Posted: 05 Aug 2012 10:00 AM PDT
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁.၁.၂ဝဝ၁ ခုနှစ်မှ စတင်၍ နေ့စဉ်နှင့်အမျှ အများပြည်သူတို့၏ နာရေးကိစ္စ
အဝဝ တို့ကို (အခမဲ့) ကူညီမှုပြုလာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၁၁) နှစ် တိုင်ရောက်ရှိလာခဲ့ပါသည်။ ထို့အတူ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် ဘဝနတ်ထံသို့ ပျံလွန်တော်မှုသွားသော ဆရာတော်ကြီးများ၊ ဘဝတစ်ပါးသို့ပြောင်းလဲ သွားကြသော နာမည်ကျော်စာရေးဆရာကြီးများ၊ ပြည်သူချစ်သော အနုပညာရှင်များ စသဖြင့် ၄င်းတို့၏ နှစ်ပါတ်လည်နေ့များသည်လည်း အကြိမ်ကြိမ် တိုင်ခဲ့ပါပြီ။ ထိုသူများထဲမှ ၂ဝဝ၇ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သော ပြည်သူ့ ဘက်မှ ရပ်တည်ခဲ့သော အနုပညာရှင် စာရေးဆရာ တာရာမင်းဝေ တစ်ဦးသည်လည်း အပါအဝင်ပင်ဖြစ်သည်။
၂ဝ၁၂ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ချစ်ညီညီ (ခ) ရွှေဘုန်းလူ (ခ)
စာရေးဆရာ တာရာမင်းဝေ၏ (၅) နှစ်ပြည့် နှစ်ပါတ်လည်အတွက် ဆွမ်းကပ်လှူပူဇော်ခြင်းကို အမှတ် (၃၆၄)၊ ပီမိုးနင်း(၁)လမ်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ ကျင်းပခဲ့သည်။ ယင်းအလှူပွဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ရှိသူများတို့ သွားရောက်ခဲ့ကြသည်။ စာရေးဆရာ တာရာမင်းဝေ၏ ရုပ်အလောင်းအား ၂ဝဝ၇ခုနှစ်၊ သြဂုတ် (၈) ရက်နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန် ယာဉ်အား မောင်းနှင်၍ ရေဝေးအအေးခန်းသို့ ပို့ဆောင်ပေးခဲ့ဖူးပါသည်။ ယင်း (၅) နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားတွင် ကျန်ရစ်သူမိသားစုနှင့်အတူ တာရာမင်းဝေ၏ ရဲဘော်ရဲ ဘက်များ၊ မိတ်ဆွေများ၊ စာပေလောကမှ မိတ်ဆွေများ၊ (၈၈) ကျောင်းသားများ၊ နိုင်ငံရေးလောကမှ နိုင်ငံရေး သမားများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စတင်ခြေလှမ်းနေစဉ်အချိန်တွင် မြန်မာပြည်
ငြိမ်းချမ်းရေးအတွက် အသက် ပေးခဲ့သော၊ ကျဆုံးခဲ့ကြသော သူရဲကောင်းများကို အစဉ်အမှတ်ရကြကာ သူရဲကောင်းများ၏ စွန့်လွှတ်အနစ်နာခံမှု၊ သူရဲကောင်း တို့၏ စေတနာ၊ မေတ္တာ၊ သူရဲကောင်းတို့၏ ကျေးဇူးတရားများကို ပြန်လည်၍ ကျေးဇူးဆပ်သည့်အနေဖြင့် ပြည်သူ/ သားအားလုံး စည်းလုံးညီညွတ် စည်းကမ်းရှိစွာဖြင့် အတ္တများကိုဖြုတ်ပြီး ငြိမ်းချမ်းမှုကွန်ယက်များကို လက်ဆင့်ကမ်း သယ်ဆောင်ကြဖို့ အရေးကြီးပါပေသည်။ မြန်မာပြည်ငြိမ်းချမ်းပါစေဟု ဆုတောင်းမေတ္တာပို့သ ကဗျာဖွဲ့သီခဲ့သော တာရာမင်းဝေ(ခ) ရွှေဘုန်းလူ (ခ) ချစ်ညီညီတစ်ယောက် ကျန်ရစ်သူမိသားစု၏ ကောင်းမှုအစုစုတို့ကြောင့် ငြိမ်းချမ်းရာအစစ်ဖြစ်သော အရပ်ဒေသသို့ ရောက်ရှိစံစား နိုင်ပါစေဟု မေတ္တာပို့သလိုက်ရပါသည်။
"မြန်မာပြည် ငြိမ်းချမ်းပါစေ"
သွေးစတွေ စိုလူး
အလံဦးမှာ
ကိုယ့်နာမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့
တိုက်ပွဲဝင်နေပါတယ်။
(ချစ်ညီညီ(ခ)ရွှေဘုန်းလူ(ခ)တာရာမင်းဝေ)
|
Posted: 05 Aug 2012 09:51 AM PDT
၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ယနေ့ညနေ ၃း၀၀နာရီက
ကျင်းပရာ "မစ္စတာ ကွင်တာနား ပြောကြားခဲ့သော နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကို ၈၈ အနေဖြင့် မည်သို့မြင်ပါသနည်း "ဟု အလင်းတန်းဂျာနယ်မှ မေးမြန်းရာ မင်းကိုနိုင်က " နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော ဥပဒေကို အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ပြဌာန်းသင့်သည် " ဟု ဖြေကြားခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် News
Watch ဂျာနယ်မှ မေးမြန်းရာ "ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလား"ဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ "၎င်းတို့အနေဖြင့် ရောက်ရှိခဲ့ကြောင်း၊ မောင်တောတွင် ၉၇%မှာ ဘင်္ဂါလီများဖြစ်ကြပြီး၊ ဘူးသီးတောင်တွင် နေထိုင်သော ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း" ပြောကြားသည်။ ဘူးသီးတောင် မောင်တောရှိ ဒုက္ခသည်များမှာ ရခိုင်များဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် မွတ်စလင်ဒုက္ခ သည် စခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာရှိ ကမန်တိုင်းရင်းသားများ၊ ကမန်မဟုတ်သော မွတ်စလင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ အမှတ် ၆ ရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
၈၈မျိုးဆက်ကျောင်းသားများ ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ယနေ့ (သြဂုတ်လ၊ ၅ ရက်)
ညနေ ၃း၀၀ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်း၌ ကျင်းပရာ မမီးမီးမှ ခရီးစဉ်အတွေ့အကြုံများကို ရှင်း လင်းပြောပြစဉ်။
၈၈မျိုးဆက်ကျောင်းသားများ ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် ဗီးနပ်စ်
ဂျာနယ်မှ " ရိုဟင်ဂျာကိစ္စသည် နိုင်ငံတကာတွင် လူ့အခွင့်အရေး ကိစ္စဖြစ်နေကြောင်း၊ ၈၈အနေဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ မည်သို့မြင်ပါသနည်း" ဆိုသည့်အမေးကို မင်းကိုနိုင်က ပြန်လည်ဖြေကြားရာတွင် "ကျွန်တော်တို့ ကိုယ်တိုင်လည်း လူ့အခွင့်အရေးအတွက် အမြဲတိုက်ပွဲဝင် နေရဆဲဖြစ်ကြောင်း၊ ရခိုင်ဒေသကိစ္စမှာ လူ့အခွင့်အရေး ရှုထောင့်တခုတည်းမှ ကြည့်၍ မပြည့်စုံကြောင်း၊ သမိုင်းကြောင်းနှင့် ချီ၍ ရှင်းရမည့်ကိစ္စများ၊ ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်မှုများအပါအ၀င် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရမည့် စဉ်းစားစရာများ ရှိကြောင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဆန်ဆန် ဖန်တီး၍ နောက်ကွယ်မှ အကြံအစည်များ ရှိနေသလို ၀ါဒဖြန့်ချီမှုများ လည်း ရှိနေသည်ကို ဂရုပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံသားအခွင့်အရေး တိုင်းရင်းသား အခွင့်အရေးများနှင့် အခြားရှုထောင့်များကလည်း ကြည့်ကြရမည် ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ ထိုမေးခွန်းကို ကိုကိုကြီးက ဖြည့်စွက် ဖြေကြားရာတွင် လူသားချင်းစာနာသည့် ရှုထောင့်အပြင် အမျိုးသားပြန်လည် သင့်မြတ်ရေး ရှုထောင့်၊ နိုင်ငံသားဖြစ်မှု ဆိုင်ရာရှုထောင့် တို့မှလည်း ကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment