Sunday 16 September 2012





အမေရိကား ကို မလာဘဲ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ကို သွားတဲ့ ခေါင်းဆောင်.
Posted: 14 Sep 2012 11:58 PM PDT
























 " ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ
 အရောက်လာခဲ့တာဖြစ်ပါတယ်။"

နောက်ဆုံးရရှိတဲ့သတင်းအရ ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ကိုမာကီး၊ ကိုသက်
ဇော်(ခ)ဇောက်ထိုး တို့နဲ့DVB သတင်းထောက် တစ်ဦးတို့ဟာမနက်ဖြန်မှာ တိုက်ပွဲပြင်းထန နေတဲ့် ဖားကန့် ဒေသ နှစ်ဘက်
တိုက်ပွဲကြားထဲကိုဝင်ကြတော့ မှာဖြစ်ပါတယ်။

အဲဒီနေရာမှာ ဒေသပေါင်းစုံက အလုပ်လာရောက်လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲကျော် ပိတ်မိနေပြီး ဒုက္ခသည် တွေလည်းရှိနေ
တဲ့အတွက် သူတို့တွေအတွက်၊စစ်ကိုရပ်တန့်စေ ရေးအတွက် ဒီလိုလုပ်ရတာပါလို့၈၈ မျိုးဆက်ကျောင်းသားများကဆိုပါတယ်။

လိုအပ်ရင် ကချင်လူထုနဲ့အတူ စစ်တလင်းထဲမှာ လူထုရှေ့က မားမားမတ်မတ်ရပ်ပြီးအသေခံသွားကြ မယ်လို့ပြောပါတယ်။

ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ
 အရောက်လာခဲ့တာဖြစ်ပါတယ်။
By- Aung Thu Ra

Posted: 14 Sep 2012 11:55 PM PDT












ဒီကနေ့ (၁၄-၉-၂၀၁၂)ရက်နေ့မှ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊ ပေါက်တောရွာမှာ ခိုးဝင် ဘင်္ဂလီကုလား
(၁၀)ယောက် ဖမ်းမိကြောင်း သိရပါတယ်။

အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသာတစ်ယောက်ကတွေ့လို့ သတင်းပို့ရာမှ ရွာဥက္ကဋ္ဌ နှင့် မီးသတ်တပ်ဖွဲ့ဝင်
များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း၊ ပေါက်တောရွာဥက္ကဋ္ဌအိမ်မှာ ဖမ်းထားပြီး ကလေးမြို့ရဲစခန်းကို သတင်းပို့ရာ
 ရဲစခန်းမှ စက်လှေဖြင့် လာခေါ်ခြင်းဖြစ်ကြောင်း၊ တောင်အူရွာလှေဆိပ်မှာ ရဟန်းသံဃာများနှင့် ရွာသားများက စက်လှေဖြင့်
လိုက်ကာ ဝန်းရံခဲ့ကြကြောင်း၊ လှေဆိပ်မှ ရွာသူ/ရွာသားများ နှင့် မြို့သူ/မြို့သားများ ဝိုင်းအုံလျက်ရှိရာ တစ်စုံတစ်ရာ
အန္တရာယ်ပြုမည်စိုးသောကြောင့် သံဃာများနှင့် လူများ က စက်လှေတစ်စီးဖြင့် ရှေ့မှ ဦးဆောင်ခေါ်ခဲ့ကြခြင်းဖြစ်ကြောင်း၊
 ဒီကနေ့ ည(၇း၀၀)နာရီမှာ တောင်အူရွာမှ အချုပ်ကားဖြင့် တင်ခေါ်သွားကြကြောင်း၊ ကလေးမြို့ရဲစခန်းသို့ (၇း၂၀)နာရီမှာ
 ရောက်ရှိကြောင်း သိရပါတယ်။

ဘင်္ဂလီ(၁၀)ယောက်ဟာ ဆယ်ကျော်သက်အရွယ်များဖြစ်ကြပြီး ၎င်းတို့ကို လမ်းပြသူမှာ ကိုစိန်ဝင်း (ဗမာ/ဗုဒ္ဓ) မင်းကင်းနယ်
 တောင်တွင်းရွာမှာဖြစ်ကြောင်း၊ တမူးမှ ကလေးကို ဆိုင်ကယ်ဖြင့် ပို့ဆောင်ခ ငါးသိန်း ကျပ်ရပြီး၊ တမူးမှ မန္တလေးသို့ ပို့ဆောင်ခ
မှာ တစ်ယောက်လျှင်(၁၅)သိန်းရကြောင်း၊ ခါတိုင်းလိုပဲ အလွယ်တကူ ဖြတ်ကျော်လို့ရမယ်ထင်ပြီး အတင့်ရဲကာ ဖြတ်ကျော်
လာလို့ ဖမ်းမိသွားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ELEVEN-ဂျာနယ်သတင်းထောက်နှင့် နယ်မြေခံသတင်းထောက်များလည်း လာရောက်သတင်းယူကြ ကြောင်း၊
 ညကြီးမိုးချုပ်ဖြစ်နေလို့ ဆိုင်ကယ်မီးများဝိုင်းထိုးပေးထားတာတောင် ဓာတ်ပုံရိုက်ဖို့ အခက်အခဲရှိ ကြောင်း၊ ရဲစခန်းက
လည်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်း သိရပါတယ်။

အခု ဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ (၂၇)ဦးအုပ်စုမှဖြစ်ပြီး ကျန်(၁၇)ဦး လွတ်မြောက်နေသေးကြောင်း၊ ဆင်ရွာမှာလည်း (၃၀)ဦး
 အုပ်စုရှိနေသေးကြောင်း၊ ညအခါ နှစ်ယောက်တစ်တွဲ လာရောက်ထမင်းတောင်းကြလို့ ရွာသူ/ရွာသားများက
 ရိပ်မိသွားကြခြင်းဖြစ်ကြောင်း၊ အင်းစိန်တံငါရွာမှာလည်း ဘင်္ဂလီများ ရောက်ရှိနေကြောင်း ကြားရလို့ နေသာဆရာတော်
 ဦးဓမ္မိကကိုယ်တိုင် လူလွှတ်ပြီး စုံစမ်းနေကြောင်း သိရပါတယ်။

ကလေးမြို့မှာ ဘင်္ဂလီတွေကို ခိုးသွင်းပေးနေတဲ့ ဒေသခံတစ်ဦးရှိနေပြီဖြစ်ကြောင်း၊ ယခု ဖမ်းမိသော ကိုစိန်ဝင်းဟာ ခေါင်းဆောင်
မဟုတ်၊ လမ်းပြသာဖြစ်ကြောင်း၊ ဒေသခံခေါင်းဆောင်တစ်ဦးဦးဆိုတာကလည်း (ဗမာ/ဗုဒ္ဓ)ပင်ဖြစ်ကြောင်း၊ စုံစမ်းရှာဖွေဖမ်းဆီး
ဆဲဖြစ်လို့ အတိအကျ မသိရသေးကြောင်း၊ ရဲစခန်းကလည်း ၁၃.၉.၂၀၁၂.-ရက်နေ့က ကျင်းပထားတဲ့ ပူပူနွေးနွေး ရိုဟင်ဂျာရှုတ်
ချပွဲကြောင့် ယခုလို ပြည်သူလူထု ပူးပေါင်း လာတာကို ကျေးဇူးအထူးတင်ကြောင်း သိရပါတယ်။

ဝန်ကြီးဦးခင်ရီ ခိုးဝင်ဘင်္ဂလီမတွေ့ရဟု ပြောဆိုထားသော်လည်း ကလေးမြို့သူ/မြို့သား ကလေးနယ် သူ/နယ်သားကတော့
အစုလိုက် အပြုံလိုက်ဖမ်းပြီး သက်သေပြတော့မှာ ဖြစ်ကြောင်းပါခင်ဗျာ။

"စုံစမ်းရန်"

၀၉-၄၉၂၃၈၃၉၇

၀၉-၂၄၅၀၁၆၃

၀၉-၄၇၀၇၂၉၉၇

၀၉-၄၇၀၇၂၁၄၇

၀၉-၄၀၀၄၅၈၁၉၉

အရှင် ၀ီရသူ

Posted: 14 Sep 2012 10:25 PM PDT
(နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သို့ အကြံ ပြုစာအဖြစ်လည်းကောင်း- NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသို့ အကြံ
 ပြုစာအဖြစ်လည်းကောင်း-ပြည်တွင်းဂျာနယ် တိုက် သို့ ပေးပို့ထားသော ဆောင်းပါး)

ကျွန်တော့်ညီ အသက်၁၈ မပြည့်သေးဘူး ၊ ဆေးလိပ်ပေါ်ပေါ်တင်တင်သောက်နေပြီ။ Night Club တွေတတ်နေပြီ၊ ပါတီတွေ
 တတ်တယ်၊ အရက်တွေသောက်နေပြီ။ အဲဒါတွေ သိတော့မှ အသိတရားရတယ်။ အစက ကိုယ်နဲ့မဆိုင်သလိုပဲ ဂရုမစိုက်ခဲ့ဘူး။
အတ္တကြီးတယ်ပဲ ပြောရတော့မှာပေါ့။ သူ့လို လူငယ်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များနေပြီလဲ လို့။

ဝန်ခံပါတယ်။ ကျွန်တော်လည်း ၁၀ တန်းကျောင်းသား ဘ၀မှာ ဆေးလိပ်စသောက်တယ် အရက်စသောက်နေပြီ။ဒါတောင်
 ကျွန်တော် ၁၀တန်းမှ ဒါတွေ စလုပ်တာ နောက်တောင်ကျနေပြီ၊ ကျောင်းက တစ်ခြားသူတွေဆို ချောင်းဆိုးပျောက်ဆေးတွေ
 သောက်တယ်၊ကျောင်းကို Beer ယူပြီးသောက်တာ မိလို့ ကျောင်းတွေထုတ်ခံရတယ်။

ရှိုးပွဲသွားတယ် Beer ခွက်နဲ့ တစ်ခါတစ်လေ ဘယ်ကနေဘယ်လို ရမှန်းမသိတဲ့ ဆေးခြောက်၊ မသောက်ရင်ပဲ စတိုင် မရှိ
 ခေတ်နောက်ကျမှာ ဆိုးလို့ သောက်တယ် လုပ်တယ် အမောပဲ။Show ပွဲ ပြီး ရင် ညဘက် ကလပ်တက်ပါတယ် လူကြီးတွေနဲ့
 ရောယောင်ပြီးတော့။ ယုံလားတော့ မသိဘူး။ ၁၀တန်းကျောင်းသား ပိန်ပိန်သေးသေး ဘယ်လိုမှ ၁၈ မဟုတ်မှန်း သိသာ တယ်။
 ဒါပေမဲ့ ဘာဖြစ်လည်း ကိုယ်နဲ့ပါလာတဲ့အကြီးတွေက VIP တွေလေ ဘယ်လောက်တောင် အဲ့မှာ သုံးဖြုန်းထားမှန်းမှမသိတာ
။အေးဆေးပေါ့ ရင်ကော့ပြီးလိုက်ဝင်သွားတယ်။

၁၀တန်းပြီးတယ် ပိုလွတ်လပ်တယ်။ အိမ်မကပ်တော့ဘူး။ အရက်နဲ့ ဆေးလိပ်ကို ပိုခုံမင်လာတယ်။ ညဘက် ကလပ်တတ်ရတာ၊
 Show ပွဲသွားရတာ၊ ပါတီတွေတတ်ရတာ၊ မူးရူး ပြဲကွဲ ၊ ပြီးရင် ရန်တွေလိုက်ဖြစ်ရတာ ပျော်လာတယ်။

ဘယ်တတ်နိုင်မလဲ ဈေးပေါပေါ နဲ့ လွယ်လွယ် ရနေတာကို။

နောက်ပိုင်းအပေါင်းအသင်းနည်းနည်းများလာ တော့ မူးယစ်ဆေးဝါး စ စမ်းလာပါတယ်။

"ယာမ" အဲ့ဒါမှ လွဲရင်ကျန်တာ ဘာမှမလုပ်။ အကြိုက်ဆုံးပဲ ၊ အားရှိတယ် တတ်ကြွတယ်၊ စဉ်းစားအားရှိတယ် ဆင်ခြင်မျိုးစုံနဲ့
 နှစ်အတော်အကြာ လုပ်ခဲ့တယ်။ ဈေးကြီးတယ်ပြောတယ် ဒါပေမဲ့ နေ့တိုင်းအလကားနီးပါးရတယ်၊ လုံးဝ မကြောက်မရွံ့ ခဲ့ဘူး။
 ရန်ကုန်မြို့ မှာ နံမည်ထွက် ဒိတ်ဒိတ်ကြဲ နာမည်ကြီး အလိုချင်ဆုံးစာရင်း ထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ နဲ့ တရင်းတနှီးကို ရှိခဲ့ ပြီး ကိုယ်
ကိုယ်တိုင်တောင် ရောင်းတဲ့သူ နံမည်စာရင်းထဲမှာတောင်ပါခဲ့တယ်။

သိုင်းလောက လို့ နာမည်ပြောင်ပေးထားတဲ့ အဲ့ အသိုင်းအ၀ိုင်း အဲ့လောကမှာ တော်တော်လေးကြာကြာကို ဦးတည်ရာမဲ့ ပြီး
တစ်နေ့တစ်နေ့ အဲ့ဒါနဲ့ အချိန်တွေကုန် ခဲ့တယ်။ အမှားအမှန်ကို လုံးဝ မစဉ်းစားဘူး၊ ဘယ်သူ့ကိုမှလဲ ထည့်မတွက်ဘူး၊ လူမှုရေး၊
 ပညာရေး၊ ကျန်းမာရေး အစစ အရာရာအကုန်လုံး ဆုတ်ယုတ်လာတယ်။မိဘမျက်ရည်ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။
 ကိုယ့် ဆွေမျိုး မိသားစု ကိုယ့်ကြောင့် ဂုဏ်သိက္ခာတွေ ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် အရင် ကအပေါင်းအသင်းတွေ
 ငယ်သူငယ်ချင်းတွေ ကိုယ့် ကို မပေါင်းရဲတော့ တာလည်း မစဉ်းစားခဲ့ဘူး

ဒီလိုနဲ့ ပဲ.. ကြာလာပြီလေ .. နံမည်တွေက အနံ့ ထွက်လာပြီ၊ ကံအရမ်းကောင်းပါတယ် အဲ့နေ့ က ကျွန်တော် အပြင်မလိုက်
သွားတော့ အဖမ်းမခံလိုက်ရပါဘူး။ ကံမကောင်းစွာပဲ အဖမ်းခံလိုက်ရတဲ့ နှစ်ယောက် က ကျွန်တော့်ကို ညီ တစ်ယောက်လို
 အငယ်တစ်ယောက်မို့ ချစ်ကြတယ် ၊ ရဲတွေ မေးတော့ လိုက်တော့ ကျွန်တော့်ကို လုံးဝ မသက်ဆိုင်ကြောင်း အကာအကွယ်
အပြည့် ပေးပြီး ပုတ်ထုတ်သွားတယ်၊ နောက်အေးအေးဆေးဆေးမှ သွားတွေ့ တော့ ကျွန်တော့်ကို အကြောင်းစုံ ပြောပြတယ်
 ပြီးတော့ သူတို့ ကို သင်ခန်းစာ ယူတော့၊ နောက်မူးယစ်ဆေးဝါးကို ဘယ်တော့မှ မလုပ်နဲ့တော့၊ သူမှာ ရွေးချယ်စရာ စီးပွားရေး
မရှိတဲ့အတွက် ဒါကိုလုပ်ရတာဖြစ်ပြီး ကျွန်တော့်မှာ တက်လမ်းတွေး အခွင့်အရေးတွေ ရွေးချယ်စရာတွေ အများကြီးရှိတယ်
 ဆိုပြီး ကျွန်တော့် ကို ဆုံးမ ပါတယ်။ သူတို့ ကျေးဇူးရှိပါတယ်။

ဒါနဲ့ အရင်လို မဟုတ်တော့ပဲ ဦးတည်ချက်တွေ ပြန်ရှိလာခဲ့ပါတယ်။

ကျွန်တော် အများကြီး ကံကောင်းခဲ့ ပါတယ်။ ကျွန်တော့်လို ကံမကောင်းခဲ့တဲ့ လူငယ်တော်တော်များများ ဟာ ထောင်နန်းစံပြီး
ဘ၀ အမည်းစက်ကြီးတွေ စွန်းထင်းခဲ့ ကြတယ်။ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့် ရဲ့ အရိပ်မည်းကြီး နဲ့ မြန်မာနိုင်ငံ
 လူငယ်တွေရဲ့ မူးယစ်ဆေးဝါး အခြေအနေတွေပါ။

ဒါတွေမှာ ကျွန်တော့် အမြင်ကို ပြောရရင်-

မူးယစ် အစ ဆေးလိပ်က ဆိုတဲ့ စကား လုံးဝမှန်ပါတယ်.

၁၈ နှစ်မပြည့်သေးတဲ့ သူတွေအတွက် ပိုက်ဆံ ရရင် ပြီးရော လို့ ရောင်းနေတဲ့ ကွမ်းယာဆိုင်တွေရှိနေတယ်၊
စတိုးဆိုင်တွေရှိတယ်၊ဘီယာဆိုင်တွေ ရှိတယ်၊ ရှိုးပွဲ မှာ ဘီယာတွေကို ရောင်းချင်သလိုရောင်းတယ်၊ပါတီပွဲတွေ များလာတယ်၊
 ၁၈ နှစ်အောက်တွေကို ပေးဝင်တယ်၊ အရက်ပါသောက်ခွင့်ပေးတယ်၊ နိုက်ကလပ်တွေ ပိုက်ဆံရ ရင်၊ အသိုင်းအ၀ိုင်းကြီးတွေမှာ
 ၁၈ နှစ်အောက်တွေပါလာရင် ပေးဝင်တယ်၊

စစ်ဆေးအရေးယူမဲ့ ရဲတွေ မရှိခဲ့ဘူး၊ ဥပဒေ တင်းကြပ်မှုမရှိဘူး။ ရဲတွေစီကတောင်မီးညှိဖို့မီးခြစ်တောင်တောင်းဖူးသေး တယ်။

ဆေးလိပ်၊အရက် ဘီယာဈေးတွေ ပေါပေါလောလော ရတယ် ကိုယ့်မုန့်ဖိုးနဲ့ တောင် ကိုယ်ဝယ်လို့ရတယ်။

မူးယစ်ဆေးဝါးပြသနာမှ ဆိုရင်လည်း လာဘ်ပေး ခြစား အာဏာ အလွဲသုံးစားတွေ၊ နောက်ဆုံးပြည်ထဲရေး ရုံးထဲ က
ဝန်ထမ်းတွေ ဆီကပါ ကိုယ်ကိုယ်တိုင် ၀ယ်ခဲ့ဘူးတယ်၊ အများကြီးကြုံတွေ့ခဲ့ ရတယ်။ ပိုက်ဆံရှိတဲ့ သူတွေ၊ ပတ်သတ်ရာ
 ပတ်သတ်ကြောင်းတွေ လွတ်ပြီး ပြစ်ဒဏ်သေးတဲ့ သူတွေ အပြစ်ပုံချ ခံရလို့ ပြစ်ဒဏ်ပိုကြီးသွားတာတွေ ကိုယ်ကိုယ် တိုင်
 ရုံးချိန်းတော်တော် များများလိုက်နားထောင်ဖူးလို့ မြင်တွေ့ ခဲ့ရတယ်။

မူးယစ်ဆေးဝါးရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အားကစား ကို လိုက်စားဖို့ အခြေအနေတွေမပေးခဲ့ဘူး။
ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကအခြေအနေတွေပါ။

အခုအခြေအနေတွေကို ပြောရရင်ခေတ်ကလည်းမှီလာပြီ၊ပွင့်လည်းပွင့်လင်းလာပြီ၊ဆက်သွယ်ရေး၊စီးပွားရေး တွေကလည်း
ကျယ်ပြန့်လာပြီ ဆိုတော့နိုင်ငံခြား ဆေးလိပ်ကုမ္ပဏီ၊ အရက်ကုမ္ပဏီ၊ ဘီယာကုမ္ပဏီ စက်ရုံတွေ ၀င်လာပြီး ရင်းနှီးမြုပ်နှံမဲ့သ
တင်းတွေ၊ ကြားရပါတယ်၊ အရာရှိဝန်ကြီး တစ်ယောက်ကလည်း မြန်မာနိုင်ငံသားတွေ အဆင့်မြင့် အရက်ကောင်း၊ အရက်သန့်
၊အရက်စစ်တွေ သောက်ရတော့မယ်ဆိုပြီး မီဒီယာတွေကို စကားဦးသန်းထားပါတယ်၊

အရက်တွေ ဈေးထက်ကြမယ်ဆိုတဲ့ အရိပ်အယောင်တွေ၊ပါတီပွဲ၊ ရှိုးပွဲတွေ အရင်ကထက် များလာပါတယ်
Bar၊ Night Club၊ Beer ဆိုင် တွေ အသစ်တွေ ပေါ်လာပါတယ်

အသက် ၁၈ နှစ် အောက်တွေ ပေးဝင်ထားတုန်း၊ အရက်၊ဘီယာနဲ့ ဆေးလိပ်တွေကို ပေးသောက်မြဲ၊ လွယ်လွယ်နဲ့ ရောင်းမြဲ၊
စည်းကမ်းတင်းကြပ်မှု၊ အရေးယူမှုတွေ လျော့ရဲနေမြဲ တွေတွေ့နေရပြီးမူးယစ်ဆေးဝါးမှာ ဆိုရင် လည်း အရင်ကထက် မြန်မာနိုင်ငံ
ထဲကို ၀င်ရောက်မှု တွေ များလာတယ် ဆိုတာ ကို Report တွေ မှာတွေ့နေရပါတယ်။

အဆုံးရွားဆုံး ကတော့ အင်တာနက်လူမှုရေး စာမျက်နှာပေါ်တွေ မှာ မူးယစ်ဆေးဝါးသုံးစွဲနေပုံ၊ မူးယစ်ဆေးဝါးပုံတွေ ကို
 ဂုဏ်ယူဝင့်ကြွားစွာ တင်လာပြီး ထို လူငယ်တွေကပဲ ကောင်းချီးသြဘာပေး တောင့်တမှု အရိပ်အယောင်တွေ ကို တွေ့လာရပါပြီ။

တာဝန်ရှိသူများ ခင်ဗျား။

နိုင်ငံတိုးတတ်လာပြီး ဖွံဖြိုးပြောင်းလဲနေတဲ့ ဒီမြန်မာနိုင်ငံ ကြီးဟာ နောင်နှစ်ပေါင်းများစွာတွေမှာ လူငယ်တွေက လူကြီးတွေနေ
ရာကို ၀င်ရောက်ပြီး တာဝန်ယူကြရမဲ့ အနာဂတ် လူသားအရင်းအမြစ်တွေပါ။

ဒီလူငယ် လူသားအရင်းအမြစ်တွေ ရဲ့ အနာဂတ်ကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့်အသက် ၁၈ နှစ် အောက်တွေ မူးယစ်သေစာ သုံးစွဲ ခွင့်ကို စည်းကမ်းတင်းကြပ်ပြီး ပြန်လည် ထိန်းသိမ်းပေးပါ။ ဥပဒေ
 ရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ အတိုင်း ဘယ်သူကို မဆို ဥပဒေ ချိုးဖောက်လျှင်ထိထိရောက်ရောက် အရေးယူပေးပါ။
 ပညာပေးစည်းရုံးပါ။

Night Club များ၊ Bar များကို သေချာတင်းကြပ်ပေးပါ။ နိုင်ငံတိုင်းတွင် သတ်မှတ်ထားသော စည်းကမ်းများရှိပါသည်။

မည်သူ့ ပိုင်လုပ်ငန်းဖြစ်စေ၊ လုပ်ငန်းတိုင်း၊ နေရာတိုင်း ကို ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ပါ။ အသက်မပြည့်သေးတဲ့
လူငယ်တွေ ဥပဒေချိုးဖောက်မှုတွေ ကို လိုက်လံ အရေးယူ ပညာပေးမှုတွေ လုပ်ပါ။ ကူညီ သူများ၊ ရောင်းချသူများကို ပိုမို
အရေးယူပါ။ လွယ်လွယ်ရောင်းချတတ်သိ ဆိုင်များကို ပညာပေးမှု များလုပ်ပါ။
ဆေးလိပ်မသောက်ရ နယ်မြေ တွေ သတ်မှတ်ပေးပါ။ မူးယစ်ခွန်တွေကို စိစစ်သတ်မှတ်ပေးပါ။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန များပူးပေါင်း၍ အားကစားလိုက်စားမှုကို မြှင့်တင်ရန် စီမံကိန်းများ ချမှတ်ပါ။ အားကစား
 လွယ်လွယ်နဲ့ လိုက်စားတတ်အောင် အစစ အရာရာ ပံ့ပိုးပေးပါ။

မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့များအား မြှင့်တင်ပြီး ဋ္ဌာန အတွင်း လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှု၊ Rule of Law တို့ကို
 သေချာစိစစ်ပါ။

နိဂုံးချုပ် အဖြစ်ပြောရပါလျှင် ယခု ဖွံဖြိုးတိုးတတ်နေချိန်တွင် လူငယ်တို့ ၏ အနာဂတ်အား ယခု ချိန်တည်းကစပြီး သေသေချာချာ
 ကြပ်မတ်ပေးပါမှ နောင်လာမည် ခေတ်မှီ ဖွံဖြိုးတိုးတတ်သော မြန်မာနိုင်ငံတော်ကြီး ကို တည်ဆောက်၍ ရမည် ဟုလို့တော့
ကျွန်တော်ယုံကြည်မိပါသည်။

ခေါင်းစဉ်တွင် "ကောင်းနေသော မြန်မာနိုင်ငံမှ လူငယ်တို့၏ အနာဂတ်" မှ "ကောင်း" ဟူသော ဝေါဟာရအား မူးယစ်ဆေးဝါးသူစွဲ
သူများသုံးလေ့ ရှိသော ဗန်းစကား အရ အရှိန်တတ်နေ သည် ဟူသော အဓိပ္ပါယ် အစား၊ ကောင်းကောင်းမွန်မွန် အကောင်းဆုံး
ဟူသော အဓိပ္ပါယ် အသုံး အနှုန်း အမြန်ဖြစ်ပေါ်လာပါတော့မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

နိုင်ဧရာ

၁၁.၉.၂၀၁၂

ဆောင်းပါးမိတ္တူအား--နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သို့ အကြံ ပြုစာအဖြစ်လည်းကောင်း- NLD လွှတ်တော်ကိုယ်စားလှယ်
 တစ်ဦးသို့ အကြံ ပြုစာအဖြစ်လည်းကောင်း-ပြည်တွင်းဂျာနယ် တိုက် သို့ ဆောင်းပါးအဖြစ်လည်းကောင်းပေးပို့ပြီး

Posted: 14 Sep 2012 09:55 PM PDT
Video..Yamoun Nar
ပိုက်ဆံတောင်း သူတောင်းစားမဟုတ် လက်ပြတား ခရီးသွားမဟုတ် ၀ီစီမှုတ် ဒိုင်လူကြီးမဟုတ်
အဖြေ။ ယဉ်ထိမ်းရဲ(ခ)မော်တော်ပီကယ်
cartoon..Ko Nay Myo




ဖိတ်ကြားလွှာ"
Posted: 14 Sep 2012 08:24 PM PDT






















































အစီအစဉ်

ကျင်းပမည့်နေ့ရက်
၁၈- ၉- ၂၀၁၂ (အင်္ဂါနေ့)

ကျင်းပမည့်အချိန်
နံနက် (၁၁း၀၀)နာရီမှ နေ့လည် (၂း၀၀)နာရီထိ။

ကျင်းပမည့်နေရာ
ငွေကြာရံပရိယတ္တိစာသင်တိုက် (တောင်ဥက္ကလာပ)။
အခမ်းအနားကို နေ့လည် (၁၂)နာရီတွင် စတင်ပါမည်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနား
၂၀၀၇ - ၂၀၁၂

ဖိတ်ကြားလွှာ

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား ကျင်းပခြင်း၏ရည်ရွယ်ချက်-
၁ )-ပြည်တွင်းငြိမ်းချမ်းရေး။
၂ )-နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး။
၃ )-ပြည်ပရောက် ဒီမိုကရေစီအင်အားစု အားလုံးလွတ်လပ်စွာ ပြန်လာခွင့်ပေးရေး။
၎ )-အမျိုးသား ပြန်လည်သင့်မြတ်ရေး။
၅ )-အခြေခံဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ရရှိရေး။
စသည့်နိုင်ငံရေး အနှစ်သာရရှိစွာ ( ၅ )နှစ်မြောက် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို
ကျင်းပမည်ဖြစ်ပါသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း စိတ်ဓါတ်ဖြင့် ကြွရောက်ချီးမြှင့်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပရေးကော်မတီ
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့။


Posted: 14 Sep 2012 10:19 AM PDT





























၇.၉.၂ဝ၁၂ ရက်နေ့ ရန်ကုန်မြို့ စံတော်ချိန် ၁၆း၃ဝ နာရီ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ စံတော်ချိန် (၆းဝဝ) နာရီအချိန်
ကျွန်တော့်ထံသို့ရောက်ရှိလာသော အီးမေးလ်စာတစ်စောင်ကြောင့် ကျွန်တော်အထူး တုန်လှုပ်သွားခဲ့သည်။ အကြောင်းမှာ
 ယင်းနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နာရေးကူညီမှု ဈာပနလမ်းကြောင်းမှာ စံချိန်သစ် တင်သွားခဲ့ကြောင်းပင်ဖြစ်
သည်။ ယခုလို မိုးရာသီ အေးမြသော အချိန်ကာလများတွင် ယခင့်ယခင် နှစ်များစွာက ဘဝတစ်ပါးသို့ ပြောင်းသွားသူ ဦးရေသည်
တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် (၄ဝ) ဦးရေမှ (၄၅) ဦးရေ ခန့်သာရှိခဲ့သည်။ ပူပြင်းလှသော နွေရာသီ အချိန် ကာလများတွင်
 သေဆုံးသူ ဦးရေအားဖြင့် တစ်နေ့လျှင် (၅ဝ) ဦးကျော်ခန့်သာ ရှိခဲ့သည်။ သို့ရာတွင် ၇.၉.၂ဝ၁၂ ရက်နေ့တွင် ညနေ ၄း၃ဝ
 နာရီအချိန်လောက်မှာပင် နာရေးကူညီမှုပေါင်း (၅၇) ဦး ရှိနေသောကြောင့် ကျွန်တော် တုန်လှုပ်ခဲ့ခြင်းပင် ဖြစ်တော့သည်။

ထိုကဲ့သို့ လူ့လောကကြီးမှ ထွက်ခွာမှု များပြားနေခြင်းကို ကျွန်တော်တွေးတော စဉ်းစား မိတော့သည်။ လူရယ်လို့ လူ့ဘဝကြီးတွင်
 လျှောက်လှမ်းနေစဉ် ကာလအတွင်းတွင် ရင်ဆိုင်ကြုံတွေ့ နေရသော အာဏာအတွက် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဏာတအတွက် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးအတွက် တိုက်နေတဲ့
စစ်ပွဲ၊ လူမှုရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးအတွက် တိုက်နေတဲ့ စစ်ပွဲ၊ အိ
မ်ထောင်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ စသည့် ….ဝိရောဓိစစ်ပွဲများကြောင့်လူသားတို့ သေကြေဆုံးရှုံးခဲ့ရမှုများကို တွေ့မြင်ရတော့သည်။ ထိုကဲ့သို့ ဘဝစစ်ပွဲများအား ရင်ဆိုင် တိုက်ပွဲဝင်မှုများတွင် အိမ်ထောင်ရေးစစ်ပွဲ၊ အချစ်ရေးစစ်ပွဲ ဟူသော စစ်ပွဲတွင် ကျဆုံးမှုများမှာ မပြောစ လောက် ရှိသော်ငြား
လည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အာဏာ၊ လွတ်လပ်မှု၊ အာဃာတ ... စသည့် တိုက်ပွဲများတွင် ကျဆုံးမှုများ
သည် ရာခိုင်နှုန်းအားဖြင့် များပြားမှုကို သိမြင်ခဲ့ရ သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဝိရောဓိစစ်ပွဲများ ရပ်စဲသွားကာ ငြိမ်းချမ်းသော ကမ္ဘာမြေပြင်၊ ငြိမ်းချမ်း သော မြန်မာ့မြေပြင်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားကြရမည် ဖြစ်တော့သည်။

ငြိမ်းချမ်းမှုများ မရမီစပ်ကြား ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် အများပြည်သူတို့အပေါ် တတ်နိုင်သည့်ဘက်မှ ကိုယ်
ကျိုးစွန့်၍ အတ္တများကိုဖြုတ်ကာ ပေးဆပ်သွားရင်းဖြင့် ပြည်သူပြည်သားတို့၏ စောင့်ထိန်းရမည်ဖြစ်သော လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားများကိုလည်း တတ်နိုင်သ၍ မှန်ကန်သော တရားမျှတသော လမ်းကြောင်းပေါ်သို့ တင်ပေးရမည်ဖြစ်သည်။
ထို့အပြင် လူ့အခွင့်ရေး အပြည့်အဝရရှိရေး လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အား လူသားခြင်းစာနာစိတ် မွေးဖွားနိုင်ဖို့အ
တွက်လည်း ကြိုးပမ်း ပေးရမည်ဖြစ်သည်။ ဤနေရာတွင် လူ့အခွင့်အရေးပြည့်ဝမှုနှင့် ပတ်သတ်၍ ကျွန်တော် လက်တွေ့ ခံစားရမှု
 တခုအား တင်ပြလိုတော့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း လူမျိုးဘာသာမရွေးတို့၏ လူ့အခွင့် အရေးများ ဆုံးရှုံးမှုများစွာ ရှိနေသည်ကို သိမြင်ကြမည်ဖြစ်
သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိခဲ့ ပြီးနောက် လူ့ဘဝကို လျှောက်လှမ်းပြီးသောအချိန် လူ့လောကကြီးမှ ထွက်ခွာသွားရသည့်အချိန်တွင် တသက်တာ လဲလျောင်းနေရမည့် သုသာန်မြေအကြောင်းကို ကျွန်တော် တင်ပြသွားမည်ဖြစ်
သည်။ သုသာန်မြေအကြောင်းဟု ဆိုလိုက်သည်နှင့် စာဖတ်သူအပေါင်းတို့အတွက် မင်္ဂလာမရှိခြင်း၊ ဆက်၍ မဖတ် ရှုလိုခြင်းတို့ကို
 စိတ်ထဲတွင် မပေါ်ပေါက်သင့်ချေ။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းမြေဟူသည်ကား လူသားအားလုံးနှင့် ဆက်နွယ်၍ ပတ်သက်မှုရှိနေခြင်းဟူ၍ သာဓကရှိခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓ မြတ်စွာဘုရားရှင် လက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံး
ထဲက ဂုဇ္ဈကုဋ်တောင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုပ်ဖို့ သားဖြစ်သူကို ပြတယ်။ ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့ ပုဏ္ဏားကြီးယူဆထားတဲ့နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တဝါတစ်ယောက်ရဲ့ ဘဝတွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာကို ပြပါတယ်။

ဥပသာလက နာမာနိ၊

သဟဿနိ စတုဒ္ဒသ။

အသ္မိံပဒေသေ ဒဂနိ

နတ္တိလောကေ အနာမတံ။

ပုဏ္ဏားကြီး သင်ယခုညွှန်ပြသောနေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်း ကောင်ပေါင်း တစ်သောင်းလေးေ
ထာင်တိတိ မီးသင်္ဂြိုလ် လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေ အပြင်၌ လူသေ ကောင်ပုတ် မမြုပ်ဖူးသောနေရာဟူ၍
မရှိပေ။"

ထို့ကြောင့် ယခု ပြည်ပနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံရှိ မြို့အသီးအသီးတို့တွင် သုသာန်များအား လိုက်လံကြည့်ရှု
 လေ့လာသောအချိန်တွင် ကျွန်တော်များစွာ ကြေကွဲမှုကို စိတ်တွင်ဖြစ်ပေါ် ခဲ့ရတော့သည်။ အမေရိကန်နိုင်ငံတွင်မက အခြားသော ပြည်ပနိုင်ငံများတွင် လူသားတို့၏ နောက်ဆုံးခရီးအားပို့ဆောင် သင်္ဂြိုလ်ပေးမှုလုပ်ငန်းများသည် များစွာလူ့
အခွင့်အရေး အပြည့်အဝကို ရရှိစေခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုကဲ့သို့သော ပြည်ပနိုင်ငံကြီးများတွင် လူတစ်ယောက် သေဆုံးသွားပါက မြေမြုပ်ခြင်း၊ မီးသင်္ဂြိုလ်ခြင်း စသည့် အသုဘအခမ်းအနားများအတွက် ကုန်ကျငွေ
များသော်ငြားလည်း အသုဘပို့သူ၊ အသုဘရှုသူ အပေါင်းတို့အပြင် ဘဝတစ်ပါးသို့ ပြောင်းသွားရှာသောသူများအတွက်လည်းငြိမ်းအေးမှု၊စိတ်ချမ်းသာမှု အေးချမ်းငြိမ်သက်မှုတို့ကို တွေ့ကြုံခံစား
ရမည်ဖြစ်သည်။ ယင်းကဲ့သို့သော အေးငြိမ်းခံစားမှု ရသများကို ပြည်ပနိုင်ငံများတွင် ခရစ်ယာန်လူမျိုး တစ်မျိုးထဲတွင်မက ဂျူး
လူမျိုး၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင် များပါမကျန် ခံစားခဲ့ရကြောင်း သိရှိခဲ့ရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် မိမိမွေးရပ်မြေ မြန်မာပြည်အတွင်းတွင်သာ နောက်ဆုံးခေါင်းချချင်သော ဆန္ဒရှိခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့်ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ခေါင်းချခဲ့ရသော မြန်မာလူမျိုးများစွာရှိခဲ့သည်။
ထိုထဲတွင် ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြသော အထင်ကရ ဆရာတော်များ၊ အနုပညာရှင်များလည်း ပါဝင်ခဲ့ရသည်။

ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ဘဝခရီးအား အေးချမ်းမှုဖြင့် အဆုံးသတ်ခဲ့ရပုံများကို တွေ့မြင်ခဲ့ရကာ လူ့အခွင့်အရေး အပြည့်အဝ
ကို ရရှိခဲ့သော လူပီသစွာ ရပ်တည်ခဲ့သော ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူမိသော်ငြားလည်း ကျွန်တော်တို့မြန်မာနိုင်ငံတွင် လူ့ဘဝခရီး
အား အဆုံးသတ်ရမည့် မြေနေရာ (သုသာန်မြေ) များအားလည်း သန့်ရှင်းသပ်ရပ် ငြိမ်းချမ်းမှုရှိသော အထင်ကရ ပန်းခြံကြီးများကဲ့သို့ ဖြစ်ပေါ်စေလိုသော ဆန္ဒများ ပြင်းပြ ခဲ့ရသည်။ ယခုမူ မြန်မာပြည်တွင်းရှိ သုသာန်များသည် မြို့ပြင်၊
 ရွာပြင်များတွင် အခိုင်အမာ တည်မြဲမှု မရှိခြင်း၊ ပြည်ပနိုင်ငံများတွင် မြို့ပြင်၊ ရွာပြင်များတွင်သာမက မြို့လယ်ခေါင်၊ ရွာ
လည်ခေါင်များတွင် ခံ့ညား ထည်ဝါစွာဖြင့် အပန်းဖြေစရာ ဥယျာဉ်ခြံကြီးများအဖြစ် သမိုင်းမှတ်တိုင်များ ထူထောင်ထားခြင်းကို
 တွေ့မြင် ရသည်။ ထို့အပြင် သုသာန်မြေအနီးရှိ အိမ်၊ ခြံ၊ မြေဈေးကွက်များသည်လည်း တိတ်ဆိတ်ငြိမ်သက် လုံခြုံမှုရှိခြင်းကြောင့်
 အခြားသော ရပ်ကွက်များထက် ဈေးနှုန်းမြင့်မားမှုများကို တွေ့ရှိရသည်။ မြန်မာ ပြည်တွင်းတွင် သုသာန်မြေနှင့် နီးလျှင်
 မနေလိုခြင်း၊ သုသာန်မြေနှင့် နီးသောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်း စသည့် အယူသီးမှုများ လွှမ်းခြုံနေဆဲဖြစ်သည်။

ပြည်ပနိုင်ငံရှိ လူ့ဘဝ၏ နောက်ဆုံးမှတ်တိုင်မြေနေရာ (လူသင်္ချိုင်း)ကို မဆိုထားနှင့် ... ပြည်ပနိုင်ငံ ရှိ အိမ်မွေးတိရစ္ဆာန်များဖြစ်ကြသော ကြောင်၊ ခွေး၊ ယုန်၊ ငှက် စသည့် တိရစ္ဆာန်များ၏ နောက်ဆုံးခရီး မှတ်တိုင်ဖြစ်သော တိရစ္ဆာန်သင်္ချိုင်းများကပင် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းရှိ လူသင်္ချိုင်းများထက် အဆပေါင်းမြောက်များစွာ သာယာမှု၊
 အေးချမ်းမှု၊ သန့်ရှင်းမှုများဖြင့် ပြည့်စုံနေတော့သည်။ ယခုမူ မြန်မာ ပြည်တွင်းရှိ သုသာန်မြေများသည် ရှုပ်ထွေးလှသောချုံပုတ်
များ၊ ညစ်ပတ်လှသော ရွံနွံများ၊ ပျက်စီး ယိုယွင်း နေသောအုတ်ဂူများဖြင့် ခြောက်ခြားဖွယ်ရာ ရှိနေသကဲ့သို့ အချို့သောဒေသမြို
့နယ်များတွင် သုသာန် မြေများအား တူးဖော်ခံရခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ သိမ်းဆည်းခံရခြင်းတို့ကို ကြုံတွေ့နေရဆဲ
 ဖြစ်နေရသည်။ ထို့ကြောင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ပေးနေသူ ကျွန်တော့်အဖို့ "သေသောသူသည် သုသာန်သို့သာ သက်သက်သာသာ သွားသင့်သည်" ဟူသော ခံယူချက်အတိုင်း လူသားခြင်းစာနာ ထောက်ထားသောစိတ်ဖြင့် "ပြောရဦးမယ်.
.. အဘစိန်ရေ" ဟူ ၍ ဆောင်းပါးတစ်ပုဒ်၊ တိုက်တွန်းမှုတချက်၊ ဟစ်တိုင်တစ်ခုအဖြစ် တင်ပြခဲ့ပြီးဖြစ်သည်။ ယခုထပ်မံ၍ "
ထပ်ပြောရဦးမယ်... အဘစိန်ရေ" ဟူ၍သာ ထပ်မံ ကြွေးကြော်လိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် "သင့်ဘဝ
လက်ရှိအချိန်နှင့် လက်ကျန်အချိန် ဇယား (သက်တမ်း ၇၅ နှစ်)" ဟူသော တွက်ချက်မှုဇ
ယားအရ -

သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန်ဇယား (သက်တမ်း ၇၅ နှစ်)

သင့်အသက် သုံးပြီးသောအသက် လက်ကျန်ရက်

၁ဝ နှစ် ၃၆၅ဝ (ရက်) ၂၃၇၂၅ (ရက်)

၁၅ နှစ် ၅၄၇၅ (ရက်) ၂၁၉ဝဝ (ရက်)

၂ဝ နှစ် ၇၃ဝဝ (ရက်) ၂ဝဝ၇၅ (ရက်)

၂၅ နှစ် ၉၁၂၅ (ရက်) ၁၈၂၅ဝ (ရက်)

၃ဝ နှစ် ၁ဝ၉၅ဝ (ရက်) ၁၆၄၂၅ (ရက်)

၃၅ နှစ် ၁၂၇၇၅ (ရက်) ၁၄၆ဝဝ (ရက်)

၎ဝ နှစ် ၁၄၆ဝဝ (ရက်) ၁၂၇၇၅ (ရက်)

၄၅ နှစ် ၁၆၄၂၅ (ရက်) ၁ဝ၉၅ဝ (ရက်)

၅ဝ နှစ် ၁၈၂၅ဝ (ရက်) ၉၁၂၅ (ရက်)

၅၅ နှစ် ၂ဝဝ၇၅ (ရက်) ၇၃ဝဝ (ရက်)

၆ဝ နှစ် ၂၁၉ဝဝ (ရက်) ၅၄၇၅(ရက်)

၆၅ နှစ် ၂၃၇၂၅ (ရက်) ၃၆၅ဝ (ရက်)

၇ဝနှစ် ၂၅၅၅ဝ (ရက်) ၁၈၂၅(ရက်)

၇၅ နှစ် ၂၇၃၇၅ (ရက်) . . . . . . . . .

ယင်း သင့်ဘဝ လက်ကျန်အချိန်ဇယားသည် ပျှမ်းမျှတွက်ချက်ထားသော ဇယားကွက်ဖြစ်သည်။ ထိုအချိန်ထက် စောလျင်စွာ ဘဝကူးပြောင်းရမည့်သူများလည်း ရှိမည်ဖြစ်သကဲ့သို့ ထိုအချိန်ထက် ကြာမြင့် စွာ လူ့ဘဝတွင် နေထိုင်ခွင့်ရမည့် သူများလည်း
ရှိပေမည်။ မည်သို့ပင်ဖြစ်စေ မိမိအတွက်လူ့ဘဝထဲတွင် နေထိုင်ရန် ကျန်ရှိသော လက်ကျန်နေ့ရက်များတွင် အများကောင်းကျိုး
အတွက် အတ္တများကိုဖြုတ်၍ ပရဟိတ စိတ်ဓာတ်တို့ဖြင့် ကုသိုလ်ကောင်းမှုတို့ကို စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်သွားပါက
 ငြိမ်းအေး သာယာ ချမ်းမြေ့သော ကမ္ဘာသစ်တစ်ခုကို တည်ဆောက်သွားနိုင်တော့မည် ဖြစ်ပါသည်။

ကျွန်တော်သည် လူမှုရေးသမားဖြစ်သည်နှင့်အညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ အများပြည်
သူတို့အား ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လက်တွေ့ခံစား ကြုံတွေ့မှုများကို အများပြည်သူနှင့်
 ထပ်တူထပ်မျှ ခံစားတင်ပြ ရေးသားရခြင်း ဖြစ်ပေ သည်။

အတိတ်က "ပြောရဦးမယ်... အဘစိန်ရေ"

ယခုပစ္စုပ္ပန်မှာ "ထပ်ပြောရဦးမယ်... အဘစိန်ရေ"

နောက်အနာဂတ်မှာ "ပြောစရာကို မရှိတော့ဘူး... အဘစိန်ရေ" ဟူသော ဆောင်းပါးတစ်ပုဒ်အား ရေးသားလိုသည့် စိတ်ဆန္ဒ
 ပြင်းထန်လျှက် ရှိနေပါတော့သည်။


ကျော်သူ



Posted: 14 Sep 2012 09:15 AM PDT
ကိုဝေဠုနှင့် သူ့ ရဲ့ မိခင်နှင့်တွေ့ ရစဉ်
ယနေ့ လွတ်မြောက်လာသော မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့သည် ၈၈မျိုးဆက်ကျောင်းသားများ၏ အာမခံ
ချက်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး ယမန်ပြည့်မည့် စက်တင်ဘာ(၂၄) ရက်နေ့တွင် တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေး
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့အပြင် ချောင်းဦးမြို့နယ်ရဲစခန်းမှလွတ်မြောက်လာသောလက်ပံတောင်း ကြေးနီစီမံကိန်းအရေးလှုပ်ရှားသူ ပြည်သူ့အ
ကျိုးဆောင်ကွန်ယက်မှ ကိုဝေဠုသည်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ နောင်နောင် မလာရဟူသော ခံဝန်ချက်ဖြင့်
 လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
မသွဲ့သွဲ့ဝင်း လာကြိုဆိုနေသူများကို လက်ပြနှုတ်ဆက်
(ThanLarWaddy Times)
Photo..တင်ထွဋ် ပိုင်,AUNG NAY MYO Facebook
၁၄၊ ၉၊ ၂၀၁၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် လက်ပံတောင်ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံရသူ ၀က်မှေးရွာသူ ၃
 ဦးဖြစ်ကြတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက် တို့ လွတ်မြောက်လာတဲ့အတွက် မိမိရပ်ရွာသို့ လိုက်လံပို့ဆောင်ခဲ့ကြ။

ထိုသို့ လိုက်လံပို့ဆောင်တဲ့အခါ ကိုဂျင်မီ၊ ကိုမျိုးသန့် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများ(ပွင့်လင်းလူ့အဖွဲ့အစည်း)၊
ကျောင်းသားသမဂ္ဂအထက်မြန်မာပြည်(မုံရွာခရိုင်)၊ဗကသ(ရန်ကုန်)၊ဗကသ(မန္တလေး)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်
များ၊ဆားလင်းကြီးမြို့နယ်၊ ကနီမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်မှပြည်သူလူထုများ ပါဝင်ပါသည်။

မအေးနက်၏ မိခင်နှင့် မွေးစားမိခင်ကတော့ " သမီး အဖမ်းခံရတဲ့အတွက် ၀မ်းလဲနည်းတယ်၊ လွတ်မြောက်လာတဲ့အတွက်
ဝမ်းလဲသာတယ် "လို့ ပြောပါတယ်။

အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်


Posted: 14 Sep 2012 08:42 AM PDT





































အခုနောက်ဆုံးတော့ အစိုးရက နားလည်မှုရှိတယ်၊ သဘောထားကြီးတယ် ဆိုပြီး ၅ နှစ် နေထိုင်ခွင့် ပေးဖို့ စဉ်းစားတယ်

ဆိုပြီး သတင်းထွက်လာပါတယ်။ ရုတ်တရက် ကြည့်ရင် သဘောထားကြီး သလိုလိုပါပဲ။ တကယ်တမ်းမှာတော့ ..

မင်းတို့တွေ ၅ နှစ် တိတိ နိုင်ငံရေး ကစားပွဲထဲ လာမရှုပ်နဲ့လို့ တရားဝင် ကြေငြာလိုက်တာပါ။
ပြည်တော်ပြန် နိုင်ငံရေး/တော်လှန်ရေးသမားတွေကို ၅ နှစ် နေခွင့်ပြုဖို့ အစိုးရက စဉ်းစားနေတယ်လို့ သတင်းထဲမှာ ဖတ်လိုက်
ရပါတယ်။

အဆိုပါပုဂ္ဂိုလ်တွေဟာဘယ်လိုအကြောင်းနဲ့ ပြည်တွင်းကို ပြန်ဝင်ဝင်အတော်များများက နိုင်ငံခြားတိုင်းပြည်ရဲ့ နိုင်ငံသားတွေ
အဖြစ်နဲ့ ပြည်ဝင်ခွင့် လျှောက်ပြီး နေကြရတာ ဖြစ်ပါတယ်။

ဒီတော့ ပြည်တော်ပြန်တွေ ပြည်တွင်းမှာ .. ပြည်သူအကျိုးအတွက် နိုင်ငံရေးသမား ပုံစံနဲ့ နိုင်ငံရေး ကစားကွက်ထဲ ဝင်ဖို့က
ခက်ခဲပါတယ်။ အနိမ့်ဆုံး အဖြစ် နေထိုင်ခွင့် ရဖို့အတွက်တောင် ခက်ခဲပါတယ်။ နေထိုင်ခွင့် ကျော်သွားလို့ (over stay ဖြစ်လို့)
အဖမ်းခံရရင် .. နိုင်ငံရေးကြောင့် ဖမ်းခံရတာ မဟုတ်လို့ ပြဿနာက ထင်သလောက် ရှင်းမနေပါဘူး။

ဒါကြောင့် နိုင်ငံရေး လုပ်မှာလား၊ လူမှုရေး လုပ်မှာလားဆိုတာ ပြည်တော်ပြန်တွေအနေနဲ့ လက်တွေ့ အခြေအနေကို သေချာတွက်ပြီးမှ ဖြေရမယ့်မေးခွန်း ဖြစ်လာပါတယ်။ နိုင်ငံရေး သမားအဖြစ် နိုင်ငံရေး ကစားပွဲထဲ ဝင်ကစားမယ်
ဆိုရင်တော့ အခုလောလောဆယ် အခြေအနေမှာ ပြည်တွင်းက ပါတီ တစ်ခုခုရဲ့ ပါတီဝင် အဖြစ်တောင် လျှောက်ထားဖို့တောင် နိုင်ငံခြားသား ဖြစ်နေလို့ မရပါဘူး။ ကိုယ်တိုင် အဖွဲ့အစည်း ထောင်ဖို့ဆို ပိုဝေးပါတယ်။

လူမူရေးအဖွဲ့ရော အဖြစ်ရော။ ဒါလည်း ... မသေချာပါဘူး။ ပြည်တွင်းမှာ NGO(s) တွေအတွက် တိကျတဲ့ ရှင်းလင်းတဲ့ ဥပဒေက
လည်း မရှိသေးပါဘူး။

ဒီတော့ .. ပြည်တော်ပြန်တွေအတွက် ပြည်တွင်းမှာ အလုပ် လုပ်နိုင်အောင် "နားလည်မှု" တို့၊ "လျှို့ဝှက်အပေးအယူ" တို့ .
. "အစိုးရဝန်ကြီး တချို့နဲ့ လက်ဝါးချင်း ရိုက်မှု" တို့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုပုံဆို ပွင့်လင်းမြင်သာမှုကတော့ အားအတော်
 နည်းသွားတယ်။ ပွင့်လင်းမြင်သာမှု မရှိဘဲ ဒီပုံစံနဲ့ အမြဲံဆက်သွားနေမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အန္တရာယ်ကြီးပါတယ်။

နောက်ပြီး တိုင်းပြည်အကျိုးအတွက် လုပ်မှာလား ... မိမိစီးပွားရေး ဂွင်အတွက် နယ်စပ်မှာ အနေကျပ်လို့ ဝင်လာကြတာလား
 ဆိုတာကလည်း လူတိုင်းရင်ထဲက ထုတ်မပြောပေမယ့် သိနေတဲ့ သံသယ မေးခွန်းပါ။ ဒါကြောင့် အခုလောလောဆယ်မှာ ပြည်တွင်းဝင်လာသူတွေအတွက် နိုင်ငံရေးကစားစရာ နေရာ မရှိသေးဘူးလို့ ပြောလို့ရပါတယ်။
အစိုးရ ဝန်ကြီးတွေနဲ့ လျှို့ဝှက် သဘောတူညီမှုတွေနဲ့ လုပ်မယ်ဆိုရင်တော့ .. မပြောတတ်ဘူးပေါ့။

အခုနောက်ဆုံးတော့ အစိုးရက နားလည်မှုရှိတယ်၊ သဘောထားကြီးတယ် ဆိုပြီး ၅ နှစ် နေထိုင်ခွင့် ပေးဖို့ စဉ်းစားတယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ရုတ်တရက် ကြည့်ရင် သဘောထားကြီး သလိုလိုပါပဲ။ တကယ်တမ်းမှာတော့ .. မင်းတို့တွေ ၅ နှစ်
တိတိ နိုင်ငံရေး ကစားပွဲထဲ လာမရှုပ်နဲ့လို့ တရားဝင် ကြေငြာလိုက်တာပါ။ ဝန်ကြီးတွေကလည်း အတိုင်းအတာ တစ်ခုအထိပဲ
 သဘောတူပြီး ... အကျိုးပျက်မယ့် ကိစ္စမြင်ရရင်တော့ .. မြောက်ပိုင်းကိစ္စနဲ့ မကင်းသူတွေအတွက် .. အဲဒီ အနိုင်ကွက်ကို
ထုတ်သုံးနိုင်စရာ ရှိနေပါတယ်။ အကျိုးရှိနေသေးရင်တော့ မသိချင်ယောင် ဆောင်နေဦးမှာပါ။ အခြားလူတွေကိုတော့ နိုင်ငံခြားသား ဖြစ်မှုဆိုတာနဲ့ စည်းအပြည့်အဝ ခြားထားမှာပါ။

အထူးသတိထားဖို့ကတော့ ပြည်တော်ပြန် နိုင်ငံခြားသား ခံယူထားသူတွေအနေနဲ့ .. လက်တလော ပြဿနာဖြစ်နေတဲ့
 လက်ပံတောင်းတောင် ဧရိယာက ကိစ္စလို ဆန္ဒပြမှုတွေကို .. လူကိုယ်တိုင်သွားရောက် အားပေးတာမျိုး .. မလုပ်မိဘဲ ရှောင်
ကျဉ်ဖို့ လိုအပ်တယ် ထင်ပါတယ်။ မဟုတ်ရင် .. နိုင်ငံခြားသားတွေ (သို့) ပြည်ပ အနှောက်အယှက်တွေက မြှောက်ပေးလို့ ဖြစ်
လာတာ ဆိုပြီး .. အဖမ်းခံနေရသူတွေ အမှုပိုကြီးလာနိုင်လို့ ပါပဲ။

ဘာပဲ ပြောပြော အခုလောလောဆယ်မှာတော့ ပြည်တွင်း ပြန်ဝင်မယ့် နိုင်ငံခြားသား ခံယူထားသူတွေအတွက်ကတော့
 အသိပညာ ဖလှယ်တာ၊ (လက်ခံရင်) အကြံပေး (သို့) အတိုင်ပင်ခံ လုပ်တာ၊ ပရဟိတ လုပ်တာ .. စတဲ့ အလုပ်တွေကို
 နောင် ၅ နှစ် အထိ ဆက်လက် လုပ်ကိုင် နေဖို့က လွဲပြီး ကျန်တာ ရွေးစရာ မရှိသေးပါ။

ကိုထိုက်


ချက်
Posted: 14 Sep 2012 08:20 AM PDT
shared from: National League for Democracy

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment