----------
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် စက်တင်ဘာလ ၁၅ ရက်က
ကျင်းပသော မြစ်ဆုံစီမံကိန်းတစ်နှစ်ပြည့် အခမ်းအနားသို့
ရွှေတွံတေးဆရာတော် အရှင်ဝါယမ တက်ရောက်ပြီး ဟောပြော မေတ္တာရပ်ခံခဲ့သည်။
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏အသက်ဖြစ်တဲ့အတွက် ဧရာဝတီသေရင် နိုင်ငံသေလိမ့်မည်
ဒါကြောင့် ဧရာဝတီကို မသတ်ပါနဲ့ - ကချင်တွေကို မသတ်ပါနဲ့
ဧရာဝတီကို ရှင်သန်ခွင့်ပေးပါ၊ စီးဆင်းခွင့်ပေးပါ -
တားဆီးပိတ်ကာနေသူတွေ ကိုယ့်အိမ်ကိုယ်ပြန်ကြပါတော့
ငြိမ်းချမ်းချင်ရင် ၂ ဘက်လုံး ယုံကြည်မှုရှိရမယ် - ယုံကြည်ဖို့
သံသယဖျောက်ရမယ် သံသယကင်းဖို့
ပွင့်လင်းမြင်သာမှုရှိရမယ်၊ ပွင့်လင်းမြင်သာအောင် ရိုးသားကြရမယ်။
ဒါကြောင့် အုပ်ချုပ်သူအကြီးအကဲတွေရော
ပြည်သူတွေပါ အရင်းခံရိုးသားကြပါ - ၀ှက်ဖဲနဲ့ မကစားကြပါနဲ့ .....
စသည်ဖြင့် ဟောပြောမေတ္တာရပ်ခံခဲ့သည်။

No comments:
Post a Comment