Saturday, 25 August 2012




ကိုယ်ဖန်တီးမယ့်အိမ်ကလေးတွေ


တစ်ခါတုန်းကပေါ့ -- အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့
လက်သမားဆရာကြီးတစ်ယောက်ဟာ အသက်အရွယ် အရသော်လည်းကောင်း
အေးအေးလူလူနေချင်တဲ့အတွက်ကြောင့်လည်းကောင်း အနားယူချင်နေခဲ့တယ် ။
လက်သမားဆရာက သူ့နဲ့စာချုပ်ချုပ်ထားတဲ့အလုပ်ရှင်ကိုသူ့ရဲ့
အကြံကိုပြောပြတယ် ။ အိမ်ဆောက်တဲ့လုပ်ငန်း ကနေ အနားယူချင်ပြီး သူ့ဇနီးနဲ့
သူ့မိသားစု တွေနဲ့အ တူတူ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ ၀မှာ နေထိုင် သွား
လိုကြောင်းပေါ့ ။ ဒါပေမယ့် လက်သမားဆရာကြီးက သူ့အလုပ်ရှင်ကို စာချုပ်အရရော
အကြွေးတွေ ကျန်နေသေး တယ် ဒါပေမယ့် သူ အမှန်တကယ်ကို အနားယူချင်နေခဲ့တယ် ။

အလုပ်ရှင်က ဒီလို တော်တဲ့လက်သမားဆရာကြီးဆီက
အနားယူမယ်ဆိုတဲ့စကားကြားရတဲ့အခါ စိတ် မကောင်းဖြစ် သွားတယ် ။ ပြီးတော့
လက်သမားဆရာကိုပြောတယ် ။ " လူမှုရေးအရဖြစ်စေ ကျွန်တော့်ကို အိမ်တစ်
လုံးလောက် နောက်ဆုံးအနေနဲ့ဆောက်ပေးနိုင်မလား " လက်သမားဆရာကြီးက "
ကောင်းပါပြီ " လို့ပြောလိုက်တယ် ။ ဒါပေမယ့် တကယ်
နောက်ဆုံးအိမ်ကိုဆောက်တဲ့အခါ လက်သမားဆရာကြီးဟာ သူ့ရင်ထဲ နှ လုံးသား ထဲကနေ
စိတ်မပါတော့ဘူး ။ နောက်ဆုံးအိမ်ဖြစ်တဲ့ အတွက် စေတ နာလည်းလျော့ ရဲသွား သ
လို စိတ်ကလည်းအနား ယူချင်စိတ်သာ စိုးမိုးနေခဲ့တယ် ။ သူဟာ စိတ်မပါတဲ့အ
တွက် နောက်ဆုံး သူဆောက်ရမယ့်အိမ်ကိုလည်း ကရော်ကမယ် အဖြစ်လောက်ပဲ
ဆောက်လုပ်ခဲ့တယ် ။ အိမ်ဆောက် ပစ္စည်းတွေ ကိုလည်း
အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုပဲသုံးခဲ့တယ် ။

ဒီလိုနဲ့လက်သမားဆရာကြီးဟာ နောက်ဆုံးအိမ်ကို ဆောက်လုပ်ပြီးစီးသွားခဲ့တယ် ။
အလုပ်ရှင်က အိမ်ကို လာကြည့်ပြီး လက်
သမားဆရာကြီးကိုလက်ဆွဲနှုတ်ဆက်လိုက်တယ် ။ ပြီးတော့ အိမ်သော့ကိုယူပြီး "
ဒါဟာ ခင်ဗျားရဲ့ အိမ်ပါပဲ -- ကျွန်တော်ခင်ဗျားကို
နောက်ဆုံးအနေနဲ့လက်ဆောင်ပေးတာပါ " လို့ပြောလိုက်တယ် ။

----------------------------------------

ဘယ်လောက်အံ့သြစရာကောင်းသလဲ ။ ဘယ်လောက်ရှက်စရာကောင်းသလဲ ။ အကယ်၍သာ လက်သမား
ဆရာကြီးက သူ့အတွက်ပေးမယ့်အိမ်မှန်းသာ
သိရင်သူပိုင်ဆိုင်ရမယ့်အိမ်မှန်းသာသိရင် သူဟာ လက်ရှိဆောက်
ထားတဲ့အိမ်နဲ့မတူတဲ့ ကောင်းမွှန်သပ်ရပ်တဲ့အိမ်ကို ဆောက်လုပ်မှာအမှန်ပါပဲ
။ အခုတော့ သူဆောက်လုပ် ထားတဲ့သိပ်မကောင်းမွန်တဲ့အိမ်ကလေးမှာပဲ
သူနေရတော့မှာ သူပိုင်ဆိုင်ရတော့မှာဖြစ်တယ် ။

ကျွန်တော်တို့ရော ?? ကိုယ့်အတွက် အကျိုးမရှိဘူး ကိုယ့်မပိုင်ရဘူး
ဆိုပြီးအဖြစ်သဘော အလုပ်သဘော လုပ်ခဲ့တာတွေ ရှိနေမလား ?
ကျွန်တော်တို့ဘ၀မှာရော ဘယ်လိုအရာမျိုးတွေကို တည်ဆောက်ခဲ့ကြသလဲ ။
ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် ကောင်းကောင်းမွန်မွန်မလုပ်ဘူး
ကောင်းကောင်းမွန်မွန်မဆက်ဆံဘူး အပြု သဘော အဖြစ်သဘောတွေများ လုပ်ခဲ့ကြသလား


တကယ်တော့လောကကြီးမှာ ဘာအလုပ်ပဲလုပ်လုပ်ကိုယ့်အလုပ်လို
ကိုယ့်အကျိုးစီးပွားလို သဘောထားပြီး အကောင်းမွန်ဆုံးလုပ်ဆောင်ပါ ။

ကိုယ်မပိုင်ရဘူး ကိုယ့်အတွက်မဟုတ်ဘူးဆိုပြီး ဘာကိုမှ ဖြစ်ကတတ်ဆန်းမလုပ်မိပါစေနဲ့ ။

ကိုယ်က အဖြစ်သဘောနဲ့လုပ်ခဲ့တဲ့အရာတွေဟာ နောင်တစ်ချိန်မှာ ကိုယ့်အတွက်
အရှက်ရစ ရာတွေဖြစ်နေ တတ်တယ် ။

" တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖန်တီးတဲ့ ကိုယ်ပြုလုပ်တဲ့
အိမ်ကလေးအတွင်း မှာပဲ နေ ထိုင်ကြရတာပါ "

သက်တန့်ချို
How are you building your life? အားဘာသာပြန်ခံစားသည် ။

--
*--

No comments:

Post a Comment