Monday 15 October 2012

အုပ်စုဖွဲ့ရမ်းကားနေသော (၈၈)ကျောင်းသားအတု များကိုဥပဒေအရ ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း
Posted: 14 Oct 2012 06:43 AM PDT

အလဲထိုး
Posted: 14 Oct 2012 06:37 AM PDT



















အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလာဝယ်ပြည်နယ်၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသည့် ကိုယ်ခံပညာပေါင်းစုံတိုက်
ခိုက်ရေး (Mixed MartialArts) ပြိုင်ပွဲ၊ တစ်နည်းအား ဖြင့် Cage Fury Fighting Championship (CFFC)ဟုခေါ်သော
ပြိုင်ပွဲတွင် မြန်မာပြည်ဖွားကချင်တိုင်းရင်းသား အောင်လအင်ဆန်းက အိုင်အိုဝါပြည်နယ်မှ ပြိုင်ဘက်အား လျင်မြန်စွာ
 အလဲထိုးအနိုင်ယူခဲ့သည်။

''The Burmes Pytohon'' ဟုချစ်စနိုးခေါ်ဝေါ်ကြသော အောင်လသည် ပွဲကို ဖြည်းဖြည်းချင်းစတင်ခဲ့ရာ ပြိုင်ဘက်
 ဂျက်ဆင်လောက်ထံမှ မျက်နှာနှင့် ခန္ဓာကိုယ်သို့ပစ်သွင်းသည့် လက်သီးချက်များ ထိမှန်ခဲ့ရသည်။

သို့သော် အောင်လက ရှေ့ဆက်ထိုးရန်တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီးမစ္စတာဂျက်ဆင်လောက် ထောင့်ကပ်မိချိန်တွင် အောင်လက
 အသည်းနေရာသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်ရာဂျက်ဆင်တစ်ယောက်ရှူးရှူးရှားရှား ရှေ့တိုးလာသည်။ ထို့နောက်အောင်
လကဘယ်လက်သီးများဆက်တိုက်လွှတ်ထိုးရင်းညာလက်သီးတစ်လုံးလျှပ်တစ်ပြက်ပစ်သွင်းလိုက်ရာ ပြိုင်ဘက် ဂျက်ဆင်မှာ
 မလှုပ်မယှက်နောက်ကောက်ကျ ဖြစ်သွားသည်။

 အသက် ၂၇ နှစ်အရွယ် အောင်လက အဆိုပါလက် ဝှေ့ပွဲမှ အနိုင်ရရှိသော ထိုးကြေးနှင့် စပွန်ဆာရငွေအားလုံး ကို ကချင်
စစ်ဘေးဒုက္ခသည်များကို လှူဒါန်းမည်ဟု ၄င်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

Photo- sherdog.com

မူရင်းသတင်း-- 7Day News Journal

Posted: 14 Oct 2012 05:46 AM PDT

တကယ်ရောက်ခဲ့ပြီ

အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူဒါနအဖြစ် နာရေးကူညီ
မှုအသင်း
(ရန်ကုန်)သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ဇနီးမောင်နှံဖြစ်ကြသည့် ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင်
တို့သည်
မိဘများနှင့်အတူ လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိ
အား လှူဒါန်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအသစ် ပြန်လည်ဖွဲ့စည်းခဲ့စဉ်တွင် ဦးကျော်သူသည် အဓိက သရုပ် ဆောင်အလွှာအတွက်
ဆန္ဒမဲထည့်ဝင်ခဲ့စဉ်၌ အနုပညာလောကနှင့် ဝေးကွာခဲ့ကြသည့် အနုပညာမောင်နှမ ဖြစ်သူ အူဝဲနှင့်တွေ့ဆုံခဲ့ပြီး နှုတ်ဆက်စ
ကားဆိုခဲ့ကြစဉ်၌ အူဝဲသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ချင်ခဲ့သော်လည်း မလာရောက်ဖြစ်သေးသည့်အ
တွက် တစ်နေ့တော့ မရောက်ရောက်အောင် လာခဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ အခုတော့ အမှန်တကယ် ရောက်ရှိ
လာခဲ့ပါပြီ။ ၁၄.၁ဝ.၂ဝ၁၂ ရက်နေ့တွင်ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူအဖြစ်
 ပြေတီဦး + အူဝဲတို့ မိသားစုတို့ တကယ်ရောက်လာကြကြသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝမ်းမြောက်ဝမ်းသာ
 စွာဖြင့် သာဓုခေါ်ဆို လိုက်ရပါတော့သည်။

်FFSS

Posted: 13 Oct 2012 07:36 PM PDT
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးသည် ပြင်သစ်နိုင်ငံ ပါရီမြို့မှာ လွတ်လပ်ခြင်းအတွက် လမ်းလျှောက်ပွဲ
 ( 5th International March for Freedom ) မှာ ပါဝင် ခဲ့ပြီး လေဘာတီ စကွဲယား တွင် ပြင်သစ် ဘာသာစကားနဲ့ မိတ်
ဆက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။။

လူ့အခွင့်အရေး ဆိုတာ နယ်နိမိတ် အကန့်အသတ် မရှိတဲ့အတွက် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်ရင် မြန်မာနိုင်ငံ ဒီမိုကရေ
စီရေးနဲ့  လူ့အခွင့်အရေး ဆိုင်ရာ ခြေလှမ်းတွေ ပိုပြီး မြန်ဆန် လာနိုင်တယ်လို့ ဥရောပနိုင်ငံ ၅ နိုင်ငံ စုပေါင်း ကျင်းပတဲ့ နိုင်ငံတကာ
 လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက မိန့်ခွန်း ပြောကြားခဲ့
သလို  မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့ပါ ပန်ကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ကို ရောက်နေတဲ့ ကျောင်းသားခေါင်းဆောင်
 ကိုကိုကြီးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့ အခါ အခုလို စပြောပါတယ်။

"ပြင်သစ်နိုင်ငံရောက်နေတဲ့ မြန်မာလူငယ်တွေ၊ သူတို့ကလည်း ကျနော်နဲ့ သီးခြားတွေ့ဖို့အတွက် စီစဉ်ထားတဲ့ တချိန်တည်းမှာ
 ရောက်ရောက်ချင်း နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲပေါ့လေ။ ၅ နိုင်ငံ စုပေါင်းလုပ်တယ်။ အဲဒီမှာ
ကျနော့်ကို ဖိတ်တာနဲ့ အီဖယ် မျှော်စင်ရဲ့ရှေ့၊ လူ့အခွင့်အရေး ရင်ပြင်ကို လမ်းလျှောက်ပြီးတော့၊ စတာကတော့ လစ်ဘာတီ
ရုပ်ထုရှေ့ကနေ စတာပေါ့။ စပြီးတော့ အဲဒီ အီဖယ် မျှော်စင်ရှေ့ လူ့အခွင့်အရေး ရင်ပြင်မှာ ကျနော်တို့ အလှည့်ကျပေါ့လေ၊
 နိုင်ငံအလိုက် စကားပြောကြတဲ့ အစီအစဉ်ပါ။ အဲဒီမှာ ကျနော် ၀င်ပြီးတော့ ပါဝင်ခဲ့တာ။"

ဦးကိုကိုကြီး အနေနဲ့ ပြည်ပကို ရောက်လာတဲ့ ပထမဆုံးလာတဲ့အချိန်၊ ဒီမှာ ပြည်ပက လူငယ်တွေနဲ့လည်း တွေ့ရတယ်၊ 
ဒီလိုအချိန်မှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်အတွက် ဘာတွေ မိန့်ခွန်းထဲမှာ ပြောခဲ့လဲ သိပါရစေရှင့်။ -

"ကျနော်တို့ နိုင်ငံမှာ လွတ်လပ်ခွင့်အတွက် တိုင်းရင်းသား ပြည်သူတွေရဲ့ လွတ်လပ်ခွင့် အတွက်၊ နောက်တခါ ကျနော်တို့ ပြည်
သူတွေ ရင်ထဲမှာ၊ ကျနော်တို့ ကိုယ်တိုင် ရင်ထဲမှာကိုပဲ ထိန်လန့်စိုးရွံ့မှုတွေကို ဖယ်ရှားရင်းနဲ့ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများ
စွာ နေခဲ့ကြရတယ်။ ဆိုတော့ ဒီအကြောက်တရားတွေကို ဖယ်ရှားဖို့နဲ့၊ လူ့အခွင့်အရေး တွေအတွက် ဆောင်ရွက်ရင်းနဲ့ လက်ရှိ
လည်း ထောင်ထဲမှာ တချို့ ကျန်နေသေးတယ်။ တခါ ကျနော်တို့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့လည်း ခုချိန်
ထိပေါ့လေ။ သူတို့ကို ပြန်လည် ထူထောင်ရေး ကိစ္စတွေ မလုပ်နိုင်သေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ ဒီလိုမျိုး
 လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပြီဆိုရင် ချိုးဖောက်ခံရတဲ့သူတွေရော၊ ချိုးဖောက်တဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့တဲ့ သူတွေ
 အားလုံးဟာ တနည်းမဟုတ် တနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ အနာတရတွေ ဖြစ်ခဲ့ကြတယ်။ အဲဒါတွေကို ကျနော်တို့ ကုစားဖို့လည်း
လိုတဲ့အကြောင်းပေါ့လေ။ နောက်တခုကတော့ လူ့အခွင့်အရေး ဆိုတာဟာ နယ်နိမိတ် အကန့်အသတ် မရှိဘူး။ အဲဒီတော့
 လူ့အခွင့်အရေး ကိစ္စ ဆောင်ရွက်တဲ့အခါမှာ၊ လွတ်မြောက်ခြင်းအတွက် ဆောင်ရွက်တဲ့နေရာမှာ တယောက်နဲ့ တယောက်
 လက်ချင်းတွဲပြီးတော့ အခြား နိုင်ငံ အသီးသီးနဲ့ ချိတ်ဆက်ပြီး လုပ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ခြေလှမ်းတွေဟာ ပိုပြီးတော့
 မြန်ဆန်လာမယ်၊ ပိုပြီးတော့ ခိုင်မာလာမယ် ဆိုတဲ့အကြောင်း နိုးဆော်ရင်းနဲ့ နိုင်ငံတကာမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခြင်းနဲ့
ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ သူတွေအားလုံးကို လက်တွဲဆောင်ရွက်ကြဖို့ ကျနော် နိုးဆော်ခဲ့တာပါ။"

အခု ကိုယ်တိုင် ကြုံလာရတဲ့ ပြည်ပက လူ့အခွင့်အရေး အနေအထားနဲ့ လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေနဲ့ ယှဉ်ပြီးတော့
 ပြောပြပေးပါလား။ -

"ဒီပွဲမှာ ထူးခြားတာက ပြင်သစ်နိုင်ငံရဲ့ ဒီမိုကရေစီ အခြေအနေကို ကျနော်ကိုယ်တိုင် လက်တွေ့ လေ့လာခွင့် ရခဲ့တာပေါ့လေ။
 မိုးရွာထဲမှာပဲ ကျနော်တို့ လမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော် ကြမယ်ဆိုတဲ့ အချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ
ကနေ အားလုံးနဲ့ ဆန္ဒပြမယ့် သူတွေနဲ့ ရင်းရင်းနှီးနှီးပဲ ပြောဆို ဆက်ဆံကြပြီးတော့ သူတို့က တောက်လျှောက် လုံခြုံရေး
 ယူပေးတယ်၊ လမ်းကြောတွေကို ရှင်းပေးတယ်။ တားပေးတယ်။ အားလုံးကလည်း စည်းကမ်းတကျနဲ့ လူ့အခွင့်အရေး
ရင်ပြင်အထိ ချီတက်သွားကြတယ်။ ကားတွေကလည်း သူတို့ကို တားထားရင် ရပ်ပြီးတော့ စောင့်ကြတယ်။ ဒီ လူအုပ် ဖြတ်
သန်းပြီးတဲ့အထိ ပေါ့လေ။ လူငယ်တွေက သီချင်းတွေ၊ အကတွေနဲ့ performance တွေပါ ပါတာပေါ့လေ။ အဲဒါမျိုး သူတို့
 ဆန္ဒပြတာဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့လိုလားချက်တွေကို သိသာမြင်သာအောင် ပြသသွားတာတွေဟာ ဒါ
ကျနော်တို့အတွက်တော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကူညီစောင့်ရှောက်မှုရော၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြ လမ်းလျှောက်တဲ့သူတွေ ကြားမှာ
ရှိတဲ့ ဆက်ဆံရေးကိုရော၊ ကျနော့်အနေနဲ့တော့ ကိုယ်တွေ့မျက်မြင်ပေါ့လေ ဒါ ကျနော် လေ့လာခွင့် ရခဲ့ပါတယ်။"

ပြည်ပနိုင်ငံကို ပထမဆုံး ခရီးထွက်လာတဲ့ ကျောင်းသားခေါင်
းဆောင် ကိုကိုကြီးဟာ ပြင်သစ်ကနေ ချက်သမ္မတနိုင်ငံ ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ 
(voa)

Posted: 13 Oct 2012 06:57 PM PDT


















( ဖြစ်စဉ် အကြီးစားများအား အရှုံးကို -၁၊ အမြတ်ကို +၁ ဖြင့်တွက်ချက်ပါသည်)

ွှအမှတ်စဉ်/ အကြောင်းအရာ/ အရှုံး သို.မဟုတ် အမြတ်/ ရမှတ်/ နောက်ဆုံးလက်ကျန်

အမှတ်စဉ် ၁
ကျနော်တို.ဟာ ပြည်သူကရွေးကောက်တင်မြှောက်ထားသော အစိုးရဖြစ်သည် ဟူသော မိန်.ခွန်း အရှုံး
ရမှတ် (-၁)
လက်ကျန် (-၁)

အမှတ်စဉ် ၂
ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်လျက် တွေ.ဆုံခြင်း၊ သတင်းထုတ်ပြန်ခြင်း
အမြတ်
ရမှတ် (+၁)
လက်ကျန် (၀)

အမှတ်စဉ် ၃
မြစ်ဆုံဆည်တည်ဆောက်မှု အခိုက်အတန်.အားဖြင့်ရပ်တန်.နိုင်မှု
အမြတ်
ရမှတ် (+၁)
လက်ကျန် (+၁)

အမှတ်စဉ် ၎
ကချင်ဒေသထိုးစစ်ကို ရပ်တန်.သွားအောင် မစွမ်းဆောင်နိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (၀)

အမှတ်စဉ် ၅
နိုင်ငံရေးကြောင့်အကျဉ်းကျနေသူများအား လွတ်ပေးခြင်း
အမြတ်
ရမှတ် (+၁)
လက်ကျန် (+၁)

အမှတ်စဉ် ၆
အစိုးရအဖွဲ.ဝင်နှင့် လွှတ်တော်အမတ်များ ပိုင်ဆိုင်မှုပြည်သူသိခွင့်ရအောင် မစွမ်းဆောင်နိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (၀)

အမှတ်စဉ် ၇
နိုင်ငံတကာသို.ရောက်နေသော နိုင်ငံသားများအား Black List မှပယ်ဖျက်ပေးခြင်း
အမြတ်
ရမှတ် (+၁)
လက်ကျန် (+၁)

အမှတ်စဉ် ၈
တိုင်းရင်းသား ရခိုင်လူမျိုးများ၏ အသက်စည်းစိမ်ပျက်စီးမှုကို မဆယ်မနိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (၀)

အမှတ်စဉ် ၉
ကျော်ဆန်း၊ ဇော်မင်း၊ ဌေးဦး၊ အောင်သိန်းလင်း၊ ခင်ရီ၊ တင်အောင်မြင့်ဦး တို.ကဲ့သို. ပြည်သူ.အကျိုးမပြုသောသူများကို စံပြအဖြစ်ပြတ်သားစွာ မထုတ်ပယ်၊ မနှိမ်နင်းနိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၁)

အမှတ်စဉ် ၁၀
ကြေးစင်တောင် လက်ပဒေါင်းတောင်ကိစ္စအား ပြည်သူ.ဖက်မှ မားမားမတ်မတ် မရပ်နိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၂)

အမှတ်စဉ် ၁၁
BBC Hard Talk တွင် စစ်အစိုးရလက်ထက်ရာဇဝတ်မှုများအား ဝန်ခံရန်ပျက်ကွက်သည့်အပြင် မိမိယုံကြည်ရာလုပ်ကြသည်
ဟုပြောဆိုခြင်း
(နိုင်ငံသားများဖက်မှလည်း ယင်းစစ်နှင့် အရပ်ဖက်ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် စစ်အစိုးရဟောင်းအား
တင်ပို.စစ်ဆေးရန် ယုံကြည်သဖြင့်ဆက်လုပ်ပါက ရနိုင်သည်ဟူသော သဘောကိုဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော
 မိမိယုံကြည်မှုအတွက်လုပ်ခြင်းသည် အပြစ်မရှိဆိုသော သဘောကိုပြောခဲ့ခြင်းကြောင့်ပင်။)
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၃)

အမှတ်စဉ် ၁၂
ခရိုနီများ စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာ သိမ်းဆည်းနေသောလယ်များ၊ မြေများအတွက် နိုင်ငံသားများအတွက် လောက်လောက်
လားလား မလုပ်ပေးနိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၄)

အမှတ်စဉ် ၁၃
အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သက်ရည်ရွယ်လျက်ရေးဆွဲထားသော အကန်.အသတ်များရှိသည်ကို
 သိလျက်နှင့် လူထုထောက်ခံလျင် သမ္မတဖြစ်နိုင်သည်ဟု ပြောဆိုခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၅)

အမှတ်စဉ် ၁၄
လူထုက အုံးအုံကြွက်ကြွက်ကန်.ကွက်နေသည့်ကြားမှပင် OIC နှင့်နားလည်မှုစာချွန်လွာကိုလက်မှတ်ထိုးခြင်း။
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၆)

Noble Peace Price နှင့် အကြွင်းမဲ့ပြည်သူထောက်ခံမှုကို လိုချင်ပါလျင်၊ ကြိုးစားပါဦးဟုသာ ဆိုချင်ပါသည်။ စစ်အစိုး
ရဟောင်းနှင့် အရှင်သခင်ဟောင်းများကို အလုပ်အကျွေးပြုခြင်းဖြစ်ပါလျင် မည်သည့်မှတ်ချက်မျှပေးရန်မရှိပါချေ။ ဆရာတော်ဦး
ဗုဓ်ပြောသကဲ့သို. အဝီစိနှင့်သာဆိုင်ပါတော့သည်။

မိမိကိုယ်ကို ချမ်းသာစွာဆောင်နိုင်ကြပါစေ။ ။


Posted: 13 Oct 2012 09:37 AM PDT
မန္တလေးမြို့ သံဃာထုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပန်းဝါခရိုင် အကြမ်းဖက်မှုကို ရှုတ်ချခြင်း၊ OIC-ရုံးစိုက်မှုကို ကန့်ကွက်ခြင်း တို့ကို ပြသသည့်အနေဖြင့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ၁၂-၁၀-၂၀၁၂-ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဘုရားမှာ ကျင်းပခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ မြဝတီမင်းကြီးကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ၊ ဂဠုန်နီဆရာတော် ဘဒ္ဒန္တကာဝိယ၊ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တဝိသုတ-တို့က ဆုံးမသြဝါဒပေးခြင်း၊ ငြိမ်းချမ်းရေး ချိုးငှက်လွှတ်ခြင်းများ
 အပြီးမှာ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူက "စည်ကမ်းမပျက်စေရ၊ အကြမ်းမဖက်စေရ၊ ဘေးပယောဂကြောင့် ဦးတည်ချက်မပြောင်းစေရ" ဟူသည့် လုံခြုံရေးတာဝန်သုံးရပ်ကို လိုက်နာဖို့ မိန့်ကြားခဲ့ပါသည်။

ဦးပွားဘုရားဝန်းမှ မွန်းလွဲ(၁း၁၅)နာရီ စတင်ထွက်ခွာလာရာ တစ်တန်းလျှင် သံဃာသုံးပါးစီတွဲကာ ဆိုင်းဘုတ်များ ထောင်ခြင်း၊ ပိုစတာများကိုင်ဆောင်ခြင်း၊ မေတ္တာပို့ဆုတောင်းခြင်းများ ပြုလုပ်ကာ သမဏသာရုပ္ပအဖြစ် ကြည်ညိုဖွယ်ရာ အသွင်အပြင်
များဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

ဂဠုန်နီဆရာတော်ဦကာဝိယက ကားပေါ်မှ အသံချဲ့စက်ဖြင့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပရခြင်းအကြောင်းကိုလည်းကောင်း၊ ဘုရားကြီးတိုက်ဆရာတော် ဦးဝိသုတက OIC-နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် ဟောပြောခြင်းကိုလည်း ဆောင်ရွက်တော်မူကြပါသည်။

သံဃာတန်းကြီးသည် ၂၀၀၇-ရွှေဝါရောင်တော်လှန်ရေးကာလ အတိုင်းပင် "လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။" မေတ္တာစကားများကို သံပြိုင်ရွတ်ဆိုကာ လမ်းတစ်လျှောက်
လုံး အမောနိုင် မပန်းနိုင်ဘဲ မေတ္တာပို့သတော်မူကြပါသည်။

အဆိုပါ သံဃာတန်းကြီးသည် အတန်းပေါင်း (၃၆၀)ရှိပြီး အများစုမှာ သုံးပါးတန်းများ ဖြစ်ကြကာ ငါးပါးတန်းနှင့် နှစ်ပါးတန်းများလည်း အနည်းငယ်စီ ပါဝင်ကြပါသည်။ လိုက်လံစောင့်ကြပ်သည့် လုံခြုံရေးသံဃာ(၅၀)ကျော်နှင့် ဆိုလျှင် အပါး(၁၁၀၀)ကျော် ရှိပါသည်။

ကိုင်ဆောင်ထားသော ဆိုင်းဘုတ်များတွင် We don't need OIC ။ Go OIC - No OIC- Stop OIC – Get out OIC-
 စသည်ဖြင့် OIC-ကိုကန့်ကွက်သည့် ဆိုင်းဘုတ်ကများပြီး ဘင်္ဂါလီအကြမ်းဖက်သမားများကို ရှုတ်ချထားသည်များလည်း ပါဝင်ပါသည်။

ကျက်သရေ မရှိ OIC ။

မင်္ဂလာမရှိ ဘင်္ဂါလီ။

ဒုက္ခတွေအတိ ရခိုင်ပြည်။

သောကရင်ထိ မြန်မာပြည်။

စသည့် ထူးခြားပိုစတာများ ကိုင်ဆောင်ဆန္ဒပြသည်ကိုလည်း တွေ့ရပါသည်။

အဆိုပါ သံဃာတန်းကြီးသည် ဦးပွားဘုရားမှ အနောက်ကိုထွက်ကာ စစ်ကိုင်းမန္တလေးလမ်းအတိုင်း ချီတက်ကြပြီး၊ ထိုမှတစ်ဆင့်
 မြောက်ဘက် စာတိုက်ကွေ့ကိုကျော်ကာ ၄၂-လမ်းအတိုင်း အရှေ့ပြန်ဆင်းကာ ဂုံးကျော်တံတားပေါ်မှ ရန်ကုန်မန္တလေး
အဝေးပြေးလမ်းမပေါ်ဆင်းကာ တောင်ဘက်သို့ ချီတက်ခဲ့ကြပါသည်။ ဦးပွားဂုံးကျော်ရောက်သည့်အခါ ဦးပွားဂုံးကျော်မှ ဦးပွား
ဘုရားဝန်းထဲ ပြန်ဝင်ကာ စီတန်းထိုင်တော်မူကြပါသည်။

ဆရာတော် ဦးအရိယနှင့် ဆရာတော်ဦးကာဝိယကတို့က မိန့်ခွန်းပြောကြားကြပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုကာ
 အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။



အခမ်းအနားအပြီးတွင် ဆရာတော်ဦးအရိယ၊ ဆရာတော်ဦးကာဝိယ၊ ဆရာတော်ဦးဝိသုတ၊ ဆရာတော်ဦးဥတ္တမ (ဘဝအလင်း)
တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သတင်းထောက်များ မေးမြန်းသမျှကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆန္ဒဖော်ထုတ်ပွဲကျင်းပမည့်ကိစ္စကို အာဏာပိုင်များအား အသိပေးအကြောင်းကြားရုံသာ ပြုခဲ့ပြီး ခွင့်မတောင်း၊ ဖောင်မဖြည့်သ
လို အာဏာပိုင်များကလည်း လုံခြုံရေးတင်းကြပ်ခြင်း ပိတ်ပင်တားဆီးခြင်းများ မလုပ်ကြကြောင်းလည်း သိရပါသည်။

ယနေ့ မန္တလေးဆန္ဒဖော်ထုတ်ပွဲတွင် လူပုဂ္ဂိုလ်များ အပါဝင်ဘဲ သံဃာတော်များသီသန့် ဆောင်ရွက်သွားသည်ကို တွေ့ရပါသည်။
လမ်းတစ်လျှောက်တွင် ပြည်သူများက အောင်သပြေခက်များ ဆက်ကပ်ခြင်း၊ သကြားလုံးများ၊ အအေးဗူးများ၊ ရေသန့်ဗူးများ
လှူခြင်း၊ လက်ခုပ်သြဘာပေးခြင်းများဖြင့် ထောက်ခံ အားပေး ကြိုဆိုကြသည်ကို တွေ့ရပါသည်။

ထိုအထဲတွင် စိမ်းရောင်စိုအဖွဲ့သားများ၊ ဗကသ-များ၊ NLD-ပါတီဝင်များပါဝင်သည်ကို တွေ့ရပါသည်။

အကယ်၍ အစိုးရတုန့်ပြန်မှုမရှိလျှင် ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပြီး၊ ၁၅-၁၀-၂၀၁၂-ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း
တစ်ချိန်တည်းတွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရပါသည်။


အရှင်ဝီရသူ

Posted: 13 Oct 2012 09:30 AM PDT

ကြားဖျက်ရွေးကောက်ပွဲ အချိန်ကာလက ကော့မှူးမြို့နယ်မဲဆန္ဒနယ်မြေသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနိုင်ရရှိခဲ့ရာ ကော့မှူးမြို့နယ်အတွင်း မြေဈေးမှာ တနှစ်အတွင်း အဆ
 ၃၀နီးပါး မြင့်တက်ခဲ့ ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ လာရောက်လာမည့် အနေအထားနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသောစိတ်ကြောင့်
 အိမ်းခြံမြေဝယ်ယူမှု များပြားလာခြင်းဖြစ်ကြောင်း ကော့မှူးမြို့ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်က
 ပြောကြားသည်။

"မနှစ်တုန်းက ခြံတဧက မှ ၃သိန်းလောက်ရှိတာ အခု သိန်း၉၀၊ ၁၀၀နဲ့တောင် အတော်ရှာယူနေရပြီ" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်အချို့က
 ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ထူထောင် ကာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်နေကြောင်း၊ ကုတင် ၁၀၀၀
 ဆန့် ဆေးရုံတည်ဆောက်ပေးရန် စီစဉ်နေသည်ဟုကြားသိရကြောင်း ဒေ သခံများက ရှင်းပြသည်။

"ကျွန်တော်ကမြတ်ဖို့ သိပ်တော့မျှော်လင့်ပါဘူး။ အမေစုရဲ့ မဲဆန္ဒနယ်မို့လို့ ကိုယ်ပိုင်ခြံတွေ ရှိချင်လို့ လိုက်ဝယ်ထားတာပါ"ဟု
 ကော့မှူး-ရန်ကုန် ကားလမ်းမပေါ်ရှိ မြေကွက် ၃ကွက် ဝယ်ယူထားသူ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ထက်က ပြောကြားသည်။

ကော့မှူးမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြပြီး အခြားစီးပွားရေးလုပ်ငန်းများ မဖွံဖြိုးသေးကြောင်း၊
ယခုနှစ်ပိုင်းအ တွင်း အိမ်ခြံမြေအရောင်းအဝယ် များပြားလာခြင်းကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း အချို့ တွေ့မြင်လာ
ရကြောင်း ဒေသခံများက ဆိုသည်။

ကော့မှူးမြို့သည်အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် မွေးဖွားရာဇာတိဖြစ်ဖြစ်ပြီး၊
 ဒေါ်အောင်ဆန်းစုကြည်က လည်း ၎င်း၏မိခင်အတွက် အဆိုပါနယ်၏ လွတ်တော်ကိုယ်စားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်ြး
ဖစ်ကြောင်း ပြောကြားခဲ့သည်။

ကော့မှူးဒေသခံများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားပြုမူအတွက် ဂုဏ်ယူနေကြပြီး၊ ၎င်း၏အကူအညီဖြင့် ဖွံဖြိုးရေး
လုပ်ငန်းများ ပိုမို များပြားလာမည်ကို မျှော်လင့်နေကြသည်။

SWEET(Yangon chronicle)

Posted: 13 Oct 2012 08:51 AM PDT
သက်စမ်းရေ(နေပြည်တော်)

 
 
 
 
 
 
 
 
 
 
 
 
 
 
"လက်ညိုးထိုးရောင်းစားတတ်တာဘိန်းစားတွေရဲ့အလုပ်ဖြစ်တယ်။ အဲ့ဒီဘိန်းစားလက်ထဲကိုတော့ ကျွန်တော် တို့ 
တိုင်းပြည်ရဲ့ ရတနာတွေ သူလုပ်ချင်တိုင်းလုပ်ဖို့တော့ ဘယ်နည်းနဲ့မှခွင့်မပြု့နိုင်ဘူး။ ဟုတ်ရဲ့လား"(၈၈ မျိုးဆက်ကျောင်း
သားခေါင်းဆောင် ကိုမင်းကိုနိုင်)
"ဘိုးဘွားပိုင်လယ်ယာမြေတွေကို စီးပွားရေးနည်းအရ ကျူးကျော်သိမ်းပိုက်နေတာ ကျွန်မတို့တောင် သူတွေက ခေါင်းငုံ့ခံနေရမှာ
လား။ ဟောဒီ စီမံကိန်းကြီးတွေမရှိလည်းနေလို့ရတယ်။ ကျွန်မတို့တောင်သူဆိုတာက လယ်ယာမြေမရှိရင် နေလို့မရဘူး။
အဲ့ဒါကြောင့် စီမံကိန်းလုပ်ငန်းကြီးတွေ ရုတ်သိမ်းပြီး ကျွန်မတို့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကနေ အမြန်ဆုံးထွက်ခွာသွားဖို့ တောင်သူအားလုံးရဲ့ကိုယ်စား ကျွန်မပြောခြင်ပါတယ်" ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံတောင်သူများအရေး ဦးဆောင်လှုပ်ရှားနေသူ ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာနေ မသွဲ့သွဲ့ဝင်း ဆို
သူက ယင်းကဲသို့ပြောကြားခဲ့သည်။

လက်ပံတောင်းတောင်ကြေးနီတူးဖော်ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင်သည် ချင်းတွင်းမြစ်၏ အနောက် ဘက် နှစ်မိုင်ခန့်အ
ကွာ မုံရွာ - ဂန့်ဂေါ အဝေးပြေးကားလမ်းမကြီး၏ တောင်ဘက်၊ မုံရွာ - ပုသိမ် အဝေးပြေး ကားလမ်းကြီး၏ အရှေ့ဘက် လက်ပံတောင်းတောင်တန်းကြီးအားအမှီပြု့၍ ကြေးနီသတ္ထုများ တူးဖော် ထုတ်လုပ်ရန် စီမံကိန်းလုပ်ငန်းများ စတင်လုပ်ကိုင်နေသော တောင်ဖြိုနေသည့်ဧရာမနေရာကြီးဖြစ်သည်။

"ထုထည်ပမာဏအလွန်ကြီးတဲ့ တောင်လုံးကြီးတွေကို မြေတူးစက်တွေနဲ့ အချိန်ပြည့်တူးဖော်နေသလို ညနေ သုံးနာရီလောက်
ဆိုရင် မိုင်းဖောက်ခွဲပြီး တောင်ကြီးတွေကိုဖြိုချနေတာပါ"ဟု အဆိုပါတောင်ခြေရှိ ကံတောကျေးရွာ သားတစ်ဦးက ပြောပြသည်။

ယင်းကဲသို့ တောင်ဖြို၊မိုင်းခွဲ၊မြေသယ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေခြင်းသည် သတ္ထုတွင်း ထူထောင်မှုကာလ
အဖြစ် ၂၀၁၀ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ သုံးနှစ်တာကာလသတ်မှတ်ပေးထားခြင်းကြောင့်ဖြစ် သည်ဟု ကုမ္ပဏီနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေးစီမံကိန်းလုပ်ငန်းများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ NORINCO လက်အောက်ခံ
WANBAO MINING COPPER – Ltd နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တို့ အကျိုးတူပူးပေါင်း၍ ၂၀၁၄ခုနှစ်မှစတင်ပြီး အနှစ်(၃၀)စီမံကိန်းကြီးတစ်ရပ်အဖြစ်လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုတ်နှံမှုကော်မရှင် ရုံး၏ ၂၀၁၀၊မေ(၅)ရက်စွဲပါခွင့်ပြု မိန့်အမှတ်၊ ၄၃၀/၂၀၁၀ အရ ယင်းစီမံကိန်းကြီးအား ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း သိရသည်။ " ဒီစီမံကိန်းကြီးအတွက် လယ်ယာမြေတွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲခဲ့တာ လွန်ခဲ့တဲ့(၁၂)နှစ်တုန်းကဖြစ် တယ်။ အရင်စစ်အစိုးရလက်ထက်ကပေါ့"ဟု အုပ်ချုပ်ရေးမှုးရုံးနှင့်နီးစပ်သူတစ်ဦးကပြောဆိုသည်။

လက်ပံတောင်းတောင်ကြေးနီသတ္ထုတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်လုပ်ကိုင်နိုင်ရန်အ တွက် လိုအပ်သော လယ်ယာမြေသိမ်းဆီးခြင်း၊ လ/န(၃၉)ပုံစံပြောင်းလဲသတ်မှတ်ခြင်းလုပ်ငန်းများကို ယခင်စစ်အ စိုးရလက်ထက်တွင် စိတ်တိုင်းကြ ရေးဆွဲပြဌာန်းခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၏ ၂၀၀၀ပြည့်နှစ်၊ ဇူလိုင်လ(၆)ရက်၊ နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၅/၄၁ -၅ / ဦး ၆ အရနှင့် ၂၀၀၁ခု နှစ် ဇန်န၀ါရီလ(၁၈)ရက်နေ့၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅/၄၁ - ၅ (၁၃၀) / ဦး ၆ တို့အရ စီမံကိန်းနယ်မြေ နှင့် ကင်းလွတ်ခြင်းမရှိသော လယ်ယာမြေများ(၇၈၆၇ဒသမ၇၈)ဧကအား အမှတ်(၁)သတ္ထုတွင်းလုပ်ငန်းပိုင်မြေအ ဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

"လက်နက်နဲ့ အာဏာရယူခဲ့တဲ့ စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူရေးခဲ့တဲ့ စာရွက်ပေါ်ကသဘော တူညီချက်တွေကို ကျွန်တော်တို့ တိုင်သူပြည်သားများက မျက်စိမှိတ်ပြီး သဘောတူလက်ခံမှာမဟုတ်ဘူးဆိုတာ အားလုံးနဲ့တခါတည်း ရှင်းရှင်းလင်းလင်းပြောထားခဲ့မယ်"ဟုလက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှသဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်
ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

" နောက်နောင်ကို မတရားမှုတွေလုပ်မယ်ဆိုရင် ဒီလိုအင်အားစုတွေနဲ့တွေ့မယ်ဆိုတာ သူတို့ကောင်း ကောင်းသိသွားမယ်။ တရားမျှတမှုအတွက် ပွင့်လင်းမြင်သာဖို့လိုလိမ့်မယ်။ဒီတိုင်းပြည်မှာ အာဏာရှိတဲ့လူတွေနဲ့ ပေါင်းပြီးတော့ မတရား လုပ်ရင် အောင်မြင်သွားရင်တော့ မြတ်ပြီစားရုံပဲ။ နောက်ဆုံး ၀ိုင်းအော်လို့ ပါသွားတယ်ဆိုရင် တော့ အရင်းလောက်ပဲဆိုတော့ ဟုတ်ပြီပေါ့။ ဒီလူတွေလုပ်ပြီပေါ့။နောက်လည်းလုပ်ဦးမှာပဲ။ မတရားလုပ်တဲ့သူတွေ ပြစ်ဒဏ်ခံရမဲ့ အဆင့်ကိုတော့ စဉ်းကိုးစဉ်းစားရတော့မှာပဲ။

အဲ့ဒီတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်မတရားလုပ်တဲ့သူတွေခင်ဗျားတို့အရင်းနဲ့အမြတ် ခေတ်တော့ကုန်ပြီ။ မြတ်ခြင်ရင်လဲမြတ်နိုင်တယ်။ ကျုပ်တို့ညံ့ရင် ခင်ဗျားတို့မြတ်မယ်။ ကျုပ်တို့ဘက်ကအင်နဲ့အားနဲ့ ရင်ဆိုင်ရင်တော့ ခင်ဗျားတို့ အသည်းမကွဲဖို့ ပြင်ထားဆိုတဲ့သတိပေးသံတွေ ကျွန် တော်တို့ပြည်သူတွေပေးနိုင်မယ်လို့ ထင်တယ်" ဟု ကိုမင်းကိုနိုင်က လက်ပံတောင်းတောင်အရေးကို ပြည် သူများ၏ကိုယ်စား ယင်းကဲသို့ ကောင်းစွာ သတိပေးခဲ့သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းများနှင့် ဒေသခံတောင်သူများအကြား မပြေလည်မှုတွေ ရှိနေချိန်မှာ တဘက်ကသတိပေးခြင်းတွေပြု့လုပ်နေသလို ကျန်တဘက်ကလည်း ကြေးနီစီမံကိန်းရပ်ဆိုင်းမည်မ ဟုတ်၊ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်တင့် ကပြောကြားသည် ဟုဆိုကာ သတင်းများ
က ထွက်ပေါ်လာပြန်သည်။

အဆိုပါ ကြေးနီစီမံကိန်းလုပ်ငန်းခွင်နယ်မြေအတွင်းသို့ ကျရောက်သိမ်းဆီးခြင်းခံရသော လယ်ယာမြေလုပ် ကိုင်သူ ကျေးရွာပေါင်း(၂၆)ရွာမှ ထောင်နဲ့ချီသော ဒေသခံတောင်သူများသည် ယင်းကိစ္စရပ်များအပေါ် တရားမျှတခြင်းမရှိဟုဆို
ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒဖော်ထုတ်မှုများ နေ့စဉ်ဆိုသလိုပင် ပြု့လုပ်လေ့ရှိ လာရပြန်သည်။

" ဟောဒီ စီမံကိန်းကြီးလုံးဝအကြွင်းမဲ့ မရပ်မချင်း အချိန်ပြည့်တိုက်ပွဲဝင်သွားဖို့ သံဓိဌာန်ချထားပါတယ်"ဟု ဆည်တည်းကျေးရွာ
တွင် အခြေစိုက်နေထိုင်ကာ ဒေသခံတောင်သူများအရေး ဦးဆောင်လှုပ်ရှားနေသူ ပြည်သူ့အ ကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီးသည် ထုထည်ပမာဏအလွန်ကြီးမားစွာရှိပြီး အနီးဝန်းကျင်ရှိ လယ်ယာမြေများသည် စီမံကိန်းနယ်မြေအတွင်းသို့ကျရောက်ပြီး ကျေးရွာများလည်းပြောင်းရွေ့ပေးရမည်ဖြစ်သည် ယင်းကုမ္ပဏီမှစီမံဆောက်
လုပ်ပေးသော ရွာသစ်များတွင် ပြောင်းရွေ့နေထိုင်လိုသော သဘောဆန္ဒမရှိကြောင်း ဒေ သခံတောင်သူများက ပြောဆိုသည်။

"သူတို့ဆောက်ပေးထားတဲ့ရွာသစ်တွေက ပုံစံခွက်တစ်ခုအဖြစ်နဲ့ပဲရှိနေတာပါ။ ရွာနေလူဦးရေတိုပွားများလာ လို့ ရွာတိုးချဲစရာနေ
ရာ လုံးဝမရှိဘူး။ သားသမီးတွေအိမ်ထောင်ရက်သားကျလို့တောင် နေရာခွဲပေးစရာမရှိတဲ့ရွာပါ။ အဆောက်အဦးတွေကလည်း အပြင်ကလှမ်းကြည့်လိုက်ရင်တော့ နေချင်စရာကောင်းတယ်လို့ထင်ရပါတယ်။ အိမ်ထဲဝင်ကြည့်လိုက်တဲ့အခါကျမှ ခရမ်းချဉ်သီးသေတ္တာထဲရောက်နေရသလိုခံစားရပါတယ်"ဟု ကံတောရွာသစ် တွင်ပြောင်းရွေ့နေထိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များက ဖိအားပေးခဲ့သော်လည်း ရွာဟောင်းတွင်လက်ရှိနေထိုင် သူ တစ်ဦးက ပြောသည်။

လယ်ပျောက်၊ရွာပျောက်အဖြစ်များနဲ့ကြုံတွေ့နေရသည့် တောင်သူများ၏ဘ၀ကိုစာနာဖို့ တဖက်တလှမ်းမှ နှစ်သိမ့်ပေးနိုင်ဖို့
အနယ်နယ်အရပ်က လူ့အဖွဲ့စည်များသည် စီမံကိန်းဧရိယာအတွင်းက ကျေးရွာများသို့သွား ရောက်ခဲ့ကြကြောင်းသိရသည်။ "၈၈မျိုးဆက် ကျောင်းသားအဖွဲ့ကကိုမင်းကိုနိုင်တို့အဖွဲ့လည်း၈လပိုင်း၁၀ရက်နေ့ကရောက်လာတယ်။ တောင်သူတွေရဲ့ဘဝ
အခြေအနေမှန်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အချိန်မှာ ကိုမင်းကိုနိုင်တစ်ယောက် ၀က်မှေးရွာဟောပြောပွဲမှာ မူးမေ့မတတ်ဖြစ်သွားခဲ့ရပါတယ်" ဟု ၀က်မှေးကျေးရွာသူ မအေးနက်က ပြောပြသည်။

အဆိုပါ ဟောပြောပွဲတွင် ကိုမင်းကိုနိုင်က " ကျွန်တော်တို့ တိုင်းပြည်မှာက ဖြစ်သင့်ဖြစ်ထိုက်တာက ဒီတိုင်း ပြည်မှာ ကုန်ကြမ်း
တစ်ခုထွက်တယ် ဆိုပါတော့။ ကုန်ကြမ်းတစ်ခုကို ကုန်ချောထုတ်လုပ်ပြီးရောင်းရင် ဆိုလိုတာက ၀ါးလုံးတစ်ချောင်းကို ၀ါးလုံးအတိုင်းရောင်းစားတာထက်စာရင် ၀ါးလုံးကို ကုလားတိုင်လုပ်ပြီး ၀ါးထရံလုပ်ပြီးရောင်း တာက ဒီထက်ပိုပြီး ပိုက်ဆံပိုရတယ်။လက်ခလည်းရတယ်။ ပညာခလည်းရတယ်။

ဒီထက်ပိုပြီး ကောင်းတဲ့ပညာနဲ့ဆိုရင်ပျော့ဖတ်လုပ်ပြီးစက္ကူချောလုပ်ရောင်းတာက ၀ါးထရံလုပ်ရောင်းတာထက် ပိုက်ဆံပိုရတယ်
။စက္ကူချော ထက်ငွေစက္ကူရိုက်နှိပ်ထုတ်ရင် ပိုပြီးတန်ဘိုးတွေမြင့်လာတယ်။ သဘာ၀၀ါးတစ်ပင်ကစပြီး တန်ဘိုးတွေပြောင်လဲလာ
တယ်။ ဥာဏ်ရှိရင်ရှိသလို၊ ပညာရှိရင်ရှိသလို အမျှော်အမြင်ရှိရင်ရှိသလို တန်ဘိုးတွေပြောင်းလာတယ်။ အဲ့ဒါအလုပ်လုပ်တဲ
့သူတွေရဲ့ ဥာဏ်အမျှော်အမြင်ကိစ္စ။ ဒါပေမဲ့ ဘိန်းစားတွေကြတော့ ဘယ်လိုလုပ်လဲဆိုတော့ ဘာအလုပ်မှမလုပ်ဘူး။ မိဘဘိုး
ဘွားတွေပိုင်တဲ့ အမွေပစ္စည်းတွေကို ဘိန်းနဲ့လဲစားဖို့ အကုန်လုံးထုတ်ရောင်းတယ်။အဲ့ဒါဘိန်းစားတွေရဲ့အလုပ်ဖြစ်တယ်။
ကျွန် တော်ပြောတာ ဟုတ်ပါသလား။ ကိုယ့်ဘာသာကိုလည်း သတ္တုစက်ရုံမယ်မယ်ရရဘာမှမလုပ်နိုင်ဘူး။ အဲ့ဒီ သတ္တု ကိုလည်း ကုန်ချောဖြစ်အောင် ဘာမှမတတ်ဘူး။ သူများကိုခေါ်ပြီးတော့ ဒါကြီးယူပြီးတော့ ဒါကြီးရောင်းမယ်ဆို တော့ အဲ့ဒါ ဘိန်းစားကျင့် ဘိန်းစားဥာဏ်ဖြစ်တယ်" ဟု ဘိုးဘွားပိုင်အမွေအနှစ် သယံဇတများနှင့်ပတ်သက်၍ ကို မင်းကိုနိုင်က ပြောခဲ့သည်။

"လက်ညိုးထိုးရောင်းစားတတ်တာဘိန်းစားတွေရဲ့အလုပ်ဖြစ်တယ်။ အဲ့ဒီဘိန်းစားလက်ထဲကိုတော့ ကျွန်တော် တို့ တိုင်းပြည်ရဲ့
 ရတနာတွေ သူလုပ်ချင်တိုင်းလုပ်ဖို့တော့ ဘယ်နည်းနဲ့မှခွင့်မပြု့နိုင်ဘူး။ ဟုတ်ရဲ့လား" ဆိုကာ ကိုမင်းကိုနိုင်က ဆက်လက်၍
 ပြောသည်။

စီမံကိန်းလုပ်ငန်းကြီးများနှင့်ပတ်သက်၍ ဥာဏ်အမျှော်အမြင်ကြီးတဲ့ ပညာတတ်တွေရေးဆွဲတဲ့ စီမံကိန်း မျိုးတွေဖြစ်သင့်ကြောင်း
၊ ယင်းစီမံကိန်းလုပ်ငန်းများကြောင့် ဒေသခံတွေပြည်သူတွေ ဘယ်လောက်ထိခိုက်နစ်နာ သွားသလဲဆိုတာ တည့်သွင်းရေးဆွဲရ
မှာဖြစ်ကြောင်း၊ အဆိုပါ ဒေသခံပြည်သူတွေ ထမင်းတလုတ်အတွက် ဘယ်လိုအသက်မွေးနေကြတယ်ဆိုတာအခြေအနေမှန်ကို ကောင်စွာသိရှိရန်လိုအပ်ကြောင်း၊ မိမိတို့လက်ထက် တွင်သယံဇတ ပမာဏဘယ်လောက်ထုတ်ယူသုံးစွဲမလည်းဆိုတာ အကန့်အသတ်ထားရှိရန်လိုအပ်ကြောင်း၊ ယင်း ကဲသို့စဉ်းစားရာတွင်
 နောင်လာမည့် မမွေးသေးသည့် မြေးမြစ်စတဲ့ မျိုးဆက်များအတွက်ပါထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊စသည်ဖြင့် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။

စီးပွားရေးအကျိုးအမြတ်အတွက် မိမိတို့တိုင်းပြည်အတွင်း စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ ရင်းနှီးလုပ်ကိုင် ကြသောကုမ္ပဏီကြီးများသည် ဒေသခံတို့၏ အမျိုးဘာသာ သာဿနာများကိုလေးစားသမှုရှိကာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ
များကို လိုက်လျောညီထွေးစွာနေထိုင်ရပ်တည်ရန် အထူးလိုအပ်လျက်ရှိမည်ဟု ယူဆမိရသည်။ စီးပွားရေးတွက်ခြေကိုက်
လျင်ပြီရောဟု ဘယ်အရာမှပြုလုပ်ရန်မသင့်ပေ။

"ဒီလ ၈ ရက်နေ့ကအဲ့ဒီလက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်နယ်မြေထဲက တောင်ကြား ကျောင်းဟောင်းနေရာမှာ
ရှိတဲ့ လယ်တီဆရာတော်ဘုရားကြီး အဓိဌာန်ပြု့တရားကျင့်ရာဖြစ်တဲ့နေရာတွေကို ကုမ္ပဏီက ဖြိုချဖျက်စီးပစ်လိုက်တယ်"ဟု ၀က်မှေးကျေးရွာသား ဦးအောင်ဇော်ဦး ဆိုသူက ပြောပြသည်။

နိုင်ငံတော်လိုအပ်ချက်တစ်ရပ်အရ မဟာဗျူဟာမြောက် ဒြပ်သတ္ထုလိုအပ်ချက်အရ ကုမ္ပဏီများအခြေစိုက်၍ တူးဖော်ရန်လို
အပ်ကောင်း လိုအပ်ပါလိမ့်မည်။ ယင်းလိုအပ်ချက်အား ဖော်ဆောင်ရာတွင် ဒေသန္တရ အထိအခိုက် ပျက်စီးဆုံးရှုံးမှုနည်းသမျှ
နည်းအောင် လုပ်ဆောင်ပါမှ တရားမျှတမှုရှိပေလိမ့်မည်။ဒေသန္တရလည်းလှစေ သတ္ထု လည်းရစေဆိုပါက ပို၍အဆင်ပြေစေ
နိုင်သည်။

"စီးပွားလုပ်ငန်းအရမလွဲမရှောင်သာလို့ ရွေ့ပြောင်းပေးပါဆိုရင် ကျွန်မတို့စဉ်းစားကောင်းစဉ်းစားပေးနိုင်ပါ တယ်။ အခုဟာက စီးပွားရေးနည်လမ်းမဆန်ဘူး။ ရွာကိုသိမ်းပိုက်သလိုမျိုးသိမ်းပိုက်လိုက်တယ်။ ဘုန်းကြီး ကျောင်းနဲ့ စာသင်ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်"ဟု မကြာသေးမီကာလက ဖမ်းဆီးထိန်းသိမ်းခြင်းခံရာမှ ပြန်လည်လွတ်မြောက်လာသူ မအေးနက်
 ကပြောပြသည်။

ယင်းစီမံကိန်းလုပ်ငန်းကြီးများသည် ကုမ္ပဏီ၏အကျိုးစီးပွားတစ်ခုတည်းကို ရှေ့တန်းတင်လုပ်ဆောင်နေ သည်ဟု ဒေသ
ခံတောင်သူများ၏ အမြင်တစ်ရပ်မှာ နှစ်ဦးနှစ်ဘက်အကြား အဆင်မပြေမှုများကို ပို၍ကြီးထွားဖွယ် ရာဖြစ်လာခဲ့ကြောင်း လေ့လာစောင့်ကြည့်နေသူ ပညာရှင်အချို့ကယူဆကြပြန်သည်။

မည်သို့ပင်ဆိုစေကာမူ သာဝတ္ထိပြည်နယ်တောတနေရာမှာ လက်ညိုပေါင်းများစွာကိုဖြတ်တောက်ပြီး ပန်း ကုံသဖွယ်ဆင်ယဉ်ထား
တဲ့ အင်္ဂုလိဆိုသည့် လူဆိုးလူမိုက်ကြီးရှိခဲ့ဘူးသည်။ ၎င်းလိုလားနေသည့်လက် ညိုများ အားရမည်ဆိုလျင် ၎င်း၏မိခင်အားဖြစ်ပါစေ၊ဘုရားရှင်အားဖြစ်ပါစေ၊ မည်သူမည်ဝါအားဖြစ်ပါစေ သတ် မည်၊ဖြတ် မည် ဟုဆိုသော စိတ်သဘော
အား အပြည့်ဆောင်နေသည်ကို ဒေသနာများအရ မှတ်သားခဲ့ရသည်။ ယင်းအ ခြေအနေအားခေတ်စကားအရပြောရလျင်
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့်သဘောဖြစ် ပေမည်။ ထိုနည်းတူစွာ နိုင်ငံအသီးသီးတွင် နယ်ခြားဖြတ်ကျော်ရင်းနှီြး
မုတ်နှံမှု စီးပွားရေးလုပ်ငန်းစီးမံကိန်းကြီးများ ဒူးနဲ့ဒေး တည်ရှိနေသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းကြီးများသည် ဒေသခံတောင်သူများ၏ ထုံးဓလေ့များကိုလေးစားလိုက်နာပြီး အပြန်အလှန်ပွင့်လင်မှု၊နားလည်အသိအမှတ်ပြု့မှုများရှိခဲ့မည်ဆိုပါက ဘိုးဘွားပိုင်လယ်ယာမြေပြဿနာ ကိစ္စရပ် များပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။ အောင်ခြင်းရှစ်ပါးတွင် တစ်ပါးအပါအ၀င်းဖြစ်သော အင်္ဂုလိကဲသို့ မိမိလိုလား
လျက်ရှိသော လက်ညိုတစ်ခုတည်းကိုသာရလျင်ပြီးရောဆိုသည့် အတ္တစိတ်များရှေ့ဆောင်ကာ ကုမ္ပဏီစီမံကိန်း လုပ်ငန်းများအား ဖော်ဆောင်လုပ်ကိုင်မည်ဆိုလျင် ယင်းစီမံကိန်းကြီးများသည် အင်္ဂုလိ စီမံကိန်းကြီးများဖြစ်သည် ဟု
 ခေါ်ဆိုရပေတော့မည်။

kowai lu

Posted: 13 Oct 2012 08:30 AM PDT
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် အမေရိကန် Mixed Martial Arts (MMA) ဆုကြေးစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားနေပြီး နောင်တစ်ချိန်တွင် Ultimate Fighting Championship
 (UFC) ၏ ချန်ပီယံ ဖြစ်စေရမည်ဟု ကြုံးဝါးထားသူ Aung La N Sang အား ရွှေလုံး အင်တာနက် စာမျက်နှာမှ ဆက်သွယ်ပြီး အင်တာဗျူး ပြုလုပ်ခဲ့သည်ကို တင်ဆက်ဖော်ပြ လိုက်ရပါသည်။

Aung La သည် လာမည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ဒယ်လာဝဲပြည်နယ်၌ ပြိုင်ဖက်ဖြစ်သူ Jason Louock အား ရင်ဆိုင် ထိုးသတ်သွားမည်ဖြစ်ပြီး ယင်းအနေဖြင့် အဆိုပါ ပွဲစဉ်အား ကချင်စစ်ဘေးမှ ဒုက္ခသည်များအတွက် ရည်ရွယ်ပြီး အနိုင်ယူမည်ဖြစ်ကြောင်း၊ ပွဲမှ ရရှိလာသည့် ဆုကြေးငွေ တစ်စိတ်တစ်ပိုင်းအားလည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အရပ် ၆ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ၁၇၅ ပေါင်ရှိ Aung La အား MMA လောကတွင် Burmese Python ဟုလည်း လူသိများကြသည်။

ယင်းနှင့် သက်ဆိုင်သည့် အင်တာနက် စာမျက်နှာများမှာ -

SHERDOG (Global Authority in MMA) - http://www.sherdog.com/fighter/Aung-La-Nsang-13029
OFFICIAL FACEBOOK - http://www.facebook.com/AungLaNsangTheGreat ---

မေး - ခင်ဗျားရဲ့ အကြောင်းကို နည်းနည်းလောက် ပြောပြပါလား။ အမေရိကားကို ဘယ်တုန်းကရောက်တယ်။ ပြီးတော့ မိသားစု အကြောင်း။ ပြီးတော့ MMA ကစားသမား ဘယ်လိုဖြစ်လာလဲ ဆိုတာတွေကို ပြောပြပေးပါ။

ဖြေ - ကျွန်တော်ကို မြစ်ကြီးနားမှာ မွေးဖွားခဲ့ပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော် အမေရိကန်နိုင်ငံကို ၂၀၀၃ ခုနှစ်က စိုက်ပျိုးရေးသိပ္ပံပညာရပ် သင်ကြားဖို့ မစ်ချီဂန်ပြည်နယ် စိန့်အင်ဒရူး တက္ကသိုလ်သို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ဘရာဇီးလ် ဂျူဂျစ်ဆုကစားနည်းနဲ့ မွှေထိုင်းတို့ကို ၂၀၀၄ မှာ စတင် လေ့ကျင့်သင်ယူခဲ့ပြီး ၁ နှစ်အတွင်းမှပဲ ကျွန်တော်ရဲ့ ပထမဆုံး MMA ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပါတယ်။ MMA ကို အဲဒီမှာပဲ အရမ်းကို နှစ်သက်သွားခဲ့ပါတယ်။

Q1. Tell us a little bit about yourself. Like when you get to the States, your family. Also when and how
did you become MMA Fighter? I was born in Myitkyina and grew up in Yangon. I came to the US in the summer of 2003 to study Agriculture Science at Andrews University in Michigan. I started training Brazillian Jiu Jitsu and Muay Thai in 2004 and within a year I fought my first MMA fight and I was in
love with fighting MMA. မေး - MMA ဆိုတာကို မသိသေးတဲ့ ပရိသတ်ကြီးကို အမေရိကန်နိုင်ငံရဲ့ MMA လောက အကြောင်းကို ရှင်းပြပေးပါဦး။

ဖြေ - MMA (သို့) Mixed Martial Arts ဆိုတာက မိမိနှစ်သက်ကျွမ်းကျင်ရာ တိုက်ခိုက်နည်းနဲ့ ပြိုင်ဖက်ကို ရင်ဆိုင်ပြီး ကြမ်းပေါ်ကို ရောက်သွားတဲ့ အခါမှာလည်း မိမိအားသန်ရာ ထိန်းချုပ်နည်းနဲ့ ပြိုင်ဖက်ကို ချုပ်ကိုင်နိုင်ပါတယ်။ MMA ကစားနည်း
ဟာ ၁၉၉၀ ပြည့်နှစ်များမှာ ပေါ်ပေါက်လာခဲ့ပြီး ၂၀၀၅ ခုနှစ် ပတ်ဝန်းကျင်မှာ လွန်စွာမှ နာမည်ကျော်လာခဲ့ပါတယ်။ UFC (ခေါ်) Ultimate Fighting Championship ရဲ့ အောင်မြင်လာမှုကြောင့်လည်း ပါပါတယ်။ အခုတော့ MMA ကစားနည်းဟာ ကမ္ဘာတစ်ဝန်းမှာ လူသိများပြီး နိုင်ငံတကာမှာ ယှဉ်ပြိုင်ကစားနေပါတယ်။

Q2. Could you explain briefly about the world of MMA in the USA to the fans that are not familiar with
it? MMA (Mixed Martial Arts) is fighting that allows you to use all forms of strikes and all forms of grappling once the fight hits the ground. MMa started in the early 90s but became very popular in the mid-2000s because of the organization UFC. Now MMA has become global sport with many different countries and promotions putting on events. မေး - ကျွန်တော်တို့ သိရတာက ခင်ဗျား အောက်တိုဘာ ၁၃ ရက်နေ့မှာ Jason Louock နဲ့ ရင်ဆိုင်တွေ့မယ့် ပြိုင်ပွဲကို ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ရည်မှန်းပြီး ယှဉ်ပြိုင်သွားမယ်လို့ သိရပါ


No comments:

Post a Comment