Tuesday, 24 July 2012

Posted: 23 Jul 2012 11:10 AM PDT
 နအဖလက်ထက် သစ်တောဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင် (၂၀၀၇ခုနှစ် နိုဝင်ဘာလက တရုတ် ဘုန်းတော်ကြီးများအား သစ်တန်ချိန် ၃၀၀ လှူဒါန်းစဉ် မြင်ကွင်း ) သစ်လှူဒါန်းတဲ့ သတင်းပြန်ဖတ်ချင်ရင်.. (Click)
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်လာစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အချို့ နှောင့်ယှက်ခံခဲ့ရပါတယ်..
Posted: 23 Jul 2012 10:34 AM PDT
ဖြစ်ကြောင်းရယ် ကုန်စင် မြိတ်မြို့တစ်ခွင်
 ငါးမှုန့်(ပါကေး) စက်ရုံများ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်းတွင် ငါးမှုန့်(ပါကေး) စက်ရုံ(၄)ရုံရှိသည်။ ၎င်းစက်ရုံကြီးများကို
 နှစ်ပေါင်း တစ်ဆယ်ကျော်ခန့် ကတည်းက တည်ဆောက်ခဲ့သည်။ စစ်အစိုးရခေတ် အဆက်ဆက် တိုင်းမှုး
 အဆက်ဆက် ၎င်းစက်ရုံကြီးများကို လည်ပတ်လာခဲ့ရာ ယနေ့ခေတ်ဒီမိုကရေစီ အစိုးရလက်ထက်တိုင်
 ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။

စက်ရုံများမှထွက်သော အနံ့ဆိုးများ၊အပုတ်နံများ၊ စွန့်ပစ်ရေများက မြိတ်မြို့တစ်မြို့
လုံးကို ဒုက္ခပေးလျှက်ရှိသည်။ ရောဂါဖြစ်၍ သေဆုံးကုန်သော ပြည်သူများလည်း မနည်းတော့ပါ။ ၎င်းကိစ္စများကို
တိုင်းမှူး အဆက်ဆက် ဖြေရှင်းပေးခဲ့ခြင်း မရှိသလို၊ ယနေ့ခေတ်တွင်လည်း မည်သူ
တစ်ဦးတစ်ယောက်မှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။

၎င်းငါးမှုန့် စက်ရုံများအတွက် လုပ်ငန်းရှင်များမှ ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသော ငါးဖမ်းပိုက်ကွက်
 အသေးများကို အသုံးပြုကာ တရားမဝင် ဖမ်းဆီးလျက်ရှိသည်။ စက်ရုံအင်ဂျင်စက်များ လည်ပတ်ရန်အတွက်
 ဒီဇယ်ဆီကို အသုံးမပြုဘဲဈေးနှုန်းသက်သာသော သဘာဝထင်းများကို မတရားခုတ်ယူကာ အလွန်အမင်း အသုံးပြု
 နေခြင်းကြောင့် ယခင်ကရာသီဥတု သာယာမျှတသော မြိတ်မြို့သည် အလွန်အမင်း ပူပြင်းသောမြို့ အဖြစ်သို့
 ရောက်ရှိလာလျှက် ရှိနေပြီ။ ငါးလုပ်ငန်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာန များမှလည်းြ
ပည်သူအကျိုးကို မကြည့်ဘဲ ရေငုံနုတ်ပိတ်လျက် ရှိနေပါသည်။

ယခုအခါတွင် လွှတ်တော် ကျင်းပနေချိန်ဖြစ်ပြီး မြိတ်မြို့မှ (၂၀၁၀ ရွေးကောက်ပွဲအတွင်း မတရားနည်းဖြင့်)
 ရွေးချယ်ထားသော လွှတ်တော် အမတ်ဦးတင်ရှန်မှာ မြိတ်မြို့တွင် ဖြစ်ပျက်နေသော အမှန်တကယ်
အရေးတကြီး လိုအပ်နေသည့်ကိစ္စများ၊ သစ်တော မတရားခိုးထုတ်နေသည့် အကြောင်း၊ လမ်းကိစ္စများ စသည့်
အရေးတကြီး လိုအပ်ချက်များကို တင်ပြခြင်းမရှိသော ခပ်ညံ့ညံ့ အမတ်ဦးတင်ရှန်ကဲ့သို့သော အမတ်မျိုး
 မြိတ်မြို့တွင် မရှိသင့်ကြောင်းနှင့် မြို့နေလူထု အနေဖြင့် တညီတညွတ်တည်း ကန့်ကွက်သင့်ကြောင်း
 အကြံပြုတင်ပြ လိုက်ရပါသည်။

မြိတ်သားများ..

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုထံသို့ ပေးစာ
မြိတ်မြို့ ကျက်သရေဆောင် လမ်းများ..
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုခင်ဗျား။ မြိတ်မြို့မြို့သူ မြိတ်သားများ ကိုယ်စားတင်ပြချင်ပါတယ်။ ၀န်ကြီးချုပ်က ပြည်
သူတွေ အမှန်တကယ် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ဟုတ်ပါရဲ့လား။ ပြည်သူတွေရဲ့
အကျိုးအတွက် အမှန်တကယ် ဖြည့်ဆည်းပေးမဲ့သူ ဟုတ်ပါရဲ့လား။

မြိတ်မြို့ရဲ့မြို့တွင်းလမ်းတွေက အလွန်အမင်း ဆိုးဝါးနေကြောင်း အင်တာနက်သတင်းများမှ တင်ပြပြီးဖြစ်သော်လည်း
 လမ်းများကို လုံးဝပြုပြင်ခြင်းမရှိပါ။ ၎င်းလမ်းအပိုင်းကို ဘီအိုတီစနစ်ဖြင့် တာဝန်ယူသူမှာ ယုဇနကုမ္ပဏီမှ မြိတ်သား
သူဌေး ဦးဌေးမြင့် ဖြစ်ကြောင်း သိရှိရသည်။ ရွှေးကောက်ပွဲ မတိုင်ခင်က လမ်းများကို မည်ကဲ့သို့ြ
ပုပြင်ပေးမည်ဟု ကတိအမျိုးမျိုး ပေးသော်လည်း လက်တွေ့မှာတော့ ဘာမှဘာမှ မဖြစ်မလာ ခဲ့ပါဘူး။ 

ဦးဌေးမြင့်သည် နိုင်ငံတော်ပိုင် (ပြည်သူတွေပိုင်)တဲ့ သယံဇာတ အမျိုးမျိုးကို မတရားသောနည်းဖြင့်
ခိုးယူနေသူဖြစ်သည်။ အထက်(ထိပ်ပိုင်း)လူကြီးများနှင့် ရင်းနှီး၍ တော်ရုံ(တန်ရုံ) ၀န်ကြီးများကို ဂရုမစိုက်
တတ်ကြောင်း ၎င်းကို ကြောက်နေရကြောင်း ၎င်းနှင့်နီးစပ်သူများမှ တဆင့်သိရှိရပါသည်။ အဲဒါတွေကြောင့်
ဝန်ကြီးချုပ်ဦးမြတ်ကို အနေဖြင့် ဦးဌေးမြင့်ကို ကြောက်နေတာလား။ ထိုင်ခုံ ပျောက်သွားမှာ စိုးလို့လား။

ဒီလမ်းကိစ္စတောင်မှ မဆောင်ရွက်နိုင် တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ (ပြည်သူတွေမှာ လမ်းပြင်ဖို့ငွေ
 ထပ်ကောက်မှာလား) ပုံပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင်လာရောက် ခံစားကြည့်ပါ ၀န်ကြီးချုပ် ဦးမြတ်ကိုခင်ဗျား။

မြိတ်မြို့ခံတဦး
Posted: 23 Jul 2012 09:03 AM PDT

မြန်မာတိုင်းရင်သားမဟုတ်သည့် ခိုးဝင်လာသော ဘင်္ဂလီဒုက္ခသည်များကို ကျွေးမွေးထောက်ပံ့မှု မပြုခြင်းသည် 
ကုလသမဂ္ဂ၏ တာဝန်ချို့ယွင်းမှုသာဖြစ်

ကိုရဲ
ရန်ကုန် ဇူလိုင် ၁၉


မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသော တိုင်ရင်းသား မဟုတ်သည့် ရိုဟင်ဂျာများကို ကုလသမဂ္ဂ
 ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထောက်ပံ့မှု မပြုနိုင်ခြင်းသည် ကုလသမဂ္ဂ၏ တာဝန်ချို့ယွင်းမှုသြာ
ဖစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုမှ ဒေါက်သာသန်းငြိမ်းက Newday News ဂျာနယ်သို့ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၁ရက်က ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တာသန်ရှိသူ
Mr.Antonio Guterres နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသော ရိုဟင်ဂျာများကို
လက်ခံရန်မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ခိုးဝင်လာသော ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး
ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်းနှင့် UNHCRမှ စာနပ်ရိက္ခာများ ထောက်ပံ့ပေးရန်နှင့်
တတိယနိုင်ငံက လက္ခံမည်ဆိုပါက ပေးပို့ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထိုကဲ့သို့ ကမ်းလှမ်းမှုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) အန်တိုနီယို ဂူတာရက်စ်က
 (Mr. Antonio Guterres) ငြင်းပယ်လိုက်သည်။ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရိုဟင်ဂျာများကို တာဝန်ယူ
 နေရာချထားပေးရေးမှာ UNHCR ၏ လုပ်ငန်းတစ်ရပ် မဟုတ်ကြောင်း အန်တိုနီယို ဂူတာရက်စ်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါက်တာသန်းငြိမ်းက "ရိုဟင်ဂျာဆိုတာ
 တိုင်းရင်းသားလူမျိုး တစ်ခုနေနဲ့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ နာမည်ပေးပေး၊
 ဒီဘင်္ဂလီတွေ ဒီနိုင်ငံထဲကို ရောက်နေခဲ့တယ်။ ဒီနိုင်ငံထဲမှာ နေခွင့်ရလို့နေ နေတယ်ဆိုရင်တော့
 သူနဲ့သက်ဆိုင်တဲ့ အခြေခံလူ့အခွင့်အရေးကတော့ ပေးရမှာပဲ။ ဥပဒေအရဆိုရင်
ဒီမှာအနေကြာပြီး တတိယမျိုးဆက်လောက် ရောက်သွားပြီဆိုရင် ဒီနိုင်ငံသားအဖြစ်ပေးလို့ရတယ်။
 နိုင်ငံသားဖြစ်တယ်ဆိုတာ တိုင်းရင်သားလူမျိုးဖြစ်တာနဲ့ မဆိုင်ဘူးနော်။ နိုင်ငံသားဆိုတာ
 ဒီကအခွင့်အရေးကို ဥပဒေနဲ့အညီ ပေးထားလို့ နိုင်ငံသားဖြစ်တာ။ အဲ့နောက်ပိုင်းမှ
 တရားမ၀င် ခိုးဝင်လာပြီးတော့ နေတဲ့ဟာကိုတော့ နိုင်ငံသားအဖြစ်ေ
ပးလို့မရဘူး။ တိုင်းရင်းသားလူမျိုးအဖြစ်ဆိုတာ ဝေးရောပေါ့။"ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

ထို့နောက် ကုလသမ္မဂ၏ တာဝန်ချို့ယွင်းမှုနှင့် ပတ်သက်ပြီး "ဒါမျိုးတွေ ဖြေရှင်းတဲ့အခါမှာ တရားမျှမျှတတ
 ဖြေရှင်းဖို့လိုပါတယ်။ ဒီလိုပဲ ကုလသမဂ္ဂက ဒီပြသနာတွေကို ဖြေရှင်းတဲ့အခါမှာလည်း တခြားနိုင်ငံတွေမှာ
 ဖြေရှင်းတဲ့ ပုံစံအတိုင်းပဲ ဖြေရှင်းရမှာပါဘဲ။ တခြားနိုင်ငံတွေမှာ ဒုက္ခသည်တွေကို သက်ဆိုင်ရာနိုင်ငံက
 စောင့်ရှောက်ပေးတယ်၊ ဒုက္ခသည် မဟာမင်းကြီးရုံးတို့ ဘာတို့က ကူညီတယ်၊ ကျွေးမွေးတယ်။ ဒီလိုပဲပေါ့၊
ခုလည်းပဲ ဒီနိုင်ငံထဲကို တရားမ၀င် ရောက်လာသူတွေကို တို့နိုင်ငံတော်ကနေေ
စာင့်ရှောက်ပေးထားမယ်။ သို့သော်လည်း ကျွေးမွေးတာတို့၊ ကူညီထောက်ပံ့တာတို့ ကိုတော့
 ရေရှည်မှာဆိုရင် မကျွေးမွေးနိုင်ဘူးလေ။ ဒါ ကုလသမ္မဂမှာ တာဝန်ရှိတယ်။ အဲ့ဒါကို မလုပ်နိုင်ဘူးဆိုရင်တော့
 ဒါကုလသမဂ္ဂဘက်က တာဝန်ချို့ယွင်းတာ လို့ပဲ ပြောရမှာဘဲ"ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ
 ဒေါက်တာသန်းငြိမ်းက ဆက်လက်ပြီး သုံးသပ်ပြောဆိုသည်။

ကိုရဲ
ဓာတ်ပုံ စစ်တွေ အင်ဘာလာရပ်ကွက်မှ ဘင်္ဂလီများအား သဲချောင်းရွာ ဒုက္ခသည်စခန်းသို့ လုံခြုံရေး အကူအညီနှင့် ပြောင်းရွှေ့စဉ် (ဒီမိုဝေယံ သတင်းထောက်)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment