Monday 22 October 2012
Posted: 19 Oct 2012 12:24 AM PDT
တိုက်ကြီးမြို့ နယ်၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေအောင် (၂၈)နှစ်သည် ထောင်တွင်းရောဂါများဖြင့်အောက်တိုဘာ ၄ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် တွင် နေအိမ်၌သေဆုံးခဲ့ရာ
က News Watch ဂျာနယ်သို့ ပြောကြားသည်။
ကိုနေအောင်မှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် ပုဒ်မ (၅၀၅/ ခ)ဖြင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး အင်းစိန်နှင့် သထုံအကျဉ်းထောင်များတွင်ပြစ်ဒဏ်ကျခံခဲ့ရသူဖြစ်သည်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် ထောင်မှပြန်လည်လွတ်မြောက်
ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆန့် ကျင်သပိတ်မှောက်မှုဖြင့် အင်းစိန်ထောင်တွင် ၃ လ ထပ်မံဖမ်းဆီးခံခဲ့ရ ပြန်သည်။ ထောင်မှပြန်လည်လွတ်မြောက်ခဲ့သော်လည်း ထောင်တွင်း၌ရရှိခဲ့သောရောဂါများကြောင့် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်း
ဖြစ်ပြီး သားစိတ်ဖြင့်မိခင်ဖြစ်သူပါ မိနစ်ပိုင်းတွင်ထပ်မံသေဆုံးခဲ့ပြန်ရာဝမ်းနည်းကြေကွဲဖွယ်ကောင်းသောဖြစ်ရပ်တစ်ခု ပင်ဖြစ်ကြောင်း နိုင်/ကျဉ်းအဖွဲ့ မှဆိုသည်။
ကိုနေအောင်နှင့် မိခင်ဒေါ်လှလှဝင်းသေဆုံးပြီးနောက် ၄င်း၏ယောက်ဖဖြစ်သူကိုအောင်ကျော်ဦး (၁၃၊ ၁၊ ၂၀၁၂ နေ့ က
ပူတာအိုထောင်မှ ပြန်လည်လွတ်မြောက်လာသူ) အပါအ၀င် မိသားစု ၆ ဦး ကျန်ရစ်ခဲ့သည်။
(သတင်း နဒီ၊ News Watch ဂျာနယ် မှ ကူးယူဖော်ပြပါတယ်)
Posted: 19 Oct 2012 12:17 AM PDT
ကျွန်တော်တို့ မိသားစုနဲ့ ဗိုလ်ချုပ်ကျော်ဇောတို့မိသားစုဟာ ဆွေရင်းမျိုးရင်းလိုပဲရင်းနှီးပါတယ်။ ဒါပေမယ့် သူတို့က ရန်ကုန်မှာနေ၊ ကျွန်တော်တို့က မန္တလေးမှာ နေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ချင်ရင် မိုင် ၄ဝဝ ခရီးသွား မှ တွေ့ကြရပါတယ်။ ဒါပေမယ့် ကံကြောင့်ပဲ ပြောရမလား၊ ရေစက်ကြောင့်ပဲ ပြောရမလား၊ ဦးလေး (ကျွန်တော်က သူ့ကိုအမြဲဦးလေးလို့ ပဲ ခေါ်ပါတယ်)နဲ့
အိမ်ချင်းပေ ၄ဝ လောက်အကွာမှာ နေခဲ့ရ ပါတယ်။
အဲဒါ "ဝ"ဒေသ ပန်ဆန်း (အခုအခေါ် ပန်ခမ်း) မှာပါ။
ကွန်မြူနစ် ပါတီရဲ့ အဲဒီတုန်းက ဗဟိုစခန်းဟာ တရုတ်ပြည်နယ်စပ်၊ နမ့်ခါချောင်း ကွေ့ပတ်စီးဆင်းသွား တဲ့ ချောင်းအကွေ့ က
 တောင်စောင်း၊ တောင်ထိပ်မှာ တည်ရှိပါတယ်။ နယ်စပ်မျဉ်းက အဲဒီချောင်းရဲ့အလယ် တည့်တည့်မှာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ
 ကျွန်တော်နေတဲ့ အခန်းနဲ့ ဦးလေးတို့ ဇနီးမောင်နှံ နေတဲ့အခန်းဟာ ခြေလှမ်း ၂ဝ လောက်ပဲ ကွာပါတယ် ။ ခေါ်ချင်ရင် အော်ခေါ်ဖို
့တောင် မလိုတဲ့ အကွာအဝေးပါ။
အဲဒီလို ကာလတွေမှာ ကျွန်တော် သတိပြုမိတဲ့ ဦးလေး အကြောင်းတွေ ရေးပါ့မယ်။ ဦးလေးဟာ မနက် စောစော ထလာတာနဲ့
 မျက်နှာသစ်ပြီး ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ပါတယ်။ ကျွန်တော်တို့ နေတဲ့နေရာရဲ့ အောက်မှာက တသွင်သွင် စီးဆင်းနေတဲ့ နမ့်ခါချောင်းထဲကို လျှောဆင်းသွားတဲ့ တောင်ခါးပန်းလေးပါ။ နောက်ပြီး ချောင်းရဲ့ တစ်ဖက်မှာတော့ အလားတူ ဆင်ခြေလျှော
 တောင်ခါးပန်းနဲ့ တရုတ်ပြည်ထဲက ရှမ်းရွာ လေး တစ်ရွာ ရှိပါတယ်။ ဟိုဘက် တောင်စောင်းနဲ့ ဒီဘက်တောင်စောင်းဟာ မီတာ
 ၃-၄ဝဝ လောက် ကွာမယ် ထင်ပါတယ်။ အတော်ကျယ်ပြီး ရှည်လျားတဲ့ လျှိုကြားချောင်းရိုး ရှုခင်းဟာ သာယာလှပတယ်လို့ ပြောရမှာပါ။ နောက်ပြီး လေထုဟာလည်း သန့်ရှင်းလှတယ် လို့ ပြောနိုင်ပါတယ်။ ဦးလေးက အဲဒီရှုခင်းကို
မျက်နှာမူပြီး မနက်တိုင်း လေ့ကျင့်ခန်း လုပ်ပါတယ်။ ဒေါ်ဒေါ် ဒေါ်သန်းစိန် (ဦးလေးရဲ့ဇနီး)ကတော့ မနက်တိုင်း ဘုရား ရှိခိုး
ပါတယ်။ တစ်ရက် မပျက်ပါဘူး။ ဒေါ်ဒေါ်က ညမှာလည်း ဘုရားရှိခိုးပြီးမှ အိပ်ရာဝင်တာပါ။ ဦးလေးဟာ အဲဒီလို လေ့ကျင့်ခန်း
 လုပ်ပြီးရင် ယေဘုယျဖြင့်တော့ မနက်စာ ထမင်းစားတော့တာပါပဲ။ အဲဒီတုန်းက ကျွန်တော်တို့ အားလုံး တစ်နေ့မှာ ထမင်း
 ၂ နပ်ပဲ စားပါတယ်။ ဒါကြောင့် မနက် ၉ နာရီ လောက်မှာ တစ်နပ်၊ ညနေ ၅ နာရီ လောက်မှာ တစ်နပ်၊ ဒါနဲ့ ပြီးတာပါပဲ။
ဦးလေးက အဲဒီတုန်းက ဗဟို ကော်မတီဝင်လည်းဖြစ်၊ စစ်ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဦးလေးတို့ လို
 ခေါင်းဆောင်တွေ ရတဲ့ ရိက္ခာဟာ ဆန်နဲ့ ဆီမှာ ကျန်သာမန် ရဲဘော်တွေရတဲ့ နှုန်းနဲ့ အတူတူ တစ်နှုန်းထဲ ဖြစ်ပြီး ဟင်းဖိုးမှာ
(ဗမာငွေ) ဆယ်ကျပ်လောက် ပိုပါတယ်။ ဘာမှမများပါဘူး။ ခေါင်းဆောင်တွေ လည်း ဈေးပတ်တိုင်း (ငါးရက် တစ်ဈေးပါ)
 အသားငါး စားချင်မှ စားနိုင်တာပါ။ ဒီတော့ နောက်တန်းစခန်းမှာ အိမ်ထောင် တွေဟာ ဟင်းခင်းလေးစိုက်၊ ကြက်မွေး လုပ်ကြ
ပါတယ်။ လူလွတ်တွေကလည်း ဘုံစိုက်ပျိုး မွေးမြူ ရေး လုပ်ကြပါတယ်။ ဦးလေးတို့ အိမ်မှာတော့ အဓိကအားဖြင့် ဒေါ်ဒေါ်က
 လုပ်တာပါ။ ဒါပေမယ့် ဦးလေးလည်း အားရင် ကြုံရင် ပေါက်ပြားပေါက် ရေလောင်း၊ ကြက်စာကျွေး လုပ်ရပါတယ်။ ကြက်မွေး
တယ် ဆိုလို့ အထင်မ ကြီးပါနဲ့။ များလှမှ လေးငါးခြောက်ကောင်ပါ။ အဲဒီမှာ ကြက်မွေးတယ် ဆိုတာက လှောင်မမွေးနိုင်ပါဘူး။
အစာမတတ် နိုင်ပါဘူး။ လွှတ်မွေးရတာပါ။ ဒါပေမယ့် ညနေစောင်းရင် ကြက်တွေကို ကြက်ခြံထဲ ပြန်ဝင်စေရ ပါတယ်။
 တောကြောင်က နေ့ခင်းမှာတောင် ဆွဲတတ်တဲ့ ပတ်ဝန်းကျင်မျိုးပါ။ ဒါကြောင့် ရန်သူတွေကို ဝိုင်းပတ် ချေမှုန်းခဲ့တဲ့ ကျွန်တော့်
 ဦးလေးတစ်ယောက်ကို တစ်ခါတလေမှာ သူ့ ကိုယ်ရံ၊ သူ့ဇနီးတို့နဲ့အတူ ကြက်တွေ ဝိုင်းပတ် မောင်းသွင်းနေတာ၊ ကြက်ကို ဖမ်းဖို့ ဝိုင်းခြောက်ပေး နေတာလည်း တွေ့ရ တတ်ပါတယ်။
တော်လှန်ရေး ဒေသ ရောက်တဲ့ ဦးလေးအဖို့ အနေအထိုင် အစားအသောက် အခက်အခဲ၊ ရုပ်ဝတ္ထု အကန့် အသတ်ရှိမှု၊ တောင်
တက်ရတဲ့ အခက်အခဲ စတာတွေဟာ သူ့ အတွက် မှုစရာမဟုတ်ပါဘူး။ ဒါ ပေမယ့် သူလုံးဝ မကျော်လွှားနိုင်တဲ့ အခက်အခဲတစ်
ခုရှိပါတယ်။ အဲဒါ ကဘာသာစကားပါပဲ။ အစည်း အဝေးတစ်ခုလုပ်ရင် ဘာသာ ၂ မျိုး ၃ မျိုးပြန်ရတဲ့ အရပ်ဒေသမှာ သူ့ အဖို့နေ့စဉ်
လိုပဲ ဒီပြဿနာနဲ့ရင်ဆိုင် ရပါတယ်။ တစ်ခါတလေ သူ့ ကိုယ်ရံရဲဘော်လေးနဲ့သူနဲ့ စကား မပေါက်လို့ ခြေဟန်လက်ဟန်တွေနဲ့
 ဗျာများနေတဲ့ ဦးလေးရဲ့ပုံကိုတွေ့ရင် မပြုံးဘဲမနေနိုင်ပါဘူး။ သူများတွေ ကို အကူအညီတောင်းရပါတယ်။ ဝရဲဘော်လေးတွေရဲ့
 ဗမာစကား ရေ ချိန်ကလည်း အကန့်အသတ်ရှိတော့ အခက်အခဲက မသေးပါဘူး။ အဲဒီ ဝ ရဲဘော်လေးတွေက ၁၇ နှစ် ၁၈
 နှစ်အရွယ်လေးတွေများပါတယ်။ အဲဒီရဲဘော်လေးတွေကို ဦးလေးက သူ့ထုံးစံအတိုင်း ခါးညွှတ်ပြီးသူဖြစ် ချင်တာကို ခင်ဗျားတွေ ကျွန်တော် တွေနဲ့ပြောနေတတ်ပါတယ်။ ဘာသာစကားပြဿ နာကြောင့် ဦးလေး မကြာခဏကြုံတွေ့ရတဲ့နောက် အခက်အခဲ
တစ်ခုက ထမင်းစားပွဲ၊ ဧည့်ခံပွဲတွေ မှာဖြစ်ပါတယ်။ သူများ တွေက ဦးလေးကို လူကြီးမို့ တ လေးတစား ဦးဦးဖျားဖျားအတူ
အရက်သောက်ခိုင်း (တို့စ်လုပ်)ရင် အရက်မသောက်၊ ဆေးလိပ်မသောက် တဲ့ ဦးလေးခမျာ ဒုက္ခတွေ့တော့တာ ပါပဲ။ ပြုံးပြုံး
 ပြုံးပြုံးနဲ့ အဲဒီလို ငြင်းနေတဲ့ ဦးလေးရဲ့ ပုံကိုက သူ့ရိုးသားမှုကို ဖော်ပြတာမို့ သူ့ စကားကို နားမလည်တဲ့ တခြားလူတွေကလည်း
 ပြုံးကြ နားလည်ကြ ပါတယ်။
ဦးလေးကို အများဆုံး တွေ့ရတတ်တာကတော့ သူခရီးမထွက်၊ အစည်းအဝေး မတက်ဘူးဆိုရင် မြေပုံတွေ ဖတ်နေတာ၊
စာကြည့်နေတာ၊ မှတ်စု ကူးနေတာပါပဲ။ ဦးလေးကို အလကားနေတာ၊ အလဟဿအချိန်ဖြုန်း နေတာ တစ်ခါမှ မတွေ့ဖူးပါဘူး။
 ဦးလေးမှာ ဝတ္တရားတစ်ခုလို ဖြစ်နေတဲ့ကိစ္စ တစ်ခုကတော့ ဧည့်ခံစကား ပြောရတာပါ။ မြို့က တောခိုလာတဲ့လူတွေ၊ ဝ ဒေသကို
 လာရောက်ကြတဲ့ တခြားဒေသတွေက တပ်ပေါင်း စုရဲဘော်တွေဟာ ဦးလေးကိုသိပ်တွေ့ချင်၊ စကားပြောချင်ပါတယ်။ သူတို့ဟာ
 ဦးလေးဆီက မေးမကုန်တဲ့ ဗဟုသုတတွေကို နားထောင်ချင်ကြတာကိုး။ ဒါပေမယ့် ဦးလေးက ပြန်မေးတာကလည်း နည်းတာ
 မဟုတ်ဘူး။ ဘယ်အရပ်ကလာတဲ့ လူပဲဖြစ်ဖြစ် ဦးလေးအဖို့ အခြေအနေ နားလည်ယူနိုင်တဲ့ ရေသောက်မြစ်ချည်း ဖြစ်နေပါတယ်။
နောက်ဆုံးအနေနဲ့ ကနေ့အထိ ကျွန်တော်မြင်ယောင်နေတဲ့ ဦးလေး လှုပ်ရှားပုံလေးကို ပြောပြချင်ပါ တယ်။ ဗဟိုရုံးစခန်းနဲ့ တစ်မိုင် လောက်ဝေးတဲ့ အရှေ့မြောက် စစ်ဒေသဌာနချုပ်ကို အစည်းအဝေး သွားတက်တဲ့ ဦးလေးရဲ့ပုံလေးပါ။ သူနဲ့သူ့ကိုယ်ရံ ဝရဲဘော်လေး၊
တစ်ယောက်က ပစ္စတိုခါးချိတ်၊ စာစောင်စာတမ်းတွေ ဘေးလွယ်အိတ်ထဲမှာ ထည့်လို့၊ နောက်တစ်ယောက်က အေကေ ၄၇
 သေနတ်ကို ပခုံးမှာ လွယ်လို့၊ ချောင်းရိုး တစ်လျှောက် တောင်စောင်း လမ်းကလေးအတိုင်း ကုတ်ကုတ် ကုတ်ကုတ်နဲ့ လျှောက်
သွားကြတဲ့ မြင်ကွင်းပါ။ စကားမပေါက်
 ကြလေတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားမပြောဘဲ သွားကြတာ တောင်စောင်း အကွေ့လေးမှာ ကွယ်သွားတော့
 မှ မြင်ကွင်းထဲက ပျောက်
သွားပါတယ်။ သူတို့ နှစ်ယောက် ညနေစောင်းလို့ ပြန်လာတော့လည်း ဒီပုံပါပဲ။
စပါးနှံများဟာ စပါးအသီး ကြွယ်ဝလေ ညွှတ်လေ ဆိုသလိုပဲ လူတွေဟာလည်း တန်ဖိုးရှိလေ ရိုးသား နှိမ့်ချလေလို့ ဆိုရမယ်
 ထင်ပါတယ်။
ဖိုးသံ(လူထု) မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်
Posted: 19 Oct 2012 12:05 AM PDT
လယ်သမားများ၏ အခွင့် အရေးများကိုကာကွယ်ပေးနိုင် သော နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကြီးပေါ်ပေါက် လာအောင် ဆောင်ရွက်လျက်ရှိ ကြောင်း တောင်သူလယ်သမား သမဂ္ဂအဖွဲ့ငယ်များအား ရပ်/ကျေး အဆင့်မှ စတင်ပြီးဖွဲ့စည်းနေ
 ကြောင်း မုံရွာမြို့သို့ရောက်ရှိနေ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေးက ပြောကြားခဲ့သည်ဟုသိရ
သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ကျေးရွာအုပ်စုများစု ပေါင်း၍ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ငယ် ၁၀ဖွဲ့ကို ဖွဲ့စည်း
 နိုင်ခဲ့ကြောင်း၊လယ်သမားဦးရေ အယောက်(၃၀)ရှိလျှင် အဖွဲ့ဖွဲ့ နိုင်ကြောင်း၊၀င်ခွင့်လျှောက်လွှာ များကို မည်သူမဆိုဝင်ခွင့်ပေး ထားကြောင်း၊လယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် အစိုးရထံသို့ တင်ပြသွား မည်ဖြစ် ကြောင်း၊တောင်သူလယ်
သမားများ ၏ အခွင့်အရေးကိုကာကွယ်သည့် သင်တန်းများ ၊တောင်သူလယ်သမား များ သိသင့်သိထိုက်သည့်ဥပဒေများအားကျွမ်းကျင်သူများနှင့်တိုင်ပင်ကာပို့ချသွားမည်ဖြစ်ကြောင်း၊ ရှေးနိုင်ငံရေးသမားကြီးများ
လည်း တောင်သူလယ်သမားများကို ကာကွယ်၍ တောင်သူလယ်သမား သမဂ်္ဂဖွဲ့ခဲ့ဖူးကြောင်း၊ ၁၉၃၉ခုနှစ် က မြန်မာနိုင်ငံတွင် ပထမဆုံးပေါ် ပေါက်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင် ရာ တောင်သူလယ်သမားအစည်း အရုံး(ဗတလစ)ကို သခင်မြက ဥက်္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးသခင် အောင်ဆန်း၊သခင်သန်းထွန်းတို့ကအမှုဆောင်များအဖြစ်ပါဝင်ကာလွတ်လပ်ရေးကြိုးပမ်းရာ
တွင် ရှေ့တန်းမှညီညွတ်စွာ ပါဝင်ခဲ့ကြ ကြောင်း သိရသည်။
""တောင်သူတွေက တောရိုင်း မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး ဓာမဦးချလုပ်ကိုင်ခဲ့ကြတယ်။မြေ တွေကောင်းလာတော့ ကုမ်္ပဏီ တွေက သူတို့ပိုင်တယ်ဆိုပြီးပြော လာတယ်။တောင်သူတွေကဆီက လယ်တွေသိမ်းတယ်။ဥပဒေအရ တရားစွဲခံရတဲ့ တောင်သူတွေ တရားရုံးမှာ ရင်ဆိုင်နေရတယ်"" ဟု မစုစုနွေးက ပြောသည်။ မြင့်မြတ်ကြည်(Hot news weekly သတင်းဂျာနယ်
Posted: 18 Oct 2012 09:46 AM PDT
ဟေ့............
နင်းခြေမယ့်သူတွေ
ခရေပွင့်တွေလို ငါမကြွေ
မြေတစ်လက်မ ပိုင်ဆိုင်ခွင့်ရသ၍
နေ့သစ်ရဲ့ အရုဏ်ဦးမှာ
ယုံကြည်ချက် ဆူးတွေစွင့်
ခေါင်းထောင်လို့ ၀င့်လိုက်မယ်
ငါဟာ နီရဲတဲ့ နှင်းဆီပွင့်။ (မင်းကိုနိုင်)
Posted: 18 Oct 2012 09:38 AM PDT
ဂျပန်နိုင်ငံသို့ သမ္မတကြီး ချစ်ကြည်ရေးခရီးသွားရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာပြီးနောက် ရန်ကုန်မြို့ ပတ်ဝန်းကျင်ရှိမြေဈေးနှုန်းများ မြင့်တက်သွား ခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံမှ စီးပွားရေးစီမံကိန်းများ၊ ကားစက်ရုံများတည်ဆောက်ရန် အစီအစဉ်ရှိသည်ဟူသော သတင်းများကြောင့် ရန်ကုန် သီလ၀ါ၊ ကျောက်တန်း၊ သန်လျင်၊ ဒလ မြေကွက်များ ဈေးထိုးတက်သွားကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။
ယခင်က သီလ၀ါဆိပ်ကမ်း လမ်းဆုံရှိ ၄၀x၆၀ မြေကွက်တစ်ကွက်မှာ သိန်း ၂၀ ပတ်ဝန်းကျင်ရှိရာမှ ယခုအချိန်တွင် သိန်း ၅၀၀ ပတ်ဝန်းကျင် အရောင်းအ၀ယ်ဖြစ်နေကြောင်း၊ ၀ယ်ချင်သူများပြီး ရောင်းမည့်သူနည်းနေကြောင်း။ ဒီနေ့ ဈေးစကားပြော မနက်ဖြန်ငွေချေ ချက်ချင်းလက်ငင်းအလုပ်ဖြစ်နေကြောင်းကို မြေပိုင်ရှင်တစ်ဦးဖြစ်သူက " ပြီးခဲ့တဲ့ ၃ ရက်လောက်ကပဲ အရောင်းအ၀ယ်ဖြစ်သွားတာ။ ပထမ သိန်း၅၀၀ ခေါ်တာ ဈေးတွေတက်နေတယ်ကြားတော့ ၆၀၀ ခေါ်လိုက်တာ ၅၅၀နဲ့ ဖြစ်သွားတယ်။ ချက်ချင်းကို ငွေချေပေးတယ်။ စာရွက်စာတမ်းက မြေချပါမစ်ပဲရှိတာ။ ဂရမ်တောင်မလျှောက်ရသေးဘူး။ ကျွန်တော်တို့က အဲဒီမြေကို ၀ယ်ထားတာကြာပြီ၊ ၀ယ်တုန်းက ၁၄ သိန်းကျော်ကျော်နဲ့ဝယ်ထားတာ။ တော်တော်မြတ်သွားတယ်။ ထင်ကို ထင်မထားတာ" ဟု ပြောကြားသွားပါတယ်။
ယခုကဲ့သို့ မြေဈေးများမြင့်တက်ခြင်းမှာ ကောင်းမွန်သောလက္ခဏာမဟုတ်ပဲ၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုအတွက် အဟန့်အတားတစ်ခုဖြစ်နိုင်ကြောင်း ပညာရှင်များနှင့် အစိုးရတာဝန်ရှိသူများက လွန်ခဲ့သော ၅ လ ကတည်းက စောင့်ကြည့်သတိပေးခြင်းများရှိခဲ့ပြီး၊ ယခင် ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ ယခု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် မြန်မာပြည်မြေဈေးကွက်ကို ကိုင်တွယ်မည်ဟု ပြောဆိုသတိပေးခဲ့သေးသည်။
အဆိုပါပြောကြားချက်ကြောင့် မြေဈေးကွက်များ အခိုက်အတန့် ရပ်တန့်ခြင်းရှိခဲ့သော်လည်း ရေရှည်ထိန်းချုပ်မှုမရှိခြင်း၊ အခွန်ပေါ်လစီအားနည်းခြင်းတို့ကြောင့် ဈေးကွက်ကို ထိန်းကျောင်းနိုင်ခြင်းမရှိခဲ့ပေ။
လွန်ခဲ့သည့် ၆ လ ကျော်တုန်းကလည်း ရန်ကုန်နှင့် မြို့ကြီးအချို့ရှိ စက်မှုဇုန်မြေကွက်နှင့် ဆက်စပ် မြေကွက် များ၊ ရန်ကုန်တွင်
ဒလ၊ သီလ၀ါ၊ လှိုင်သာယာ၊ရွှေပြည်သာစက်မှုဇုန်များအနီးရှိ မြေကွက် များမှာ ပြည်ပမှ တရားမ၀င် ၀ယ်ယူဈေးကစားမှုများ၊
ရှိခဲ့ပြီး၊ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဂျပန်နိုင်ငံသားတစ်ဦး၊ အိမ်ခြံမြေအကျိုးဆောင် Company တစ်ခုနှင့် ပါဝင်ပတ်သက်သူများကို စစ်ဆေးအရေးယူလျက်ရှိကြောင်းသိရှိရသည်။
by: People Development for Knowledge
Posted: 18 Oct 2012 09:09 AM PDT
မနေ့ က အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ သမတဘရက်ခ် အိုဘားမားက
သူ့ပြိုင်ဖက် ရီပတ်ပလင်ကန် သမ္မတလောင်း Mitt Romney ကို ပြန် ဦးဆောင် တိုက်ခိုက်ခဲ့ပါသည် ။ မန်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း မစ် ရွန်မနီကလည်း ပြန်ပြီး ပြင်းပြင်းထန်ထန် ခုခံခဲ့ပါသည် ဆိုသောသတင်းကို အင်တာနက် သတင်း စာမျက်နှာများမှာ တွေ့ ရသည့် အပြင် မနေ့ ညက တီဗီမှ သူတို့ နှစ်ဦး၏ debate စကားစစ်ထိုးပွဲကို ကိုယ်တိုင် တိုက်ရိုက်ကြည့်လိုက်ရသောအခါ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမှတက်လာမည့် အနာဂတ် အမေရိကန် သမ္မတလောင်းကို လေးစားမိသလို လူထုမှ တိုက်ရိုက်မေးမြန်းသော မေးခွန်းများကို အချိန်အကန့် အသတ် တစ်ခုအတွင်း နှစ်ဦးစလုံးမှ ပါတီ၏ မူဝါဒများ ဆုပ်ကိုင်ပြီး တိကျမှန်ကန်စွာ ပြန်လည်ချေပ ဆွေးနွေးခြင်းသည်ပင် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုအဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရပါသည် ။
လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲမှ တက်လာမည့် အမေရိကန် သမ္မတလောင်းကို အမေရိကန်ပြည်သူများ အပါအ၀င်
 တမ္ဘာလုံးမှ စိတ်ဝင် တစား စောင့်ကြည့်နေကြသည် ။ အရွေးချယ်ခံမည့် သမ္မတ လောင်း နှစ်ဦး၏ စကားစစ် ထိုးပွဲကိုလည်း စိတ်ဝင်တစား လေ့လာ သုံးသပ် အကဲခတ်သူများလည်း ကမ္ဘာအ၀ှမ်း ဒုနဲ့ ဒေးရှိပါသည် ။ အဘယ်ကြောင့် ဆိုသော် အမေရိကန်
၏ စီးပွားရေး ၊ နိုင်ငံရေး မူဝါဒများသည် ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် တစ်နည်းမဟုတ် တနည်း ဆက်နွယ်ပတ်သက်နေသောကြောင့် ဖြစ်ပါသည် ။
၎င်းတို့ နှစ်ဦး၏ စကားစစ်ထိုးပွဲများမှစိတ်ဝင်စားဖွယ် အချက်တစ်ချို့ ကို ကောက်နှုတ် တင်ပြ ဆွေးနွေးလိုပါသည် ။ ယခုအခါတွင် အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ၂၃ သန်းမျှရှိနေပြီး လစဉ် အလုပ်သမား ( ၈ )သောင်း ၀န်ကျင်လောက် အလုပ်လက်မဲ့ ဖြစ်နေမှုအပေါ် သုံးသပ်ဆွေးနွေးကြပါသည် ။
အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ စာရင်းစစ်တမ်းအရ ၂၀၀၉ခု နှစ်ဆန်းပိုင်းမှ စတင်ကာ အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ဦးရေမှာ ( ၄ ) သန်းကျော်ရှိပါသည် ။ ဒါပေမဲ့ နှစ်စဉ် နိုင်ငံတကာမှ အလုပ်သမားပေါင်း ၁၂၅၀၀၀ ကို လစဉ်ခေါ်ယူနေသည်ဟု ၄င်းစစ်တမ်းအရသိရပါသည် ။ ၂၀၀၉ ဇွန်လ စစ်တမ်းအရ အမေရိကန် လူမျိုး ၂၆ သန်းနီးပါးသည် အလုပ်လက်မဲ့ ဖြစ်နေပြီး အချိန်ပိုင်း part time လုပ်ကိုင်မှုများရှိသလို လုပ်ငန်းခွင်မှ လုံးဝ ထွက်ခွာသွားရသူများရှိသည် ဟုဆိုပါသည် ။ ဆိုလိုသည်မှာ အမေရိကန် နိုင်ငံ၏ ပြည်တွင်း စီးပွားရေးမှာ ကျဆင်းလျက်ရှိပါသည် ။
သို့ အတွက် ကြောင့် သမ္မတလောင်း ( ၂ ) ဦး၏စကားစစ် ထိုးပွဲတွင် အမေရိကန် နိုင်ငံ ၏ အလုပ်လက်မဲ့ ပြဿနာကို အဖြေရှာ
မည့် အရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးသကဲ့သို့  ဆွေးနွေးသွားသည်ကို တီဗွီ ဖန်သားပြင်တွင် တွေ့ မြင်လိုက်ရပါသည် ။ သို့အတွက် ကြောင့် ရီပတ်ပလင်ကန် သမ္မတလောင်း Mitt Romneyမှ စကားစစ်ထိုးပွဲတွင် နောင်လာမည့် ( ၄ ) နှစ်အတွင်း အလုပ်အကိုင် ( ၁၂ ) သန်းဖန်တီးသွားမည် ဟု ဆွေးနွေးပြောဆို သွားခဲ့သည် ။တစ်ဆက်တည်းမှာပင် အခွန်အကောက် ကိစ္စရပ်များကို ဘယ်လို ကိုင်တွယ် ကြမည့်အရေးအပြင် ပြည်တွင်းသို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာစေရန် မည်သို့ မည်ပုံအဖြေရှာကြမည်ကို ဝေဖန် သုံးသပ်မှုများကလည်း စကားစစ်ထိုးပွဲကို ပိုမို စိတ်ဝင်စားစေပါသည် ။ ထိုအထဲမှ မှတ်သားစရာ တစ်ချက်မှာ အမေရိကန် ပြည်တွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား ကုမ္မဏီများအနေဖြင့် အခွန်ငွေ ( ၃၀ ) %ပေးဆောင်ရမှာဖြစ် ပေမည့် ကနေဒါတွင် မူ ( ၁၅ ) %သာ အခွန်ပေးဆောင် ရကြောင်း စကားစစ်ထိုးပွဲမှာ ထည့်သွင်း ပြောကြားသွားတာ တွေ့ ရပါသည် ။
သို့ အတွက်ကြောင့်လည်း အမေရိကန် နိုင်ငံထက် အခွန်သက်သာသော ကနေဒါနိုင်ငံတွင် အမေရိကန်မှ ကားကုမ္မဏီများ အပါအ၀င် High Tech ဆက်သွယ်ရေး ကုမ္မဏီများကို တွေ့ မြင်နေရခြင်းဖြစ်ပါသည် ။
သို့ သော် တခြားတဖက်တွင် တရုပ်နိုင်ငံ လို အလုပ်သမား ဈေးပေါမှုများသည် အမေရိကန်မှ ကုမ္မဏီ အများအပြားကို တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပေါ်စေသည့် အကြောင်းအရင်းဖြစ်သလို မညီမျှသည့် တရုတ်ငွေကြေးစနစ်ကြောင့်လည်း ကုန်သွယ်မှုတွင် ချိန်ခွင် ရှာ မညီ မျှမှုကို ဖြစ်ပေါ်နေကြောင်းလည်း စကားစစ်ထိုးပွဲမှာ သမ္မတ နှစ်ဦးမှ အပြန်အလှန် ပြောဆို သုံးသပ် လျက် တစ်ဦးကိုတစ်ဦး အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြပေသည် ။
သမတဘရက်ခ် အိုဘားမားသည် ၂၀၀၈ခု သမ္မတရွေးကောက်ပွဲတွင် ဂတိပေးခဲ့သည့် အတိုင်း အမေရိကန် စစ်တပ်ကို အီရတ်မှ ရုတ်သိမ်းပြီးသည့်အပြင် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ဘင်လာဒင်ကို ပင် အသေဖမ်းဆီးမိခဲ့ကြောင်းပြောကြားခဲ့ပါသည် ။ ထိုအချိန်တွင် သမ္မတလောင်း Mitt Romneyမှ ဝေဖန်ပြောဆိုသည်မှာ မကြာသေးမီက လစ်ဗျားတွင် ဖြစ်ပွားခဲ့သော အမေရိကန် သံအမတ်အပါအ၀င် အမေရိကန် ( ၄ ) ဦး လုပ်ကြံ သတ်ဖြတ်ခံရမှုတွင် သမ္မတ အိုဘားမားမှ ချက်ချင်းတုံ့ ပြန်မှု မပြုပဲ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများဖြင့် သာ အချိန်ကုန်နေကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည် ။ Mitt Romneyမှ အိုဘားမားအပေါ် ယခင် ဝေဖန်ပြောဆိုမှုများတွင်လည်း သူ့ သမ္မတ ရွေးကောက်ပွဲကို အလုပ်နှင့် စတင်မှာ ဖြစ်ပြီး အိုဘားမားကတော့ တောင်းပန်မှုဖြင့် စတင်မည် ဟု မဲဆွယ်စည်းရုံးရေး ခရီးများတွင် ပြောကြားခဲ့ပေသည် ။ ဆိုလိုသည်မှာ သူ့ အနေဖြင့် အမေရိကန်ပြည်သူပြည်သားများအတွက် အလုပ်အကိုင်သစ်များဖန်တီးပေးမှာ ဖြစ်ပြီး အိုဘားမားအနေဖြင့်မူနိုင်ငံခြား တိုင်းပြည်များ နှင့် နိုင်ငံတကာ ခေါင်းဆောင်များသည် အမေရိကန်ကို တစ်စုံတရာ မကြိုက်နှစ်သက်သည့် အပေါ်သူ နားလည်ပါသည်ဟု အချက်ပြသည့်နည်းလမ်းကို သုံးကြောင်း နှင့် အမေရိကန်ကို မလိုလားသူများက အမေရိကန် အလံများကို ကမ္ဘာ တ၀ှမ်းတွင် မီးရှို့ သည့်အပေါ်နားလည်ပါကြောင်း အိုဘားမား၏ စကားလုံးများသည် သနားကြင်နာဟန်ပြသနေကြောင်း
 Mitt Romneyမှ အိုဘားမားအပေါ် ယခင် ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့ပေသည် ။
အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုသည် ၁၄ % ကျဆင်းခဲ့ ခြင်းအပေါ် စကားစစ်ထိုးခြင်းသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည် ။ အမေရိကန်သည် ဂျော့ဘုရှ် လက်ထက်ကလို ရေနံထုတ်လုပ်မှုကို အီရတ် ၊ ဗင်နီဇွဲလားတို့ ကဲ့သို့ သော နိုင်ငံများနှင့် နိုင်ငံရေး စီးပွားရေး အရ ပတ်သက်နေမှုများအပေါ် မှီခို သည့် အသွင်ဆောင်ထားသော ပေါ်လစီကို သုံးသပ်ဆွေးနွေးသလို တခြားတစ်ဖက်တွင်လည်း လောင်စာဆီ စား သက်သာသော ကားထုတ်လုပ်မှုအပါအ၀င် ကျောက်မီးသွေး ၊ သလာဝဓာတ်ငွေ့  ၊
 လေ စွမ်းအင်များကို ထုတ်ယူ သုံးစွဲသွားမည်ဟု ဆွေးနွေးမှုများလည်းပါဝင်ပါသည် ။အမေရိကန်နိုင်ငံသို့  တရားမ၀င်ခိုးဝင်လာ သူများအပေါ် ပြဌာန်းရမည့် ဥပဒေအပါအ၀င် အမျိုးသမီးရေးရာ ကိစ္စ နှင့်ကျန်းမာရေး ၊ ပညာရေး ကိစ္စရပ်များကို လည်း စကားစစ်ထိုးခဲ့ကြပါသည် ။ အစိုးရကိုယ်တိုင်က ဘဏ်များနှင့် ဆက်စပ်ပြီး တက္ကသိုလ် ကော လိပ် ကျောင်းသားများအတွက် အတိုးနှုန်းနဲပါးစွာဖြင့် ကျောင်းပညာသင် စားရိတ် ချေးငွေသည် လည်း အထူးစိတ်ဝင်စားဖွယ်ဖြစ်ပါသည် ။
ကနေဒါနိုင်ငံတွင်လည်း အခမဲ့ ကျန်းမာရေး စနစ်အပြင် တက္ကသိုလ် ကော လိပ် ကျောင်းသားများအတွက် အတိုးနှုန်းနဲပါးစွာဖြင့် ကျောင်းပညာသင် စားရိတ် ချေးငွေကို ဖန်တီးထားပါသည် ။ ဘွဲ့ ရပြီး အလုပ်အကိုင် ရမှ ၄င်းချေးငွေကို ပြန်ဆပ်ရန် လိုအပ်ပါသည် .။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း က အမေရိကန် ပြည်ထောင်စုသို့ အလည်အပတ် ရောက်ရှိခဲ့ကြသော သမ္နတ ဦးသိန်းစိန် နှင့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင်ဒေါ်ငောငဆန်းစုကြည် တို့ ၏ အမေရိကန်ခရီးစဉ်သည် အမေရိကန် မြန်မာ ဆက်ဆံရေးကို အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ပါသည် ။ အမေရိကန်နိုင်ငံမှ မြန်မာပြည်အပေါ်ထားရှိသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရုတ်သိမ်းပေးခဲ့သလို မြန်မာပြည်တွင် လူ့ အခွင့်အရေးချိုးဖောက်မှုများ မရှိတော့ပါက အမေရိကန် မြန်မာ စစ်ရေးလေ့ကျင့်မည့် အရိပ်အယောင်များပင်ရှိကြောင်း သတင်းများကဆိုပါသည် ။
ဒီနေရာတွင် မြန်မာ့အရေးကိုကြားဖြတ် ဆွေးနွေးလိုသည်မှာ အမေရိကန် နိုင်ငံလို နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် ကျင့်သားရနေသော တိုင်းပြည်သည် ပင်လျှင် အဖက်ဖက်တွင် ကောင်းသထက်ကောင်းအောင် ပြုပြင် ပြောင်းလဲ ပြင်ဆင်စရာများ တပုံတပင်ရှိပါသည်။ မြန်မာနိုင်ငံ လို ဒီမိုကရေစီကို စတင်လေ့ကျင့်သော တိုင်းပြည်တွင်မူ ဒီထက်မက များပြားလှစွာ ပြုပြင်ပြောင်းလဲစရာများရှိနေခြင်းအပေါ် ဓမ္မဓိဌာန်ကျကျ ရှုမြင်ရပေမည် ။
မြန်မာပြည်တွင် လူထုနှင့် တိုက်ရိုက်ပတ်သက်နေသော စီးပွားရေး ၊ပညာရေး ၊ ကျန်းမာရေး အပါအ၀င် အလုပ်အကိုင်သစ် ဖန်တီးမှုများ ၊ ပွင့်လင်းမြင်သာသော စီးပွားရေး ရင်းနှီးမြှုပ်နှံ မှုနှင့် တိုင်းပြည် အခွန်အကောက်များ ၊တရားမ၀င် ၀င်လာသူများအတွက် ဥပဒေသများ ၊ နိုင်ငံတကာနှင့် ဆက်ဆံမည့် သံတမန်ရေး ၊ နိုင်ငံခြားရေးမှုဝါဒများ အပြင် လူထုကို မတရားဖိနှိပ်သော မတရားဥပဒေသများပြင်ဆင်ခြင်း ၊ဖွဲ့ စည်ုးအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး ကိစ္စရပ်များသည် သဘောထားကြီးကြီးဖြင့် ကိုင်တွယ်ဖြေရှင်း ရမည့် ကိစ္စရပ်များဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ။
အောင်ခိုင်မြင့်
၁၈ အောက်တိုဘာ ၂၀၁၂
ကိုးကား
http://www.democratichub.com/debate/4678.aspx?o=pv&gclid=CJmi96D3ibMCFdEWMgodawoAjg
http://www.taxback.com/usa-foreign-companies.asp
https://www.numbersusa.com/content/learn/issues/american-workers/americas-jobless-statistics.html
Posted: 18 Oct 2012 08:51 AM PDT
တကယ်တော့ …
ခံစားမှုဟာအာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို
သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။
တကယ်တော့ …
ပေါက်ကွဲမှုဟာစည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံဧရာဝတီစိတ်ဓါတ်ကို မွေးဖွားနိုင်စေခဲ့တယ်။
တကယ်တော့ …
ရဲရင့်မှုဟာကမ္ဘာမြေကြီးကိုသွေးချောင်းစီးစေနိုင်သလို
မဟာပထဝီမြေကြီး စိမ်းလန်းသာယာပြီး ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …
မင်းကိုနိုင်ဆိုတဲ့ မင်းကိုနိုင်ဟာ
ကြမ်းတမ်းဆိုးမွေ့တဲ့ နိုင်ငံ့ဥယျာဉ်မှူးဖြစ်ရမယ်။
(မင်းကိုနိုင် အသက် (၅ဝ) နှစ်ပြည့် မွေးနေ့မင်္ဂလာအတွက် အဝေးတစ်နေရာမှ ကျော်သူနှင့် နယူးယောက် မြို့နေ ပန်းချီ မင်းကျော်ခိုင် တို့၏ အမှတ်တရရေးချက်နှင့် ကဗျာအား ရွှေရတုမွေးနေ့အဖြစ် ပူးပေါင်း ဂုဏ်ပြုသည်။)
ကျော်သူ
Posted: 18 Oct 2012 08:45 AM PDT
In this photo taken Monday, Sept. 10, 2012, cars run by the old police headquarters in Yangon, Myanmar. Myanmar lawyers vowed Tuesday to protest the privatization of Yangon's hundred-year
-old High Court building and a plan to convert the city's imposing old police headquarters into a Chinese-owned hotel. The Myanmar Lawyer's Network says is searching for legal means to block the
ales of both buildings that were auctioned off by the previous military government which ceded power
 in 2011. (AP Photo)
(Gulf Time မှ 18 Oct 2012 ရက်စွဲပါ "Myanmar Lawyers protest sale of heritage building" သတင်းကို ဘာသာပြန်ဆိုသည်။)
ကိုလိုနီခေတ် တရားရုံးချုပ် အဆောက်အဦးနှင့် ရဲဌာနချုပ် အဆောက်အဦးများအား ယခင်အစိုးရက ရောင်းချထားခဲ့ခြင်းကို ရန်ကုန်မြို့တွင် ရှေ့နေ များက မနေ့က ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။
"အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို မချိုးဖောက်ပါနဲ့"ဟု ရေးသားထားသော စာတမ်းများ ကိုင်ဆောင်ထားကြသည့် ရှေ့နေ၂၀၀ ခန့်က ၁၀၁နှစ် သက်တမ်းရှိ တရားရုံးချုပ် အဆောက်အဦးမှ ပုလိပ်မင်းကြီး ရုံးအထိ ချီတက်ဆန္ဒပြ ခဲ့ကြသည်။
ယခင်တပ်မတော် အစိုးရက ပုဂ္ဂလိကထံ ရောင်းချခဲ့သော အဆိုပါ အဆောက်အဦး နှစ်ခုကို ပြန်လည်ရယူရန် ရှေ့နေများက အစိုးရထံ မေတ္တာရပ်ခံ တောင်းဆို ထားသည်။
ရှေ့နေအသင်း ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းက "အရင်အစိုးရဟောင်းက အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို ချိုးဖောက်ခဲ့တာပါ။ ဒါ့ကြောင့် ဒီအဆောက်အဦးတွေ ပုဂ္ဂလိက စီးပွားရေး သမားတွေ လက်ထဲမရောက်အောင် အစိုးရသစ်က တားပေးစေ ချင်ပါတယ်"ဟု ပြောကြားသည်။
ယခင် တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အုပ်ချုပ်ရေးမြို့တော်ကို ၂၀၀၆ခုနှစ်တွင် ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ကိုလိုနီခေတ် အဆောက်အဦး များစွာကို ရောင်းချပစ်ခဲ့ခြင်း ဖြစ်သည်။
တရားရုံးချုပ်အဆောက်အဦးကို လုပ်ငန်းရှင်သူဌေး ဦးသိန်းထွန်းထံ ရောင်းချထားပြီး ၎င်းကပြတိုက်အဖြစ် ပြောင်းလဲလိုသည်ဟု ကြားသိရသည်။ ပု လိပ် မင်းကြီး ရုံးဟောင်းကိုမူ ဟိုတယ်အဖြစ် ပြောင်းလဲရန် ကြံရွယ်ထားသည့် တရုတ်ရင်းနှီးမြှုပ်နှံသူ တစ်ဦးထံ ရောင်းချထားသည်။
ထို့နောက် ၂၀၁၁မတ်လတွင် အာဏာရရှိလာသော သမ္မတ ဦးသိန်းစိန်က ၁၈၂၄-၁၉၄၈ ဗြိတိသျှ အုပ်ချုပ်ရေး ကာလတွင် ဆောက်လုပ်ခဲ့သော ကို လိုနီခေတ် ဗိသုကာလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို အားပေးထောက်ခံမှု
 ပြုခဲ့သည်။
"ရန်ကုန်ဟာ အရှေ့တောင် အာရှမှာ သာမကပဲ အာရှတိုက်မှာပါ ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေ အကြီးမားဆုံး စုဝေးနေတဲ့နေရာ ဖြစ်နိုင်ပါ တယ်"ဟု Historial Walks in Yangon စာအုပ်ရေးသားသူ အယ်လ်ဖရက် ဘန်ဘွန်က ပြောကြားသည်။
ယခုအခါ တံခါးဖွင့်မြန်မာနိုင်ငံ၏ မြန်ဆန်သော စီးပွားရေး လှိုင်းလုံးများ၏ ခြိမ်းခြောက်ခြင်း ခံနေရသော အမွေအနှစ် ထိန်း
သိမ်းရေး ကြိုးပမ်းမှုများ ကို အရှိန်မြှင့်ရန်အတွက် The Yangon Heritage Trustကို ကုလအထွေထွေ အတွင်းရေးမှူးချု
ပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ ဦးသန်းမြင့်ဦးက ယခုနှစ် အ စောပိုင်းတွင် ထူထောင်ခဲ့သည်။
မကြာသေးမီက ဖိုရမ်တစ်ခုတွင် ဦးသန်းမြင့်ဦးက " ဒီကိစ္စဟာ အရေးပေါ် အခြေအနေ ဖြစ်နေပြီလို့ ခံစားမိပါတယ်။ ဒါဟာတစ်နှစ်၊ နှစ်နှစ်လောက် စောင့်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး"ဟု ပြောကြားသွားသည်။ Yangon chronicle
Posted: 18 Oct 2012 08:28 AM PDT
ယနေ့အောက်တိုဘာလ၊(၁၈)ရက် နံနက်(၉း၀၀)နာရီက ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်၊(၉၄)ရပ်ကွက်၌ ထိန်လင်း ကုသိုလ်ဖြစ်ဆေးခန်း ဆိုင်းဘုတ်တင်ပွဲနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းကိုနိုင်၏ မွေးနေ့အမှတ်တရ ကွန်ပြူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
နံနက်(၉း၀၀)နာရီတွင် မွေးနေ့ရှင် မင်းကိုနိုင်နှင့် ၎င်း၏ မိခင်ကြီး၊ သရုပ်ဆောင်ပြေတီဦးနှင့် (၉၄)ရပ်ကွက် တာဝန်ရှိသူတို့က ထိန်လင်း ကုသိုလ်ဖြစ်ဆေးခန်း ဆိုင်းဘုတ်နှင့် မင်းကိုနိုင်မွေးနေ့အမှတ်တရ ကွန်ပြူတာသင်တန်းတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၄င်းနောက်အခမ်းအနားကိုဆက်လက်ကျင်းပရာ မင်းကိုနိုင်၊ နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အော
င်နှင့် ထိန်လင်း ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ရှိသူတို့က အမှတ်တရစကားများ အသီးသီးပြောကြားခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။
ဆက်လက်၍ အခမ်းအနားတွင် မင်းကိုနိုင်အပါအ၀င် ကဗျာဆရာတို့က ကဗျာများကို အမှတ်တရ ရွတ်ဆိုကြပြီး ၈၈မျိုးဆက်ကျောင်းသားများနှင့် B-G သွေးအကူအညီပေးရေးအဖွဲ့တို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကာ မင်းကိုနိုင်က တက်ရောက်လာသူများအား ၄င်း၏မွေးနေ့ကိတ် ကို ဝေမျှကြွေးရင်း အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
Photo..ကိုမာကီး. 88 generation studients
်တေးသံရှင် ထက်အောင်ရှိုင်း စပ်ဆိုပြီး လက်ဆောင်ပေးထားတဲ့ မွေးနေ့ တေးလက်ဆောင် သီချင်းပါ ..
ပြည်ချစ်တဲ့ဇာနည် သန္ဒေသားတယောက်ကို
တမိဝမ်းသန့် စင် ဖွားမြင်ခဲ့ပြီ
မွန်မြတ်တဲ့ သူရဲ့  မျှ စိတ်ဓါတ်တွေသည် အနာဂတ်တို့ အတွက် အလင်းတန်း ဖြစ်စေမည် .. အမေလည်း ကျမ္မာပါစေ
အကိုလည်း ကြားနိုင်ပါစေ
ဒီမွေးနေ့  အချိန်မှာ ကျက်သရေထွန်းကာ
အမှန်တရားအတွက် အကျိုးမဖက်တဲ့ သူ့ ရဲ့ စိတ်လိုရာ
ပန်းတိုင်ရောက်အောင် ဒို့  ဆုတောင်းကြမည်
ကိုမင်းကိုနိုင် မွေးနေ့ မှသည် ရှေ့ ဆက်လို့  ဆန္ဒများနဲ့  ဘ၀ တလျောက်လုံးထပ်တူ ငြိမ်းချမ်းပါစေလေ ဒို့ ပြည်
စေတနာမြေမှာ အရာထင်ပါစေ အာဇာနည်မြတ် ဒို့  ကိုမင်းကိုနိုင်
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment