Posted: 05 Aug 2012 04:55 AM PDT
|
Posted: 05 Aug 2012 04:42 AM PDT
|
Posted: 05 Aug 2012 04:35 AM PDT
|
တွန်အားပေး
Posted: 04 Aug 2012 08:46 PM PDT
(The Asahi shinbun မှ 3 Aug 2012 ရက်စွဲပါ "Exchange Mission Pushes Wave of Japanese Culture In Myanmar"သတင်းကို ဘာသာပြန်ဆိုသည်)
ထွန်းသစ်ရန်အစပျိုးနေသော မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဂျပန်ချစ်ကြည်ရေးနှင့်ဖလှယ်ရေးမစ်ရှင်၏အဆိုအရ မြန်မာနိုင်ငံတွင် ဂျပန်ဖက်ရှင်၊ ဂျပန်ယဉ်ကျေးမှုနှင့် ဂျပန်အစားအစာများအပေါ်များစွာ ခုံမင်မှုရှိသည်ဟု သိရှိရသည်။ ၎င်းမစ်ရှင်အဖွဲ့က သြဂုတ်လ ၂ ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို အိချိရိုဂမ်ဘာထံ အကြံပြုချက်တင်သွင်းခဲ့သည်။ ဂျပန်နိုင်ငံ National Graduate Insittute for Policy Studies ဥက္ကဋ္ဌ တာကာရှီရှီရိုင်ရှီက ဂျပန်ချစ်ကြည်ရေးမစ်ရှင်ကို ဦးဆောင်သည်။ ၎င်းက ဂျပန်ယဉ်ကျေးမှုသွင်ပြင်လက္ခဏာအားလုံးအကြံပြုထားပြီး၊ ဂျူဒိုအားကစားနည်းသည်ပင် မြန်မာနိုင်ငံ၌ မိတ်ဆက်ထားပြီးဖြစ်သည်ဟု ပြောကြားသည်။ ဂျပန်မစ်ရှင်အဖွဲ့ဝင်များသည် ဇွန်လကုန်တွင် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်ကိုလည်း ဂါဝရပြုတွေ့ဆုံခဲ့ကြသည်။ ယဉ်ကျေးမှုဖလှယ်ရေးမစ်ရှင်တွင် ဖက်ရှင်ဒီဇိုင်နာဂျန်ကိုကိုရှီနိုနှင့် ဂျူဒိုပညာရှင် ၁၉၈၄ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ယာဆူဟီရိုယာမာရှီတာ တို့လည်း လိုက်ပါသွားခဲ့ကြသည်။ ဂျပန်-မြန်မာနိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ယဉ်ကျေးမှုနှင့် အားကစားဖလှယ်မှုအစီအစဉ်များကို စဉ်းစားသင့်သည်ဟု မစ်ရှင်အဖွဲ့က အကြံပြုထားသည်။ တောင်ကိုရီးယားနိုင်ငံမှ ယဉ်ကျေးမှုပို့ကုန်ဖြစ်သည်ဟု ရုပ်သံဒရာမာဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ တေးဂီတများ အာရှတစ်လွှားတွင် ရေပန်းစားလာမှုကြောင့် Korean wave လှိုင်းလုံးထွက်ပေါ်လာခြင်းကိုထောက်ရှု၍ ပေါ့ပ်သီချင်း၊ manga anime စသော ဂျပန်ယဉ်ကျေးမှု ထွက်ကုန်များကို မြန်မာနိုင်ငံနှင့်မိတ်ဆက်ပေးရန် ဂျပန်ယဉ်ကျေးမှုမစ်ရှင်က အဆိုပြုထား သည်... yangonchronicle |
Posted: 04 Aug 2012 08:28 PM PDT
မနေ့က နေ့လည် ၁၁ နာရီအချိန်က ရန်ကုန်မြို့မှာ သတင်းလွတ်လပ်ခွင့်အတွက် မီဒီယာဖိနှိပ်မှုရပ် (Stop Killing Press) ဆိုတဲ့စာတမ်းပါ တီရှပ်အင်္ကျီအမဲတွေ ၀တ်ပြီး လူငယ် မီဒီယာသမားတွေ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကျွန်တော်ပါတဲ့ အဖွဲ့က ဗိုလ်အောင်ကျော်လမ်းကနေ The Voice ဂျာနယ်တိုက်ရှိရာ ရုံးခန်းအထိ မြို့တော်ခန်းမ နဲ့ ဆူးလေကို ဖြတ်ပြီး လမ်းလျှောက်ကြတယ်။ အဲ့ဒီမှာ စကားပြောဆို တွေ့ဆုံမှုတွေလုပ်အပြီး ဆူးလေကနေ လိုင်းကားစီးပြီးမြေနီကုန်းကို ခရီးဆက်ကြပါတယ်။ မြေနီကုန်း ကားမှတ်တိုင်ကနေ Envoy ဂျာနယ်တိုက်ရှိရာ ဂမုန်းပွင့် ကုန်တိုက်ကို လမ်းလျှောက်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ ၀င်တွေက တားတယ်။ စကားအပြန်အလှန်ပြောကြရတယ်။ ကိုမင်းကိုနိုင်က လာပူးပေါင်းတယ်။ ပြီးနောက် Envoy ဂျာနယ် တိုက် ရုံးခန်းပေါ် တက်ပြီး စကားပြောကြတယ်။ ပထမ Envoy ဂျာနယ် ထုတ်ဝေသူ ရုပ်ရှင် ဒါရိုက်တာ ဇင်ယော်မောင်မောင်က စကားပြောပါတယ်။ သူပြောတာက ကျေးဇူးတင်ကြောင်းပေါ့။ အဲ့ဒါပြီးတော့ ဘယ်သူမှ မပြောသေးဘဲ စောင့်နေကြတုန်း ကျွန်တော်က ကိုမင်းကိုနိုင် ကျွန်တော်တို့အတွက် တစ်ခုခုပြောပေးပါ လို့ အသံဖမ်းနေတဲ့ ကျွန်တော့်ဖုန်းလေး သူ့ရှေ့တိုးပေးပြီး တောင်းဆိုလိုက်တယ်။ အဲ့ဒီမှာ ကိုမင်းကိုနိုင် ဘာတွေပြောသလဲ ဆိုတာ သိချင်ကြမယ့်သူတွေ အတွက် ပြန်ရေးပေးလိုက်ပါတယ်။ *** *** *** ****** ****** *** ခုနကလည်း ပြောပြီးပါပြီ၊ အဓိက ကတော့ ကျွန်တော်တို့ ဒီမိုကရေစီ အရေးအတွက် အလုပ်လုပ်နေကြတဲ့အချိန် ဒီမိုကရေစီမှာ မီဒီယာ မပါလို့ ဘယ်လိုမှ မရဘူး။ ကျွန်တော်တို့ မီဒီယာကို အားလည်းကိုးတယ်၊ ယုံလည်းယုံတယ်၊ နောက်ပြီးတော့ မီဒီယာသမားတွေဟာ မတရားဘူးဆိုရင် တရားမျှတတဲ့ဘက် က ရပ်ရမယ် ဆိုတဲ့စိတ် အများစုမှာ ရှိတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ မီဒီယာဆိုတာ ဘက်မလိုက်ရဘူးလို့ မည်သို့ပင် ပြောစေကာမူ တရားမှု နဲ့ မတရားမှုဖြစ်လာရင်တော့ တရားတဲ့ဘက်က မီဒီယာက ရေးမယ် ရပ်မယ်ဆိုတာ ကျွန်တော် ယုံတယ်ဗျ၊ ကျွန်တော်တို့နဲ့ မီဒီယာနဲ့ ဒီတစ်ချက်နဲ့တင် သွားတူနေတယ်။ ဒါပေမယ့် မီဒီယာ ဆိုတဲ့နေရာမှာ သိမ်မွေ့တဲ့ အချက်တွေရှိပါတယ်။ အဲ့ဒါ ဘာလဲ ဆိုတော့ တိုင်းပြည်ရဲ့ အချိုးအကွေ့တွေမှာ အာဏာရှင် စနစ်ကနေပြီးတော့ ဒီမိုကရေစီ စနစ်ကို အကူးအပြောင်းတွေ အာဏာရှင်လုပ်ရပ်တွေ အာဏာရှင် ဆုံးဖြတ်ချက်တွေနဲ့ ဒီမိုကရေစီ သမားတွေရဲ့ ဆုံးဖြတ်ချက်တွေ မတူညီတာတွေ ရှိပါတယ်။ အားပြိုင်တာတွေရှိပါတယ်။ အဲ့ဒီနေရာတွေမှာ မီဒီယာသမားတွေဟာ အရင်းအတိုင်း ဆိုပါတော့.. ပြည်သူလူထု ကြားထဲမှာ ကြားရတဲ့အသံ၊ မတူညီဘဲနဲ့ ကွဲပြားနေတဲ့ အသံတွေကို နှစ်ဖက်စလုံးကို ဖေါ်ပြဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ကျွန်တော်တို့ ထောင်ထဲမှာ ရှိခဲ့တဲ့ ကာလမှာတုန်းက ဆန္ဒခံယူပွဲရယ် နောက်တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲရယ်ကို အဲ့ဒီလိုမျိုးမှာ အာဏာရှင်ရဲ့ လမ်းပြမြေပုံ မှသာလျှင် မှန်တယ် မှတစ်ပါး အခြားမရှိပြီ လို့ ပြောခဲ့တဲ့ မီဒီယာသမားအချို့ရှိခဲ့ပါတယ်။ အဲ့တော့ အဲ့ဒါကို မလိုက်ခဲ့တဲ့ လူတွေကိုဘဲ မသိရကောင်းလား ဆိုတာမျိုး ငေါက်ငမ်းတာမျိုးလည်း ရှိခဲ့ပါတယ်။ စာဖတ်ပရိသတ်ကို ပြည်သူတွေကို .... ကိစ္စမရှိပါဘူး။ ဒါက ကိုယ့်သမိုင်းနဲ့ ကိုယ်ပါ... ကျွန်တော်တို့ဟာ ဒီနေ့ ဘယ်သူ့ကို ထိထိ မီဒီယာသမားတွေကို ထိတာ မှန်လို့ရှိရင် ကျွန်တော်တို့ ကူညီကြဖို့ရှိပါတယ်။ ကျွန်တော်တို့နဲ့ တစ်ချိန်က မတူညီခဲ့သည့် တိုင်အောင်တောင်မှ အဲ့ဒီ သဘောထား မတူညီခွင့်အတွက် ကျွန်တော်တို့ ကိုယ်တိုင်က မီဒီယာသမားတွေနဲ့အတူ ရှိပါ့မယ်။ မီဒီယာရဲ့သဘောကိုက ဒီမိုကရေစီ အမိုးအကာအောက်မှာဘဲ ရှိနေသည့်အလျှောက် သဘောထား မတူတွေကို ကျွန်တော်တို့ မေ့ထားရပါ့မယ်။ ဆက်လည်း သီးခံရပါ့မယ်။ အဲ့ဒီလို သဘောထား မတူညီတဲ့သူတွေ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရဖို့အတွက် ကျွန်တော်တို့ အားလုံး တစ်ညီတစ်ညွတ်ထဲ ရပ်တည်ပါရစေ၊ ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ ရပ်တည်နေပါမယ်လို့ ပြောချင်ပါတယ်။အဲ့ဒီလိုဆို ပြည့်စုံပြီ ထင်ပါတယ်။... ခရီးလည်း ဆက်ကြအုံးမယ် မဟုတ်လား.... ******** ******** ******** ******** ******** အဲ့ဒီကနေ ဆင်းတော့ ကျွန်တော်တို့တွေ လူစုခွဲပြီး ခရီးဆက်ခဲ့ကြပါတယ်။ သတင်း..Zaw lwin win photo...komarky |
Posted: 04 Aug 2012 10:25 AM PDT
ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။ ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။.... ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။ ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။ ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊ မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ် သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော် တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။ ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း "နိုင်ငံရေးမပါလျှင် ပြီးရော" ကျင့်စဉ်ပဲ ဖြစ်ပါသည်။ ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။ ..... မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။ ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။ စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။ စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။ ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။ နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။ ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ) သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။ စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။ အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။ "တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်" ဟူ၏။ ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။ တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။ မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။ တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။ တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။ သို့သော် မတရားလုပ်သူတို့မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ဟု ဖြေသာရမလို ဖြစ်နေသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။ သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။ တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ) မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။ စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊ အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။ နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင် ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊ မင်းကိုနိုင် ၂၃ ဇွန် ၂၀၁၂ (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈) |
Posted: 04 Aug 2012 08:19 AM PDT
အာရှပစီဖိတ်စိုးမိုးရေးအတွက် အမေရိကန်အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်လိုလာသည်။ သို့အတွက် မဟာမိတ်နိုင်စာချုပ်နိုင်ငံများ ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း စစ်အေးခေတ်ကာလအတွင်းနှင့် စစ်အေးခေတ်လွန်ဆယ်စုနှစ်အတွင်းတွင် အမေရိကန်သည် အာရှ-ပစိဖိတ်ဆိုင်ရာမဟာဗျူဟာကို အကောင်အထည်မဖော်နိုင်ခဲ့။ သူ့အတွက် မမျှော်လင့်ဘဲ လက်သီးချက်ပြင်းပြင်းမိသွားခဲ့သည်။ ထိုလက်သီးချက်မှာ 9/11 အရေးအခင်းဖြစ်လေသည်။ ထို့ကြောင့် War on Terror ဟုကြေငြာကာ အရှေ့အလယ်ပိုင်းနှင့်အာဖဂန်သို့ အာရုံလှည့်သွားခဲ့သည်။ ထိုဆယ်စုနှစ်နှစ်စုနီးပါးအတွင်းတွင် တိန့်ရှောင်ပင်၏ ပေါ်လစီနှင့်အတူ နိုးထလာခဲ့သောတရုတ်နဂါးကြီးက တဖြည်းဖြည်း ကြီးထွားလာခဲ့ပေသည်။
အိန္ဒိယနှင့် Strategic Partnership ကို ထူထောင်ထားနိုင်သော်လည်း အာရှပစိဖိတ်စိုးမိုးရေးအတွက် အဓိက ကျသော နေရာဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် ကမ်းရိုးတန်းဒေသကို အမေရိကန် ဝင်မစွက်နိုင်သေးဘဲ ဖြစ်နေသည်။ ထိုအတွက် အမေရိကန်သမ္မတ အိုဘားမား တက်လာချိန်တွင် မဟာဗျူဟာမြောက် မျဉ်းကြောင်းဖြစ်သည့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ တို့အတွက် နိုင်ငံရေးအရ ချဉ်းကပ်မှု ပြောင်းလဲ ရန်ကြိုးစားလာပါသည်။ တရုတ်အပေါ် ကြွေးမှီတင်မှု များပြားနေသော ဘင်္ဂလားဒေ့ရှ်နှင့် ပိုမိုထိတွေ့ဆက်ဆံလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ၊ ပါကစ္စတန်တို့ရန်မှ တွန်းလှန်ရန် တရုတ်ကို စစ်ရေး၊ စီးပွားရေးအရများစွာ မှီခိုအားထားနေရသည်။ ထိုကိစ္စကို အမေရိကန်က မနှစ်မြို့လှချေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန် ရေတပ် ကျက်စားလျှင် များစွာ စစ်ရေးအရ အသာစီးရနိုင်သည့် ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးရန်မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာတို့နှင့် ပိုမို နီးကပ်ထိစပ်သော ဆက်ဆံရေးရှိမှ သာဖြစ်လာနိုင်ပေမည်။ထိုအချိန်တွင် ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးအစွန်းမေ၇ာက်သော ရှိတ်ဟာစီနာ၏ အစိုးရအဖွဲ့တက်လာသည်။ ထိုအချက်သည် အမေရိကန်အတွက် လမ်းစများကို ပွင့်သွားစေသည်။ သို့၇ာတွင် လိပ်ခဲတည်းလဲ ဖြစ်နေသော ကိစ္စရပ်မှာကား မြန်မာ၏ ခေါင်းမာသော စစ်ဗိုလ်ချုပ်များပင်တည်း။ မြန်မာသည် ပထဝီအရ ကိုလိုနီခေတ်ကပင် အလွန်အရေးပါခဲ့သည်။ ဗြိတိန်တို့သည် ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းမှာ ၄င်းတို့ ကိုလိုနီလုပ်ထားသော အရှေ့အိန္ဒိယကို ကာကွယ်ရန်အတွက် ကမ်းရိုးတန်းနှင့် ရေလမ်းကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်ပြည်သို့ ဂျပန်များကျူးကျော်လာသောအခါ မြန်မာနိုင်ငံသည် ချန်ကေရှီတ်အစိုးရကို အနောက်အစိုးရများ အထောက်အကူပေးရန် အဓိကနေရာဖြစ်လာကြောင်း ပိုမိုထင်ရှားလာရသည်။ ဆိုလိုသည်မှာ အာရှပင်မကုန်းမြေသို့ ဆက်သွယ်ထားသော လမ်းကြောင်းမှန်သမျှကို မြန်မာနိုင်ငံထဲမှ အကောင်အထည်ဖော်ဆက်သွယ်နိုင်သည်။သို့အတွက် ဂျပန်က မရမက မြန်မာပြည်ကို သိမ်းပိုက်ရန်အားထုတ်လာရပေသည်။ ထို့သို့အရေးပါသော နေရာကို လက်ဦးမှုရယူထားနိုင်ရန်အတွက် အက်တလီခေတ် ဗြိတိန်ကာကွယ်ရေးဝန်ကြီးက မင်္ဂလာဒုံလေဆိပ်နှင့် မြန်မာ့ သင်္ဘောဆိပ်များကို ဗြိတိန်ပိုင် စစ်လေယာဉ်၊ ရေယာဉ်များ ဝင်ထွက်သွားလာခွင့်ရ၇ှိနိုင်ရေး ကြိုးစားခဲ့ဖူးသည်။ လွတ်လပ်ရေး၇ပြီးခေတ်တွင်လည်း ကွန်မြူနစ်သူပုန်ထသည့်အချိန်တွင် ကွန်မြူနစ်တစ္ဆေကိုကြောက်သည့် အနောက်ပါဝါနိုင်ငံများသည် ရန်ကုန်အစိုးရ (ဦးနုအစိုးရ) အား များစွာ ထောက်ပံ့ပေးခဲ့ကြသည်။ မြန်မာသည် ဗီယက်နမ်နှင့် တစ်ကြောတည်း အရေးကြီးသည့် နိုင်ငံအဖြစ် ဒိုမီနိုသီဝရီတွင် တွက်ဆခြင်းခံခဲ့ရပေသည်။အဘယ်ကြောင့်ဆိုသော်မြန်မာပြိုသွားပါက တရုတ်အတွက် မြန်မာပြည်မြောက်ပိုင်းမှ အာသံအထိ လွယ်ကူစွာ ချေမှုန်းနိုင်သည့်အပြင် မလက္ကာရေလက်ကြားကို အလွယ်တကူ ခြိမ်းခြောက်လာနိုင်သောကြောင့် မြန်မာနိုင်ငံကို ကျဆုံးခံ၍ မဖြစ်ခြင်းဖြစ်သည်ဟု မဟာဗျူဟာ ဂရုများက ရှုမြင်ကြလေသည်။ ဤတွင် မြန်မာ၏ အရှေ့အနောက် အိုင်ဒီယိုလိုဂျီပဋိပက္ခများနှင့် စစ်ရေး၊ စီးပွားရေးအားပြိုင်မှုများကြား မည်မျှ အန္တရာယ်ကြီးသည်ကို ရှုမြင်နိုင်ပေပြီ။ထိုသို့သော အရေးပါမှုအားလုံးသည် ဦးနေဝင်း၏ တံခါးပိတ်စီးပွားရေးဝါဒအောက်တွင် မှေးမှိန်သွားခဲ့ပါသည်။ တရုတ်အတွက် မြန်မာသည် အလွန်အရေးပါသောနေရာတစ်ခုဖြစ်နေသည့်အချိန်တွင် အိန္ဒိယအတွက်လည်း အရေးကြိးသော နိုင်ငံဖြစ်နေသည်။ မြန်မာ့ရေပိုင်နက်တွင် တရုတ်သင်္ဘောများကျက်စားပါက အိန္ဒိယများစွာ အခက်ကြုံနိုင်သည်။ မြန်မာသည် အရှေ့တောင်အာရှနှင့် တရုတ်ပြည်တောင်ပိုင်းပြည်နယ်များအတွက် Buffer Zone သဖွယ်ကြားခံပေးထားသော နိုင်ငံဖြစ်နေသည်။ ထို့ပြင် အိန္ဒိယအတွက် ဒုတိယမြောက်အကြီးဆုံး အိမ်နီးချင်းနိုင်ငံလဲဖြစ်နေသည်။ မြန်မာကို တရုတ်လက်သို့ပါ၍ မရချေ။ ထိုသိုံ့ဖြစ်သွားလျှင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ နီပေါလ်တို့နှင့် ဆက်စပ်ကာ တရုတ်သည် အိန္ဒိယကို ပတ်ချာလည် ဝိုင်းရံထားပေလိမ့်မည်။ သို့အတွက်ကြောင့် ၁၉၈၈ အုံကြွမှုအပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီခေတ်တွင် မြန်မာစစ်တပ်သည် ယခင်နှင့်မတူ သူ၏ တိုင်းပြည်အစွန်အဖျားများကိုပါ ထိထိရောက်ရောက်ချုပ်ကိုင်လာနိုင်ခဲ့သောကြောင့် အိန္ဒိယအနေဖြင့် ထိတွေ့ဆက်ဆံမှုပြုလုပ်လာခဲ့ရပါသည်။ ထိုသို့သောအနေအထားတွင် မြန်မာသည် တရုတ်ဖက်ယိမ်းမည်လော၊အနောက်ဖက်ယိမ်းမည်လောဟူသည့် မေးခွန်းမှာ စကော်လာများအတွက် အတွေးပွားစရာဖြစ်ခဲ့သည်။ သို့သော် မငြင်း၊နိုင်သည်က မြန်မာအစိုးရ၏ လက်ထဲတွင်သာ အဖြေရှိသည်ဟူ၍ ဖြစ်ပါသည်။ ထိုမှန်းဆချက်များမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကဖြစ်သည်။ ယခုအချိန် ယခုအစိုးရသစ်လက်ထက်တွင် အနည်းငယ်ဖွင့်ဟလိုက်သောအခါ မြန်မာ၏ မဟာဗျူဟာအရ အရေးပါမှုအတွက် လက်ဦးမှုရယူရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်ခဲ့သည်ကို တွေ့ရှိနိုင်ပေသည်။ အိန္ဒိယ၏ အမျိုးသားလုံခြုံရေး၊ တရုတ်၏ စွမ်းအင်လုံခြုံရေးနှင့် မလက္ကာရေလက်ကြားအန္တရာယ်၊ ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးရလျှင် အရှေ့အာရှကုန်းမြေကို ခြိမ်းခြောက်နိုင်မည့် အခွင့်အလမ်း စသည်တို့ကို တွက်ချက်စဉ်းစားကြည့်လျှင် ၇ခိုင်ကမ်းမြောင်ဒေသနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စများသည် လေးလေးနက်နက်စဉ်းစားချင်စရာများဖြစ်လာပါသည်။ ရခိုင်ကမ်းမြောင်ဒေသ မတည်မငြိမ်ဖြစ်လျှင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အမေရိကန်မှ အကြောင်းပြ၍ ရနိုင်ပါသည်။ မတည်မငြိမ်ဖြစ်နေသော ဒေသသည် ဆက်ဆံရေးတိုးမြှင့်လာသော မြန်မာ-အမေရိကန် သံတမန်အခင်းအကျင်းတွင် မျက်စပစ်စရာနေရာကောင်းတစ်ခုဖြစ်နေသည်မဟုတ်ပါလော။ မွတ်စလင်များကို ထိ၍ အကြမ်းဖက်သမားများက ခြိမ်းခြောက်သည်။ အကြမ်းဖက်သမားများက ခြိမ်းခြောက်ရုံမျှမက ဝင်ရောက်ဖောက်ခွဲလျှင် အမေရိကန်အတွက် ပို၍ပင် ကောင်းဦးမည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ War on Terror မှာ ပြီးဆုံးသေးသည်မှ မဟုတ်ဘဲ။ ထိုအခါ အကြမ်းဖက်နှိမ်နင်းရေးဟု ကြွေးကြော်လျက် မြန်မာအစိုးရနှင့် ပူးပေါင်းလိုသည်ဟု အကြောင်းပြကာ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းကို ဝင်ရောက်နိုင်မည်မဟုတ်လား။ မြန်မာအစိုးရကရော ဒီလို အကြမ်းဖက်နှီမ်နင်းရေးတွင် အတွေ့အကြုံရှိသည်မှမဟုတ်ဘဲ။ အမေရိကန်နှင့်ပူးပေါင်းဖို့သာ များမည်။ ဒီလိုဆိုရင် ကြားထဲက ဖိညှပ်သေရမည့်သူများမှာ ရခိုင်များသာ ဖြစ်လိမ့်ဦးမည်။ မွတ်စလင်များကို မည်သို့ နှိပ်ကွပ်ရမည်ဟု စစ်ကျောင်းများတွင် သင်ကြားသော အမေရိကန်သည် မွတ်စလင်အခွင့်အရေးကို စိတ်ဝင်စားသည်မဟုတ်။ စိတ်ဝင်စားမည်လည်းမဟုတ်။ သို့သော် ဒုတိယကမ္ဘာစစ်၊ ဗီယက်နမ်စစ်ကတည်းက ပထဝီအရ မဟာဗျူဟာမြောက်နေသော မြန်မာကိုကား အလွန်စိတ်ဝင်စားသည်။ အဘယ်ကြောင့်ဆိုသော် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခွင့်ရမည့်အေ၇းဖြစ်သည်။ မဟာမိတ်အိန္ဒိယနှင့် ၇န်ဖြစ်ရန်မလိုသော်လည်း လာမည့်အနှစ်နှစ်ဆယ်တွင် ဂျီဒီပီသူ့ကို ကျော်တက်သွားနိုင်သော အိန္ဒိယအပေါ် စစ်ရေးအရလည်း သြဇာလွှမ်းထားနိုင်မည်။ တရုတ်ကိုတော့ ချောင်ပိတ်နိုင်မည်။ မွတ်စလင်နိုင်ငံများက မြန်မာကို ခြိမ်းခြောက်သည်။ ရယ်တော့ရယ်ရသည်။ အရှေ့အာရှကုန်းမြေကြီးကို ချိတ်ဆက်ထားသော မျဉ်းကြောင်း ဖြတ်သန်းသွားသည့် မြန်မာကို တရုတ်နှင့် အိန္ဒိက အထိမခံ။ ထိုနည်းတူ အမေရိကန်ကလည်း အထိမခံ။ ထိုအနေအထားသည် အတိမ်းအစောင်းလည်းမခံ။ အချိန်မရွေး စစ်မြေပြင်ဖြစ်သွားနိုသည်ကိုလည်း သတိထားရမည်ဖြစ်သည်။ မွတ်စလင်နိုင်ငံများမှ သင်္ကြန်အမြှောက်ထုသည်ကိုကား ကြောက်ရန်မလို။ ကြောက်ရန်လိုသည်ကား မွတ်စလင်ကမ္ဘာနှင့်ရန်ဖက် အမေရိကန်နှင့် မြန်မာအကြောင်း မြန်မာများထက်ပိုသိသော ဗြိတိန်၊ပြင်သစ်တို့ ရိုဟင်ဂျာကိစ္စ အဘယ်ကြောင့် အလွန်အမင်း စိတ်ဝင်စားနေသနည်း ဟူသည့် အချက်ပင်ဖြစ်ပါသည်။ ကိုးကား http://www.southasiaanalysis.org/%5Cpapers2%5Cpaper197.htm http://asiafoundation.org/pdf/wp13.pdf http://www.southasiaanalysis.org/%5Cpapers51%5Cpaper5040.html ko Myo Set Facebook |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment