Wednesday, 17 October 2012





အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့ သတင်းပေး၊သူလျှိုများ။သတင်းရဲတပ်ဖွဲ့ရဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်း အကြောင်းတစေ့တစောင်း(၁)- မိုးဇေငြိမ်း
Posted: 17 Oct 2012 12:11 AM PDT




































(ဓာတ်ပုံနှင့်ပတ်သတ်၍ ရှင်းလင်းချက်။ ၁၃-၁၁-၂၀၀၇ ရက်နေ့၊ ပုလဲလမ်းထိပ်တွင် မစုစုနွေးအား "တရုတ်အားကိုး ပုဆိန်ရိုး၊
တရုတ်အားကိုး ခွေးသူခိုး" စတဲ့ စကားလုံးများပါဝင်သည့် ဆိုင်းဘုတ်ချိတ်နေခိုက် ဖမ်းဆီးစဉ်က ဓာတ်ပုံများဖြစ်ပါတယ်။
ဆိုင်းဘုတ်ချိတ်နေတဲ့ အင်္ကျီအပြာရင့်ရောင်နဲ့လူက မစုစုနွေးနဲ့ အမှုတွဲဖြစ်တဲ့ ဒေါပုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ
 ဘိုဘိုသက်လှိုင်ဖြစ်ပါတယ်။ အကျီင်္အဖြူနဲ့လူကတော့ ရဲတပ်ဖွဲ့က မွေးမြူထားတဲ့ သတင်းပေး အထောက်တော် ဖြစ်ပါတယ်။

မနေ့က စာစုလေးကို ဆက်ပါဦးမယ်။ ခု ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးဟာ အင်ဖော်မာတွေ၊ သတင်းပေးတွေ၊ စောင့်ကြည့်
သူတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ကျွန်တော်သိသလောက်နေရာကနေ အပေါ်ယံရှပ်ပြီး တို့ထိသွားရုံလောက်ပါပဲ။
သတင်းပေးတွေ၊ သူလျှိုတွေ ဘယ်လိုမွေးခဲ့တယ်၊ ဘယ်လို မြှုပ်နှံခဲ့တယ်။ သူလျှိုတွေကို အသုံးချပြီး ဘာတွေလုပ်ခဲ့တယ်ဆို
တာတွေနဲ့ပတ်သတ်ပြီးတကယ်တမ်း ပြည့်ပြည့်စုံစုံ ရေးရမယ်ဆိုရင်စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်လာနိုင်တဲ့အပြင် အချိန်
ယူပြီးလေ့လာမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အကြမ်းဖျင်းလောက်ပဲ တို့ထိနိုင်ပါသေးတယ်။

မြန်မာတွေဟာ သတင်းပေးမွေးမြုတဲ့ စနစ်ကို ပဒေသရာဇ်ခေတ်ကတည်းက အသုံးချခဲ့ကြတာပါ။ တောင်ငူခေတ်တုန်းက
ဘုရင့်နောင်ဟာ ယိုးဒယားပြည်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ပထမအကြိမ်တိုက်ခိုက်ခဲ့စဉ်က ယိုးဒယားအမတ် ဗြချတ္တရီကို
 ဖမ်းဆီးရခဲ့ပေမဲ့ မသတ်ဖြတ်ပဲ သတင်းပေးသူလျှိုအဖြစ် သစ္စာခံစေခဲ့ပါတယ်။ ဗြချတ္တရီကို အသုံးချခဲ့တဲ့ သူလျှိုစစ်
ဆင်ရေးကြောင့် ဒုတိယအကြိမ်မှာတော့ ယိုးဒယားကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်မှာတော့
 စုဖုရားလတ်ရဲ့အပျိုတော်ဖြစ်တဲ့ ဂရိ-မြန်မာကပြားမက်တီကာလိုဂရီဒီအမ်ထရန်လိုအင်္ဂလိပ်၊ ပြင်သစ်၊အီတလီကသတင်းပေးသူ
လျှိုအများအပြားဟာ မြန်မာ့နန်းတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားခဲ့တာကို သမိုင်းမှတ်တမ်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။
အင်္ဂလိပ်-မြန်မာစစ်ပွဲကာလတွေအတွင်းက နာမည်ကျော် မင်းလှခံတပ်၊ ဂွေးချောင်းခံတပ်တွေကို အင်္ဂလိပ်စစ်တပ်က
တစ်ရက်တည်းနဲ့သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ အင်္ဂလိပ် သတင်းပေးတွေရဲ့ စွမ်းဆောင်မှုတွေကြောင့်လို့လည်း ပြောနိုင်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်
 အဖွဲ့အစည်းတွေကို သတင်းလက်ဦးမှုရယူပြီး ထိန်းချုပ်နိုင်ဖို့အတွက် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့
သတင်းပေးကွန်ယက်ကြီးကို အကြီးအကျယ်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့
သတင်းပေးတွေ၊ သူလျှိုတွေကို အသုံးချပြီး စစ်ဗိုလ်ချုပ်တွေ လိုချင်တဲ့ အခြေအနေတွေကို ဖန်တီးနိုင်တဲ့အထိ ကျယ်ပြန့်ခဲ့ပါ
တယ်။ သို့ပေမဲ့ ၂၀၀၄ ခုနှစ်မှာ တပ်မတော်ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ အဲဒီ့
သတင်းပေးတွေ၊
သူလျှိုတွေဟာလည်းအဖမ်းဆီးခံရမှာစိုးတဲ့အတွက်ကိုယ်ယောင်ဖျောက်ကုန်တာမို့ဦးခင်ညွန့်(၁၅) နှစ်လောက် တည်ဆောက်ခဲ့ရ
တဲ့ ထောက်လှမ်းရေး ကွန်ယက် အ၀န်းအ၀ိုင်းကြီးလည်း နိဌိတံသလောက်နီးနီး ဖြစ်သွားခဲ့ရပါတယ်။ သတင်းပေးတစ်ယောက်
ကို သိမ်းသွင်းတဲ့အခါမှာ သူ့ရဲ့အားနည်းချက်တွေ၊ နောက်ခံအကြောင်းအရာတွေကို အချိန်ယူလေ့လာပြီးမှ ချဉ်းကပ်ကြပါတယ်။
သတင်းပေးတစ်ယောက်ကို သိမ်းသွင်းနိုင်တဲ့၊ လူတစ်ယောက်ကို ကိုယ့်ဘက်ယိမ်းယိုင်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ
အများကြီးရှိပါတယ်။ ဥပမာဆိုရရင် မျိုးချစ်စိတ်ပြင်းထန်တဲ့သူမျိုးဆိုရင် မျိုးချစ်စိတ်ကို အကြောင်းပြပြီး
သိမ်းသွင်းနိုင်ပါတယ်။ အဲသလိုပဲ လူငယ်တွေအတွင်းမှာဆိုရင် စွန့်စားလိုမှု၊ ဂလဲ့စားချေလိုမှု၊ ခြိမ်းခြောက်ခံရမှု၊ နိုင်ငံရေး
အဖွဲ့အစည်းတွေအတွင်းမှာဆိုရင် ၀ါဒရေးရာကွဲလွဲမှု၊ ထင်ပေါ် ကျော်ကြားလိုမှု၊ ငွေကြေးရလိုမှု၊ ၀န်ထမ်းတွေအတွင်းမှာ
 သတင်းပေးမွေးမြူဆိုရင်တော့ လုပ်ပိုင်ခွင့်နေရာရရှိလိုမှု စသဖြင့် အဲလို အချက်တွေကို အကြောင်းပြပြီး စည်းရုံးသိမ်း
သွင်းကြပါတယ်။ ဆိုက်ကားသမားတွေ၊ ကွမ်းယာသည်တွေလိုလူမျိုးတွေကိုတော့ သတင်းပေးအဖြစ် သိမ်းသွင်းရတာ
 အင်မတန်လွယ်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အရှိန်အ၀ါကို သုံးပြီး စည်ပင်တို့၊ ယာဉ်ထိန်းရဲတို့ရဲ့ အရေးယူခံ
တာတွေကနေ ကင်းလွတ်ခွင့် ပြုပေးလိုက်ရုံနဲ့တင် အဲဒီလူတွေကို သတင်းပေး မွေးလို့ရပါတယ်။

တက္ကသိုလ်တွေ၊ အဝေးသင်တက္ကသိုလ် အနီးကပ်စာသင်ချိန်တွေရောက်ရင် ကျောင်းသား လှုပ်ရှားမှုတွေ မဖြစ်ပွားရအောင်
 ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတင်းပေးတွေမွေးရပါတယ်။ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုတဲ့သူတွေထဲမှာ
ပါဝင်လေ့ရှိတဲ့ ကျောင်းတက်နေဆဲ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေ၊ စစ်တပ်က စစ်သည်တွေရဲ့ သား
သမီးတွေကို သတင်းပေးတွေအဖြစ် မွေးမြူကြတာ အစဉ်အလာလိုဖြစ်နေပါတယ်။ အဲဒီလိုလုပ်အားဖြင့် မိမိ နယ်မြေအတွင်းရှိ
 တက္ကသိုလ်တွေမှာ သတင်းလက်ဦးမှုရယူနိုင်ကြောင်းနဲ့ သတင်းပေးအရေအတွက် မည်ရွေ့မည်မျှ ရှိကြောင်း အစီရင်ခံစာတွေ
ကို တင်ပြနိုင်တဲ့အပြင် သတင်းပေးတစ်ယောက်အတွက် ထောက်ပံ့ငွေ နှစ်သောင်းကနေ ငါးသောင်းထိ ပေးတတ်တာမို့
 ဆင်းရဲနွမ်းပါးတဲ့တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေအတွက်လည်းစာမေးပွဲစရိတ်၊အဆောင်စရိတ်ကိုအထောက်
အကူဖြစ်စေပါတယ်။ ကျောင်းသား/သူတွေအပြင် ဆရာ/မတွေလည်း သတင်းပေးအဖြစ် စည်းရုံးခံထားရတာတွေရှိပါတယ်။
 နောက်များမှပဲ အဲဒီအကြောင်းတွေကို အသေးစိတ်ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်။

ရန်ကုန်တိုင်းအတွင်းက စောင့်ကြည့်ခံဘုန်းကြီးကျောင်းတွေနဲ့ စောင့်ကြည့်ရတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ အကြောင်း ဆက်ပါဦး
မယ်။ (၁၉) ကျောက်တန်းမြို့နယ်၊ ဇေယျာပူရပရိယတ္တိစာသင်တိုက်မှ သံဃာ(၂ဝ)ပါးကို ဒုရဲအုပ်စန်းနွဲ့
(၂၀) ဒဂုံတောင်မြို့နယ်၊ စွယ်တော်ကျောင်းတိုက်မှ သံဃာ(၁၉)ပါးကို တပ်သားနေလင်းထွန်း
(၂၁) ဒဂုံအရှေ့မြို့နယ်၊ တက္ကသီလာကျောင်းတိုက်မှ သံဃာ(၄)ပါးကို တပ်သားနိုင်မင်းသက်
(၂၂) ဒဂုံအရှေ့မြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်ကို တပ်သားအောင်နိုင်ဦး
(၂၃) မင်္ဂလာဒုံမြို့နယ်၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာ(၂)ပါးကို ဒုတပ်ကြပ်စည်သူမြင့်လှိုင်
(၂၄) လှည်းကူးမြို့နယ်၊ နိဂြောဓါရုံပရိယတ္တိစာသင်တိုက်မှ သံဃာ(၃၆)ပါးကို တပ်သားလှမျိုးဆွေ
(၂၅) စမ်းချောင်းမြို့နယ်၊ ဝံသမေဒနီစာသင်တိုက်မှ သံဃာ(၁၃)ပါး၊ ဝါဆိုကျောင်းမှ သံဃာ(၂ဝ)ပါး၊ ရွှေလှိုင်ကျောင်းမှ သံဃာ
(၁၅)ပါး ကို တပ်သားဝေလင်းမောင်
(၂၆) တာမွေမြို့နယ်၊ ဓမ္မသုခပရိယတ္တိ စာသင်တိုက်မှ သံဃာ(၁၁)ပါးကို ဒုရဲအုပ်တိုးနိုင်ထွန်း
(၂၇) တာမွေမြို့နယ်၊ အောင်မင်္ဂလာကျောင်းတိုက်မှ သံဃာ(၁ဝ)ပါး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အရှင် အာဒိစ္စဝံသကျောင်းမှ
သံဃာ(၁ဝ)ပါးကို တပ်သား နေလင်းအောင်
(၂၈) တာမွေမြို့နယ်၊ ပဲခူးကျောင်းတိုက်မှ သံဃာ(၇)ပါးကို တပ်သားမင်းစိုး
(၂၉) မင်္ဂလာတောင်ညွန့်မြို့နယ်၊ နန်းဦးကျောင်းမှ သံဃာ(၂)ပါးကို တပ်သားနေလင်းအောင်
(၃၀) မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းမှ သံဃာ(၄)ပါးကို တပ်သားနေလင်းအောင်
(၃၁) သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်မှ သံဃာ(၂၅)ပါးကို တပ်သားအောင်လင်းဦး
(၃၂) ခရမ်းမြို့နယ်၊ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ သံဃာ (၁၃ဝ) ပါးကို ဒုရဲအုပ်သိန်းဇံ
(၃၃) တိုက်ကြီးမြို့နယ်၊ မစိုးရိမ်ဘုန်းကြီးကျောင်းမှ သံဃာ(၁၅)ပါး၊ သာမဏေ (၁၄)ပါး၊ ပေါင်း(၂၉)ပါး ကို တပ်ကြပ်ကြီးသောင်း
ထိုက်
(၃၄) ဒေါပုံမြို့နယ်၊ မင်းနန္ဒာစာသင်တိုက်မှ သံဃာ(၃၄)ပါးကို ဒုတပ်ကြပ်အောင်ကိုထိုက်
မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က စာရင်းတွေကိုလည်း ဆက်ပါဦးမယ်။

မြန်မာနိုင်ငံအတွင်းမှာ လက်တလော ရှိနေတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန
 လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တို့ရှိပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနကို စတင်ဖွဲ့စည်းစဉ်က အဓိကတာဝန်
ဟာ စီးပွားရေးဆိုင်ရာ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ဖြစ်ပေမဲ့ နိုင်ငံတော် ထောက်လှမ်းရေး
 စက်ဝန်းရဲ့ တစစိတ်တစ်ဒေသအဖြစ်လည်း ဆောင်ရွက်ရပါတယ်။ စုဆောင်းရရှိတဲ့ သတင်းတွေထဲက ဦးစီးဌာနအနေနဲ့
ကိုင်တွယ်ဖို့ တာဝန်မရှိတဲ့ သတင်းမျိုးတွေကို သက်ဆိုင်ရာအခြားထောက်လှမ်းရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးရပါတယ်။
အထူး စံစမ်းစစ်ဆေးရေးဦးစီးဌာနဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ (၁၈) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ပတ်
သတ်တဲ့သတင်း (၈၇ ၄၇၃) ခုကို သတင်းရဲတပ်ဖွဲ့အတွက် စုဆောင်း လွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်
မှ အထူးတပ်ဖွဲ့တွေဖြစ်တဲ့ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ် ရဲတပ်ဖွဲ့တွေကလည်း ထောက်လှမ်းရေးစက်ဝန်းရဲ့အစိတ်
အပိုင်းတွေဖြစ်သလိုတိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကလည်း ထောက်လှမ်းရေးနဲ့သတင်း စုဆောင်းရေး လုပ်ငန်းတွေကို
လုပ်ဆောင်ရပါတယ်။ သတင်းရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ကြီး လေးရပ်ထဲက နှစ်ခုကတော့ နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာ
 ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေဆီက ထောက်လှမ်းရေးသတင်းတွေကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဦးစီး(၁)ဌာနခွဲဖြစ်
တဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနခွဲက တည်းဖြတ်စိစစ်ရပါတယ်။ ဌာနခွဲမှူးကတော့ ဒုရဲမှူးကြီး ကျော်မိုးကြည် ဖြစ်ပြီး
လုံခြုံရေးနှင့် မှုခင်းဌာန၊ ညွှန်ကြားရေးမှူး ရဲမှူးကြီးမြင့်ဝေနဲ့ ရဲဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး (ရဲမှူးချုပ်) ခင်မောင်စီ တို့က
 ကြီးကြပ်တာဝန်ခံရပါတယ်။ ထောက်လှမ်းရေးနှင့်လုံခြုံရေးဌာနခွဲက စုစည်းရရှိတဲ့ သတင်းတွေကို အခြား ထောက်လှမ်းရေး
အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းစိစစ်ဖို့အတွက် သတင်းညှိနှိုင်းအစည်းအဝေးကို ပုံမှန်ကျင်းပပြီး ထောက်လှမ်းရေး အဖွဲ့အစည်း
အချင်းချင်း သတင်းတွေ ဖလှယ်ကြပါတယ်။

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ နာမည်တွေ မှေးမှိန်သွားခဲ့ပြီးတဲ့နောက် နာမည်ရလာခဲ့တဲ့ ထောက်
လှမ်းရေး အဖွဲ့အစည်းကတော့ သတင်းရဲတပ်ဖွဲ့ပါပဲ။ နောက်ပိုင်းမှာ တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး(စရခ)
ကို ပြန်လည်ဖွဲ့စည်းခဲ့ပေမဲ့ စတင်ဖွဲ့စည်းစကာလတွေမှာ သတင်းပေးကွန်ယက် မတည်ဆောက်နိုင်သေး တာမို့ သတင်းရဲတပ်ဖွဲ့နဲ့
 ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာနခွဲက သတင်းတွေကို မျက်နှာအောက်ကျို့တောင်းယူ၊ မိတ္တူဆွဲ၊ ခေါင်းစဉ်ပြောင်းပြီး တင်ပြခဲ့ရ
 တာတွေ ရှိပါတယ်။ အဲလို မိတ္တူရနိုင်ဖို့ အတွက်လည်း အာရကေပေးခဲ့ရ ပါတယ်။ (ရဲဆိုတော့ သိတဲ့အတိုင်းပဲ၊ ကျောက်ခဲတောင်
 ရေညှစ်လို့ရရင် ညှစ်မဲ့သူတွေလေ) ခုဆိုရင်တော့ စရခ ဟာလည်း ရှစ်နှစ်သားအရွယ် ရောက်ပြီမို့ သူ့ဟာနဲ့သူတော့
ဂျိုလေးပေါက်လာပြီ၊ အစွယ်လေးထွက်လာပြီလို့ ပြောလို့ရပါတယ်။

အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေ စုဆောင်းရရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ သတင်းတွေကိုတော့ သတင်း ရဲတပ်ဖွဲ့မှ
 ကိုင်တွယ်ဆောင်ရွက်ပါ တယ်။ ရရှိတဲ့ သတင်း အချက်အလက်တွေအပေါ် မူတည်ပြီး စောင့်ကြည့် ပါတယ်။ ဖမ်းပါတယ်။
တရားစွဲပါတယ်။ စစ်ထောက်လှမ်းရေးတွေ ဖျက်သိမ်းစကတော့ လစ်ဟာသွားတဲ့ ထောက်လှမ်းရေး စက်ဝန်းကို ဖြည့်ဆည်းနိုင်
ဖို့အတွက် သတင်းရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ ဦးစားပေး(၁) အနေနဲ့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ သို့ပေမဲ့ အရပ်သား အစိုးရကာ
လမှာ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့နှိမ်နှင်းရင် နိုင်ငံတကာက ပြောမှာ ကြောက်တဲ့အတွက် ရဲတပ်ရင်းတွေတိုးချဲ့ဖွဲ့စည်းမှုကို
 ဦးစားပေး(၁) အဖြစ် ပြန်ပြီး သတ်မှတ်ခဲ့ရပါတယ်။ သတင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ တပ်ဖွဲ့မှူးရုံး (၁) ရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး
 (၂) ရုံး (အောက်မြန်မာပြည်/ အထက် မြန်မာပြည်)၊ တိုင်း/ပြည်နယ်တပ်ဖွဲ့ရုံး (၁၇) ရုံး၊ အထူးသတင်းရဲ တပ်ဆွယ်ရုံး (၂၀) ရုံး၊
 (က/ခ) အဆင့် တပ်ဆွယ်ရုံး (၁၇၅) ရုံး ရှိပါတယ်။ အဲဒီ လက်အောက်ခံ တပ်ဆွယ်ရုံးတွေက နေ့စဉ်စုဆောင်းပေးပို့တဲ့
 ထောက်လှမ်းရေး သတင်းတွေကို ပြည်တွင်းရေးရာဌာနကြီးက စိစစ်စုစည်းပြီး ရဲချုပ်ရုံးနဲ့ ပြည်ထဲရေး ၀န်ကြီးရုံးတို့ကို ပြန်လည်
အစီရင်ခံရပါတယ်။ ကဲ … အဲဒီ အကြောင်းတွေတော့ နောက်မှပဲ ဆက်ပါဦးမယ်။

ဘုန်းကြီးကျောင်းတွေ အကြောင်းဆက်ပြောကြစို့။ မန္တလေးတိုင်း၊ (၈) မြို့နယ်မှာ စောင့်ကြည့်ဖို့ ပစ်မှတ်လုပ်ထားတဲ့
ဘုန်းကြီးကျောင်း (၂၉)ကျောင်း ရှိပါတယ်။ အဲဒီထဲက တချို့ကျောင်းတွေနဲ့ပတ်သတ်ပြီး စောင့်ကြည့်နေတဲ့ သတင်းရဲတပ်
ဖွဲ့ဝင်တွေ ပေးပို့ထားတာလေးတချို့ကို ဗဟုသုတဖြစ်အောင် လိုတိုရှင်း ရေးလိုက်ပါတယ်။ မူရင်း ပေးပို့ချက်တွေအတိုင်းမို့
တိုတိုတုတ်တုတ်ပါပဲ။ (မစိုးရိမ်တိုက်သစ်၊ စာသင်သံဃာ (၂၈ဝဝ)ကျော်ရှိခဲ့၊ နာယကချုပ်ဆရာတော်မှာ ဦးရာဇာဓမ္မဖြစ်၊
ယခင်နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထိန်းသိမ်းခံ ခဲ့ရဘူး၊ နာယက ဆရာတော် ဦးဝိစိတ္တသာရ(ခ)ဝိရသူသည် အစ္စလာမ် ဘာသာမှန်း
တီးရေး တရားဟောခဲ့၊ အကျဉ်းကျခံခဲ့ရသော တပည့်သံဃာများကို ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရန် ခွင့်ပြု၊
 ကျောင်းတိုက်ကြေငြာသင်ပုန်းတွင် လှုံ့ဆော်စာများကပ်လေ့ရှိပြီး နိုင်ငံရေးအသွေးအရောင် ရှိသည့် သံဃာများသီတင်း
သုံးနေထိုင်လျှက်ရှိ) နောက်တစ်ကျောင်းကတော့ (မြတောင်တိုက်၊ သံဃာစုစုပေါင်း (၇၁၅)ပါးရှိ၊ ကျောင်းထိုင်ဆရာတော်
ဘဒ္ဒန္တသာသနာဘိဝံသသည် တိုင်းသံဃာနာယက ဥက္ကဋ္ဌဖြစ်၊ မန္တလေးမြို့ပေါ် သံဃာထုအပေါ် သြဇာအရှိန်အဝါကြီးမား၊
မန္တလေး

(၁) အောင်မြေသာဇံမြို့နယ်၊ သာသနာ့ တက္ကသိုလ် ကျောင်းတိုက်၊ သံဃာ(၁၂၈)ပါး ကို စောင့်ကြည့်ရန် ဒုရဲအုပ်ဝင်းဇော်
(၂) အောင်မြေသာဇံမြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်၊သံဃာ(၂၁၄)ပါးကို စောင့်ကြည့်ရန် ရဲအရာခံမောင်သိန်း
(၃) အောင်မြေသာဇံမြို့နယ်၊ ချမ်းသာကြီးကျောင်းတိုက်၊ သံဃာ(၂၃၆)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်ကျော်သူရ
(၄) အောင်မြေသာဇံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက်၊ သံဃာ(၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားချစ်စမ်းမောင်
(၅) ချမ်းအေးသာဇံမြို့နယ်၊ အနောက်ခင်မကန်ကျောင်းတိုက်၊ သံဃာ (၆၁၇)ပါးနှင့် ထီးလင်းကျောင်းတိုက်၊
သံဃာ(၃၅ဝ)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ်ထွန်းလင်းအောင်
(၆) ချမ်းအေးသာဇံမြို့နယ်၊ မိုးကောင်းကျောင်းတိုက် - သံဃာ(၆၇၃)ပါး၊ ဂွေးချိုတိုက် - သံဃာ(၃၅ဝ)ပါး၊ ရတနာပုဂံတိုက် -
သံဃာ(၂၃ဝ)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်နန်းထိုက်ဆွေ
(၇) ချမ်းအေးသာဇံမြို့နယ်၊ မဟာဝေယံဘုံသာကျောင်းတိုက်၊ သံဃာ (၂၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားသန်းထိုက်စိုး
(၈) ချမ်းအေးသာဇံမြို့နယ်၊ ပတ္တမြားကျောင်းတိုက်၊ သံဃာ(၉၆)ပါးကို စောင့်ကြည့်ရန် တပ်သားနေဝင်းဟိန်း
(ဆက်ပါဦးမည်) မိုးဇေငြိမ်း

ကိုမြတ်ကိုနိုင် ကွယ်လွန်
Posted: 16 Oct 2012 09:57 AM PDT




























၂၀၀၃ ခုနှစ်၊ မေ ၃၀ ရက်၊ ဒီပဲယင်းခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် လိုက်ပါဆောင်ရွက်ခဲ့သော စစ်ကိုင်း
တိုင်း၊ မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ ကိုမြတ်ကိုနိုင် (၃၁ နှစ်)သည် ၁၅၊ ၁၀၊ ၂၀၁၂ ရက်နေ့၊ နေ့လည် ၁၂ နာရီ ကျော်လောက်
တွင် သေဆုံးခဲ့ခြင်း။

ကိုမြတ်ကိုနိုင်သည် ထိုစဉ်က လူငယ်တာဝန်ခံ (မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ) ဖြစ်ပြီး အန်တီအား အသက်ဘေးမှ
 ကာကွယ်စောင့်ရှောက်ခဲ့သူတစ်ဦး အပါအ၀င်ဖြစ်ကာ သူ့အား စွမ်းအားရှင် လူတစ်စုမှ ခါးရိုးကို ရိုက်နှက်ခဲ့သော
ဒါဏ်ရာကြောင့် အရိုးတီဘီဖြစ်ခဲ့ရသည်။

နောက်ပိုင်းကာလများတွင် အောက်ပိုင်းသေသွားခဲ့ရသည်။ ထိုစဉ်က ကိုမြတ်ကိုနိုင်၏ အသက်သည် ၂၂ နှစ်ရှိပြီး အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားကိုးရသော လူငယ်တစ်ယောက် ဖြစ်ပါသည်။ သေဆုံးခဲ့ခြင်းမှာ တိုင်းပြည်၏ဘဏ္ဍာ
လူငယ်တစ်ယောက် ဆုံးရှုံးနစ်နာမှုဖြစ်ရတဲ့အတွက် ကျန်ရစ်သူများအနေဖြင့် ၀မ်းနည်းမဆုံး ဖြစ်ရပါသည်။ လူစဉ်မမှီဘ၀နဲ့
 ဖြတ်သန်းခဲ့ရပြီး သူသေဆုံးချိန်မှာ အသက် ၃၁ နှစ်ရှိနေခဲ့ပါသည်။

ကိုမြတ်ကိုနိုင်အား ဂုဏ်ပြုသောအားဖြင့် လေးစားစွာဖြင့် အလေးပြုလိုက်ပါသည်။

ကောင်းရာဘုံဘ၀ရောက်ပါစေ ...........။
အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်

 နှစ်ပြည့်" အခမ်းအနား
Posted: 16 Oct 2012 09:27 AM PDT
ယနေ့ အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၁း ၀၀ နာရီက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျင်းပသော "၁၉၈၈ ခုနှစ်
အခြေခံပညာကျောင်းသားများသမဂ္ဂ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ခြင်း ၆
 နှစ်ပြည့်" အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းကိုနိုင် က အမှာစကားပြောကြားခဲ့သည်။ 88 Generation
 Students

Posted: 16 Oct 2012 09:20 AM PDT



















သမတဦးသိန်းစိန်ရုံးကသတင်းတပုဒ်DVB၀က်ပ်ဆိုက်မှာတွေ့လိုက်တယ်။ပထမအကြိမ်ထုတ်ပြန်ခဲ့တဲ့၊နာမည်ပျက်
(Blacklist)စာရင်းမှာမပါသေးသူတွေအနေနဲ့နိုင်ငံတော်သမတရုံးဝက်ပ်ဆိုဒ်ကိုအကြောင်းကြားပေးပို့နိုင်တဲ့အကြောင်း၊
အရင်ကနာမည်ပျက်ကနေပယ်ထားတဲ့လူ၂ထောင်ကျော်စာရင်းမှာပါပြီး၊ဗီဇာလျှောက်တာမရသူတွေကလွဲလို့(စာရင်းမှာ
မပါဝင်လို့ဆိုပြီး)စောဒကတက်ဆက်သွယ်လာသူဒီနေ့အထိတယောက်မှမရှိသေးဘူး၊ဒါကြောင့်ပယ်ဖျက်စာရင်းမှာမပါပေမဲ့ဗီ
ဇာလျှောက်ရာမှာငြင်းဆိုခံနေရသူတွေအနေနဲ့သမတရုံးကိုအမြန်ဆက်သွယ်အကြောင်းကြားရင်၊လက်ခံဆောင်ရွက်ပေးမတဲ့။
ဘယ်လောက်များအူကြောင်ကြောင်နိုင်လွန်းသလဲတွေးသာကြည့်တော့။

နာမည်ပျက်စာရင်းထဲကိုယ်ပါမပါ..ဘယ်သူကတပ်အပ်သေချာသိမှာတုံး?အစိုးရကလည်းဘယ်သူ၊ဘယ်ဝှါတွေကတော့နာမည်
ပျက်တွေပါ၊စာရင်းဖွင့်ထားပါတယ်လို့ရောဘယ်တုံးကပြောဖူးလို့တုံး?အဲလိုပြောရိုးထုံးစံရောရှိရဲ့လား?ကိုယ့်အပေါ်နာမည်ပျက်
ထဲထည့်ထားမထားကိုယ်ကမသိလို့ဗီဇာလျှောက်တာမရတဲ့အဆုံးမှကိုယ်လည်းနာမည်ပျက်စာရင်းထဲပါနေပါလားလို့သိရမှာ
လား?

ကျနော်တို့ကနာမည်ပျက်စာရင်းကြေငြာတဲ့အထဲမပါလို့ဆိုပြီးသမတရုံးကိုစောဒကတက်ရအုံးမှာလား။နာမည်ပျက်စာရင်းထဲ
ထည့်ခံရတာဂုဏ်ယူရအုံးမှာလား?ဘာတွေလဲ…ဘာတွေပြောနေတာလဲ..။အစိုးရက..နာမည်ပျက်စာရင်းစုစုပေါင်း
၆ထောင်ကျော်ရှိတယ်လို့ တရားဝင်ပြောထားတယ်၊ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေမှာတော့၊တချိန်ကအတိုက်အ
ခံတွေနဲ့လက်တွဲပြီး အတူလုပ်နေမှတော့BlackListဆိုတာရှိဘို့လိုသေးလို့လား?၂ထောင်ကကြေငြာပြီးပြီဆိုတော့၎ထောင်
ကျန်တယ်။

အဲဒါခုထိမကြေငြာနိုင်သေးတာကိုက..အစိုးရ၀န်ကြီးဌာနတွေစနစ်တကျအလုပ်မလုပ်တာထင်ရှားတယ်။ ထားပါတော့.
.တကယ်ဖြစ်သင့်တာကဘလက်ခ်လစ်စ်တွေဘလူးလစ်တွေထုတ်ပြန်တာ၊ရုတ်သိမ်းတာတွေလုပ်နေဘို့မဟုတ်ဖူး။ တချိန်က
စစ်အစိုးရကိုအံတုခဲ့တဲ့၊ပြည်ပရောက်မြန်မာတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၊ပြီးရင်ဗီဇာဖွင့်ပေးလိုက်ရုံပဲ။
အခုဟာ
ကမယောင်ရာဆီလူး၊အလုပ်မရှိကြောင်ရေချိုးပေးတဲ့ဟာတွေ။ ပြည်ပရောက်သူပုန်တွေကိုတရားဝင်ကြေငြာပြီးလွတ်ငြိမ်းချမ်း
သာခွင့်ပေး။အရင်…မတရားစစ်အစိုးရရဲ့မတရားအမိန့် ဥပဒေတွေကိုရုတ်သိမ်းပေးလိုက်။မတရားအသင်းတို့၊လက်နက်ကိုင်
ပုဒ်မတို့၊ပုန်ကန်မှုတို့၊နယ်စပ်ဖြတ်ကျော်မှုတို့ အကြည်ညိုပျက်အောင်လုပ်မှုတို့…ဘာတို့..ညာတို့..အားလုံးရုတ်သိမ်းပလိုက်။

ဘိန်းဘုရင်တွေ၊မာဖီးယားတွေ၊လက်နက်မှောင်ခိုနဲ့လူကုန်ကူးတဲ့အဖွဲ့တွေ၊ပုဂ္ဂိုလ်တွေကိုတောင်+ဥပဒေဘောင်ထဲအရောက်
ထဲ့ပြီးအတူစီးပွားပေါင်းလုပ်နိုင်ခဲ့သေးတာပဲ၊တိုင်းပြည်ကိုချစ်လို့၊ဖွံဖြိုးတိုးတက်ပြီးဒီမိုကရေစီရေးလုပ်ဆောင်နေတဲ့ပြည်သူ့
ရင်သွေးတွေကို ဘာကြောင့်လွယ်လွယ်နဲ့အိမ်ပြန်မလာနိုင်အောင်လုပ်နေရတာလဲ?ဟန့်တားထားတာလဲ၊တချို့ပြည်ပရောက်တွေ (တချို့ကသက်ဆိုင်ရာနိုင်ငံကနိုင်ငံသားတွေတောင်ဖြစ်ကုန်ပြီ)မြန်မာပြည်သွားဘို့ဗီဇာတောင်းရင်မြန်မာသံရုံးကမေးခွန်းတွေ
အများကြီးနဲ့ဖောင်ကိုဖြေ့ရတယ်။၊ဖောင်အမှန်အတိုင်းဖြေ့တော့လည်း၊ဟိုအကြောင်းပြ၊ဒီအကြောင်းပြနဲ့နေ့ရွှေ့၊လရွှေ့လုပ်ပြီးဗီဇာ
မပေးဘူး၊

ကိုယ့်လူမျိုးအချင်းချင်း၊အချိန်ကုန်၊ငွေကုန်၊စိတ်ဓာတ်ကျအောင်ညှင်းဆဲတယ်။အစိုးရကပြန်လာနိုင်ပြီလို့လဲကြေငြာတယ်၊
 လာတော့လည်းတံခါးပိတ်ထားတယ်။အမှန်တော့..ဟိုအစိုးရခေတ်ကနာမည်ပျက်စာရင်းထုတ်တယ်ဆိုတာကလည်း
ကြုံရင်ကြုံသလို၊သူတို့စိတ်နဲ့မတွေ့သူတွေကိုနာမည်ပျက်လုပ်လိုက်တာပဲ။

အဲဒီအစိုးရကလည်းကမ္ဘာ့အကြီးစား၊ထိတ်တန်းနာမည်ပျက်ဖြစ်နေတော့နိုင်ငံတကာရောက်မြန်မာတိုင်းကကန့်ကွက်တယ်၊
 ဆန္ဒပြတယ်၊ဒီတော့..ပြည်ပရောက်မြန်မာတွေအားလုံးနာမည်ပျက်စာရင်းဝင်နေလားတော့မသိဘူး။အခုတော့ပြည်
ပရောက်တွေပြန်ဘို့ ဗီဇာမရရင်သမတရုံးကိုအမြန်ဆက်သွယ်အကြောင်းကြားပါတဲ့၊

သက်ဆိုင်ရာဌာနတွေကလည်းပြန်စစ်ဆေးအုံးမှာပါတဲ့…ထပ်ပြီးအရစ်ရှည်ထားပြန်တယ်။တကယ်စေတနာကောင်းနဲ့တုန့်ပြန်
မယ်ဆို ၊မြန်မာလူမျိုးတွေ၊ကိုယ့်ဆွေမျိုးသားချင်းတွေဆီသွားတာလွတ်လွတ်လပ်လပ်ဗီဇာပေးလိုက်ပေါ့၊ ဘာအရစ်ရှည်ဘို့
လိုသလဲ။

အရင်စစ်အစိုးရစရိုက်လက္ခဏာနဲ့လုပ်ထုံးလုပ်နည်းကမပျောက်တာလား?ဌာနဆိုင်ရာကအောက်ဆိုက်ငွေရှာချင်သေးလို့လား?
သူတို့ပဲသိမယ်။

သမတဦးသိန်းစိန်ကိုမီဒီယာတွေကမေးရင်..အမြဲပြောလေ့ရှိတာတခုက..မိမိတို့အစိုးရဟာပြည်သူလူထုဆန္ဒနဲ့အညီ ဒီမိုကရေစီ
စနစ်ထူထောင်ဖို့အကောင်အထည်ဖော်ပေးရတာဖြစ်တယ်။ဟိုအရင်စစ်အစိုးရလုပ်ခဲ့တာတွေကို တာဝန်မယူဘူးဆိုတဲ့သဘော
ထားတွေပပြောလေ့ရှိတယ်။ဆိုလိုတာကစစ်အစိုးရလက်ထက်ကရပိုင်ခွင့်၊လုပ်ပိုင်ခွင့်တွေနဲ့ရခဲ့၊
လုပ်ခဲ့၊ ကောင်းခဲ့တာတွေတော့သိမ်းပိုက်ထားပြီး၊နာမည်ပျက်မဲ့ဟာဆို..တာဝန်မခံဘူးဖူးဆိုတဲ့သဘော။

တချိန်ကမဆလပါတီရဲ့ကောင်းမွေဆိုးမွေကို၊တဆညပါတီကအမွေခံခဲ့တယ်။ကြံ့ဖွတ်ပါတီဟာတဆညပါတီလောက်တောင်နိုင်
ငံရေးသတ္တိမရှိဘူး။ထားပါတော့…အဓိကမေးချင်တာက၊အခုအစိုးရကရော၊ဘယ်သူတွေကိုနာမည်ပျက်စာရင်းဆက်ထားအုံးမှာ
လဲ?

အရင်စစ်အစိုးရမကြိုက်တဲ့လူတွေကိုလား?အခုထိကြံ့ဖွတ်အစိုးရကိုမယုံကြည်တဲ့လူတွေကိုလား?ရှင်းရှင်းလင်းလင်းဖြေပါအုံး။
အရင်စစ်အစိုးရနဲ့ကျနော်တို့နဲ့မဆိုင်ပါဘူးဆိုရင်လည်းရှင်းရှင်းလင်းလင်းလုပ်။ဟိုဟာလေးတော့ဆိုင်သေးတယ်၊ ဒီဥစ္စာ
ကတော့ဒို့နဲ့မဆိုင်ဘူး..ဆိုပြီးအူကြောင်ကြားပေါ်လစီတော့မဖြစ်စေချင်ဘူး။

(အခုထိကိုယ့်ပြည်သူတွေကိုကိုယ်ပြန်ထောက်လှမ်းရေးလုပ်ခြိမ်းခြောက်ငွေလိမ်ယူနေတဲ့ဧည့်စာရင်းတိုင်နေရတဲ့စနစ်ကြီးကို
 ယဉ်ကျေးမှုအမွေတခုလိုထိမ်းသိမ်းထားသေးတယ်)အဲဒီတော့ထပ်ပြီးမေးချင်တယ်။ကျနော်တို့ပြည်ပရောက်မြန်မာတွေကို
ဘယ်သူကနာမည်ဖျက်ထားတာလဲ?ဗိုလ်ချုပ်မှုးကြီးအစိုးရကလား?ဦးသိန်းစိန်အစိုးရကလား?မိဘပြည်သူတွေကလား?
ကျနော့အထင်.မိဘပြည်သူုကတော့၊ကျနော်တို့အပေါ်မေတ္တာထားပြီးစောင့်မျော်နေတာပါ။ဘယ်တော့မှာလည်းနာမည်
ဖျက်ကြမှာမဟုတ်သလို၊တတ်နိုင်သလောက်ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေအဖြစ်နားလည်သဘောပေါက်ထားကြတာပါ
။ပြည်သူတွေကနာမည်ပျက်စာရင်းထဲထည့်မယ်ဆိုရင်တောင်ကျနော်တိုလိုတချိန်ကပြည်ပရောက်၊ကျောင်းသားလူငယ်
၊မြန်မာပြည်သားတွေကိုတော့လုံးဝ(လုံးဝ) နာမည်ပျက်ထဲထည့်ံမှာမဟုတ်ဖူးလို့ကျနော်တို့အကြွင်းမဲ့ယုံတယ်။

ဒီကနေ့မိဘပြည်သူတွေရင်ထဲမှာနာမည်ပျက်စာရင်းထဲထည့်ထားတာက၊ဦးသိန်းစိန်အစိုးရရဲ့မူလလက်ဟောင်းစစ်အာဏာ
ရှင်တွေပဲဖြစ်တယ်။အဲဒီပြည်သူ့ရင်ထဲမှာဖျက်လို့မရအောင်ဆေးမင်ကြောင်အရုပ်လိုစွဲမြဲထင်ကျန်နေတဲ့နာမည်ဆိုးတွေကကမ္ဘာ
တည်သရွေ့မပျောက်မပျက်စွဲထင်နေအုံးမှာဖြစ်တယ်။သူတို့အပေါ်ဆင်းရဲအောင်လုပ်ထားတယ်၊နိုင်ငံမွဲတေပြီးကမ္ဘာ့အလည်
လူမျိုးဂုဏ်သိက္ခာကျအောင်လုပ်ထားတယ်။

ညီငယ်တွေလိုဖြစ်နေတဲ့တိုင်းရင်းသားလူမျိုးစုတွေကိုစစ်ခင်းထားတယ်။အိုးမဲ့အိမ်မဲ့တွေဖြစ်အောင်လုပ်တယ်၊ခေတ်နောက်
ကျအောင်လုပ်ထားတယ်။တိုင်းပြည်ရဲ့ရင်သွေးကျောင်းသားလူငယ်တွေကိုသတ်ဖြတ်လုပ်ကြံခဲ့တယ်၊ရဟန်းသံဃာတွေကိုနှိပ်
ဆက်သတ်ဖြတ်တယ်၊ ထောင်ထဲထည့်တယ်။ပြည်သူကချစ်တဲ့ခေါင်းဆောင်နဲ့နိုင်ငံရေးသမားတွေကိုသတ်ဖို့ကျိုးစားတယ်၊
အကျဉ်းချခဲ့တယ်။ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်တယ်။ပြည်သူပိုင်တဲ့အရာတွေအားလုံးကိုသူခိုး၊ဓားပြတွေလိုခိုးယူတယ်၊
လုယူတယ်။

မြန်မာဆိုရင်အရိုင်းအစိုင်းတွေလို့ကမ္ဘာ့ပြည်သူတွေအမြင်မှားအောင်လုပ်ခဲ့တယ်။အများကြီးအများကြီး…. သူတို့လုပ်ခဲ့တဲ့မ
တရားမှုတွေကအများကြီး..အခုထိလည်းလုပ်နေတုံးအဲဒါကြောင့်လည်းမြန်မာပြည်သူတွေကစစ်ခေါင်းဆောင်တွေနဲ့သူတို့ကို
အမွေခံထားတဲ့ကြံ့ဖွတ်အစိုးရကိုမကြေငြာပဲ၊သေတပန်သက်တဆုံးBlack List ထုတ်ထားတာဖြစ်တယ်။

ဒါကြောင့်ဘယ်သူတွေကနာမည်ပျက်စာရင်းထဲပါနေသေးလဲဆိုတာဦးသိန်းစိန်အစိုးရသတ္တိရှိရှိကြေငြာပါ။ နာမည်ပျက်စာရင်း
လူ၆ထောင်ထဲကကျန်တဲ့လူ၎ထောင်ကျော်ကဘယ်သူတွေလဲ?ပြည်ပရောက်မျိုးချစ်မြန်မာတွေလား? ပြည်တွင်းထဲကမျိုးဖျက်
စစ်အာဏာရှင်တွေလား?

(ကိုညို)
 လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့
Posted: 16 Oct 2012 09:10 AM PDT
ဒေါ်အောင်ဆန်းစုကြည်၊NLDလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အကြောင်း အာလပသလာပ
 ပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင်အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့နေကြောင်း သိရသည်။

''ဒီအသံဖိုင်အကြောင်း ကျွန် တော်မသိဘူး။ တရားဝင်လား၊ခိုး ဖမ်းတာလားလဲ မသိဘူး။ အများသိအောင်လုပ်တဲ့ စင်ပေါ်တွေများ
 ပြောတာလား။ ကျွန်တော်ဘာသာစားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ပြောရင် ပြောမယ်။ ဒါ ကျွန်တော်ရဲ့
 အလွတ် သဘော Private Life ပဲ။ တရားစွဲ လို့တောင်ရတယ်။ ဒါကို အသံ ခိုးဖမ်းပြီး ဖြန့်တယ်ဆိုရင်တော့ အဆင့်အတန်းနိမ့်
ကျတယ်။ ကျွန် တော်လည်း မအားဘူး။ ဒါတွေကို ကြည့်နိုင်မှာ မဟုတ်ဘူး''ဟု ဦး ဇာဂနာက ပြောသည်။

ဦးဇာဂနာ ပြောကြားသောရုပ်သံဖိုင်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်
ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း၊
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်၊ အမျိုးသမီးသတ္တိဆုရှင် မဇင်မာ အောင်၊ နိုင်ငံရေး တက်ကြလှုပ်ရှား သူ
 ကိုမြတ်သူ၊ ကိုမျိုးရန်နောင်သိန်း အကြောင်းအရာများနှင့် DVB သတင်းဌာနနှင့် RFA သတင်းဌာန အစရှိသော
အကြောင်းအရာများ လည်း ပါဝင်သည်။

အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် ဦးဇာဂနာနှင့် ပတ်သက်သူမျာ၏ ဓာတ်ပုံများ ပါရှိပြီး ထူးခြားချက်
အနေဖြင့် အသံဖိုင်ကို စာဖြင့်ပါ ရေးပေးထားပြီး အသံဖြင့်လည်း နားထောင်၍ရကြောင်း သိရ သည်။

''အခုပြောတဲ့ ပုံသဏ္ဍာန်က ရင်းနှီးတဲ့မိတ်ဆွေနဲ့ တွေ့တဲ့အချိန် မှာ အာလာပသလာပ ပြောတဲ့ပုံ။ ကိုယ့်စိတ်ထဲမှာရှိတဲ့
 အကြောင်း အရာကို ပေါ့ပေါ့ပါးပါး ပြောနေ တဲ့ ပုံစံမျိုးပါ။ ခက်တာက လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။
ခင်ဗျားလည်း မဟုတ် ဘူး။ ဆိုလိုတာက လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ် နေတယ်။ သူ့နှုတ်ထွက်စကားက
 သက်ရောက်မှု အများကြီးရှိတယ်။ ဒီလို ပြောနေတာကို အသိမပေးဘဲ ခိုးဖမ်းပြီး အွန်လိုင်းစာမျက်နှာပေါ် ဖြန့်တာလည်း
မကောင်းဘူး။ လူမှု ရေးရှုထောင့်အရလည်း မလုပ်သင့် ဘူး''ဟု ပြည်တွင်းစာနယ်ဇင်း သမားတစ်ဦးက သုံးသပ်ပြောကြား သည်။

လူရွှင်တော်ဇာဂနာသည် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ် မြောက်ရေးနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်လည်း ပါဝင်
သူဖြစ်ပြီး အနုပညာလောကတွင်လည်း လူကြိုက်များသော လူရွှင်တော်တစ်ဦး ဖြစ်သည်။

Messenger journal

Posted: 16 Oct 2012 09:01 AM PDT
"ကျွန်တော်တို့ ရဲကျင့်ထုံး ဥပဒေမှာ ဒီလို ကုမ္ပဏီတစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့ မပါဘူးဗျ"
" ဒီမှာ ကြည့်ဗျာ ကျွန်တော်ခြေထောက်မှာ ဝဲတွေ တွေ့လားဗျ။ ကျွန်တော်တို့ မြေကြီးပေါ်မှာ အိပ်ရတာ သုံးလ ကျော်လာတော့
 ဝဲစွဲနေကြပြီ"
"ကျွန်တော်တို့ကို ပစ်မိန့်ပေးလည်း ကျွန်တော်တို့ကတော့ မပစ်ပါဘူး "
" စစ်တပ်က ဦးပိုင်ကလူတွေရှေ့မှာ ကျွန်တော်တို့ကို မင်းတို့ သောက်သုံးမကျဘူး။ ပစ်သတ်လိုက်ရမလား။ "
"ကျွန်တော်တို့ကို မင်းတို့ ဟိုဟာလုပ်စမ်း၊ ဒီဟာလုပ်စမ်းနဲ့ ရင့်ရင့်သီးသီးခိုင်းတယ်။ မလုပ်ဘူးဆို ရင်လည်း မင်းတို့ ပြုတ်သွား
ချင်လား။ လနံပတ်ပေးစမ်း..ဘယ်အဆင့်လဲလို့ ဦးပိုင်က ဗိုလ်မှူးမျိုးဆွေ(ငြိမ်း) က အမြဲ ရင့်ရင့်သီးသီးပြောတယ်"
" ကျွန်တော်ရဲဘက်ဆိုင်ရာ အရာရှိကြီးတွေကလည်း မှာထားတယ်။ မင်းတို့ ပြည်သူနဲ့ အဆင်ပြေအောင်နေ ပြည်သူနဲ့ ထိပ်တိုက်
မတွေ့စေနဲ့။ကျွဲနွား ကျောင်းတာလောက်ကတော့ ကျောင်းကြပါစေလို့ မှာထားတယ် "
" အရင်တုန်းက ဦးပိုင်က တစ်ရက် သုံးထောင်ပေးတယ်။ အခု နှစ်ထောင်ပဲရတော့တယ်။ အဲဒါတောင် ကြိုပေး တာ မဟုတ်ဘူး။
 ကိုယ့်ပိုက်ဆံစိုက်ထားနိုင်ရင် စိုက်၊ မစိုက်နိုင်ရင် ဆိုင်မှာ အကြွေးထားရတယ်။ ပိုက်ဆံပေး ပြန်တော့လည်း မယားငယ်ပေး
 ပေးတယ်ဗျာ"

"ခဏဆိုပြီး လွှတ်လိုက်တာ ဒီမှာ နေရတာ သုံးလ ကျော်လာပြီ။ နောက်မှာကျန်ခဲ့တဲ့ မိသားစု ဘယ်လိုစား သောက် နေထိုင်နေရ
လဲ ဆိုတာလည်း မသိရဘူး"

"မင်းတို့ လုံခြုံရေးအတွက် အခုချက်ချင်းထွက်ဆိုလို့ ထွက်လာရတာ။ ဘာကိစ္စမှန်းတောင် မသိရဘူး။ ဒီနေရာ ရောက်မှ
ဘာလုပ်ရမလဲ သိတယ် "

ရဲရင့် တွေ့ဆုံမေးမြန်းသည်။ Yangon chronicle


Popular myanmar news journal

Posted: 16 Oct 2012 08:14 AM PDT






















ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်
အောက်တိုဘာလ (၁၃) ရက်နေ့သည် မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်ခဲ့သည်မှာ ၁၃.၁ဝ.၂ဝ၁၂ ရက်နေ့သည် (၉၂) နှစ်ပြည့်မြောက် ရှိခဲ့ပြီဖြစ်သော်လည်း ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင် ထူးခြားသည့်ဆုများဖြင့် ဝေဝေဆာဆာ ဂုဏ်ပြုကျင်းပခဲ့ရာ ရုပ်ရှင်အနုပညာလောကထဲမှ ထူးခြားပြောင် မြောက်သည့် စွမ်းဆောင်ချက်များဖြင့် လူမှုအကျိုးများအား စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေသူများ အတွက် ၂ဝ၁၂ ခုနှစ် "ရုပ်ရှင်သူရဲကောင်းဆု" တံဆိပ်အား ဦးကျော်သူအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ရာ ဦးကျော်သူသည် အမေရိကန်နိုင်ငံသို့ National Endowment for Democracy 2012 Award ဆုပေးပွဲနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းတာဝန်များဖြင့် ရောက်ရှိနေသည့်အတွက် (ကိုယ်စား)အဖြစ် အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် (ကိုယ်စား)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ဆုပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် ၁၅.၁ဝ. ၂ဝ၁၂ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလင်းတန်းဂျာနယ်အယ်ဒီတာချုပ် ဦးဝင်းငြိမ်းတို့
သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ခဲ့ကာ၂ဝ၁၂ ခုနှစ်အတွက် "ရုပ်ရှင်သူရဲကောင်းဆု" တံဆိပ်အားပေးအပ်ခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အလုပ်အမှုဆောင်ဖြစ်သူ ဦးမြတ်ဆွေနှင့် အလုပ်အမှုဆောင်အဖွဲ့တို့မှလည်း (ကိုယ်စား) အဖြစ် လက်ခံရယူခဲ့ပြန်သည်။ ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်မှုများအား လိုက်လံရှင်းလင်း ပြသခဲ့သည်။

ယင်း ဆုပေးပွဲမျိုးသည် ဟောလိဝုဒ် အော်စကာဆုပေးပွဲနည်းတူ အခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့သည့် ဦးကျော်သူ
(ကိုယ်စား) နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ကိုယ်တိုင် လာရောက်ပေးပို့သည့်အတွက် အဝေးမှတဆင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ယခင်အချိန်ကာလများတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့သား/
သူများ၊ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့ အစရှိသည့် အနုပညာရှင် ညီအစ်ကိုမောင်နှမများလာရောက်၍ လုပ်အားပေးခဲ့ကြသလို နောက်နောင်တွင်လည်း အများအကျိုးအတွက် အတူလက်တွဲ၍ နာရေး၊ ကျန်းမာရေး၊ သဘာဝဘေးကိစ္စရပ်များအား တက်ကြွစွာဖြင့် ပါဝင်လုပ်အားဒါနပြုဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment