Posted: 24 Jul 2012 12:21 AM PDT
၈၈ မျိုးဆက်ကျောင်းသား အယောက် (၂၀)ကျော်ရဲ့  နိုင်ငံကူးလက်မှတ်လျှောက်ထားမှုမှာ လေးလနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပေ မယ့် သက်ဆိုင်ရာမှပတ်စ်ပို့  ချထားပေးခြင်း မရှိသေးတာနဲ့  ပက်သက်ပြီး ကိုမြအေးက "ပတ်စ်ပို့  မရသေးဘူး၊ တော်တော်ကြာပြီ လျှောက်ထားတာ" ဟု ပြောကြားသကဲ့သို့  ၈၈ ရုံးခန်းမှတာဝန်ရှိသူ တစ်ဦးကလည်း "ပတ်စ်ပို့ မရတော့ပြည်ပအဖွဲ့ အစည်းတွေက ဖိတ်ကြားထားတဲ့ ခရီးစဉ်တွေ ဖျက်လိုက်ရတာ ရှိပါတယ်။ ဘာကြောင့် မရသလဲဆိုတာတော့ မသိဘူး" ဟု ပြောပါတယ်။ နိုင်ငံတော်သမ္မတရဲ့  အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ ဝင်တစ်ဦးက အဆိုပါကိစ္စနှင့်ပက်သက်ပြီး "၈၈ မျိုးဆက်ကျောင်းသားတွေထဲက တချို့ ကို ပတ်စ်ပို့  ခွင့်ပြုဖို့ ရှိပေမယ့် အားလုံးမရရင် မယူဘူးလို့  သူတို့ ဘက်ကပြောတယ်လို့ သိရတယ်" ဟု ရှင်းလင်းပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပုံမှန်အားဖြင့် ပတ်စ်ပို့ လျှောက်ထားရာမှာ ပုံမှန်အားဖြင့် သုံးပတ် (၂၁ ရက်) ခန့် သာ ကြာမြင့်ကြောင်းသိရှိရပါတယ်။ (ဗီးနပ်စ်နယူး ဂျာနယ်သတင်းကို ကိုးကားဖော်ပြပါတယ်) aung myo tun |
ပြည်ပခိုးဝင်ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို အာရုံထားသလို အချိန်နဲ့တပြေးညီ အခွင့်အရေးယူ
ဝါးမျိုလာမဲ့ ပြည်မက တရုတ်ကိုလည်းသတိထားရမယ်
Posted: 23 Jul 2012 09:07 AM PDT
တစ်နှစ်ကို ပြည်တွင်းက နိုင်ငံတော်သူဌေးတစ်ယောက်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိတဲ့ အဲဒီ ပိုက်လိုင်းအသုံးပြုခွင့်ငွေ အတွက် တရုတ်ဆီကရတဲ့ဝင်ငွေဟာ ကိုယ့်နိုင်ငံရဲ့ မဟာဗျူဟာအတွက် ပေးဆပ်လိုက်ရတဲ့တန်ဘိုးတွေ၊ ငြိမ်းချမ်းရေးပျက်ပြားသွား တဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့အတွက် စစ်အသုံးစရိတ်တွေ၊ ဒုက္ခပေါင်းစုံနဲ့ တိမ်းရှောင်နေတဲ့ တိုင်းရင်းသားပြည်သူတို့ရဲ့ ဒုက္ခတွေ၊ ပိုက်လိုင်းနဲ့အပြိုင်ဖောက်မယ့် ကားလမ်း၊ ရထားလမ်းပြီးချိန်မှာ ရောက်လာမယ့် တရုတ်တွေရဲ့ ၀ါးမျိုမှုတွေနဲ့ ကာမိပါ့မလား ဆိုတာ တွေးကြည့်ကြပေါ့ဗျား..။အင်း .. လန်ဒန်အိုလံပစ်ကြီးနီးလာတာ့ သတိရမိတာက ၂၀၀၈ တရုတ်အိုလံပစ်မှာ အနုပညာအကြံပေး ဒါရိုက်တာအဖြစ် ကမ္ဘာကျော်ဒါရိုက်တာ စတီဗင်စပီးဘတ် ကို တရုတ်အစိုးရက ခန့်အပ်ချိန်မှာ စတီဗင် စပီးဘတ်က ငြင်းပယ်လိုက်တာကိုပါ..။ တရုတ်ဟာ အဲဒါကြောင့် အရှက်ကွဲခဲ့ပါသေးတယ်.။ ဘာ့ကြောင့်ငြင်းပယ်သလဲဆိုရင် ဆူဒန်နိုင်ငံ ဒါဖာဒေသက တိုက်ပွဲတွေကြောင့်ပါ..။ ဆူဒန်နိုင်ငံရဲ့ ရေနံကို စွမ်းအင်လိုအပ် ချက်ပေါ်လစီအရ တရုတ်က နည်းမျိုးစုံသုံးပြီးဝယ်တဲ့နေရာမှာ ဆူဒန်အစိုးရနဲ့ လက်နက်နဲ့ ရေနံနဲ့ လဲလှယ်ခဲ့ပါတယ်..။ အဲဒါကြောင့် ဆူဒန်ပြည်တွင်းစစ်ဖြစ်တော့ စစ်မီးဟာ မပြီးဆုံးနိုင်ပဲ လူမျိုးတုန်းသတ်ဖြတ်မှုများစွာနဲ့ သံသရာရှည်ခဲ့ပါတယ်..။ အနည်းဆုံး လူ နှစ်သိန်းလောက် သေခဲ့ပါတယ်..။ ဒါ့အပြင် နိုင်ငံတကာက ဒါကို ထောက်ပြခဲ့ပေမယ့် လုံးဝ မသိချင်ယောင်ဆောင်ခဲ့ပါသေးတယ်..။ အဲဒါကြောင့် စပီးလ်ဘတ်က တရုတ်ရဲ့ဖိတ်ခေါ်ခန့်အပ်မှုကို ငြင်းပယ်ခဲ့ခြင်းပါ။ ဒါပေမယ့် လက်ရှိ ဆူဒန်အစိုးရ သမိုင်းစာအုပ်တွေ မှာ တရုတ်ရဲ့ အခန်းကဏ္ဍ မပါသလို ထိန်ဝှက်ထားခဲ့ပါတယ်.။ အဲဒါကိုကြည့်ပြီး ကျွန်တော့်မျက်စိထဲမှာ ကချင်ဒေသက ကလေးတွေရဲ့ မျက်နှာလေးတွေကို မြင်ယောင်လာသလို တပ်မတော်နဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး စတင်ပျက်ပြားခဲ့တဲ့ ၂၀၁၀ က အကြောင်းတွေကို သတိရလာပါတယ်.။ မြစ်ဆုံကို သမ္မတရပ်ဖို့ ဆုံးဖြတ်ပြီးပြီးချင်းမှာ ရှစ်လုံး ပျာယီးပြာယာ တရုတ်ကိုပြေးတာတွေ၊ ရွှေမန်းကြီး တရုတ်ပြည်သွားတုန်းက တရုတ်ဘက်က မြစ်ဆုံကိစ္စကို အသက်ပြန်သွင်းဖို့ ပြောဆိုတာတွေ သတိထားလာမိပါတယ်..။ နောက်ပြီး ကေအိုင်အေနဲ့တပ်မတော်တိုက်ပွဲဖြစ်ပွားတဲ့ ရွှေသဘာဝဓာတ်ငွေပိုက်လိုင်း/တိုက်ပွဲပြ မြေပုံနဲ့ အောင်သိန်းလင်းရဲ့ မလေးမစား ကြိမ်းဝါးသံတို့ကို တရုတ်မီဒီယာတွေမှာ ဖတ်ရတဲ့အခါ လက်ရှိ ဘင်္ဂလီကို အာရုံထားနေတာကို နည်းနည်းလျှော့လေ့လာမိလာပါတယ်..။ အဲဒီပိုက်လိုင်းအတွက် မြန်မာနိုင်ငံက တစ်နှစ်ကို ဒေါ်လာ သန်းနှစ်ဆယ်တောင် ၀င်ငွေမရှိပေမယ့် ပင်လယ်ကို ပတ်ပြီး ရေနံသယ်နေရတဲ့ တရုတ်အတွက် တစ်နှစ်ကို ဒေါ်လာသန်းထောင်ချီ သက်သာစေပါတယ်..။ ဘင်္ဂလီကိစ္စအတွင်းမှာ ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းအတွက် လယ်သမားများ လယ်ယာမဲ့ဖြစ်ကုန်သလို သိမ်းယူမှုတွေများပြားလာပါတယ်.။ အစိုးရကို အခွန်မဆောင်တဲ့ တရုတ်ပိုင် ရွှေတွင်းအလုပ်သမားတွေ ဆန္ဒပြလာပါတယ်..။ နောက်ပိုင်း ဖြစ်လာတဲ့ ဆန္ဒပြမှုအများစုက လုပ်ငန်းရှင်အားလုံးက ပြည်မက တရုတ်တွေပါပဲ..။ ဘင်္ဂလီကိစ္စ စတင်ပေါ်ပေါက်ချိန်ကစပြီး ရန်ကုန် စက်မှုဇုံနေရာသစ်တွေနဲ့ မန္တလေးမှာ တရုတ်တွေ ငွေကိုင်ပြီး မြေကစားလာကြပါတယ်..။ ပြည်တွင်းက မြေယာဥပဒေမှာ မြေ၀ယ်နိုင်ရင် ငွေဖြူ ဖြစ်လာပါတယ်..။ မြစ်ဆုံကို ပြန်စဖို့ ရွာတွေကို စည်းရုံးလာပါတယ်..။ ကျွန်တော်တို့ ဘင်္ဂလီကို အာရုံထားနေချိန်မှာ တရုတ်တွေ ငြိမ်မနေပါဘူး.။ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ထားတဲ့ ပိုက်လိုင်းကြီးနဲ့ ကား၊ ရထားလမ်းဟာ တစ်ချိန်မှာ ကိုယ့်နိုင်ငံကို တောင်မြောက် ဆူဒန်လို စည်းခြားထားမှာလား၊ အဲဒီလမ်းကြောင်းအတိုင်း မြန်မာနိုင်ငံအလယ်ပိုင်းကို တရုတ်တွေ ၀ါးမျိုစိုးမိုးထားမှာလား ဆိုတဲ့အတွေးကို ကြံကြံဖန်ဖန် တွေးမိပါတော့တယ်.။ တစ်နှစ်ကို ပြည်တွင်းက နိုင်ငံတော်သူဌေးတစ်ယောက်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိတဲ့ အဲဒီ ပိုက်လိုင်းအသုံးပြုခွင့်ငွေအတွက် တရုတ်ဆီကရတဲ့ဝင်ငွေဟာ ကိုယ့်နိုင်ငံရဲ့ မဟာဗျူဟာအတွက် ပေးဆပ်လိုက်ရတဲ့တန်ဘိုးတွေ၊ ငြိမ်းချမ်းရေးပျက်ပြားသွားတဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့အတွက် စစ်အသုံးစရိတ်တွေ၊ ဒုက္ခပေါင်းစုံနဲ့ တိမ်းရှောင်နေတဲ့ တိုင်းရင်းသားပြည်သူတို့ရဲ့ ဒုက္ခတွေ၊ ပိုက်လိုင်းနဲ့အပြိုင်ဖောက်မယ့် ကားလမ်း၊ ရထားလမ်းပြီးချိန်မှာ ရောက်လာမယ့် တရုတ်တွေရဲ့ ၀ါးမျိုမှုတွေနဲ့ ကာမိပါ့မလားဆိုတာ တွေးကြည့်ကြပေါ့ဗျား..။ အဲဒီတော့ ကျွန်တော်တို့ဟာ ဘင်္ဂလီကုလားကိစ္စကို အာရုံထားသလို အချိန်နဲ့တပြေးညီ အခွင့်အရေးယူ ၀ါးမျိုလာတဲ့ ပြည်မက တရုတ်ကိုလည်း လုံးဝ လွှတ်ပေးလို့မရကြောင်း .. သက်သေပါပဲ..။ ကျွန်တော်တို့က ဘာနဲ့တူသလဲဆိုရင် ရှေ့မှာ ကုလားနဲ့ ထဘီစွန်တောင်စွဲပြီး ရန်ဖြစ်နေတုန်း တရုတ်က နောက်က မုဒိန်းကျင့်နေတာကို မသိလိုက်တဲ့ တိုင်းရင်းသူ မိန်းမတစ်ယောက်နဲ့ တူနေပြီဗျ..။ ကိုရန်အောင်(Yan Aung Facebook) |
Posted: 23 Jul 2012 08:47 AM PDT
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌအား မင်္ဂလာဒုံမြို့နယ်မှူးမှ ဇေကမ္ဘာမန်နေဂျာဦးမြင့်ဇော်မှ တရားရုံးတွင် လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူမေးမြန်း
ပါတီဥက္ကဌ ဦးနေမျိုးဝေမှ ဇေကမ္ဘာကမ္ဘာကုမ္ပဏီနှင့် ရွှေနံ့သာလယ်သမားများ ဖြစ်သည့်ကိစ္စတွင် သူ့အနေဖြင့် ဂျာနယ်စာမျက်နှာများတွင် တရားဝင်ဖော်ပြထားသည်တို့ကို ကိုးကား၍ ဥပဒေကြောင်းအရ နိုင်ငံတော်အနေဖြင့် သိမ်းယူခြင်းမဟုတ်သည်ကိုလည်ေးကာင်း၊ အိုးအိမ်ဌာနမှ လန(၃၉) ချပေး ထားခြင်းမရှိသည်ကိုလည်းကောင်း အခိုင်အမာစုံးစမ်း၍ ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်းဖြင့်ရှင်းလင်း ပြောကြားခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးမှလည်း ၎င်းတို့အနေဖြင့်လည်း စုံစမ်းသိရှိပြီး ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ဆိုသည်။ www.peaceanddiversity.org |
Posted: 23 Jul 2012 08:38 AM PDT
(Bangkok Post မှ 22 July 22 2012 ရက်စွဲပါ "Buisiness Sector Wants Protection guarantees from TheinSein"
သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကာအကွယ်ပေးမှုလုပ်ငန်းကို မြန်မာအစိုးရက ဘယ်လိုခိုင်မာအောင် ဆောင်ရွက်မှာလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန်၏ခရီးစဉ်ကို အပြည့်အဝအသုံးချဖို့ လိုပါတယ်။ မြန်မာသမ္မတသည် ဒွန်မောင်းလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ယနေ့ရောက်ရှိလာပြီ။ မြန်မာသမ္မတသည် သူစီစဉ်ထားသော ထိုင်းနိုင်ငံခရီးကို နှစ်ကြိမ်တိုင်တိုင် ဆိုင်းငံ့ခဲ့သည်။ ပြီးခဲ့သောမေလကုန် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့မီဒီယာများက အာရုံအပြည့်စိုက်နေချိန်ကာလအတွင်း တစ်ကြိမ် ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်သည် ချေင်ဘူရီရှိလိမ်ချာဘန်ရေနက်ဆိပ်ကမ်းသို့ ယနေ့သွားရောက်လည်ပတ်မည်ဖြစ်ပြီး မနက်ဖြန်တွင် ဝန်ကြီးချုပ်ယင်လပ်စ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်မည်ဖြစ်သည်။ နေပြည်တော်မပြန်မီ အင်္ဂါနေ့တွင် မြဘုရားသို့ သွားရောက်ဖူးမျှော်မည်။ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြဖွယ်ရှိသည့်ကိစ္စတစ်ခုမှာ ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့နယ်တွင် မြန်မာ့မြေပေါ် ကျုးကျော်နေထိုင်မှုဖြင့် ဖမ်းဆီးခံနေရသော ထိုင်းလူမျိုး ၉၂ ဦး၏ အမှုကိစ္စဖြစ်ပြီး အချို့မှာလက်နက်ကိုင်ဆောင်မှု မူးယစ်ဆေးဝါးမှုများဖြင့် ပတ်သက်နေသည်။ အိမ်နီးချင်းနှစ်နိုင်ငံသည် ကဏ္ဍများစွာပူးပေါင်းဆောင်ရွက်ရေးအပေါ် သဘောတူညီမှုများရရှိထားပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။ မြန်မာနိုင်ငံ၌ ဒီမိုကရေစီအသွင်ပြောင်းရန် ကြိုးစားပြီးနောက်ပိုင်းပေါ်ထွက်လာသော ရင်းနှီးမြှုပ်နှံမှု အလားအလာများကြောင့် ယင်းကိစ္စ အဖြူ၊ အမဲ သဲကွဲစေရန်နှင့် လက်တွေ့ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ကာကွယ်ရန်အတွက်လမ်းဖောက်ရန် ထိုင်းရင်းနှီးမြှုပ်နှံသူများက ထိုင်းအစိုးရအား ဦးသိန်းစိန်၏ ခရီးစဉ်ကို အခွင့်အလမ်းအဖြစ် အသုံးပြုစေလိုသည်ဟု သိရှိရသည်။ "အဲဒီမှာအင်အားကြီးကုမ္ပဏီတွေက တံခါးခေါက်နေကြပြီဆိုတော့ တစ်ခြားရင်းနှီးမြှုပ်နှံသူတွေလိုပဲ ကျွန်တော်တို့ ထိုင်းတွေလည်း ရင်ခုန်သံ မြန်နေကြတာပေါ့။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုကာကွယ်ပေးမှာလဲဆိုတာ အပါအ၀င် တရားဝင်အထောက်အထားတွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံလို ဈေးကွက်အသစ်ကိုမဝင်ခင်မှာ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးမယ့် စည်းမျဉ်းတွေ သဲသဲကွဲကွဲရှိရပါမယ်။"ဟု ထိုင်းစီးပွားရေး ရပ်ကွက်က ဆိုသည်။ ဗီယက်နမ် ပုဂ္ဂလိကကုမ္ပဏီများ ခြေကုတ်မမြဲမီ Industrial Estate Authority of Thailand က အရင်ရောက်ရှိနေခဲ့သည့်အတိုင်း ယခု တစ်ကြိမ်တွင်လည်း အစိုးရကဦးဆောင်ရန်လိုအပ်သည်ဟု ထိုင်းစီးပွားရေး ရပ်ကွက်ကပြောကြားသည်။ မြန်မာနိုင်ငံ၌ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၀.၃ ဘီလျှံ(၄၉.၇%)ဖြင့် တရုတ်နိုင်ငံက ဦးဆောင်နေပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉.၅ ဘီလျံ(၂၃.၄%)ရှိသော ထိုင်းနိုင်ငံက ဒုတိယအကြီးဆုံးကုန်သွယ်ဘက်အဖြစ် ရပ်တည်နေသည်ဟု မြန်မာနိုင်ငံ တရုတ်သံရုံး၏ အဆိုအရသိရသည်။ စင်ကာပူ SingaporeInstitute of South East Asia Studies မှ သုတေသနပညာရှင် မိုက်ကယ်မွန်တီဆာနိုက ဦးသိန်းစိန်၏ခရီးစဉ်သည် ထိုင်းအစိုးရနှင့် ချစ်ကြည်မှုတည်ဆောက်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ကျေစေရန်နှင့် ၎င်းသည် နိုင်ငံအကြီးအကဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံအား သတိပေးရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟုယူဆကြောင်း ပြောကြားသည်။ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်မှာ ထင်ရှားနေတဲ့ ရလဒ်တွေဟာ ထိုင်းနိုင်ငံအပေါ် အများကြီးသက်ရောက်မှု ရှိနေပါတယ်။ ဒီနေ့ မြန်မာနိုင်ငံဟာ အရင်ကနဲ့မတူတော့ပဲ စီးပွားဘက်တွေ အများကြီးရှိလာတော့မယ်ဆိုတာကို ထိုင်းနိုင်ငံက သဘောပေါက်ဖို့လိုပါတယ်ဟု မွန်တီဆာနိုက ဆိုသည်။ အခြားဆွေးနွေးဖွယ်ရှိသည့်ကိစ္စများထဲတွင် ထိုင်းနိုင်ငံက တောင်းဆိုထားသော ပရာချွတ်ကရီယန်၊ ကန်ချနာဘူရီ၊ မဲဟောင်ဆောင်နှင့် ချင်းမိုင်တွင် နယ်စပ်စစ်ဆေးရေး ဂိတ်လေးခု ဖွင့်လှစ်ရေးကိစ္စ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသော နှေးကွေး၍စရိတ်ကြီးသည့် နိုင်ငံသား အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးကိစ္စ ဒေါ်လာ ၈.၆ ဘီလျံတန် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စများ ပါဝင်သည်ဟု သိရသည်။ နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုများနှင့် ပြည်ပရောက် မြန်မာနိုင်ငံရေးသမား အုပ်စုများကလည်း သမ္မတဦးသိန်းစိန်နှင့် လူ့အခွင့်အရေးကိစ္စများ ဆွေးနွေး ဖိအားပေးရန် ထိုင်းနိုင်ငံကို တောင်းဆိုထားကြသည်။ မြန်မာ့နိုင်ငံရေး အကဲခတ်လေ့လာသူအချို့ကမူ ထိုင်းနိုင်ငံသည် ဦးသန်းရွှေ သို့မဟုတ် ဦးသိန်းစိန်အစိုးရ ငြိုငြင်သည့်ကိစ္စများကို ရှောင်ရှားမည် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ်မှာ အကျိုးအမြတ်ရရှိရေးကိစ္စကိုသာ အာရုံထားလိမ့်မည်ဟု မှတ်ချက်ပေး ပြောဆိုထားသည်။ yangonchronicl |
Posted: 23 Jul 2012 08:25 AM PDT
ဒိုင်းကို ကိုင်မြောက်ပြီး ၊ အောင်ပွဲနဲ့ ပြန်ချင်ပြန်လာ။ ဒါမှ မဟုတ် ဒိုင်းပေါ်မှာ လှဲလျောင်းလျက် အသက်မဲ့စွာ လာခဲ့ပါ။ အရှုံးပေးပြီး ထွက်ပြေးလာတဲ့ ရှုံးနိမ့်သူတော့ ဘယ်တော့မှ အဖြစ်မခံနဲ့။ အမိမြေ အတွက် အမိပြည်ထောင်စုသားတွေ အတွက် သားအသက်ကို စွန့်ချင်စွန့်ပါ။ သားကောင်း ဇာနည် ပြည်ချစ်သားအဖြစ် တိုင်းပြည်ဝန်ကို ထမ်းပါလို့ အမေတို့မှာကြား သားငယ်အား ပြည်သူ့စစ်သား အလျောင်းအလျာ ဗိုလ်လောင်း အဖြစ် ရောက်စေဖို့ ရာ ရွှေဒေါက် ငယ်ကို အခုလို တင်ပေးခဲ့တာပါ။ သားရေ ဒါတွေတော့မဖြစ်စေနဲ့။ ဘာတွေလဲဆိုတော့ စစ်တပ်အာဏာနဲ့ လာဒ်တွေ ရသလောက် စား။ ဘယ်သူသေသေ ငတေမာပြီးရော၊ ခိုင်းတာသာ လုပ်၊ ကျွေးတာအကုန်စား။ ပေးတာ အကုန်ယူ၊ ပြည်သူကြည်ဖြူတာတွေ မကြည်ဖြူတာတွေ ဂရုမစိုက်နဲ့၊ အခွင့်သာခိုက် ငွေထုပ်ပိုက်နိုင်အောင် ရသလောက် လာဒ်စား ခြစား ကိုယ်ကျိုးရှာ ။ ရဲ့ဘော် စစ်သားလေးတွေ ဆင်းရဲငတ်ပြတ်နေချိန်မှာ သားက နောက်ဆုံးပေါ် ဇိမ်ခံကားတွေ အိမ်တွေနဲ့ စည်းစိမ်ခံပြီး အာဏာယစ်နေတဲ့ သူ မဖြစ်စေနဲ့။ ကိုယ်ရာထူး တက်ရဖို့ မဖြစ်မနေ ပေးရတဲ့ တပ်သားသစ်တွေကို ငွေကျပ် သိန်းချီပေးပြီး ၀ယ် ၊ ( အတင်းလူစုစစ်တပ်ထဲသွင်းကြတော့ ( သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ လူနှစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း) လို့ သတ်မှတ်လိမ့်မယ် သားရေ။ သားတို့ တပ်ကိုလည်း ပြည်ချစ် မျိုးချစ် တပ်မတော် အစား ငွေဖြင့် ၀ယ်ထားသော ကြေးစားစစ်သားတွေလို့ မြင်ကုန်ကြမယ် ။ ဒါကိုလည်း အားမပေးပါနဲ့ သားရေ။ အထက် စစ်ဗိုလ်ချုပ်ကြီးတွေကို လာဒ်ထိုးငွေပေးပြီး ရာထူးနေရာ၊ အာဏာ၊ ငွေကြေး အခွင့်အရေး အတွက် ကိုယ့်သိက္ခာကို မှုငဲ့။ အထက်လူကြီးဆိုသူ ကျေနပ်ရင်ပြီးရော အထက်က အမိန့်ဆိုတာနဲ့၊ တရားတာ မတရားတာတွေ မတွေးရဲ မတွေးနိုင် ခိုင်းတာ အကုန်လုပ်တဲ့ စစ်သားမျိုး မဖြစ်စေနဲ့။ အမိန့်နာခံဖို့ တခုသာ သိတဲ့ စစ်သား မဖြစ်စေနဲ့ ငါ့သား ရေ။ တပ်မတော်ကို ပြည်ချစ် တပ်မတော် ပြည်သူ့ တပ်မတော်။ အမျိုးချစ် သော တပ်မတော်ဖြစ်ဖို့ သားနိုင်ရာနေရာက အသက်စတေးပြီးပဲ ပေးဆပ်သွားပေ့စေ အမေ့ ရင်ခွင်ကနေ အမေ့သာကို အမေ စွန့်လွှတ်ရပေ့စေ။ သား တာဝန် ကျေပွန်ပါ။ အမေ ကျေနပ်တယ် ငါ့သား ရေ။ ပြည်သူ့အတွက် ပြည်သူ့ အကျိုးစီးပွားကာကွယ်ရေး အတွက် အထက်က ပေးအပ်သောအမိန့်ဆိုရင်တော့ ငါ့သား အမေ့ကိုလည်း မလွမ်းနဲ့။ အမေ့သားကို တိုင်းပြည်အတွက် အမေ လှူပြီးသား အရာရာ ရဲရင့် ရွပ်ချွံစွာနဲ့ အသက်ကိုပင်စွန့်ရဲ တိုက်ရဲ တဲ့ ပြည်ချစ်သား ဖြစ်ပါစေ။ ပြည်သူ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်သော ကာကွယ်ရေး တာဝန်သာ ကျေပွန်ပြီး စစ်သားနဲ့ မဆိုင်တဲ့ အရပ်ဘက် အုပ်ချုပ်ရေး အာဏာမှာ မရူးသွပ်တဲ့ အာဏာ မရူးတဲ့ ပြည်သူ့ စစ်သားစင်စစ် လေးဖြစ်ပါစေ................ ဆိုပြီး အမေက အခုလို ပခုံးပေါ်ကို မွန်မြတ်သော နိုင်ငံ့တာဝန်တွေ ထမ်းရွက်နိုင်ဖို့ သင်္ကေတ အဖြစ် သတ်မှတ်ပေးလိုက်တာပါ။ by..Nay myo zin |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment