Sunday, 29 July 2012





     ကမ္ဘာကျော်အတိုက်
    Posted: 27 Jul 2012 11:24 PM PDT
    ခွက်ခွက်လန်အောင် အရှုံးကိုခုသာခံသာဖြစ်စေမယ့် ၉၀ ရွေးကောက်ပွဲနဲ့  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲစနစ်
     Majority System ကို ProportionalRepresentation System (PR စနစ်)နဲ့ အစားထိုးဖို့  လှုံ့ ဆော်သွေးထိုးလာရပါတော့
     တယ်။ ဒီနေရာမှာ အာဏာရပါတီဘက်က ဒီစနစ်ကို ကျင့်သုံးဖို့ တင်ပြလာမှုမျိုး လူထုအမြင်မှာအထင်မခံရလေအောင်အခြားဒီမိုကရေစီဘက်တော်
    သားပါတီတွေရဲ့  အကြံပြုချက်ပုံစံမျိုးပေါက်အောင် ရည်ရွယ်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ ဦးတင်အေးဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို 
     တင်ပြ။ အခြေခံဥပဒေခုံရုံးရဲ့  စိစစ်မှုကို ခံယူ၊ ပြည်ထောင်စုလွှတ်တော်သို့  ဥပဒေကြောင်းအရ အဆုံးအဖြတ် နာယူပြီး ကော်မရှင်မှလိုအပ်သလို
     စီစဉ်ဆောင်ရွက်ဖို့  ကြိတ်ပုန်းခုတ်နေကြပါပြီ။
    proportional representation ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေးသတင်း
    ကို http://www.bbc.co.uk/burmese/burma/2012/07/120724_uthuwei.shtml

    ၂၀၁၀ ပါတီစုံရွေးကောက်ပွဲကြီးဟာ အာဏာရှင်ဗိုလ်သန်းရွှေ စစ်အုပ်စုစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအောက်မှာ စနစ်တကျပြင်ဆင်၊
     ရေပက်မ၀င်အောင် အခုအခံ လက်နက်မျိုးစုံ ထုတ်သုံးပြီးပိုင်ပြီဆိုမှ ထကြဲ လေတဲ့ ဒီမိုကရေစီ ခေါင်းပါးတဲ့ ပြိုင်ပွဲဖြစ်ပေမယ့်နောက်ဆုံးအချိန်အထိ
    မတရားတဲ့ အောက်လမ်းနည်း ရှိရှိသမျှကိုစစ်အာဏာပိုင်တွေ ကျောထောက်နောက်ခံပြုလို့  နိုင်ငံတော်အာဏာကိုအရှက်မဲ့မဲ့
    အနိုင်ကျင့်သိမ်းပိုက်ခဲ့တယ်
    ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

    အထက်လွှတ်တော်၊အောက်လွှတ်တော်ထဲမှာအလိုအလျောက်စစ်အမတ်တစ်မတ်သားမျက်နှာပြောင်တိုက်ဝင်ထိုင်ခွင့်ရနေရုံ
    အပြင် စစ်တပ်ပါတီကြံ့ဖွံ့ 
    အနေနဲ့ လည်း လွှတ်တော်နှစ်ရပ်လုံးမှာ နေရာအများစု အုပ်စီးထားနိုင်တဲ့ရလဒ် ထွက်ကိုထွက်မှဖြစ်မယ်၊ အခြား ဘာအဖြေမှ
     ပေါ်မလာစေရ ဆိုတဲ့ပေါ်
    လစီကို ချမှတ်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါမှသာ နောင် (၅) လုံးလုံးပြည်ထောင်စုလွှတ်တော်ကို စစ်ဒဿန အခြေပြု
    အမတ်တွေချည်းမောင်ပိုင်စီး သိမ်းပိုက်ချုပ်ကိုင်လို့  ခေတ်အဆက်ဆက်က အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်နိုင်
    မယ့် ဥပဒေတွေကို လိုအပ်သလို ရေးဆွဲ၊ပယ်ချခြင်းတွေ
    ကို စိမ်ပြေနပြေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

    စစ်အုပ်စုအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအလိုမရှိသေးတဲ့အချိန်၂၀၁၀ရွေးကောက်ပွဲမှာဖယ်ကျဉ်ထားနိုင်ခဲ့ပေ
    မယ့်ဦးသိန်းစိန်ဦးဆောင်
    တဲ့အရပ်သားအရေခြုံစစ်တစ်ပိုင်းအစိုးရဟာသူတို့ အပေါ်နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ၊ အမေရိကန်အစိုးရရဲ့ 
    အသိအမှတ်ပြုမှုကို အရေး
    တကြီး လိုအပ်လာတဲ့အတွက် ဒေါ်စုနဲ့ သူ့ ပါတီကို
    နေပြည်တော်နိုင်ငံရေးထဲ မဖြစ်မနေ ဆွဲသွင်းခေါ်ယူဖို့  နည်းဗျူဟာမြောက်လက်ကမ်းလာရပါတော့တယ်။

    တစောင်းနဲ့ မျက်ချေးဖြစ်ခဲ့ကြတဲ့သူတွေဟာဗိုလ်ချုပ်အောင်ဆန်းပုံ နောက်ခံပြု ဓာတ်ပုံတွဲရိုက်ကြအပြီး ပြည်သူတွေ ဘာမှန်းမ
    သိကြရတဲ့ "ယုံကြည်ပါတယ်၊
     တူတာတွဲလုပ်ကြပါစို့ " ဆိုတဲ့
    လေတစ်လုံးမိုးတစ်လုံးသံတွေ ဆူညံကာ ဒေါ်စု ကိုယ်တိုင်လည်းကော့မှူးအမတ်အဖြစ် ပြည်သူ့ လွှတ်တော်ရဲ့  ထိုင်ခုံတစ်လုံးပေါ်
     ရောက်ရှိသွားခဲ့ပါတယ်။
    ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နီးပါဒေါ်စုပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့အပေါ် စစ်တစ်ပိုင်းအစိုးရဘက်
    ကခေါင်းနပန်းကြီး
     အောင့်သီးအောင့်သက်ဖြစ်ခဲ့တဲ့အခါ လာမယ့် ၂၀၁၅ရွေးကောက်ပွဲအတွက် စီမံကိန်းချ အကြံဥာဏ်ထုတ်ရပါတော့တယ်။

    လူထုစိန်ဝင်း ဝေဖန်သလို NLD ဟာ အာဏာရနဲ့  မောင်နှမပါတီတွေအဖြစ်သမုတ်ခံရပေမယ့် မြန်မာပြည်သူတွေရဲ့  လူကိုခင်မှ
     မူကိုမင်နိုင်မယ်
    ဆိုတဲ့အလေ့အထ အစွဲအလမ်းကို သဘောပေါက်မိတဲ့ ကြံ့ဖွံ့ အစိုးရဟာ လာမယ့်
    ရွေးကောက်ပွဲတွေမှာလည်း ဒေါ်စုကို ဘယ်လိုမှ လူလိုသူလို ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်စွမ်းမရှိမှန်း ဆ၀ါးမိတဲ့အခါ ခွက်ခွက်
    လန်အောင် အရှုံးကိုခုသာခံ
    သာဖြစ်စေမယ့် ၉၀ ရွေးကောက်ပွဲနဲ့  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ
    ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲစနစ် Majority System ကို ProportionalRepresentation System (PR စနစ်)နဲ့
    အစားထိုးဖို့  လှုံ့ ဆော်သွေးထိုးလာ
    ရပါတော့တယ်။

    ဒီနေရာမှာ အာဏာရပါတီဘက်က ဒီစနစ်ကို ကျင့်သုံးဖို့ တင်ပြလာမှုမျိုး လူထုအမြင်မှာ အထင်မခံရလေအောင် အခြား
     ဒီမိုကရေစီဘက်တော်သားပါ
    တီတွေရဲ့  အကြံပြုချက်ပုံစံမျိုးပေါက်အောင် ရည်ရွယ်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက်
    ပွဲကော်မရှင်ကို တင်ပြ။
     အခြေခံဥပဒေခုံရုံးရဲ့  စိစစ်မှုကို ခံယူ၊ ပြည်ထောင်စု
    လွှတ်တော်သို့  ဥပဒေကြောင်းအရ အဆုံးအဖြတ် နာယူပြီး ကော်မရှင်မှလိုအပ်သလို စီစဉ်ဆောင်ရွက်ဖို့  ကြိတ်ပုန်းခုတ်နေကြ
    ပါပြီ။

    ဒါဟာဒေါ်စုနဲ့  NLD ဘက်က အစိုးရနဲ့ ဘယ်လိုဘဲ ပူးပေါင်းဆောင်ရွက်စမ်းပါစေနောက်ဆုံး အညံ့ခံတဲ့အထိ ဖြစ်လာပါစေဦး၊
     ကြံ့ဖွံ့ ပါတီဘက်က
     အာသာပြေကျေနပ်တင်းတိမ်နေမှာ မဟုတ်ဘဲကမ္ဘာကျော်အတိုက်အခံပါတီကြီးဖြစ်တဲ့
    NLD ကို မြန်မာ့နိုင်ငံရေးရှေ့ ခရီးမှာ ၂၀၀၈ ဥပဒေတွင်း ရှိနေသမျှတုတ်တုတ်မှ မလှုပ်နိုင်အောင် ထိန်းချုပ်ဖို့  ကြိုးစား
    လာနေခြင်းဖြစ်တယ်လို့ သုံး
    သပ်မိပါတယ်။

    (PR စနစ်နှင့် အခြား ရွေးကောက်ပွဲစနစ်များအကြောင်း လေ့လာကြပါရန်)
    Aung myo tun

    Posted: 27 Jul 2012 10:37 PM PDT

    Posted: 27 Jul 2012 08:58 PM PDT
    Myanmar's flagbearer Zaw Win Thet (C) leads his delegation during the opening ceremony of the London 2012 Olympic
    Games on July 27, 2012 at the Olympic Stadium in London. AFP PHOTO / GABRIEL BOUYS
    AFP

    london2012.com
    Photo...london2012.com
    ဓာတ်ပုံ(၁၄၀)ကျော် စုပေါင်းတင်ပြလိုက်ပါတယ်...

    က ဘုရင်မကြီးကို
    Posted: 27 Jul 2012 07:27 PM PDT

    လန်ဒန်မြို့၂ဝ၁၂ အိုလံပစ် အားကစား ပွဲတော်ကို ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘတ် Queen Elizabeth ကိုယ်တိုင် တရားဝင်
     ဖွင့်လှစ် ပေးလိုက်ပါပြီ။

    ဆက်စပ်အကြောင်းအရာများအားကစားအခု ကျင်းပမယ့် အိုလံပစ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်တဲ့ နိုင်ငံအသင်းတိုင်းမှာ အမျိုးသမီး
    အားကစား သမားတွေ
     ထည့်သွင်း ပါဝင်လာတာ ဒါဟာ ပထမဆုံး အကြိမ်ဘဲလို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌ Jacques Rogge က မှတ်ချက်
    ချပါတယ်။နိုင်ငံ အသီးသီး
    က ပါဝင်ယှဉ်ပြိုင် ကြမယ့် အားကစား သမားတွေ အားလုံး ကွင်းထဲမှာ တန်းစီ ချီတက်ကြရာမှာ မြန်မာအသင်း အားကစား
    သမားတွေလည်း အပါအဝင်
     ဖြစ်ပါတယ်။

    ဒီပွဲရဲ့ အခင်းအကျင်း ပြင်ဆင်မှုတွေကိုတော့ နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ ဒန်နီ ဘွိုင်းက တာဝန်ယူ ဖန်တီးတာ ဖြစ်ပါတယ်။
    အားကစားကွင်း အလယ်မှာ
     ဗြိတိန်နိုင်ငံရဲ့ ရှေးခေတ် ကျေးလက် ပုံသဏ္ဍန်ကို ဖန်တီး ဖွင့်လှစ်ခဲ့ပါတယ်။

    အဲဒီနောက် အားကစား ကွင်းလယ်မှာ မြေအောက်ကနေ မီးခိုခေါင်းတိုင်ကြီးတွေ ထွက်လာပါတယ်။ မီးခိုးခေါင်းတိုင်ကြီးတွေဟာ
     တဖြည်းဖြည်းနဲ့
     ဝါးဆယ်ပြန်လောက် မြင့်တက် သွားပါတယ်။ မီးခိုးခေါင်းတိုင် ထိပ်က နေ မီးခိုးတွေလည်း တလူလူ ထွက်လာတာ တွေ့ကြရပါ
    တယ်။မီးခိုးတွေထွက်လာတာ
     တွေ့ရရုံသာမက ပွဲကြည့်ပရိသတ်တွေကို မီးခိုးနံ့ပါ ရအောင် စီစဉ်ထားတဲ့ အတွက် တကယ့် မီးခိုးခေါင်းတိုင်ကြီးတွေလို့
    ခံစားကြရအောင် ဖန်တီးထားတာ
     ဖြစ်ပါတယ်။ အဲဒီနောက် သံမဏိ စက်ရုံ ကြီးတွေ သဏ္ဍန်ပေါ်ထွက်လာပြီး စက်ရုံထဲကနေ သံရည်ပူရဲရဲတွေ စီးကျလာပုံကို
    လည်း ပေါ်လွင်အောင်
     ပြသသွားပါတယ်။

    ဗြိတိသျှ လူမျိုးတွေ ဂုဏ်ယူကြတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဖော်ညွှန်းတဲ့ အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ
    ကလေးငယ်တွေနဲ့သရုပ်ဖော်ပြသ
    သွားပါတယ်။

    နာမည်ကြီး ဗြိတိသျှ ဇာတ်ကောင် ဂျိမ်းစ်ဘွန်းက ဘုရင်မကြီးကို စောင့်ရှောက်ပြီး ရဟတ်ယာဉ် ခေါ်ဆောင်လာဟန်ကိုလည်း
     ရုပ်ရှင်ဆန်ဆန် ထည့်သွင်း
     ပြသသွားပါတယ်။ဗြိတိသျှ နာမည်ကျော် လူရွှင်တော် မစ္စတာ ဘီးန် ကိုလည်း ပါဝင် သရုပ်ဆောင်စေခဲ့ပါတယ်။ဟယ်ရီပေါ်တာ
     စာရေး ဆရာ ဂျေကေ
     ရိုးလင်းရဲ့ မှော်ဇာတ်ကောင်တွေကိုလည်း ထည့်သွင်း ပြသသွားပါတယ်။ဒီပွဲဟာ ခန်းနားကြီးကျယ်ရုံသာမက ဗြိတိသျှ သမိုင်းနဲ့
    ယဉ်ကျေးမှုကိုပါ
     ဖော်ပြထားတာ ဖြစ်တယ်လို့ ဒါရိုက်တာ ဒန်နီ ဘွိုင်း ကဆိုပါတယ်။

    (ဘီဘီစီ)

    Posted: 27 Jul 2012 10:08 AM PDT




































    အကျယ်ဖတ်ရန် ဒီနေရာ ကို နှိပ်ပါ..
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အပတ်စဉ်ထုတ်ဝေနေတဲ့ ဒီလှိုင်း စာစောင်ပါ NLD နာယကအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ကို ဒီကနေ
့ခေါ်ယူသတိပေးခဲ့ပါတယ်။

    Ref..Rfa

     မှတ်တမ်းရုပ်ရှင် တစ်ခု
    Posted: 27 Jul 2012 08:53 AM PDT


















    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊ မြန်မာခံစားမှုကို အဓိက ချဉ်းကပ်ထားသော
     မှတ်တမ်း ရုပ်ရှင်တစ်ခုကို
     ဇူလိုင် ၂၁ ရက် က စတင်ရိုက်ကူးခဲ့ကြောင်း မြန်မာ အင်ဒီပဲန်ဒင့်သို့ ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောကြားခဲ့သည်။

    ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ဒေါ်အောင်ဆန်းစုကြည်၏ အခြားအောင်မြင်မှုများ၊ လှုပ်ရှားမှုများ ကို အဘယ်ကြောင့်
    အဓိကထား ရိုက်ကူးမှုမပြုခြင်းနှင့်
     ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းရာ "အမေစုရဲ့ အောင်မြင်မှုတွေက တစ်ကမ္ဘာလုံးသိတယ်လေ၊ အဲဒီတော့ တစ်ကမ္ဘာ
    လုံးကမသိသေးတဲ့
    သူရဲ့နှလုံးသား၊ သူ့ရဲ့စိတ်ကူး၊ သူ့ရဲ့ မြန်မာနှလုံးသား၊ သူ့ရဲ့ မြန်မာခံစားမှုကို အခြေခံတဲ့ အဓိက ချဉ်းကပ်တဲ့ မှတ်တမ်းရုပ်ရှင်
     ပေါ့နော်။ ပြီးတော့ အမေစုရဲ့
     နှလုံးသား အတွင်းဆုံး အနက်ဆုံးမှာ ရှိနေတဲ့အရာကို တူးဆွကြည့်ဖို့ ကြိုးစားမှာပေါ့၊ ဒီမှတ်တမ်းရုပ်ရှင်နဲ့" ဟု ပြန်လည်ဖြေကြား
    ခဲ့သည်။

    အဆိုပါ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အား သွားရောက် တွေ့ဆုံဖြစ်ခဲ့ပုံနှင့် ပတ်သက်၍လည်း
    ဒါရိုက်တာ မင်းထင်ကိုကိုကြီး
    က "အမေစု လွတ်လာတဲ့ အချိန်က တစ်ခါ တွေ့တယ်။ နောက်ပြီး ကိုလံဘီယာ ကဗျာပွဲတော် အတွက် အမေစုဆီက
     ကဗျာသွားတောင်းတုန်းက တစ်ခါတွေ
့တယ်။ တတိယအကြိမ် တွေ့တာက အဲဒီကဗျာပွဲတော်က အတွေ့အကြုံတွေကို ပြောပြရင်းနဲ့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ချင်တဲ့
    အကြောင်း ပြောဖြစ်တာ၊
    အဲဒီမှာ အမေစုက ဘယ်လိုရိုက်မှာလဲ မေးတယ်၊ အဲဒီတော့ ဘယ်လို ရိုက်မလဲဆိုတာ ပြင်ဆင်တာပေါ့။ အဲဒီအချိန်ကတည်းက
     ရိုက်ခွင့်ပြုခဲ့တာ
    အခုရိုက်ဖြစ်တဲ့အချိန်က ခွင့်ပြုပြီး ၁နှစ်လောက်ကြာမှ ရိုက်ဖြစ်တာ"ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။

    ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်း ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်ခဲ့မှု အပိုင်းနှင့်ပတ်သက်၍လည်း ""အမေစု အော်စလိုကို
    သွားတုန်းကလည်း လိုက်ပြီး
    မှတ်တမ်းရိုက်တယ်၊ ကိုယ်မမီလိုက်တဲ့ သူ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေ၊ စတေဓာတ်ပုံတွေ၊ Movie တွေကတော့
     ထပ်ပြီး ရှာရဦးမယ်"ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အခြားပုဂ္ဂိုလ် အများအပြား ရှိသည့်အနက် ဒေါ်အောင်ဆန်းစုကြည် အား အ
    ဘယ်ကြောင့် ရွေးချယ်ရခြင်း
     နှင့်ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက "ဒီမှတ်တမ်း ရုပ်ရှင်ရိုက်မယ်လို့ စိတ်ကူးမိချိန်မှာ အမေစု တစ်ယောက်ပဲ
     လွတ်မြောက်သေးတယ်။
    အခြားသူတွေ မလွတ် မြောက်သေးဘူး၊ ပြီးတော့ ကမ္ဘာမှာ မြန်မာနိုင်ငံအတွက် အမေစုက icon တစ်ခုဖြစ်နေတယ်ဆိုတော့
     အဲဒါကို ကိုယ့်မှာရှိတဲ့
    အနုပညာနဲ့ မှတ်တမ်းတစ်ခု တင်မှဖြစ်လိမ့်မယ်လို့ ခံစားချက်လည်း ရှိလို့ပါ"ဟု ပြန်လည်ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရိုက်ကူးထားသော The Ladies ရုပ်ရှင်ကားနှင့် ယခုရိုက်ကူးသည့် မှတ်တမ်းရုပ်ရှင်တို့
     နှစ်ခုကွာခြားမှု အခြေအနေနှင့်
     ပတ်သက်၍လည်း " The Ladies က ကျတော့ Features ပေါ့။ ဖန်တီးတဲ့ပုဂ္ဂိုလ်က ဖန်တီးချင်သလို ဖန်တီးခွင့်ရှိတယ်။
    မှတ်တမ်းရုပ်ရှင် ဆိုတာကကျတော့
     တကယ့် အဖြစ်အပျက်၊ တကယ့်ဘဝတွေကို အခြေခံထားရတယ်။ ဒါပေမယ့် ကိုယ်ရိုက်တဲ့ မှတ်တမ်းရုပ်ရှင်မှာကျတော့
    အချက်အလက် တွေကို အခြေခံ
    ထားတာ မဟုတ်ဘဲနဲ့ သူ့ရဲ့ခံစားမှုတွေကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်မှာပါ"ဟု ပြောကြားသည်။

    အဆိုပါ မှတ်တမ်းရုပ်ရှင်ကို အချိန် ၁ နှစ်ခွဲ၊ ၂နှစ်ခန့်ယူ၍ ရိုက်ကူးရမည်ဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်၏ အချိန်ပေးနိုင်
    မှုအပေါ် မူတည်၍ ရိုက်ကူး
    သွားမည်ဟု သိရသည်။ ပရိသတ်ထံသို့ မည်သည့်အချိန်တွင် ပြသနိုင်ပြီး မည်သည့် ခံစားမှုများ ကြည့်ရှုသူ ပရိသတ်က
     ရရှိနိုင်ကြောင်းကိုလည်း မေးမြန်းရာ
    "ဘယ်အချိန်ပြီးမယ်လို့တော့ မပြောနိုင်သေးဘူး။ ပရိသတ် ဘာရသွားမလဲ ဆိုတာထက် ကိုယ်ချစ်ခင်လေးစားရတဲ့ မြန်မာနိုင်ငံ
    အတွက် အင်မတန်ကို
    တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ရဲ့ခံစားမှုတွေကို တတ်နိုင်သလောက် ကြိုးစားပြီး မှတ်တမ်းတင် ကြည့်ချင်တာပါ"ဟု ပြန်လည်
     ဖြေကြားခဲ့သည်။

    ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂ဝဝ၆ ခုနှစ်က ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် နယ်၊
     နန့်စွယ်ရွာရှိ ကယန်း(ပဒေါင်)
    လူမျိုး အကြောင်း ရိုက်ကူးထားသော HUMAN ZOO မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်
    အဖြစ် အင်းသီး(The Floating
     Tomatoes) မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ အဆိုပါ အင်းသီးမှတ်တမ်း ရုပ်ရှင် သည် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော
     အာဆီယံ ရုပ်ရှင်ပွဲတော်၌
     အာဆီယံ ၁ဝ နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ၁၇၈ ကားအနက် ဒုတိယဆု ရရှိခဲ့သည်။
    www.myanmarij.com

    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment