Wednesday, 19 December 2012


လူဆန်သော ခေါင်းဆောင် နှစ်ဦး

အပျော်တမ်းကစားပွဲတခုမှာ ရှံးသွားလို့ ဒိုက်ထိုးနေတဲ့  အမေရိကန်သမ္မတအိုဘားမားပါ။ ပွင့်ပွင့်လင်းလင်းနဲ့ ဟိတ်ဟန်မရှိဘဲ ပြည်သူတွေကြားထဲမှာ နေတတ်တဲ့ သူရဲ့ စရိုက်ကြောင့် လူငယ်တွေရဲ့ ထောက်ခံမှုကို အမြဲရရှိခဲ့ပါတယ်။

အရေးအပါဆုံး သမ္မတကြီးဖြစ်ပေမဲ့ ရာထူးအာဏာကြောင့် လူသားဆန်မှုအရည်အသွေးဟာ ပြောင်းလဲမသွားဖူးဆိုတာပြသနေပါတယ်။

လူမဆန်ဖူးဆိုတဲ့ စကားကိုသာ အကျွှမ်းတ၀င် ရှိနေတဲ့ ကျွှန်တော်တို့ နိုင်ငံသားတွေ အမေရိကန်သမ္မတအိုဘားမား လူဆန်ပုံကိုတွေ့ရတဲ့အခါထူးဆန်းနေကြမှာ အမှန်ပါပဲ။

နောက်ထပ် လူဆန်သော ခေါင်းဆောင် တစ်ဦးကို တွေ့ရလို့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ဖတ်ကြည့်ပါ။

ဒီတစ်ပတ် “ဒီစကား”လေး အရမ်းကောင်းလို့ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

ပြည်ပခရီးဖြစ်ဖြစ်၊ ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ထမင်းမစားနိုင်တာခဏ ခဏ ဖြစ် လို့ ရိက္ခာ အနည်းငယ်သယ်တဲ့အကျင့်ပါနေပြီ။ စားရပုံကလည်း
တစ်ခါတလေ ရယ်ချင်စရာ ပါပဲ။ ဒေါက်တာ တင်မာအောင်က သန့်စင်ခန်းမဝင်မနေနိုင်တော့ပါ ဆို ပြီး အတင်းခေါ်သွားတာ။ သန့်စင်ခန်း ထဲရောက်တော့မှ ဘီစကွတ်မုန့်လေးတွေ ထုတ်ကျွေးတာရှိခဲ့ဖူးပါတယ်။

ကားထဲမှာသွားရင်းလာရင်း စောင့်ကြိုနေတဲ့ပြည်သူတွေ ကိုနှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာ တင်မာအောင်
ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာစားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာ တင်မာအောင်က ကျွန်မကို အစိုးတစ်ရှူးစက္ကူ၊ အခြောက်တစ်ရှူးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလိုလုပ်နေလို့ကတော့ အချိန်မီစားပြီးမှာမဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင်
ညစ်ညစ်ပတ်ပတ်ပဲစားတော့မယ်ဆိုပြီး ကျွန်မက တစ်ခါတည်းလှမ်းယူဖန်များတော့လည်း ဆရာဝန်မကြီးလက်လျှော့ရတာပေါ့။

လမ်းမှာစားလို့အကောင်းဆုံးကတော့ ပြည်သူတွေမေတ္တာနဲ့ပေး တဲ့မုန့်လေးတွေပါပဲ။ ဒီတစ်ခါ အညာခရီးမှာ ရွာလေးတစ်ရွာကလူတွေပေးလိုက်တဲ့ ထန်းသီးမုန့်အဖြူနဲ့အကြော်စုံလေးတွေက လတ်လတ်ဆတ်ဆတ်ဒေသထွက်လက်ရာတွေဆိုတော့ တကယ့်ကိုအရသာရှိပါတယ်။
ဒေါက်တာတင်မာအောင်က လိမ္မော်သီးလေးတွေရရင် သိပ်ကျေနပ်တာပဲ။

ကျွန်မ အာခေါင်ခြောက်တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးတွေသွားတုန်းကနဲ့မတူ၊ ထူးထူးခြားခြားမကွေးခရီးမှာ တစ်ရက်တည်းနဲ့ အသံ ဝင်ချင် လည်ချောင်းနာချင်လာတယ်။ ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြော တာများတာနဲ့ အားလုံးပေါင်းလိုက်လို့နဲ့တူပါတယ်။ မကွေးအဝင်မှာ လူငယ်လေးတစ်ယောက်က ပန်းသီးလေး တစ်လုံးပေးလိုက်တာ ချက် ချင်း ကိုက်စား တဲ့ အခါ လန်းသွားရပါတယ်။ တည်းခိုနေ တဲ့နေ ရာရောက် မှ ရေနွေးနဲ့ဆားငုံတာ၊ ဖီးကြမ်းငှက်ပျောနဲ့ ပျားရည်စားတာ
စသဖြင့် လည်ချောင်း အမြန်ကု နည်း
တွေ စမ်းရပါတယ်။ ဒါပေမယ့် အခုထိ အားကပုံမှန်
မဖြစ်သေးပါဘူး။

ခဏခဏခရီးသွားရလို့ ကျွန်မအတွက် စိတ်အနှောက်အယှက်ဖြစ်ရတာ ကတော့ ခွေးလေး တိုင်ချီတိုး
ကို ထားခဲ့ရတဲ့ကိစ္စပါပဲ။ ““သွားပြီ... ပြန်လာမယ်””လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ပြန်ပေါ်လာမလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ။

အမေရိကန်ပြည်ထောင်စုခရီးက ၁၉ ရက်တောင်ကြာခဲ့တော့ ပြန်လာစအခါမှာ တိုင်ချီးတိုး ကျွန်မ ကိုလုံးဝ သူ့မျက်စိအောင်ကအပျောက်မခံဖြစ်နေပါတယ်။
သူ့နားက သွားတော့မယ်ထင်တာနဲ့ ကျွန်မခြေထောက်တွေ
ကို ဖက်ထားတယ်။

ညအိပ်တဲ့အခါမှာလည်း သူ့ကိုယ်နဲ့ ကျွန်မခြေထောက်တွေကို ကပ်ပြီးအိပ်တယ်။ သူ့နားကခွဲခွာ သွားစေတာ ဒီခြေထောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ပေဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုးသာသိရင် ဘာများလုပ်မလဲလို့ တစ်ခါတစ်ရံတွေးမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်(ဒီစကား-ဒီလှိုင်းဂျာနယ်)

No comments:

Post a Comment