Posted: 15 Oct 2012 10:02 AM PDT
မြန်မာနိုင်ငံ အနှံ့အပြားတွင် OIC (Organization of the Islamic Conference) ရုံးများ အလိုမရှိကြောင်း သံဃာတော်များနှင့် ပြည်သူလူထုမှ ဆန္ဒဖော်ထုတ် OIC (Organization of the Islamic Conference) ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်မည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် လမ်းလျှောက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ မှ စ၍ ရန်ကုန်တွင် ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှ စတင်ပြီး မြို့တော်ခန်းမ သို့၎င်း၊ မန္တလေးတွင် အိမ်တော်ရာ ဘုရားဝင်းမှစတင်၍၄င်း၊ ပခုက္ကူမြို့တွင် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာတော်အင်အား ၂၀၀၀ကျော်စတင်၍၄င်း၊ ရခိုင်ဒေသတွင် ကျောက်တော်မြို့၊ ပုဏားကျွန်းမြို့၊ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့စသောမြို့နယ် အနှံ့တွင်၎င်း၊ သံဃာတော်များ ထောင်သောင်းချီလျှက် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တ်ာလှန်ရေးကဲ့သို့ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြပါသည်။ ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသောလူငယ်တွေရဲ့တက်ကြွတဲ့စိတ်ဓာတ်ကိုတွေ့ခဲ့ရတယ်။ ရန်ကုန်မြို့မှာတော့ လမ်းလျှောက်တဲ့လူဦးရေဟာ ရွှေတိဂုံဘုရားမှာပဲ လူတွေကရှိနေသေးတယ် ရှေ့ဆုံးက လူတွေကဆူးလေဘုရား၊ မြို့တော်ခမ်းမရှေ့ကို ရောက်နေကြပါပြီ၊ အဲသည်လောက်ကို အရေအတွက် များခဲ့ပါသည်။ မန္တလေး၊ပခုက္ကူ၊ရခိုင်ဒေသစသောမြို့များတွင်လည်း သံဃာတွေထောင်ချီလျှက် ဆန္ဒပြခဲ့ကြောင်းသိရှိရပါသည်။ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်းလကွယ်နေ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သေကြေညာချက်မှာတော့……. - မြန်မာနိုင်ငံစတင်ထူထောင်ခဲ့ချိန် အနော်ရထာမင်း လက်ထက်မှစတင်၍ ကမ္ဘာ့ အလယ်တွင် ထေရဝါဒနိုင်ငံအဖြစ် စံပြရပ်တည်နိုင်ခဲ့သည်။ - ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ် သည်။ - မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ ရုံးစိုက်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ကန့်ကွက်ရသော အကြောင်းအရင်းများမှာ - ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ အနိဋ္ဌာရုံများကို နိုင်ငံတကာတွင် အထင်အမြင်လွဲမှားမှုများ ရှိနေခြင်း။ - လစ်ဗျားနိုင်ငံတွင်အမေရိကန်သံအမတ် Mr. Christopher Stevens လုပ်ကြံခံရခြင်းတွင် OIC အပါအဝင် ထိုကဲ့သို့သော အစ္စလာမ်မစ်နိုင်ငံအဖွဲ့အစည်းများက မည်သို့မျှတုံ့ပြန်မှုမရှိခြင်း။ - ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာများ လူမျိုးရေး၊ ဘာသာရေးအရ အကြမ်းဖက်ခံရခြင်းတွင် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာများမှ ဆန္ဒပြလျက်ရှိနေခြင်း။ -လက်နက်များ ဖမ်းဆီးရမိသည့်အတွက် လုံခြုံရေးအားနည်းနေကြောင်း ပေါ်လွင်နေခြင်း။ -ဗုဒ္ဓဘာသာများ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာဗုံးပေါက်ခွဲ ဖျက်ဆီးမည်ကို ဖမ်းဆီးရမိခြင်း၊ ထို့ကြောင့်- - OIC ဖြစ်စေ၊ ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးကို မြန်မာ့မြေပေါ်တွင် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ လုံးဝ (လုံးဝ ) ရုံးစိုက်ခွင့်မပြုပါ။ - ပြည်သူများ၏ သဘောတူညီချက်မပါသော OIC နှင့် အစိုးရ၏ လက်မှတ်ထိုးထားမှုကို လုံးဝကန့်ကွက်သည်။ - OIC နှင့်ပတ်သက် သော သဘောတူစာချုပ်ကိစ္စ၊ အကြောင်းအရာများ၊ ယာယီရုံဖွင့်လှစ်ရန်အတွက် နိုင်ငံပိုင် မီဒီယာများတွင်ဖြစ်စေ၊ တရားဝင်ပြည်ပ မီဒီယာများတွင်ဖြစ်စေ သတင်းစာရှင်းလင်း၍ ပြည်သူများကို အတိအလင်း ကြေညာပေးရမည်ဟု ဖော်ပြပါရှိသည်။ မှတ်ချက်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီ(ရန်ကုန်)မှ တောင်းဆိုချက်များ အား မလိုက်လျောပါက ဥပုသ်နေ့တိုင်း ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။ နိုင်ငံတော်သမ္မတ ၀က်ဘ်ဆိုက်မှာတော့ ယနေ့ထုတ်ပြန်ချက်တွင် OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရ" နေပြည်တော်၊ အောက်တိုဘာ ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်- ၁။နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊ ၂။ အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊ ၃။နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊ ၄။နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment