Posted: 12 Dec 2012 08:21 PM PST
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် စည်ပင်သာဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာန တို့ ပြည်သူများထံမှ မတရားအခွန်ကောင်ခံနေသည်ဟု ဟင်္သာတမြို့နေပြည်သူများထံမှ သိရှိရသည်။
"ကျွန်တော်တို့ဆီကို စည်ပင်သာယာကနေ(၆)လခွန်ဆိုပြီး လာကောင်တာတွေရှိပါတယ် တစ်နှစ်ကို ပုံမှန်နှစ်ကြိမ် လာကောက် တယ် ပုံမှန်သာလာကောက်တယ်အဲဒိ(၆)လခွန်နဲ့ပါတ်သက်ပြီး အကောင်ထည်ဖော် တာတွေ ကျွန်တော်တို့မတွေ့ရဘူး၊
လမ်းမီးတွေကျွမ်းတယ်မလဲဘူး၊ ရေမြောင်း တွေပိတ်တယ်မဖော်ဘူး၊ အမှိုက်ကားကလည်းပုံမှန်မလာတော့ အမှိုက်တွေဘယ်ပုံရမှန်းမသိဘူး အ မှိုက်ကန်ဆို တာလည်းထားမပေးဘူး အမှိုက်ကားက ထွက်တော့ ထွက်တယ် ပိုက်ဆံပုံမှန် ပေးတဲ့ရပ် ကွက်ကို ပုံမှန် ထွက်ပေးတယ်၊ (၆)လခွန်သာ ပုံမှန်ပေးနေရတယ် ကျွန်တော်တို့ပြည်သူတွေအတွက်ဘာအကျိုး အမြတ်မှ ရမလာဘူး၊ သူတို့အဖို့ကပိုက်ဆံရဖို့အတွက်ဆို အကုန်လုပ်တယ်၊ လမ်းမတွေပျက် ဆီးနေတာလည်းတော်တော်မြင်မကောင်းဘူး၊ မြို့အင်္ဂါရပ်နဲ့တောင်မညီဘူး။ ကျွန်တော်တို့လို လမ်း ဘေးဈေးသည်တွေကျတော့လည်း လုပ်ငန်းခွန်ဆိုပြီးတစ်နှစ်စာဆောင်ရတာကတစ်မျိုး၊ ဈေးကောက် ဆိုပြီးတစ်နေ့ကို(၂၀၀)ပေးရတာကတစ်မျိုး ပေးနေရတယ်။ ဈေးကောက်ဆိုတာကလည်း စည်ပင်က ဈေးကောက်လေလံရထားတဲ့ အပြင်အရပ်သားတွေ၊ လျှပ်စစ်ဝန်ကြီးဌာနဆိုရင်လည်း ဆိုင်မှာ မီးလေး နှစ်ပွင့်သုံးတာကို လုပ်ငန်းသုံးဆိုပြီး တစ်ယူနစ်ကို(၇၅)ကျပ်နှုန်းကောက်တယ်၊ ဆိုင်မှာတီဗွီလည်းမရှိ ဘူး၊ရေခဲသေတ္တာလည်းမရှိဘူး ကြာရင်ကျွန်တော်တို့ပြည်သူတွေ ၀င်ငွေထွက်ငွေမမျှတတော့ပဲ လမ်း ဘေးမှာတောင်စား ရတော့မယ့်အဆင့်ရောက်တော့မယ်'' ဟုဟင်္သာတမြို့ပေါ်ရှိ ကိုတင်အောင်ဆိုသူမှ ပြောကြားခဲ့သည်။
အလားတူ ဟင်္သာတမြို့မြ၀တီရပ်ကွက်တွင်လည်း "ကျွန်တော်တို့မြ၀တီရပ်ကွက်ဟာတက္က သိုလ်ကျောင်းသား/သူများ အများဆုံးရှိတဲ့ရပ်ကွက်ပါ၊ ဆိုင်းဘုတ်ချိတ်၍ ဘော်ဒါဌားစားကြသူများရှိ ကြသလို ဆိုင်းဘုတ်မချိတ်ပဲဘော်ဒါဌားစားကြသူများလည်းရှိကြပါတယ်၊ အဝေးသင်ရက်ဆိုရင် စည်ပင်ကကျွန်တော်တို့ရပ်ကွက်ကိုပုံမှလာတယ်၊ကျွန်တော့်အိမ်ဆိုရင် နယ်က တူမလေး(၂)ယောက် တက္ကသိုလ်တက်ဖို့လာနေတယ် အဲဒါကိုစည်ပင်က ကျောင်းသားရှိလားလို့မေးတယ် ကျွန်တော်ကရှိ တယ်ပြောတော့ ကျောင်းသားရှိတဲ့အတွက် ကျောင်းသားတစ်ယောက်ကို(၇၀၀)ကျပ်အခွန်ပေး ဆောင်ရ တယ်၊ အိမ်ရှေ့ခြံကွက်လပ်လေးမှာ အဝေးသင်ရက်လေး(၂)လလောက်ကို ဆိုင်လေးဖွင့် တယ်အဲဒါကို စည်ပင်ကတစ်နှစ်စာလုပ်ငန်းခွန်ဆိုပြီး (၆၀၀၀)ကျပ်ကောက် တယ်၊ ဈေးကောက် တစ်နေ့(၂၀၀)ကျပ်ကတစ်မျိုး မပေးလို့ကလည်း မရဘူးပေးရတယ်၊ အဝေးသင်ရက်ဆိုရင် စည်ပင်က သူတို့အတွက်စီးပွားဖြစ်ပဲ၊ ပြည်သူတွေဆီကပိုက် ဆံရဖို့အတွက်ဆို အမျိုးအမျိုးခေါင်းစဉ်တတ်ပြီးတောင်းတယ် ကျွန်တော်တို့ရပ်ကွက်မှာ ရေမြောင်းတွေ ပိတ်တယ် လာဖော်မပေးဘူး၊ ရေမြောင်းတွေက မဖော်တာကြာတော့ အပင်တွေပေါက်ပြီး ရေမြောင်းတွေပျောက် ကုန်တယ်၊ မိုးတွင်းရောက်ပြီဆို နှစ်စဉ် ကျွန်တော့်တို့ရပ်ကွက် ကရေမြုပ်တယ်၊ ရေဘေးကယ်ဆယ်ရေးတွေလုပ်ရတယ်၊ (၆)လခွန်သာပုံမှန်ပေးနေရတယ် ကျွန်တော်တို့ပြည်သူတွေ အတွက်ဘာအကျိုးမှဖြစ်မလာဘူး၊ နောက်ပြီး EPC ကလည်းအိမ်မှာ ကျောင်းသားရှိတဲ့အတွက်မီတာကိုလုပ်ငန်းသုံးဆိုပြီး တစ်ယူနစ်ကို(၇၅)ကျပ်နှုန်းကောက်တယ်၊ အသနားခံစာတင်တော့လည်း ဘာမှထူးခြားမလာဘူး ဒီအတိုင်းပဲ၊ ကျွန်တော်သိထားတာက လုပ်ငန်း သုံးဆိုတာ ပါဝါမီတာလို့သိထားတယ်၊ ရိုးရိုးအိမ်သုံးမီတာကို လုပ်ငန်းသုံးဆိုပြီး(၇၅)ကျပ်နှုန်းကောက် တယ်၊ မီတာဘေထွက်လာတော့လည်း မီတာထိန်း သိမ်းစောက်ရှောက် ခဆိုပြီး(၁၀၀၀)ကျပ် က အသ လွတ်ပေးရတယ်၊ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့ပေးသင့်တဲ့အခွန်ကို ပေးဆောင်မှာပါ၊ အခုဟာက အရမ်းလွန်လွန်းပါတယ်၊ ဒီဒုက္ခတွေကိုခံစားနေရတာ ကျွန်တော်တစ်ယောက်ထဲမဟုတ်ပါဘူး တစ်ရပ် ကွက်လုံးနီးပါးခံစားနေရတာပါ " ဟုမြ၀တီရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရှိရသည်။
|
Posted: 12 Dec 2012 08:11 PM PST
ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ(ဟာဂျူလီ-ကသာ)
![]()
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်
ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊
"ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊ အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေ ရပါတယ်၊သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကို လည်း ပေါင်သွား တယ်၊သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြော တာတော့ မေသက်ဇွန် ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့၊နောက်ပြီး ဗန်းမော် သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေး နဲ့ပဲ တွေ့တဲ့သူ ရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်"ဒေါ်ခင်နန်းမြင့်ပြောခဲ့ သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ ပါသည်၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံ သို့ခေါ်ဆောင် ရောင်းချ ခဲ့ သည့် ဖြစ်စဉ်များဖြစ်ပါ သည်၊ထိုဖြစ်စဉ်အား ကျွန်တော် မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ် ပါသည်၊ ယခုပျောက်ဆုံးသွား သည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွား ခဲ့သောခြေရာလက်ရာ အတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊ |
Posted: 12 Dec 2012 09:48 AM PST
၁၂-၁၂-၂၀၁၂ နေ့ ညနေ ၆း၃၀ နာရီခန့်က ကလေးဆေးရုံ သို့ရောက်ရှိလာသော လက်ပံတောင်း မီးသင့်ကလေးများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်..။
ကလေးများကြည့်ရှုအပြီး ဆေးရုံဝန်ထမ်းများ နေအိမ်တန်းလျားရှိ ဆေးရုံဝန်ထမ်း မိသားစုများအား သွားရောက်ကြည့်ရှုခဲ့သည်..။
သတင်း... ဓာတ်ပုံ ကိုဆန်နီ
|
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
http://www.burmaburo.blogspot.com
No comments:
Post a Comment