Posted: 12 Dec 2012 03:01 AM PST
ရန်ကုန်မြို့မှ သံဃာတော်များ
အလံပြဘုရားလမ်းအတိုင်းဆန္ဒထုတ်ဖော်နေသော သံဃာတော်အပါး ၆၀၀ခန့်သည် ဆူးလေဘုရားသို့ ဆက်လက်ချီတက်နေကြောင်းသိရသည်။
၁၂ ရက် ၁၂ လ ၂၀၁၂ ရန်ကုန်မြို့မှ သံဃာတော်များ
၁၂ ရက် ၁၂ လ ၂၀၁၂ မန်း သံဃာတော်များ ဆန္ဒထုတ်ဖော်
ယနေ့ နေလည် ၁ နာရီ အချိန်ခန့် တွင် သောင်းဂဏန်းခန့် ရှိသော သံဃာတော် များက လက်ပံတောင်း အရေး အတွက် ဆန္ဒထုတ်ဖော် ခဲ့ပြီး ဗမာနိုင်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ မှ ပါဝင် ဆန္ဒထုတ် ဖော်ခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ မြ န်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင် ကော်မတီကို ၁၀ ရက် ၁၂ လ ၂၀၁၂ တွင် ဖွဲ့ စည်းခဲ့ပြီး လက်ပံတောင်း တောင် အရေးအတွက် အချက် ၃ ချက်တောင်းဆိုခဲ့သည်။ အဆိုပါ အချက် ၃ ချက်မှာ
(၁) နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့ က ထိခိုက်ဒဏ်ရာ ရခဲ့ကြသူများနှင့် သံဃာထုတစ်ရပ်လုံးကို ၀န်ချတောင်းပန်ရန်။ ( ၂) အကြမ်းဖက် ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ် အရေးယူပေးရန် ( ၃ ) ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် စသည့် အချက်သုံးချက် ကိုတောင်းဆိုခဲ့ပြီး ၁၂ ရက် ၁၂ လ ၂၀၁၂ ရက်နေ့ နေ့ လည် ၁၂ နာရီတွင်နောက်ဆုံးထားပြီး လိုက်လျောပေးရန် တောင်းဆိုခဲ့သော်လည်း လိုက်လျောခြင်း မရှိသဖြင့် ယခုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပခုက္ကူ သံဃာများ ဆန္ဒထုတ်ဖော်မှု"
လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်မှုတွင် အကြမ်းဖက် နိမ်နင်းသည့် ကိစ္စအား ကန့်ကွက် ရှုံ့ချသည့်အတွက် ယနေ့ နေလည် ၁၂ နာရီ အချိန်ခန့် တွင် ပခုက္ကူ သံဃာများ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ကြပါသည်။ သံဃာတော်များ သည် သာသနာ အလံများ၊ မီးသင့်ခံရသော သံဃာတော်များဧ။်ဓာတ်ပုံများ ကိုဆောင်ပြီး ငြိမ်းချမ်းစွာဖြင့်မြို့မလမ်း တလျှောက် စီတန်းလှည့်လှည်ပြီး မေတ္တာသုတ်များ ရွတ်ဖတ်တော်မူကြပါသည်။
ကိုကိုဇေ(ပခုက္ကူ)
"တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း"
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်းဖြင့် ယနေ့ နေ့လည်တစ်နာရီတွင် သံဃာတော်များ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး တောင်းဆိုချက်များကို မလိုက်လျောသဖြင့်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ကြောင်း
ဂဠုန်နီဆရာတော်မှ မိန့်ကြားသည်။ ဦးပွားဘုရားအတွင်းမှ စတင်ထွက်ခွာမည်ဖြစ်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ၁၀ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး အောက်ပါအချက်များကို ကြေညာတောင်းဆို ထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဥိးဆောင်ကော်မတီ ကြေညာချက်အမှတ် ၁/၂၀၁၂ ၁။ အောက်မြန်မာနိုင်ငံသံဃာတော်များနှင့်အထက်မြန်မာနိုင်ငံသံဃာတော်များပူးပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင် ရာ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ၁၀.၁၂.၂၀၁၂ရက်နေ့ တွင်ဖွဲ့စည်းလိုက်သည်။ ၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမျိုးဘာသာ သာသနာနှင့်ပြည်သူတို့၏ အကျိုးကို မျှော်ကိုးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူများကို လူမဆန်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ များ ပြင်းထန်စွာ ရရှိခဲ့ပါသည်။ ထို့အပြင် သံဃာတော် အရှင်သူမြတ်များနှင့် ပြည်သူလူထုအပေါင်းမှမိမိနိုင်ငံအတွင်း အထွဋ်အမြတ်ထား ကိုးကွယ်လျှက်ရှိသော သံဃာတော်များကို မီးလောင်ဗုန်းဖြင့် လူမဆန်စွာ မီးလောင်တိုက် ချေမှုန်းမှုကို ရှုတ်ချသောအားဖြင့် တစ်ညီတစ်ညွတ်ထဲ ပူးပေါင်းပါဝင်ကြရန် အလေးအနက်တိုက်တွန်းလိုက်သည်။ ၃။ မြန်မာနိုင်ငံ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ အောက်ပါအချက်များ ကို တောင်းဆိုလိုက်သည်။ (က) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့မှ ထိခိုက်ဒဏ်ရာ ရကြသူများနှင့် သံဃာထုတစ်ရပ် လုံးကို ၀န်ချတောင်းပန်ရန်၊ (ခ) အကြမ်းဖတ်ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ်အရေးယူပေးရန်။ (ဂ)ကြေးနီစီမံကိန်းနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် အထက်ပါတောင်းဆိုချက် ၃ချက်ကို ၁၂.၁၂.၂၀၁၂ရက်နေ့နေ့လယ် ၁၂နာရီ တွင် နောက်ဆုံးထားလိုက်လောခြင်းမရှိပါက မြန်မာနိုင်ငံတစ်ဦးလုံးရှိ သံဃာတော် များနှင့် ပြည်သူလူထုများပူးပေါင်းပြီး အထွေထွေသပိတ်ကြီး ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။ သတင်း၊ ဓါတ်ပုံ - ဖိုးလပြည့်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ ချုပ်မှ လည်း ယနေ့  ဒီဇင်ဘာလ ၁၂ ရက် မန်း ဆန္ဒ ထုတ်ဖော် မှုတွင် ပါဝင်ခဲ့ကြသည်...။
သတင်းများ.. ပေါ်ပြူလာဂျာနယ်..
|
Posted: 11 Dec 2012 07:50 AM PST
ဒီမိုဝေယံ မှတဆင့် တပ်ချူပ်ကြီးနှင့် ကျင့်ချူပ်ကြီး သိသာပါရန်
ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ညစ်ပတ်ကောက်ကျစ် အနိုင်ကျင့်ဗိုလ်ကျမှုများအား တင်ပြခြင်း ကျွန်တော်တို့ ပြင်ဦးလွင်တပ်မတော်နည်းပညာ တက္ကသိုလ်တွင် တပ်ခွဲကိုင်အရာရှိများမှ ဗိုလ်လောင်းများအပေါ် မတရားရိုက်နှက် နှိပ်စက်ခြင်း ၊ လစာများအား မတရားဖြတ်တောက်မှုများပြုလုပ်နေပါသည်။ ၁။ တပ်ခွဲမူးဗိုလ်ကြီး ဇေယျာအောင် (ကြည်း) ၄၄၅၆၇ သည် ပြင်ဦးလွင်မြို့တွင်းရှိ KTV ၊ မာဆက် ဆိုင်များသို့ သွားရောက် သောင်းကျန်းသဖြင့် ၎င်းသုံးဖြုံးသောငွေများအား ဗိုလ်လောင်းများထံမှ အကြောင်းအမျိုးမျိုးပြရ်ျ ကောက်ခံနေပါသည်။ ဖြတ်တောက်ခံရပြီးလစာငွေ ၆၀၀၀၀ သာရသော ငွေထဲမှ နောက်ထပ်တခါ တိုက်ပုံအင်္ကျီကြေး ဟုဆိုကာ ပထမနှစ်မှ စတုတ္ထနှစ် အထိ ဗိုလ်လောင်းများထံမှ တစ်ယောက် ၉၅၀၀ကျပ် ထပ်မံဖြတ်ပါသည်။ ကျွန်တော်တို့ ဧ။် လစာမှာ နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် လစာအား တကြိမ်မှ အပြည့်အ၀မရရှိခဲ့ဘူးပါ ယခုဆိုလျှင် ၅၀၀၀၀ ကျပ်သာရရှိပါသည်။ ၂။ တာဝန်ကျ အရာရှိများမှာလည်း ဗိုလ်လောင်းများအား နှစ်ပေပတ်လည်ရှိသော တုတ်များနှင့် တန်းစီကွင်းထဲတွင် ခေါင်း ၊ မျက်နှာတို့အား မတရားရိုက်နေသောကြောင့် ဗိုလ်လောင်းများမှာ ခေါင်းကွဲ၊ မျက်နှာ စုတ်ပြတ် ဒဏ်ရာများ သင်းတန်းသားများ ရရှိနေပါသည်။ ၃။ အနော်ရထာမှ အရာရှိက စပရိန်ကြိုးနှင့် ရိုက်သောကြောင့် ဗိုလ်လောင်းများခေါင်းကွဲ၊ မေးရိုးကျိုးသွားကြပါသည်။ ထိုကဲ့သို့ မတရား အနိုင်ကျင့် နှိပ်စက် ညှင်းပန်းနေသော အရာရှိများအား တပ်ချူပ်ကြီးနှင့် ကျင့်ချူပ် တို့ဖော်ထုတ် အရေးယူ ဆောင်ရွှက်ပေးပါရန် တိုင်ကြားအပ်ပါသည်။ နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများ |
Posted: 11 Dec 2012 07:28 AM PST
အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကို နိုင်ငံတော်အဆင့် တရားစွဲပါ..
ထို့အတူ လုံခြုံရေးစည်းပေါက်ခဲ့အောင် တာဝန်မဲ့လွန်းတဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုအားလည်း ရာထူးမှ ဖယ်ရှားပေးပါ...
ဒီယုံမြင်လို့ ဒီခြုံထွင်ဝါဒ ဖြန့်လုပ်ဆောင်နေတဲ့ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အမေရိကန် တပ်ဖွဲ့တွေ သင်ခန်းစာ ပေးခဲ့တဲ့ အဖြစ်အပျက် ၂ခုကို ပြန်မြင်ယောင်မိတယ်.။ မှတ်မိကြဦးမလားပဲ ၂၀၀၃ခုနှစ် အီရတ်စစ်ပွဲမှာ အမေရိကန်တပ်ဖွဲ့ ဘဂ္ဂဒက် မြို့သိမ်းတိုက်ပွဲ မစဉ်နွှဲခင်ကပေါ့..။ အီရတ်လေဆိပ်ကို သိမ်းပိုက်အပြီး ထိုစဉ်က အီရတ် ပြန်ကြားရေးဝန်ကြီး Muhammed Saeed (မြန်မာအခေါ် ဗိုလ်ကျော်ဆန်း)က အမေရိကန်တွေ လက်နက်ချ အဖမ်းခံနေပါတယ် ဆုတ်ခွာနေပါပြီးဆိုပြီး ဗြောင်လိမ်နေချိန်မှာ အရင်ဦးဆုံး အမေရိကန် တင့်ကား ၂စီးမြို့ထဲဝင်လာပြီး ရှာဖွေပစ်ခတ် တိုက်ခိုက်လိုက်တာကတော့ ဆဒမ်ဟူစိန်ရဲ့ ဘတ်ပါတီဋ္ဌာချုပ်ကို မဟုတ်ပဲ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကိုပါပဲ..။ ထိုစဉ်က အမေရိကန် တင့်ကားနှစ်စီး အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကို သေသေချာချာကို ချိန်ရွယ် ပစ်ခတ်လိုက်ပြီး ပြန်ထွက်သွားတဲ့ သတင်းရုပ်သံကို ထုတ်လွှင့်ပြသခဲ့ပါတယ်..။ ထို့အတူ ၂၀၀၁ခုနှစ်ကလည်း အာဖဂန်နစ္စတန်က အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနရဲ့ ရုံးခန်းကို အမေရိကန်လေတပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တာပါပဲ...။ ဒါဘာကို ပြသလဲဆိုတော့ ဝါဒဖြန့် သတင်းတွေ တောက်လျှောက် ဖော်ပြနေတဲ့ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနဟာ ရန်သူထက် အရေးကြီးလို့ တမင်ဝင်တိုက်ပြလိုက်တာပါပဲ..။ ယခုတဖန် အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနဟာက ယနေ့ရခိုင်အရေးမှာလည်း ဘင်္ဂလီတွေ Genocide မျိုးဖြုတ်သတ်ခြင်း ခံနေရပါတယ် ဆိုပြီး မြန်မာအစိုးရ ကန့်ကွက်တဲ့ကြားက မဟုတ်မမှန် သတင်းမှတ်တမ်း ထုတ်လွှင့်သွားခဲ့တာပါပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေ အနေနဲ့ အယ်လ်ဂျာဇီယာသတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ရိုဟင်ဂျာဇီယာ သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် မဟုတ်မမှန် လုပ်ကြံတင်ပြမှုကို ကန့်ကွက်ရမှာပါ..။ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုအတွက် နိုင်ငံတော်အဆင့် ကမ္ဘာသိ တရားစွဲနိုင်အောင် ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်..။ ပြည်သူတွေ အနေနဲ့ OIC အရေးမှာ နိုင်ငံအနှံ တညီတညွတ်တည်း ကန့်ကွက်ကြောင်း ညီညွတ်မှုကို ပြခဲ့ပြီးပါပြီ..။ အစိုးရအနေနဲ့ အယ်လ်ဂျာဇီယာသတင်းဋ္ဌာနကို နိုင်ငံတကာ ခုံရုံးမှာ တရားစွဲနိုင်ဖို့ လုပ်ဆောင်ပြရမှာပါ...။ ထို့အတူ ယနေ့ လက်ပံတောင်အရေးမှာ ကိုယ့်ပြည်သူနဲ့ သံဃာတော်တွေကို အလွန်အကျွံ အကြမ်းဖက် နှိမ်းနင်း လုပ်ဆောင်ခဲ့ပြီး တိုင်းတပါး အယ်လ်ဂျာဇီယာသတင်းဋ္ဌာနမှ ယခုလို လွယ်လွယ်ကူကူ သတင်းမှတ်တမ်း ရယူနိုင်အောင် လုံခြုံရေးစည်းပေါက်ခဲ့တဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ တာဝန်ရှိသူများအားလည်း ရာထူးမှ ဖယ်ရှားအရေးယူပေးဖို့ တောင်းဆိုပါတယ်..။
ဒီမိုဝေယံ
|
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
http://www.burmaburo.blogspot.com
No comments:
Post a Comment