Thursday, 27 September 2012
ရွှေတွံတေးဆရာတော် မဟာချိုင် ဘန်ထိုလ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းသို့ သွားရောက်
----------
ရွှေတွံတေးဆရာတော်သည် ၂၆. ၉. ၂၀၁၂ နေ့ ကထိုင်းနိုင်ငံ မဟာချိုင်
ဘန်ထိုလကိုယ်ထူကိုယ်ထ
ကလေးများ စာသင်ကျောင်းသို့ သွားရောက်ပြီး အမှတ်တရတီရှပ်များနှင့်
ခေါက်ဆွဲခြောက်များဝေငှခဲ့သည်။
ကျောင်းအတွက် ကွန်ပျူတာ ၁ လုံးလှူန်ဒါန်းခဲ့ပြီး အလှူငွေများပေးအပ်ခဲ့သည်။
ကိုယ်ထူကိုယ်ထကျောင်းကလေးသည် NGO ၁ခုဧ။်ထောက်ခံချက်ဖြင့်
ဖွင့်လှစ်ထားပြီးကျောင်းသား ၃၀ ဦးသာသင်ကြားခွင့်ရသည်။
ဆရာမ ၁ ဦးက စေတနာဝန်ထမ်းသင်ကြားပေးနေသည်။ အခြား NGO ၁ဖွဲ့ က ၆လစာ
ကလေးများကိုထောက်ပံ့ပေးခဲ့ပြီး
နောက် ၁ဖွဲ့ က ဆက်လက်တာဝန်ယူ ထောက်ပံ့ပေးရာမှ ပြသာနာဖြစ်ကာ
ထောက်ပံ့မူများ ရပ်တန့် ခဲ့သည်။
အလှူရှင်များ၏ သဘောထားမသိရသော်လည်း အဖွဲ့ ကိုယ်စားလှယ်က ပုံကူးစက်
ပန်ကာမှအစ အကုန်ဖြုတ်သိမ်းသွားခဲ့သည်။
ယခုအခါ NGO ထောက်ခံချက်ကိုသာရယူပြီး အချင်းချင်းကူညီပံ့ပိုးမူဖြင့်
ကိုယ်ထူကိုယ်ထ ကြိုးစားရပ်တည်နေကြသည်။

Wednesday, 26 September 2012
Forget the Taliban, Chinese copper miners are the new threat to Afghanistan's Buddhas
Forget the Taliban, Chinese copper miners are the new threat to Afghanistan's Buddhas
By Amy Oliverhttp://www.dailymail.co.uk/news/article-2207933/Forget-Taliban-Chinese-copper-miners-new-threat-Afghanistan-s-Buddhas.html
An ancient archeological site in Afghanistan could soon be destroyed in the name of economic profit.
The site at Mes Aynak, in Afghanistan's Logar Province, is home to 5th-century Buddhist monasteries, temples and other relics, but also sits on one of the largest copper deposits in the world.
A Chinese government-backed company, keen to develop the world's second largest copper mine, discovered the ruins when they began excavating the site in 2010.
In danger: The ancient site at Mes Aynak, in Afghanistan's Logar Province, is home to 5th-century Buddhist monasteries, temples and other relics... but also sits on one of the largest copper deposits in the world
Keen to avoid a Buddhas of Bamiyan situation - statues towering up to 180 feet high in central Afghanistan that were dynamited to the ground in 2001 by the country's then-rulers, the Taliban, who considered them symbols of paganism - the company has given archaeologists three years for a salvage excavation. Archaeologists working on the site since May 2010 say that won't be enough time for full preservation.
But now, those keen on getting Afghanistan's economy back on its feet, are urging the country to move ahead with the mine, citing the $1trillion (£600bn) in revenue it could bring in.
Discovery: A Chinese government-backed company, keen to develop the world's second largest copper mine, discovered the ruins when they began excavating the site in 2010
Grace period: The company has given archaeologists three years for a salvage excavation, but those working on the site since May 2010 say that won't be enough time for full preservation
Professor Brent E Huffman, an assistant professor at the Medill School of Journalism at Northwestern University has been making a film at Mes Aynak.He says any hope of saving the ancient relics when mining begins is slim.
So far the monastery complex has been dug out, revealing hallways and rooms decorated with frescoes and filled with clay and stone statues of standing and reclining Buddhas, some as high as 10 feet.
An area that was once a courtyard is dotted with stupas standing four or 5ft high.
More than 150 statues have been found so far, though many remain in place. Large ones are too heavy to be moved, and the team lacks the chemicals needed to keep small ones from disintegrating when extracted.
Mes Aynak, 20 miles south of Kabul, lies in a province that is still considered a major transit route for insurgents coming from Pakistan
Resume: Now, those keen on getting Afghanistan's economy back on its feet, are urging the country to move ahead with the mine, citing the $1trillion in revenue it could bring in
Mes Aynak, 20 miles south of Kabul, lies in a province that is still considered a major transit route for insurgents coming from Pakistan.
Its religious sites and copper deposits have been bound together for centuries — 'mes' means 'copper' in the local Dari language.
Historic find: Mes Aynak's religious sites and copper deposits have been bound together for centuries - 'mes' means 'copper' in the local Dari language
Ancient: An Afghan archaeologist stands next to the remains feet of the Buddha statues discovered in Mes Aynak. The ruins, including the monastery and domed shrines known as 'stupas,' will likely be largely destroyed once work at the mine begins
Destroyed: The Buddhas of Bamiyan statues, which towered 180ft high in central Afghanistan, were razed to the ground in 2001 by the country's then-rulers, the Taliban, who considered them symbols of paganism
Throughout the site's history, artisanal miners have dug up copper to adorn statues and shrines.Afghan archaeologists have known since the 1960s about the importance of Mes Aynak, but almost nothing had been excavated.
When the Chinese won the contract to exploit the mine in 2008, there was no discussion with Kabul about the ruins - only about money, security and building a railroad to transport the copper out of Logar's dusty hills.
But a small band of Afghan and French archaeologists raised a stir and put the antiquities on the agenda.
The mine could be a major boost for the Afghan economy. According to the Afghan Mining Ministry, it holds some six million tons of copper, worth tens of billions of dollars. Developing the mine and related transport infrastructure will generate much needed jobs and economic activity.
Please sign the petition
President Hamid Karzai: Prevent destruction of ancient site of Mes Aynak & the environmental damage
Monday, 24 September 2012
သူတို့ဇနီးမောင်နှံက ကျွန်တော့ကို စင်ပြိုင်အစိုးရနှင့်တွဲဖက်လုပ်ကိုင်စေလိုကြ၏။ သူတို့သာမက ကွန်ဂရက်မှ တာဝန်ရှိပုဂ္ဂိုလ် တဦးစ နှစ်ဦးစကလည်း၊ ကျွန်တော်သာ စင်ပြိုင်အစိုးရနှင့် တွဲဖက်လုပ်ကိုင်မည်ဆိုလျှင်၊ ရုံးတလုံး၊ ဓါးတစင်း၊ ဝင်ငွေ နှစ်စဉ် ဂဏန်းခြောက်လုံးရှိ ဒေါ်လာငွေထောက်ပံ့မည်ဟု ကမ်းလှမ်းလာသည်။
ကျွန်တော်မယုံကြည် မထောက်ခံနှိုင်သောစင်ပြိုင်အစိုးရ၏ အမှုထမ်းအဖြစ်ကျွန်တော်မလုပ်နိုင်ပါ။ ကျွန်တော်သည် တိုင်းပြည်အရေး နှင့်သက်ဆိုင်သောကိစ္စများ၌် မိမိအခွင့်အရေးကိုကြည့်ကာ မပြောရဲ၊ မပြောနှိုင်ဖြစ်မည်စိုး၍၊ ပြည်တွင်းတွင်သော်၎င်း၊ ပြည်ပတွင်သော် ၎င်း၊ မြန်မာပြည်နှင့်သက်ဆိုင်သော မည်သည့်အလုပ်အကိုင်ကိုမျှ ယခုတိုင်လက်မခံခဲ့ပါ။ သို့ရာတွင် ဒီမိုကရေစီလိုလားသော သာမာန် ပြည်သူတဦးအနေဖြင့်၊ စင်ပြိုင်အစိုးရကိုအခမဲ့ကူညီသွားပါမည်ဟု အမေရိကန်နယ်မြေကိုပထမဆုံးခြေချလာသော ဒေါက်တာစိန်ဝင်းကို သူရောက်လာသည့် ညနေပိုင်းဆွေးနွေးပွဲ၌ ဂတိပေးပြောကြားခဲ့သည်။
အခြားလူမျိုးများနှင့်နှိုင်းယှဉ်လျှင်၊ မြန်မာလူမျိုးတို့၏အားနည်းချက်မှာ၊ ကိုယ်တိုင်လက်ခံကျင့်သုံးနေသော ရိုးရာအလေ့အကျင့်ကြောင့် ဖြစ်သည်။ မိဘများနှင့်၊ အသက်အရွယ်ကြီးရင့်သောသူများက၊ သား သမီးများနှင့် လူငယ်များကို၊ အတွေးအခေါ်ရင့်ကျက်စေရန်ထက်၊ အစဉ်းစားအဆင်ခြင်ဥာဏ်ခေါင်းပါးစေရန် နှိပ်ကွပ်ထားကြ၏။ လူငယ်များအနေဖြင့်၊ မိဘနှင့်အသက်အရွယ်ကြီးသူများ မည်မျှမှားယွင်း စေကာမူ၊ ထောက်ပြပြောဆိုခွင့် လုံးဝမရှိချေ။ မှားမှန်းသိပါလျှက်၊ မျက်စေ့မှိတ်ယုံကြည်ကာ၊ ပိုးဖလန်မျိုး မီးကိုတိုးကြရသည်။ ထိုအကျင့် များကြောင့်၊ အာဏာရှင်ဦးနေဝင်းက တိုင်းပြည်ကို မှောက်လိုမှောက်၊ လှန်လိုလှန်၊ ဗြောင်းဆန်အောင် သူလိုသလိုကစားသွားခဲ့၏။
တဦး တယောက်က ပြောနေသည်မှာ မဟုတ်မှန်နှိုင်ကြောင်း အကျိုးနှင့်အကြောင်းရှင်းပြကာ၊ ငြင်းချက်ထုတ်လျှင်၊ အငြင်းသန်၊ ဆင်ခြေများ၊ ဘုဂလန့်ကျသည်ဟုမြန်မာများကစွပ်စွဲကြ၏။ အနောက်နိုင်ငံသားတို့က မြန်မာတို့ကို ရှေ့တွင်ခေါင်းညိမ့်သော်လည်း၊ နောက်ကွယ်ရာ၌ မိမိတို့ဂတိပြုထားသည်ကိုပင်မလေးစား၊ ဂရုမစိုက်ဘဲ၊ လစ်လျှူရှုတတ်သူများ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်သူများဟု ထင်မြင်ကြသည်။
မြန်မာလူမျိုးများသည် ညင်းပါယ်သောစကားလုံးများကို သုံးစွဲရန်ဝန်လေးကြသည်ဟု ဆင်ခြေပေးသည်။
ဤသည်မှာ မြန်မာများသာမဟုတ်ဘဲ၊ အရှေ့တိုင်းသားများ၏ မှားယွင်းသောအလေ့အထတခုဟု ဆိုရပါလိမ့်မည်။ ကျွန်တော် ဂျာမနီ ပြည် တက္ကသိုလ်၌ကျောင်းတက်နေစဉ်၊ နိုင်ငံခြားသားများကို ဂျာမန်စာနှင့် စကားသင်ကြားပေးသော ဆရာအဖြစ်အလုပ်လုပ်ကာ၊ ကျောင်းစားရိပ်ရှာခဲ့ဘူး၏။
တပည့်များမှာ အရှေ့တိုင်းသား၊ ဗီယက်နမ်မ်၊ ဖိလိပိုင်၊ ယိုးဒယား၊ ဂျပန်၊ ကိုရီးယား၊ အာဖဂန်နစ္စတန်စသူများဖြစ်လျှင် အလွန် အကြံအိုက်ခဲ့ရသည်။ သူတို့သည် ဆရာသမားများကို အလွန်လေးစားကြည်ညိုသဖြင့် စာသင်ကြားရသည်မှာ အလွန်နှစ်လို့ဘွယ်ရှိ၏။ သို့ရာတွင် သင်ကြားသောစာကို သူတို့နားလည် မလည် သိရန်အလွန်ခက်လှသည်။ မေးသည့်အခါတိုင်း သင်ပြီးသမျှသူတို့နားလည် ကြောင်းအတန်တန်ဂတိပြုဖြေကြားကြသည်။ မသင်္ကာ၍ လေ့ကျင့်ခဏ်းများလုပ်ခိုင်းသောအခါတွင်မှ သူတို့ တလုံးတပါဒမျှသဘောမ ပေါက်ကြောင်းတွေ့လာရသည်။ အနောက်နိုင်ငံသား တပည့်များကား ထိုသို့မဟုတ်ချေ။
သူတို့သဘောမပေါက်လျှင် မမေးဘဲနှင့် သူတို့ နားမလည်သေးကြောင်း ပြောပြတတ်ကြသည်။Who is he?
ထိုအစည်းအဝေးနှင့် အံကိုက်လျှက်၊ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသော ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ခေါင်းဆောင်၊ ဗိုလ်ချုပ်ကြီးစောဘိုမြကလည်း၊ ဝါရှင်တန်တွင်ပင်တွေ့ဆုံပွဲတခုပြုလုပ်လေသည်။ ဗိုလ်ချုပ်မြမှာ ပြည်တွင်းငြိမ်းချမ်းရေး အတွက်၊ အကူအညီရရှိရန်လာရောက်ခြင်းဖြစ်သည်ဟု နော်လွီဇာက ပြောပြသည်။ သမတဟောင်းကာတာ၏ရုံးချုပ် Carter Center သို့သွားရောက်ဆွေးနွေးရန်လည်း စီစဉ်ထားကြောင်းသိရ၏။ နော်လွီဇာ၏မေတ္တာရပ်ခံချက်ဖြင့်၊ ဗိုလ်ချုပ်မြနှင့် တွေ့ဆုံဧည့်ခံပွဲသို့ ဖိတ်ကြားသင့်သော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၌ပါဝင်သူများ၏စာရင်းကို၊ ကျွန်တော်ကရေးပေးခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပါတ်သက်ပြီး၊ ဗိုလ်ချုပ်မြ၏ကြိုးပမ်းမှုကိုထောက်ခံကြိုဆိုကြောင်း ပင်မဆွေးနွေးပွဲသို့လာရောက်ကြသော မြန်မာအများစုနှင့် ကျွန်တော်က နှစ်နှစ်ကာကာ လက်မှတ်ရေးထိုးကြသော်လည်း၊ တဦးစ နှစ်ဦးစ မြန်မာအချို့ကညင်းဆိုပြစ်ပါယ်ကြလေသည်။
ဟန်းညောင်ရွှေဦးဆောင်သည့် အစည်းအဝေး၌ မည်သည့်သဘောတူဆုံးဖြတ်ချက်ကိုမျှ မပြုလုပ်ခဲ့ပါ။ မြန်မာပြည်အပေါ် အမေရိကန် ကွန်ဂရက်နှင့် အစိုးရကထားရှိသောသဘောထားများကို သက်ဆိုင်ရာအမှုထမ်းအရာထမ်းများက လာရောက်ရှင်းပြကြ၏။ အသေးစိပ် သိလိုသူတို့ကမေးမြန်းကြ၏။ ထိုအစည်းအဝေး၌ မည်သည့်သဘောတူညီချက်ကိုမျှ ကျွန်တော်လက်မှတ်မရေးထိုးခဲ့ပါ။ အခြားအစည်း အဝေးတက်သူ ကျွန်တော့မိတ်ဆွေများကလည်း သူတို့သဘောတူလက်မှတ်ရေးထိုးခြင်းမရှိခဲ့ဟုဆိုကြသည်။
သို့ရာတွင် အစည်းအဝေးပြီးသည့်နောက် ရက်အနည်းငယ်အကြာတွင်၊ ထူးထူးခြားခြား အစည်းအဝေးမှသဘောတူကြေညာချက် တရပ်ထွက်လာ၏။ ကြေညာချက်၏အဓိကမှာ အမေရိကန်နှင့် အခြားသောနိုင်ငံများမှ မြန်မာပြည်အတွက်ကူညီသောအထောက်အပံ့ အားလုံးကို၊ စင်ပြိုင်အစိုးရမှတဆင့်သာပေးရမည်ဟူ၏။ ထို့အပြင် ဟန်းညောင်ရွှေသည် စင်ပြိုင်အစိုးရ၏ထိပ်တန်းအကြံပေးအရာရှိ ဖြစ်လာသည်ကိုလည်း ကြားသိလိုက်ရသည်။
ထိုအစည်းအဝေးကြေညာချက်နှင့်ပါတ်သက်၍၊ ကျွန်တော်အလွန်မကြေမနပ်ဖြစ်မိ၏။ စင်ပြိုင်အစိုးရက ပြည်ပဒီမိုကရေစီလှုပ်ရှားမှု များပျက်စီးစေရန် စံနစ်တကျ အဖျက်လုပ်ငန်းရပ်များလုပ်လာနေပြီး၊ သူတို့ကိုကပ်ရပ်ကာ ငွေကြေးနှင့်အခွင့်အရေးရှာသူများပြားလာ သည်ကိုလည်းသတိထားမိလာ၏။ စင်ပြိုင်အစိုးရက စစ်အာဏာရှင်များကို လေဖြင့်သာတိုက်ခိုက်နေပြီး၊ မည်သည့်ထိရောက်သော ဦးဆောင်လှုပ်ရှားမှုကိုမျှ မတွေ့ခဲ့ရချေ။ သို့ရာတွင်နေရာတကာ၌ မြန်မာပြည်၏ဒီမိုကရေစီအရေးကို၊ သူတို့အား ပူဇော်ပသနေသူများနှင့်၊ သူတို့ကိုယ်တိုင်သာလျှင် ပြောဆိုလုပ်ကိုင်ခွင့်ရှိသည်ဟု ကြွေးကြော်နေ၏။ ယင်းစွပ်စွဲချက်မည်မျှမှန်ကန်သည်ကို သူတို့ကိုယ်စား ဟန်းညောင်ရွှေက ထုတ်ပြန်သည့်ကြေညာချက်ကပြနေ၏။
Good article must read:
http://moemaka.com/?p=27590
Friday, 21 September 2012
Some Dhubri camp inmates missing, IB alerts Assam
အာသံကမိတ်ဆွေတချို့က ပြီးခဲ့တဲ့လ ဒေသခံနဲ့မွတ်ဆလင်အခြေချတွေကြား
ပဋိပက္ခဖြစ်ခဲ့တဲ့ အာသံပြည်နယ်အောက်ပိုင်းဘိုဒိုနယ်မြေမှာတာဝန်ကျတယ်။
သူတို့ပြောပြချက်အရ အဓိကရုဏ်းဖြစ်စဉ်တွေက ဗမာပြည်ရခိုင်နယ်ကဖြစ်စဉ်တွေနဲ့
တထေရာတည်း တပုံစံတည်း။ စဖြစ်တာက
စေ့စပ်ရေးယူထားတဲ့ဘိုဒိုလက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်း (၄)ယောက်ကို
မွတ်ဆလင်အခြေချတွေကဝိုင်းဝန်းသတ်ဖြတ်ခဲ့တာကစခဲ့သလို တချို့မွတ်ဆလင်တွေ
ရခိုင်မှာလို ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ကယ်ဆယ်ရေးစခန်းတွေကိုပြေးကြတယ်။
အစိုးရကြီးကြပ်တဲ့ကယ်ဆယ်ရေးစခန်းတွေမှာယင်ခွင့်ရမှတ်ပုံတင်ပြီးယင်
နိုင်ငံသားလို့ပြောရနိုင်တဲ့သက်သေအထောက်အထားတခုခုတော့ရဖို့သေချာပြီ။
အိန္ဒိယဝန်ထမ်းတွေဟာ အသောက
ခြင်္သေ့ရုပ်နိုင်ငံတော်တံဆိပ်ကိုတွေ့ယင်ဘယ်ဌာနကထုတ်ထုတ်အတောရိုသေကြတယ်။
ဒီတော့ တဖက်ဘင်္ဂလားဒေ့ရှ်ကလူတွေပါ ကယ်ဆယ်ရေးစခန်းတွေကိုခိုးဝင်နေကြတယ်။
ဒါကြောင့်မိတ်ဆွေများကစခန်းရောက်လာသူတွေကို
မေးမြန်းစစ်ဆေးမှုတွေလုပ်ကြရတယ်။
သူတို့စစ်ဆေးမှုတွေလုပ်လာတော့စခန်းထဲကလူတော်တော်များပျောက်ကုန်တယ်။
ခုတော့ဒီအကြောင်းကို သတင်စာတွေကရေလာပြီ အောက်မှာဖတ်ကြည့်ပါ။
ဗမာပြည်မှာတော့ ဒီလူတွေဟာကျုပ်တို့နိုင်ငံသားမဟုတ်ဘူးလို့ပြောခဲ့တဲ့
ဝန်ကြီးခင်ရီ က ခုတခါပြောင်ပြန်
ဗမာပြည်ကိုခိုးဝင်တဲ့သူမရှိဘူးပြောလာပြန်တယ်။ လောလောဆယ်မှာလည်း
လူနည်းစုတွေကိုမြောက်ထိုးပင့်ကော်လုပ်နေတဲ့ ဆွီဒင်က ဆီးဒါး (SIDA-
Swedish International Development Agency) နဲ့ပေါင်ပြီး Conference on
National Identity and Citizenship in 21st Century Myanmar.
<http://www.facebook.com/photo.php?fbid=3278375658397&set=a.1745435975863.71042.1837705431&type=1&theater>
ဆိုတာလုပ်နေတယ်။ အရင်က ဟန်ညောင်ရွှေတို့နဲ့ပေါင်ပြီး
အပြင်မှာရိုက်စားလုပ်နေတဲ့ဂွင်တွေပေါ့၊ ခုတော့အထဲရောက်သွားပြီး။
ဆိုချင်တာကစစ်အုပ်စုဟာ ရခိုင်ပြည်ရင်ဆိုင်နေရတဲ့ကျုးကျော်သူ
ခေါ်တောအရေးမှာ စေတနာမမှန်ဘူး၊နိုင်ငံရေးအမြတ်ထုတ်ဖို့သက်သက်ဟန်ပြတွေပဲလုပ်နေတယ်။
သူတို့လုပ်နေပုံးပိုပြီးအန္တရာယ်ကြီးပ်တယ်။ အာသံမှာဖြစ်ပျက်နေတာတွေနဲ့
အရေးယူဆောင်ရွက်နေပုံကို အောက်ကသတင်းမှာနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Some Dhubri camp inmates missing, IB alerts Assam
Special Correspondent Guwahati, September 14, 2012
http://www.thehindu.com/todays-paper/tp-national/tp-newdelhi/article3895036.ece
The Intelligence Bureau has alerted the Assam Home Department, saying
some inmates of relief camps in the violence-affected Dhubri district
have gone missing and are suspected to have crossed over to
Bangladesh.
Assam Home Secretary G.D. Tripathi told The Hindu that he had received
the IB input, which also indicated that some inmates had crossed over
to West Bengal. However, the exact number of missing inmates was not
given by the IB, he said. Asked whether the State government had
ascertained the input, Mr. Tripathi said unless the camp registers
were verified and corroborated with particulars of those who had
already left camps and those still staying back, it could not be
immediately done.
He said the Deputy Commissioners of districts would have information
on the number of people who had left the camps but they would not be
in a position to say where all inmates had gone. Even if if the number
of missing persons was a few hundreds, it might not be possible to
immediately trace them for, about 1.92 lakh inmates were taking
shelter in 213 camps in Kokrajhar, Dhubri, Chirang, Bongaingaon and
Barptea districts as on Wednesday. They include 1,75,219 inmates in
183 camps for Muslims and 17,630 people in 30 camps for Bodos. Dhubri
district had the highest number of 134 camps for Muslims sheltering
1,05,390 inmates. An official report stated that during the last 24
hours 48 inmates had left camps in the district.
Earlier in the day, Chief Minister Tarun Gogoi reiterated that only
genuine Indian citizens taking shelter in relief camps would be
rehabilitated.
Bodoland Territorial Council authorities had insisted that land
documents and names in voter lists be checked first to ensure that
only genuinely displaced people were rehabilitated in BTAD.
Accordingly, the government started the process of verification of
land documents of camp inmates in the first phase rehabilitation.
Mr. Tripathi said the government had on Tuesday sent a proposal to the
Union Home Ministry for increasing the number of Foreigners Tribunals
from 36 to 100 for detection of undocumented migrants staying in Assam
to facilitate quick disposal of pending cases.
ဘင်္ဂါလီအကြောင်းဆွေးနွေးခန်း။
မေး။ ။ဟုတ်ကဲ့ပါအကို၊ ကျမ ရိုဟင်ဂျာလို့ပြောနေတဲ့ ဘင်္ဂါလီ ကိစ္စနဲ့ပတ်သက်ပြီးတော့ မရှင်းတာလေးတွေ သိချင်တာလေးတွေ ရှိလို့ မေးပါရစေ၊ အချိန်တော်တော်ယူလိုက်မိတာလည်း ကျမ သိပါတယ်။ မေးလက်စနဲ့ ရှင်းအောင်လို့ ဆက်မေးပါရစေ။
ဖြေ။ ဟုတ်ကဲ့။
မေး။ ။ပြည်ပမှာ ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ ရိုဟင်ဂျာလို့ပြောနေတဲ့ သူတွေ၊ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ သူတွေဆီကနေ အလှူငွေတွေလက်ခံကြတယ်၊ အဲဒီအဖွဲ့တွေကပဲ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကိုရောက်တော့လည်း ရိုဟင်ဂျာတွေဆီက ရတဲ့ ငွေတွေနဲ့ အခမ်းအနားလုပ်ပေးခဲ့တယ်ဆိုပြီး ပြောကြတာတွေကို တဆင့်စကားနဲ့ ကြားရပါတယ်။ စတာလင်ပေါင် ၇ ထောင်လား၊ ရ သောင်းလားဆိုတာတော့ ကျမ သေချာမသိပါဘူ၊ ဒါပေမဲ့ အဲဒီကိစ္စတွေက facebook တွေမှာလည်း ရေးသားကြတာတွေတွ့ရပါတယ်။ အဲဒီကိစ္စတွေ ဟုတ်မဟုတ်နဲ့၊ NlD _LA အနေနဲ့ ရော တကယ်ပဲ ရိုဟင်ဂျာတွေ ဆီကနေ အလှူငွေလက်ခံပြီး ပါတီကိစ္စတွေ ဆောင်ရွက်နေခြင်း ရှိမရှိဆိုတာလည်း သိချင်ပါတယ်။အကို့အနေနဲ့ သုံးသပ်ပေးပါဦး။
ဖြေ။ ။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။ ဖြေ။ ။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။ ဋ္ဌာန ခွဲတွေလည်း ရှိပါတယ်။ ကျနော်တို့ ကနေဒါ ဌာနခွဲဆိုရင် ဖျက်တောင်ပစ်ရတယ်။ ကျနော်တို့က NLD –LA မှာ တာဝန်ခံရှိပါတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး မရောရပါဘူး။ ကနေဒါ ဋ္ဌာနခွဲမှာ တာဝန်ခံတဲ့ ကိုအောင်ဒင်ဆိုတဲ့ သူက မူဆလင်နဲ့ရိုဟင်ဂျာ ကိစ္စတွေကို လုပ်တော့ကျနော်တို့ပဲ ဆုံးဖြတ်ပြီးတော့ ဒီဋ္ဌာနကို ဖျက်ပစ်လိုက်တယ်။ ခင်ဗျားဟာ ခင်ဗျား ရိုဟင်ဂျာ ကိစ္စလုပ်လို့ရတယ်၊ဒါကိုယ်ပိုင် လွတ်လပ်ခွင့် ဒါပေမဲ့ NLD-LA _့ကနေဒါဋ္ဌာနခွဲရဲ့ ဥက္ကဌအနေနဲ့တော့ လုပ်လို့မရဘူးပေါ့။ တကယ်တော့ ရိုဟင်ဂျာ ကိစ္စက အမျိုးသားရေး ကိစ္စပါ။ အမျိုးသားရေးကိစ္စဖြစ်တဲ့အခါမှာ သူများတွေ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အလုပ်မျိုး မလုပ်ရပါဘူး။ နောက်တခုက အင်္ဂလန်မှာ နိုင်ငံရေး လှုပ်ရှားတဲ့ အခါကျတော့ အရင်တုန်းကတော့ တစုတည်းလို့ ထင်ရတယ်ပေါ့နော်။ NLD- LA ရှိမယ်၊ တက်ကြွတဲ့ လှုပ်ရှားသူ ရှိမယ်၊ DPNF ရှိမယ်၊ ကျောင်းသားဟောင်း ABSDF အဲဒီက ဌာနေ ကိုယ်စားလှယ်တွေ ရှိမယ်။ ရိုဟင်ဂျာကလည်း အဲဒီထဲမှာ တဖွဲ့ပါနေတယ်။ဆိုတော့ အင်္ဂလန်ကို ရောက်တဲ့အခါကျတော့ ဘာမြင်လဲဆိုတော့ရိုဟင်ဂျာ ကိစ္စပေါ့နော်၊ ကျနော်တို့မှာ ဘားမားကမ်ပိန်းယူကေ ပေါ့။သူတို့က လူ့အခွင့်အရေးဘက်ကနေ ကြည့်တယ်ပေါ့။ ဒီကိစ္စကို။ NLD _LA က အဲဒီကမ်ပိန်းထဲမှာ မပါဘူး။မပါတဲ့အတွက် ခြိမ်းခြောက်ခံရတယ်၊ မလေးရှားမှာဆိုရင် NLD-LA ရုံးကို မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ လန်ဒန်မှာ လုပ်နေကြတာတော့ဖြစ်နိုင်တယ်၊ NLD-LA ဆိုပြီးတော့တော့ မဖြစ်နိုင်ပါဘူး။
နောက် လန်ဒန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ငွေ လှူသွားတာတို့ဘာတို့ကတော့ ဘယ်သူ မဆို လှူမှာပဲလေ။ ဒါကြီးကို ရိုဟင်ဂျာကနေ ပိုက်ဆံကောက်တယ်ဆိုတာတော့ မဟုတ်ပါဘူး၊ပြီးတော့တချို့လူတွေက ရိုဟင်ဂျာတွေ မဟုတ်ပါဘူး။ မူဆလင်တွေပါ။ ဒီလို သတင်းတွေထွက်လာတာက ကျနော်ထင်ပါတယ် အန်အယ်ဒီ အယ်လ်အေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ဖျက်ချင်လို့လို့ မြင်ပါတယ်။ နောက်ကိုဇာဂနာတို့က ရိုဟင်ဂျာတွေအပေါ် ပင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ BCUKက ပင်းတယ်ဆိုတာတော့ ကျနော် လက်ခံပါတယ်။ ရခိုင်ပြဿနာမှာ ရခိုင်မှာ ရိုဟင်ဂျာ ၃ ထောင်သေပါတယ်ဆိုတဲ့ စာရင်းထွက်လာတယ်။ ကျနော် ပြောတယ်လေ ၃ ထောင် သေတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကျနော်တောင်မှ ကိုသန်းလွင်ထွန်းကို သွားပြီးတော့ ပြောပါသေးတယ် မေးကြည့်ပါဦး BCUK ကနေပြီးတော့အစိုးရကို ပြောတာရော။ တကယ်တော့ သူတို့ တိုင်းပြည်ပြောင်းသွားတာကို မသိလိုက်ဘူး။ ကိုအောင်ဒင်တို့ပေါ့၊ ကျနော်တို့မှာ အမျိုးသားရေးဆိုတာ ရှိတယ်။ သူတို့ချည်းကပ်တာက လူ့အခွင့်ရေးပေါ့နော်။ ပြီးတော့ မဟုတ်တာတွေကို ဟုတ်တာလုပ်တော့ မဟုတ်တန်းတရားတွေကို အတင်းလုပ်တော့ တိုင်းပြည်ကို လာလာထိတယ်။ တချိန်တည်းမှာပဲ အဲလို အဖွဲ့အစည်းတွေက အလိုလိုနေရင်း သေသွားတယ်။ အစိုးရကိုတော့ မကြိုက်ကြတာ မှန်တယ်။ အဲဒါမျိုးတွေလည်း ရှိတော့၊တကယ်တော့ ရိုဟင်ဂျာကတော့ ကျနော်တို့ တိုင်းပြည်မှာ ရတဲ့အခွင့်အရေးကို ယူဖို့ လုပ်တာပေါ့လေ။ အဲဒီမှာ ခုန ကမ်ပိန်းတွေနဲ့ လှုပ်ရှားသူတွေကို အသုံးချတာလို့ ကျနော်မြင်တယ်။အဲဒီထဲမှာတော့ NLD-LA က လုံးဝ မပါဘူး။
မေး။ အကိုကလည်း သမိုင်းဆရာဖြစ်ခဲ့တော့လေ ရိုဟင်ဂျာဆိုတာကတော့ ကျမတို့ရဲ့ သမိုင်းတွေမှာ မပါခဲ့ဘူးဆိုတာလည်း သိမှာပါ။ ဒါပေမဲ့ဘာဖြစ်လို့ BBC မှာက ဒါကို တိုင်းရင်းသားအနေနဲ့ ဖော်ပြခဲ့တာလဲ။ ပြီးတော့ သူတို့က ပြည်တွင်းမှာ နေထိုင်တယ်၊ သူတို့ကိုယ်တိုင်ကလည်း ရိုဟင်ဂျာလို့ ပြောတယ်၊ ပြီးတော့ နိုင်ငံသားအခွင့်ရေးမရဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ယောမင်းကြီးလမ်းမှာ နေထိုင်ပြီး ကုမဏီထောင်ပြီးစီးပွားရေးလုပ်ငန်းတွေ လုပ်နေတယ်၊ မိသားစုဝင်တွေမှာလည်း ဆရာဝန်တွေ ဘာတွေရှိတယ်၊ဘင်္ဂါလီလွှတ်တော်အမတ်တွေထဲမှာတောင် ရိုဟင်ဂျာလို့ ပြောနေတဲ့ သူတွေ ရှိနေတယ်။ အဲဒါကို နိုင်ငံသားအခွင့်အရေးမရကြောင်း ပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ အကို့ရဲ့ အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ သူတို့က ကျနော်တို့ တိုင်းရင်းသား မှမဟုတ်တာ။ နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိပါတယ်။ ကျနော် တခု စိတ်မကောင်းတာက လူတွေဟာ ဘာဖြစ်လို့ ဒါကို တောင်းဆိုလာရတာလဲ။ သူတို့ ကျနော်တို့ တိုင်းပြည်ထဲ ၀င်လာတယ်၊ ကိုလိုနီခေတ်ကတည်းက လယ်မြေတွေ လုပ်ကိုင်ဖို့အတွက် ခေါ်လာခဲ့ကြတယ်။ ကျနော်တို့ တိုင်းပြည်က ရှမ်း၊ကချင်၊ကရင်၊ မွန်၊ မြန်မာ အဲလို ရှိတဲ့ အခါမှာ လူ့အခွင့်ရေးက တပိုင်းပါ။ နိုင်ငံသား ၊ တိုင်းရင်းသား ဖြစ်တည်မှုက တပိုင်းပါ။ ကျနော်တို့ဘက်က ပြဿနာက လေနဲ့ဝမ်းနဲ့ မကွဲတာ။ လူ့အခွင့်ရေး လူု့အခွင့်ရေး ဆိုပြီး နအဖ ကို လက်ညှိုးထိုးလို့ရရင် တော်ပြီ ဆိုတဲ့ လူတွေအပေါ်မှာ စနစ်တကျ အမြတ်ထုတ်ခံလိုက်ရတယ်လို့ပဲ ကျနော် ပြောချင်တယ်။
ဒါပ ပြည်ပမှာပေါ့နော်။ ပြည်တွင်းထဲမှာ ကျနော့်အဖေက အရင်တုန်းက ကယ်ဆယ်ရေးဋ္ဌာနက ညွှန်ကြားရေးမှူးချုပ်ပါ။ ဒီလူတွေ ရွှေဟင်္သာစီမံချက်နဲ့ ပြည်တွင်းထဲကို ပြန်ဝင်တော့ ကျနော့်အဖေ ဒုက္ခရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ထွက်တုန်းက လူဦးရေက ရ သောင်း၊ ပြန်ဝင်လာတော့ ၂ သိန်း ၄ သောင်းဖြစ်နေတယ်။ အဲတော့ UNHCR- ကုလသမဂ္ဂမဟာမင်းကြီးရုံးမှာ တင်တုန်းက ၇ သောင်း၊ပြန်ဝင်လာတော့ ၂ သိန်း ၄ သောင်းဖြစ်နေတယ်။ဘာပြောလဲဆိုတော့ ကျနော် မူဆလင် ကျနော် မိန်းမ နောက် ၃ ယောက်ထပ်ယူထားတယ်။ ဆိုတော့ ဒီလိုမျိုးနဲ့ တိုင်းပြည်ကို မတရား ခိုးဝင်လာတယ်။ တရားဝင် မတရား ခိုးဝင်လာကြတယ်လို့ ကျနော် မြင်တယ်။ ဒီကိစ္စနဲ့ပဲ ကျနော့်ကို အယ်လ်ဂျာဇီးယားက ၃ ခါရှိပြီ အင်တာဗျူးလုပ်တာ။ ရိုဟင်၈ျာတွေရဲ့ အဓိက လုပ်ခဲ့တဲ့ သူတို့ဘာတို့ပေါ့ဗျာ။ ကျနော်က ဘာပြောလဲဆိုတော့ သူတို့က တခြားတိုင်းပြည်ကနေပြီးတော့ ခိုးဝင်ရင်းနေထိုင်တဲ့ သူတွေပါလို့ ကျနော် ပြောတယ်။ ကျနော့်ကို မကြိုက်ကြဘူး သူတို့က။
နှစ်ခုပေါ့ လူ့အခွင့်ရေး ရှု့ထောင့်ကနေပြီးတော့ ဒါကို မပြောလိုဘူး။ ဒါပေမဲ့ အမျိုးသားရေးဘက်က ပြောရင်တော့ ပြဿနာရှိတယ်။ ကျနော်လည်း သူတို့ကို ပြန်မေးတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ ၄ သန်းရှိတယ်။ ခေတ်အဆက်ဆက်မှာ နေလာတဲ့ သူတွေရှိတယ်။ ချင်းမိုင်မှာ ကြိုက်တဲ့ မီးဖိုချောင်ဝင်သွား ရှမ်းရှိတယ်။ သူတို့ဟာ ဒီနေ့ထိ လျှို့လျှို့ဝှက်ဝှက်ပဲ နေနေရတယ်။ ကျနော်တို့ မြန်မာတွေက ထိုင်းနိုင်ငံသား လျှောက်လို့မရဘူးလေ။ ခိုးဝင်တဲ့ သူက ခိုးဝင်တဲ့အတိုင်းပဲ ဖြစ်မယ်။ တရားမ၀င်ဘူး။ တိုင်းပြည်တပြည်ရဲ့ အချုပ်အချာ အာဏာကိုတော့ အဲလောက်ထိ မစော်ကားသင့်ဘူးလို့ ကျနော်ထင်တယ်။
အဲလိုပြောလို့လည်း ကျနော့်ကို ခြိမ်းခြောက်တာတွေ ရှိတယ်။ သတ်မယ်လို့ ပြောတာတွေ လူလွှတ်သတ်ခိုင်းမယ်လို့ ပြောတာတွေလည်း ရှိတယ်။
ကျနော် ရခိုင်တွေဘက်ကနေ လိုက်ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါအမျိုးသားရေးဖြစ်နေတယ်။အမျိုးသားလုံခြုံရေးဖြစ်နေတယ် နောက်တခုက မရှိတဲ့ လူမျိုးတခုကို ပြောတယ်။ ဥပမာ မြန်မာ-မူဆလင် ရှိတယ်။ ဒါမြန်မာ-မူဆလင်တွေက ရိုဟင်ဂျာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံသား၊မြန်မာ၊ မူဆလင်ဘာသာကိုးကွယ်သူပဲ။ အဲဒါ မြန်မာ မူလဆင်တွေကို ဒီ culture တွေကို သွင်းနေတာက ကျနော်တို့တိုင်းပြည်မှာ အင်မတန်မှ ကြောက်စရာကောင်းတယ်။ ကျနော်တို့တိုင်းပြည်မှာ ဒါက စနစ်တကျ လုပ်သွားတယ် စနစ်တကျလုပ်တယ်လို့မြင်တယ်။ ကျနော်တို့တိုင်းပြည်မှာ မျိုးချစ်စိတ် ပြန်ရှိဖိုလိုတယ်၊ ဒါပေမဲ့ ကုလားတွေကို ရိုက်တာမျိုး၊ ကုလားတွေကိုသတ်တာမျိုး မဖြစ်သင့်ဘူး။ ကျနော်တို့မြန်မာပြည်မှာ လူတိုင်းနေထိုင်ခွင့်ရှိပါတယ်။ ခုနပြောတဲ့ ရိုဟင်၈ျာ ၉၉ % နေလို့ ဒီပြည်နယ်ကို ရိုဟင်ဂျာ ပြည်နယ်ပေးရမယ် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရမယ်ဆိုတာကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူး။ တကယ့်တကယ်ကို ရိုဟင်ဂျာဆိုတာတောင်မှ မခေါ်ရတဲ့ စကားပေါ့နော်၊ ကျနော်တို့ငယ်ငယ်တုန်းက သိတာ ခေါ်တောပဲ သိတာ။ ရိုဟင်ဂျာဆိုတာ နိုင်ငံရေးစကားပါ။
ဒါကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်၊ ဒီခေါ်တောတွေရဲ့ ပိုက်ဆံကို အသုံးချပြီးတော့ လုပ်ခဲ့တဲ့ သူတွေ ရှိတယ် အဖွဲ့အစည်းတွေ ရှိတယ်။ ရိုဟင်၈ျာဆိုတာ တခါမှကို မကြားဖူးဘူး။ သူတို့ကို ခေါ်တာက ခေါ်တောကုလားတွေပဲ၊ ဒါ သူတို့ကို နှိမ်တာမဟုတ်ပါဘူး။ ဘင်္ဂါလီဆိုတာ ယဉ်ယဉ်ကျေးကျေးခေါ်တာပဲ။ ဘင်္ဂါလီဆိုတာက ဟိုဘက် ကမ်းကနေ ကူးလာတဲ့သူတွေ၊ သူတို့ ဒီထဲမှာ နေထိုင်တာ ကြာချင်လည်း ကြာမယ်။ဒါပေမဲ့ ဒီဘက်က ရခိုင်နဲ့လည်း ရုပ်မတူဘူး၊ ဘာမှလည်း မတူဘူး။
အဲဒီလို မေးမြန်းပြီးတဲ့နောက်မှာတော့ ကိုညိုအုန်းမြင့်ကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်စကားနဲ့ စကားအနည်းငယ်ပြောဖြစ်ကြပြီး တွေ့ဆုံမေးမြန်းခြင်းပြီးဆုံးခဲ့ပါတယ်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ) http://maythingyanhein.blogspot.ca/2012/09/blog-post_20.html

Thursday, 20 September 2012
(စက်တင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေး
Posted: 19 Sep 2012 03:02 PM PDT
|
Posted: 19 Sep 2012 02:53 PM PDT
|
Posted: 19 Sep 2012 12:14 PM PDT
ထို လင့် တွင် ကြည့် ရှုနိုင်ပါသည်.။ http://www.speaker.gov/live
Stream videos at Ustream စက်တင်ဘာ ၁၉ က အမေရိကန်လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ ကွန်ဂရက်ကနေ ချီးမြှင့်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့တဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
ကမ္ဘာအသိမှတ်ပြုဆု
Posted: 20 Sep 2012 12:18 AM PDT
အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်ကပေးအပ်တဲ့ အမြင့်ဆုံးဆုဖြစ်သော "ကွန်ဂရက်ရွှေသားဆု" ဒေါ်စုအားထောပနာပြု ချီးမွမ်းသမှု ပြုလာသော ဆုတော်အရပ်ရပ် ကမ္ဘာအသီးသီးကပေးအပ် ထပ်နေတဲ့ဆုတော်များ တပ်ထားလိုက်ရရင်လား ဗိုလ်ချုပ်များကိုယ်တိုင်ထုတ် ကိုယ်တိုင်လုပ်ယူတဲ့ဆုများနဲ့စာရင် အဆတရာမက များပြားလှပါတကား။ တက္ကသိုလ်ဘုန်းကြွယ်(၉-၁၉-၁၂) |
Posted: 19 Sep 2012 11:50 PM PDT
President Barack Obama meets with Myanmar democracy leader Aung San Suu Kyi in the Oval Office of the White House, Wednesday, Sept. 19, 2012, in Washington. (AP Photo/Susan Walsh) Congressional Gold Medal ဆုယူအပြီး များမကြာမီညနေပိုင်းတွင်သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်..အမေရိကန်သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်ပါတယ် ။ "ကွန်ဂရက်ရွှေသားဆု" ကိုယူအပြီးယနေ့ ညတွင် အထူးဧည့်သည်တော်အဖြစ် သမ္မတ အိမ်ဖြူတော်တွင် တစ်ညတာ တည်းခိုမည် ဖြစ်ကြောင်း သိရပါတယ်။ |
Daw Aung San Suu kyi
Posted: 19 Sep 2012 04:56 PM PDT
ပါတယ်။ ဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့ အတွက် ကျေးဇူးတင်ပါ တယ်။ တကယ်တမ်း မှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့ သူစိမ်းပြင်ပြင်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေေ တ်ာတော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီး ကျွမ်းဝင်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။ ဒီအချိန်ကိုစောင့်ခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ။ တချို့ဆိုရင် ကျမ နေအိမ်မှာအ ကျယ်ချုပ် အချခံထား စဉ်ကတည်းက တွေ့ဖူးခဲ့တဲ့သူတွေဖြစ်တဲ့အပြင်၊ တချို့ဆိုလည်း လွတ်လာပြီးနောက်ပိုင်း မှာ တွေ့ခဲ့ရ သူတွေပါ။ ကျမ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တလျှောက်မှာ နေရာတိုင်းမှာ မိတ်ဆွေတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒါဟာ စောင့်ရကျိုးနပ် တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဒီကနေ့ ကျမကိုဂုဏ်ပြုချီးမြှင့်လိုက်တဲ့ ဆုဟာ ကျမတို့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်မှန်း မှုတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်က ထာဝရရှေ့တန်းကနေပြီး မားမားမတ်မတ်ထောက်ခံ သွား မယ် ဆိုတာကို ပြသလိုက်တာပါပဲ။ အဲဒီတော့ အမေရိကန်ပြည်သူတွေ နဲ့အတူ ကွန်ဂရက်စ် လွှတ်တော် ရဲ့ ကိုယ်စားလှယ်တော်ကြီးတွေ အားလုံးကို ကျမ အသည်းနှလုံးထဲက နှစ်နှစ်ကာကာ ကျေးဇူး တင်ကြောင်း ပြောပါရစေ။ လွတ်လပ်မှု နဲ့ မျှတမှုဆိုတာကို လက်လှမ်းမမီခဲ့တဲ့ ကျမတို့ဘ၀ အမှောင် ကျနေတဲ့ နှစ်ကာလတွေမှာ ကျမတို့အတွက် မေတ္တာထားဆောင်ရွက်ပေးခဲ့တာတွေကို ကျေးဇူးတင် ပါတယ်။ ကျမတို့ အကျိုးအတွက် ဆောင်ရွက်ပေးခဲ့သူတွေ အများအပြားရှိခဲ့တဲ့အတွက် လူတွေအားလုံးရဲ့ နာမည်တွေကို အမည်ဖော်ထုတ်ပြီး ကျေးဇူးတင်စကားပြောနေရ မယ်ဆိုရင် ဒီတနေ့လည်ခင်း နဲ့ မလုံလောက်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကျမအနေနဲ့ ဒီနေ့၊ ဒီနေရာမှာ ကျမနဲ့အတူ ရှိနေစေချင်တဲ့ သူတယောက်ရဲ့ အမည်ကိုတော့ ဖော် ပြပါရစေ။ သူကတော့ လွှတ်တော်အမတ် Tom Lantos ပါ။ (ကွယ်လွန်သွားပြီမို့) သူရှိနေချိန်မှာ ကျမ အရောက်မလာနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ်။ သူ့ကိုလက်ဆွဲ နှုတ်ဆက်ပြီး ကျမတို့အတွက် လုပ်ပေးသမျှတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောခွင့် မရလိုက် တဲ့အတွက်လည်း ၀မ်းနည်းပါတယ်။ ကျမ သူနဲ့ တခါမှ ဆုံတွေ့ခွင့်မရလိုက် ပါဘူး။ ဒါပေမယ့် လည်း သူ့ရဲ့ နွေးထွေးမှုတွေ နဲ့ ကျေးဇူးတရားတွေကို ကျမအမြဲသတိရနေမှာပါ။ ကျမတို့နိုင်ငံကို ငြိမ်းချမ်းသာယာဝပြောပြီး အခြေခံလူ့အခွင့်အရေးစော င့်ရှောက်နိုင်မယ့်၊ တရားဥပဒေ စိုးမိုးမယ့် နိုင်ငံတော်တခု ဖြစ်စေရေး ထူထောင်သွားကြရမယ့် ကျမ တို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ တစိုက် မတ်မတ်ကူညီသွားကြမယ့် မိတ်ဆွေရင်းချာတွေကြားမှာ ကျမအခုရောက်ရှိနေတာပါ။ ကျမတို့ရဲ့ ဒီနိုင်ငံတော်ထူထော င်ရေးလုပ်ငန်းစဉ် တွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်လာရ တာပါ။ သမ္မတကြီး နဲ့အတူ အခုသက်တမ်းနုနယ်သေးပေ မယ့် အလျင်အမြန်ရင့်ကျက်လာနေပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဒါ့အပြင် ဒီမိုကရေစီတန်ဖိုးတွေ ကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသ လို ခေတ်သစ် ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အားအင်အပြည့်နဲ့ ရှေ့တိုးဆောင်ရွက် သွားစေနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဦးစီးဆောင်ရွက်နေတဲ့ ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင်လည်း အခု လာရောက် ခဲ့တဲ့အတွက် ကျမ သိပ်ကိုအားတက်မိပါ တယ်။ ပြုပြင်ပြောင်း လဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အနာဂတ်အပေါ် ကျမရဲ့ ယုံကြည်မှုတွေ ကိုလည်း ပိုပြီးတိုးပွားလာစေပါတယ်။ ရှေ့မှာ အခက်အခဲတွေအများကြီးတော့ ရှိနေဦးမှာပါ။ ရှေ့ဆက်အခက် အခဲတွေအများကြီးရှိဦးမယ်ဆိုပေမယ့် ဒီအခက်အခဲအတားအဆီးတွေအားလုံးကို မိတ်ဆွေတွေရဲ့ ကူညီပံ့ပိုးမှုတွေ နဲ့ ကျော် လွှားနိုင်မယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ ကမ္ဘာပေါ်က သြဇာအရှိဆုံး ဒီမိုကရေစီနိုင်ငံကြီးက ကိုယ်စားလှယ်တော်တွေ နဲ့ မြန် မာ့ဒီမိုကရေစီမြတ်နိုးသူတွေ အကြား တည်ဆောက်နိုင်ခဲ့တဲ့ ရင်းနှီးမှု နဲ့ နားလည်မှုတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေ နဲ့ ချီပြီး ကျမ တို့ ခံစားနာကျင်ခဲ့ရတာတွေကို ကြေပျက်သွားစေခဲ့ပါပြီ။ အားလုံးယုံကြည်တဲ့ ပန်းတိုင်တွေဆီကိုရောက်ဖို့ အတူတကွ ဆက် လက်ဆောင်ရွက်နေကြတာနဲ့အမျှ ဒီရင်းနှီးမှုနှောင်ကြိုးတွေဟာ ပိုပြီးခိုင်မာလာမှာပါ။ ဒီနေ့ ဒီနေရာကိုလာရောက်ရတာဟာ ကျမအတွက် အခွင့်ထူးတရပ်ပါပဲ။ ဒါပေမယ့် ဒီလိုမျိုး အခွင့်ထူးတွေ မခံစား ရသေးတဲ့သူတွေ အများကြီးရှိသေးတယ်ဆိုတာ ကျမတို့ သတိရကြရပါလိမ့်မယ်။ ကျမတို့ တနိုင်ငံတည်းတင်မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာကို အိမ်မက်တောင် မမက်နိုင်သေး တဲ့ နေရာတွေ ကမ္ဘာပေါ်မှာ အများကြီးရှိနေပါသေး တယ်။ ကျမတယောက်တည်းအတွက်တင်မက ကျမရဲ့ မိတ်ဆွေရောင်း ရင်းတွေ၊ ပြည်သူတွေ အားလုံး ကိုယ်စား ကျမယုံယုံကြည်ကြည် နဲ့ ပြောလိုတာကတော့ ဒီနေ့ဟာ ပေါင်းစည်းညီညွတ်မှု၊ လုံခြုံမှုနဲ့  လွတ်လပ်မှုတွေကိုလိုလားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ က ပြည်သူပြည်သားတွေ အပြင် ကမ္ဘာ့ပြည်သူတွေအား လုံးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာရဲ့ အစပျိုးနေ့ပဲဖြစ်ပါလိမ့်မယ်။ ကျမတို့အားလုံးအ တွက် ဘ၀လုံခြုံမှုနဲ့ လွတ်လပ်မှုအကြား အကောင်းဆုံးချိန်ခွင်လျှာညှိပေးနေတာဟာ ဒီမိုကရေစီလမ်းစဉ်ပဲဖြစ်တယ်ဆိုတာ ကျမ အမြဲယုံကြည်ပါတယ်။ လူသားဘ၀ရပ်တည်မှုအတွက် လုံခြုံမှု နဲ့ လွတ်လပ်မှု နှစ်ခုစလုံးလိုအပ်ပါတယ်။ လုံခြုံမှုမရှိလျှင် ကမ္ဘာလောကကြီးရဲ့ လှပမှု နဲ့ ငြိမ်းချမ်းမှုတွေ ကို အပြည့်အ၀ ရှာဖွေ ခံစားနိုင်မှာမဟုတ် သလို၊ လွတ်လပ်မှုမရှိဘူးဆိုလျှင်လည်း ကျမတို့ဟာ လူသား ပိုပြီး ဆန်သထက် ဆန်လာနိုင်မယ့် အခွင့်အရေးတွေ ဆုံးရှုံးကြရမှာပါ။ ဒါ့ကြောင့်ပဲ ဒီမိုကရေစီရဲ့ အခြေခံ နဲ့ တန်ဖိုးတွေကို ကျမတို့ မပြတ်စွဲကိုင်ထားကြရတာပါ။ ဒါပြီးပြည့်စုံတယ်လို့တော့ မဆိုနိုင် တာ သေချာပါတယ်။ အမှားအယွင်းမ ကင်းတဲ့ လူသားတွေရဲ့ ဘ၀မှာ ပြီးပြည်စုံတဲ့ စံနစ်တရပ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒီလိုမပြည့်စုံမှုတွေကြားကပဲ ဒီမိုကရေစီဆိုတာ ကျမတို့ အားလုံး မျှော်လင့်ချက်တွေ ရဲ့ ရှေ့ဆောင် လမ်းပြဖြစ်နေပါတယ်။ ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့အတွက် ကမ္ဘာ တ၀ှမ်း ကျမတို့ အားလုံးညီညွတ် လာခဲ့ကြရပါ တယ်။ မြန်မာပြည်သူပြည်သားတွေ နဲ့အတူ အားလုံးငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ယှဉ်တွဲနေထိုင်နိုင် မယ့် စစ်မှန်တဲ့ဒီမိုကရက်တစ် လူ့ဘောင်ကို တည်ဆောက်နိုင်ဖို့ ခက်ခဲတဲ့ခရီးလမ်းကို လှမ်းကြတဲ့နေရာ မှာ ကျမတို့အားလုံး ငြိမ်းချမ်း ညီညွတ်စွာ လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံတခုပါ။ ဒီလို ငြိမ်းချမ်းညီညွတ်စွာ လုပ်ဆောင် ခြင်း အားဖြင့် အားလုံးရဲ့ လှပတဲ့ အိမ်မက်တွေအကောင် အထည်ပေါ်လာနိုင်မယ့် ပန်းတိုင်နေရာတခု ကို ရောက်ရှိနိုင်ပြီး ကူညီတဲ့မိတ်ဆွေတွေအားလုံးအတွက်လည်း ကျေနပ်မှုတွေရစေ လိမ့်မယ်လို့လည်း ကျမယုံကြည်ပါတယ်။ ကျေးဇူးပါ။ (တိုက်ရိုက်ပြောသည့် မိန့်ခွန်းမှ ဆီလျော်အောင် ဘာသာပြန်ထားပါသည်။) Credit: VOA BURMESE |
တွန်း
Posted: 19 Sep 2012 09:42 AM PDT
(BBC Newsမှ 18Sept 2012ရက်စွဲပါ "Suu Kyi calls for further easing od Burma sanctions" သတင်းကို ဘာသာပြန်ဆိုသည်။) အခွင့်အရေးရပါက တိုင်းပြည်ကို လမ်းမှားပေါ်သို့ ပို့ရန်စောင့်နေကြသည့် အုပ်စုများ ရှိနေသောကြောင့် နောက်ပြန်လျှော မည့် အန္တရာယ်ကို သတိထား ကာကွယ်သွားရန် အရေးကြီးကြောင်း။တပ်မတော်ကို အားပြုထားရသောအစိုးရအနေဖြင့် နောက်ထပ်အပြောင်းအလဲများကိုမိတ်ဆက်ပေးခဲ့ခြင်းမရှိပါက နောက်ကြောင်းပြန် လျှောကျနိုင်သည့် အလားအလာ ရှိကြောင်းဟီလာရီ ကလင်တန်က ထောက်ပြပြောကြားသွားပါတယ်..မြန်မာအစိုးရအပေါ်ချမှတ်ထားသောsanctionများ နောက်ထပ် ဖြေလျှော့ပေးခြင်းကိုသူမအနေဖြင့် ထောက်ခံကြောင်းအမေ ရိကန် ပြည်ထောင်စုသို့အလည်အပတ် ရောက်ရှိနေသည့် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့် တွေ့ဆုံပြီးနောက် သူမက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ မစ္စစ်ကလင်တန်လာပြီး မြန်မာနိုင်ငံတွင်တပ်မတော်က ကျောထောက် နောက်ခံ ပေးထားသောအစိုးရ၏ နောက်ပြန်လျှောနိုင်မှု (သို့မဟုတ်) အဖျားရှူးနိုင်မှုကို သတိပေး ပြောဆိုခဲ့သည်။ မြန်မာအစိုးရသစ်က နိုင်ငံရေးနှင့် လူမှုစီးပွား ပြုပြင်ပြောင်းလဲမှု များကို တစ်သီတစ်တန်း စတင်ပြုလုပ်ခဲ့ ပြီးနောက်တွင်စ တင်ပြုလုပ်ခဲ့ပြီး နောက်တွင်အနောက်အုပ်စုကယခင်ချမှတ်ထားခဲ့သောsanctionများသိသိသာသာ ဖြေလျှော့သွားခဲ့ပြီ ဖြစ်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည်လည်း တရုတ်နိုင်ငံ ခရီးစဉ်အပြီး လာမည့်အပတ်တွင် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာမည်ဟု သိရသည်။ ဝါရှင်တန်မှ US Institute of Peaceတွင်စကားပြောဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည်ပထမဆုံးအတားအဆီးကို ဖြတ်ကျော်ခဲ့ပြီဖြစ် ကြောင်းသို့သော်နောက်ထပ်အတားအဆီးများစွာကျန်နေသေးကြောင်းအမေရိကန် ပြည်ထောင်စုနှင့်ချစ်ကြည်ရင်းနှီးမှုကဏ္ဍ အရsanctionများဆက်လက်ဖြေလျှော့ ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ "sanctionတွေ ဖြေလျှော့ပေးတာကို ကျွန်မထောက်ခံပါတယ်။ ဘာ့ကြောင့်လဲဆိုရင်ကျွန်မတို့ ပြည်သူတွေဟာ သူတို့တာဝန်ယူတာကို စတင်လုပ် နိုင်ကြပြီလို့ ကျွန်မယူဆလို့ပါပဲ။ ဒီမိုကရေစီ အရွေ့ရဲ့ အရှိန်ကို ဆက်ထိန်းထားဖို့ အမေရိကန် sanctionတစ်မျိုးတည်းကိုပဲ မှီခိုနေရမယ်လို့ ကျွန်မမထင်ပါဘူး။ ဒီပန်းတိုင်ကို ရောက်အောင် ကျွန်မတို့ အလုပ်လုပ်ကြရမှာပါ"ဟုဒေါ်အောင်ဆန်းစုကြည်က sanctionများသည် မြန်မာနိုင်ငံကို စီးပွားရေး အရ ထိခိုက်စေသည်ဟူသော အထောက်အထား မရှိကြောင်း၊ သို့သော် ကြီးကျယ်သော နိုင်ငံရေး အကျိုးသက်ရောက်မှုကို ပေးခဲ့ကြောင်း ဆက်လက် ပြော ကြားသည်။ မစ္စစ်ကလင်တန်ကလည်း တပ်မတော်ကို အားပြုထားရသော အစိုးရအနေဖြင့် နောက်ထပ်အပြောင်းအလဲများကို မိတ်ဆက်ပေး ခဲ့ခြင်း မရှိပါက နောက်ကြောင်းပြန် လျှောကျနိုင်သည့် အလားအလာရှိကြောင်းသတိပေး ပြောကြားသည်။ မစ္စစ်ကလင်တန်က ဆက်လက်၍ "မြန်မာနိုင်ငံသည် ကျန်ရှိနေ သေးသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ မြောက်ကိုးရီးယားနှင့် စစ်ဖက် အဆက်အသွယ် ဖြတ်ခြင်း၊အပါအဝင် လုပ်ဆောင်စရာ များစွာကျန်နေသေးကြော င်း၊ တိုင်းပြည်ကိုစည်းလုံးညီညွတ်စေရန်နှင့် အနာဟောင်းများကျတ်ကာ အပြောင်းအလဲများ ရှေ့ခရီးဆက်နိုင်ရန်အတွက် အစိုးရနှင့်အတိုက်အခံတို့ အတူတကွ ဆက်လက်လုပ် ဆောင်သွားကြဖို့ လိုကြောင်း"ပြောကြားသည်။ ထို့ပြင်အခွင့်အရေးရပါက တိုင်းပြည်ကို လမ်းမှားပေါ်သို့ ပို့ရန်စောင့်နေကြသည့် အုပ်စုများ ရှိနေသောကြောင့် နောက်ပြန်လျှော မည့် အန္တရာယ်ကို သတိထား ကာကွယ်သွားရန် အရေးကြီးကြောင်း ဟီလာရီ ကလင်တန်က ထောက်ပြပြောကြားသွားသည်။ |
Posted: 19 Sep 2012 09:40 AM PDT
ဥပဒေတွေ ပြင်တာ၊ ဖျက်တာ၊ အသစ်တိုး တာတွေ လုပ်တာလည်း လုပ်တာပေါ့။ ဒါပေမယ့် အောက်ခြေကနေပြီးတော့ သာမန် ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတဲ့ ပြဿတွေလည်း ပြင်စရာရှိတာ ပြင်နိုင်ဖို့ ဆွေးနွေးလိုပါတယ်။
အဲဒီကိစ္စတွေဟာ ဘာမဟုတ်တာလေးလို့ ထင်ရပေမယ့် ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတာ ဖြစ်သလို ... စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်မှုတွေကို ဖြစ်ပေါ်စေတဲ့ ကိစ္စ တွေပါ။ ဒီကိစ္စတွေဟာ ရုတ်တရက်ကြည့်ရင် သေးတယ် ဆိုပေမယ့် မြန်မာပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်တာကြောင့် အင်မ တန်ကြီးမားပြီး အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် စဉ်းစားမိသလောက် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ ဒုက္ခပေးနေတဲ့ ဌာနဆိုင်ရာ ဒုက္ခပေးမှုတွေကတော့ ... ၁။ ဧည့်စာရင်းတိုင်ရခြင်း မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာနိုင်ငံထဲမှာလွတ်လပ်စွာသွားလာခွင့်ရှိရပါတယ်။ မြန်မာပြည်ဟာ မြန်မာပြည်သူတွေ အားလုံး ပိုင်ဆိုင်တဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒါကို ခရီးသွားလာတဲ့အခါ ဧည့်စာရင်း တိုင်ရတာဟာ အဓိပ္ပါယ် မရှိတဲ့ သတ်မှတ်ချက်ပါ။ ရောက်လေရာ နေရာမှာ အေးအေးချမ်းချမ်း တည်းခို နေထိုင်လို့ မရဘဲ .. ဧည့်စာရင်း တိုင်ရတဲ့ ဒုက္ခကို မြန်မာနိုင်ငံသားတိုင်း ခံစားဖူးမှာပါ။ အလားတူ ည အချိန်မတော် ဧည့်စာရင်း စစ်လို့ထရတာ၊ မိန်းကလေးတွေ အိပ်ခန်း၊ အိပ်ယာတွေ ဝင်စစ်တာ၊ စတဲ့ ဒုက္ခတွေဟာ မသေးလှပါဘူး။ ဧည့်စာရင်း စစ်ရတဲ့ ဝန်ထမ်းတွေလည်း အိပ်ရေးပျက်သလို .. တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ထားတဲ့ ပြည်သူတွေလည်း အိပ်ရေးပျက်ပါတယ်။ လုံခြုံရေးကို အကြောင်းပြပေမယ့် လစာ ရိက္ခာယူပြီး လုံခြုံရေး တာဝန်ယူထားတဲ့ အစိုးရ၊ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး စတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို အကြောင်းပြပြီး ပြည်သူတွေကို အလိုရှိ တိုင်း နှိပ်စက်လို့ မရပါဘူး။ ပြည်သူတွေကို ဒုက္ခမပေးဘဲ လုံခြုံရေး ယူတတ်ရပါမယ်။ ယူနိုင်ရပါမယ်။ အဲဒီလို မလုပ်နိုင်ရင် လစာ၊ ရိက္ခာ ယူပြီး ညာမနေပါနဲ့။ အလုပ်က ထွက်လိုက်ပါလို့သာ ပြောလိုပါတယ်။ ဒါကြောင့် ဧည့်စာရင်း ကိစ္စကို မြန်မာပြည်ကနေ အပြီးတိုင် ဖျက်သိမ်းဖို့ လိုပါတယ်။ ၂။ အစိုးရဌာနများတွင် ပုံစံ (Form) ဝယ်ရခြင်း မြန်မာပြည်မှာ အစိုးရဌာနတွေနဲ့ ဆက်ဆံတိုင်း ဘာလုပ်လုပ် ပုံစံဖြည့်ရပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ ထူးဆန်းတာက အဲဒီ ပုံစံကို ဝယ်ရတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို နိုင်ငံသားတိုင်း ခံစားဖူးကြပါတယ်။ ဥပမာ ကျွန်တော့် ကိုယ်တွေ့ ... UK နိုင်ငံမှာ နိုင်ငံကူး လက်မှတ်ကို သက်တမ်းတိုးဖို့ သံရုံးသွားရတော့ .. သက်တမ်းတိုးခ စတာလင် ပေါင်(၁၀၀) ပေးရပါတယ်။ ဒါက အစိုးရကို ပေးရတာဆိုတော့ ထားပါတော့။ ဒါတောင် သတ်မှတ်တဲ့ ငွေ ပမာဏက များလွန်းပါတယ်။ ဒီထက်ပိုဆိုးတာကတော့ သက်တမ်းတိုးဖို့ ပုံစံကို စတာလင် (၅) ပေါင် ပေးဝယ်ရတာပါပဲ။ ဘယ်နေရာမှာ မိတ္တူကူးကူး ၁၀ ပြားပဲကျပြီး .. လူတိုင်းမှာ ပရင်တာ (Printer) ရှိကြတာကြောင့် အင်တာနက်ကနေ ပုံစံ စာရွက်ကို ပရင့် (print) ထုတ်ယူပြီး ရနိုင်တာကြောင့် အလ ကားလောက် နီးနီးရတာကို (၅) ပေါင် ပေးရတာကတော့ အင်မတန် မသင့်တော်သော လုပ်ရပ်ဖြစ်ပါတယ်။ .. ဒါ ယူကေနိုင်ငံက မြန်မာသံရုံး တစ်ခုတည်းပါ။ အခြားသော ပြည်တွင်း၊ ပြည်ပက မြန်မာအစိုးရ ဌာန အသီးသီးမှာ အခုလို ပုံစံစာရွက် (Form) ကို ရောင်းစားတာဟာ ဘယ်လောက်များနေသလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။ .. ပြည်သူတွေရဲ့ ဝန်ကို ထမ်းဆောင်ပေးရမယ့် ပြည်သူ့ဝန် ထမ်းတွေ မဟုတ်တော့ပဲ .. ဝန်ထမ်းတွေရဲ့ တာဝန်တွေကို ပြည်သူတွေက ပြန်ထမ်းနေရတာ ဖြစ်နေပါတယ်။ ပြည်သူတွေရဲ့ ငွေကြေးတွေဟာ မလိုအပ်ဘဲ .. နေ့စဉ် တရက် အတွင်း အဲဒီလို ပုံစံpရွက် (form) ဖို့အတွက် သုံးစွဲနေရတာဟာ တနိုင်ငံလုံးစုစုပေါင်းရင် .. နည်းတဲ့ ပမာဏ မဟုတ်လောက်ပါဘူး။ မြန်မာကျပ်ငွေ သိန်း၊ သန်းချီပါလိမ့်မယ်။ ၃။ အစိုးရ လုပ်ငန်းနှင့် သက်ဆိုင်သော ကိစ္စများတွင် မလိုအပ်သော စည်းကမ်းများသတ်မှတ်ကာ စီးပွားရှာကြခြင်း အစိုးရ လုပ်ငန်းနှင့် သက်ဆိုင်သော ကိစ္စများတွင် မလိုအပ်သော စည်းကမ်းများသတ်မှတ်ကာ စီးပွားရှာကြခြင်းဆိုတာကတော့ အစိုးရ ဝန်ကြီးဌာနတွေရဲ့ ဝန်ဆောင်မှုတွေကို သတ်မှတ်ထားသော နေရာက ပစ္စည်းများကို ဝယ်သုံးမှ အသိအမှတ်ပြုမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ချက်များ ဖြစ်ပါတယ်။ ဖြစ်သင့်တဲ့ လိုအပ်ချက်ကို သတ်မှတ်တာ မဟုတ်ဘဲ .. နေရာကို သတ်မှတ်တာ ဖြစ်ပါတယ်။ ဥပမာ ...ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာ (ကညန) က မော်တော်ကား နံပါတ်ပြားများကို သတ်မှတ်ထားသော နေရာတစ်ခုတည်းကနေ ဝယ်ယူ တပ်ဆင်မှ ကားလိုင်စင် ထုတ်ပေးပါတယ်။ တကယ်တော့ ဒါဟာ ပြည် သူတွေ အပေါ်မှာ စီးပွားရေး လက်ဝါးကြီး အုပ်တာ ဖြစ်ပြီး .. ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖျက်စီး ပိတ်ဆို့တာ ဖြစ်ပါတယ်။ ကညန အနေနဲ့ ကားနံပါတ်ပြားတွေကို ရေးဆွဲရာမှာ .. စာလုံး အရွယ်အစား၊ အရောင်၊ ရှင်းလင်းပျက် သားမှု၊ စာလုံးပုံစံ ... စတဲ့ သတ်မှတ်ချက်တွေကို ထုတ်ပြန်ပြီး .. ဘယ်နရာမှာ ရေးလာတဲ့ နံပါတ် ဖြစ်ဖြစ် .. အဲဒီ သတ်မှတ်ချက်တွေကို ပြည့်မီမယ်ဆိုရင် .. လိုင်စင် ထုတ်ပေးသင့်ပါတယ်။ အခုက အဲဒီလို မဟုတ်ဘဲ အစိုးရ ဌာနနဲ့ လက်ဝါးခြင်း ရိုက်ထားတဲ့ နေရာက ဝယ်ထားတဲ့ နံပါတ်ပြားတွေကိုပဲ သုံးမှ လိုင်စင် ထုတ်ပေးတာဟာ .. ပြည်သူတွေကို ဒုက္ခပေးတာ ဖြစ်ပြီး .. အဲဒီလို လုပ်ပိုင်ခွင့် ရဖို့အတွက် အပြိုင်အဆိုင်နဲ့ ဝန်ထမ်းတွေကို လာဘ်ပေးရတဲ့ စီးပွားရေး ဈေးကွက်က ပေါ်လာပါတော့တယ်။ ဒါဟာ အင်မတန် မှားယွင်းတဲ့ စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ အလားတူပါပဲ ..နိုင်ငံကူး လက်မှတ်လျှောက်ထားရာမှာလည်း သတ်မှတ်တဲ့ နေရာက ဓါတ်ပုံကိုပဲ ရိုက်ရပါတယ်။ (အထက်ပါ ကိစ္စတွေဟာ ကျွန်တော် ပြည်တွင်းမှာ ရှိစဉ်က ကိစ္စတွေ ဖြစ်ပြီး အခုအထိ ကျင့်သုံးနေကြသလား၊ အခြားနေရာတွေမှာရော ရှိနေသေးလားဆိုတာ သိသူများ ဖြည့်ပေးကြပါ။) ၄။ သတင်းအချက်အလက် အလုံအလောက် မထုတ်ပြန်ခြင်း အစိုးရဌာနတွေဟာ (အထူးသဖြင့်) ပြည်သူတွေကို ဝန်ဆောင်မှု ပေးနေတဲ့ ဌာနတွေဟာ .. အဲဒီ ဌာနတွေရဲ့ လုပ်ထုံး လုပ်နည်း ဆိုင်ရာ ကိစ္စတွေကို လုံလုံလောက်လောက် သတင်းထုတ်ပြန်သင့်ပါတယ်။ လမ်းညွန်မှုလည်း ပေးသင့်ပါတယ်။ အချိန်နဲ့ တပြေး ညီ လိုအပ်ရင်လည်း လိုအပ်သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒီလို သတင်း အချက်အလက် ထုတ်ပြန်တာ မရှိသလောက်ပါပဲ။ ဥပမာ .. ကျွန်တော်က ကျွန်တော့်အိမ်မှာ တပ်ထားတဲ့ အိမ်သုံး တယ်လီဖုန်းနံပါတ်ကို ကျွန်တော် အသစ်ပြောင်းမယ့်အိမ်မှာ အဲဒီ နံပါတ်ကိုပဲ ပြန်သုံးချင်တယ်။ ကျွန်တော့်မိတ်ဆွေတွေက အဲဒီနံပါတ်နဲ့ ကျွန်တော့်ကို ဆက်သွယ်နေတာကြောင့် အဆက်အသွယ် မပျက်စေချင်လို့ ပြောင်းချင်တယ်။ အဲဒီ အတွက် ဘယ်လို လုပ်ရမလဲဆိုတဲ့ သတင်းအချက်အလက် အပြည့်အစုံကို ထုတ်ပြန်ထား တာ မရှိပါဘူး။ ဒီတော့ အဲဒီလို လုပ်ဖို့ အတွက် ပွဲစား၊ အသိ၊ ဂွင်၊ လာဘ်ထိုး .. စတဲ့ နည်းတွေ သုံးပြီး နံပါတ်ကို ပြောင်းဖို့ လုပ်ရ ပါတော့မယ်။ ဒါဟာ အချိန်လည်း ကြာပြီး မလိုအပ်ဘဲ ကုန်ကျမှုတွေ ဖြစ်တာကြောင့် ပြည်သူတွေ ဒုက္ခ အင်မတန်ကြီးပါတယ်။ တကယ်လို့ ဘယ်လို လုပ်ရမလဲဆိုတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ထားရင် .. အဲဒီအတိုင်း လူတိုင်း လိုက်လုပ်ရင် လွယ်လွယ်လေး ဖြစ်နေမှာပါ။ ဒီလို ဂွင်ရှာဖို့ သက်သက် သတင်းကို မထုတ်ပြန်တဲ့ ဝန်ကြီးဌာနတွေ ဘယ်လောက် ရှိမလဲဆိုတာ ရေတွက် လို့တောင် ကုန်မယ် မထင်ပါဘူး။ အထက်ပါ အချက် (၄) ချက်ဟာ ကျွန်တော် သိသလောက် ပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။ အခြား အချက်များကို သိသူများလည်း ထပ်မံဖြည့်စွက်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှ ပြည်သူတွေရဲ့ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးစေရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း .. လေးစားစွာဖြင့် ကိုထိုက် |
Posted: 19 Sep 2012 09:05 AM PDT
စက်တင်ဘာ ၁၉ က အမေရိကန် လွှတ်တော် (ကတ်ပီတယ်လ်) ကို အမေရိကန် ကွန်ဂရက်ရဲ့ အမြင့်ဆုံး ဂုဏ်ပြု ဆုတံဆိပ်ဖြစ်တဲ့ ရွှေတံဆိပ်ဆုကိုလက်ခံရယူဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတာ
ဖြစ်ပါတယ်။(bbc) အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ကရက်စ်ကပေးအပ်မယ့် အမြင့်ဆုံးဆုဖြစ်သော "ကွန်ကရက်စ်ရွှေသားဆု" ကို ဒေါ်အောင်းဆန်းစုကြည်အတွက်ပေးအပ်မည့် ဆုပေးပွဲ အခမ်းအနားအား အောက်ဖေါ်ပြပါ ဝက်ဆိုဒ်မှတိုက်ရိုက်လွှင့်ထုတ်မည်ဖြစ်သည်။ မြန်မာစံတော်ချိန် ည (၂)ရီတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ "ကွန်ကရက်စ်ရွှေသားဆု" ပေးအပ်ချီးမြှင့်ပွဲတိုက်ရိုက်ကြည့်ရှုရန် --- http://www.speaker.gov/live ဒီနေရာကနေလည်း တိုက်ရိုက်ကြည့်လို့ရပါတယ်.. Upcoming Live Events Congressional Gold Medal Ceremony Today @ 3:00 PM ET |
Posted: 19 Sep 2012 08:39 AM PDT
|
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
Subscribe to:
Posts (Atom)