ငါဟာ ကွယ်လွန်ခဲ့ပြီးသော
ဟိုးအတိတ်ကပေါ့ ပျော်ရွှင်စွာ ကစားဖူးလေသော
ဟိုးအတိတ်ကပေါ့ သာယာစွာ ပျော်ရွှင်ဖူးလေသော
ဟိုးအတိတ်ကပေါ့ တူယှဉ်စွာ သာယာဖူးလေသော
လူတွေရှိကြတယ်
တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားခဲ့သော
တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်ခဲ့ပြီးသော
တစ်နေ့ပြီးတစ်နေ့ မျှဝေခဲ့လေသော
တစ်နေ့ပြီးတစ်နေ့ အချစ်တိုးခဲ့ရလေသော
အတူရှိခဲ့ကြသူတွေပါ
ကျနော်တို့တတွေ အတွေးခြင်းနီးခဲ့ကြတယ်
ကျနော်တို့တတွေ သွေးချင်းစည်းခဲ့ကြတယ်
ကျနော်တို့တတွေ တွေးရင်းလုပ်ခဲ့ရတယ်
ကျနော်တို့တတွေ ပြောရင်းတွေးဆခဲ့ကြရတယ်
ကျနော်တို့တတွေ မောရင်ဖေးမခဲ့ကြတဲ့
ရင်းနှီးစိတ်နဲ့လူတွေပါ
ဒီနေ့အချိန်မှာတော့ ဝေးကွာခြင်းမိုင်တိုင်တွေရိုက်နှက်
ဒီနေ့အချိန်မှာတော့ သွေးဆာခြင်းသံတိုင်တွေပိုက်လျှက်
ဒီနေ့အချိန်မှာတော့ ဘေးဘယာဆိုတာတွေပေးလျှက်
ဒီနေ့အချိန်မှာတော့ စိမ်းဆာရာစက္ကုတွေပြေးဆိုက်
ဒီနေ့အချိန်မှာတော့ တိမ်းမူးရာဦးဏှောက်တို့သွေးပျက်
ဒီနေ့အချိန်မှာတော့ ပြေးထွက်ကြရာဘေးတစ်ဖက်တစ်ချက်
ရက်စက်ကြတဲ့သူတွေပါ
ကျနော်လေ လူတွေကိုမမုန်းဘူး
ကျနော်လေ လူ့လောကကိုချစ်တယ်
ကျနော်လေ လူကြားထဲမှာနေနေတယ်
ကျနော်လေ လူဆန်သူတွေတွေ့ရရင်ပျော်တယ်
ကျနော်လေ လူ့အယဉ်စိတ်ကို တက်မက်လွန်းတယ်
ကျနော်လေ လူနဲ့လူ့ပတ်ဝန်းကျင်ကိုမြတ်နိုးတွယ်တာတယ်
ကျနော်လေ လူတွေရဲ့ဘဝဖြစ်တည်ရပ်တည်မှုကိုအေးငြိမ်းစေလိုတယ်
ကျနော်လေ လူသားတွေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးဟာသာယာနေစေချင်တယ်
ကျနော်လေ လူ့နှလုံးသားတွေကိုပူလောင်သောကတွေကနေဝေးကွာစေချင်တယ်
မိတ်ဆွေတို့ရေ လူဆိုတာမုန်းစရာလား
မိတ်ဆွေတို့ရေ လူ့လောကကစက်ဆုပ်စရာလား
မိတ်ဆွေတို့ရေ လူတွေနဲ့နေရတာစိတ်ပျက်စရာလား
မိတ်ဆွေတို့ရေ လူဆန်တဲ့လူသားတွေရှားပါးကုန်ပြီလား
မိတ်ဆွေတို့ရေ လူ့အရိုင်းစိတ်တွေပျံ့နှံ့ထွန်းကားစေမှာလား
မိတ်ဆွေတို့ရေ လူနဲ့လူ့ပတ်ဝန်းကျင်ကိုအလုံးစုံပျက်စီးစေချင်လား
မိတ်ဆွေတို့ရေ လူတွေရဲ့ဘဝတွေကိုအမြဲမပြတ်ပူလောင်နေစေချင်တာလား
မိတ်ဆွေတို့ရေ လူသားတွေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုမအေးမြစေချင်တာလား
မိတ်ဆွေတို့ရေ လူ့နှလုံးသားတွေကိုစိုးရိမ်ကြောင့်ကြသောကဝေအောင်စေချင်တာလား
မိတ်ဆွေတို့ရေ လူ... လူ ... လူတွေအားလုံးပါ... လူလိုမျိုးကျင့်ကြံအားထုတ်ကြပါလို့သာ...
ဆုတောင်းရင်း

ရေးသားသူ... သန့်စင်ဖြိုး
No comments:
Post a Comment