(၆၅) နှစ်မြောက်အာဇာနည်နေ့အခန်းအနားမြင်ကွင်းများ(ဓာတ်ပုံ) Posted: 19 Jul 2012 12:18 AM PDT ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ အခြားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုတို့နှင့်အတူ မြန်မာနိုင်ငံသားများမှ ထပ်တူ ကြေကွဲ ဝမ်းနည်းရပါသည်။ ကြေကွဲဝမ်းနည်းမှုနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးစွာ စံနမူနာထားသည့် စိတ်ဓါတ်မှာလည်း ပို၍ပို၍ပင် ထက်သန်ပြင်းပြလာနေမြဲ ဖြစ်ပါသည်။ ဤသည်မှာ မည်သို့မျှ ငြင်း၍ မရနိုင်သော အမှန်တရား ဖြစ်သည်။ ဤအမှန်တရားကြောင့်သာပင် အာဇာနည်နေ့သည်လည်း ယနေ့ထက်တိုင် ခိုင်မြဲစွာ တည်ရှိနေခဲ့ပြီ ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးတို့၏ သမိုင်းသည်လည်း ပျောက်ပျက်မသွားနိုင်သည့်ပြင် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို အမြဲထာဝစဉ် ပေးစွမ်းနေဥိးမည်ဟု ယုံကြည်လျက် ရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိသို့ ရောက်ရှိကြပါစေ။ photo..AP,Gerry images,Messenger journal,Reuters |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ (၆၅) နှစ်မြောက် အာဇာနည်နေ့ ကြေညာချက် Posted: 19 Jul 2012 12:09 AM PDT |
Global Citizen Award လက်ခံရန် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားမည် Posted: 18 Jul 2012 09:26 AM PDT Aung San Suu Kyi Plans US Tour in September-Photo(http://myanmarlife.com/) (VOA News မှ 18 July 2012 ရက်စွဲပါ "Aung San SuuKyi to accept award in US" သတင်းကိုဘာသာပြန်ဆိုသည်) မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် Global Citizen Award ဆုကို လက်ခံရန်အတွက် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ ရောက်ရှိလာမည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအုပ်စုက ထုတ်ပြန်ကြေညာသည်။ Atlantic Council အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက "မြန်မာ့အတိုက်အခံခေါင်းဆောင်သည် ၄င်းဆုကို ကိုယ်တိုင်လက်ခံရယူမည် ဖြစ်သည်"ဟု ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် ကုလသမဂ္ဂတွင် သူမအလုပ်လုပ်ခဲ့သော ၁၉၈၀ခုနှစ်များကာလနောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးပြန်လည်လာရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်လိမ့်မည်ဟုသိရသည်။ "ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်မဆုတ်မနစ်သောလုံ့လဝီရိယဖြင့်တစ်စိုက်မတ်မတ်အားထုတ်ခဲ့ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်ခြင်းဖြစ်ပြီး သူမသည် လွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ နိုင်ငံတကာ သင်္ကေတတစ်ခုဖြစ်သည်"ဟု Atlantic Council က ပြောကြားသည်။ ယခုအခါ လျင်မြန်စွာပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံမှ ကြီးကြီးမားမားအခွင့်အလမ်းများကို အမေရိကန်ကုမ္ပဏီကြီးများ၏ အကြီးအကဲများ ပါဝင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာနေချိန်တွင် ယခုဖိတ်ကြားမှုပေါ်ထွက်လာခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ပြုပြင်ပြောင်းလဲနေသော်လည်း သံသယဖြစ်ဖွယ် စစ်အုပ်ချုပ်ရေးအငွေ့အသက်များ ကျန်ရှိနေသေးသော မြန်မာနိုင်ငံအပေါ် Sactions များ ဖြေလျော့ပေးရာတွင် သတိရှိကြရန် အနောက်အုပ်စုနိုင်ငံများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။ ပြီးခဲ့သောသီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာ Sactions အချို့ကို ဖြေလျော့ပေးလိုက်ပြီး ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံခြင်းကို ခွင့်ပြုလိုက်ပြီဖြစ်သည်။ yangonchronicle |
၆၅ နှစ်မြောက် အာဇာနည်နေ့အတွက် ၈၈မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာ Posted: 18 Jul 2012 09:08 AM PDT |
Posted: 18 Jul 2012 08:49 AM PDT ★ဇူလိုင်လ (၁၉) ရက်၊ မြန်မာစံတော်ချိန်နံနက် ၁၀း ၃၇ နာရီ တိတိတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဂါရ၀ဖြင့် ဥသြဆွဲသံနဲ့ အတူ ဦးညွှတ် အလေးပြုအပ်ပါသည်★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ အလေးပြုပါသည် ★ သီဆိုသူ - မေလှမြိုင် ရေးစပ်သီကုံးသူ - ဂီတာတင်အုံး (နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ…♫ ♪ ♫ ♪ ♫ ♪…ယနေ့ဖြင့် သတိ တရားထားဖို့ အခြေ …♫ ♪ ♫ ♪ ♫ ♪…အများပြည်သူတွေ အများပြည်သူတွေ …♫ ♪ ♫ ♪ ♫ ♪…အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ …♫ ♪ ♫ ♪ ♫ ♪…အလေးပြုပါမယ်လေ…♫ ♪ ♫ ♪ ♫ ♪… )၂ စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ …♫ ♪ ♫ ♪ ♫ ♪… လွမ်း ... မျက်ရည် မြေခပြီမို့ တွေးတသသ ဆွေးစမရွှင်ပေ …♫ ♪ ♫ ♪ ♫ ♪… ရွှေရင်ဆူ ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ…♫ ♪ ♫ ♪ ♫ ♪… အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪… အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪… ကောင်းရာသုဂတိရောက်ရှိကြပြီလေ…♫ ♪ ♫ ♪ ♫ ♪ ♫ ♪… တေးကဗျာ အနုစာခွေရေးကာ တေးပြု …♫ ♪ ♫ ♪... အလေးပြုပါတယ်လေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪… (အစအဆုံး ပြန်ဆို) shared by: Ko Myoe လွမ်းမပြေတဲ့ပန်းခွေ(စိန်ပါတီ) |
ဒေါ်အောင်ဆန်းစုကြည်အကြောင်းထိုင်းစာသင်ကျောင်းတွေမှာပြဌာန်းသင်ကြား။ Posted: 18 Jul 2012 08:11 AM PDT ထိုင်းနိုင်ငံစာသင်ကျောင်းများတွင် ၄တန်းကျောင်းသူ/သားတွေရဲ့ လူမှု့ရေးဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင်အရှဒေသနိုင်ငံများအတွင်းမှလူ့အခွင့်ရေးလှုပ်ရှားဆောင်ရွက်မှုဖြင့်ထင်ရှားကျော်ကြားသောခေါင်းဆောင်များအကြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြဌာန်းသင်ကြားလိုက်ပြီ။ နိုင်ငံတကာကစီးပွားရေး၊နိုင်ငံရေး၊ပညာရေးအလွှာအသီးသီးနှင့် နိုင်ငံတကာမီဒီယာအားလုံးနီးပါးလောက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရဲဝံ့စွာအမျိုးသားရင်ကြားစေ့ရေး၊ဒီမိုကရေစီစနစ်ဖြင့် ခြွတ်ချုံကျဘုံးဘုံးလဲနေသော မြန်မာပြည်ကိုတိုးတက်မြှင့်မားဖို့လုပ်ဆောင်နေတဲ့အကြောင်းဂုဏ်ပြုပြောဆို ဖေါ်ပြနေကြပေမယ့် နောက်ပြန်မလှည့်ပါဘူးဆိုတဲ့ အစိုးရသစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်းမရှိသေးပါဘူး။ ခုတော့အိမ်နီးခြင်းထိုင်းနိုင်ငံက လေးစားစံပြုထိုက်သူရဲ့အကြောင်းကို ကျောင်းသင်္ခံန်းစာမှာပြဌာန်းလိုက်တာကတော့ မြန်မာနိုင်ငံအစိုးရနဲ့ပညာရေးဌာနအတွက်အရှက်ရစရာတခုဖြစ်ခဲ့ပါပြီ။ aung pan facebook |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment