Sunday 21 April 2013

ကောင်းလို့ forever friend မှကူးယူဖေါ်ပြပါသည်။


“ ဗုဒ္ဓဘာသာဝင်ရွှေမြန်မာများအား ဆုံးမခြင်း (လောကမှာငွေ)”

ငွေဆိုတဲ့ အရာကို လူတွေအားလုံးက ဒုတိယဘုရားသခင်လို့ သတ်မှတ်ထားကြပါတယ်။ ငွေရှိရင် ဘာမဆိုဖြစ်နိုင်တယ်။ လုပ်သမျှတင့်တယ်တယ်။ ငွေနဲ့ပြီးမြောက်လို့ရတဲ့ အရာတွေ လောကကြီးမှာ အများကြီးရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကြောင့်မို့ လူမျိုးခြား ဘာသာခြားတွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဖြစ်တဲ့ ငွေကိုမရ-ရအောင် ရှာဖွေစုဆောင်းကြပါတယ်။ ငွေကြေးဥစ္စာပြည့်စုံလာတဲ့အခါမှာလည်း ရှာဖွေစုဆောင်းမှု ဝီရိယက ရပ်တန့်မနေဘဲ ဆထက်ကြီးပွားတိုးတက်အောင် ကြိုးစားကြပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အားကျအတုယူသင့်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ငွေကြေးချမ်းသာကြွယ်ဝအောင် လုပ်ဖို့ကိစ္စဟာ ကိုယ့်ဘဝကြီးပွားတိုးတက်ရေးအတွက်သာမက မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ကာကွယ်တဲ့ နေရာမှာလည်း အထူးအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကိုလည်း သဘောပေါက်ထားဖို့ လိုပါတယ်။ လူမျိုးခြား ဘာသာခြားတွေဟာ ငွေကြေးကိုရအောင်ကြိုးစားရှာပြီး အဲဒီငွေကြေးနဲ့ပဲ မြန်မာမိန်းကလေးတွေကို မက်လုံးပေးအရယူကြပါတယ်။ ငွေကြေးဟာ လူတွေရဲ့ သည်းချေကြိုက်ဖြစ်တဲ့အတွက် အချို့မြန်မာမိန်းကလေးတွေဟာ ငွေကြေးရဲ့ လှည့်စားမှုအောက်မှာ အလူးအလိမ့်ခံရပြီး လူမျိုးခြားဘာသာခြားတွေရဲ့ မယားဘဝရောက်သွားကြပါတယ်။ အဲဒီငွေကို ဘယ်သူကပေးတာလဲဆိုရင် မြန်မာကပဲပေးတာပါ။ ဘာလို့လဲဆိုတော့ ဘာသာခြား လူမျိုးခြားဆိုင်တွေကို ရှောင်ကြဉ်ကောင်းမှန်းမသိ၊ သိအောင်လည်းမလေ့လာ။ မလေ့လာတော့မသိ၊ မသိတော့ ဘာသာခြားဆိုင်မှန်းသိသိကြီးနဲ့ အမျိုးမစစ် ဘာသာမချစ်သူတွေက အားပေးလိုက်ရော။ အားပေးလိုက်တော့ သူတို့မှာ အမြတ်စွန်းတွေရကြ။ ရကြတော့ အဲဒီငွေနဲ့လည်း မြန်မာနဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေပြန်ပြီး ဒုက္ခပေးကြတာဖြစ်ပါတယ်။ ပြုပြင်စရာ ပြင်ဆင်စရာများပင်ဖြစ်၏။
ဒီနေရာလေးမှာ အဓိကထားပြီး ပြောချင်တာက မြန်မာမျိုးဆက်သစ်လူငယ်တွေကိုပါပဲ။ ယနေ့လူငယ် ဖြစ်နေကြပေမယ့် နောင်ဝယ်လူကြီးတွေဖြစ်လာကြမှာ မလွဲမသွေဖြစ်ပါတယ်။ အခုခေတ် ဗုဒ္ဓဘာသာ မြန်မာလူငယ်တွေဟာ များသောအားဖြင့် အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေးထက် အပျော်အပါး အသောက်အစား၊ အလောင်းကစားဘက်ကို ပိုပြီးခုံမင်နေကြတာကို တွေ့ရပါတယ်။ အမျိုးသားရေးဆို တာလည်း ဘာမှမသိ၊ ဘာသာရေးဆိုတာလည်းဗလာနတ္ထိ၊ စီးပွားရေးဆိုတာလည်း ဦးနှောက်ထဲမှာ မရှိဆိုတဲ့ လူသားပါပဲ၊ လူမျိုးခြား ဘာသာခြားလူငယ်တွေမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ အမျိုးသားရေးစိတ်ဓာတ်ကလည်း ထက်သန်၊ ဘာသာရေးစိတ်ဓာတ်ကလည်းပြည့်ဝ၊ စီးပွားရေးဦးနှောက်ကလည်း ရှိနေကြတာတွေ့ရပါတယ်။ ဒီလိုလူငယ် လူရွယ်ကတည်းက အစစအရာရာ ကွာခြားနေကြမယ်ဆိုရင် အသက်အရွယ်ရလာတဲ့အခါတွေမှာလည်း အဘက်ဘက်က ကွာခြားသွားမှာ သေချာပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာမြန်မာလူငယ်တိုင်း အမျိုးသားရေးသတိ၊ ဘာသာရေးသတိ၊ စီးပွားရေးမျက်စိ တွေအားလုံးဖွင့်ထားကြဖို့ လိုအပ်လာပါပြီ။ အပျော်အပါး၊ အသောက်အစား၊ လောင်းကစားမှုတွေဟာ အမျိုးသားရေးဘက်ကပဲ ကြည့်ကြည့်၊ ဘာသာရေးဘက်ကပဲကြည့်ကြည့်၊ စီးပွားရေးဘက်ကပဲကြည့်ကြည့် ဘယ်နေရာမှ အနစ်မရှိပါဘူး။ လူမျိုးခြား ဘာသာခြား လူငယ်လူရွယ်တွေက သူတို့အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေးတွေကို တက်တက်ကြွကြွ လုံ့လဝီရိယရှိရှိနဲ့ ကြိုးစားနေကြတဲ့အချိန်မှာ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေက အီးယောင်ဝါးလုပ်နေကြမယ်ဆိုရင် နောင်တစ်ချိန်မှာ အဘက်ဘက်က နောက်ကျကျန်နေခဲ့နိုင်ပါတယ်။ တစ်ချို့ရှိပါသေးတယ်။ ခါးထောင်းတစ်ခြား၊ ဖင်တစ်ခါးသူတွေ၊ ကိုယ့်အမျိုးသားရေး ၊ ဘာသာရေး၊ စီးပွားရေးကို တက်တက်ကြွကြွ လုပ်ဆောင်ခြင်း၊ ထိုအမျိုးသားရေး ဘာသာရေး၊ စီးပွားရေးကို လေးလေးနက်နက်မတွေးခေါ်ဘဲ သူများဘာသာရေး၊ လူမျိုးရေး စီးပွားရေးအတွက် တွေးခေါ်ပေးတဲ့ပုံစံများ၊ (ဥပမာ) ဗုဒ္ဓဘာသာဝင်ဆိုင်တွေမှာဈေးဝယ်ပါ၊ ဗုဒ္ဓဘာသာအချင်းချင်း စည်းလုံးညီညွတ်စွာပေါင်းသင်းပါ၊ ဗုဒ္ဓဘာသာအချင်းချင်း အိမ်ထောင်ပြုကြပါလို့ တိုက်တွန်းနေသူများကိုပင် အမြင်ကျဉ်းတယ်။ လူမျိုးရေး ဘာသာရေးခွဲခြားတယ်ဆိုပြီး အသားထဲကထွက်တဲ့ လောက်ကောင်လို သူတစ်ပါး ဘာသာ၊ လူမျိုး စီးပွားရေးကိုထည့်တွက်ပေးသလိုလို လုပ်နေ၊ ပြောနေတာတွေက ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်စီးပွားရေးကိုထည့်မစဉ်းစားဘဲ သူတစ်ပါးအကျိုးဖြစ်ထွန်းဖို့၊ (တစ်နည်းပြောရရင်) ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်စီးပွားရေးပျက်အောင် လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ပါတယ်။ ဒီလောက်ထိ ဦးနှောက်အဆန်ချောင်ခြင်းမျိုး၊ တွေးခေါ်မှုဆိုင်ရာ ဥာဏ်ဖျင်းမှုမျိုးမဖြစ်သင့်တာအမှန်ပင်ဖြစ်၏။
တစ်ချိန်တုန်းက မြန်မာနိုင်ငံရဲ့အမျိုးသားရေး၊ ဘာသာရေးဟာ တစ်ကောင်တည်းပြေးနေတဲ့ မြင်းလို မောင်ရင်ရပ်နား၊ ရေငတ်ရင်သောက်၊ နေပူရင်အရိပ်မှာ အေးအေးဆေးဆေး နားနေလို့ရပါတယ်။ အခုချိန်မှာတော့ အဲသည်လို မဟုတ်တော့ပါဘူး။ ကိုယ်ကရှေးကနေ ဦးဆောင်ပြီး ပြေးနေရတယ်ဆိုပေမယ့် ကိုယ့်ကိုကျော်တက်ပြီး ပန်းဝင်ဖို့ကြိုးစားနေတဲ့ ပြိုင်မြင်းတွေကလည်း ရှိနေကြပြီးဖြစ်တဲ့အတွက် သူပြိုင် ကိုယ်ပြိုင် အနိုင်ကြဲနိုင်မှ တော်ရာကျပါတယ်။ ဒါကြောင့်မို့ မြန်မာလူမျိုးတိုင်း အရာရာကို မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ လျှစ်လျှူရှုမနေသင့်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကို သွက်သွက်လက်လက် ထက်ထက်မြက်မြက်နဲ့ လုပ်ကိုင်ပြီး မျက်စိကိုဖွင့် နားကိုစွင့်ထားကြဖို့ပါပဲ။
(နိဂုံးပိုင်း) ဆက်လက်ပို့ပေးပါဦးမည်။ အနည်းငယ်ရှည်ပါသောကြောင့် နှစ်ပိုင်းခွဲထားခြင်းဖြစ်၏။
ဖိုးပညော(သပိတ်ကျင်း)၏ လောကမှငွေဆိုတဲ့ ပိုစ့်လေးကို ဖြည့်စွက်ရေးသားထားသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment