Saturday, 11 August 2012
Posted: 10 Aug 2012 09:48 PM PDT
သာပေါင်းမြို့နယ်ရေကြီး 11.8.2012(Photo-Popular Myanmar News Journal )
ခုတလော မြန်မာပြည်မှာ မိုးတွေရွာတယ် ရေတွေကြီးတယ်ဆိုတော့ အတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ မိုးမရွာတော့
လဲ မရွာလို့ ရွာလိုက်တော့လဲ ရွဲ့သလားမှတ်ရတယ် ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် ရေကြီးတယ် ရေလျှံတယ်ဆိုတာတွေ
နားမဆံအောင် ကြားနေရတဲ့ တို့ပြည် ဖြစ်နေပါပေါ့။ ရေဘေးကြောင့် ဒုက္ခတွေရောက်ကြတာ ကြားရ မြင်ရတာ အင်မတန်မှ စိတ်ညစ်ညူးဖို့ ကောင်းလှပါတယ်။
ဒီလိုအချိန်မှာ အရင်တုန်းက NGO တစ်ခုမှာ လုပ်တုန်းက ရေကြီးရင် အရေးပေါ် သဲအိတ်တွေ နဲ့ကာကွယ်ရမယ့် နည်းစနစ်လေးတွေ ပြင်ဆင်ခဲ့ဖူးတာလေးကို ပြန်ပြီးတော့ သတိရမိတယ်။ အတိအကျ အရင်ကလုပ်ခဲ့တာမျိုး ပြင်ဆင်ပေးခဲ့တာ
မျိုးတော့ မဟုတ်ပေမယ့် အတတ်နိုင်ဆုံး အဆင်ပြေမယ့် ပုံစံလေးတွေနဲ့ ဘယ်လိုဘယ်ပုံဆိုတဲ့ နည်းလမ်းလေးတွေကို စနစ်တကျဖြစ်အောင် ပြန်ရေးပြချင်ပါတယ်။ တယောက်တလေလောက် ဖတ်မိလို့ သုံးဖြစ်မယ် အသုံးဝင်ခဲ့မယ်ဆိုရင် ရေးရကျိုး
နပ်တယ်လို့ ခံယူပါတယ်။
ရေတွေ ရုတ်တရက် ကြီးလာတဲ့နေရာတွေ တိုးလာတဲ့ နေရာတွေမှာ သဲအိတ်နဲ့ ကာကွယ်တာဟာ အတော်လေး ထိရောက်တဲ့ နည်းလမ်းပါ။ ရေအမြင့် လေးငါးပေ အမြင့်လောက် တိုးလာတဲ့ ရေကို သဲအိတ်သုံးပြီးတော့ ထိထိရောက်ရောက် ကာကွယ်နိုင်ပါ
တယ်။ ကာကွယ်တဲ့နေရာမှာ နေရာဒေသတစ်ခုကို ကာကွယ်တာ၊ အရေးကြီးတဲ့ နေရာတွေကို ကာကွယ်တာ၊ သောက်ရေကန်၊
 ရေတွင်း စတဲ့ နေရာတွေကို ကာကွယ်တာ၊ အိမ်တံခါးပေါက် စတဲ့နေရာတွေကို ကာကွယ်တာ စသဖြင့် ပုံစံအမျိုးမျိုး နေရာအမျိုး
မျိုးအတွက် သင့်လျှော်လိုက်ဖက်မယ့် နည်းစနစ်တွေ ရှိကြပါတယ်။
သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်တဲ့နေရာမှာ သဲအိတ်လုပ်မယ့် အိတ်ကိုရွေးချယ်တာကအစ သဲဖြည့်တာ၊ သဲအိတ်စီတာ
စတဲ့အဆင့်ဆင့်မှာ နည်းစနစ် ကျနဖို့လိုပါတယ်။
သဲအိတ်ပဲကွာအိတ်ထဲသဲထည့်ပြီးတော့ ရေတိုးတဲ့နေရာကို ကားထားရင် မပြီးဘူးလားမေးရင် မပြီးဘူးလို့ပဲ ပြောရမှာပါ။
 ဖြစ်သလို စနစ်တကျ ပြင်ဆင်ပြုလုပ်ထားခြင်း မရှိတဲ့ သဲအိတ်တွေဟာ ပင်ပန်းတာပဲ အဖတ်တင်ပြီးတော့ ထိရောက်စွာ
 ကာကွယ်မှု မပေးနိုင်ပါဘူး။
သဲအိတ်တွေကို စီပုံစီနည်းတွေကို မရေးပြခင် အရင်ဆုံး သဲထည့်တာက စပြီးတော့ ရေးပြချင်ပါတယ်။ သဲထည့်ဖို့အတွက်
 ပထမဆုံး ထည့်စရာအိတ်တွေကို ရွေချယ်ရပါမယ်။ သဲထည့်ပြီး သဲအိတ်အဖြစ် အသုံးပြုမယ့် သဲအိတ်ရဲ့ အရွယ်အစားကလဲ
အရေးကြီးပါတယ်။ ၁၄လက်မ အဝကျယ်နဲ့ ၂၄ လက်မကနေ ၂၆ လက်မ ရှည်တဲ့ အိတ်ဆိုဒ်က အဆင်အပြေဆုံး သုံးနိုင်တဲ့
ဆိုဒ်ပါပဲ။ ကျန်တဲ့ အိတ်အရွယ်အစားတွေ အသုံးပြုနိုင်ပေမယ့် ဒီအရွယ်အစားက အသင့်အလျှော်ဆုံးပါပဲ။ ကိုင်တွယ် အသုံးပြုရ
တာကော သဲအလေးချိန် အချိန်တစ်ဆယ်လောက် (၃၅ ကနေ ၄၀ ပေါင်) ထည့်ပြီးတော့ သုံးနိုင်လို့ပါ။ ဒီလောက် အလေးချိန်ဆို
ရင် အဆင်ပြေပြေ သယ်ယူစီထားလို့ ရတဲ့ အနေအထားပါ။ မရတော့လဲ ရနိုင်တဲ့အိတ်ကို အဆင်ပြေသလို သုံးနိုင်ပါတယ်။
ပုံ (၁) သဲအိတ်ဖြည့်နည်း အမှန်
သဲအိတ်တွေကို သဲဖြည့်တဲ့အခါမှာ အိတ်တစ်ဝက်လောက်ပဲ ဖြည့်ပြီးတော့ အိတ်အဝနားကနေ ကပ်ပြီးတော့ အိတ်ကို ချည်နှောင်
သင့်ပါတယ်။ သဲအိတ်ကို ပြည့်တင်းနေအောင် မဖြည့်ရဘူးဆိုတဲ့ သဘောပါ။ အပြည့်အတင်း ဖြည့်လိုက်ခြင်းအားဖြင့် အလေး
ချိန်ကြောင့် သယ်ယူရတာ အဆင်မပြေ ဖြစ်နိုင်သလို အဓိကအားဖြင့် တင်းရင်းနေတဲ့ သဲအိတ်တွေကို စီထားခဲ့ရင် သဲအိတ်တစ်
ခုနဲ့ တစ်ခုကြားက လစ်လပ်နေတဲ့ နေရာတွေကနေ ရေစိမ့်ဝင်နိုင်လို့ပါပဲ။ ခပ်ပျော့ပျော့ အပြည့်မဖြည့်ထားတဲ့ သဲအိတ်ကို
အသုံးပြုခြင်းအားဖြင့် တစ်အိတ်နဲ့တစ်အိတ် စီထပ်တဲ့နေရာမှာ အကြားအလပ်မရှိအောင် စီနိုင်ပြီးတော့ ပိုပြီးတော့ ခိုင်မာကျစ်လ
စ်တဲ့ သဲအိတ် အကာအကွယ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ပုံ (၂) သဲအိတ်ဖြည့်နည်း အမှားများ
သဲအိတ်စီနည်းတွေထဲမှာ ပထမဆုံး ပြချင်တဲ့ ပုံစံကတော့ တာပုံစီတဲ့နည်းပဲ ဖြစ်ပါတယ်။ စီပုံစီနည်းကို အရင်ရေးပြပြီးမှ သဲ
အိတ်တွေ စီတဲ့နေရာမှာ လိုက်နာရမှာတွေ ရေးပြပါ့မယ်။ တာပုံစီနည်းကို အင်နဲ့အားနဲ့ တစ်နေရာကနေ စီးဆင်းလာတဲ့ ရေအနေ
အထားမှာ အသုံးပြုသင့်ပါတယ်။ ဥပမာပြောရင် မြစ်ချောင်းတွေကနေ ရေတိုးလာတဲ့ နေရာမျိုးတွေမှာ ဖြစ်ကမ်းနား ချောင်းကမ်း
နားတွေမှာ စီပြီးတော့ ကာကွယ်ရာမှာ သိပ်အသုံးဝင်တဲ့ နည်းဖြစ်ပါတယ်။
ဒါ့အပြင်ရပ်ကွတ်တစ်ခု၊အိမ်တစ်စု၊ကယ်ဆယ်ရေးစခန်းတစ်ခုကိုပတ်ပြီးတော့စီထားပြီး နေရာတစ်ခုကို ရေကြီးတာကနေ
ကာကွယ်ပေးဖို့လဲ အသုံးဝင်ပါသေးတယ်။
ပုံ (၃) တာပုံစီနည်း
ဒီလိုသဲအိတ်စီတော့မယ်ဆိုရင် ဖြစ်နိုင်ရင် သဲအိတ်စီမယ့် နေရာတစ်လျှောက်မှာ မြောင်းတစ်ခု အရင်တူးသင့်ပါတယ်။ စီထားတဲ့ သဲအိတ်တွေကို ရေအရှိန်နဲ့ နောက်ပြန်မရွေ့စေဖို့အတွက် ထိန်းချုပ်ထားမယ့် နေရာတစ်ခု ဖန်တီးတဲ့ သဘောဖြစ်ပါတယ်။ သဲအိတ်တွေရဲ့ အောက်ဆုံးအလွှာ မစီခင်မှာ ဒီမြောင်းကို အရင်တူးထားရပါတယ်။ မြောင်းရဲ့ အကျယ်က သဲအိတ်နှစ်အိတ်စာ၊
 အနက်က တစ်အိတ်စာဆိုရင် လုံလောက်ပါပြီ။
ရေတိုးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် သဲအိတ်တာရဲ့ လိုချင်တဲ့ အမြင့်ပေါ်လိုက်ပြီး စီမယ့်သဲအိတ်တွေရဲ့ အကျယ်ကို သုံး
ဆဖြစ်အောင် စီသင့်ပါတယ်။ ဒီစီနည်းက အင်မတန် အသုံးဝင်သော်လည်း သဲအိတ်အရေအတွက် အများကြီးလိုပါတယ်။ 
ဒါကြောင့်မို့ မိမိလိုအပ်မယ်ထင်တဲ့ အမြင့်ကို ရရှိအောင် သဲအိတ်ဘယ်လောက် စီစဉ်ရမယ်ဆိုတာ အောက်က ပုံသေနည်းနဲ့
 ကြိုတင်တွက်ချက် စီစဉ်ထားလို့ရပါတယ်။ တွက်တာကတော့ သဲတစ်အိတ်စာ အကျယ်နဲ့ တွက်ချက်တာပါ။ သဲတစ်အိတ်ကို 
တစ်ပေလို့ ခန့်မှန်းချေ တွက်ချက်ပါတယ်။
ပုံသေနည်းကတော့
သဲအိတ် အရေအတွက် = (၃ x သဲတာအမြင့်) + (၉ x သဲတာအမြင့် x သဲတာအမြင့်) / ၂
ဥပမာပြောရရင် ၃ ပေမြင့်တဲ့ သဲတာတစ်ခုအတွက် သဲအိတ်တစ်တန်းစာ သဲအိတ်ပေါင်း
= (၃ x ၃) + (၉ x ၃ x ၃) /၂ = ၄၅ အိတ်
ဒါကြောင့်မို့
၁ ပေအမြင့်အတွက် ၆ အိတ်
၂ ပေအမြင့်အတွက် ၂၁ အိတ်
၃ ပေအမြင့်အတွက် ၄၅ အိတ်
၎ ပေအမြင့်အတွက် ၇၈ အိတ်လိုပါမယ်။ ဒါက သဲအိတ်တစ်အိတ်စာ အကျယ်အတွက်ပဲ တွက်ချက်တာရှိပါသေးတယ်။
သဲအိတ်စီမယ့် နေရာရဲ့ အလျားနဲ့ တွက်ချက်ရရင်တော့ ပေတစ်ရာ အလျားရှိတဲ့ တာတစ်ခုအတွက်ဆိုရင် သဲအိတ် အဆတစ်ရာ
 လိုတာပေါ့။ အဲဒိတော့
၁ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၆၀၀
၂ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၂၁၀၀
၃ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၄၅၀၀
၎ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၇၈၀၀ လိုအပ်ပါမယ်။
သဲအိတ် အလုံအလောက် မရရှိနိုင်တဲ့ ဒေသတွေမှာတော့ သဲအိတ်အခြေ အကျယ်ကို အမြင့်ရဲ့ နှစ်ဆအနေနဲ့လဲ သုံးကြပါသေး
တယ်။ ဒီနည်းနဲ့ စီမယ်ဆိုရင်တော့ ပေတစ်ရာ အလျားရှိတဲ့ တာတစ်ခုအတွက်တော့
၁ ပေအမြင့်အတွက် ၆ အိတ်ပေါင်း ၆၀၀
၂ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၁၇၀၀
၃ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၅၅၀၀
၎ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၉၀၀၀ လိုအပ်ပါမယ်။
ရှေ့အပိုင်းက အဆက်ဖြစ်တဲ့ တာပုံစီနည်းမှာ သဲအိတ်တာရဲ့အခြေကို သဲအိတ်တာရဲ့ အမြင့်ရဲ့ နှစ်ဆနဲ့ စီတဲ့ပုံကို ဖော်ပြပေး
လိုက်ပါတယ်။
ပုံ (၄) တာပုံစီနည်း (၂)
သဲအိတ်တွေကို စီတဲ့နေရာမှာ သဲအိတ်တွေကို အချင်းချင်း ထပ်တဲ့နေရာဟာ အလွန်အရေးကြီးပါတယ်။ သဲအိတ်တွေကို 
တစ်ဝက်၊ ဒါမှမဟုတ် သုံးပုံ နှစ်ပုံပဲ ထည့်ထားတဲ့အတွက် သံအိတ်တွေမှာ သဲမရှိတဲ့ အပိုင်းတွေ ရှိနေပါလိမ့်မယ်။ အဲ့ဒိ သဲ
လွတ်နေတဲ့ အိတ်ခွံအပိုင်းကို အခြားအိတ်တစ်ခုက အပေါ်ကနေ ဖိစီပြီး ထပ်သွားခြင်းအားဖြင့် သဲအိတ်များအကြား အကြားအလပ်နည်းခြင်း၊ ရေစိမ့်ဝင်မှု နည်းပြီး ကာကွယ်နိုင်မှု မြင့်မားခြင်း၊ တစ်အိတ်နဲ့တစ်အိတ် ထောက်ပံ့ထားနိုင်သည့်
အတွက် ခိုင်ခန့်ခြင်း၊ အလွယ်တကူ ကျိုးပေါက် ပျက်စီးနိုင်မှု မရှိခြင်း စတဲ့အကျိုးတွေ ရနိုင်ပါတယ်။
ပုံ (၅) သဲအိတ် နေရာချပုံ (၁)
ပုံ (၆) သဲအိတ် နေရာချပုံ (၂)
သဲအိတ်တွေကို နေရာချတဲ့အခါမှာ သဲပြည့်ပြီး တင်းနေတဲ့ ဘက်ကို ရေလာရာဘက်ဆီမှာ ထားပြီးတော့ စီသင့်ပါတယ်။
ပုံ (၇) သဲအိတ်နေရာချပုံ (၃)
သဲအိတ်တွေကို အလွှာလိုက် နေရာချပြီးတော့ စီတဲ့နေရာမှာ ပထမတန်းရဲ့ သဲအိတ်နှစ်ခုချင်စီ အဆက်နေရာတွေကို နောက်
တစ်တန်းမှာ အုတ်စီသလို ပြန်ကာပြီးတော့ စီခြင်းအားဖြင့် ရေယိုစိမ့်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါမယ်။ သဲအိတ်တွေ
ရဲ့ ခိုင်ခံမှုကိုလဲ ပိုမိုအားကောင်းစေပါတယ်။
ပုံ (၈) သဲအိတ်တာ၏ ပထမအလွှာ စီပုံကို အပေါ်စီးမှ မြင်ရပုံ
သဲအိတ်တွေ စီကြတော့မယ်ဆိုရင် အရေးကြီးတာက စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် လုပ်ဖို့ပါပဲ။ ရေတက်လာပြီဆိုရင် သဲအိတ်စီ
တဲ့သူ အတော်များများက အလောတကြီးနဲ့ အလျှင်စလို လုပ်တတ်ကြတာ များပါတယ်။ သေသေချာချာ ကြိုတင်ပြင်ဆင်ခြင်း 
မရှိတဲ့ သဲအိတ်စီခြင်းတွေက လုပ်အားကို ဖြုန်းတီးတာ သက်သက်ပါပဲ။ သဲအိတ်စီတဲ့ ပုံစံနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ဖော်ပြပေး
လိုက်ပါတယ်။
ပုံ (၁၀) သဲအိတ်စီနည်း အမှား
အပေါ်က ပုံတွေကို ကြည့်မယ်ဆိုရင် ပုံစံအမှန်က အကြားအလပ်နည်းပြီး ပုံစံအမှားမှာက အကြားအလပ်တွေ များတာကို တွေ
့နိုင်မှာပါ။ လက်တွေ့မှာဆိုရင် ပိုပြီးတော့ ဆိုးတဲ့အနေအထားကို ကြုံနိုင်ပါတယ်။ အကြားအလပ်နည်းတယ်ဆိုတာ သဲတာရဲ့ 
ခိုင်ခန့်မှု၊ ရေစိမ့်ဝင်နိုင်မှု နည်းပါမှု၊ ကာကွယ်နိုင်စွမ်း မြင့်တာတွေရဲ့ ပြယုတ်ပါပဲ။ ဘာပဲပြောပြော အထူးသတိထားရမှာက
 သဲအိတ်တစ်လွှာ ခင်းပြီးတိုင်း ကြားထဲက လစ်လပ်နေတဲ့ နေရာတွေကို သဲနဲ့ဖြည့်ပေးဖို့ပါပဲ။
တာပုံ သဲအိတ်စီနည်းကို ပိုမိုကောင်းမွန်အောင် အလွယ်တကူ ရေမဝင်နိုင်စေရန် ပလပ်စတစ်အလွှာတွေ အသုံးပြုပြီး ပြုလုပ်နိုင်
ပါတယ်။ ကြာရှည်စွာ ရေတက်နေ၊ ရေကြီးတတ်တဲ့ ဒေသတွေအတွက် အလွန်ပင် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပလပ်စတစ်အစတွေကို ပြုလုပ်ထားတဲ့ သဲအိတ်တာပေါ်မှာ ထပ်ပြီးခင်းတဲ့သဘောပါ။ တော်ရုံနဲ့ ရေမစိမ့်နိုင်တော့သလို ရေ
တိုးနေတဲ့ ဒဏ်ကိုလဲ ခံနိုင်ရည် ပိုရှိလာပါမယ်။
ပုံ (၁၁) ပလပ်စတစ်အားဖြည့် သဲအိတ်တာ
ပလပ်စတစ်အစကို ရေလာရာဘက် ရေတိုးရာဘက်ပိုင်းမှာ ဖြန့်ခင်းပြီး အခြေနားမှာတစ်နေရာ တာရဲ့ထိပ်ဆုံးမှာတစ်နေရာ သဲအိတ်တွေနဲ့ သေသေချာချာ ဖိပြီးတော့ တပ်ဆင်ရပါမယ်။ မြစ်ကြောင်းတစ်လျှောက်၊ ချောင်းရိုးတစ်လျှောက်မှာ ပြုလုပ်ထားတဲ့
 တာမျိုးဆိုရင်တော့ ပလပ်စတစ်စကို ရေလမ်းကြောင်းနဲ့ အလျှဉ်းသင့်အောင် တစ်ခုနဲ့တစ်ခု ထပ်ပြီးတော့ သုံးစွဲသင့်ပါတယ်။ ထပ်တဲ့ပုံစံ ပြောင်းပြန်ဖြစ်ပါက ပလပ်စတစ်ကြားထဲ ရေတိုးဝင်ပြီးတော့ တာကျိုးနိုင်တဲ့အထိ ဖြစ်နိုင်လို့ သေသေချာချာ ပြုလုပ်
သုံးစွဲ သင့်လှပါတယ်။
ပုံ (၁၂) ရှည်လျှားသော သဲအိတ်တာအတွက် ပလပ်စတစ်စ ခင်းနည်း
ပလပ်စတစ်စ တစ်စနှင့်တစ်စကို အနည်းဆုံး သုံးပေလောက် ထပ်ပေးဖို့လိုပါတယ်။ ရေအောက်ဘက်ကို အရင်ခင်းပြီးမှ ရေတင်
ဘက်ကို ခင်းပေးရပါမယ်။ ပလပ်စတစ်စ ခင်းပြီတဲ့နောက် သဲအိတ်တွေနဲ့ တာထိပ်မှာ တစ်လိုင်း ရေလာရာဘက် အခြေမှာ တစ်
လိုင်း ဖိထားပေးဖို့တော့ လိုအပ်ပါမယ်။
ရေကြီးတဲ့ဒေသတွေအတွက် အရေးအကြီးဆုံးကတော့ သောက်သုံးရေပါပဲ။ ရေကြီးရေတက်လာတဲ့ အခါမှာ နေရာဒေသအ
မျိုးမျိုးက အညစ်အကြေးတွေ ပျော်ဝင်စီးဆင်းလာတာတွေဟာ ရေတွင်းတွေ ရေကန်တွေဆီကို ဒလဟော ဝင်ရောက်တတ်ပါ
တယ်။ အဲလိုမျိုး အညစ်အကြေးတွေ ဝင်ရောက်တဲ့အတွက် သောက်သုံးရေသန့် အခက်အခဲ ဖြစ်တတ်ပါတယ်။ သန့်ရှင်းတဲ့
 သောက်သုံးရေ မရရှိတဲ့အတွက် ရေကြီးရာဒေသတွေမှာ မျက်စေ့နဲ့ ပတ်သက်တဲ့ရောဂါတွေ၊ ဝမ်းရောဂါလိုမျိုး ကူးစက်ရောဂါတွေ ဖြစ်ပွားတတ်ကြပါတယ်။ ဒါကြောင့်မို့ ရေတွင်းရေကန်တွေကို သေသေချာချာ ကာကွယ်ထားသင့်ပါတယ်။
ရေကန်တွေကိုဆိုရင် တာဘောင်တစ်လျှောက်မှာ သဲအိတ်တွေနဲ့ ပလပ်စတစ်စတွေ အသုံးပြုပြီးတော့ ကာကွယ်သင့်သလို၊
 ရေတွင်းတွေကိုလဲ သဲအိတ်တွေနဲ့ ကာကွယ်ထားသင့်ပါတယ်။ ဒီလိုကာကွယ်ခြင်းအားဖြင့် အညစ်အကြေးအရည်တွေ မြေသား
မှတဆင့် စိမ့်ဝင်တာကို မကာကွယ်နိုင်ပေမယ့် တိုက်ရိုက် ဝင်ရောက်ခြင်းမှ ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ တိုက်ရိုက်
ဝင်ရောက်ခြင်း မရှိတဲ့ရေကို ပိုမိုစိတ်ချစွာ သောက်သုံးနိုင်သလို၊ ကလိုရင်းခတ်ခြင်း ကျိုးချက်ခြင်းတို့ကိုလဲ အလွယ်တကူ ပြုလုပ်
သန့်စင်လို့ ရနိုင်ပါတယ်။
ပုံ (၁၃) ရေတွင်းကို သဲအိတ်စီ၍ ကာကွယ်ထားပုံ
သဲအိတ်တွေနဲ့ ရေကြီးတာကို ကာကွယ်တဲ့ အဓိကရည်ရွယ်ချက်က ရေတက်လာတာ၊ ရေကြီးလာတာကို လုံးလုံးဖယ်ရှားနိုင်
တာမျိုး မဟုတ်ပေမယ့် ရေကြီးခြင်း ရေတက်ခြင်းကို ထိရောက်စွာ အဟန့်အတား ဖြစ်စေပြီးတော့ ရေစီးကြောင်းကို နှေးစေခြင်း အားဖြင့် ရေတိုက်စားခြင်း၊ ကမ်းပြိုးခြင်း စသည်တို့ကြောင့် ဖြစ်ပွားသည့် နောက်ဆက်တွဲ ပြဿနာများကိုတော့ ထိထိရောက်ရော
က် ကာကွယ်နိုင်ပါတယ်။ သဲအိတ်ဖြင့် အကာအကွယ် လုပ်ခြင်းအားဖြင့် ရေကြီးခြင်းကြောင့် ဖြစ်ပွားတဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
ရေတိုးရာ လမ်းကြောင်းကို သဲအိတ်များ စီခြင်းဖြင့် လမ်းကြောင်းလွှဲခြင်းအားဖြင့် ပျက်စီးဆုံးရှုံးမှုတွေကို လျော့ချနိုင်ခြင်း၊ အရေးကြီးသော နေရာများကို ကာကွယ်နိုင်ခြင်း စတဲ့အကျိုးတွေကိုလဲ ရနိုင်စေပါတယ်။
သဲအိတ်များစီပြီး ရေကြီးခြင်းကို ကာကွယ်ရာမှာ အဓိကထား ကာကွယ်သင့်တဲ့ နေရာတွေကတော့ ဆေးရုံ၊ ဆေးခန်း၊
 စာသင်ကျောင်းကဲ့သို့သော လူအများကို ကယ်ဆယ် ထားရှိနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ မြစ်ချောင် တစ်လျှောက် ရေတိုးနိုင်တဲ့ နေရာတွေတင်သာမက အဆိုပါနေရာတွေကိုလည်း ဦးစားပေးပီးတော့ ကာကွယ်သင့်ပါသေးတယ်။ ထိုသို့ကာကွယ်ရာမှာ ရေတိုးလာမယ့် ရေစီးကြောင်းတွေကို လေ့လာတွက်ချက်ပြီးတော့ စနစ်တကျ စီစဉ်ကာကွယ်သင့်ပါတယ်။ အဆောက်အဦးတွေကို ကာကွယ်ထားတဲ့ သဲအိတ်နံရံတွေကို ငါးပေခြားတစ်နေရာလောက်စီ သဲအိတ်လေး ငါးအိတ်လောက်နဲ့ ထောက်ကန်ထားပေးဖို့လဲ လိုအပ်ပါသေးတယ်။
ပုံ (၁၄) သဲအိတ်များဖြင့် ရေတိုက်စားခြင်းမှ ကာကွယ်ထားပုံ
ရေစီးရာလမ်းကြောင်းကို သေချာစွာ လေ့လာပြီး ရေဦးတိုက်ရာ နေရာတွေကို သဲအိတ်အပြင် အခြားအကာအကွယ်များကိုလဲ ထပ်မံတပ်ဆင်သင့်ပါသေးတယ်။ ပုံမှာဆိုရင် ရေဦးတိုက်ရာ နေရာတည့်တည့်မှာ သစ်သားနဲ့ ပြုလုပ်တဲ့ အကာအကွယ်နဲ့ 
အားဖြည့်ပြီး သဲအိတ်များနဲ့ ထောက်ကန်ထားပေးပါတယ်။
ကို သာ ပို Facebook
Posted: 10 Aug 2012 07:02 PM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ စက်ရုံစုံရပ်ကွက်ကို မွတ်ဆလင်ဘာသာဝင် ကုလားတွေက
 မီးရို့ တော့ တရပ်ကွက်လုံး မီးလောင်ပြာကျသွားခဲ့ ရပါတယ် ။ ဒါပေမဲ့  ဒီလိုစက်ရုံစုရပ်
ကွက်ကို မီးရို့ သူတွေဟာ စစ်တွေမြို့ က ရခိုင်လူမျိုးတွေ ရို့ တဲ့  မီးလို့  လိမ်ပြီး ပြောချင်ကြ
ပါသေးတယ် ။ ဒါပေမဲ့  အဲဒီလို လိမ်ညာလို့  မရတဲ့ အတွက် မီးလောင်မြေပြင်ကို အကွက်ချ
 ပေးရင် ဘယ်လိုလာဘ်စားတဲ့  လူတွေနဲ့  ပေါင်းသင်းပြီး လာဘ်ငွေထိုးကာ လုပ်ကြရမယ်
လဲ ဆိုတာ ကြံစည်နေကြပြီဆိုတာ ကြားရပါတယ် ။
စစ်တွေမြို့ က စက်ရုံစုရပ်ကွက် ( ယခင် နာဇီရပ်ကွက်ဈေး ) ဟာ -၂၀၀၁-ခုနှစ် ဖေဖေ၀ါရီ
လ-၅-ရက်နေ့ ကလဲဘဲ အခုလို ကုလား-ရခိုင်အဓိကရုဏ်းကြောင့် ပထမတကြိမ်
 မီးလောင်ပြာကျခဲ့ ရဖူးပါပြီ ။ အဲဒီတုံးက စက်ရုံစုဈေးကို မီးရို - နေအိမ်တွေကို မီးရို့ နဲ့ 
 လုပ်ခဲ့ ကြလို့  ဦးဗိုလ်ထွန်းရဲ့  စိမ်းရုပ်လွှာ စာရေးကရိယာနဲ့  အထွေထွေသမ၀ါယမလုပ်
ငန်းနဲ့  လည်ပတ်နေတဲ့ စက္ကူစက်လဲ မီးထဲပါဝင်ခဲ့ သွားပါတယ် ။ စက္ကူစက်ဟာ ကျောင်းသုံးစာရေးစက္ကူတွေအတွက် ထုတ်လုပ်ဖြန့် ချီ ပေးနိုင်ခဲ့ ပါတယ် ။
 ဧရိယာအားဖြင့် ( ဒသမ.ရ၆ ) ဧက ရှိပါတယ်။
၂၀၀၁-ခုနှစ် မတ်လ-၂-ရက်နေ့ မှာတော့ မီးလောင်ခံရတဲ့  ရခိုင်လူမျိုးတွေနဲ့  ဘင်္ဂလီမွတ်ဆလင်ဘာသာဝင် လူမျိုး
( မှတ်ချက်- အခုအချိန်လို သမိုင်းလိမ်ကုလားနာမည်တွေနဲ့  ရေဒီယိုတွေ -မီဒီယာတွေ -ပြည်တွင်းပြည်ပတွေက မပြောဆိုခဲ့ ကြ
ပါ ) တွေကို ခေါ်ယူပြီး မြေနေရာချထားပေးပါတယ် ။ လူတဦးကို ပေ-၂၀-၅၀ စီ အကွက်ချ ပေးတော့ တချို့  မွတ်ဆလင်ဘာသာ
ဝင် ဘင်္ဂလီကုလားတွေက လာဘ်စားတဲ့  တာဝန်ရှိ လူတွေနဲ့  ပေါင်းပြီး အချောင်မြေကွက်တွေ ရသွားကြပြန်ပါတယ် ။ ယခုအရေး
အခင်း လှုံ့ ဆော် အဓိကဖန်တီးသူ နွားသတ်သမား ဦးခင်မောင်လှရဲ့  ဖခင်ဖြစ်သူ ဦးလှကျော်ဟာလဲဘဲ မြေကွက်တွေကို ရရှိသွား
ပါးသေးတယ် ။ ဦးဗိုလ်ထွန်းရဲ့  ( ဒသမ ရ၆ ) ဧက ဘိုးဘွားပိုင်မြေဂရမ်နဲ့  မြေပိုင်ရှင်အဖြစ် မြေစာရင်းဦးစီးဋ္ဌါနမှာ အမည်ပေါက်
သူအဖြစ် ရှိနေတော့ အခုလို မီးလောင်မြေပြင်အတွက် ( ၂၀-၅၀ ) အကွက်ချပေးမယ်ဆိုပြီး အကွက်ရိုက်တဲ့ အခါ မြေအ
ကွက်ပေါင်း ( ၃၀ ) အကွက်ပေးကြရမှာဖြစ်ပါတယ် ။
ဒါပေမဲ့  အံ့သြစရာအကောင်းဆုံး မြေနေရာအကွက်ချပေးသူတွေက ဦးဗိုလ်ထွန်းကို မြေ ( ၂၀-၅၀ )ကို ( ၃ ) ကွက်သာ ပေးပြီး ဦးဗိုလ်ထွန်းရဲ့ အလုပ်သမား မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုး အမျိုးသမီး ဒေါ်မလှစိန်ကိုတော့ မြေကွက် ( ၂၀-၅၀ ) နဲ့ 
အကွက် ( ၄ ) ကွက် ချပေးလိုက်တာပါဘဲ ။ ဒိပြင် တခြား ကုလားလူမျိုးတွေကိုလဲ ဦးဗိုလ်ထွန်းရဲ့  မြေကွက်တွေနဲ့  အခြားရခိုင်လူမျိုးတွေရဲ့  မြေကွက်တွေကို ချပေးလိုက်ကြပါတော့ယ် ။ ဒီလိုမြေကွက်ရိုက်ချပေးတာကို လက်မခံလို့ ဆိုပြီး တရားစွဲဖို့  ပြုလုပ်ခဲ့ ပေမဲ့ ဗိုလ်ခင်ညွန့် တို့  လက်စောင်းထက်တဲ့ ထောက်လှမ်းရေး စစ်အစိုးရလက်ထက်မှာမို့  လက်မှိုင်ချ နေခဲ့ 
ရပါတယ် ။ စစ်တွေမြို့ မှာ ထောက်လှန်းရေး သိန်းထွန်းကို နေအိမ်တလုံးဝယ်ပေးထားပြီး မိန်းမပေးစားကာ နွားသတ်လိုင်စင် ဦးခင်မောင်လှတို့ က ထောက်လှမ်းရေးတွေကို အိပ်ထဲ ထည့်ထားကြတဲ့ အချိန်ဖြစ်နေတဲ့ တွက် အခုလို ရခိုင်လူမျိုးတွေပိုင်တဲ့ 
 မြေကွက်တွေဟာ ကုလားနာမည်နဲ့  မြေကွက်တွေကို ချပေးခံလိုက်ရပါတယ် ။
၂၀၀၂-ခုနှစ် ဧပြီလ-၁၂-ရက်နေ့ မှာ ရခိုင်ပြည်နယ် ငြိမ်ဝပ်ပိပြားရေးနဲ့  တည်ဆောက်ရေးရုံးခမ်းမမှာ ၉/၂၀၀၂ -အဆုံးအဖြတ်
ချက်အရ မီးမလောင်ခင်မြေပုံနဲ့  မီးလောင်ပြီး အကွက်ချမြေပုံတွေကို စိစစ်ပြီး မူလမြေပိုင်ရှင်ကို မြေပိုင်ရှင်အဖြစ် သတ်မှတ်ပြီး မြေကွက်ကို ပြန်လည်ပေးရမည် ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့ ကြပါတယ် ။ အဲဒီနေ့ က ဗိုလ်မှူးချုပ် ဘုန်းဆွေ က
 ( ဒကစမှူး ကိုယ်စား ) ပယကအနေနဲ့  ဆောင်ရွက်တာဖြစ်ပါတယ် ။ ဗိုလ်မှူးကြီးသိန်းကြိုင် ၊ ပြည်နယ်တရားသူကြီး ဦးမြတ်မင်း
 ၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲအောင်မြင့် ၊ ဒုဗိုလ်မှူးကြီး မျိုးတင့် ( ဥက္ကဋ္ဌ ) ခယက ၊ ဦးမောင်ကြည် -လက်ထေက်ညွှန်ကြားရေးမှူး မြေစာရင်းဦးစီးဋ္ဌါန တို့ က အစည်းအဝေး ဆုံးဖြတ်ချက်ချတဲ့ နေ့ မှာ တာဝန်ရှိပုဂိုလ်များအဖြစ် သတ်မှတ်ပေးကြတာဖြစ်ပါတယ် ။
ဒါပေမဲ့  လက်တွေ့ မှာတော့ ဘိုးဘွားပိုင်မြေပိုင်ရှင်ဖြစ်သူ စက္ကူစက်ပိုင်ရှင် ဦးဗိုလ်ထွန်းဟာ သူ့ ရဲ့  အလုပ်သမား ကုလားမလောက်
 မြေကွက်တောင် မရရှိခဲ့ ရပါဘူး ။ ဒီတော့ ဒါတွေဟာ စစ်အစိုးရရဲ့  လက်အောက်မှာ ပြည်သူတွေ ခါးစည်းခံခဲ့ ရတဲ့  သဘောဖြစ်
တယ်လို့  မှတ် ယူပြီး မိသားစု ဘ၀ပျက်လောက်အောင်အထိ စီးပွါးရေးပျက်စီးကာ ရန်ကုန်ကို ပြောင်းရွှေ့ လုပ်ကိုင်စားသောက်ရ
ပါတော့တယ် ။ အဲဒီကုလား-ရခိုင်အဓိကရုဏ်းကြောင့်ဘဲ ဦးဗိုလ်ထွန်းဟာ -၅-ည နဲ့  အဖမ်းဆီးခံခဲ့ ရပြီး ထောင်-၆-လ ကျခံခဲ့ ရပါ
တယ် ။ မီးလောင်လို့  မိမိတို့  စီးပွါးရေး အဆောက်အဦတခုလုံး ပြာကျသွားတဲ့ အခါ မီးမငြိမ်းသတ်နိုင်ဘဲ ထောင်ထဲကို ဖမ်းဆီးပို
ခုနှစ် ၈-လေးလုံးအရေးအခင်းကာလ စစ်တွေမြို့  ထောင်ခါတဲ့ အခါမှာလဲဘဲ ဦးဗိုလ်ထွန်းဟာ ထောင်ထဲမှာ -၅-ညနဲ့  အဖမ်းဆီး
ခံနေရလို့  အကျဉ်းသားများကို ဘေးမသီရန်ခရအောင် ထောင်တွင်းမှ ဆောင်ရွက်ပေးခဲ့ တဲ့  ပုဂိုလ်တဦးဖြစ်ပါတယ် ။
အခုတော့ မြန်မာနိုင်ငံတော်က ပြောင်းလဲ လာနေပြီ ဖြစ်တဲ့ အတွက် အခုအချိန်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဒုတိယအကြိမ် မီးလောင်မြေ ဖြစ်နေတဲ့  စက်ရုံစု ရပ်ကွက် ( ယခင်နာဇီရပ်ကွက် ဈေး ) ကို သမ္မတဦးသိန်းစိန်က နစ်နာသူများကို ပြန်လည်နေရာချထားပေးမယ်ဆိုတဲ့ သတင်းကြားရပါတယ် ။ ဒီသတင်းကြောင့် ဦးဗိုလ်ထွန်းက တကယ်မူလဘိုးဘွားပိုင် မြေပိုင်ရှင်ဖြစ်တဲ့ အတွက် စစ်အစိုးရရဲ့  လက်ထက်က ဆုံးရှုံးနစ်နာသွားခြင်းကို တရားဥပဒေစိုးမိုးရေး
အရ တရားဥပဒေနဲ့ အညီ ပြန်လည်စစ်ဆေးပြီး မူလမြေပိုင်ရှင်ဖြစ်တဲ့  အတွက် အသနားခံစာ တစောင်ကို နိုင်ငံတော် သမ္မတဦး
သိန်းစိန်ထံ တင်ပို့ လိုက်ပြီလို့  သိရပါတယ် ။ စစ်အစိုးရလက်ထက်က လုပ်ချင်ရာ လုပ်နေခဲ့ ကြတဲ့  အခုလို ပြသနာမျိုးစုံကို
 တရားဥပဒေအရ နစ်နာသူများကို မနစ်နာရတော့အောင် ပြည်သူချစ်သော သမ္မတကြီး တဦးအနေနဲ့  သက်ညှာစွာ ဆောင်
ရွက်ပေးစေလိမ့်လို့  ဦးဗိုလ်ထွန်းက ခံယူနေပါတယ် ။
ဦးဗိုလ်ထွန်းရဲ့ လိပ်စာက အမှတ် ( ၆ ) -၅-လွှာ- သုဓမ္မာလမ်း-အထက်ကျောက်မြောင်းကြီးရပ်ကွက် -တာမွေမြို့ နယ်-ရန်ကုန်
တိုင်းဒေသကြီး -လက်ကိုင်ဖုံး- ၀၉၈၅၂၂၃၅၀ -ဖြစ်ပါတယ် ။ ဦးဗိုလ်ထွန်းက မိအေးနှစ်ခါ နာသလို ပထမတကြိမ် မူလမြေပိုင်
ရှင်ဘ၀ကနေပြီး ဘ၀ပျက်သွားရသလို အခုတခါလဲဘဲ ဒီမိုကရေစီအစိုးရလက်ထက်မှာ မြေကွက်တွေကို ကုလားလက်ထဲ ပေးခဲ
၂၀၀၂- ခုနှစ်က ဒုတိယဗိုလ်
မှူးကြီး ဘုန်းဆွေတို့  ဆုံးဖြတ်ချက်ကို ပြန်လည်ပြုပြင်ပြီး မူလဘိုးဘွားပိုင် မြေပိုင်ရှင်သူဖြစ်သူတွေကိုသာ အမြန်ဆုံး မနစ်နာ
ရအောင် စိစစ်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း တင်ပြလိုက်ရပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
Posted: 10 Aug 2012 09:20 AM PDT
တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး
 ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်းအလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း
 နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။
ပြန်ကြားရေဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ဆက်ဆံရေးကောင်းမွန်ပြီး သံတမန်ဆန်သည့် အလုပ်သမားဝန်ကြီး ဦးအောင်
ကြည်နှင့် အစား ထိုးဖွယ်ရှိကြောင်း ဦးကျော်ဆန်းသည် လူအများနှင့် ဆက်ဆံရေးမပြေပစ်သော်လည်း အလုပ်ကြိုးစားသူတစ်
ဦးဖြစ်၍ ဝန်ကြီးအဖြစ်မှ ယုတ်လျှော့ဖွယ် မရှိဟု ထပ်ဆင့်စုံစမ်းသိရှိရသည်။
ဝန်ကြီးများ တာဝန်အပြောင်းအလဲဖြစ်မည့် သတင်းများ မကြာခဏထွက်ဖော်ခဲ့ကြောင်း လက်ရှိဒုတိယသမ္မတရွေးချယ်မှု
မပြတ်သေး၍သာ အပြီးသတ် မဆောင်ရွက်နိင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးက နိင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဦးကျော်ဆန်းသည်လမ်းစဉ်ပါတီခေတ်ကည်းကသတင်းစာပညာတော်သင် စေလွှတ်ခံရသူတစ်ဦးဖြစ်ကြောင်း ပြန်ကြားရေးနှင့်
 ဦးကျော်ဆန်း က ခေသူတစ်ယောက်မဟုတ်ကြောင်း လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားခဲ့ဖူးသည်။
"ဒေါ်စု လွှတ်တော်တက်တဲ့ သတင်းပုံကို အခုပြည်သူတွေ ညတိုင်းစောင့်ကြည့်တယ် စက္ကန့်ပိုင်းလောက်ပဲ ဒေါ်စုကိုမြင်ရလို့ ဦးကျော်ဆန်းကို ပြည်သူတွေ မေတ္တာပို့သံ ညတိုင်းကြားရတယ်" ဟု ကြည့်မြင်တိုင်မြို့နယ်မှ ၈၈မျိုးဆက်တစ်ဦးက ဆိုသည်။
ဦးကျော်ဆန်း တော်သည်၊ မတော်သည်ကိုမသိကြောင်း ယခုသမ္မတ ဦးသိန်းစိန်၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်း
စဉ်များသည် ဦးကျော်ဆန်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် အာဃာတတရားကြောင့် ပြည်သူများ သိသင့်သလောက်မသိရကြောင်း ဒေါ်အောင်ဆန်း စုကြည်ပုံရိပ်ကို နှိမ့်ချထားလိုသည့် ဦးကျော်ဆန်း၏ ဆန္ဒကြောင့် ဒေါ်အောင်
ဆန်းစုကြည့်နှင့် သမ္မတကြီး၏ လှုပ်ရှားမှုပုံရိပ်များ ပျောက်ကွယ်နေရ ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
MP(Yangonchronicle)
Posted: 10 Aug 2012 08:08 AM PDT
မြန်မာပြည်ထဲနဲ. အနောက်နိုင်ငံတွေမှာ နေတဲ.သူတွေထဲက (အရေအတွက်များလွန်းတဲ. ကွန်ယက် များမြောင်တွေ ထဲ မှာ)
 ပညာရှင်တွေလိုလို၊ အာကာသဓါတ် ဆရာများလိုလို၊ ဘာသာမဲ.များလိုလို၊ အချို.ကလည်း ဘာမှ မစွက် ဘာသာရေးကိစ္စုတွေလို
လို၊ အနုအလှခံစားနည်းသင်တန်းတွေလိုလို၊ စေတီပုထိုးသမိုင်းရေးအုပ်စုလိုလို နဲ. အတွေးအခေါ်လမ်းကြောင်း
မချော်ချော်အောင်တမင်လုပ်နေတဲ. သူတို. ဂိုဏ်းသားတွေ ရှိပါတယ်။ တစုံတခု ကို မဖုံးမကွယ် စေတနာမှန်ရှိတယ်ဆိုရင်
 အမယ်များ၊၊ အာရုံများ၊ လူများ၊ စကားများ၊ ၀င်ကစားနေကြပေမဲ. --နံမယ်တွေ၊ ခေါင်းစဉ်တွေသက်သက်မှာ ဘာအပြစ်မှမရှိ
သလို ၊ဘာဖြစ်စဉ် ဘာရလဒ်မှလည်း ရှိလာမှာ မဟုတ်ပါဘူး။ ငါးသိုင်းများ ဟင်းဟုန်တတ်ပါတယ်။
ဒါပေမဲ. လုပ်နေတော. ကွန်ယက်၊ နှလုံးသားမှာ တော. အာဏာရှင်ကြီးပွား အဒွန်.ရှည်ရေး၊ ရေးသမျှ စာလုံးတိုင်းမှာ စစ်အစိုးရ
ကို ပဲ အများပြည်သူဖက် က အမြဲ ခေါင်းသျှို ပြီး ရိုရိုသေသေ ဒူးထောက်နေရမယ်၊ မိမိတို.ရရမဲ. အခွင်.အရေးတွေ ကိုလုံးဝ
 ပြဿနာမရှာပဲ သူတောင်းစားတောင်းသလို ၅ပြား ၁၀ပြား နဲ. တဖြည်းဖြည်းပဲ တောင်း ယူကြပါဆိုတဲ. အယူအဆ နဲ.ဆို---
ဒါတွေဟာ တဖက်သတ်ဆန်လွန်းတယ်။ ဆွဲဆောင်မှု မပါနိုင် တဲ. ဇတ်နိမ်. မီဒီယာ ဟန်ပြ ၀ါဒရေးရာတွေ သာဖြစ်တယ်။၊
အချိန်တွေ အလကားဖြစ်စေတဲ. အကာလုပ်ငန်းတွေ သက်သက်သာဖြစ်တယ်၊
မှန်မှန်ကန်ကန် ရေးကြမယ်။ စာတွေရေးကြမယ်။ စိတ်နဲ. အတွေးအခေါ် အဆင်.အတန်းတွေ ကို မိမိ တို.စာတွေ လုပ်ရပ်တွေ နဲ.
သက်သေပြုကြမယ်။ စာရေးဝါသနာပါတဲ. အကျင်. လေးတွေက က ဘယ်သူ.မှာ မဆို အလွန်နှစ်သက်စရာ ကောင်းတယ်။
သို.သော် လူအချို. ရဲ. ဂိုဏ်းအတ္တစွဲကြီးမှု၊ ဟန်ဆောင်မှု၊ မုသာဝါဒနဲ. ရည်ရွယ်ချက်မဲ. ကြမ်းတမ်းမှု ဒါတွေကို ကွန်ယက်တွေ နဲ.
 ဖုံးကွယ်ထားလို.မရဘူး။ စက်ဆုတ်စရာ အပြည်. ဖြစ်နေတဲ.အချို. ကွန်ယက်တွေမှာ ဇတ်နိမ်.မီဒီိယာ သမားတွေ အနေနဲ.
 မြက်ခင်းသစ် စတိုင်ကိုသာ ပျော်ပျော် ကြီး နွှဲနေကြပြီ ၊ မမှန်သော၊ကြမ်းတမ်းသော စကားများ ၊အလုပ်များ ကို ပြုမှသာ သာ သူတို.စားဝတ်နေရေးအာမခံချက်ရှိဟန် မျိုးဖြစ်ပါတယ်။ ဘင်ဂါလီ ကိစ္စ က ရခိုင် လူမျိုးတွေ မြန်မာတွေကို စိတ်ပင်ပန်းစေတယ်။
သူတို. ဘာတွေ လုပ်နေကြပါသလဲ။
ဒီလို တမင်ဖြစ်စေတဲ.သူတွေ မှာ တူသောအကျိုးတွေဖြစ်လာ လိမ်.မယ်လို. မျှော်လင်.ရတယ်။ အစိုးရကို မကြိုက်ကြသော်လည်း
 အများစုက မှန်သည်.ဖက်မှာ သာ ခိုင်ခိုင်ရပ်ပြီး ၊ ကိုယ်.၀မ်းစာ ကိုယ်ရှာစားပြီး တိုက်ပွဲဝင် ပေးကြမှာဖြစ်တယ်။ အစိုးရကို
 ကာကွယ်တယ်ဆို တာထက်၊ အားနည်းနေတဲ.ကိုယ်.နိုင်ငံအတွက် ၀င်ခံစားရပ်တည် ပေးနေကြတာဖြစ်တယ်။ (အိမ်ကျယ်
 အစိုးရက အပြင်ကမ္ဘာနဲ. ဆက်ဆံရေးမှာ အားနာပြီး အလုပ်သိပ်မဖြစ်တဲ.အတွက် ထွက်ရဲသူတွေ အားလုံး လမ်းကျယ်တွေ ဖြစ်အောင်လုပ်ထားရမယ်။)
အစိုးရကိုဝေဖန် ဆန်.ကျင်ကြသူများ လို. အကြမ်းဖျင်းပြောကြတဲ. အခါ၊ ဘာကြောင်. ဘယ်လို ဆန်.ကျင်နေကြသလဲဆိုတာကို
 မိုက်မိုက်ရိုင်းရိုင်း အပြစ်တင်ချင်သူတွေ တချက်စဉ်းစားဖို.ကောင်းပါတယ်။ နိုင်ငံတိုင်းမှာ အပြတ်အသတ် ပွဲတွေ ရှိကြတယ်။
၈၈၈၈ ဟာပေးလိုက်ရတဲ. အဖိုးအခကြီးလွန်းတယ်။ ဒါပေမဲ. သူတို.ခုတ်လှဲထားတဲ.သစ်ပင်က အလုပ် အချို.အတွက် အတက်အချို.ပြန်ထွက်နေပြီလို. ခံစားရတယ်။ ဒီ တခါထွက်လာတဲ. အညွန်. က လဲနေတဲ. သစ်ပင် တနေရာရာ ကပဲ။ ခေါင်ကေ
တာ. မဟုတ်လောက် နိုင် ဘူး။ ဒါက သဘောတရားတွေက ထွက်လာတဲ. အညွန်.လဲ မဟုတ်ဘူး။ မတရားမှုနဲ. ဆင်းရဲ ဒုက္ခတွေ မြန်မာပြည်က နေရာတိုင်းမှာ အပြည်.၊ ဒါကိုပဲ ကြည်.မှန်တချပ်လို လို ကြည်.နေတတ်သူတွေ မှာ ဒါပဲ မြင်စရာ သိစရာ ရှိတယ်။ ခေါင်းပေါင်းဝတ်လွှတ်တော် မှာတော. ဆင်း ရဲ မရှိဘူး။ မုသာဝါဒီတွေ ပဲ ကြီးစိုးနေတယ်။
အစိုးရက အာရုံအသစ်တွေ ပေးတတ်တယ်။ ၂၀၀၈ က စ လို. ၂၀၁၁ နဲ. ၂၀၁၂ အတွင်းမှာ စိတ်ဝင်စားစရာတွေ ဖြစ်လာခဲ.တယ်။
 လက်ငင်း အကျိုး မပေးတဲ. အာရုံသစ်တွေ လို.ပြောရင် ပိုမှန်မယ်။ လူ အနည်းငယ် အတွက်တော. အပြောင်းအလဲ တွေ ဖြစ်လာ
တယ်။ ရသလောက် ပဲ (တခြားရွေးစရာမရှိလို.) ယူခဲ.ရသူတွေ အတွက် ခပ်ခါးခါး အခွင်.အရေးတွေ လည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ. အာရုံအသစ်တခုရတိုင်း အပြောင်းအလဲ များတဲ. အကျင်.ရှိတဲ. အတိုက်အခံ ကို သာ အစိုးရ က အပြုံးမပျက် ဆက်ဖိ
ထားနိုင်ပါတယ်။ အာရုံအသစ်ဆိုတာကလည်း ၂မျိုးရှိပါတယ်။ အချို.လူတွေ က မိမိဖက်ကတခုခုရနိုင်တဲ.၊အားသာချက်များပါတဲ
.၊ အပေါ်စည်းကိစ္စ တွေ ၊ အခွင်.အရေးကောင်းတွေ မှာ လိုက်သဘောတူပေးတတ်တယ်။ အချို.လူတွေက မိမိဖက်ကဆုံးရှုံး နိုင်
တဲ. အားသာချက်နည်းတဲ. အောက်စည်းကိစ္စတွေ ၊ အခွင်.အရေးဆိုး တွေ မှာ ပဲ လိုက် တိုက်ပွဲဝင်ကြတယ်။
ဘာအာရုံ ပဲပဲ ဖြစ်ဖြစ် လူတွေ ကို အလုပ်များစေတာကတော.အမှန်ပဲဖြစ်ပါတယ်။ တခုခုရနိုင်ဖို.၊ အခွင်.အရေးကောင်း တွေမှာ
လိုက်နေတဲ.သူတွေ ရှိသလို၊ တဖက်မှာလည်း တခုခု ဆုံးနိုင်တဲ. အခွင်.အရေးဆိုးတွေ မှာလိုက်နေသူတွေ ရှိနိုင်ပါတယ်။
(အနောက်နိုင်ငံတွေက အကြမ်းဖက်သမား တွေ ဆိုတာ ဒီ လို အကွက်မျိုးတွေနဲ. တချက်ထဲ အသက်များစွာကို ယူခဲ.တယ်) ။
အခွင်.အရေး တွေ ကြောင်. မှားနေတဲ.သူတွေကို မျက်စ်မှိတ် ထောက်ခံ အသေကာကွယ်ပေးမဲ.သူတွေ သိပ်များလာရင်လည်း နိုင်ငံအတွက် ကြောက်ဖို.ကောင်းတယ်။ တဖက်မှာလည်း ခံရတာတွေက ထကြွမှု တွေ ဖြစ်လာပြီး၊ မှားမှားမှန်မှန် ကန်.ကွက်
မှုမှန်သမျှကို လုပ်နေကြအရာတခုလို မျက်စိမှိတ်၊ လိုက်သဘောတူပေးမဲ. သူတွေ၊ ပျော်ပျော် ကြီးဖီဆန်ပေးမဲ.သူတွေ၊ အသေ ဆန်.ကျင် ခြေကန်ထားမဲ.သူတွေ သိပ်များလာနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ.ရင် တည်နေဆဲ စနစ်အတွက် သာမက အားလုံးအတွက် ကြောက်ဖို.ကောင်းပါတယ်။
အများပြည်သူ တိုက်ရိုက်အကျိုးရမဲ. အပြောင်းအလဲအစစ်တွေကို အားလုံးက ရေငတ်သလိုတောင်.တ နေရတဲ.အခါမှာ ဘယ်သူမှကြောင်.ကြမဲ.မနေသင်.ဘူး။ ရှေ.နောက်ကြည်.ပြီး ကောင်းမွန်စွာ ဇတ်ပေါင်းကြမယ်ဆို တာ မဖြစ်နိုင်တဲ. အရာ လို.
 ဆစ်ဂနယ်ပေး လာကြရင် ဖီဆန်တဲ.သူတွေ ဘာကြောင်.ဖီဆန်နေကြတယ်ဆိုတာကို သူတို.ဖက်က အားထုတ်ပြီးနားလည်ပေး
သင်.တယ် ။
ဒီမိုကရေစီမှာ အာဏာရှင်တွေကိုပဲ ဆက် နှလုံးသွင်း အားထားရမယ်ဆိုတဲ. လမ်းကြောင်းကို မည်သူမှ လက်ခံမှာမဟုတ်ပါ။
လွှတ်တော် အတွင်း အပြင် ၂ရပ်လုံးက ဒီမိုကရေစီရဲ.တာဝန်ကို မကျေဖူးဆိုရင် ဘာမှဖြစ်မလာတဲ.ကာလတခု အပြီးမှာ ဆန်.
ကျင်မှုအကြီးစားကြီး တခုဖြစ်လာပါလိမ်.မယ်။ အားလုံး အလုပ်ဖြစ်အောင် တွေးထားကြဖို.လိုပါတယ်။ .
လူအချင်းချင်း နှိပ်စက် မတရားပြုထားသောသူတွေ ကို အထင်ကြီး၊ ကိုးကွယ် ဒေါက်တိုင်ခံပေးသောသူ အားလုံး၊
 အမြန်ဆုံးကျဆုံးပါစေ။
by Aye Aye Soe Win
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment