည်သူတွေအမှောင်ထဲထိုင်နေရတော ကျွန်တော်ကလည်း ရောဂါရှိနေပေမယ့် ပြည်သူတွေ ၂၄ နာရီမီးရရှိရေးအတွက် ဒီလိုထပြီး ငြိမ်းချမ်းစွာဆန္ဒပြတာပါ၊ ဒါကျွန်တော်တို့ရဲ့အလုပ်လည်းဖြစ်ပါတယ်" ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သော ခြေထောက်မသန်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က ခြေမသန်သည့်ကြားမှ လမ်းလျှောက်ဆုတောင်းပွဲတွင် ပါဝင်ရင်း ပြောသည်။ ငြိမ်းချမ်းစွာဆန္ဒပြမှုတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သော ဒေါ်နော်အုံးလ၊ ကိုဟန်ဝင်းအောင်၊ ဦးဝင်းချို တို့နှင့် ပြည်သူလူထုမှပူပေါင်း၍ ပါဝင်ခဲ့ကြောင်းသိရသည်။ "ကျွန်တော်တို့အနေနဲ့ကိုယ့်စိတ်ဓါတ်နဲ့ကို လာပြီးတောင်ဆိုတာဖြစ်ပါတယ် ဘယ်သူ့ဦးဆောင်မှုမှမပါဘူး"ဟု ကိုယ်ဟန်ဝင်းအောင်က ပြောသည်။ ထို့ပြင် ငြိမ်းချမ်းစွာဆန္ဒပြသော ပြည်သူများအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင် နှစ်ရာခန့်လာရောက် ကြီးကြပ်ခဲ့ ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဥပဒေကြောင်းအရ တားဆီးပိတ်ပင်မှုအချို့ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ အဆိုပါ ပြည်သူလူထုအဖွဲ့မှာ လမ်း၃၀ ဘက်သို့ လမ်းလျှောက်ရန် ဦးတည်ခဲ့သော်လည်းလမ်းလျှောက်ခွင့် မပြုဘဲ တားဆီးခဲ့ ပြီး ဘုရားပေါ်တက်ခွင့်သာပြုခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးရရှိရေးတောင်းဆိုမှုအား လွန်ခဲ့သည်ရက်အနည်းငယ်မှ သုံးခွ၊ မုံရွာ၊ မန္တလေး၊ ပြည် မြို့များတွင် စတင်၍ တောင်း ဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့တွင် ယနေ့မှ စတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ တောင်းဆိုပွဲအား ရန်ကုန်မြို့၌ ယနေ့မှစတင်၍ မီး(၂၄)နာရီ မီးရရှိသည်အထိ ဆက်လက်၍ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ထွန်းနေအောင်၊ စောဇင်ညီ ( မြစ်မခ ) |
Posted: 22 May 2012 08:54 AM PDT
လျှပ်စစ်ဓါတ်အားကို ပြည်တွင်းမှာ ထုတ်ပြီး ပြည်သူတွေ သဘောတူညီမှု မယူဘဲ ပြည်ပကို ရောင်းစားသွား ခဲ့တဲ့ အရင်စစ် အစိုးရအပေါ် လူထုက မကျေနပ်ကြပါဘူး။ အမြော်အမြင် မရှိဘဲ စီမံခန့်ခွဲသွားခဲ့တယ်လို့ ယူဆကြပါတယ်။ ဒီကိစ္စမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးဘက်က တာဝန်ယူခဲ့တဲ့ ဝန်ကြီးကိုလည်း လက်ရှိ အရပ်သား အစိုးရခေတ်ထိ တာဝန်ပေးထားတာကိုက လူထု မကျေနပ်မှုကို ပိုမိုမြင့်မားစေပါတယ်။ သူ့နေရာမှာ လူထုသဘောကျနိုင်လောက်တဲ့ အရည်အချင်း မှန်မှန်ကန်ကန် ရှိသူတဦးကို အစားထိုးလိုက်ရင် လက်ရှိအစိုးရအဖို့  နည်းနည်းတော့ အသက်ရှူချောင်နိုင်စရာ ရှိပါလိမ့်မယ်။ လူမှန်နေရာမှန် စနစ်ကို စတင် ကျင့်သုံးဖို့ လိုအပ်နေပါပြီ။ လျှပ်စစ်ဓါတ်အား မလုံလောက်မှုတွေ မြန်မာနိုင်ငံရဲ့ မြို့ရွာတိုင်းမှာ နေ့စဉ် ဖြစ်ပျက်နေတာဟာ အစိုးရအတွက် ကောင်းတဲ့လက္ခ ဏာ မဟုတ်မှန်း သမ္မတကအစ တာဝန်ရှိသူတိုင်း သိနေကြမှာ ဖြစ်ပါတယ်။ အစိုးရဘက်က ဖြစ်နိုင်သမျှ ကောင်းအောင် ကြိုးပမ်း ဖြည့်ဆည်းပေးလာတာတွေလည်း သတိပြုမိပါတယ်။ ဒါပေမယ့် မနိုင်ဝန်ကို ထမ်းနေရတာကတော့ ရှင်းပါတယ်။ အစိုးရအနေနဲ့ စွမ်းအင်လိုအပ်ချက် တခုတည်း အပေါ်မှာတောင် မနိုင်ဝန်ကို ထမ်းနေရရင် အခြား ဘက်စုံ တိုးတက်အောင် လုပ်ဆောင်ဖို့ ကိစ္စတွေမှာ အထိုက်အလျောက် အားလျော့နေတော့မှာ ဖြစ်ပါတယ်။ အခြားဘက်မှာ အားလုံးကောင်းနေပြီး စွမ်းအင်လိုအပ်ချက်ဘက်က အားနည်းနေပြန်ရင်လည်း တိုးတက်မှုကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်။ အားနည်းနေတဲ့ ကိစ္စတွေအပေါ်မှာ အားမနည်းသယောင်ယောင် ဖုံးဖိဖာထေးတာမျိုးဟာ ခွင့်လွှတ်နိုင်စရာ မဟုတ်ပါဘူး။ အမှန်တကယ် တိုးတက်မှုလည်း ရမလာနိုင်ပါဘူး။ အမှန်အတိုင်း ဝန်ခံပြီး အကောင်းဆုံး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို လူမှန်နေရာမှန် စနစ်နဲ့ ပွင့်လင်းမြင်သာ တာဝန်ခံ လုပ်ယူကြဖို့သာ လိုအပ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေရဲ့ နည်းဥပဒေ အမှားတွေကိုလည်း တချိန်တည်းမှာ ဥပဒေပြု လွှတ်တော်နဲ့ ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အား ပိုမို ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းနေစဉ် အခြားတဘက်ကလည်း လျှပ်စစ်ဓါတ်အား ခြိုးခြံ ချွေတာရေးကို အရှိန်မြှင့်ပြီး လူထုပညာပေးရေး လုပ်နေရပါမယ်။ သတင်းစာမှာ တိုက်တွန်းနှိုးဆော်ရုံနဲ့ မလုံလောက်ပါဘူး။ လူအများ အလွယ်တကူ သိရှိနိုင်စေမယ့် လူထုလှုပ်ရှားမှု (Awareness campaign) တွေကို အားပေးနိုင်ရပါမယ်။ အဓိကအကျဆုံး ကတော့ တိုက်တွန်းနှိုးဆော်သူ အစိုးရအပေါ် လူထုက လက်ခံ ယုံကြည်အောင် သက်သေပြနိုင်ဖို့သာ ဖြစ်ပါတယ်။ လူထုထောက်ခံမှု မရှိဘဲ လူထုကို တိုင်းရေးပြည်ရာ ကိစ္စတွေမှာ ပါဝင်လာအောင် မလုပ်နိုင်ပါဘူး။ လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာရေးအတွက် မလိုအပ်တဲ့ VIP နေရာတချို့မှာ မီးသုံးစွဲမှုကို လျှော့ချဖို့ စီမံသင့်ပါတယ်။ အဲဒီလိုပဲ တနိုင်ငံလုံး အစိုးရဌာနတွေမှာ လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို စံနမူနာပြ လုပ်ဆောင်ပေးသင့်ပါတယ်။ အရပ်ဘက် ပြည်သူတွေနဲ့ ဝန်ဆောင်မှု စီးပွားရေးကဏ္ဍဘက်မှာ ဖြစ်နိုင်သလောက် လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို နှိုးဆော် တိုက်တွန်းပေးသင့်ပါတယ်။ ဂျပန်နိုင်ငံမှာ ၂ဝ၁၁ ခုနှစ် မြေငလျင်နဲ့ ဆုနမိ ရေလှိုင်းကြောင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏ သိသိသာသာ ကျဆင်းခဲ့ရပါတယ်။ အဲဒီအခါမှာ အစိုးရက ကမကထလုပ်ပြီး မေတ္တာရပ်ခံ နှိုးဆော်တာကြောင့် ဂျပန်တနိုင်ငံလုံး ပြည် သူတွေရော စီးပွားရေးကဏ္ဍဘက်ကပါ ရသလောက် ခြိုးခြံ ချွေတာပေးခဲ့ကြပါတယ်။ အထူးသဖြင့် မနှစ်က နွေရာသီမှာ ဂျပန်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကို အားလုံးက အလေးအနက် ထားပေးခဲ့ကြပါတယ်။ တချိန်တည်းမှာ အစိုးရက ထိုင်းနိုင်ငံက ဂျင်နရေတာ မီးစက်ကြီးတွေနဲ့ လတ်တလော အစားထိုး ဖြည့်ဆည်းပေးခဲ့ပါသေးတယ်။ ဒါကြောင့် လိုအပ်ရင် လျှပ်စစ်မီး ဖြတ်တောက်စရာ ရှိမယ်လို့တောင် ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် တကယ်တမ်းမှာ ဖြတ်တောက်တာ မရှိခဲ့ပါဘူး။ ဒီနှစ် နွေဦးရာသီမှာလည်း အစိုးရဌာနတွေမှာ အဖြစ်နိုင်ဆုံး လျှပ်စစ်ဓါတ်အားကို ချွေတာသုံးစွဲနေတာကို သတိပြုမိပါတယ်။ အတုယူစရာ အနေနဲ့ပါ။ မြန်မာအစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ရေရှည်စီမံကိန်းအတွက် ရန်ကုန်မြို့ကို အဓိကထားပြီး ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေနဲ့ ဖက်စပ်ပူးပေါင်းဖို့ စီမံထားတာကို ကြိုဆိုလိုက်ပါတယ်။ လတ်တလော လိုအပ်ချက်အတွက် အမေရိကန် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကလည်း သင့်လျော်တယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် အခြားနည်းလမ်းတွေကိုပါ ခုကတည်းက ကြိုတင်စဉ်းစား သုတေသန လုပ်ထားသင့်ပါပြီ။ ဥပမာ.. 1. ရေစွမ်းအင် (Water energy) မှာ ဆည်ရေကနေ လျှပ်စစ်ဓါတ် ထုတ်ယူတာမျိုးသာမက ရေလှိုင်းနဲ့ ဒီရေက စွမ်းအင်ထုတ် ယူဖို့၊ 2. နေရောင်ခြည် ကောင်းစွာရနိုင်တဲ့ နိုင်ငံဖြစ်လို့ Solar energy ကို အသုံးပြုဖို့၊ 3. ပုံမှန် လေတိုက်အားကောင်းတဲ့ ကမ်းခြေနဲ့ ကမ်းနီးပင်လယ်တွေမှာ လေရဟတ်တွေကနေ လျှပ်စစ်ဓါတ်အား (Wind energy) ထုတ်ယူဖို့၊ 4. Geothermal energy လို့ခေါ်တဲ့ မြေတွင်းအပူရှိန်ကနေ လျှပ်စစ်ဓါတ်အား ထုတ်ယူဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် မီးတောင်ဟောင်းဒေသမှာ ဖြစ်နိုင်စရာရှိပါတယ်။ မြေတွင်း Hot rocks တွေကို ရှာဖွေ တွေ့ရှိနိုင်ရင် စွမ်းအင် ထုတ်ယူနိုင်ပါမယ်။ အနည်းဆုံး ရေရှည်စီမံကိန်းအဖြစ် သုတေသနအဆင့်နဲ့ တက္ကသိုလ် ပညာရပ်တွေမှာ အားပေးဖို့ စတင် စီမံထားသင့်ပါတယ်။ ကုန်ကျစရိတ် ကြီးမားနိုင်စရာရှိပေမယ့် နောင် နှစ်ပေါင်း ၅ဝ ကနေ နှစ် ၁ဝဝ ထိ ရေရှည် စီမံကိန်းမျိုးကို ပညာရှင်တွေနဲ့တကွ လက်ဆင့်ကမ်း ထားရှိပေးခဲ့သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ဖို့ အလားအလာကောင်းနေပါတယ်။ သယံဇာတနဲ့ ပထဝီ အနေအ ထားကောင်းမွန်တယ် ဆိုပေမယ့် ဒါတွေကို အမြော်အမြင်ရှိရှိ ရေရှည်ထိန်းသိမ်း သုံးစွဲနိုင်ဖို့ လူသာ ပဓါန ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကောင်းပြီး လူမှန်နေရာမှန်သာ ရှိနေမယ်ဆိုရင် ပရဟိတ အားသန်တဲ့ နိုင်ငံသားတွေ ဖြစ်ကြတာအလျောက် အချိန်တိုအတွင်းမှာ ဘက်စုံဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ လွင်အောင်စိုး ၂၂-၅-၂ဝ၁၂ References – ပြည်သူလူထုသို့ မေတ္တာရပ်ခံ ပန်ကြားခြင်း - ကြေးမုံသတင်းစာ (၂၂-၅-၂၀၁၂) Generating electricity |
Posted: 22 May 2012 08:29 AM PDT
မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆန္ဒပြမှုများ ရပ်ဆိုင်းခဲ့သော်လည်း ရန်ကုန်မြို့တွင်မူ မေလ ၂၂ ရက်နေ့ ညက ဆူးလေဘုရား/ မြို့တော်ခန်းမအနီးနှင့် အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ရုံးအနီးတွင် ဖယောင်းတိုင်မီးထွန်း ဆန္ဒပြမှုများ စတင် ဖြစ်ပွားခဲ့ပြီး မုံရွာမြို့တွင်လည်း ဒုတိယမြောက်နေ့အဖြစ် ဖယောင်းတိုင်ထွန်း ဆန္ဒပြသူအပါအ၀င် စုစုပေါင်း လူ နှစ်ထောင်ခန့်သည် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး သို့ စီတန်းလှည့်လည်နေ ဆဲဖြစ်ကြောင်း သိရှိရပါသည်.. ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ပြည်သူလူထုပေါင်း ၂၀၀ ကျော်ခန့်က ဖယောင်းတိုင်များ ကိုင်စွဲလျက် ဆူးလေဘုရားပေါ် တက် ဆုတောင်းခဲ့ကြပြီး ဘုရားရင်ပြင်တွင် လက်ဝဲရစ်တပတ်ရစ်ကာတောင်းဆိုခဲ့ကြ-ဗီဒီယို- ထွန်းနေအောင်(မြစ်မခ) Photo news.AP, Messenger News Journal.Eleven Media Group,The voice |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 606 |
No comments:
Post a Comment