Thursday, 19 July 2012





ယနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အာဇာနည်ဗိမာန်မှ မြင်ကွင်းများ..

Posted: 18 Jul 2012 10:53 PM PDT

 ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လွမ်းသူပန်းခွေ ချစဉ်...
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အမေစုနှင့်အတူ ပြည်တွင်း ပြည်ပမှ မြန်မာပြည်သား တိုင်းရင်းသား ညီအကို မောင် နှမများမှ အလေးပြုအပ်ပါတယ်...
မြန်မာပြည်သူတွေအတွက် လွတ်လပ်ရေးကို ဖော်ဆောင်ပေးခဲ့ပြီး အသက်စွန့်သွားခဲ့တဲ့ ဖခင်ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ သာယာချမ်းမြေ့တဲ့ အနာဂတ် မြန်မာပြည်ကို ပြီးပြည့်စုံအောင် ပုံဖော်ပေးပါမယ်လို့ ဖခင်ကို ကတိသစ္စာတိုင်တည် နေတာများလား အမေစု...။  ဝမ်းနည်းမှုတွေနဲ့ အားအင်တွေကို တပြိုင်နက် မြင်ရလေ သလားပဲ...

မြန်မာပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းအား လက်အုပ်ချီ ဦးတင်ကန်တော့နေတဲ့ သမီးဖြစ်သူ ယနေ့မြန်မာ ပြည်သူလူထုရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
ဓာတ်ပုံများ AP, Reuters, Getty Images

ဒေါ်မေလှမြိုင် သီဆိုတဲ့
"အလေးပြုပါတယ်"

မွန်ပြည်နယ် ပေါင်မြို့၊ ပေါင်းရပ်ကွက်မှာ ပြုလုပ်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား..

Posted: 18 Jul 2012 08:01 PM PDT

 ယနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းမှတ် အဖြစ် ကျဆုံးလေပြီးသော  အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ် လှူဒါန်းခြင်းနှင့် ရေစက်ချ အမျှဝေခြင်း အခမ်းအနားအား မွန်ပြည်နယ်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌  ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်..။

ပေးပို့သူအား ကျေးဇူးတင်ပါသည်..

" အလေးပြုပါတယ်.."

Posted: 18 Jul 2012 12:12 PM PDT

 ဓာတ်ပုံ ထူးမြတ်အောင်..
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပါတယ်...။ 

ဒေါ်မေလှမြိုင် သီဆိုတဲ့
"အလေးပြုပါတယ်"
(၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရုပ်သံဖိုင်အား ဖန်တီးပေးတဲ့ အကိုကြီး Ko Thaw အားကျေးဇူးတင်ပါသည်..။
အာဇာနည်မျိုးသေရိုးမရှိ (ရေး/ဆို ကိုသော်)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment