Sunday 20 May 2012
Posted: 18 May 2012 10:09 PM PDT
နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား ကျင်းပရေးကော်မတီ မှ အကြိုကာလ စည်းရုံးရေး လှုပ်ရှားမှုများ
 စတင် သည့်အနေဖြင့် မန္တလေး ဈေးချိုတော် အတွင်း စတစ်ကာများ ကပ်ခြင်း ၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်း များ ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသား များမှ အားတက်သရော အားပေးခဲ့ကြသည်။
မန်းမြန်မာပလာဇာသို့ ဝင်ရောက် ရာတွင် မူ တာဝန်ကျ မန်းမြန်မာပလာဇာ ဝန်ထမ်းမှ ဓါတ်ပုံများ မရိုက်ရန်၊ ကြေငြာများ
 မကပ်ရန် ၊ကပ်လို့ပါက ရုံးခန်းသို့ လိုက်ပြောရန် လာပြောသည်။
ကျောင်းသားများက ဓါတ်ပံမရိုက်ရန် သဘောတူသောလည်း အခြားစီးပွားရေးကြော်ငြာများကပ်သည့် နေရာများတွင်
 ကပ်ခဲ့ကြသည်။ အချို့နေရာများ ပြန်လည်ခွာပစ်ခဲ့ကြသည့်အတွက် မှတ်တမ်းဓါတ်ပုံများ ပြန်လည်ရိုက်ခဲ့သည်။
စီပွားရေးကြော်ငြာများ ကပ်ခွင့် ပြုထားပြီး အရေးတော်ပုံ စတစ်ကာအား ကပ်ခွင့်မပြုခဲ့သော ထိုလုပ်ရပ်ကို ကျောင်းသားများ မကျေနပ်သော်လည်း ငြိမ်းချမ်းစွာ ဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။
ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)
တရားရေး စီရင်ချက်တခု
Posted: 18 May 2012 08:38 PM PDT
ဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ပြထားသည့် သတင်းဆောင်းပါး - (၅)နှစ်အရွယ် မိန်းကလေးအား မတရားပြုကျင့်ခဲ့သည့် အမှုဖြစ်စဉ်၌ မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီးမှ တရားခံအား တရားသေ လွတ်ပေးခဲ့မှုနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)-ဒီမိုဝေယံ
စွပ်စွဲချက်တွေနဲ့ အမှုဖြစ်ပြီးနောက်ပိုင်း လူသိထင်ရှား တရားဝင် လုပ်ဆောင်ချက်တွေအရ ၅ နှစ်အရွယ် ကလေးမလေးဟာ
 မုဒိန်းကျင့်ခံခဲ့ရတာ အလွန်ပဲ သိသာထင်ရှားလှပါတယ်။ ဒီကိစ္စဟာ လုပ်ကြံဖန်တီးပြီး အမှုဖွင့် အရေးယူစေတာ မဟုတ်မှန်း
 လူတိုင်းကတောင် သာမန်အားဖြင့် စဉ်းစားဆင်ခြင်နိုင်ကြပါလိမ့်တယ်။
ဒါကို ပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားလို့ တရားသေ လွှတ်လိုက်တယ်ဆိုတော့ ကာယကံရှင် ဘက်ကရော
 တရားဥပဒေနဲ့ တရားမျှတမှုကို လေးစား တန်ဖိုးထားသူတွေကရော အတော့်ကို မကျေနပ် ဖြစ်ကြမှာပါပဲ။ မကျေနပ်ဖြစ်စရာ ကောင်းလှတဲ့အပြင် မြန်မာ့တရားစီရင်ရေးရဲ့ တန်ဖိုးနဲ့ ပြည်သူတွေ လေးစားယုံကြည် အားကိုးထိုက်တဲ့
အခြေအနေကိုလည်း ထိခိုက်သွားစေနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ အဂတိလိုက်စားတာတွေဟာ ဆိုးဆိုးဝါးဝါး ပြောင်ပြောင်တင်းတင်း ဖြစ်ပျက်နေတုန်းပဲ
 ဆိုတာကို ငြင်းလို့ မရသေးပါဘူး။ ဒါဟာ ကိုယ်ကျိုးရှာ မသမာသူတွေအတွက် အခွင့်ကောင်းယူဖို့ သိပ်ကောင်းတဲ့
 အခြေအနေဖြစ်ပါတယ်။ အမှုတခုမှာ တရားတာ၊ မတရားတာ အပထား.. အမှုနိုင်ဖို့ကိုသာ ဦးတည်လုပ်ဆောင်ဖို့ တရားမဲ့
 ဥပဒေမဲ့ လုပ်ဆောင်ချင်သူတွေအတွက်လည်း အခွင့်ကောင်း ဖြစ်နေပါတယ်။ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးစေဖို့၊
သိက္ခာကျစေဖို့ အဓိက အကြောင်းရင်းကြီးလည်း ဖြစ်နေပါတယ်။ အဂတိ လိုက်စားတာတွေ၊ မတရားတာတွေ၊
 ဥပဒေမဲ့တာတွေကို အားပေးရင် အမှိုက်ကစ ပြဿဒ် မီးလောင်သလို တိုင်းပြည်တခုလုံး ပျက်စီးသွားနိုင်ပါတယ်။
အထက်က သတင်းဆောင်းပါးမှာ ခိုင်လုံတဲ့ သတင်းရပ်ကွက်အဆိုအရ စွပ်စွဲခံရသူဘက်က တရားသူကြီးကို လာဘ်ထိုးတယ်
 ဆိုတာ ဖြစ်နိုင်သလို သက်သေခံ ဖျက်ဆီးတာမျိုးကလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမှုမနိုင်ရခြင်း အကြောင်းရင်းတွေကို
 စုံစမ်းဖော်ထုတ်ပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်သင့်ပါတယ်။
တရားသူကြီးက ဒီစီရင်ချက်ကို ချမှတ်ရတဲ့ အကြောင်းပြချက်တွေကို ခိုင်လုံအောင် တင်ပြပြီးမှ တရားရုံးအမိန့်ကို
ထုတ်ပြန်ပေးရပါတယ်။ အဲဒီအကြောင်းပြချက်တွေနဲ့ စီရင်ချက်ကို တရားလိုဘက်က မကျေနပ်ရင် အထက်တရားရုံးမှာ
အယူခံဝင်နိုင်ခွင့် ရှိပါသေးတယ်။ တရားလိုဘက်က ကာယကံရှင်တွေဟာ ဥပဒေရေးရာကို မသိနားမလည်တဲ့ ရိုးသားသူတွေ
 ဖြစ်ပုံရတဲ့အတွက် သူတို့ကို နားလည် တတ်ကျွမ်းသူတွေ၊ တရားရုံးစရိတ် တတ်နိုင်သူတွေက ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ပါမယ်။
တရားသူကြီးအနေနဲ့ မှုခင်းပါ ကြားနာချက်နဲ့ သက်သေခံ အထောက်အထားတွေအရသာ ဆုံးဖြတ်စီရင်ခြင်းဟာ လုံလောက်မှု မရှိပါဘူး။ ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေ အမှန်တကယ် ထွန်းကားနိုင်ရေးကို အားပေးတဲ့ ပကတိ
 ဥာဏ်အမြော်အမြင် ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ် စီရင်တာမျိုး ဖြစ်စေလိုပါတယ်။
မုဒိန်းကျင့်ခံရတဲ့ ၅ နှစ်အရွယ် မိန်းခလေးမှာ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်နဲ့ တရားဥပဒေရဲ့ ကာကွယ် စောင့်ရှောက်ခွင့်ကို
အပြည့်အဝ ခံစားထိုက်ပါတယ်။ ဒါကြောင့် အမှုမှန် ပေါ်ပေါက်လာဖို့ကို အားပေးကြရပါမယ်။
ဒီကိစ္စမျိုးဟာ နောက်နောင် အလားတူ မဖြစ်ရစေရဖို့က နောက်ထပ် အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ အခု အမှုမှာ ကျူးလွန်တယ်
လို့ စွပ်စွဲခံရတဲ့ ဦးခွေးဟာ တကယ်ကို ကျူးလွန်ခဲ့တယ်ဆိုရင် ဒီလူဟာ အခြားလူတွေကို အချိန်မရွေး နောက်ထပ်
 အန္တရာယ်ပြုနိုင်တဲ့ အခြေအနေမှာ ရှိနေပါပြီ။ ဒီလို ဖြစ်လာနိုင်စရာရှိတဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့၊ တားဆီးနိုင်ဖို့အတွက် အရပ်ဖက် ပြည်သူတွေမှာရော၊ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ရှိ ရဲတွေမှာလည်း မလိုအပ်ဘဲ ဝန်ထိုပ်ဝန်ပိုးတခု
 ဖြစ်လာနိုင်စရာ ရှိနေပါတယ်။
ထပ်ပြီးတော့ ပြောပါရစေ။ ဒီကိစ္စမှာ အမှုမှန် ဖေါ်ထုတ်နိုင်ဖို့ တရားဥပဒေ မြတ်နိုးသူတွေက ဝိုင်းဝန်း ကြိုးပမ်းပေးသင့်ပါတယ်။
 ဒီအမှုမှာကိုပဲ ထပ်ပြီး အယူခံဝင်ရပါမယ်။ ဒီအမှုအကြောင်းကိုလည်း လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိအောင်
 နှိုးဆော်ပေးကြရပါမယ်။ တရားဥပဒေ အမှန်တကယ် စိုးမိုးရေးအတွက် အစိုးရအသီးသီးနဲ့တကွ ဥပဒေဘက်တော်သားတွေ
 အပါအဝင် လူထုတရပ်လုံးက တက်တက်ကြွကြွ ဝိုင်းဝန်း တည်ဆောက်ဖို့ သိပ်လိုအပ်နေပါပြီ။
လွင်အောင်စိုး
၁၉-၅-၂ဝ၁၂
Posted: 18 May 2012 08:22 PM PDT
တို့၏ သတင်းစာရှင်းလင်းပွဲ(ရုပ်/သံ)
Posted: 18 May 2012 08:11 PM PDT
Us Embassy Rangoon
Posted: 18 May 2012 10:59 AM PDT
၂၀၁၂ ခုနှစ် မေလ(၁)ရက်နေ့တွင် ချီဖွေမြို့နယ်၊ လုပီရွာမှ လီဆူအမျိုးသမီး ဒေါ်ဂွာမလေး၊ အသက် (၄၈)နှစ်၊
 ကလေး(၁၂)ယောက်၏မိခင်အား အစိုးရစစ်သားများမှ ဘုရားကျောင်း အနောက်ဘက်တွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိပြီး
စုပေါင်းအဓမ္မပြုကျင့်ခဲ့ကြပါသည်။ သူမနှင့်အတူဖမ်းဆီးမိ၍ ပေါင်နှင့် ပါးပြင်တွင် ဓားမြောင်ဖြင့် ထိုးဖောက်ခံခဲ့ရသူ
 ဦးရိုးတဂွေးဆိုသူက ဒီလိုပြောပြရှာပါတယ်။ "ကျနော် တွေ့ခဲ့တာကတော့ ဒေါ်ဂွာမလေးကို စစ်သား(၁၀)ယောက်လောက်က
ထု၊ ဓားမြှောင်နဲ့ထိုးသူကထိုး၊ ခေါင်းမှာသေနတ်ဒင်နဲ့ ရိုက်သူကရိုက် လုပ်နေကြတာကို ကျနော့ကို ချည်ထားတဲ့ မလှမ်းမကမ်းနေရာကနေ နေရတာပါ။ သူမ အော်ငိုတော့ ထပ်ရိုက်ကြတယ်။
သူမလဲကျသွားတော့ ဓားမြှောင်သေးသေးလဲနဲ့ ပြန်ထိုးကြတယ်။ နောက်တော့ အ၀တ်အစားအကုန် ချွတ်ပေးလိုက်တာတွေ
့တယ်။ စစ်သားတွေက သူမကိုဝိုင်းရံထားပြီး တချို့က ထိုင်လိုက်ထလိုက်နဲ့ ရှုပ်နေကြတယ်။ အဓမ္မပြုကျင့်ကြတယ်လို့ ယူဆ
ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆက်ဆံနေတာ ကျနော်ကွင်းကွင်းကွက်ကွက် မမြင်ရပေမဲ့ ဒေါ်ဂွာမလေးက တအားအော်ဟစ်
 ငိုယိုရှာပါတယ်။ အ၀တ်အစားအကုန်ချွတ်ပေးပြီး ယောင်္ကျားသားတွေ ၀ိုင်းထားတယ်ဆိုတာ ၀ိုင်းကြည့်ရုံတော့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့လှုပ်ရှားမှုတွေကိုကြည့်ပြီး ကျနော်သိတယ်။ စစ်သားတွေက ဒေါ်ဂွာမလေး ကို အဲသလိုဝိုင်းလုပ်နေချိန်မှာ စစ်သားတွေက
 ကျနော့ကိုလဲ စပြီးနှိပ်စက်နေပါပြီ။ ဒါကြောင့်ကျနော်လဲ သတိလစ်တချက် မလစ်တချက်ဖြစ်လာနေရင်းက မြင်နေရတာပါ။ သူမတအားအော်ငိုရှာတယ်။ အော်ငိုတော့ ပါးရိုက်တယ်။ ပစ်သတ်မယ်လို့ပြောသလား မသိဘူး၊ သေနတ်နဲ့ချိန်ရွယ် ထိုးနှက်ကြ ပြန်တယ်။ နောက်ဆုံးတော့ ဂွာမလေး မေ့လဲသွားတာ ကျနော်တွေ့ခဲ့တယ်။ ဗမာစစ်သားတွေက ကျနော့ကို
 သေနတ်နဲ့ချိန်ပြီး စစ်ဆေးမေးမြန်းကြပါတယ်။ သူတို့မေးတာ ကျနော် ဘာမှနားမလည်ဘူး။ ကျနော်က ဗမာစကားတတ်ဘူး။ သူတို့ပြောတာကိုနားမလည်လို့ ကျနော်ဘာမှပြန်မပြောတတ်တော့လဲ ကျနော့ခေါင်းကို သေနတ်ဒင်နဲ့ အားကုန်ထုပေးကြတယ်။ ညာဘက်ပါးစောင်းနဲ့ နံရိုးတွေမှာဓားနဲ့ ထိုးကြတယ်။ ကျနော့ကို သစ်ပင်မှာချည်တုတ်ထားတယ်။ တဖွဲ့ပြီးတဖွဲ့လာပြီး တုတ်
နဲ့ရိုက်လိုက်၊ ကန်ကြောက်လိုက်၊ ပါးရိုက်လိုက်၊ သေနတ်နဲ့ချိန်ပြီး လှံစွပ်နဲ့ထိုးလိုက် လုပ်ကြတယ်။ ကျနော့ကိုရော၊ ဒေါ်ဂွာမလေး
ကိုရော (၃)ရက်တိတိ ထမင်းလဲမကျွေး၊ ရေလဲ မတိုက်ကြပါဘူး။ ကျနော့ကိုတော့ နေ့ရော၊ ညရော ချည်ထားကြတယ်။
ဒုတိယနေ့မှာ ကျနော့ကို ထပ်ပြီးနှိပ်စက် စစ်ဆေးကြတော့တာ ပါပဲ။ စစ်သားတဖွဲ့ရောက်လာပြန်ကာ သတ်ပစ်မယ်လို့ပြောတာ
 ထင်တယ်၊ ကျနော့ကို သေနတ်နဲ့ ချိန်ထားကြပြီး တယောက်ကတော့ ကျနော့ရဲ့ ဘယ်ဘက်ပေါင်လည်မှာ ဓားမြှောင်နဲ့ထိုးထည့်
လိုက်ပါ တယ်။ မခံနိုင်လို့ ကျနော်အော်ငိုပါတယ်။ အော်ငိုတော့ ထပ်ပြီးထိုးပြန်တယ်။ ဒီလိုအော်ငိုလေ ထပ်ခါထပ်ခါထိုးလေ
 လုပ်ပါတယ်။
နောက်ဆုံးတော့ ပေါင်တဖက်ပေါက်သွားအောင် ထိုးထည့်လိုက်ကြပါတော့တယ်။ သွေးတွေ အလိမ်းလိမ်းဖြစ်နေပါပြီ။
 ခေါင်းကိုလဲသေနတ်နဲ့ ထုထည့်လိုက်တာနဲ့တပြိုင်နက် ကျနော်သတိမေ့သွား ပါတော့တယ်။ ကျနော် သတိလည်လာချိန်မှာ
 ဗမာစစ်သားတွေ မရှိတော့ဘူး။ ကျနော်နဲ့ သိပ်မလှမ်း မကမ်းမှာတော့ အ၀တ်ဗလာပေါ် အ၀တ်နည်းနည်းဖုံးထားပေးပြီး
 သွေးတွေ၊ မစင်တွေနဲ့ပေကြံလျှက် သတိမေ့မျှောနေတဲ့ ဒေါ်ဂွာမလေးကိုတွေ့ပါတယ်။ ဒါပေမဲ့ ကျနော်မထနိုင်ဘူး။ သတိလည် တချက်၊ မေ့တချက် ဖြစ်နေပါတယ်။ အဲဒီဘုရားကျောင်းနားမှာ ကျနော်တို့ နှစ်ယောက် သတိမေ့မျှောနေချိန်မှာ
 NDA (K) (နယ်ခြားစောင့်တပ်ဖွဲ)မှ စစ်သားမှာ တွေ့ ပြီး ပန်ဝါဆေးရုံကို ပို့ပေးကြပါတယ်။
ပန်ဝါဆေးရုံမှာလဲ ဆေးရုံဝန်ထမ်းတွေအားလုံးက ရှေ့တန်းက ဒဏ်ရာရစစ်သားတွေကို ပြုစု စောင့်ရှောက်တာနဲ့ အလုပ်ရှုပ်နေ
ကြတော့ ကျနော့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ကြတော့ဘူး။ ဒါကြောင့် လီဆူဆွေမျိုးတွေက တရုတ်ပြည် နယ်စပ်ဆေးရုံမှာ ဆေးသွားကုဖို့အတွက် ခေါ်ထုတ်သွား ကြပါတယ်။ ကျနော်နဲ့ ဒေါ်ဂွာမလေး (၃)ရက်လုံးလုံး လုပီးဘုရားကျောင်းနားမှာ မေ့မျှောနေခဲ့ကြတာပါ။
ကျနော့အမျိုးသမီးတော့ ကိုယ်တပိုင်းသေနေတဲ့ လူနာပါ။ စစ်သားတွေဝင်လာချိန် ကျနော့ကို ဖမ်းသွားပြီး ကျနော့ရှေ့မှာတင်
 ကျတော့ဇနီးကို အိမ်အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။ ကျနော့ဇနီး တော့ သေသွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်သက်
သာလာရင် ကျနော့ဇနီးကို လိုက်ရှာချင်သေး တယ်။ ကျနော်တို့ (၂)ယောက်မှာ ကလေးမရှိဘူး။ တယောက်ပဲရှိတာ ဆုံးသွားပါပြီ။
"
ဘာကြောင့် ကျနော်တို့ကို ဒီလိုလုပ်လဲဆိုတာ သူတို့ပြောတဲ့စကားကလဲ နားမလည်တော့ခက်တယ်။ ကျနော့အထင်တော့ သူတို့ ကျနော်တို့ကို ကေအိုင်အေနဲ့ မသင်္ကာလို့ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ရွာသားတွေက ရိုးရိုးသားသားပဲ လုပ်ကိုင်
စားသောက်နေကြတာပါ။ ဘယ်သူနဲ့မှ ရှုပ်ရှုပ် ရှက်ရှက်တော့ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ ဘာကြောင့်ဒီလိုလုပ်လဲ မသိတော့ဘူး။"
ဒေါ်ဂွာမလေးကတော့ ယခုအချိန်တွင် စိတ်ဒဏ်ရာဆိုးဆိုးဝါးဝါး အနာတရဖြစ်သွားပြီး လူတွေကို ကြာက်လန့်ထိတ်လန့်ခြင်း၊ စကားလဲမပြောတော့ပါ။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စသည့်လက္ခဏာများ တွေ့ရသဖြင့် မိသားစု၊ ဆွေမျိုးများက စိတ်အထူး
ကုဆေးရုံသို့ပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
ဒေါ်ဂွာမလေး၏ခင်ပွန်း ငွါးဆာကတော့ "အစတုန်းက အကောင်းကြီးပါ။ ဒီလိုမဟုတ်ပါဘူး။ အခုတော့ ဘာမှမေးလို့မရ။
 ဆွေးနွေးလို့လဲ မရတော့ဘူး။ အိပ်ပြန်ချင်တယ်။ တခုပဲပြောပါတယ်။ ကျနော် အရမ်းဝမ်းနည်းတယ်"လို့ မျက်ရည်ဝဲပြီး
 ပြောရှာပါတယ်။
ဒါတွေဟာ လက်ရှိကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း လွန်ခဲ့တဲ့ မေလ(၁)ရက်နေ့မှစပြီး အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့်
တပ် NDA(K) တို့နှင့် ကေအိုင်အေတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်တိုင်းရင်းသား ပြည်သူတွေ လက်တွေ့ ခံစားနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေပါ။ နာကြည်းမှု၊
 မုန်းတီးမှုတွေ သံသရာလည်ရင်း မြန်မာပြည် ငြိမ်းချမ်းရေးလမ်းစပျောက်သွားမှာကို စိုးရိမ်စွာဖြင့် စုံစမ်းတင်ပြအပ်ပါသည်။
အချက်အလက်များ- ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးမှ ဖြစ်ပါသည်။
myitkyina.blog.com
Posted: 18 May 2012 10:43 AM PDT
ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ
စိန်မာဒင် အမည်ဖြင့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့ပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ ဥက္ကဋ္ဌဖြစ်သူ
 ဦးစိန်မာဒင် အသက် (၇၉)နှစ်သည် ၁၃.၅.၂၀၁၂ ရက်နေ့ နံနက် (၇း၄၅) နာရီအချိန်တွင် သုခကမ္ဘာအထူးကုဆေးရုံကြီး၌
အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ် ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ကျန်ရစ်သောရုပ်ခန္ဓာအား သယ်ဆောင်၍ ရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမ ပို့ဆောင်ပေးခဲ့ပြီး ၁၇.၅.၂၀၁၂ ရက်နေ့
 နေ့လည် (၁) နာရီအချိန်၌ ရေဝေးသုဿန်တွင် ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ယင်း အခမ်းအနားတွင် အနုပညာရှင်များ၊ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းများနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများတို့မှ
 စည်ကားသိုက်မြိုက်စွာ ကူညီဖေးမခဲ့ကြသည်။
ဦးစိန်မာဒင်သည် "မဟာရန်ကုန်စံပြ" ဇာတ်သဘင်အား ထူထောင်ခဲ့ရာ ယနေ့ချိန်ထိ သက်တမ်း အားဖြင့် (၄၈)နှစ်တိုင်
ခဲ့ပြီဖြစ်သည်။ "ဖိုးတဝမ်နှင့် ရွှေမင်းသား" ဇာတ်ထုပ်၊ မြနန်းရှင် သိုက်သမိုင်းစသည့် သိုက်သမိုင်းများလည်း အောင်မြင်မှုများ
ရရှိခဲ့ပြီး "အရိန္ဒမာ" ဇာတ်တော်ကြီးဖြင့်လည်း အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည်။ မြန်မာပြည်ရှိ ပရိသတ်များ၏ အမြင်တွင်စိမ်းနေ
သည့် ဘဲလေးအက အား တစ်ခေတ် တစ်ခါတုန်းက "အသည်းအေးတဲ့ ဘဲလေး" အဖြစ် မိတ်ဆက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
 နာမည်ကြီး လူကြိုက်များသည့် ဇာတ်မင်းသားတစ်ယောက် ဖြစ်ရုံမက သားနှင့် မြေးများဖြစ်သည့် မိုးဝင်း၊ မိုးမင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ ခေတ်တွင်လည်း ဇာတ်သဘင်လောက၌ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြား သူများဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပေသည်။
ကိုကျော်သူ
Posted: 18 May 2012 08:52 AM PDT
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ထားဝယ် ခရီးစဉ် (18.5.2012)
ထားဝယ် စည်ပင်သာယာဈေးကြီး ရောက်စဉ်..(Photo..ထားဝယ်မြို့တော်
၈၈ ကျောင်းသားခေါင်းဆောင်များမှ တဆင့် နိုင်ငံတော် သမ္မတကြီးနှင့်
သတင်းမီဒီယာများသို့ ပန်ကြားလွှာကို စုပေါင်းလက်မှတ်ရေးထိုးခြင်း
ရက်စွဲ ၊ ၂၀၁၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့
၁။ လျော်ကြေးပေးရာတွင် မညီမျှမှုများ၊ မကျေနပ်မှုများ၊ တိုက်ရိုက်နစ်နာသူ ကာယကံရှင်ထံ အပြည့်အ၀ မရရှိမှုများ
 ဖြစ်ပေါ်နေခြင်းသည် အမှန်တကယ်ပေးလျော်သူ (သို့မဟုတ်) ရင်းနှီးမြုပ်နှံသူနှင့် တိုက်ရိုက် ဈေးစကားပြောခွင့်မရခြင်းကြောင့်ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ " ညှိနှိုင်း " ဈေးအမှန်ဖြစ်လိုလျှင် " ပြည်သူ့ ၀န်ထမ်း
 " များက ရုံးခန်းသို့ခေါ်ကာ ဈေးဆစ်ပေးခြင်းများ မပြုလုပ်ပါရန် တောင်းဆိုပါသည်။
၂။ ယခုကာလပေါက်ဈေးအဖြစ် မြေတစ်ဧကကို ၃ သိန်းခန့် ပေးလျော်ဈေးဖြတ်ပြီး တစ်ချိန်တွင် တစ်ဧက သိန်း ၃၀၀၀
ခန့်တန်မည့် အချိန်တွင် ဒေသခံများကို မခံစားနိုင်တော့ရန် " လျော်ငွေ " ပမာဏ အနည်းငယ်ဖြင့် အပြတ်ဖယ်ထုတ်ခြင်းကို လက်မခံနိုင်ပါ။ လျော်ငွေသည် ယာယီဖြေရှင်းမှုဖြစ်ပြီး တန်ဖိုးမြင့်လာမည့် ဈေးကွက် ပေါက်ဈေးခံစားနိုင်ရန် ဒေသခံများ၏
ရင်းနှီးမြုပ်နှံခွင့် ရှယ်ယာလက်မှတ် ကိုလည်း မြေယာမှတ်ပုံတင် မှတဆင့် အသိအမှတ်ပြုသွားပါရန် တောင်းဆိုပါသည်။
၃။ " လျော်ကြေး " ဆိုသည်မှာ ဈေးဖြတ်ဈေးနှိမ်သည့် သဘောမဖြစ်စေရ။ ဆိုလိုသည်မှာ တစ်ဧက သိန်း ၃၀၀၀ ဈေးပေါက်သည့်အချိန်တွင်လည်း ဈေးကွက်၏ တန်ဖိုးကို အကျိုးခံစားခွင့်ရှိသင့်သည်။ လျော်ကြေးနှင့် လူနေအိမ်ယာမှာ ယာယီဖြေရှင်းမှုဖြစ်ပြီး " ဆင်းရဲမှုပပျောက်ရေးအတွက် " ရေရှည် ဖြေရှင်းမှုမဟုတ်ဟု သဘောပေါက်သည်။ မြေယာမှတ်ပုံတင်
မှသည် " အစုရှယ်ယာ " လက်မှတ်အထိ တောင်သူလယ်သမားဘ၀၏ ရေရှည်ရင်းနှီးမြုပ်နှံခွင့်ဆိုင်ရာ အကျိုးခံစားခွင့်ကို အသိအမှတ်ပြုပါရန် တောင်းဆိုပါသည်။
၎။ မြေယာမှတ်ပုံတင်ရသူများသည် ရောင်းလိုကလည်းရောင်းခွင့်ရှိပြီး မရောင်းလိုကလည်း မရောင်းပဲ နေခွင့်ရှိရမည်။
 ဆိုလိုသည်မှာ မြေယာကို အတင်းတွယ်ကပ်ကာ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးဇုန်စီမံကိန်းကို ဆန့်ကျင်သူများမဟုတ်ပဲ လိုအပ်သလိုဖယ်ရှားပေးမည်ဖြစ်သော်လည်း အပိုဒ် (၂) ပါ ရှယ်ယာလက်မှတ်ကို ကိုင်ဆောင်ခွင့်ကိုသာ တောင်းဆိုခြင်ြး
ဖစ်ကြောင်း ရှင်းလင်းစွာအသိပေးလိုက်သည်။
နဘုလယ်ဒေသခံရွာသူ၊ရွာသားများ
ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment