Sunday 20 May 2012



မုဒိတာပွားရမယ့်အချိန်
Posted: 20 May 2012 06:41 AM PDT
လွန်းပျံခရီး

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်သူများကို ဒေါ်လာစားများဆိုပြီး နှိမ်လေ့ရှိတယ့် စစ်အစိုးရ အဖွဲ့ဝင် ဟောင်းတွေ၊
 ငါတို့ မထွက်နိုင်ယင် ခင်ဗျားတို့လည်း မထွက်စေရဘူးဆိုပြီး အပိတ်ခံရတယ့်၊ မထွက်ရဲတယ့် အတိုက်အခံခေါင်းဆောင်တွေ၊
 အရင်က နိုင်ငံခြားသံရုံးနားကပ်မိလို့ အစွပ်အစွဲခံရလို့ ထောင်ကျခဲ့ပြီး ယခုအခါ အမတ်ဖြစ်နေသူတွေ နိုင်ငံခြားကို အလျှို
လျှိုထွက်ကြပြီ။ စစ်အာဏာရှင်ကြောင့် နာမည်ကြီးခဲ့တယ့် မြန်မာပြည်ကို သွားချင်လွန်းလို့ ဣနြေ္ဒတောင် မဆည်နိုင်တယ့်
 ပြည်ပသံတမန်တွေနဲ့ ခေါင်းဆောင်တွေ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေ၊ နိုင်ငံတကာအသင်းအဖွဲ့တွေ၊ ကုလသမဂ္ဂအရာရှိတွေ
က လည်း မြန်မာပြည်ကို မလာယင် ခေတ်မမီတော့သလို သူ့ထက်အရင် ဦးအောင် အပြေးအလွှား လာကြရ တယ်။
ဘာပဲဖြစ်ဖြစ်လေ သူခိုးဓားပြတွေက ဘုရားပွဲရောက်နေလို့ ရပ်ရွာမှာ ခဏတဖြုတ်တော့ အေးချမ်း လောက်တယ်ဆိုပြီး
 ဣဿာမပွားဘဲ မုဒိတာပွားကြပါ။

ရွှေမန်းတို့လည်း နော်ဝေးမှာ လွတ်လပ်လို့၊ ပေါ့ပေါ့ပါးပါးနဲ့ တောင်ပံခတ် ပျံတော့မယ့်အသွင်ပါပဲ။
ဝဏ္ဏမောင်လွင်ကလည်း ဝါရှင်တန်မှာ လူရာဝင်ခဲ့ပြီ။
မြန်မာ့ရေနံ၊ မြန်မာ့ဓာတ်ငွေ့၊ မြန်မာ့ကျောက်သံပတ္တမြား၊ မြန်မာ့ရေမြန်မာ့မြေတို့အစွမ်းကြောင့်တည်း။


မိအေးနှစ်ခါနာ


ဒီအချိန်မှာပဲ ကချင်မှာ မုဒိမ်းမှုတွေ ဖြစ်နေတယ်။ မုဒိမ်းကျင့်ခံရလို့ အော်ချင်သလောက် အော်ပါလေ။ လူထုခေါင်းဆောင်ကို
 ကြိုဆိုတယ့်အသံလောက် အော်သံက ဘယ်ကျယ်မလဲ။ နိုင်ငံခြားခေါင်းဆောင်တွေ လာလို့ ကြိုဆိုတယ့် ဘင်ခရာသံလောက်
 အော်သံက ဘယ်ကျယ်မလဲ။ ဒီအော်သံကို မကြားတာ တကဏ္ဍထားဦး။ တရုတ်ကုမ္ပဏီတွေနဲ့အပြိုင် အမေရိကန်ကုမ္ပဏီတွေ၊
 သြစတြေးကုမ္ပဏီတွေ၊ ဥရောပကုမ္ပဏီတွေ ဝင်လာကြဦးမယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းမှာ ရွှေကြောတွေ၊
မုတ္တမ၊ ဘင်္ဂလားပယ်လယ်အော်က ရေနံဓာတ်ငွေ့တွေ၊ ကချင်ရှမ်းဘက်က ကျောက်စိမ်းတွင်းတွေ ခနောက်စိမ်းတွင်းတွေ
သစ်တောတွေ မုဒိမ်းအကျင့်ခံဖို့ စောင့်နေကြပါ။

စီးပွားရေးသမားဆိုယင် မျက်နှာဖြူလား၊ မျက်နှာမည်းလား၊ မျက်နှာဝါလား ခွဲခြားမနေပါနဲ့။ အတူတူပါပဲ။ ဗီယက်နာမ်မှာ
 ဖြစ်ပျက်နေတာတွေကို ကြည့်ပါ။ တိုင်းရင်းသားတွေ ကော့နေအောင် ခံနေရတာပဲ။ ဖိလစ်ပိုင်မှာလည်း ခံရတာပဲ။
အင်ဒိုနီးရှားမှာလည်း ခံနေရတာပဲ။ အထူးသဖြင့် အင်ဒိုနီးရှားမှာ သြစတြေးလျကုမ္ပဏီတွေကြောင့် လူနည်းစုတိုင်းရင်းသားတွေ
 များစွာ နစ်နာနေကြရကြောင်း သိရတယ်။ ပြည်သူလူထုအကျိုးအတွက်လို့ ပြောကြပေမယ့် အမှန်တကယ်မဟုတ်ကြောင်း
အိမ်နီးချင်းနိုင်ငံတွေကို လေ့လာလိုက်ယင် ရှင်းသွားမှာပါ။ အကျယ်တဝင့် မရေးချင်သေးပါ။

မြန်မာနိုင်ငံမှာ ပြည်မမှာ သယံဇာတ သိပ်မထွက်ပါ။ ပြည်နယ်တွေမှာပဲ သယံဇာတပေါကြွယ်ဝနေတာပါ။ မြန်မာနိုင်ငံမှာ
 သယံဇာတပေါကြွယ်ဝတယ်ပြောပြောနေတာဟာ ပြည်နယ်တွေမှာရှိတယ့် သယံဇာတတွေကို မောင်ပိုင်စီးပြီး ပြောနေတာပါ။
 ဖက်ဒရယ်စနစ်ကို လက်မခံနိုင်တယ့်အကြောင်းတွေထဲမှာ ဒီအကြောင်းလည်း ပါပါတယ်။ ၂၀၀၈ ဥပဒေဟာ သူခိုးဓားပြဥပဒေ
သာ ဖြစ်တယ်။ တိုင်းရင်းသားဒေသတွေဆီက တရားဝင်ခိုးဝှက်လုယက်လို့ ရအောင် ရေးဆွဲထားပါတယ်။

အခု K.N.U. တို့၊ SSA (S)တို့၊ CNF တို့ အစရှိသူတို့ အပစ်ရပ်ကြခြင်းမှာလည်း နိုင်ငံရေးအရလို့ ဆိုကြပေမယ့်
 ငြိမ်းချမ်းရေးနောက်ကွယ်မှာ စီးပွားရေးကိစ္စတွေ အများကြီးပါဝင်နေပါတယ်။ မယုံယင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေရဲ
့နောက်ကြောင်းကို လေ့လာကြည့်ပါ။ အထူးသဖြင့် အချို့အဖွဲ့တွေမှာ နိုင်ငံခြားအစိုးရတစ်ခုခုနဲ့ အချိတ်အဆက်လုပ်ထားပြီး
သားဖြစ်တယ်။ သူနိုင်ကိုယ်နိုင် တူးဆွကြမှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဣဿာမပွားဘဲ မုဒိတာပွားနိုင်အောင် အခုကတည်းက
 စိတ်ကို ဆုံးမထားကြပါ။


အတုကြီး


အွန်လိုင်းတက်လည်း အတုနဲ့တိုး၊ ယောကျာင်္းစင်စစ်က မိန်းမဖြစ်၊ မိန်းမစင်စစ်က ယောကျာင်္းဖြစ်၊ နောက်သက်တမ်းအရွေးခံရဖို့
 သမ္မတအိုဘာမားတောင် The First Gay President ဖြစ်ခဲ့ပြီ။ ရွှေလည်း အတုပဲ ဝတ်ကြပြီ။ အပြုံးတုတွေလည်း ရိုးကုန်ပြီ။
အပြောင်းမဟုတ်ဘဲ အပြသက်သက်နိုင်ငံရေးစနစ်ကိုလည်း မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဖော်ထုတ်ပေးခဲ့ပြီ။ မိမိတို့သမ္မတကို မိမိ
တို့ဘာသာ ရွေးချယ်ခွင့်မရှိတယ့် မြန်မာပြည်၊ လွှတ်တော်မှာ စစ်သား (၂၅)ရာခိုင်းနှုန်း ရှိတယ့်တိုင်းပြည်၊ ပြည်ထောင်စုအမည်
ခံပြီး မိမိဝန်ကြီးချုပ်ကိုတောင် ရွေးကောက်တင်မြှောက်ခွင့်မရှိတယ့်နိုင်ငံမှာ နောက်ဆုတ်စရာမရှိ၊ နောက်ဆုတ်ယင် အဝီစိသာ
 ကျန်တော့မယ်။

အတုမှန်းသိရက်နဲ့ အစစ်မရှိသေးလို့ အလှဆင်နေကြပါတကား။ အဝမဟုတ် အလှသာ ဖြစ်ချေတကား။ တစ်ခါမဟုတ် နှစ်ခါမက
 အခါပေါင်းများစွာ ဒီနည်းနဲ့ပဲ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများကို ပလီပလာမူယာမာယာနဲ့ လိမ်ခဲ့ပြီဖြစ်ချေတကား။
 ဒါပေမယ့် နိုင်ငံသားကောင်းပီသချင်သူများ ဣဿမဖြစ်ဘဲ မုဒိတာပွားကြပါကုန်။


ရိုးရိုးလေး


၁။ အခုအပြောင်းအလဲဟာ နိုင်ငံရေးလွတ်လပ်ခွင့်ကို ဦးတည်သွားမယ့်အပြောင်းအလဲမဟုတ်။ ကိုယ်ကျိုးစီးပွားအရ ပြောင်း
လဲနေခြင်းဖြစ်တယ်။

၂။ အာရပ်နွေဦး တော်လှန်ရေးပြီးတယ့်နောက်၊ အီရတ်နဲ့အဖဂန်စစ်ပွဲပြီးတယ့်နောက် အမေရိကန်ပြည်ထောင်စုရဲ့
 နိုင်ငံခြားရေးပေါ်လစီက ပြောင်းလဲသွားတယ်။ အာရပ်ကမ္ဘာကနေ အာရှဖစိဖိတ်ကို ပြောင်းသွားတယ်။ အိုဘာမားအစိုးရရဲ့ရန်သူ
ဟာ ရုရှားမဟုတ်၊ တရုတ်သာ ဖြစ်တယ်။ တရုတ်ကို နိုင်ငံရေးနဲ့စစ်ရေးအရမဟုတ်တော့ဘဲ စီးပွားရေးအရပါ ယှဉ်ပြိုင်လာရ
ဖွယ်ရှိတယ်။ ဒီအချိန်ဟာ အာရှဖစိဖိတ်စစ်ပွဲအစပဲ ရှိသေးတယ်။

၃။ အာရှဖစိဖိတ်ကို လေ့လာယင် သြစတြေးလျဟာ အမေရိကန်ရဲ့မိတ်ဆွေမဟုတ်၊ ဒါပေမယ့်မဟာမိတ်ဖြစ်တယ်။ ဝန်ကြီးကလင်
တန်ပြုစုထားတယ့် စာတမ်းကို ဖတ်ကြည့်ယင် ဒီအခင်းအကျင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်မှာဖြစ်တယ်။ ဒီတော့
 အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှဖစိဖိတ်မှာ သြဇာသက်ရောက်ဖို့ ကြိုးစားရတော့မှာ ဖြစ်တယ်။ ဒါကြောင့်လည်း
ဗီယက်နာမ်ကနေ ချီလီအထိ ကုန်သွယ်ရေးသဘောတူညီချက်ရယူထားတာ ဖြစ်တယ်။

၎။ ဒီအာရှဖစိဖိတ်မှာ အိန္ဒိယမပါဘဲ ပြည့်စုံမှာမဟုတ်သလို အိန္ဒိယမပါဘဲ တရုတ်ကို ကိုင်လို့ မရပါဘူး။ တရုတ်နဲ့အိန္ဒိယကြားမှာ
 မြန်မာနိုင်ငံက မဟာဗျူဟာကျစွာ ရပ်တည်နေပါတယ်။ မြန်မာဟာ အာရှဖစိဖိတ်ရဲ့ Epic-central tag of war ဖြစ်နေတာကို
 လက်ရှိသိန်းစိန်အစိုးရက အမိအရ အသုံးချနေခြင်းသာ ဖြစ်တယ်။ ကြည့်တတ်ယင် ရိုးရိုးလေးပါပဲ။

ဒီအခြင်းအရာတွေကို လေ့လာကြည့်ယင် မြန်မာနိုင်ငံမှာ မျက်နှာပြလို့ကောင်းရုံ အပြောင်းအလဲလုပ်ပေးယင် အမေရိကန်က
 ပိတ်ဆို့မှုကို ဖွင့်ပေးမှာသေချာသလောက်ပါပဲ။ စစ်တပ်ရဲ့ခရိုနီများအတွက်၊ အစိုးရနဲ့နီးစပ်သူများအတွက်၊ (အတိုက်အခံပါတီ
ကြီးနဲ့ ဆက်ဆံနေသူများအတွက်၊ အပစ်ရပ်အဖွဲ့အစည်းများနဲ့ ရင်းနှီးသူများအတွက်) မုတ်ဆိတ်ပျားဆွဲကိန်း မြင်တယ်။
 ဒါကိုလည်း ဣဿာမပွားဘဲ မုဒိတာပွားကြဖို့ပါပဲ။

အကျဉ်းချုံးလိုက်ယင်

၁။ နှစ်ပေါင်း(၂၀)ကျော် ပြည်တွင်းမှာ ပိတ်မိနေတယ့် စစ်အစိုးရဝင်ဟောင်းတွေ ပြည်ပနိုင်ငံကို လွတ်လွတ်လပ်လပ်
 သွားနိုင်တာကို မုဒိတာပွားကြပါ။

၂။ အကျယ်ချုပ်မိလို့လည်းကောင်း၊ ထောင်တွင်းရောက်နေလို့လည်းကောင်း၊ အခါအခွင့်မသင့်လို့လည်းကောင်း
 ပြည်ပနိုင်ငံကို မထွက်နိုင်တယ့် အတိုက်အခံအမတ်များကိုတော့ အမှန်တကယ်စိတ်ရင်းမှန်နဲ့ မုဒိတာပွားပေးကြပါ။

၃။ တရုတ်ကုမ္ပဏီများနဲ့အပြိုင် အမေရိကန်ကုမ္ပဏီများ၊ သြစတြေးလျကုမ္ပဏီများ၊ ဥရောပကုမ္ပဏီများ၊ အာရှဖစိဖိတ်ကုမ္ပဏီများ
 ဝင်လာယင်လည်း နိုင်ငံခြားသားများဖြစ်လို့ မုဒိတာပွားကြပါ။

၎။ နိုင်ငံမှာ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ကြီးများရှိပေမယ့် ရေငတ်နေတယ့် နိုင်ငံသားတွေ၊ နိုင်ငံမှာ လျပ်စစ်မီးပိုနေရက်
သားနဲ့ မီးပြတ်နေတယ့် နိုင်ငံသားတွေ၊ ပြည်တွင်းစစ်ကြောင့် အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးလွှားနေရတယ့် တိုင်းရင်းသားတွေ
အားလုံး မိမိတို့ရဲ့ ဂေဟစနစ်ကို ဖျက်ဆီးမယ့်လူများ ဝင်လာကြယင် မုဒိတာ ပွားကြပါ။

(စာရေးသူလို အခွင့်အရေးယူရကောင်းမှန်းမသိ မိုက်ကန်းချင်ယင် ၂၀၀၈ ဥပဒေကိုဆက်လက်ဝေဖန်ပါ။ လွှတ်တော်ထဲ
စစ်တပ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို ဆက်လက်ဝေဖန်ပါ။ အစိုးရအဖွဲ့ထက်၊ တရားစီရင်ရေးထက်၊ ဥပဒေပြုရေးထက်
 မြင့်မြတ်သော ကာလုံကိုလည်း ဆက်လက်ဝေဖန်ပါ။ လူသတ်၊ မုဒိမ်းကျင့်၊ မြေယာသိမ်းလိုင်စင်ရထားတယ့် တပ်(မတော်)
ကိုလည်း ဆက်လက်ဝေဖန်ပါ)
http://www.facebook.com/notes/ven-ravika/%E1%80%99%E1%80%AF%E1%80%92%E1%80%AD
%E1%80%90%E1%80%AC%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%
99%E1%80%9A%E1%80%B9%E1%80%B7%E1%80%A1%E1%80%81%E1%80%BA%E1%80%AD%E1%
80%94%E1%80%B9/174647479330162

by Ven Ravika

ဟံသာဝတီ ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း
Posted: 19 May 2012 07:58 PM PDT



 မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးမှအကြောင်းပြန်စာ
Posted: 19 May 2012 07:35 PM PDT
ကချင်ပြည်နယ်မြစ်ဆုံဒေသရှိ တန်ဖဲကျေးရွာအားပြောင်းရွှေ့ ခြင်းကိစ္စနှင့်ပါတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများကိုယ်စား၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးမှ သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးသို့ ပေးပို့ ခဲ့သော တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စနှင့်၊ ပါတ်သက်ပြီး မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်...ရုံးမှ၊ အလေးထားဆောင်ရွက်သင့်သည့်ကိစ္စဟု ယူဆပါကြောင်း အောက်ပါအတိုင်း အကြောင်းပြန်စာပြန်လည်ပေးပို့ လာပါသည်။

ယခုကဲ့သို့  မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးအနေဖြင့်၊ မြန်မာနိုင်ငံသားများ ကြုံတွေ့ နေရသည့်၊ မတရားမှု့ များစွာ အခက်အခဲများစွာထဲမှ တစ်ခုဖြစ်သောတန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စရပ်ကို အလေးထားဆောင်ရွှက်သင့်သည့်ကိစ္စဟု ယူဆခြင်းအပေါ်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော၊ ကိုမြအေးမှ ကြိုဆိုလိုက်ကြောင်းနှင့် တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့ အခွင့်အရေးချိုးဖောက်ခံနေရသော ကိစ္စရပ်များအတွက်လည်း၊ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံးမှ တ၇ားမျှတစွာ ကူညီဆောင်ရွက်ပေးရန် အလေးအနက်တိုက်တွန်းလိုက်ပါသည်။ မိမိတို့ ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် တိုင်းရင်းသားဒေသများတွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ လူ့ အခွင့်အရေးချိုးဖောက်ခံရမှု့ များ၊ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်ခံရမှု့ များ၊ ပပျောက်သွားရန်အတွက်၊ တိုင်းရင်းသားအရေး ကိစ္စရပ်များကို သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့်၊ ဆက်လက်အလေးထား ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ကိုမြအေး

Posted: 19 May 2012 10:54 AM PDT



























ကမ္ဘာကျော် အီလက်ထရောနစ် Company ဖြစ်တဲ့ HTC (High Tech Computer Coporation) ရဲ့ ဥက္ကဌ Peter Chou
 ခေါ် ဦးဝင်းသန်း ဟာ မေလ ၁၉ ရက်နေ့၊ မနက် ၁၀နာရီမှာ လှိုင်တက္ကသိုလ်ဝင်းအတွင်း၊ မြန်မာအိုင်စီတီ
(Myanmar Infto-tech) ရှိ ဟောခန်းမတစ်ခုတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံသား နည်းပညာလောကမှ လူငယ်၊လူကြီးများနှင့် အတွေ့အကြုံများ ဆွေးနွေးတိုင်ပင် ခဲ့ကြပါတယ်။
 ပီတာချူးဟာ မြန်မာနိုင်ငံဖွားဖြစ်ပြီး မွေးရပ်ဇာတိက မန္တလေးမြို့ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်ဖွား ပီတာချူးဟာ
မန္တလေးဒေသကောလိပ်မှာ ပညာသင်ယူခဲ့ပါတယ်။ ဒုတိယနှစ် ရောက်တဲ့အခါမှာ ကျောင်းကထွက်ပြီး ထိုင်ဝမ်နိုင်ငံကို
 သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ စစရောက်ချင်းမှာ သူဟာ အီလက်ထရောနစ်အင်ဂျင်နေယာအနေဖြင့် ထိုင်ဝမ်
 အီလက်ထရောနစ် Company တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

အလုပ်လုပ်ကိုင်ပြီးတော့ ပညာဆက်လက်သင်ကြားဖို့ စိတ်ကူးရလာတဲ့အခါမှာ သူဟာ National Taiwan Ocean
 University တက်ရောက်ခဲ့ပါတယ်။ ၁၉၈၅ခုနှစ်မှာ Electronic Engineering ဘွဲ့ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ HTC
 Coporation ကို စတင်တည်ထောင်ခဲ့ပါတယ်။ အင်ဂျင်နေယာ ၁၀ ဦးနဲ့စတင်တည်ထောင်ခဲ့တဲ့ HTC ဟာ ကမ္ဘာ့အဆင့်မှီ
အီလက်ထရောနစ်ပစ္စည်းများကိုသာထုတ်လုပ်မယ် လို့ ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့် နှစ်နှစ်အတွင်းမှာ
 အရှိန်အဟုန်နဲ့အောင်မြင်လာခဲ့ပါတယ်။ သူဟာ ပညာသင်ကြားခြင်းကို မရပ်တန့်ခဲ့ပါဘူး။၂၀၀၃ ခုနှစ်မှာ National
 Chenghi University မှ MBA ဘွဲ့ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၆ ခုနှစ်မှာ အရေိကန်နိုင်ငံ၊ Harvard Business School မှ
Advanced Management Program တက်ရောက်အောင်မြင်ခဲ့ပါသေးတယ်။

ဦးဝင်းသန်း ခေါ် ပီတာချူးရဲ့ ကြိုးစားမှုကြောင့် HTC ရဲ့ အောင်မြင်မှုအရှိန်အဟုန်ဟာ မြင့်မားခဲ့ပြီး ကမ္ဘာ့ပထမဆုံး
Window စမတ်ဖုန်းထုတ်လုပ်နိုင်တဲ့ Company ဖြစ်လာခဲ့ပါတယ်။ Microsoft ပိုင်ရှင် ဘီလ်ဂိတ် နဲ့ စတင်လုပ်ကိုင်ခဲ့တဲ့
Window Phone ဟာ HTC တစ်ခုတည်းမဟုတ်တော့ပဲ Nokia တို့လို Company ကြီးတွေပေါ်ထွက်လာပါတယ်။
 ပြိုင်ဘက်တွေရှိနေသော်ငြားလည်း HTC ဟာ စမတ်ဖုန်း ဈေးကွက်ရဲ့ ထိပ်တန်း ငါးခုစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
 စမတ်ဖုန်းနည်းပညာပထမဆုံး စတင်တီထွင်တဲ့ Company များထဲမှ ထိပ်တန်းစာရင်းထဲမှာ ပါဝင်သူဖြစ်ပါတယ်။

လက်ရှိ မှာ ကမ္ဘာ့ အကောင်းဆုံးအိုင်တီ Company ၁၀၀ မှ နံပါတ် ၁၁ ၊ အာရှမှာ ထိပ်တန်းငါးခုစာရင်းဝင်ပြီး ပီတာချူးကိုယ်
တိုင်ဟာ ကမ္ဘာ့အလွမ်းမိုးဆုံးအိုင်တီလုပ်ငန်းရှင် (CEO) ၅ ဦးစာရင်းမှာ ပါဝင်နေသူဖြစ်ပါတယ်။

သူဟာ မြန်မာပြည်မှာနေခဲ့စဉ်ကတည်းက အိုင်တီနည်းပညာကို အင်မတန်စိတ်ဝင်စားသူဖြစ်ပါတယ်။ ၁၉၇၀ နှောင်းပိုင်းကာလ
မှာ ပညာသင်ရတဲ့ ပီတာချူးဟာ မန္တလေးမြို့ ၈၃ လမ်းမှာ လျှပ်စစ်ပစ္စည်းပြင်ဆိုင်လေးဖွင့် လှစ်ခဲ့ဖူးပါတယ်။ သီအိုရီထက်
 လက်တွေ့ကိုအားသန်တဲ့ ပီတာချူးဟာ ကျောင်းတက်ရက်မမှန်ပါဘူး။ တစ်လမှာ မြန်မာငွေကျပ် ၃၀ သာဝင်ငွေရှိတဲ့ ဝင်းသန်း
ဟာ ထိုင်ဝမ်နိုင်ငံသွားဖို့ စိတ်ကူးရခဲ့ပါတယ်။ ကျောင်းပညာ တစ်ဝက်တစ်ပြတ်နဲ့ တိုင်းတစ်ပါးမှာ သွားရောက်လုပ်ကိုင်ဖို့
 စိတ်အားထက်သန်ခဲ့တဲ့ ဝင်းသန်းဟာ လက်တွေ့မှာ ထူးချွန်သူဖြစ်တဲ့အတွက် ထိုင်ဝမ် အီလက်ထရောနစ် Company များက
 နှစ်သက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သီအိုရီပိုင်းလည်းအရေးကြီးတယ်လို့ သိလာတော့ ထိုင်ဝမ်မှာ တက္ကသိုလ်
ဆက်လက်တက်ရောက်ခဲ့ပါတယ်။

တက္ကသိုလ်မှာ သူငယ်ချင်းများနဲ့ HTC ဆိုတဲ့ ကော်ပိုရေးရှင်းကို ၁၉၉၇ ခုနှစ်ကစတင်တည်ထောင်ပါတယ်။ အင်ဂျင်နေယာ
၁၀ဦးနဲ့စတင်တည်ထောင်တဲ့ HTC ဟာ အမှန်တော့ အဆင့်မြင့် ကွန်ပျူတာများ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ သို့ပေမဲ့ မိုဘိုင်း
ဖုန်းနည်းပညာမှာ အခြားအဖွဲ့အစည်းများထက် ထူးခြားပြောင်မြောက်အောင် တီထွင်နိုင်ခဲ့ပြီး ဒီဂျစ်တယ်ဖုန်းမှ စမတ်ဖုန်းသို့
ကူးပြောင်းပေးတဲ့ ပထမဆုံး Company များစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အမေရိကန်အခြေဆိုက် မိုက်ခရိုဆော့ခ် Company
 မှ ဥက္ကဌ ဘီလ်ဂိတ်ကိုယ်တိုင် ပီတာချူးကို ဖိတ်ကြားပြီး လုပ်ငန်းဆိုင်ရာဆွေးနွေးခဲ့ပါတယ်။ ဘီလ်ဂိတ်ရဲ့ ကမ်းလှမ်းချက်ကို
သဘောတူပြီး Window ဖုန်းဖြစ်ပေါ်လာဖို့ ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ ယင်းနောက်ပိုင်း HTC စမတ်ဖုန်းဟာ Window Phone
 လောကမှာ ဆရာတစ်ဆူဖြစ်လာခဲ့ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲစေမယ်လို့ ဆုံးဖြတ်ချက်ချ ကြိုးစားခဲ့ပါတယ်။
 ငွေရဖို့ရည်ရွယ်ချက်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ခြင်းဟာ ညံ့ဖျင်းပြီ ကမ္ဘာကို အကျိုးထူးစေမယ်ဆိုတဲ့ ရည်ရွယ်ချက်က
သာ အောင်မြင်စေနိုင်တယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အောင်မြင်လျက်ရှိနေတဲ့ HTC ဟာ
 မြန်မာပြည်ဖွား ဦးဝင်းသန်းခေါ် ပီတာချူးက ဦးဆောင်လုပ်ကိုင်နေတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။

၃၃ နှစ်ကြာပေမဲ့ မြန်မာပြည်ကို မမေ့ပါဘူး။ ပီတာချူးရဲ့ ငယ်သူငယ်ချင်းများကလည်း မြန်မာ့ အိုင်တီလောကမှာ
 အောင်မြင်နေကြပါတယ်။ MCPA ဥက္ကဌ ဦးသောင်းတင်ဟာ ပီတာချူးရဲ့ငယ်သူငယ်ချင်း ဖြစ်ပြီး မြန်မာပြည်လာရောက်ရန်
 ဖိတ်ကြားမှုကို လက်ခံခဲ့ပါတယ်။ မြန်မာပြည်ရောက်ရောက်ချင်း မြန်မာစကား ပြောဖို့ ခဲယဉ်းပေမဲ့ မန္တလေးမှာ တစ်ပတ်
သွားရောက်နေထိုင်ပြီးနောက် ဗမာလို အဆင်ချောစွာပဲ ပြောဆိုနိုင်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာလည်း မေးမြန်းသူများကို
 မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ပီပီပြင်ပြင်ဖြေကြားခဲ့တဲ့ ဦးဝင်းသန်းကို လာရောက်သူ ဧည့်သည်များ လေးစားခဲ့ရပါတယ်။
ဆွေးနွေးပွဲမှာ သူ့ဘဝအတွေ့အကြုံများကို အထက်ပါအတိုင်း ရှင်းလင်းပြောကြားသွားခြင်းဖြစ်ပါတယ်။
မြန်မာပြည်မှာလည်း သူ့လို အောင်မြင်တဲ့ အိုင်တီလောကသားများ ပေါ်ထွက်လာဖို့မျော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ပီတာချူးဟာ သူအောင်မြင်မှုရရှိဖို့အတွက် ကိုင်ဆွဲထားတဲ့ ဆောင်ပုဒ်များကို ရှင်းလင်းပြောပြခဲ့ပါတယ်။
 အချက်၃ ချက်ရှိပြီး Passion, Fearless နှင့် Vision ဖြစ်ပါတယ်။

"လူတိုင်းဟာ သူ့ဝါသနာပါရာသူ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်ဆိုငယ်ငယ်က ဂီတာတီးတာဝါသနာပါတယ်။ ရေကူးတယ်။
 သူငယ်ချင်းတွေနဲ့အတူ ဝါသနာပါရာ စိတ်အပန်းဖြေ ကစားကြတယ်။ ဒါတွေကို ချုပ်တည်းမထားရပါဘူး။ Innovation
 လုပ်နိုင်ဖို့ စိတ်ကို လွတ်လွတ်လပ်လပ်ထားဖို့လိုပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ အောင်မြင်ဖို့အတွက် Passion က
 အဓိကကျပါတယ်။ နောက်တစ်ချက်ကတော့ Fearless ပါ။ ဘာကိုမှ ကြောက်ရွံ့မှုမရှိရပါဘူး။ လုပ်ချင်တာတွေကို လုပ်နိုင်ရမယ်။
 အခက်အခဲတွေဘယ်လောက်ပဲရှိရှိ။ ပတ်ဝန်းကျင်နဲ့အခြေအနေကြောင့် မိမိရဲ့ ရည်မှန်းချက်တွေ ပျောပျက်သွားတာဟာ
 အင်မတန်ပျော့ညံ့မှုပါ။ မှားတာကိုလည်း မကြောက်ရပါဘူး။ လူတိုင်းအမှားလုပ်ကြပါတယ်။ အမှားကနေပဲ သင်ခန်းစာယူရပါ
တယ်။ မှားတယ်ဆိုတာ သဘာဝတရားပါ။ မှားမှာကြောက်နေရင်ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ နောက်တစ်ချက်က Vision။
ကျွန်တော် HTC စထောင်တော့ မူဝါဒခိုင်ခိုင်ထားပါတယ်။ ဒါကတော့ ကမ္ဘာ့အဆင့်မှီ (World Class) ကိုပဲ တီထွင်ဖန်တီးမယ်
ဆိုတာမျိုးပါ။ အဆင့်နိမ့်ပစ္စည်းများ ထုတ်လုပ်ဖို့ လုံးဝစိတ်မကူးခဲ့ပါဘူး။ ဒါကြောင့်ပဲ အချိန်တိုတွင်းမှာ အောင်မြင့်တာဖြစ်ပါတယ်။
 ကျွန်တော်ကျောင်းသားဘဝက ဒီဂျစ်တယ်ပညာရပ်ကို လေ့လာသူနည်းပါတယ်။ ယင်းဒီဂျစ်တယ်ပညာကို ရွေးချယ်လိုက်တဲ့
 ကျွန်တော့ကိုတောင် လောင်ပြောင်ခဲ့ကြပါ သေးတယ်။ သို့ပေမဲ့ ဒါတွေဟာ တစ်နေ့အောင်မြင်မယ်ဆိုတာကို ကြိုမြင်ထားတဲ့
 ကျွန်တော်ဟာ HTC ကို အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။"

အထက်ပါအတိုင်း ပီတာချူးဟာ သူ့ရဲ့ခံယူချက်ကို ပြောဆိုခဲ့ပါတယ်။

"မြန်မာပြည်အတွက်ဆို ကျွန်တော်ဘာမဆိုလုပ်ပါ့မယ်။ နည်းပညာဆိုင်ရာဖွံ့ဖြိုးဖို့အတွက် ရင်းနှီးဖို့အစီအစဉ်တွေရှိပါတယ်။
ဒီတစ်ခါလာရောက်တာကတော့ လေ့လာတဲ့သဘောပဲ ရှိပါသေးတယ်။ ဘာမှ ရင်းနှီးမြှုပ်နှံဖို့မရှိသေးပါဘူး။ နေပြည်တော်က
 အစိုးရအဖွဲ့ဝင်တွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပြီးပါပြီ။ HTC လာရောက်ရင်းနှီးမြှုပ်နှံဖို့ကို ကြိုဆိုတာတွေ့ရတဲ့အတွက
 အထူးပင်ဝမ်းသာပါတယ်။ HTC ကိုမြန်မာပြည်မှ သိလောက်မယ်လို့ မထင်ခဲ့ဘူး။ သို့ပေမဲ့ HTC ဟာ မြန်မာပြည်မှာလည်း
 လူသိများတဲ့ Brand တစ်ခုဖြစ်နေတယ်လို့ သိရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးအရပြောင်းလဲ
မှုတွေ မြန်ဆန်ပါတယ်။ ပြောင်းလဲမှုတွေဟာ အကောင်းဘက်ဦးတည်တဲ့အတွက် ကျွန်တော်တို့လာရောက်ရင်းနှီးလုပ်
 ကိုင်ဖို့ ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်မည့်အစီအစဉ်၊ မန္တလေးမှာ HTC
အရောင်းစင်တာ ဖွင့်လှစ်မယ်ဆိုတာတွေကတော့ မဟုတ်ပါဘူး။ ကျွန်တော်ပြောသလိုပဲ ဒီတစ်ခါက Listen လာလုပ်တဲ့
သဘောပဲရှိပါသေးတယ်။
မြန်မာ့ကွန်ပျူတာနှဲ့OS လောကမှာ မြန်မာ input system ဖြစ်ပေါ်လာဖို့ HTC မှ ကြိုးစားပါမယ်။ ဒါဟာ အင်မတန်
 အရေးကြီးပါတယ်။ မြန်မာစာစနစ်ကို မြန်မာ့အိုင်တီလောကမှာ အလွယ်တကူသုံးနိုင်ဖို့ဆိုတာ လိုအပ်ပါတယ်။ ဒါကို
ကျွန်တော်တို့လုပ်ဖို့ Plan ရှိပါတယ်။ မြန်မာပြည်တွင်းက ကွန်ပျူတာပညာရှင်များနဲ့လည်း ဆွေးနွေးတိုင်ပင်လျက်ရှိပါတယ်။

မြန်မာပြည်မှလူငယ်များအတွက် ဖောင်ဒေးရှင်းတစ်ခုဖန်တီးပေးခဲ့ပါတယ်။ ဒါကတော့ စဥ့်ကူဖောင်ဒေရှင်းလို့ အမည်ရပြီး
 မြန်မာလူငယ်တွေကို Innovation မှာ ပါဝင်လာနိုင်ဖို့ မြေတောင်မြောက်ပေးပါမယ်။ ဒီအတွက် ကျွန်တော်နဲ့ MCPA ဥက္ကဌ
 ကိုသောင်းတင်နဲ့အတူ တိုင်ပင်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။"

ဟု ပီတာချူးဟာ သူနေခဲ့တဲ့ တက္ကသိုလ်အဆောင်အမည်ကို အမှတ်တရဖြစ်စေပြီး စဥ့်ကူလို့အမည်ပေးခဲ့ပါ တယ်။
တစ်နှစ်တစ်ခါ ဖောင်ဒေးရှင်းအစည်းအဝေးကိုလာရောက်ဖို့လည်း သဘောတူကတိပေးခဲ့ပါတယ်။
 တွေ့ဆုံဆွေးနွေးပွဲဟာ နေ့လည် ၁၁ နာရီခွဲမှာ ပြီးဆုံးခဲ့ပြီး MCPA မှ ပီတာချူးကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

—- (အောင်ခမ်း)

http://www.facebook.com/photo.php?fbid=411383475560193&set=a.240004309364778.65265
.239911902707352&type=1

Posted: 19 May 2012 09:04 AM PDT

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် စတင်တည်ထောင်ပြီးအချိန်က စပြီး ယခုအချိန်ထိ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ
 စနစ်ကိုဖော်ဆောင်နိုင်ရန် များစွာသော အဖွဲ့ ဝင်များ ၊ မိသားစုများ ကိုစတေးခံပြီး စစ်အစိုးရ လက်အောက်မှ ပြည်သူလူထုကို
 ကယ်ထုတ်နိုင်ရန်ကြိုးပမ်းနေသော ပြည်သူ့ရှေ့ဆောင်ပါတီ တခုဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လဲ ပြည့်သူ့ဆန္ဒပြည့် ရွေးချယ်မှု့  ကိုလဲ ရရှိပြီးသားဖြစ်ခဲ့သည် ။ သို့ ရာတွင် ပြည်သူ့ဆန္ဒကို
အလေးမထားသော စစ်အာဏာရှင် တစု က ထင်သလို ချယ်လှယ်ပြီး တိုင်းပြည်ကိုဆင်းရဲမွဲတေမှု ပြာပုံအောက်သို့  အရောက်
ပို့ဆောင်ခဲ့ပြီး နိုင်ငံတကာမှ အကြွေးပါတ်လည် ၀ိုင်းကာဖြင့် နောက်ဆုံး မြန်မာပြည်အား ဆင်းရဲမွဲတေသော နိုင်ငံအဖြစ်
စာသွင်းပေးပါရန် မြန်မာနိုင်ငံကို တချိန်က အုပ်ချုပ်သူ များကိုယ်တိုင်မှ ကုလသမဂ္ဂကိုလျှောက်ထားခဲ့ရပြီး နိုင်ငံတကာမှ
 ကြွေးမြှီများကို လျှော်ပစ်ရန် မိမိကိုယ်မိမိ ဒေ၀ါလီခံခဲ့ရသော တိုင်းပြည်တခုထိအောင်ဖြစ်ခဲ့သည်။ တိုင်းပြည်ဆင်းရဲလျှင် ပြည်သူ
အဖို့ ဆိုဖွယ်ရာမရှိပါ။

ထိုထိုသောအခြအနေဆိုးအောက်မှ ပြည်သူလူထုနှင့်တန်းတူရပ်တည်ပြီး ထိုးဖောက်လာသော NLDပါတီကို စစ်အုပ်စုမှ
ချိုးဖျက်ချေမွနိုင်ရန် နည်းအမျိုးမျိုးသုံးပြီး ကြိုးစားခဲ့ကြသည်မှာ နိုင်ငံတကာမှ တားဆီးရသည်အထိ ဖြစ်ခဲ့ပြီးလေပြီ။

ယခုအချိန်သည် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် သော်မှ NLDပါတီနှင့် ညိုနိုင်းဆွေးနွေးမှုများအဆင့်ဆင့် ရယူကာ NLD ပါတီ
အား လွှတ်တော်ထဲထိအောင်ပင် ခရီးပေါက်အောင် တိုင်းပြည်ကောင်းစားရေးအတွက် ခရီးလမ်းဖောက်လုပ်ခဲ့သည်ကိုလဲ
အများသိကြပြီး ဖြစ်သည်။ သို့ သော်ယခုအချိန်ထိအောက်ခြေပါတီဝင်များ ၊ မြို့နယ်လူသစ် လူဟောင်းများကို နယ်မြေအလိုက်
 SB ၊ စရဖ စသည့် ထောက်လှမ်းရေးများက ဆက်လက် ထောက်လှမ်းသတင်း ရယူခြင်း ၊ စောင့်ကြည့်နေခြင်းများ ဆက်
လက်ပြုလုပ်နေခြင်းများ သည် သမ္မတကြီး ကိုယ်တိုင်က NLD ပါတီအား သံသယရှင်းသည်ထိ မယုံကြည်သေးသည့်အတွက် ၊
ဆက်လက်စောင့်ကြည့် ထောက်လှမ်းနေဆဲလား ၊ သို့ မဟုတ် သမ္မတ နောက်ကွယ်မှ အခြားသော အရိုးစွဲနေသေးသော
အာဏာရှင် တဦးဦးပေလား ၊ အောက်ခြေမှ ယခင်လို အထက်ဖားအောက်ဖိ လုပ်လိုနေသေးသည့်အတွက် ဆက်လက်စုံစမ်းနေ
ဆဲလား အဘယ့်ကြောင့် ဆိုသည်ကိုတော့ဖြင့် ကာယကံရှင်များ သာသိရှိပေလိမ့်မည် ။

NLDပါတီသည် ယခုအချိန်တွင် အောင်လံတလူလူလွှင့်လာနေသော ဒေါင်းနီတော် တပ်ဦးနှင့် တူပါသည် ။ အရပ်ရှစ်မျက်နှာ
 ဘယ်ကာမှ ကြည့်ကြည့် အထင်းသားမြင်နိုင်ပါသည် ။ နိုင်ငံတကာသတင်းများ ၊ ပြည်တွင်း ဂျာနယ်များတွင် NLD ပါတီ
သတင်းမပါလျှင် သတင်းမပြည့်စုံဟု ဆိုရမလောက်ပင် ၊ ပါတီ၏ လှုပ်ရှားမှုများ ၊ ဆောင်ရွက်မှုများ ၊ ဧည့်သည်တော်များနှင့်
 တွေ့ ဆုံမှုများကို ခိုးကြောင်ခိုးဝှက်မပြုခဲ့ ။

သတင်းစာရှင်းလင်းပွဲများ ၊ ပါတီမှ ထုတ်ဝေသောဂျာနယ်များ မှ ပြည်သူသို့  သံသယကင်းစွာဖြင့် ကြော်ငြာမောင်းခတ်နေခဲ့သည်
 ဟုဆိုရမည်ဖြစ်သည်။ သို့ သော် ယခင်ကာလများဆီမှာကဲ့သို့  ယခုတိုင် ပါတီ၏ စည်းရုံးမှုများ ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို
 သံသယပေါင်းများဖြင့် ဆက်လက်ထောက်လှမ်း စောင့်ကြည့်နေခြင်း သည် မသင့်တော်ဟုထင်မြင်မိပါသည်။ ဒါသည်ကိုလည်း
 NLDပါတီမှ မသိ၍မဟုတ် NLD ပါတီအားတဖက်အာဏာပိုင်များနှင့်ပေါင်းကာ တချိန်က သတင်းပေးသတင်းယူလုပ်ခဲ့သူများ
သည်ပင်လျှင် အမြင်မှန်ရှုတတ်လာကာ သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် တချိန်က ပြုလုပ်မိခဲ့သည်များကို ၀န်ချတောင်းပန်
 ကာပါတီဝင်အဖြစ်နှင့်အမှန်တကယ်ပြုလုပ်နေသောပြည့်သူ့အကျိုးပြုလုပ်ငန်းများတွင်ပါဝင်နိုင်ရန်စောင့်စားနေ
သူများရှိလာခဲ့ပြီဖြစ်သည် ။ဤသို့ ဤသို့  အမျိုးအမျိုးသော လူအများကြားမှ တဖက်သတင်းစကားများကို လည်း
ပါတီခေါင်းဆောင်များထံသို့ရောက်ရှိပေါက်ကြားနေပါပြီး။ NLDပါတီခေါင်းဆောင်သူများ သဘောထား ကြီး ကြပါ သည် ။
အမျှော်အမြင်ကြီးမားကြပါသည် ။

သို့ သော် နောက်ကြောင်းပြန်လှည့်စရာမလိုသည့် နောက်ချန်နေခဲ့သော နောက်လိုက်ခွေးများ အဖို့  အမြင်မှန်ရစေရန်
 တဦးကအစ တရာတိုင် သမ္မတကြီး နားတော်ပေါက်အောင် သိစေလိုပါသဖြင့် ယခုစာမျက်နှာမှ ပန်ကြားလိုက်ပါသည်။

Myanmar Mediamm





























Posted: 19 May 2012 08:40 AM PDT
David Cameron met Aung San Suu Kyi on his visit to Burma in April. Photograph: Stefan Rouseau/PA
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်
source: The Guardian | The Financial Times

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဇွန်လ ၁၈ ရက်နေ့တွင် လန်ဒန်သို့အလည်အပတ်ခရီး တစ်ပတ်ကြာ သွားရောက်
မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်းတွင် မိန့်ခွန်းပြောကြားမည်ဟု သိရသည်။ နိုင်ငံ့ခေါင်းဆောင်မဟုတ်ဘဲ ဗြိတိန်ပါလီမန်နှစ်ရပ်တွင် မိန့်ခွန်းပြောကြားခွင့်ရခြင်းမှာ အလွန်ရှားပါးကြောင်း
 သိရသည်။

၁၉၆၀ ခုနှစ်များက ပညာသင်ကြားခဲ့သောOxford တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ယူဦးမည်ဖြစ်ပြီး သားနှင့်မြေးတို့ဆီကိုလည်း အလည်အပတ်သွားရောက်မည်ဟု သိရသည်။သောကြာနေ့ညက G8 ထိပ်သီးအစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ်က ကမ္ဘာ့ခေါင်းဆောင်များကို မြန်မာပြည်သို့လှူဒါန်းသော ထောက်ပံ့ငွေများမှာ မြန်မာပြည်သူများအတွက် အကျိုးရှိစေဖို့ ပြောကြားခဲ့ပြီး မြန်မာအစိုးရအနေဖြင့် ယခုထက်ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ လုပ်မပြသေးသမျှ
အစိုးရကို လှူးဒါန်းငွေတိုက်ရိုက်ပေးမည်မဟုတ်ကြောင်း၊ လှူဒါန်းသမျှငွေတိုင်းသည် မြန်မာပြည်သူတို့ အကျိုးရှိရန်အတွက်သာ အလေးပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ဝန်ကြီးချုပ်က မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင်Commission for Responsible Investment အဖွဲ့ကိုဖွဲ့စည်းပြီး လေ့လာစောင့်ကြည့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည် ဒပ်ဘလင်သို့ အလည်သွားမည်

source: Irish Times | Irish Examine
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့တော်သို့ တစ်ရက်ကြာ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဒပ်ဘလင်တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Ambassador of Conscience ဆုပေးမည်ဟုသိရပြီး ဒပ်ဘလင်ရှိ docklands တွင်Bord Gais Energy Theatreနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဖျော်ဖြေမည်ဖြစ်ကြောင်း၊ U2အဖွဲ့မှ Walk On သီချင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့သူ Bono ကိုယ်တိုင်တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။ ၂၀ဝ၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကFreedom of Dublin City ဆု ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာသာပြန် မောင်သစ်စိမ်း(MMCP)အားကျေးဇူးတင်ရှိပါသည်...

Posted: 19 May 2012 08:25 AM PDT
နိုင်ငံတော်သမ္မတရုံး အကြံပေးဦးမြင့်မှ ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူထံအိတ်ဖွင့်ပေးစာကို ယနေ့ဖြန့်ဝေသည်။ ယနေ့တွင် Micasa Hotel ၌ပြုလုပ်ခဲ့သော အမျိုးသာစိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြားပွဲတွင် ၎င်းပေးစာကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ၎င်းစာတမ်းဖတ်ပွဲတွင် နိုင်ငံတော် သမ္မတအကြံပေးဦးမြင့်၊ နယ်သာလန်နိုင်ငံမှ ကျေးလက်ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူဦးရေဆိုင်ရာ တွဲဖက် ပါမောက္ခ ဂျွန်ဘောရာစ်၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ Senior Researcher ဒေါက်တာ စိုးထွန်းတို့မှ စာတမ်းဖတ်ကြားသည်..
popular news journal









Posted: 19 May 2012 08:08 AM PDT

အင်တာဗျူး ပထမပိုင်း

ဥရောပကို ပါလီမန်တွေ လေ့လာဖို့ ရောက်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို လန်ဒန်ရောက်ခိုက် ဘီဘီစီ မြန်မာပိုင်းဌာနက သီးသန့်တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တာမှာ အခု အင်တာဗျူး ဒုတိယပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းနဲ့ သူရ ဦးရွှေမန်းရဲ့ အနာဂတ် ရည်မှန်းချက်တွေကို မေးမြန်းထားပါတယ်။

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment