Sunday, 25 November 2012




တိုက်ပွဲဝင်နေ-ရုပ်/သံ(ဓာတ်ပုံ)
Posted: 25 Nov 2012 05:27 AM PST
လက်ပတောင်းတောင် ကြေးနီစီမံကိန်းတွင် ပြည်သူများ၏ အကျိုးစီးပွားကို စောင့်ရှောက်ရန် တာဝန်ရှိသူများအား သံဃာတော်
များက တောင်းပန် . . .ဦးသန်းရွှေ၏ ဆိုးကျိုး များသည် နိုင်ငံတော်ကို ပြောင်းပြန်လှန်ရုံမက . . . ဘာသာတရားကိုပါ ပြောင်းပြန်
လှန်ခဲ့ပြီလော .
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းတောင်ကြေးနီစီမံကိန်းတွင် ပြည်သူများ၏ မျက်ရည်ကို ခြေဆေးနေသော အာဏာပိုင်အဖွဲ့အစည်းများအား အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် သံဃာတော်များ တောင်းပန်
ပုလဲ လွတ်တော်အမတ် ဒေါ်ခင်စန်လှိုင်နှင့်အတူ မုံရွာမြို့ Nld ပါတီဝင်များ လက်ပံတောင်းတောင်း ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေးအတွက် တောင်းဆို ဆန္နပြသည့် သပိတ်စခန်းများအား သွားရောက်တွေ့ဆုံအားပေး
ပြည်သူလူထုကိုယ်စား ပြည်သူတွေအတွက် လွတ်တော်ထဲမှာ မားမားမတ်မတ် ရပ်တည်ပေးတဲ့သူကို လွတ်တော်ကိုယ်စားလှယ်အမတ်ဟုခေါ်သည်။

၂၅.၁၁.၂၀၁၂ ရက်နေ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းဖျက်သိမ်းပေးရေးအတွက် သံဃာတော်များ ကျောင်းသားများ တောင်သူလယ်သမား စုပေါင်း၍ ၀မ်ပေါင်ကုမ္မဏီရုံးရှေ့အ၀င်ပေါက်တွင် ပိတ်ဆို့ သပိတ်
စခန်းတည်ထားကာ သပိတ်တိုက်ပွဲ ယခုအချိန်ထိ အရှိန်တိုးမြှင့် တိုက်ပွဲဝင်နေကြကြောင်း၊ ယနေ့ ပုလဲလွတ်တော်အမတ်
 ဒေါ်ခင်စန်းလှိုင်နှင့် NLD ပါတီဝင်များသည် သပိတ်စခန်းသို့ လာရောက် ဆွေးနွေးကြပြီး ၂၉ ရက်နေ့တွင်လည်း
 ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဖြစ်ကြောင်းသတင်းရရှိပါတယ်..
လက်ပန်တောင်းတောင်မှရင်ဖွင့်သံများ
သတင်းနှင့်ဓာတ်ပုံ။ ။Aung Nay Myo ,moe min oo

Posted: 25 Nov 2012 05:12 AM PST
ဂျပန်ခေတ်တုံးကတော့ ဂျပန်အလိုတော်ရိတွေက သူ့ဆရာတွေကိုယ်စား ပြည်သူလူထုကို ဆက်ကြေးတောင်းတယ်။
 နှိပ်စက်တယ်။

ခုလည်း ဖက်ဆစ် သန်းရွှေ တို့ ကို ထောက်ပံ့ကြေးပေးဖို့အတွက် လွှတ်တော်က ဆွေးနွေးညှိနှိုင်း၊ ထော က်ပံ့ကူညီကြမယ်
 ဆိုတော့ မေးပါရစေအုံး။ အခုလွှတ်တော်က ဖက်ဆစ်အလိုတော်ရိ လွှတ်တော်လား။ သန်းရွှေဆိုတာ ဖက်ဆစ်ပဲ။ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို အခုထက်ထိ မတောင်းပန်ဘူး။ အရာအားလုံးကို လက်နက်ချ ဒူးထောက်တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတာ မဟုတ်ပါဘူးလေ ။

ဒီလောက်တော့ နိုင်ငံရေး သူငယ်နပ်စားတွေကအစ သိပါတယ်။

မှတ်ချက် *ဥယျာဉ်မှုး အပါအဝင် အစေခံတွေ အတွက် တောင်းနေတာပါ ။ အငြိမ်းစား လခတွေကလည်း ကြောက်ခမန်းလိလိပါ .


(အောင်မိုးဝင်း )

Posted: 25 Nov 2012 04:51 AM PST
နောက်ပြန် မသွားအောင် တွန်းထား...ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကတွန်းနေရတယ်.. အမေရိကန် နဲ့ EU ကတော့ နောက်ကနေ အပြေးလေး လိုက်လာနေပြီ..။ ကျေးဇူးရှင် လို့ ဆိုတဲ့ ဟို CHINA ကတော့ မျက်စိပိတ် ပြီးအေးဆေး မသိသလို လုပ်နေတယ်..။ ဦးအောင်မင်း
 ရယ် "ဖြေးဖြေးပြော နားနားပြီးပြော မောမယ်.." :((
Konay myo facebook

Posted: 25 Nov 2012 04:33 AM PST
ဗီဒီယိုနဲ့ စာသားမူရင်း   http://www.ndtv.com/article/india/full-transcript-my-farewell-message-for-my-husband-was-too-late-says-aung-san-suu-kyi-to-ndtv-292831


  • NDTV ။         ။ သူမဟာ ကမ္ဘာပေါ်မှာ အလေးစားခံရဆုံးစံပြနိုင်ငံရေးသမားတွေထဲမှာ ဒက်ထိ ပါဝင်ပါတယ် ။ လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်အား ၊ မျှော်လင့်ချက်အားတွေရဲ့ ပြယုဂ်ပါဘဲ  ။ သူမခင်ပွန်းဟာ သူကိုယ်တိုင်
  • တည်းဖြတ်ခဲ့တဲ့ စာအုပ်မှာ တခါက ပြောဖူးပါတယ် .....သူမဟာ '' မကြောက်ခြင်း '' ရဲ့ ပြယုဂ်ပါတဲ့ ။ ဒီနေ့ ကျမတို့ ဒေလီမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးခွင့်ရတာ ဂုဏ်ယူပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ရှင့်....ဒေလီမှာလုပ်ခဲ့တဲ့ ဒေါ်စုရဲ့အံ့မခန်းကောင်းမွန်လှတဲ့ နေရူးအထိမ်းအမှတ်မိန့်ခွန်းကို
နားထောင်ရတာ ကျမတို့အားလုံး စိတ်လှုပ်ရှားကြည်နူးခဲ့ရပါတယ် ။ ကျမတကယ်အံ့သြမိတာက ဒေါ်စုဟာ နိုင်ငံရေးကို
ကျင့်ဝတ်တစ်ခုလို သဘောထားနိုင်သေးတာကိုပါဘဲ ။ တကမ္ဘာလုံးမှာ နိုင်ငံရေး နဲ့ နိုင်ငံရေးသမားတွေကို လူတွေက အဆိုးမြင် အယုံအကြည်မဲ့တာတွေ များလွန်းနေချိန်မှာ ဒေါ်စုက နိုင်ငံရေးကို ကျင့်ဝတ်တစ်ခုလိုကို ပြောနေနိုင်သေးတယ်နော် ။
 နိုင်ငံရေးအပေါ်မှာ ဒေါ်စုရဲ့ ယုံကြည်မှုမပျောက်ပျက်အောင် ၊ အမြဲတမ်းကျင့်ဝတ်သိက္ခာနဲ့အညီ ပြုမူဆောင်ရွက်တတ်
သူဖြစ်နေသေးအောင် ဘယ်အရာကများ ထိန်းထားပေးပါသလဲ ။
  • Suu ။           ။ ကျမအနေနဲ့ နိုင်ငံရေးကို အဲဒီပုံနဲ့ကလွဲလို့ တခြားနည်းနဲ့ မမြင်တတ်တာကြောင့်လို့သာ ထင်မိပါတယ်
  •  ။ ကျမကို ငယ်ငယ်ကတည်းက သင်ပေးလိုက်ကြတဲ့ နိုင်ငံရေးအပေါ်မြင်ပုံမြင်နည်းက .....နိုင်ငံရေးဆိုတာ ကိုယ်ကျင့်
  • တရားရယ် ၊ တာဝန်ရယ် ၊ ပြည်သူကို အလုပ်အကျွေးပြုတာရယ်နဲ့ ပတ်သက်တယ်လို့ပါ ။ ဒီတော့ ကျမလည်း ဒီပုံအတိုင်းဘဲ တွေးမြင်တတ်လာခဲ့တယ်ဆိုပါတော့ ။ ခုမှ ပြောင်းဖို့ဆိုတာ ကျမ အနေနဲ့ အသက်ကြီးလွန်းနေပါပြီ ။

  • NDTV ။ ။ ဒီတိုက်ပွဲတလျောက်လုံးမှာ ယုံကြည်ချက်မဲ့တာမျိုး မရှိခဲ့ဖူးဘူးလား ။ စိတ်ပျက်လာတာ အဆိုးမြင်လာ
  • တာမျိုးပေါ့ ။ ဒေါ်စုဘ၀မှာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ အချိန်တွေ ကြုံခဲ့ရတယ်လေ ။
  • Suu ။            ။ ဟုတ်ပါတယ် ။ ဒါပေမယ့် ကျမလုပ်နေတာ နိုင်ငံရေးလေ ။ နောက်ဆုံးတော့ နိုင်ငံရေးသမားတိုင်းဟာ
  •  ပြသာနာတွေကို ဘယ်လိုချဉ်းကပ်ဖြေရှင်းမယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရတာချည်းပါဘဲ ။ တခြားနိုင်ငံရေးသမားတွေ
  •  နိုင်ငံရေးကို ဘယ်လို လုပ်တယ် .....သူတို့လုပ်ရပ်က ကျမအပေါ်မှာ သက်ရောက်မှုရှိခဲ့တယ် ဆိုရင်တောင် ဒါက
  •  သူတို့ကိစ္စပါ ၊ ။ ဒါပေမယ့် ဒါက ကျမသူတို့နဲ့တူအောင်လိုက်ပြီးကျင့်ကြံရမယ်လို့ မဆိုလိုပါဘူး ။ ဒါမှမဟုတ်လည်း 
  • ကျမနေသလို တခြားလူတွေက မနေလို့ ကျမက ကိုယ့်ဘ၀ကို ပြောင်းလဲပစ်ရမယ်လို့ မဆိုလိုပါဘူး ။

  • NDTV ။        ။ ပုဂိုလ်ရေးစွန့်လွှတ်မှုဟာ နိုင်ငံရေးခေါင်းဆောင်တွေကို သာမန်တည်ငြိမ်တဲ့အချိန်တွေမှာ မရတတ်တဲ့
  • (ပြည်သူအပေါ်) စိတ်ဓါတ်သြဇာလွှမ်းမိုးနိုင်မှုမျိုး ပေးတတ်တယ်နော် ။ ပုဂိုလ်ရေးဆုံးရှုံးလိုက်ရတဲ့ မယုံနိုင်စရာကာလတချို့ကို ဒေါ်စုဖြတ်သန်းခဲ့ရတယ်......နောက်ဆုံးအဆင့်အသည်းအသန်ဖြစ်နေတဲ့ ခင်ပွန်းကို 
  • မတွေ့နိုင်ခဲ့တာ ၊ အမေတစ်ယောက်အနေနဲ့ ကလေးနှစ်ယောက်နဲ့ ခွဲခဲ့ရတာ ၊ အိမ်အကျယ်ချုပ်ကျတာမျိုးတွေပေါ့ ။ ဒါပေမယ့် နေရူးမိန့်ခွန်းထဲမှာ ဒေါ်စုကပြောတယ်နော် ......ကိုယ့် စွန့်လွှတ်မှုတွေအပေါ်မှာ သိပ်အကျယ်တ၀င့်လုပ်
  • မနေသင့်ဘဲ ကိုယ့်ကိုချစ်တဲ့သူတွေ ၊ ကိုယ့်ကို သွားခွင့်ပေးလိုက်တဲ့သူတွေရဲ့ စွန့်လွှတ်ခြင်းအပေါ်မှာ ပိုပြီးအာရုံ
  • ထားသင့်တယ် .....အဲဒီလူတွေရဲ့ ရွေးချယ်မှုတွေ ၊ စွန့်လွှတ်မှုတွေဟာ ပိုပြီးခက်ခဲတတ်မယ့် ကိုယ့်ကို ချီးကျူးကြ
  • သလောက် ၊ ဟီးရိုးအဖြစ်သဘောထားကြသလောက် သူတို့လုပ်ပေးခဲ့တာကြတော့ သိပ်အရေးတယူပြောလေ့မရှိကြ
  • ဘူး တဲ့ ။ ဒေါ်စုမိသားစုရဲ့ စွန့်လွှတ်မှုဟာ ဒေါ်စုစွန့်လွှတ်ခဲ့ရတာထက် ပိုခက်တယ်လို့ နားလည်ထားတယ်ပေါ့ ။

  • Suu ။         ။ ကျမ မိသားစုရယ် လို့ တွေးပြီးပြောခဲ့တာမဟုတ်ပါဘူး ။ အမှန်ပြောရရင် ကျမ မိသားစုအတွက်က
  •  ပိုလွယ်မလားဘဲ .....ဘာကြောင့်လဲဆိုတော့ သူတို့မှ မြန်မာပြည်မှာ မနေတာလေ ။ မြန်မာတွေလည်း မဟုတ်ကြဘူး ။ 
  • ကျမတို့ လုပ်ဖော်ကိုင်ဖက် ထောင်ကျကြသွားတဲ့သူတွေရဲ့ မိသားစုတွေဆို မနည်းကို ရုန်းကန်ကြရတယ် ။ တချိန်လုံး စစ်အစိုးရရဲ့ ခြောက်လှန့်ခံနေရတယ် ။ တချိန်ထဲမှာလည်း ထောင်ကျနေတဲ့ ခင်ပွန်း ၊ ဖခင် ၊ ဇနီး ၊ ညီမ စတာတွေကိုလည်း ထောက်ပံ့ဂရိုစိုက်ရသေးတယ် ။ သူတို့အတွက် ဘ၀က တကယ်ခက်ခဲခဲ့တာပါ ။ ဒါပေမယ့်
  •  ဘယ်သူကမှ မယ်မယ်ရရ အသိအမှတ်မပြုခဲ့ကြဘူးလေ ။
  • NDTV ။        ။ ဒီလိုဆိုတော့ တနည်းပြောရရင် ကိုယ့်ပါတီလုပ်ဖော်ကိုင်ဖက်တွေရဲ့အခြေအနေ ၊ ထောင်ထဲလူတွေရဲ့
  • အခြေအနေတွဟာ ပိုဆိုးတယ်လို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးပြောနေပြီး ကိုယ့်မှာ ဖြစ်နေတာတွေကို လက်ခံနိုင်ခဲ့
  • တယ်ပေါ့ ။ ဒီလိုတွေးပြီး လက်ခံနိုင်ခဲ့တာလား ။
  • Suu ။       ။ အဲလိုတော့ မဟုတ်ပါဘူး ။ ကိုယ့်အခြေအနေကို လက်ခံဖို့တမင်ကြိုးစားတာတို့ ၊ နားလည်ဖို့အ
  • တင်းကြိုးစားတာတို့ လုပ်ခဲ့တာမဟုတ်ပါဘူး ။ အရှိကို အရှိအတိုင်း သိထားလိုက်တဲ့သဘောပါ ။ ကျမ ပါတီဝင်တချို့ရဲ့
  •  မိသားစုတွေဟာ ဆိုးဆိုးရွားရွားအချိန်တွေကို တကယ်ဘဲ ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့အချက်ကို လက်မခံလို့မှ မရတာ
  • ဘဲလေ ။

  • NDTV ။         ။ ဒေါ်စုခင်ပွန်း မိုက်ကယ်အဲရစ်စ်တည်းဖြတ်ပြီး ဒေါ်စုကိုယ်တိုင် မိတ်ဆက်စကားရေးခဲ့တဲ့ ''  
  • ကြောက်ရွံ့ခြင်းမှာ လွတ်ကင်းရေး '' ကို ဖတ်ကြည့်တော့ အဲဒီမှာ မိုက်ကယ်က ဒေါ်စုနဲ့သူ တွေ့ပုံ ၊ လက်ထပ်ဖြစ်ပုံကို ရေးထားတယ်နော် ......ဒေါ်စု ပြောခဲ့တယ်တဲ့.......တိုင်းပြည်ကို မိသားစုထက် ပိုပြီးရှေ့တန်းတင်ရမယ့်နေ့တစ်နေ့ ရောက်လာနိုင်တယ် ၊ အဲဒီအချိန်မှာ သူ့ရဲ့မေတ္တာနဲ့ ပံပိုးမှုးကို လိုလိမ့်မယ် ။ 
  • ဒီတော့ သူလည်း အဲဒီအတွက် စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ထားရမယ်လို့လေ ။ မိုက်ကယ်အတွက် အဲဒါ ဘယ်လောက်များခက်ခဲခဲ့မယ်လို့ ဒေါ်စု ထင်သလဲ ။
  • Suu ။      ။ အင်း....သူက ပြင်ဆင်ထားတယ်ဆိုတော့လည်း...........
  • NDTV ။      ။ ဒီလို အဖြစ်မျိုးကို ပြင်ဆင်ထားလို့ တကယ်ရနိုင်လို့လား ။
  • Suu ။      ။ လုံးဝကြီးတော့ ဘယ်ဟုတ်ပါ့မလဲ ။ တကယ်မဖြစ်သေးသရွေ့ ကိစ္စတစ်ခုအတွက် လုံးဝပြင်ဆင်ထားတယ်
  • ဆိုတာ ရှိမှ မရှိတာ ။ ဒါပေမယ့် သူ့အတွက် ဒါက အံသြစရာတစ်ခုအနေနဲ့ရောက်လာခဲ့တာတော့ မဟုတ်ပါဘူး ။



  • NDTV ။      ။ ဒေါ်စု ခဏ ခဏပြောခဲ့တယ်နော် ...... ဒါဟာ ရွေးချယ်မှုတစ်ခုကို လုပ်နေတာတဲ့ ။ နိုင်ငံရေးသမား
  • တစ်ယောက်အနေနဲ့ မြန်မာပြည်မှာနေပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ ဒေါ်စု ရွေးချယ်ခဲ့တယ် ။ ဒါပေမယ့် 
  • လူသားတိုင်းဟာ ကိုယ်လုပ်တာအပေါ်မှာ သံသယ၀င် မသေမချာ ဖြစ်တတ်ကြတာဘဲလေ ။ "' တကယ်လို့များ '' ဆိုတဲ့အတွေးဝင်တတ်တဲ့အချိန်တွေ ရှိကြတယ် ။ နောက်ကို ပြန်လှည့်ကြည့်ပြီး '' အင်း.....ငါတော့ ဒါမျိုးမလုပ်ဘဲ နောက်တနည်းနဲ့လုပ်ခဲ့သင့်တယ် '' ဆိုတဲ့ နောင်တမျိုးရတတ်ကြတယ် ။ ကိုယ့်ရွေးချယ်ချက်တွေ
  • အတွက် အဲလို ၀မ်းနည်းနောင်တရတာ ၊ သံသယဖြစ်တာ ရှိတတ်သလား ။ ဒေါ်စုရဲ့ ရွေးချယ်မှုဆိုတာတွေဟာ အံ့မခန်း ရဲရဲတောက်တွေလေ ။
  • Suu ။        ။ ကျမရဲ့တိုင်းပြည်နဲ့ ကျမယုံကြည်ရာကို ရွေးချယ်ခဲ့တာအတွက် ဘယ်တုန်းကမှ သံသယ မ၀င်ခဲ့ဖူးပါဘူး ။ တခါတလေမှာတော့ ကျမလုပ်နေတဲ့ အလုပ်တွေ နည်းမှန်လမ်းမှန်မှ ရှိရဲ့လားလို့ စိုးရိမ်တာတော့ ရှိတာပေါ့ ။
  • NDTV ။     ။ ဟုတ်မဟုတ်တော့ မသိဘူး ။ အင်မတန် ရင်ထဲထိတဲ့ အကြောင်းတစ်ခုကို ကျမဖတ်ရတယ် ။ ဒေါ်စုက
  •  မြန်မာပြည် ပြန်လာလို့ မရမှာစိုးလို့ မိုက်ကယ်ကို သွားမတွေ့နိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ မိုက်ကယ်အတွက် နောက်ဆုံးနှုတ်ဆက်စကားပြောထားတဲ့ တိတ်ခွေလေးကို ဗြိတိန်သံရုံးကနေ ပို့လိုက်တယ်ဆို ။ 
  • ဒါပေမယ့် အချိန်မှီရောက်မသွားဘူးတဲ့ ။ အဲဒါကို ဖတ်ရတယ် .....အမှန်က ဘယ်လိုဖြစ်ခဲ့တာလဲ မသိဘူးနော် ။
  • Suu ။ ။ ဟုတ်ကဲ့.....အချိန်မှီ မရောက်သွားဘူးလို့ ထင်ပါတယ် ။


  • NDTV ။ ။ ကြားရတာတောင် တကယ့်ကို ရင်နင့်စရာပါဘဲ .......ဒေါ်စု ဘယ်လို ခံစားခဲ့ရမယ်ဆိုတာ ကျမ
  •  တွေးတောင် မတွေးနိုင်ပါဘူးရှင် ။
  • Suu ။       ။ ကျမကတော့ အဲဒါကို အရမ်းကြီး တွေးမနေခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အရေးကြီးတာက 
  • သူတတ်နိုင်သမျှ သက်သက်သာသာ လောကကြီးထဲက ထွက်သွားနိုင်ဖို့ဘဲလေ ။ အဲဒီနှုတ်ဆက်စကားကိုအချိန်မှီ
  •  ကြားခဲ့ရရင်တောင် သူ့အတွက် သိပ်တော့ ထူးသွားမယ် မထင်ပါဘူး ။
>
  • NDTV ။     ။ အိန္ဒိယကို ရောက်ကတည်းက လူတွေက အကြိမ်ကြိမ်မေးကြတယ်လို့ ဒေါ်စု ပြောတယ်နော် ....ဒေါ်စုရဲ့ အိန္ဒိယအပေါ်ထားတဲ့ မျှော်လင့်ချက်တွေအကြောင်းကိုလေ ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာ အိန္ဒိယဟာ ဟိုးအရင်ကလို မရပ်တည်ပေးတော့တဲ့အတွက် ဒေါ်စု စိတ်ပျက်သွားရသလားပေါ့ ။ '' စိတ်မကောင်းဘူး '' လို့ ဒေါ်စုက ဖြေခဲ့တယ်နော် ။ အခု ဒေါ်စု အိန္ဒိယကို ရောက်လာပြီ ၊ အိန္ဒိယပြည်သူတွေဆီကနေ အံ့မခန်း တုန့်ပြန်မှုရတယ်ဆိုတော့ စိတ်မကောင်းတာ နည်းနည်းသက်သာသွားပြီလား ။
  • Suu ။     ။ ပြောရရင်တော့ ဟိုးအရင်က စိတ်မကောင်းဖြစ်ခဲ့တာပါ ။ ဒါပေမယ့် အဲဒီစိတ်မကောင်းဖြစ်တာကို ကျမ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါပြီ ။ ဘာကြောင့်လဲဆိုတော့ ကျမပြောခဲ့သလိုဘဲ တစ်ခုခုကို မျှော်လင့်ဖို့ ၊ 
  • သို့မဟုတ် စိတ်ပျက်ဖို့အခွင့်အရေး ကျမမှာ မရှိပါဘူး ။ အိန္ဒိယလူမျိုးမိတ်ဆွေများနဲ့ ကျမကြားက နှစ်ရှည်လများခင်
  • မင်ရင်းနှီးမှုလည်း ဘယ်လိုနည်းနဲ့မှ မထိခိုက်ခဲ့ပါဘူး ။ ဒီရင်းနှီးမှုကြောင့်ဘဲ ကျမနဲ့ အိန္ဒိယကြားမှာ အင်မတန် ပုံမှန်
  • တဲ့ ဆက်သွယ်မှုတွေ ရှိခဲ့တာပါ ။
  • NDTV ။     ။ ဒါပေမယ့် ပုဂိုလ်ရေးအရ ရင်းနှီးဆက်ဆံတာအပြင် အတွေးအခေါ် မျှော်မှန်းချက်တွေအရ စိတ်ပျက်ရ
  • တာမျိုးရော မရှိခဲ့ဘူးလား ။
  • Suu ။     ။  ပြောခဲ့ပြီးသလိုဘဲ ကျမမှာ စိတ်ပျက်ဖို့ အခွင့်အရေးမရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စိတ်ပျက်
  • တယ်ဆိုတာ တစ်ယောက်ယောက်ဆီက တစ်ခုခုကို မျှော်မှန်းခွင့်ရှိပြီး အဲဒီမျှော်မှန်းချက်တွေ မပြည့်လို့ 
  • စိတ်ပျက်တယ် လို့ ဆိုလိုတာလေ ။ တကယ်က အဲလိုမှ မဟုတ်တာ..... လူတွေအချင်းချင်းကြားထဲ အဲဒီလို မရှိသင့်
  • ပါဘူး ။ တိုင်းပြည်တွေအချင်းချင်းကြားထဲဆိုတာ ခဏထားဦး ။ နိုင်ငံရေးဆိုတာ လက်တွေ့တွေ အများကြီးပါပါတယ် ။ 
  • အိန္ဒိယအနေနဲ့ တစ်စုံတစ်ခုသော လမ်းကြောင်းကိုလိုက်တာက သူတို့အတွက်ပိုလက်တွေ့ကျမယ် ထိရောက်မယ်ဆို
  • ရင် အဲဒီလမ်းကြောင်းကိုလိုက်ရုံပေါ့ ။ အဲဒါဟာ ကျမတို့ မျှော်လင့်တဲ့လမ်းကြောင်း ဖြစ်ချင်မှလည်း ဖြစ်မယ်လေ ။ 
  • ဒါပေမယ့် ကျမတို့မှာ အိန္ဒိယကိုရယ်မှမဟုတ်ပါဘူး ......တခြားဘယ်နိုင်ငံကိုမဆို သူတို့အတွက်ကောင်းတယ်ထင်တဲ့လမ်းကိုလိုက်တာကို ရှုံ့ချအပြစ်တင်နေခွင့် မရှိပါဘူး ။

  • NDTV ။ ။ ဒါဆို ကိုယ့်အနေနဲ့ တစ်ခုခုကို မျှော်လင့်ခွင့်ရှိတဲ့လူတစ်ယောက်များ ရှိသလား
  • Suu ။    ။ ရှိပါတယ် ။ ကျမကိုယ်တိုင်ဆီကပေါ့
  • NDTV ။    ။ ဒါဘဲလား ။
  • Suu ။     ။ ဒါပါဘဲ ။
  • NDTV ။      ။ အခု မြန်မာပြည်မှာ ဒီမိုကရေစီအခြေအနေ ဘယ်လိုရှိလဲ နည်းနည်းပြောပြပါဦး ။ နောက်ပြန်မလှည့်နိုင်
  • တဲ့ အခြေအနေထိ မရောက်သေးဘူးလို့ ဒေါ်စုက ခဏခဏပြောခဲ့တယ်နော် ။ ပိတ်ဆို့ထားတာတွေကို လျှော့ချဖို့ အချိန်ရောက်ပြီလို့လည်း ဒေါ်စုပြောခဲ့တယ် ။ များစွာသော အမေရိကန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ 
  • ပိတ်ဆို့မှုတွေကိုသာ အခု လျော့ချလိုက်ရင် ဒီလမ်းစဉ်ဟာ နောက်ကို တစ်လှမ်းဆုတ်သွားနိုင်တယ် လို့ စိုးရိမ်နေကြ
  • တယ် ။ ဒီစိုးရိမ်မှုတွေကိုရော ဒေါ်စု သဘောတူသလား ။
  • Suu ။       ။ ပိတ်ဆို့မှုတွေအပေါ်မှာချည်း ကျမတို့ တည်မှီမနေသင့်ပါဘူး ။ ပြင်ပအကြောင်းတရားတွေတွေအပေါ်မှာ အလွန်အကျွံအားကိုးသင့်တယ်လို့လည်း ကျမ မထင်ပါဘူး ။ ပြည်ပက အားပေးမှုအဟာ အရမ်းကို အရေးကြီးပါတယ်
  •  ။ ဒါပေမယ့် လမ်းမှန်ကို ဆက်လျှောက်နိုင်ဖို့ရာအတွက် ကျမတို့မှာရှိတဲ့ကိုယ်ပိုင်စွမ်းအားအရင်းအမြစ်တွေကို ပိုတိုး
  • တက်အောင် လုပ်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ် ။

  • NDTV ။       ။ အခုဆိုရင် ဒေါ်စုဟာ လွှတ်တော်ထဲကို ရောက်နေပြီနော် ။ မြန်မာပြည်လက်ရှိနိုင်ငံရေးထဲမှာ ပါဝင်နေပြီ ။
  •  မြန်မာပြည်မှာ အချင်းချင်းရင်ကြားစေ့ရေးအတွက် ကြိုးပမ်းပေးနေတယ် ။ အဲဒီလိုလုပ်ရာမှာ တွဲလုပ်ရတာက ဒေါ်စုကို
  •  နှစ်ပေါင်းများစွာ အိမ်အကျယ်ချုပ်ထားခဲ့တဲ့ ၊ ဒေါ်စုနဲ့ မိသားစုကို ခွဲထားခဲ့တဲ့ စစ်တပ်နဲ့လေ ။ ဒါပေမယ့် '' ခါးသီးနာ
  • ကျည်းမှု '' အရိပ်အယောင်တစ်ခုမှ ဒေါ်စုဆီမှာ မတွေ့ရဘူးနော် ။ တကယ်တနေရာရာမှာများ ရှိနေမလားတော့
  •  ကျမလည်း မပြောတတ်ဘူးလေ ။ အဲဒီလို နာကျည်းခါးသီးမှု မဖြစ်အောင် ဘယ်လိုများလုပ်ထားပါသလဲ ။
  • Suu ။        ။  မပြောတတ်ပါဘူး ။ တကယ်တော့ ကျမက လူတွေကို သဘောမကျတာထက် ကျတာ များပါတယ် ။ 
  • ဒါကဘဲ အဲလိုသဘောထားနိုင်အောင် အထောက်အပံ့ပေးခဲ့တယ်နဲ့ တူပါရဲ့ ။ ကျမစိတ်ကိုက လူတွေကို နှစ်လိုသဘောကျတတ်တယ်လို့ ထင်ပါတယ် ။
 

  • NDTV ။        ။  အဲဒီလိုစိတ်ရှိရင်တောင် ဖြတ်သန်း ကြုံတွေ့ခဲ့ရသမျကို ဘယ်လိုလုပ် လက်ခံနိုင်ခဲ့တာလဲ ။ 
  • ဘယ်လိုလုပ် လူတွေကို ယုံကြည်နိုင်သေးတာလဲ ။ အရေးအကြီးဆုံးမေးခွန်းကတော့ ကိုယ်တိုင်က စစ်အစိုးရရဲ့ 
  • လုပ်ရပ်တွေကြောင့် ဆုံးရှုံးခံစားခဲ့ရရက်နဲ့ သူတို့အပေါ်မှာ နိုင်ငံရေးယုံကြည်မှု  ဘယ်လိုလုပ် ထားနိုင်သလဲ ။


  • Suu ။       ။  ကျမက သူတို့ကို အစိုးရတစ်ရပ်သက်သက် သာ သဘောထားတာ မဟုတ်ပါဘူး ။ အစိုးရ ဆိုတာ လူတွေနဲ့ ဖွဲ့စည်းထားတာဘဲလေ ။ ဒီတော့ အစိုးရတို့ ၊ စစ်တပ်တို့ကို လူတွေအနေနဲ့လည်း မြင်ပါတယ် ။ လူတိုင်းဟာ သံသယ
  • ရဲ့ အကျိုး the benifit of the doubt ဆိုတာကို ခံစားခွင့်ရှိတာဘဲလေ ။ သူတို့သာ ပြန်ကောင်းချင်တဲ့
  •  ဆန္ဒရှိမယ်ဆိုရင် အဲလို လုပ်ဖို့ အခွင့်အရေး ပေးရမှာပေါ့ ။


  • NDTV ။     ။ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တယ်နော် ......ဒေါ်စုက စစ်ဗိုလ်တွေအပေါ်မှာ တမင်တကာ မုန်းတာမျိုး 
  • မရှိပါဘူး လို့ လေ ။ ဒေါ်စုအဖေဟာ တနည်းအားဖြင့် မြန်မာစစ်တပ်ကို တည်ထောင်ခဲ့သူပါဘဲ .... ဒါပေမယ့် ဒါတောင်
  •  လူတွေက ဒေါ်စုအဲလို ပြောတာကြားတော့ အံ့အားတွေ သင့်ကုန်ကြတယ် ။ စစ်ဗိုလ်တချို့ကို သဘောကျပါတယ်
  • ဆိုတော့ အံ့သြကုန်ကြတယ် ။  အတော်ကို လန့်ကုန်ကြတယ်နော် ။
 

  • Suu ။      ။  ဟုတ်ပါတယ် ။ တချို့က အတော်လေး စိတ်ဆိုးကြတယ် ။ ဒါပေမယ့်  သူတို့ အဲလိုဖြစ်တာကို ကျမလည်း 
  • အရမ်းကို အံ့သြမိတယ် ။ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ ၂၄ နှစ်လုံးလုံး ကျမ ဒီလိုဘဲ ပြောခဲ့တာပါ ။
  •  လူတွေကသာ ကျမပြောတာကို သေချာနားမထောင်ခဲ့ကြတာလေ ။ စစ်တပ်အပေါ်ကို မေတ္တာရှိပြီးသားပါဆိုတာ ကျမအမြဲဘဲ ပြောခဲ့ပါတယ် ။ ကျမအတွက် ဖေ့ဖေ့ရဲ့ ပထမဆုံးအမှတ်တရတွေဟာ ယူနီဖောင်းဝတ်ထားတဲ့ ဖေ့ဖေ့ရဲ့
  • ပုံရိပ်တွေဆိုတာ သိကြမှာပါ  ။ လူကိုယ်တိုင်မမှတ်မိတော့ ဓါတ်ပုံတွေထဲကဘဲ မှတ်မိရတာပါ ။ အဲဒီဓါတ်ပုံအများစုမှာ
  •  ဖေဖေက စစ်ယူနီဖောင်းနဲ့ပါဘဲ  ။ ဒီတော့ စစ်ဝတ်စုံဝတ်ထားတဲ့လူတွေဆိုရင် ချစ်ခင်စရာကောင်းတဲ့လူတွေကို
  •  အမြဲတမ်း သဘောထားမိပါတယ် ။ ဒီလောကကြီးထဲမှာ ကျမအချစ်ခင်ရဆုံးက ကျမအဖေပါဘဲ ။ အဲဒီအဖေက ဓါတ်
  • ပုံတွေထဲမှာ အမြဲတမ်းစစ်အ၀တ်အစားနဲ့ဆိုတော့ အဲလိုဝတ်ထားသူတွေကို ကျမ သဘောကျတာ သဘာဝပါဘဲ ။ အဲဒီချစ်ခင်မှုဟာ ပျောက်ပျက်သွားတယ်ဘဲ မရှိပါဘူး ။ စစ်တပ်က လုပ်ခဲ့တာတွေကို ကျမ အရမ်းကို ပြင်းပြင်းထန်ထန်
  •  ရှုံ့ချခဲ့တယ် ။  အထူးသဖြင့် ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းအပြီးမှာပေါ့ ။ ဒါပေမယ့် ဒီလို ရှုံ့ချမှုကြောင့်  
  • စစ်တပ်အပေါ်မှာနဲ့ စစ်တပ်ထဲက လူတချို့အပေါ်မှာ ယေဘုယျအားဖြင့် ကျမရဲ့ နက်ရှိုင်းတဲ့ မေတ္တာကတော့
  •  မပျောက်သွားခဲ့ပါဘူး ။
 

  • NDTV  ။       ။  လူတွေ ဒေါ်စုအဲလိုပြောတော့ ကြောက်လန့်တကြား တုန့်ပြန်ကြတယ် နော် ။ အထူးသဖြင့် အနောက်ကမ္ဘာကလူတွေပေါ့ ။ ဒေါ်စုက အဲဒါကိုကြားတော့သဘောကျ ပြုံးရယ်မိတာမျိုး ရှိလား ။


  • Suu  ။     ။ဟုတ်ကဲ့ ။ ကျမ ရယ်လည်း ရယ်မိပါရဲ့ ။ အရင်က ကျမ ပြောနေတာတွေကို လူတွေ ဂရုတစိုက်နားထောင်မနေဘူးဆိုတာကိုလည်း နားလည်လာရပါတယ် ။ တလျောက်လုံး ကျမပြောနေတာတွေကိုသာ နားထောင်နေကြမယ်ဆိုရင် အံ့သြကြမယ် ၊ လန့်ကြမယ် မထင်ပါဘူး ။


  • NDTV ။    ။  ဒေါ်စုအတွက် ပုဂိုလ်ရေးဟာ နိုင်ငံရေးဘဲလို့ ကျမ ထင်ပါတယ် ။ ဒေါ်စုရဲ့ဘ၀ဟာ နိုင်ငံရေးနဲ့ ထပ်တူကို
  •  ဖြစ်နေတယ်လေ ။ နေရူး အထိမ်းအမှတ် မိန့်ခွန်းမှာတောင် အဖေအပေါ်ထားတဲ့ မေတ္တာနဲ့ တိုင်းပြည်အပေါ်ထားတဲ့ မေတ္တာအကြောင်းကို ပြောခဲ့သေးတယ်နော် ..... အဲဒီနှစ်ခုဟာ တစ်ခုကိုတစ်ခု ဆက်နွယ်နေ
  • တာ ဖြစ်နိုင်တယ်လို့လေ ။ မေးချင်တာက  ဒေါ်စုဆိုတဲ့ လူတစ်ယောက်နဲ့ ဒေါ်စုဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်ကြားမှာ တစ်သက်လုံး ဘာကွာခြားချက်မှမရှိခဲ့တာလား ။  
  •  ဒါမှမဟုတ် အဲဒီသဘောကို  ဒီတိုက်ပွဲတနေရာရာကျမှ ဒေါ်စု သိခဲ့ရတာလား ။ 


  • Suu ။      ။ ကျမကတော့ တသက်လုံး ဘာကွာခြားချက်မှာ မရှိခဲ့ဘူးလို့ ထင်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျမအဖေကို နိုင်ငံရေးသမားတစ်ယောက်ပုံရိပ်နဲ့ ခွဲခြားပစ်လို့ မရပါဘူး ။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး ကျမလေ့
  • လာမိတဲ့ ပထမဆုံးအရာကတော့ သူ့ရဲ့ အတိုင်းပြည်အပေါ်ထားတဲ့ မေတ္တာပါဘဲ ။ တခြားကလေးတွေရော သူတို့ 
  • မိဘတွေဆီက ဒီလိုအကြောင်းမျိုးကို လေ့လာကြသလားတော့ ကျမမသိဘူးပေါ့လေ  ။

  • NDTV ။         ။ သိတဲ့အတိုင်းဘဲ ဒေါ်စုက တမင်တကာ မလုပ်ယူခဲ့ပေမယ့် အခုဆိုရင် အောင်ဆန်းစုကြည်ဆိုတာ 
  • ကမ္ဘာတ၀ှမ်းက လူ့အခွင့်အရေးလှုပ်ရှားမှုပိုစတာတွေပေါ်မှာ မကြောက်တရားရဲ့ ပြယုဂ် အဖြစ် အမြဲတွေ့နေရ
  • သူတစ်ယောက် ဖြစ်လာပါပြီ ။ ဒါပေမယ့် ဒေါ်စုကို ထောက်ခံအားပေးသူတချို့က  မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေးအကြမ်းဖက်မှုကိစ္စကို ဒေါ်စုက ပြတ်ပြတ်သားသားပြောဆိုခြင်းမရှိဘူးဆိုပြီး စိတ်ပျက်ကြတယ် ။ တခြားအင်တာဗျူးတွေမှာလည်း ဒေါ်စု ပြောပြီးသားဆိုတာ ကျမသိပါတယ်......အခြေအနေကို စနစ်တကျ နည်းမှန်လမ်းမှန်မကိုင်တွယ်ကြလို့ ဆိုပြီးတော့လေ ။ ဒါပေမယ့် ဘယ်အုပ်စုဆိုတာကိုတော့ ဒေါ်စုက မပြောချင်
  • ဘူးနော် ။ အုပ်စုချင်းဖြစ်တဲ့ ပြသာနာမဟုတ်လို့လား ။
  • Suu ။        ။ အဲဒီလိုပြောတာကိုက မဟုတ်တာပါ ။ ကျမအနေနဲ့အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် ကျမအမြင်ကို 
  • မပြတ်မသားပြောတာ မရှိပါဘူး ။ အကြမ်းဖက်မှုဆိုတာ ကျမလုံးဝ စက်ဆုပ်ပြီး လုံးဝရှုံ့ချတဲ့ အရာပါ ။ ဒါပေမယ့် အကြမ်းဖက်မှုကို နှစ်ဖက်လုံးက ကျူးလွန်ထားတယ်ဆိုတာကို မမေ့ပါနဲ့ ။ ဒါကြောင့်ဘဲ ဘယ်ဘက်ကိုမှ ကျမ 
  •  ဘက်မလိုက်ခဲ့တာပါ ။ ဒီအုပ်စုနှစ်ခုလုံးအတွက် ရင်ကြားစေ့ရေးကိုသာ လုပ်ချင်ပါတယ် ။ ဘက်လိုက်လို့ရှိရင်
  •  reconciliation ဆိုတာ လုပ်လို့ ရမှာမဟုတ်ဘူး ။

  • NDTV ။ ။ ဒါပေမယ့် ဘယ်နိုင်ငံကမှ မလိုချင်တဲ့ အုပ်စုတစ်ခု .....ဆိုလိုတာက ဘင်ဂလားဒေ့ရှ်က သူတို့နဲ့ မဆိုင်ဘူး
  • လို့ ဆိုတယ် ၊ မြန်မာပြည်ကလည်း သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုတယ် ။ ဒါဟာ တကယ့်ကို နိုင်ငံတကာအဆင့် 
  • ၀မ်းနည်းဖွယ်ကိစ္စကြီးပါဘဲ ။
  • Suu ။      ။ ဟုတ်ပါတယ် ။ ဒါဟာ နိုင်ငံတကာနဲ့ချီတဲ့ tragedy ပါဘဲ ။ ဒါကြောင့်လည်း အစိုးရမှာ နိုင်ငံသားဥပဒေတွေအတွက် ပေါ်လစီရှိရမယ်ဆိုပြီး ကျမ တချိန်လုံးပြောနေတာပေါ့....။ ကျမတို့မှာ
  •  နိုင်ငံသားဥပဒေ ရှိပါတယ် ။ အဲဒီနိုင်ငံသားဥပဒေနဲ့ အကျုံးဝင်ရင် နိုင်ငံသားပေးကို ပေးရမှာပါ ။ ကျမတို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ ။ အခု ဘယ်သူက ဥပဒေအရ နိုင်ငံသားအစစ်တွေလဲ ၊ ဘင်္ဂလားဒေ့ရှ်ကများ ၀င်
  • လာလေဦးမလားဆိုတဲ့ အငြင်းပွားမှုတွေ ရှိနေတယ် ။ ဒီပြသာနာမှာ စိတ်ဝင်စားဖို့လည်းကောင်း စိတ်ပျက်စရာလည်း
  •  ကောင်းတဲ့ အချက်တစ်ခုကတော့ လူတော်တော်များများက ဒီကမ္ဘာနဲ့ချီဖြစ်တဲ့ ကိစ္စမှာ တစ်နိုင်ငံဘဲ ပါဝင်ပတ်
  • သက်နေတယ်လို့ ထင်နေကြပုံပါဘဲ ။ တကယ်က နိုင်ငံနှစ်နိုင်ငံပါနေတာပါ ။ မြန်မာနိုင်ငံက တစ်ဘက်ပေါ့ ။ ဒီတော့ နယ်စပ်လုံခြုံရေးဆိုတာ နှစ်နိုင်ငံလုံးရဲ့ တာဝန်ပါဘဲ ။ အခုပုံစံက မြန်မာတစ်နိုင်ငံကဘဲ နယ်စံလုံခြုံရေးကို လုံးဝတာဝန်
  • ရှိနေတယ်လို့ လူတိုင်းက ထင်နေပုံပါဘဲ ။
  • NDTV ။      ။ ဒီအကြပ်အတည်းကြီးကနေ ထွတ်နိုင်ဖို့အတွက် ဘယ်ဟာကများ အကောင်းဆုံးအဖြေဖြစ်မယ်ထင်လဲ ။
  • Suu ။       ။ ပထမဆုံးအနေနဲ့ ဥပဒေနဲ့ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရမယ် ။ နောက်ထပ် အကြမ်းဖက်မှုမဖြစ်အောင်
  •  တားဆီးရမယ် ။ ဆိုလိုတာက လုံလောက်တဲ့ လုံခြုံရေးတွေ ထားပေးရမယ် ။ ပြီးရင် နိုင်ငံသားဥပဒေကို သေသေချာချာ
  •  စီစစ်ရမယ် ။ နိုင်ငံသားဖြစ်ခွင့်ရှိသူကို နိုင်ငံသားပေးရုံမကဘဲ နိုင်ငံသားအခွင့်အရေးတွေလည်း ပေးရမယ် ။ ပြီးရင် နိုင်ငံခြားသားလာရောက်နေထိုင်သူတွေနဲ့ကိစ္စကိုလည်း စဉ်းစားရမယ် ။ခုထိကို တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်
  • လာတာတွေ ရှိနေသေးတယ် ။ အဲဒါကို တားနိုင်ရမယ် ။ အဲလိုမှမတားရင် ဒီပြသာနာပြီးမှာ မဟုတ်ဘူး ။ ဘာကြောင့်
  • လည်းဆိုတော့ ဒီလူတွေဟာ မြန်မာဘက်ကပါလို့ ဘင်္ဂလားဒေ့ရှ်က ဆိုဦးမှာဘဲ ။ မြန်မာဘက်ကလည်း သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က လာတာလို့ ပြောဦးမှာဘဲ ။ ဘယ်သူက မှန်တယ်ဆိုတာ ပြဖို့ အထောက်အထားက ဘယ်မှာလဲ ။

  • NDTV ။       ။ သိပ်ကို ရှုပ်ထွေးတဲ့ကိစ္စဆိုတာ သံသယဖြစ်စရာမရှိပါဘူး ။ ဒါနဲ့ မြန်မာပြည်က အခု ဖွင့်ပေးလိုက်ပြီ
  • ဆိုတော့ အိန္ဒိယနဲ့တရုပ်တို့ မြန်မာပြည်ကို လွှမ်မိုးဖို့ ပြိုင်ကြတဲ့ကြားမှာ စစ်မြေပြင်လို ဖြစ်လာမှာ ဒေါ်စု မစိုးရိမ်ဘူး
  • လား ။
  • Suu ။      ။ မစိုးရိမ်ပါဘူး ။ လူတွေက ဒီလို မြင်နိုင်တယ်ဆိုတာတော့ စိတ်ထဲ မှတ်ထားရမှာပေါ့ ။ တခါတလေမှာ လူတွေမြင်တဲ့ပုံစံအတိုင်း ဖြစ်လာတတ်တာတွေ ရှိတယ်လေ ။ ဒါကြောင့် ဂရုတော့ စိုက်ရမယ် ။ ဖြစ်လာနိုင်တဲ့ ပြသာ
  • နာတွေကို သတိရှိရမယ် ။ ဒါပေမယ့် worried တို့ afraid တို့ကတော့ သုံးဖို့ မလိုပါဘူး ။ ကျမကတော့ ဂရုစိုက်
  • တယ် ၊ သတိထားတယ် လို့ ဘဲ သုံးဖြစ်မယ်ထင်တယ် ။
  • NDTV ။      ။ ရှေ့ကို ဆက်သွားရင်းနဲ့ နောက်ကိုလည်း ပြန်တော့ လှည့်ကြည့်မိမှာဘဲလေ ။ ဒေါ်စုရဲ့ ဘ၀မှာ 
  • စိတ်အလှုပ်ရှားရဆုံး ဒါမှမဟုတ်လည်း အဓိပ္ပါယ်အရှိဆုံးအချိန်တခုခုများ ဘ၀မှာ ရှိခဲ့ဖူးသလား ။
  • Suu ။     ။ တခုခုသတ်သတ်မှတ်မှတ်ကြီး ရွေးထုတ်ပြောရမှာတော့ သိပ်ခက်ပါတယ် ။
  • NDTV ။ ။ ဒါဆို အဲဒါမျိုး အများကြီးရှိခဲ့ဖူးလို့လား ။
  • Suu ။       ။ ဟုတ်ပါတယ် ။ များတော့ အတော်များတယ် ။
  • NDTV ။      ။ ဒီနေ့အခုလို စကားပြောနေနိုင်တာကို '' ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း '' ကြောင့်လို့ ပြောလို့ရမလား ။
  •  ဆိုလိုတာက ဒေါ်စုရဲ့ အသက်ကို ပေါ်ပေါ်ထင်ထင်ရန်ရှာမှုတွေ ရှိခဲ့တယ် .....အဲဒီထဲကမှ အဆိုးဆုံးကတော့
  •  သေနတ်နဲ့ချိန်ထားတဲ့ စစ်သားတွေဆီကို ပစ်မယ် မပစ်ဘူး အသေအချာမသိဘဲ လျှောက်သွားတဲ့အဖြစ်ပေါ့ ။ သူတို
  •့ တွေ ပစ်ရင်လည်း ပစ်နိုင်တာဘဲလေ ။ နောက်အဖြစ်ကတော့ ကားကို လမ်းဘေးတစ်နေရာမှာ ရပ်ထားတုန်း တိုက်ခိုက်
  • ခံရတာ ၊ ဒရိုင်ဘာက အကြပ်အတည်းထဲကနေ ထွက်လာနိုင်ပေမယ့် အဲဒီ ၂၀၀၃ ညမှာ လူပေါင်း ၇၀ လောက်သေသွား
  • တယ်နော် ။
  • Suu ။    ။ အဲဒီကိစ္စမှာ လူ ( ၇၀ ) တော့မသေပါဘူး ။ အဲဒီထက် နည်းမယ်လို့ ထင်ပါတယ် ။

  •   NDTV ။      ။ ဟုတ်ပါပြီ ။ သတင်းတွေက ရာနှုန်းပြည့်မတိကျတာ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျမပြောချင်တာက ရိုးရိုးလေးပါ....ဒေါ်စုဟာ ကိုယ့်ဘ၀ကြီး အန္တရာယ်ထဲကို ကျနေပြီဆိုတာ သိတယ် ။ ထိခိုက်ပျက်စီးသွားနိုင်တယ်ဆို
  • လည်း သိတယ် ။ ဒီတော့ မေးချင်မိတာက ဘ၀တလျှောက်လုံး ဘယ်တော့မှကို မကြောက်ခဲ့တာလား ။ ဒါမှမဟုတ် 
  • အကြောက်တရားကို အလွှမ်းမိုးမခံဘူးဆိုပြီး ကိုယ့်ဖာသာကိုယ် အကြိမ်ကြိမ်လေ့ကျင့်ပေးခဲ့တာလား ။
  • Suu ။     ။ အဲဒီလိုဖြစ်တဲ့ အကြိမ်တိုင်းမှာ တွေးစရာတွေက များလွန်းတော့ ကြောက် ၊ မကြောက်တွေးနေဖို့ အချိန်
  •  မရဘူးဆိုပါတော့ ။ လက်တွေ့ကျကျတွေးမိဖို့လိုတယ်လေ ။ ဥပမာအားဖြင့် ပထမပြောတဲ့ အဖြစ်တုန်းက ပစ်မယ်
  • ဆိုပြီး ချိန်းခြောက်တဲ့ ဗိုလ်မှုးပြောလိုက်တဲ့စကားက '' လမ်းပေါ်က ဖယ်ရင်ဖယ် ၊ မဖယ်ရင် ပစ်မယ် '' တဲ့ ။
  •  ကောင်းပြီလေ....ဒီလိုဆို ကျမအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပစ်ခံမလား ၊ လမ်းလယ်ကောင်က လျှောက်မလား 
  • ဆုံးဖြတ်ရပြီ ။ ဒီတော့ ကျမလည်း ကောင်းပြီ ၊ လမ်းဘေးကပ်ရပ်ကြမယ် လို့ ပြောလိုက်တယ် ။ အဲတော့ သူက
  •  ပြောပြန်တယ် ။ ကျမကို အချိန်မရွေး ၊ နေရာမရွေး ပစ်နိုင်တယ် တဲ့ ။ အဲလိုပြောတာတော့ သိပ်သဘာဝမကျ
  • ဘူးလေ ။

  •  NDTV ။           ။ ဒေါ်စုပြောချင်တာကို ကျမ နားလည်ပါတယ် ။ တခါတလေမှာ အတွေးအခေါ်တွေနဲ့ချည်း ပတ်သက်
  • တာမျိုးတွေ ဖြစ်တာ မဟုတ်ဘူး ၊ ကိုယ်ရွေးချယ်လိုက်တာတွေက ကိုယ့်ရဲ့ အနာဂတ်ကို သွားသက်ရောက်တတ်တယ် 
  • လို့ ဆိုလိုတာမဟုတ်လား ။ တစ်ကြိမ်ကြိမ်မှာတော့ ငါဟာ တကယ်သေသွားနိုင်မလား ဆိုပြီး ကိုယ့်ကိုယ်ကို မေးမိတာ
  • မျိုး ရှိတယ်လေ .....အဲသလောက် ဖြစ်ရတာ တန်လို့လား စသည်ဖြင့် ပြန်မေးခွန်းထုတ်ရတာပေါ့နော်  ။
  •  Suu ။             ။ အဲလိုတော့ မဟုတ်ပါဘူး ၊ လက်တွေ့ကျကျ စဉ်းစားရတာတော့ အမှန်ပါဘဲ ။   လမ်းပေါ်က လျှောက်
  • ရင် သူကျမတို့ကို ပစ်နိုင်မလား ဆိုပြီး ကိုယ့်ဖာသာကိုယ် စဉ်းစားရတယ်လေ ......ပစ်နိုင်မယ်ဆိုတော့ လမ်းဘေးကပ်
  • ရပ်တာက ပိုသင့်တာပေါ့ ။
  • NDTV ။ ။ဒေါ်စုအကြောင်းနဲ့ ပတ်သက်ပြီး လူတွေ ပြောလေ့ရှိတဲ့တစ်ခုက ဒေါ်စုဟာ အင်မတန် စိတ်ဓါတ်ရေးရာအားကောင်းတဲ့သူတစ်ယောက်ပါ တဲ့ ။ အဲဒီစိတ်ဓါတ်ဟာ ဒေါ်စုလုပ်တဲ့ နိုင်ငံရေးနဲ့ တကွဲစီ ဖြစ်မနေ
  • ဘူး .....တဲ့ ။ ဒီစိတ်ဓါတ်ရေးရာအားကောင်းမှုကဘဲ နှစ်ပေါင်းများအတွင်းမှာ ခွန်အားတွေ ဖြစ်စေခဲ့တာလား ။ ဘာကြောင့်လည်းဆိုတော့ အခု ကျမဆိုရင် ဒေါ်စုကို အခုတစ်ကြိမ်ပထမဆုံးတွေ့တာဘဲ....ဒါပေမယ့် ဒေါ်စုက သိပ်တည်ငြိမ်လွန်းတော့ စကားပြောတာနဲ့တင် အဲဒီတည်ငြိမ်မှုက ကျမကို ကူးစက်လာသလို ခံစားရတယ် ။ ဒေါ်စု
  •  ဘ၀မှာ အဲဒီလို ကိစ္စအ၀၀ကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်အနေနဲ့ ဘယ်လိုကြောင့် ဒီလောက် တည်ငြိမ်အေးချမ်းပြီး 
  • ကြံခိုင်နေရတာလည်းလို့ အံသြစဉ်းစားမိတယ် ။
 
  •  Suu ။          ။ စိတ်ဓါတ်ရေးရာတွေ ဘာတွေတော့ မပြောတတ်ပါဘူး ။ ဒါပေမယ့် ကျမမှာ ဟာသဥာဏ်တော့ ရှိတာ
  • အမှန်ဘဲ ။ ဟာသဥာဏ်က အထောက်အကူဖြစ်တယ်ဆိုတာ လူတွေကို သတိပေးပေးနေရတယ် ။
  •  NDTV ။ ။ ဒါဆို ဟာသဥာဏ်က အဲဒီအားအင်တွေ လာရာပေါ့နော် ။ ဒီနှစ်တွေတလျှောက်မှာ ထွက်ပေါက်အတွက်
  • တစ်ခုခုကိုတော့ အားကိုးခဲ့ရမှာဘဲလေ ။ ဂီတလား ၊ ဟာသလား စသဖြင့်ပေါ့ ။
  • Suu ။          ။ အိမ်အကျယ်ချုပ်အတွင်း ကျမတစ်ယောက်တည်း နေရတဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ပါတယ် ။ 
  • ကျမလည်း ကိုယ့်ဖာသာတစ်ယောက်တည်း ပြောနေရတာပေါ့........အတော်ရယ်စရာကောင်းတဲ့အခြေအနေပါဘဲ
  •  ဆိုပြီးတော့လေ ။
  •  NDTV ။ ။ အင်တာဗျူးတစ်ခုမှာ ဒေါ်စုက ပြောတယ်နော် ၊ လုံခြုံရေးတွေက အတော်လေး ကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်ဆိုပြီးတော့လေ....နောက်ပြီး ကိုယ့်အိမ်ထဲမှာ ကိုယ်နေရတာ
  •  မဆိုးပါဘူး တဲ့.......။ အဲဒါ ရွဲ့ပြောတာမဟုတ်လား ။ 
  • Suu ။     ။ မဟုတ်ပါဘူး ။ တကယ့်ကို ကောင်းခဲ့ကြတာပါ ။
  • NDTV ။         ။ တကယ်ဘဲ အဲလို ထင်သလားရှင့် ။
  • Suu  ။      ။ အဲဒါ အမှန်ဘဲလေ ။ ကျမ အကျယ်ချုပ်ကျနေတုန်းက အစိုးရသတင်းစားတွေမှာ ကျမအကြောင်း 
  • ဆိုးဆိုးဝါးဝါးတွေ ပါတယ် ။ ဒါပေမယ့် အိမ်လုံခြုံရေးတွေကတော့ကောင်းခဲ့ကြပါတယ် ။
  • NDTV ။        ။ အိမ်ထဲမှာ တစ်ယောက်တည်း ပိတ်ထားခံရတာ လှောင်ပိတ်ကျဉ်းကျပ်ပြီး ကြောက်လန့်တာ ၊ မွန်းကြပ် စိတ်ပင်ပန်းရတာမျိုး မရှိခဲ့ဘူးလား ။
  • Suu ။     ။  မရှိပါဘူး ။ အိမ်က အတော်ကြီးပါတယ် ။ ( ရယ်လျှက် )
  • NDTV ။       ။ တကယ် သိချင်လို့မေးတာပါ ။ နိုဘယ်ဆုရတုန်းက ပြောခဲ့တယ်လေ ....နိုဘယ်ဆုဟာ ဒေါ်စုရဲ့
  •  နှလုံးသားတံခါးတချပ်ကို ဖွင့်ပေးခဲ့တယ် တဲ့ ။ အဲလို အသိအမှတ်ပြုခံလိုက်ရတာ ဒေါ်စု ဘယ်လိုနေသလဲ ။ 
  • ဘာကြောင့်လည်းဆိုတော့ အရင်ကလည်း ပြောဖူးတယ်လေ ....အဲဒီဆုဟာ ဒေါ်စုတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲကို 
  • ကမ္ဘာက မမေ့ထားဘူးဆိုတာ ပြလိုက်တာဘဲ...သိပ်အရေးပါတယ် တဲ့ ။
  • Suu ။         ။ကျမတို့ ပါတီအတွက် အဲဒီကာလဟာ အတော်လေးကို ခက်ခဲတဲ့ အချိန်တစ်ခုပါဘဲ ။ ၁၉၉၀ ရွေးကောက်
  • ပွဲတွေ အပြီး သိပ်မကြာခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ကျမတို့ ပါတီကို အပီအပြင်ကို နှိပ်ကွပ်ဖို့ ဆုံးဖြတ်လိုက်တော့တာဘဲ ။ ဖျက်ကို ဖျက်ဆီးပစ်လိုက်ချင်ခဲ့ကြတာ ။ ဒီတော့ အဲဒီအချိန်ဟာ ကျမတို့ အတွက် တကယ်ကျပ်တည်းခက်ခဲခဲ့တယ် ။ တစ်တိုင်းပြည်လုံး ရှိသမျ အရာရာ ထွက်ပေါက်မရှိ ရပ်တန့်သွားသလိုပါဘဲ ။ 
  • အဲဒီအချိန်မှာ တိုင်းပြည်အပြင်ဘက်ကလူတွေက ကျမတို့ကို ဂရုတစိုက်ရှိနေကြောင်း သိရတာ သိပ်ကို အားတက်ခဲ့
  • ရပါတယ် ။ တိုင်းပြည်ထဲမှာ မလှုပ်နိုင်င်ကြပေမယ့် ပြင်ပမှာတော့ လှုပ်ရှားနေသေးတယ် ၊ ကျမတို့ကို ကာကွယ်ပေးဖို့
  • သူတို့ တတ်နိုင်သလောက် လုပ်နေကြတယ်ဆိုတာ သိရတာ တကယ်အားတက်ရပါတယ် ။

  • NDTV  ။             ။  ဒီအချိန်မှာ မြန်မာပြည်ကို သူ့ဖာသာသူ ဒီမိုကရေစီရှာဖို့ လွှတ်ထားပေးသင့်သလား မသင့်ဘူးလား
  • ဆိုတဲ့ ငြင်းခုံမှုကလည်း နေရာအနှံ့ဖြစ်နေတယ်နော် ။ အယူအဆတစ်ခုဟာ အရာအားလုံးနဲ့ ကွက်တိဖြစ်နေတယ် 
  • ဆိုတာတော့ မရှိဘူးပေါ့လေ ။  အာရပ်နွေဦးတော်လှန်ရေးတွေမှာ အားလုံးမြင်ခဲ့ကြပြီဘဲ ။ ဘယ်နည်းလမ်းကမှ ရာနှုန်းပြည့်ကောင်းတယ်ဆိုတာ မရှိပါဘူး ။ ဒေါ်စုအနေနဲ့ တိုင်းပြည်ကို သူ့လမ်းကို သူဖောက်စေချင်သလား ၊ 
  •  ဒါမှမဟုတ် တိုင်းပြည်က သိပ်နုလွန်းနေသေးလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို လိုသေးတယ်လို့ ထင်လား ။
  • Suu ။             ။ အာရုံစိုက်ခံချင်တယ် ဆိုတာထက် သတိရှိတယ် ဘဲ ဆိုပါတော့ ။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို
  •  ကမ္ဘာက သတိထားမိစေချင်တယ် ။ အလွန်အကျွံအကောင်းမြင်တာကလည်း အကျိုးမပြုပြန်ဘူးလေ ။ ဒါပေမယ့် 
  • ကမ္ဘာကြီးကို ကျမတို့နဲ့အတူ ရှိစေချင်ပါတယ် ။ ဒီခေတ်မှာ တခြားနိုင်ငံတွေမပါဘဲလုပ်လို့ ဖြစ်တာမှ မဟုတ်တာ ။
  •  သို့ပေမယ့် တချိန်တည်းမှာလည်း မြန်မာတွေဟာ ကိုယ့်တာဝန်ကိုကိုယ် ယူရမယ်လေ ။ ဒါကြောင့်ဘဲ ကျမ စောစောက ပြောတာပေါ့.......ပိတ်ဆို့မှုတွေ အပေါ်မှာ အလွန်အကျွံ မှီခိုမနေသင့်ဘူးလို့ ။ ပြင်ပကထောက်ခံ
  • မှုတွေဟာ အပံ့အပိုးဖြစ်ပါတယ် ။ ဒါပေမယ့် တိုင်းပြည်ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်ရာမှာ ကျမတို့ ပြည်သူတွေက
  • ဘဲ အဓိက တာဝန်ကို ယူရမှာပါ ။
  • NDTV ။             ။ ခုနေအခါ သတိမရှိတဲ့ အကောင်းမြင်ဝါဒရှိတာ မကောင်းဘူးလို့ ဒေါ်စုက ပြောတယ်နော်...
  • .အဲဒါက ဘာကို စိုးရိမ်နေလို့လဲ ။ အခြေခံဥပဒေကို ပြင်မပြီးမချင်း စိုးရိမ်စရာတွေ ရှိတယ်ပေါ့  ။
  • Suu ။          ။ ဟုတ်ပါတယ် .....ပြင်ဖို့က အဓိက ပြသနာပါဘဲ ။ တကယ်လို့ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းပေါ်မှာ တကယ်ရောက်နေပြီလားဆိုတဲ့မေးခွန်းအတွက် ရိုးစင်းတဲ့အဖြေလိုချင်ရင် အဲဒီအခြေခံဥပဒေကို ပြင်ဖို့ တွန်းအားစေ့ဆော်မှုတွေလုံလောက်အောင် ရှိသလားဆိုတာကို အရင်ကြည့်ရမယ် ။

  • NDTV ။          ။  ဒေါ်စုရဲ့ဘ၀ဟာ အင်မတန်ထူးခြားလှတဲ့ဘ၀ကို အတော်များများက ရေးပြီးကြပြီ ။ ရုပ်ရှင်လည်း
  • ရိုက်ပြီးပြီ ။ ဒါနဲ့ အဲဒီရုပ်ရှင်ကိုရော ကြည့်ပြီးပြီလား ။
  • Suu ။          ။ မကြည့်ရသေးပါဘူး ။
  • NDTV ။      ။ ကြည့်ဖို့ အစီအစဉ်ရောရှိလား။
  • Suu ။          ။ ဟင့်အင်း ။ မရှိပါဘူး ။
  • NDTV ။          ။ ကိုယ့်ကိုယ်ကို ဖန်သားပြင်ပေါ်ကြည့်ရတာ သိပ်မပြီပြင်ဘူး ၊ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်လို့လား ။
  • Suu ။           ။ အနေရခက်မှာတော့ အသေအချာပါဘဲ ။
  • NDTV ။         ။ ဒေါ်စုကို သဲကြီးမဲကြီး စိတ်ဝင်စားကြတာကို နေသားကျနေပြီလား ။ ဒေါ်စုကို ကြည့်ရတာ ခပ်အေးအေး တစ်ယောက်တည်းနေတတ်သလိုဘဲနော် ၊ ဒါပေမယ့် အခု လွတ်လာပြီး နိုင်ငံခြားကိုလည်း သွားနိုင်ပြီဆိုတော့ တလောကလုံးက ဒေါ်စုကို တွေ့ချင်မြင်ချင်နေကြတယ် ။ ဒေါ်စုကို သိချင်ခင်မင်ရင်းနှီးချင်နေကြတယ် ။
  • Suu ။          ။ ကျမကတော့ အဲဒါနဲ့ပြောင်းပြန်ဘဲ တွေးပါတယ် ......ကမ္ဘာကြီးက ကျမအပေါ် အာရုံစိုက်တယ် ဆိုတာ
  • ထက် ကျမက တခြားလူတွေအပေါ်မှာ ဘယ်လောက် အာရုံစိုက်နိုင်သလဲဘဲ တွေးတာပါ ။ သူတို့အပေါ် ကျမထားသင့်
  • တဲ့ ဂရုစိုက်မှု ထားနိုင်ပါစေလို့ ဘဲ မျှော်လင့်ပါတယ် ။ တခါတလေတော့လည်း နည်းနည်းတော့ ခက်တာပေါ့လေ .
  • ....လူတွေကလည်း အများကြီး ၊ နိုင်ငံတွေကလည်း အများကြီး ၊ ကျမတို့အပေါ် ကောင်းတဲ့ အဖွဲ့အစည်းတွေကလည်း
  •  မနည်းဘူး ။ ကျမတို့က အဲဒီအတွက် ကျေးဇူးတင်ဝမ်းသာရကြောင်းကို သူတို့ကို အမှန်တကယ် သိစေချင်ပါတယ် ။
  • NDTV ။        ။ ကျမအမှတ်မမှားဘူးဆိုရင် ဆန်ဖရန်စစ်စကိုမှာ ထင်ပါရဲ့........ဒေါ်စုပြောခဲ့တယ်....ကိုယ့်ကိုယ်ကိုယ်
  •  မမှားနိုင်တဲ့လူတစ်ယောက်လို့ မမြင်ပါဘူးတဲ့ ။ တနည်းပြောရရင် ကိုယ့်ကိုယ်ကို သူတောစင်တစ်ယောက်လို မမြင်
  • ဘူး ဆိုပါတော့ ။ ဒေါ်စုမှာလည်း အားနည်းချက် ၊ အပြစ်ဆိုတာ ရှိပါတယ် တဲ့ ။
  • Suu ။       ။ ကျမကိုယ် ကျမ ဘယ်တုန်းကမှ သူတော်စင်တစ်ပါးလို့ မတွေးမိပါဘူး ။ အဲလို ပြောကြရင်လည်း မသက်မ
  • သာ ခံစားရပါတယ် ။
  • NDTV ။          ။ တခုခုကိုများ တခြားတနည်းနည်းနဲ့ လုပ်ခဲ့ရင် ကောင်းမှာဘဲလို့ တွေးမိတာမျိုး ရှိလား ။ အမှားတစ်စုံ
  • တစ်ရာ လုပ်ခဲ့မိတယ်လို့ ခံစားရတာမျိုး ရှိလား ။
  • Suu ။         ။  ကျမဘ၀မှာ အမှားတွေ အများကြီးလည်း လုပ်ခဲ့မိတာပေါ့ရှင် ။ ကျမမှာ စိတ်မြန်တတ်တာတစ်ခုကို 
  • အရင်ပြောရမှာဘဲ ။ အဲဒီစိတ်မြန်တာလေးကို ကို ထိန်းချုပ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ် ။
  • NDTV ။          ။  အဆုံးသတ်မှာ မေးပါရစေ ....အခုဆိုရင် ဟိုးအရင်က ကျောင်းတက်ခဲ့တဲ့မြို့၊ ကောလိပ်တက်ခဲ့
  • တဲ့မြို့ကို ပြန်လာခဲ့ရပြီ ။ သူငယ်ချင်းဟောင်းတွေကိုလည်း တွေ့ခဲ့ရပြီ ။ သူတို့နဲ့ တညနေလောက် အေးအေးဆေးဆေးတွေ့ဖြစ်ခဲ့ရဲ့လား ။ ဒေလီမြို့က အရင်သွားနေကျနေရာတွေကို ပြန်သွားလည်
  • ဖြစ်ခဲ့ရဲ့လား ။
  • Suu ။         ။   ကျမစရောက်တဲ့နေ့မှာဘဲ သူငယ်ချင်ဟောင်းတွေနဲ့ နေ့လည်တစ်ခုလုံး တွေ့ဖြစ်ခဲ့ပါတယ် ။ 
  • ကျမတို့တွေ အမြဲ သွားချင်ခဲ့ကြတဲ့ Lodi ပန်းခြံမှာ သွားပြီး လမ်းလျှောက်ခဲ့ကြသေးတယ် ။



  • NDTV ။        ။   ဒီလိုကြားရတာ ၀မ်းသာပါတယ် ။ အိန္ဒိယကို ခဏခဏ လာလည်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်နော် ။
  • Suu ။           ။  ကျမလည်း အဲလိုဘဲ မျှော်လင့်ပါတယ် ။ အိန္ဒိယဟာ ကျမ အလွန်နှစ်သက်ရတဲ့ တိုင်းပြည်တစ်ခုပါ ။ အိန္ဒယအကြောင်းတွေးမိရင် နိုင်ငံဆိုတာထက် အင်မတန် ဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ၊ ပွင့်လင်းတဲ့ ၊ နွေးထွေးတဲ့ မြေ တစ်ခုအနေနဲ့ တွေးမိပါတယ်.......
  • NDTV ။       ။ကျမတို့အတွက်တော့ ဒေါ်စုဟာ အိန္ဒိယမှာ ကျောင်းတို့ ကောလိပ်တို့ တက်ခဲ့တာဟာ အင်မတန်ထူးခြားဝမ်းသာဖွယ်ပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ ကျမတို့လည်း ဒေါ်စုနဲ့ ဆိုင်တယ်လို့ ပြောလို့
  •  ရတယ်လေ ။
  • Suu ။        ။  ကျမကလည်း ဒီကို လာရတာ အင်မတန် ၀မ်းသာပါတယ်ရှင် ။
  • NDTV ။          ။   ကျမတို့ကို အခုလို လာရောက်ဖြေကြားပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်
  •  ဒေါ်အောင်ဆန်းစုကြည် ။



Posted: 24 Nov 2012 06:18 PM PST
(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်မှ ဖက်ဒရယ် စနစ်ကျင့် သုံးနိုင်မည် )

ဒေါ်စုပြောခဲ့တဲ့ စကားနဲ့ စချင်ပါတယ်။ အပြောင်းအလဲတိုင်းမှာ အခက်ခဲဆုံး အချိန်ကတော့ အောင်မြင်မှုကို မြင်နေရပြီလို့
ထင်ကြတဲ့ အချိန်ပါပဲ။ အဲဒီအချိန်မှာ ကျွန်မတို့ဟာ အောင်မြင်မှု ပုံရိပ်ရဲ့ လှည့်ဖျားမှုကို မခံရဖို့ အင်မတန့်ကို သတိထားရပါမယ်
 လို့ သမ္မတ အိုဘားမားနဲ့တွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အခက်အခဲတွေကို ကျော်ဖြတ်ချိန်မှာ
 အမြင်ကို လှည့်ဖျားနိုင်တဲ့ တံလျှပ်တွေ လမ်းခရီးတလျှောက် အများကြီး ရှိုနေအုန်းမှာပါ။

ဒါနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြသူတွေရဲ့ စာတွေကို ဖတ်ကြည့်ပြီး မျှဝေချင်လာပါတယ်။ မှန်တယ်မှားတယ်ဆိုတာထက် စဉ်းစားစရာလေးတွေကိုပါ။

အမေရိကန်သမ္မတ ဘီလ် ကလင်တန် လက်ထက်မှာရော၊ ဂျော့ဘုရှ် လက်ထက်မှာပါ မြန်မာခေါင်းဆောင်တွေကို အမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်မပေးခဲ့တဲ့အထိ နာမယ်ပျက်စာရင်းသွင်းပြီး ကြဉ်ထားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ သမ္မတကတော် လော်ရာဘုရှ်က မြန်မာအရေးကို စိတ်ဝင်စားတဲ့အတွက် ၀င်ရောက် ပါဝင်ခဲ့ပြီး မြန်မာ့အရေးကို ကမ္ဘာ့သတင်း
စာမျက်နှာတွေမှာ ပိုတွေ့လာရပါတယ်။

အခု သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဖြစ်လာတဲ့အထိပြောင်းလဲလာတဲ့ ဆက်ဆံရေးက နိုင်ငံတကာကိုလည်း မြန်မာနဲ့
ဆက်ဆံနိုင်ဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ပြောင်းလဲမှု ရေချိန် ဘယ်လောက်ရှိမလဲ။ဒေါ်အောင်ဆန်းစုကြည်က တံလျှပ်တွေကို သတိထားဖို့ ပြောနေ
 သလိုပဲ ကျွန်းကျင်သူ ပညာရှင်တွေက စိုးရိမ်ဖွယ်ရာ ခလုတ်ကသင်းတွေ ရှိနေတဲ့အကြောင်း ထောက်ပြကြပါတယ်။

ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ သတင်းပတ်တွေကပဲ အမေရိကန် ဒေါ်လာ ၂၄၅ သန်းတန် အကူအညီပေးရေးအစီအစဉ်တခု မြန်မာနိုင်ငံ

 အတွက်ကြေငြာခဲ့ပါတယ်။ အလားတူပဲ နော်ဝေနိုင်ငံကလည်း လာမဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံကို ဦးစားပေး ပြီး အကူအညီပေး
သွားမယ်လို့ ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းတဲ့အထိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ် ညတွင်းချင်း အကောင်းမြင်လာကြတာတွေ ရှိလာပါတယ်။

ဒီနေရာမှာ နိုင်ငံရေးတင်မကပဲ စီးပွားရေးရင်းနှီးမြုပ်နှံမှုအတွက် ယုံကြည်မှုတိုးလာနေရာမှာ ဥပမာ ဂျပန် ဆူဇူကီး ကုမ္ပဏီက မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်ဖို့၊ ကိုကာကိုလာက လာမယ့် ၃ နှစ်အတွင်း ဒေါ်လာသန်း
၁၀၀ ဖိုး ရင်းနှီးမြုပ်နှံဖို့၊ အလားတူ ပြိုင်ဖက် ပက်စီကိုလာကလည်း အပြိုင်ဝင်ရောက်လာပါတယ်။ ဗီဇာ၊ မာစတာ အကြွေးဝယ်
ကဒ်တွေနဲ့ အနောက်နိုင်ငံ၊ ဂျပန်တို့ရဲ့ ငွေကြေးကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ အသီးသီး တာဆူနေကြပါပြီ။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီအကုန်လုံးနီးပါးက မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အများဆုံးထွက်တဲ့ နေရာအသစ်တခုဖြစ်နိုင်တယ်လို့ ခန့်မှန်းပြီး အပြိုင်အဆိုင် ၀င်ရောက်တူးဖော်နိုင်ရေး ကြိုးပန်းနေတာကို
လည်း တွေ့ရပါတယ်။ ဒီနှစ်ဆန်းပိုင်းကပဲ မြန်မာစွမ်းအင် ၀န်ကြီးဌာနက အရာရှိတချို့က မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့ အနေ
အထားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဓိကထုတ်တဲ့ နိုင်ငံတွေနဲ့ ယှဉ်နိုင်တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီလို အကောင်းမြင်စရာမျှော်လင့်စရာ အခြေအနေတွေ ရှိနေသလိုပဲ စိန်ခေါ်မှုတွေက လည်း မနည်းလှပါဘူး။

သတင်းမီဒီယာလောကကို ဖွင့်ပေးလိုက်တဲ့အတွက်တော့ ချီးကျူးစရာပါ။ လာအိုတို့ ဗီယက်နမ်တို့နဲ့ စာရင်တောင် မြန်မာက
သတင်းလွတ်လပ်ခွင့် ပိုရနေတယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံတကာ NGOတွေကို ပြန်လာခွင့် ပေးထားတဲ့ အတွက်လည်း
အတိုင်းအတာတခုအထိ လူမှုရေး လှုပ်ရှားမှုတွေ လွတ်လွတ်လပ်လပ် လုပ်လာတာကို တွေ့ရပါတယ်။

ဒီလောက်ဖြစ်လာနေချိန်မှာ ဘာကြောင့်များ စိုရိမ်မကင်းဖြစ်နေရသေးသလဲလို့ မေးစရာ ရှိပါတယ်။

အဓိကအချက်ကြီးတခုကတော့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးကို မရယူနိုင်သေးတာပါ။ အထူးသဖြင့် ကချင်နဲ့
 ရခိုင်ဒေသမှာ တည်ငြိမ်မှုမဲ့နေတဲ့ အဖြစ်က ကြီးမားတဲ့ ပြဿနာတရပ်ပါ။ စစ်တပ်ခေါင်းဆောင်ကြီးတွေ အနားယူသွားပြီ 
ဆိုပေမဲ့ စစ်တပ်က အာဏာမရှိတော့ဘူးလို့ ပြောလို့ မရပါဘူး။

မြန်မာကို ဗီယက်နမ်ရဲ့ ၈၀ ပြည့်လွန်နှစ်တွေက အခြေအနေတွေနဲ့နှိုင်းယှဉ်ကြပါတယ်။ မြန်မာဟာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့
အတွက် ၀ယ်သူအရေအတွက်များတဲ့ ဈေးကွက်တခုဖြစ်တာ မှန်ပါတယ်။ လုပ်အားခဈေးပေါတာ၊ သဘာဝ သယံဇာတ ကြွယ်တာ
၊ ကမ္ဘာ့ အမြန်ဆုံး ဖွံ့ဖြိုးလာနေတဲ့ စီးပွားရေးအင်အားကြီး ၂ခုအကြား ရှိနေတဲ့ ပထ၀ီအနေအထားကလည်း ရှိပါတယ်။ ဒါပေမဲ့
မလေးရှားတို့ အင်ဒိုနီးရှားတို့ ထိုင်းတို့နဲ့ မတူတဲ့အချက်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်က ဆက်လက် ဖြစ်ပွားနေပြီး လတ်
တလော ရပ်မဲ့ပုံမတွေ့ရဘူးလို့လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်မှာ လိုအပ်တဲ့ လမ်းတံတား၊ ရထား၊ အဆောက်အဦတွေ၊ လျှပ်စစ်မီးတွေ၊ မရှိပါဘူး။ မြန်မာ့အိမ်နီးချင်းနိုင်ငံ မလေးရှား၊ ထိုင်း၊ တရုတ်တို့ကို လာပြီး ရင်းနှီးမယ်ဆိုရင်တော့ ဒါတွေက အဆင်သင့် ရှိနေပါ
တယ်။ ပိုဆိုးတာက မြန်မာအစိုးရဟာ အိမ်နီးချင်း နိုင်ငံတွေလို မြန်မာပြည်အနှံ့ကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အချက်ပါ။

ရေနံ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုတွေရှိနေတဲ့ အဲဒီဒေသတွေကို မထိန်းချုပ်နိုင်ဘဲနဲ့တော့ ရင်းနှီးမြုပ်နှံသူတွေ အတွက်
အန္တရာယ်က ကြီးလွန်းနေပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို လက်တွေ့ကျကျ တည်ထောင်နိုင်သေးတာ မရှိသေးတဲ့အတွက်လည်း ဒေသကထွက်တဲ့ သဘာဝ သယံဇာတကို ထုတ်ယူရာမှာ အတိုက်အခံတွေက များနေအုန်းမှာပါ။

နိုင်ငံရဲ့ အတိုက်အခံ ပါတီတွေမှာလည်း စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ မူဝါဒချမှတ်ရေးတွေမှာ အတွေ့အကြုံ
နဲပါးနေတယ်လို့ ဆိုပါတယ်။ ဒီကြားထဲမှာ လဘ်စားမှုမှာဆိုရင်လည်း မြန်မာနိုင်ငံကို ကမ္ဘာ့ ဒုတိယ အဆိုးဝါးဆုံးနိုင်ငံအဖြစ်
 နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ကဖော်ပြထားပါတယ်။ စစ်အစိုးရရဲ့ ညံ့ဖျင်းလှတဲ့ စီမံအုပ်ချုပ်မှုတွေကြောင့် ပညာရေးအဆင့် နိမ့်လွန်းနေတဲ့ မြန်မာနိုင်ငံမှာ လူ့အရင်းအမြစ်တွေ၊ ကျွန်းကျင်သူတွေ နဲပါးနေရာမှာလည်း အာဖရိကနိုင်ငံနဲ့ နှိုင်းယှဉ်လို့ ရတဲ့
 အဆင့်မှာ ရှိနေပါတယ်။

ဒါကြောင့် နိုင်ငံတကာက ဘယ်လောက်ပဲ လာချင်ချင် ဒီလိုအပ်ချက်တွေကိုပြုပြင်ဖို့ အချိန်လိုနေအုန်းမှာ မို့ အများမျှော်လင့်ထား
သလို ချက်ချင်းတော့ရွှေပဒေသာပင် ပေါက်နိုင်လောက်အုန်းမှာမဟုတ်ဘူးလို့ လေ့လာသူ ပညာရှင်တချို့ရဲ့ သုံးသပ်ချက်တွေကို
စုစည်း တင်ပြလိုက်ပါတယ်။

(M)Burma-Newselite

Posted: 24 Nov 2012 08:37 AM PST
ထောင်တွင်းဆယ်ရက်တရားတရားစခန်းမှာသွားရောက်လေ့လာသတင်းယူတဲ့စာနယ်ဇင်းများ

"ကမ္ဘာ့ရဲ့ သမိုင်းကို လေ့လာကြည့်ပါ။ တကယ့်ကို သိက္ခာရှိရှိနဲ့အများအကျိုးအတွက် ရပ်တည်သွားတဲ့သတင်းသမားကြီးများဟာ
 အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ် ကြီးများ မဖြစ်ရင်တောင်မှဒီပုဂ္ဂိုလ်တွေဟာအများက လေးစားပြီးတော့ သမိုင်းမှာ
 နာမည်တစ်လုံးနဲ့ ကျန်ခဲ့ပါတယ်။အဲဒီတော့ ကျွန်မက အဲဒါကို သတိပေး ချင်တာပါ"

'အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
၂ဝ၁၂ အောက်တိုဘာ ၈ ရက်နေ့ ဒီချုပ် (ရုံးချုပ်)မှာ
အမေရိကန် ခရီးစဉ်သတင်းစာ ရှင်းလင်းပွဲမှ ကောက်နုတ်ချက်
...................................................................................................... (၁) 'ဥခွံဟောင်းကိုဖောက်ထွက်ကြ'လို့ ကြွေး ကြော်လိုက်ရင်တော့လက်ခေါက်မှုတ်သံ တရွှီးရွှီး၊ လက်ခုပ်တီးသံတဖြောင်းဖြောင်း အား ပေးသံတွေတညံညံကြားရနိုင်ကောင်းပေ မယ့် တကယ်တမ်းမှာဥခွံဟောင်းလေး ကာရံနေမှ ဘဝလုံခြုံမှုရတတ်တယ်လို့
 မြင်ကြ ထင်ကြသူတွေကပိုများတာကို သတိပြုမိ လိုက်ရင်တွေ့မှာအသေအချာပါ။နိယာမလို့ ခေါ်တဲ့အစဉ်အလာလိုက်နာ
 ဆောင်ရွက်မှု တွေ ကိုသဘာဝပဲလို့ နားလည် သဘောပေါက် ပေးလိုက်ရတာတွေမှာအဆိုးအကောင်း ချိန်ခွင်လျှာဟာ လက်
လှည့် ကျွမ်းတဲ့ဈေးသည် လက်ထဲအလေးခိုးခံနေရသလို ကာလတွေကို ကျွန်တော်တော့ဖြင့် နောက်မျိုးဆက်ထံအပါ မခံစေချင်
ပါ။ ဒါက ကျွန်တော်ရေးလိုတဲ့ 'ဂါရဝ၊နိဝါတ နဲ့နိယာမကိုလွတ်မြောက် ကြောင်း' ဆောင်းပါးကို ရေးဖြစ်စေတဲ့ စေ့ ဆော်မှု ဆန္ဒ။

"ဂါရဝ "

ကနေ့ကာလဟာ လူကြီးသူမတွေကို အစဉ်အလာအရ သွားကန်တော့ကြတဲ့အခါသမယပါ။ ကျွန်တော်တစ်ဦးတည်းဆန္ဒ ကတော့
 ဒီကာလကို တစ်အားမြတ်နိုးတန် ဖိုးထားနှစ်ခြိုက်ပါတယ်။ အကြောင်းက တစ်နှစ်ပတ်လုံး စားဝတ်နေရေးကိစ္စတွေ နဲ့ လုံးလည်
လိုက်နေခဲ့ရာက
ဒီအချိန်ဒီကာလ လေးမှာမှ လူကြီးမိဘကျေးဇူးရှင်တွေကိုဝါကျွတ်ကန်တော့ပန်းလေးမှ မဆင်လိုက်ရရင် စိတ်မှာတစ်နှစ်အကြွေး
တင်မိသလို ခံစားရတတ်လွန်းလို့ အစဉ်အလာအဖြစ် ဒီလိုကာလ ဒီလို ဂါရဝပြုမှနေ့ရက်လေး တွင် တွင်ကျယ်ကျယ် ရှိနေခြင်းအ
တွက်ပါ။ ဒါပေမဲ့ ဒီကာလကို 'ခွင်'တစ်ခုပမာ အသုံးချလာကြ သူတွေရဲ့ ပယောဂကြောင့် 'ဂါရဝ'ဆိုတဲ့ ကျွန်တော်တို့ ရဲ့မွန်မွန်မြတ်မြတ်စကားလုံးဝေါဟာရဟာ အဖျားဆွတ် အခေါ်ခံရကာ အဓိပ္ပာယ်နောက်တစ်မျိုး တိုးသွားရ တာ ကိုတော့ စိတ် မကောင်းဖြစ်ရတဲ့အချိန်တွေက ''သွားဂါပြီးပြီလား"ဆိုတဲ့ စကားသံတွေကို ကြားရတဲ့ အခါမျိုးတွေမှာပါပဲခင်ဗျာ။

"နိဝါတ"

ကျွန်တော့်အကြိုက်စာတွေ၊ တရားတွေ က ကိုယ့်မသိသေး၊မတတ်သေးတာရှိနိုင် ကြောင်း 'နိဝါတ' တရားနဲ့ နှိမ့်ချ ဆိုတတ် တဲ့ စာတွေ၊တရားတွေပဲဖြစ်ပါတယ်။ ၁၉၉၆ ကစတာ။'အမေ'လို့ ကျွန်တော့်ရင်ထဲက ခေါ်ခဲ့တဲ့ ကဗျာတွေမှာ ဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခါစ စာနယ်ဇင်းသတင်း ထောက်တစ်ဦးရဲ့ အမေးစကားကိုအမေစု ပြောကြားလိုက် ရာမှာ "အမေလည်း မှားတတ်တာပဲ"ဆိုတဲ့စကားပါခဲ့သလို နောက် တစ်ဦးကိုဖြေရာမှာ
လည်း 'အမေမှားရင် သားတို့ပြင်ပေးပေါ့' ဆိုတဲ့ စကားပါဝင် ခဲ့တာကြောင့် ကျွန်တော့်နှုတ်ဖျားကပါ 'အမေ' ဆိုတဲ့ ဝေါဟာရကို
'အမေစု'၊ 'ဒေါ် အောင်ဆန်းစုကြည်' အတွက် ရှောရှော ရှူရှူထွက်လာနိုင်ခဲ့ပါတယ်။ ဒါဟာ 'နိဝါတ'ကြောင့်ပါ။ အမေ့မှာသာ နိဝါတ
 မရှိခဲ့ရင် ကျွန်တော့်ရင်ထဲမှာရှိနေခဲ့တဲ့ဂါရဝ လည်း ပျောက်သွားနိုင်တယ်ဆိုတာလည်း ကျွန်တော်ကောင်းကောင်း သတိထားတာ
ပဲ။ Asian Fame Media Groupအနေနဲ့ အမေ့ ကို အင်တာဗျူးမလုပ်နိုင်သေးစဉ် ကျွန်တော့် အစ်မရိုက်ပေးတဲ့ အမေနဲ့
ကျွန်တော်အမှတ် တရဓာတ်ပုံလေးက ဒါကို သက်သေခံနေပါ လိမ့်မယ်။ ဒီလိုသာ ''အမေ့စိတ်ထဲမှာ အမှား အကြွေးမထားချင်ဘူး။
 မှားတယ်ထင်ရင် ချက်ချင်းတောင်းပန်လိုက်ရမှ စိတ်ရှင်းသွား တာ" ဆိုတဲ့ အမေ့စကားက ၀န်ကြီးချုပ်ဟောင်းဦးဗဆွေနေအိမ်မှာအန်တီဒေါ်ချိုချို ကျော်ငြိမ်းကို ဘေးမှာထားပြီး အမေ့ကို 'အမေ'လို့ နှုတ်မှ အားရပါးရခေါ်
လိုက်နိုင် ခဲ့ခြင်းကိုပါ။ နိဝါတရှိသူကို ကျွန်တော်မှ မဟုတ်ပါဘူး။ လူတော်တော်များများ ချစ်ကြ၊အားထားယုံကြည်ကြမှာပါလို့ကျွန်တော်ယုံကြည်ပါတယ်။ သြဇာအာဏာ ရှိနေသူ၊အောင်မြင်ကြီးပွားနေသူတိုင်း 'နိဝါတ'
ထားကြည့်ကြဖို့ ခက်ပေမဲ့ ကြိုးစား ထားရှိ ကြစေချင်မိတာကတော့ ကျွန်တော့် စေတနာပါ။

"နိယာမ"

'ဒါမျိုးချည်းပါပဲ'တို့ 'ဒီပုတ်ထဲက ဒီပဲ' တို့ ဆိုတဲ့အမြင်တွေ။ 'ဒါဟာနိယာမပါပဲ၊ ဖြစ်တတ်တဲ့သဘော သဘာဝပါပဲလေ' ဆိုတဲ့ နားလည်ခွင့်လွတ်ပေးမှုတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို အုပ်မိုးထားရုံသာမက အုပ်စိုးဖို့အထိပါ တာစူလာတဲ့စိတ်
ဓာတ်တွေ ပါပဲ။ ဒီနေရာမှာ အမေပြောခဲ့တာလေး အမှတ်ရလွန်းလို့ ကျွန်တော်တို့ ဂျာနယ်မှာ တောင် ပြန်ဖော်ပြခဲ့ဖူးတာလေး
 ပြန်ဝေငှ ချင်တယ်။ ၁၉၉ဝကျွန်တော်တို့ ကျောင်းသား ဘဝက အမေ့ခြံရှေ့မှာ နားထာင်ခဲ့ရဖူးတဲ့ မဟာယဏဇာတ်တော်နဲ့
စပ်နွှယ်တဲ့ အတွေးအမြင်ပါ။ အဖြူမဟုတ်ရင် အမည်း ပဲဆိုတဲ့ အတွေးတွေထဲက 'မဟာယဏဇာတ်' မှာပွဲထွက်လာတာ၊
 လောကမှာ အဖြူနဲ့ အမည်းကြားက အညိုရောင်လည်း ရှိနိုင်တာ ပဲဆိုတဲ့ အမြင်အတွေးဒဿနပါ။ အဲဒီ ဒဿနကြောင့် ကျွန်တော်စာနယ်ဇင်းသမား ဖြစ်ခဲ့ကြောင်း ရေးခဲ့ဖူးပါတယ်။ အဲဒီဒဿန နဲ့အတူ အကျဉ်းစံမိဖုရားကြီးဘက်ကနေ ရေးပေးနိုင်
မယ့် သတင်းမီဒီယာ လွတ်လပ်ခွင့် ကို ကျွန်တော်ရင်ခုန်ခဲ့ဖူးပါတယ်။ ဒီအတွက် ကနေ့မှာ ကျွန်တော်မလွတ်လပ်သေး ကြောင်း
လည်း တွေးမိကာ စိတ်မကောင်းဖြစ် ရပါတယ်။ မီဒီယာလွတ်လပ်ခွင့်ရရုံနဲ့က တော့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ပဲ ရမှာပါ။ အတွေးအခေါ်လွတ်လပ်ခွင့် ဆိတ်သုဉ်းနေသေးသမျှ ကျွန်တော်တို့ဘဝ တွေ လွတ်မြောက်မှာမဟုတ်ကြောင်း အမေ့ စာပေ၊ စာပေဗဟုသုတဝေငှခဲ့မှု ကျေးဇူးအရ ကျွန်တော်ခံယူထားပါတယ်။ ကျွန်တော်တို့ လွတ်မြောက်ဖို့ အတွေးအခေါ်လွတ်လပ်ခွင့်
 ဘယ်သူ့ထံ လက်ဖြန့်တောင်းနေမှာလဲ။ တောင်းနေဆဲ၊ တောင်းနေတုန်းဆို နိယာမ လှိုင်းလုံးတစ်လုံးပြီး တစ်လုံးတက်လာနေ
တာ ကို ငေးငေးငူငူ လက်ခံနေတဲ့ကမ်းခြေဟာ အမှိုက်နဲ့ဒိုက်နဲ့သာ ပျော်မွေ့ရမှာဖြစ်ကြောင်း ကျွန်တော်ကိုယ် ကျွန်တော်သတိအထပ်ထပ် ပေးနေမိပါတယ် ခင်ဗျာ။

(၂) "စေ့ဆော်ခဲ့တဲ့ဆန္ဒ"နဲ့ "ရေးဖွဲ့လိုက်နိုင်တဲ့ ဆောင်းပါး" အဲဒီမှာတောင် ထပ်တူမကျတာ ကျွန်တော်ဝန်ခံပါ တယ်။ စိတ်ထဲရှင်းမှ
 စာထဲ ရှင်းမှာဖြစ်လို့ စိတ်ရှင်းအောင်ထားတဲ့တိုင် စာထဲ မရှင်းနေနိုင်တာကျွန်တော့်အားနည်း ချက်ပါ။ ဂါရဝ၊ နိဝါတနဲ့ နိယာမမှလွတ်မြောက်ကြောင်းဆိုတဲ့ ကျွန်တော်တင်ပြမှု ကို နိဂုံးပိုင်းအဖြစ်ရေးဖို့အမေ့ထံမှာ ကျွန်တော်ခွင့်ပန်၊ခွင့်
 တောင်း(ကျွန်တော့် စာအုပ်အတွက် မီဒီယာသမားတို့ ပတ်သက်တဲ့အမေပြောခဲ့ဖူးတဲ့ စကားသုံးခွင့်ပြုဖို့ ခွင့်တောင်း)ထားတဲ့
'အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၂ဝ၁၂ အောက်တိုဘာ ၈ ရက်နေ့ ဒီချုပ် (ရုံးချုပ်)မှာ အမေရိကန် ခရီးစဉ်သတင်းစာ ရှင်းလင်းပွဲမှ ကောက်နုတ်ချက်စကား'ကို ဖော်ပြလိုပါတယ်။ ဖော်ပြချင်တာကစာနယ် ဇင်းတွေဟာ ပြည်သူ
လူထု ယုံကြည်ကိုးစားသူတွေဖြစ်ဖို့ 'စံပြ'မဖြစ်နိုင်ရင်တောင် အနည်းနဲ့အများ စံပြုနိုင်သူတွေ ဖြစ်နိုင်အောင် သတိမူကြဖို့ သင့်
ချိန်တန်ပြီဖြစ်တဲ့ အတွက်ပါ။ ဖတ်ရှုကြည့်ပေးကြပါခင်ဗျား။

"ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် ဆိုလို့ရှိရင် မှန်ကန်တဲ့သတင်းဖြန့်ချိရေးက အင်မတန်မှအရေးကြီးပါတယ်။ မှန်ကန် တဲ့သတင်းဖြန့်ချိရေးဆိုတာ သတင်းက မှန် ရမယ်။ သတင်းကို ပြန့်သင့်တဲ့အတိုင်းအတာ အထိ ပြန့်အောင်လုပ်ပေးဖို့ ဖြစ်ပါတယ်။
 ဒါက မီဒီယာတွေလုပ်ရမယ့်ကိစ္စပါ။ အခု သတင်းထူး၊သတင်းဦးဆိုတဲ့စကားကို အမှန် ပြောရရင် ကျွန်မမကြိုက်ပါဘူး။
 သတင်းဆို တာဟာ တစ်ခါတလေမှာမထူးရင်လည်း အရေးကြီးတဲ့သတင်းရှိတတ်ပါတယ်။ ထူးမှ သတင်းက အရေးကြီးတာမ
ဟုတ်ပါဘူး။ သတင်းထူးဆိုတဲ့အဓိပ္ပာယ်က အများအား ဖြင့် ပြောတာက ဖတ်ချင်တဲ့သူကို မျက်စိကျ သွားအောင်စာလုံးအ
မည်းကြီးတွေ တွေ့ လိုက်လို့ရှိရင် ဒါ ဖတ်ချင်စရာပဲဆိုပြီး ဂျာနယ်ကို၊ မဂ္ဂဇင်းကို ဝယ်ချင်အောင်ပေါ့ နော်။

အဲဒီလို သတင်းထူးတွေကို ပြောတာ မဟုတ်ပါဘူး။ တကယ်ပြည်သူလူထုတွေ သိသင့်တဲ့ သတင်းကောင်း၊ သတင်းမှန်တွေကို
ထည့်ဖို့က အရေးကြီးပါတယ်။ နောက် သတင်းဦးပေါ့။ သတင်းဦးအောင်လုပ်တာ ကလည်းဒါဟာ သတင်းထောက်လောကမှာ လုပ်ပိုင်ခွင့်ရှိတဲ့ကိစ္စပါ။ ကိုယ်က သတင်းဦး တယ်ဆိုတော့ ဘာပဲပြောပြော ကိုယ်တစ်ပန်း သာသွားတာပေါ့။ လူ့လောကကြီးမှာ
တစ်ပန်း သာသွားတာ ဘာဆိုးလို့လဲ။ ဒါပေမဲ့ တစ် ပန်းသာ သူများကိုထိခိုက် သွားနိုင်တယ်ဆိုလို့ရှိရင် မကောင်းဘူး ပေါ့။
အဲဒီတော့ ဒီသတင်းကဦးအောင်လုပ်ရင်း နဲ့ သတင်းမမှန်ဘူးဆိုလို့ရှိရင် ကျွန်မတို့နိုင် ငံကို အကျိုးမပြုပါဘူး။ အဲဒီတော့ ကျွန်မ
 ကတော့အခု ကျွန်မတို့နိုင်ငံ တိုးတက်ရေး အတွက် ဝိုင်းပြီးတော့ လုပ်တဲ့နေရာမှာ သတင်း လောကက အင်မတန်မှအရေးပါ
 တယ်ဆို တာကို သတိပေးချင်ပါတယ်။ ကိုယ့် အရေး ပါမှုကို တာဝန်သိမှုလို့ သုံးစေချင်ပါ တယ်။

"တချို့က သြဇာရသွားပြီဆိုလို့ရှိရင် ဒီသြဇာကို အလွဲသုံးစားလုပ်လာကြတယ်။ ဒါဟာ အစိုးရထဲမှာတင် မဟုတ်ပါဘူး။
ကဏ္ဍတိုင်းမှာ ရှိတတ်ပါတယ်။ ကဏ္ဍတိုင်း ဆိုတော့ မီဒီယာလောကမှာလည်း ရှိတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့သြဇာကို အလွဲသုံးစားမလုပ်ကြပါနဲ့။ တာဝန်သိသိနဲ့ သုံးပါ။ တာဝန်သိသိနဲ့သုံးလို့ရှိရင် ကိုယ့် နိုင်ငံအတွက် ဂုဏ်သိက္ခာရှိဖို့တင်မကဘူး
ကိုယ့်ကိုယ်တိုင် ရဲ့ ဂုဏ်သိက္ခာလည်း အများကြီးရှိရမှာပါ။ ကမ္ဘာ့ရဲ့ သမိုင်းကို လေ့လာကြည့်ပါ။ တကယ့်ကို သိက္ခာရှိရှိနဲ့ အများ
အကျိုးအတွက် ရပ်တည်သွားတဲ့ သတင်းသမားကြီးများဟာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ် ကြီးများ မဖြစ်ရင်တောင်မှ
 ဒီပုဂ္ဂိုလ်တွေဟာ အများက လေးစားပြီးတော့ သမိုင်းမှာ နာမည်တစ်လုံးနဲ့ ကျန်ခဲ့ပါတယ်။

အဲဒီတော့ ကျွန်မက အဲဒါကို သတိပေး ချင်တာပါ"အဲဒါ အမေသတိပေးတဲ့ စကားပါ။

အချင်းချင်းစောင်းမြောင်း ရန်ဖြစ်နေတာတွေ၊ တစ်ဖက်သားအပေါ် ဝေဖန်ဆန်းစစ်မှုမပါ အသားလွတ် အပြစ်ဆိုရေးသား ဖော်ပြ
 ချင်လွန်း တာတွေ ၊ စောင်ရေတက် ဖို့ဆို ဘယ်အကြောင်းအရာမှမထောက်မညှာ မငဲ့ကွက်တာ တွေနဲ့ စတဲ့ စတဲ့"စာနယ်ဇင်း
သမားတွေဆိုဒီလိုမျိုး ချည်းပဲ"လို့ အမြင်ခံရမှု ဥခွံဟောင်း(တစ်နည်းဆိုရရင် နိယာမ)ကနေကျွန်တော်တော့ လွန်မြောက် လွတ်မြောက် နေချင်ကြောင်းပါခင်ဗျာ။

ကိုမျိုး(မြန်မာစာ)
၁၈-၁၁-၂ဝ၁၂

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment