ဒီဓာတ်ပုံလေး ထဲက ကလေး ငယ် တဦး ကတော့ ၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါ နိုင်ငံက သတ်ဖြတ်ပွဲကြီးအပြီး အသက်မသေပဲ လွတ်မြောက် ရှင်သန် ရစ်သူများ အနက်မှ တဦးပဲ ဖြစ်ပါတယ်။အရှေ့အာဖရိက ဒေသတခုဖြစ်တဲ့ ရဝမ်ဒါ မျိုးတုံးသတ်ဖြတ်မှူလို့ဆိုရင် လူတိုင်းကြားဖူးကြမှာဖြစ်ပေမယ့်အသေးစိတ်ကိုတော့ သိသူနည်းပါးလာလိမ့်မယ်။ ဆက်လက်ပြီး တော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အတီး လေ့လာထားသမျှလေးတွေကို တင်ပြပါရစေ။
ရက်ပေါင်း (၁ဝဝ) ကျော်ကြာမြင်
့ခဲ့တဲ့ သတ်ဖြတ်မှုကြီးအတွင်းမှာ ဟူတူလူမျိုးစုတွေရဲ့ လက်ချက်ကြောင့် တွတ်စီလူမျိုး ရှစ်သိန်း ကျော် (သို့) တသန်းကျော် နဲ့ တွတ်စီ တွေကို သနားပြီး ဝှက်ပေးခဲ့တဲ့၊အားနည်းသူတွေဘက်က ရပ်တည်ပေးခဲ့တဲ့ ဟူတူလူမျိုး တစ်သိန်းကျော်ပါ အသတ်ခံခဲ့ရပါတယ်။ဒီအရေအတွက်ဟာ အဲဒီ အချိန်က ရဝမ်ဒါလူဦးရေရဲ့ ၂၀ ရာခိုင်နှုံး ရှိနေပါတယ်။
ဤမျှလောက် အရေအတွက် မြင့်မားအောင် သတ်ဖြတ်မှူကြီးအပြီး မှာတော့ ရဝမ်ဒါနိုင်ငံဟာ ယနေ့ထက်တိုင်အောင်ပဲ ပြဿနာပေါင်း များစွာ ရင်ဆိုင်ရကာ ပြည်တွင်းစစ်ရဲ့ အကျိုးဆက်ကို ခံစားနေရပါသေးတယ်။
"နောက်ခံသမိုင်းကြောင်း"
တကယ်တမ်းမှာတော့ ရဝမ်ဒါနိုင်ငံရဲ့ သမိုင်းမှာ ဒီအရေးအခင်းကြီး ဟာ ပထမဆုံး အကြိမ်တော့လဲ မဟုတ်ခဲ့ပါဘူး။၁၉၅၉ ခုနှစ်မှာ ဟူတူလူမျိုး နိုင်ငံရေးသမားတဦး ကို တွတ်စီ လူမျိုးစုတွေက လုပ်ကြံတယ်ဆိုတဲ့ ကောလဟာလ ကို အခြေပြုပြီး စတင် ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်း အတွင်းမှာလဲ ဘယ်ဂျီယမ် ကွန်မန်ဒို ပျောက်ကျားတပ်တွေ ရောက်ရှိလာပြီး အခြေအနေတွေကို မထိန်းသိမ်းမှီ အထိ တွတ်စီလူမျိုး နှစ်သောင်းမှ တစ်သိန်းခန့် သုတ်သင်ခံခဲ့ရပြီးနောက် ဒုက္ခသည် ထောင်ပေါင်းများစွာ ဟာ အိုးပစ်အိမ်ပစ်နဲ့ အနီးအပါးအိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကို ပြေးဝင်သွားခဲ့ရပါသေးတယ်။၁၉၆၀ ခုနှစ်မှာ ဘယ်ဂျီယမ် အစိုးရရဲ့ အကူအညီနဲ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအတွင်းမှာတော့ ဟူတူလူမျိုးတွေဟာ တွတ်စီလူမျိုးတွေ အပေါ် အနိုင်ယူပြီး နိုင်ငံရေးအရ အသာစီးရသွားပါတော့တယ်။ ဒီ အပြောင်းအလဲဟာ ရဝမ်ဒါ နိုင်ငံမှာ အုပ်စိုးခဲ့တဲ့ တွတ်စီလူမျိုး ဘုရင် စနစ်ကို အဆုံးသတ်သွားစေပါတော့တယ်။ တဖန် ၁၉၆၂ ခုနှစ်မှာ အိမ်နီးချင်း နိုင်ငံကတွတ်စီလူမျိုး စစ်ပြေးဒုက္ခသည်တွေနဲ့ ဖွဲ့စည်းထားတဲ့ တွတ်စီ ဂွါရီလာ အမည်ရ လက်နက်ကိုင် အင်အားစုဟာ ဂလဲ့စားချေ ထိုးစစ် ဆင်နွှဲရာမှ အာဏာရ ဟူတူ အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွါးပြီး နောက်ထပ် လူဦးရေ ခုနစ် သောင်းလောက် ထပ်မံ ဆုံးရှုံးရပြန်ပါတော့တယ်။ ဒီလို အမုန်းပွါးမှူတွေရဲ့ စတင်မြစ်ဖျားခံလာရာ အရင်းအမြစ် ကတော့ ကိုလိုနီ အမွေ အနစ် ဆိုးတွေကပဲ ဖြစ်ပါတယ်။
၁၉၁၁ ခုနှစ်မှာ ပဲ ဂျာမဏီ ကိုလိုနီ တပိုင်းဖြစ်နေတဲ့ ရဝမ်ဒါ နိုင်ငံမှာ မြောက်ပိုင်းမှာ ရှိတဲ့ တွတ်စီ တွေရဲ့ ဩဇာကို မခံလိုကြတဲ့ဟူတူလူမျိုး တွေကို တွတ်စီ တွေက ရှင်းလင်း နိုင်ရန် အတွက် ဂျာမန် အစိုးရ က ခြေထိုးခဲ့ပါသေးတယ်။ ပထမ ကမ္ဘာစစ် အပြီးမှာတော့ဗာဆိုင်း စာချုပ်အရ ရဝမ်ဒါနိုင်ငံဟာ ဘယ်ဂျီယမ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်ခဲ့ပါတော့သည်။ ဘယ်ဂျီယမ် အစိုးရ အုပ်ချုပ်မှူအောက်မှာပဲ ဒီပြဿနာတွေရဲ့ မြစ်ဖျားခံရာ ဖြစ်တဲ့ ဟူတူနဲ့ တွတ်စီ တွေကို သီးခြား မှတ်ပုံတင်ထုတ်ပေးခြင်း။ပညာရေးစနစ်တွင်လည်း ခွဲခြားဆက်ဆံရေးစနစ်တွေကို စတင် ကျင့်သုံးပါလေတော့၏။ကိုလိုနီ စနစ် မတိုင် မီရော ၊ ကိုလိုနီ ကာလ အတွင်းမှာပါ တွတ်စီလူမျိုးစုတွေဟာ လူနည်းစုတွေ ဖြစ်နေပေမဲ့ ပညာတတ် ဦးရေ များပြားပြီး အုပ်ချုပ်ရေး ပိုင်းမှာ ဝင်ဆန့်နိုင်ခဲ့ကြပါတယ်။ ဒီကွာခြားမှုတွေဟာ အပြင်ပန်း အားဖြင့်တော့ မထူးခြားလှပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့ အခါမှာတော့ လူများစုဖြစ်တဲ့ အောက်ခြေက ဟူတူလူမျိုး တွေ အတွက်တော့ ၁၉၉၄ ခုနှစ်မှာဖြစ်ပေါ်လာမဲ့ အစုလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှူကြီးရဲ့ စတင် မြစ်ဖျားခံရာ ဒေသ အမှန်ပဲဖြစ်ပါသည်။
ဝါဒဖြန့် စစ်ပွဲ
၁၉၉၀ခုနှစ် အစောပိုင်းမှာပဲ ရဝမ်ဒါ ဘာသာ စကားနဲ့" နိုးထကြလော့"ဟု အဓိပ္ပာယ်ရပြီး ကန်ဂူရ ဆိုတဲ့ ဂျာနယ်တစောင်ဟာ ဟဆန်ဂီဇီ(၂၀၀၃ခုနှစ်တွင် နိုင်ငံတကာ တရားရုံးမှ တသက်တကျွန်းအမိန့်ကျပြီး ယခု မာလီနိုင်ငံ အကျဉ်းထောင်တွင် အပြစ်ဒဏ်ကို ခံစားလျှက်ရှိ) ဆိုတဲ့ အစွန်းရောက် ဟူတူအမျိုးသား တယောက်က စတင်တည်ထောင်ခဲ့ပါတယ်။အရေးအခင်းကာလ အတွင်းမှာလဲ ကန်ဂူရ ဂျာနယ်ဟာ ဟူတူတွေအပေါ် လွန်ကဲတဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းထန်လာအောင် တိုက်တွန်းပြီး တွတ်စီတွေ အပေါ်မှာ သနားကြင်နာဖို့မလိုကြောင်းကို မှန်မှန်တင်ဆက်ပေးနေပါတော့၏။ဒါ့အပြင် ရဝမ်ဒါအစိုးရပိုင် ရေဒီယိုနှစ်ခု ဟာ အရေးအခင်းကာလ အတွင်း အသံလွှင့်တဲ့နေရာမှာ တူစီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ ၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့ သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တွတ်စီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ သိပ်ပြီး မကောင်းလှပါဘူး။ ယခုလက်ရှိကာလမှာ ရေဒီယို အစီအစဉ်နှစ်ခုက တာဝန်ရှိသူတွေဟာ တသက်တကျွန်းပြစ်ဒဏ်ကို ကန်ဂူရ ဂျာနယ်တိုက်ပိုင်ရှင် နဲ့ အတူ ခံစားနေရပါတော့သည်။
"သတ်ဖြတ်မှူအတွက် ကြိုတင်ကြံစည်ကြခြင်း"
ဟူတူအစွန်းရောက် တွေကို ဟူတူအစိုးရက ပြည်သူ့စစ်များ အဖြစ်လေ့ကျင့်ပေးခဲ့ပါတယ်။ တူစီ လူမျိုးစုကို ဖိနှိပ်သတ် ဖြတ်ရာ မှာ အစိုးရစစ်တပ်က တိုက်ရိုက်သတ်တယ်လို့ အဖြစ်မခံလိုတဲ့အတွက် လူမျိုးစု အရပ်သားခြင်းအကြားမှာ ဖြစ်နေတဲ့ သာမန် ပဋိပက္ခအသွင်မျိုး ဖန်တီးလိုတာကလည်း တကြောင်းဖြစ်ပါတယ်။ ဟူတူသမ္မတဖြစ်သူက သူ့အပေါ်မှာ အပြစ်တင်မခံရ လေအောင် ကစားခဲ့တာဆိုရင်လည်း မမှားပါဘူး။အရေးအခင်းကာလ မတိုင်မီလေးမှာပဲ အစိုးရနဲ့ နီးစပ်တဲ့ဟူတူ စီးပွါးရေးလုပ်ငန်းရှင် တယောက်ဟာ တရုတ်နိုင်ငံကနေပြီးတော့ ဓားရွယ် အလက် ၅၈၁၀၀၀ ကို တင်သွင်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဓားတွေဟာ သေနတ်တွေနဲ့စာရင် အဖိုးနှုန်းချိုသာပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လို့ပါပဲ။
""အရေးအခင်းကာလ အတွင်း""
ဇန်နဝါရီလ ၁၂ ရက်နေ့ ၁၉၉၄ ခုနှစ်မှာ ဟူတူလူမျိုး လက်ရှိအာဏာရ သမ္မတ နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘူရန်ဒီ နိုင်ငံက သမ္မတ ဖြစ်သူတို့ စီးနင်းလိုက်ပါလာတဲ့ လေယာဉ် ရဝမ်ဒါနိုင်ငံ အတွင်း ရှိ ကီဂါလီ မြို့ကို ဆင်းသက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ပစ်ချခံခဲ့ရပါတယ်။ လုပ်ကြံမှူအတွင်းမှာ သမ္မတ နှစ်ဦးလုံး သေဆုံးခဲ့ရသည်။ အဲဒီနောက်မှာတော့ ဒီလုပ်ကြံမှူဟာ တွတ်စီ လူမျိုး သူပုန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ရေဒီယိုက စွပ်စွဲအပြီး နာရီပိုင်းအတွင်းမှာတော့ ရဝမ်ဒါ နိုင်ငံ တဝှမ်းမှာ သတ်ဖြတ်ပွဲကြီး စတင်ပါတော့တယ်။ ဟူတူ အစွန်းရောက် ပြည်သူ့စစ်တွေဟာ တွတ်စီ လူမျိုးတွေ အပေါ်မှာ ရရာ ရွှေငွေတွေကို လုယူ၊တရုတ်နိုင်ငံက တင်သွင်းလာခဲ့တဲ့ဓားတွေနဲ့ယောကျာ်းတွေကို အရင် သတ်၊ မိန်းမတွေကို မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်ကို သတ်ဖြတ်ပါတော့တယ်။ထူးခြားချက်ကတော့ ဟူတူ အစွန်းရောက်တွေဟာ တွတ်စီတွေ အပေါ် သနားပြီး ဝှက်ပေးကာ အားနည်းတဲ့ ဘက်က ရပ်တည်ပေးခဲ့တဲ့ ဟူတူ တစ်သိန်းကျော်ကို ပါ အချင်းချင်း လက်စတုန်းခဲ့ပါသေးတယ်။ ဒါ့အပြင် ကုလ သမ္မဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်သား ၁၀ ယောက်ပါ အဆစ်ပါသွားပါတော့တယ်။
Rwanda genocide part 1 of 4.flv >> http://www.youtube.com/watch?v=dm_G5x1yzsE%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9
အဲသည့်အခြေအနေကို ကုလငြိမ်းချမ်းရေးတပ် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ရိုမီရို ဒလဲက သက်ဆိုင်ရာ အထက် အဆင့်ဆင့် ကို အမြန်တင်ပြခဲ့ပေမဲ့ ဘယ်သူကမှ စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။
ဘယ်အင်အားကြီး နိုင်ငံများကမှ သူတို့စစ်တပ်တွေကို ရဝမ်ဒါကို လွှတ်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။ လက်ရှောင်တဲ့ အပိုင်း လည်း ရှိနေတယ်လို့ အစွပ်စွဲ ခံခဲ့ရပါသေးတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ရဝမ်ဒါ ပြဿနာမတိုင်ခင် လေးလလောက်တုံးက ဖြစ်ပွား ခဲ့တဲ့ ဆိုမာလီယာက အရှုတ်အရှင်းကြောင့် လက်ရှောင်ခဲ့ကြတယ်လို့လဲ ဆိုပါတယ်။ ဆိုမာလီယာမှာ ဖြစ်ခဲ့တဲ့ ပြဿနာက ဘယ်လိုလဲဆိုတော့၊ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ပါကစ္စတန်စစ်သားများနဲ့ အမေရိကန်စစ်သားများ ဆိုမာလီယာ သူပုန်များနဲ့ တိုက်ပွဲဖြစ်ရာက သေဆုံးခဲ့ကြရပါတယ်။ အဲသလို ပူပူနွေးနွေး ဖြစ်ထားခဲ့တာကြောင့် အဲသလို အဖြစ်မျိုးကို နိုင်ငံကြီးတွေက ရဝမ်ဒါမှာ ထပ်ပြီးကြုံတွေ့လိုတဲ့ ဆန္ဒ မရှိတဲ့အတွက် ကြောင့်လည်း ဖြစ်ပါတယ်။
အဲသလို အခြေအနေမျိုးအောက်မှာ ဗိုလ်ချုပ်ဒလဲက ကုလဌာနချုပ်ကို သူတို့အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ လိုကြောင်း အစီရင်ခံ ပါတယ်။ အဲသလို မစွက်ဖက်ဖူးဆိုရင် နောက်ထပ် လူပေါင်းများစွာ သေကြေနိုင်တယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒါကြောင့် ၃၆ နာရီအတွင်း ဝင်ရောက်စွက်ဖက်ဖို့ တင်ပြခဲ့ပါတယ်။ သို့သော် ထိုတင်ပြချက်ကို အဲသည့်အချိန်က ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ ကိုဖီအာနန်က ပယ်ချခဲ့ပါတယ်။ ဒီလိုဝင်ရောက် စွက်ဖက်တာဟာ ကုလရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်လို့လည်း အကြောင်းပြခဲ့ပါတယ်။အဲသည့်အချိန်မှာ အမေရိကန် သမတဖြစ်တဲ့ ကလင်တန်က အမေရိကန်အစိုးရ အနေနဲ့ အကူအညီ မပေးတဲ့အပြင် ကုလငြိမ်းချမ်းရေးတပ်ကို ရဝမ်ဒါကနေ ပြန်ခေါ်ဖို့ ကိုဖီအာနန်ကို ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် ကုလတပ်ကို ရဝမ်ဒါကနေ ပြန်ပြီး ရုပ်သိမ်းခဲ့ ပါတယ်။
အမှန်မှာတော့ (၁၉၄၈ ဂျီနိုစိုက်ဥပဒေ) အရ အဲသလို သတ်ဖြတ်နေခြင်းကို ကာကွယ်တားဆီးနိုင်ခွင့် ကုလသမဂ္ဂမှာ တရားဝင် အခွင့်အရေးရှိပါတယ်။ သို့သော်လည်း ကုလအနေနဲ့လည်း ဘယ်လိုနည်းကိုမှ အသုံးပြုပြီး တားဆီးနိုင် ခဲ့တာ မရှိ ခဲ့ပါဘူး။ ဒါကြောင့် သတ်ဖြတ်မှုများ စတင်ခဲ့တဲ့ ပထမနှစ်ပတ် သုံးပတ်အတွင်းမှာတင် လူပေါင်းသိန်းချီပြီး အသတ်ခံ ခဲ့ရတာ ဖြစ်တယ်လို့ အိုင်အာစီ အဖွဲ့ရဲ့ တွက်ချက်မှုများအရ သိရပါတယ်အဲဒီအချိန်တုန်းက အမေရိကန် ကလင်တန် အစိုးရ ဟာလည်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေကို ပြန်ခေါ်ဖို့ကိုသာ ကုလသမဂ္ဂကို တွင်တွင်ဖိအားပေးနေခဲ့ပါတယ်။(နောက်ပိုင်းမှာ ကလင်တန်ဟာ ရဝမ်ဒါ ပြည်သူတွေကို တရားဝင် တောင်းပန်ခဲ့ရ)ဒီအဖြစ်အပျက်တွေဟာဂျူလိုင်လ နှောင်းပိုင်းမှာ တွတ်စီလူမျိုးကာဂါမီ ဦးဆောင်တဲ့ ရဝမ်ဒါ မျိုးချစ်တပ်ဦးဟာ နိုင်ငံတကာ အကူအညီ ရယူပြီး ရဝမ်ဒါနိုင်ငံရဲ့ အာဏာကို ပြန်လည်ရယူလိုက်မှပဲ အဆုံးသတ်သွားပါတော့တယ်။ဒါပေမဲ့လဲ အမျိုးသားပြန်လည်ညီညွတ်ရေး အနေဖြင့် တွတ်စီတွေဘက်က ရပ်တည်ခဲ့တဲ့ ဟူတူလူမျိုး ဘီဇီမန်ဂူ ကိုသာ သမ္မတ ရာထူးခန့်အပ်ပြီး ကာဂါမီ ကိုယ်တိုင်ကတော့ ဒုသမ္မတ ရာထူးကို သာ ရယူခဲ့ပါတယ်။
"အရေးအခင်းကာလ အပြီး ဆိုးကျိုးရလဒ်များ"
၁၉၉၄ ခုနှစ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှူ အပြီးမှာတော့ သတ်ဖြတ်မှူမှူတွက် အဓိကတာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးကနေ ပြီးတော့ ရင်ဆိုင်ရာမှာ လက်ရှိ ရင်ဆိုင်ဆဲ ၁ မှု၊ အယူခံဝင်ဆဲ ၁၇ မှူ နဲ့ ဆိုင်းငံ့ နဲ့ အကျယ်ချုပ် ၁၀ မှူ။ အမိန့်ချမှတ်ပြီး ၃၃ မှူနဲ့ ရဝမ်ဒါပြည်တွင်း တရားရုံးကို လွှဲပြောင်းပေးအပ်ခဲ့တာကတော့ ၁၀ မှူပဲဖြစ်ပါတယ်။ဒီ အထဲမှာ မီဒီယာ သမားသုံးယောက်လဲ ပါဝင်ပါတယ်။။ပြစ်ဒဏ်ကျခံပြီး သူများထဲမှ ၁၁ယောက်ကတော့ ရက်စေ့လို့ လွတ်မြောက်သွားပြီးဖြစ်ပြီး ၃ ယောက်ကတော့ ထောင်တွင်းမှာပဲ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါသည်။
"စီးပွါးရေး"
ဒီလူမျိုးတုန်း သတ်ဖြတ်မှူကြီး အပြီးမှာတော့ ကော်ဖီနဲ့လက်ဖက်ခြောက်သာ အဓိက တင်ပို့နေရပြီး ကွန်ဂိုနဲ့ တန်ဇီးနီးယားတို့လို နိုင်ငံကြီးတွေကြားမှာ ညှပ်နေတဲ့ အာဖရိက ကုန်းတွင်းပိတ် နိုင်ငံငယ်လေးဟာ ဒီနေ့အထိ ဘယ်လိုမှနာလန် မထူနိုင်အောင် ဖြစ်နေရပါသေးတယ်။၇၀ ရာခိုင်နှုန်းသောရဝမ်ဒါနိုင်ငံက အိမ်ထောင်စုတွေဟာ မိန်းမတွေက ဦးဆောင်နေရပြီး အကြောင်းရင်းကတော့ သူတို့ရဲ့ ယောကျာ်းတွေဟာ သတ်ဖြတ်မှူအတွင်းမှာ ဆုံးရှုံးသွားခဲ့လို့ပါပဲ။
"လူမှူရေး"
ဒီအရေးအခင်း ကြီး အပြီးမှာတော့ ရဝမ်ဒါ လူထုဟာရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာ လူမှုဒုက္ခတွေကို ယနေ့တိုင်ခံစားနေရဆဲပါ။ အရေးအခင်း ကာလ အတွင်းမှာ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီး တွေ အပါအဝင် ရဝမ်ဒါနိုင်ငံဟာ အာဖရိက မှာ အေအိုင်ဒီအက်စ်ရောဂါ ပိုးအများဆုံးရှိတဲ့နိုင်ငံတကောင်ခုမှာပါဝင်ပါတယ်။ အသက်မသေပဲ လွတ်မြောက်လာတဲ့ကလေးငယ်တယောက်ဆိုရင် အစာကို လိုသည်ထက်လွန်ကဲစွာ စားသုံးတတ်တဲ့ စိတ်ရောဂါ စွဲကပ်နေပါတယ်။ အကြောင်းကတော့ သူမိဘတွေရှိစဉ်က အစာကျွေးတာကို ငြင်းပယ်ပြီး နာရီပိုင်းအတွင်းမှာပဲ မိဘနှစ်ပါးလုံးဟာ သတ်ဖြတ်ခံခဲ့ရပြီးတော့ ကလေးငယ်ဟာ ကံကောင်းစွာနဲ့ လွတ်မြောက်လာခဲ့ပြီး ဒီစိတ်ရောဂါဟာ တသက်လုံးစွဲကပ်ခံနေရပါတော့တယ်။ဂျီနိုဆိုက်ဒ်သည် လူမျိုးတုန်း ရာဇဝတ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး စစ်ကာလ အတွက်သာမက စစ်မဖြစ်သည့် ကာလအတွက်လည်း အကျုံးဝင်သည်။ ကျူးလွန်သည့် အာဏာရှင် နိုင်ငံများတွင် လူ့အသက်ကို တန်ဖိုးမထားသည့် သဘောထား ဓလေ့ထုံးတမ်းများ ပျံ့နှံ့နေပြီး အာဏာရှင် ဘက်တော်သားတို့က ကျန်နိုင်ငံသားတို့အား ဘာသာကွဲ ဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ ဥပဒေဘောင် ပြင်ပကလူများ၊ အောက်တန်းစား လူမျိုးများ၊ ခွဲထွက်ရေး သမားများ၊ သောင်းကျန်းသူ အဖျက်သမားများ၊ မင်းမဲ့ဝါဒီများ၊ အကြမ်းဖက်သမားများ၊ နယ်ချဲ့ လက်ပါးစေများ၊ ပုဆိန်ရိုးများ၊ လူတန်းစား ရန်သူများ၊ တန်ပြန်တော်လှန်ရေးသမားများ စသဖြင့် တံဆိပ်အမျိုးမျိုး ကပ်ပြီး ဂျီနိုဆိုက်ဒ်ကို အများနဲ့မတူသည့်နေရာသို့ရောက်အောင်။ ကွဲပြားစေရန်ကြိုတင်လုပ်ဆောင်လေ့ရှိကြသည်။ကိုယ့်အတွက်ကိုမူ မြင့်မြတ်သော တာဝန် ထမ်းဆောင်နေသူများ၊ မြင့်မြတ်သော လူမျိုးများ၊ အမျိုးဘာသာသာသနာ သန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ ၊ တိုင်းပြည်ကို အဓိက စောင့်ရှောက်နေရသူများ၊ နိုင်ငံအတွက် အဓိက အနစ်နာခံနေသူများ၊ အမျိုးသားနိုင်ငံရေးသမားများ၊ စစ်မှန်သည့် တော်လှန်ရေး သမားများ စသည်ဖြင့် မိမိတို့ ကိုယ်မိမိ သတ်မှတ်ကြသည်။ အထူးသဖြင့် ၊ အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို အသုံးပြုကာ မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန်အောင်ပြုလုပ်ကာ မီဒီယာများမှတဆင့်တွန်းပို့လေ့ရှိကြသည်။ ဂျီနိုဆိုက်ဒ် (လူမျိုးတုံး သုတ်သင်မှု) ဆိုသော အယူအဆသည် ဥပဒေပိုင်းအရ ထိုအချိန်မှ အစပြုခဲ့ပြီးနောက် ကုလသမဂ္ဂက ၁၉၄၈ ခုတွင် ဂျီနိုဆိုက်ဒ် ကွန်ဗင်းရှင်း စာချုပ်ကို အသေအချာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၅၁ ခုမှာ စတင်အသက်ဝင်ခဲ့ပြီး ယခုအခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ဝ ကျော်က လက်ခံအတည်ပြုထားသည်။ ဤသဘောတူစာချုပ် ပုဒ်မ ၂ တွင် ဂျီနိုဆိုက်ဒ်ကို ယခုလို အဓိပ္ပာယ်ဖွင့်ထားသည်။
"နိုင်ငံလုံးဆိုင်ရာ လူအုပ်စု သို့မဟုတ် တိုင်းရင်းသားလူမျိုးဆိုင်ရာ လူအုပ်စု သို့မဟုတ် ဘာသာရေးဆိုင်ရာ လူအုပ်စုတခုကို တခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်းသော်လည်းကောင်း ဖျက်ဆီးပစ်ရန် ရည်ရွယ် ချက်ဖြင့် အောက်ပါလုပ်ရပ်များကို ကျူးလွန်ခြင်း။
(က) ယင်းလူအုပ်စု အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊ (ခ) ယင်းလူအုပ်စု အဖွဲ့ဝင်များကို ရုပ်ခန္ဓာပိုင်းအရ သော်လည်းကောင်း၊ စိတ်ပိုင်းအရ သော်လည်းကောင်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေခြင်း၊ (ဂ) တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်စေရန် အသေအချာ စီစဉ် ထားသည့် ဘဝအခြေအနေများကို ယင်းလူအုပ်စုအပေါ်၌ သက်ရောက်စေခြင်း၊ (ဃ) ယင်းလူအုပ်စု အတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊ (င) ယင်းလူ အုပ်စုမှ ကလေးသူငယ်များကို အခြားလူစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခြင်း။"
၁၉၉၄ ခု ရဝမ်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဂျီနိုဆိုက်ဒ်ကို ယခုလို ထပ်မံချဲ့ထွင်၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
"လူအုပ်စုတခုကို မသေရုံတမယ် မဝရေစာ ကျွေးထားခြင်း၊ နေအိမ်များမှ စနစ်တကျ မောင်းထုတ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို အနိမ့်ဆုံး လိုအပ်ချက်ထက် နှိမ့်ချပစ်ခြင်း။… ယင်းလူအုပ်စုကို တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ဖျက်ဆီးပစ်ရန် အထူးရည်ရွယ်ချက်ဖြင့် မုဒိမ်းမှု၊ လိင်ကိစ္စ အကြမ်းဖက်မှု ကျူးလွန်ခြင်း။" ဟူ၍ဖြစ်လေသည်။ ဂျီနိုဆိုက် ကျူးလွန်သည့် အဆိုးဆုံး အာဏာရှင်တို့ကို ပြင်ပမှ အင်အား သုံးသည့်နည်းဖြင့်သာ နိဂုံးချုပ်စေနိုင်ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ အရှေ့တိမော၊ ဘော့စ်နီးယား- ဟာဇီဂိုဗီးနား၊ ကိုဆိုဗို၊ လိုင်ဘေးရီးယား၊ ဆီယာရာလီယွန်း၊ ဟေတီ၊ ပနားမား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့် ဥပမာများ အထင်အရှားရှိနေသည်။ မည်သူမျှ ငြင်းမရနိုင်သည့် သက်သေ သာဓကများဖြစ်သည်။သတိချပ်စရာပင်ဖြစ်သည်။
ကဲ ဒီနေ့တော့ သုံးသပ်မှူကို ဒီလောက်နဲ့ပဲရပ်နားပါရစေ။ ရဝမ်ဒါဖြစ်စဉ်များကို အသေးစိတ် ဆက်လက်လေ့လာချင်သူများကတော့ ဟိုတယ် ရဝမ်ဒါ ဆိုတဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ယူကျူ့ပေါ်မှာ သွားရောက်ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။
youtube link >> http://www.youtube.com/watch?v=ZprAN0o9oAI
No comments:
Post a Comment