Tuesday, 13 November 2012

မြန်မာနိုင်ငံတွင် မင်းကျင့်တရားဆယ်ပါးနှင့်ညီမှ








2012/11/12 sandar thuria <ark.sandarthuria@gmail.com>

မြန်မာနိုင်ငံတွင် မင်းကျင့်တရား ဆယ်ပါး ညီမှ

 

၁။          ရခိုင်ရှင်ဘုရင် မဟာစန္ဒသူရိယမင်းလို ဗုဒ္ဒမြတ်စွာ ဘုရားရှင်၏ ကိုယ်ပွါးတော်ကို

          သွန်းလုပ်တော်မူုပြီး ဘုရားဒါယက အဖြစ် ကျင့်သုံးနိုင်သော မင်းကျင့်တပါး။

၂။         ရခိုင်ရှင်ဘုရင် မင်းခရီကဲ့ သို့  နှစ်နိုင်ငံအသိအမှတ်ပြု နယ်ခြားသတ်မှတ်ရာတွင်

           တိကျသော မင်းတို့ ၏ သြဇါကို ကျင့်သုံးသော မင်းကျင့်တပါး ။

၃။       ။ ရခိုင်ရှင်ဘုရင် မင်းဘာကြီးကဲ့ သို့  သာသနာအဆောက်အဦ ဘုရားကျောင်းကန်

          တည်ထားအပ်သော မင်းကျင့်တပါး ။

၎။      ။ မဟာသမ္မတရာဇါမင်းကဲ့ သို့  သမီးကညာကို ရန်သူအား ပေးအပ်ပြီး စစ်ပြေငြိမ်းကာ

         သူ့ လက်အောက်ခံ မဖြစ်ရအောင် မင်းတို့ ၏ ရာဇမာနအတိုင်း တိုက်ခိုက်သည့် မင်းကျင့်တပါး။

၅။      ။ ဆရာတော်ဦးဥတ္တမကဲ့ သို့  သူ့ ကျွန်ဘ၀မှ လွပ်မြောက်ရေးအတွက် ကြိုးစားရသော မင်းကျင့်

         တပါး ။

၆။      ။ ဗိုလ်ချုပ်အောင်ဆန်းကဲ့ သို့  လွပ်လွပ်ရေးရရှိရေးသာ ကြိုးပမ်းသည့် မင်းကျင့်တပါး ။

ရ။      ။ သခင်သန်းထွန်းလို သူ့ ယုံကြည်ချက်အတိုင်း ရန်သူ့ ထံပါး လက်နက်မချ တော်လှန်သော

         မင်းကျင့်တပါး ။

၈။      ။ ဗိုလ်ချုပ်နေ၀င်းလို နိုင်ငံခြားသားများအား စစ်ဆင်ရေးများပြုလုပ်ကာ နိုင်ငံမှ နှင်ထုတ်သော

         မင်းကျင့်တပါး။

၉။      ။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်လို ကမ္ဘာတ၀န်းအား ခိုးဝင်သောနိုင်ငံသားများအား

         တိုင်းရင်းသားလူမျိုးများအဖြစ် အသိအမှတ်မပြုဟု ကြေညာရဲသော မင်းကျင့်တပါး ။

၁၀။    ။ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ကျော်ဇေါလို သေသည့်အထိ မိမိယုံကြည်ချက်အတိုင်း ရန်သူ့ ထံပါး

         ဒူးမထောက် လက်မမြှောက်ခဲ့ သော မင်းကျင့်တပါး ။

 

ဤမင်းကျင့်တရား ဆယ်ပါးကို တစိုက်မတ်မတ် ကျင့်သုံးနိုင်သော  မင်းသို့ မဟုတ်  ၊ ယခုခေတ်ကာလ သမ္မတကဲ့ သို့  ကျင့်သုံးနိုင်သော သူအား၎င်း ၊ နိုင်ငံသူနိုင်ငံသားတို့ ၏ စိတ်ဆန္ဒနှင့် ကိုက်ညီသော သူသည်ကား မြန်မာနိုင်ငံ၏ ခေါင်းဆောင်သို့ မဟုတ် သမ္မတ ဖြစ်နိုင်ငြားအံ့ဟု ဆန်းစစ်ကြည့်မိပါသည် ။

 

ခိုင်အောင်ကျော် ( နယူးယောက် )




No comments:

Post a Comment