“မပြောမပြီး မတီးမမြည်” တဲ့။ ဗမာဆိုရိုးစကားရှိတယ်။ ဟုတ်တာပေါ့ဗျာ။ မတီးမှတော့ ဘယ်ဗုံက မြည်လိမ့်မတုံး။ ဘယ်မောင်းက ဟည်းလိမ့်မတုံး။ မှန်လိုက်လေ။ ဒါပေမယ့် မပြောမပြီးဆိုတာကတော့ မမှန်တမှန်ပဲဗျ။ ပြောတိုင်း ပြီးတာမှ မဟုတ်တာ။ မပြီးတာ ဘာတတ်နိုင်မလဲ။ မပြီးမှတော့ ထပ်ပြောပေါ့။ ထပ်မပြီးတော့လည်း ထပ်ထပ် ပြောရုံပေါ့။
သမ္မတကြီး ဦးသိန်းစိန်က စကားသာ မသွက်တာ၊ အပြောတော့ ညက်သဗျ။ သူ့ခမျာလည်း မပြောမပြီးသမားနဲ့တူရဲ့။ ပြောရှာဖော်တော့ ရပါတယ်။ ဒါပေမယ့် ပြောတဲ့ကြားက မပြီးတာတွေရှိတော့လည်း ထပ်ထပ်ပြောနေရရှာပုံပေါ်ပါတယ
မနေ့တစ်နေ့က မီဒီယာမှာ ဖတ်လိုက်ရတာကတော့ အရာရှိကြီးတွေ အရည်အချင်းပြကြဟေ့တဲ့။ အရည်အချင်းမပြည့်လို့ကတော့ ကျန်ခဲ့ကြမှာနော်...တဲ့။ မကြာခင်တုန်းကလည်း ဒီစကားမျိုး ပြောခဲ့သေးသဗျ။ ရှေ့ခရီးမှာ အတူမလိုက်နိုင်သူတွေကို ချန်ခဲ့ရမှာနော်တဲ့။ ပြောခဲ့တယ်လေ။
အဲ့ဒီလိုစကားမျိုးတွေကြားရေ
မကြာလိုက်ဘူးဗျ။ ဝန်ကြီးတစ်ပါး ဘယ်ရောက်သွားတယ်မသိ။ ထုတ်ဆိုလား၊ ထွက်ဆိုလားပဲ။
ဟို ဘယ်သူဆိုလား၊ ပြန်ကြားဝန်ကြီးဆိုလားပဲ။ အရှင်လက်လက် ဘဝပြောင်းသွား ဆိုလားပဲ။ ဗိုလ်ဝန်ကြီးကနေ ဘိုင်ဝန်ကြီးဖြစ်သွားသတဲ့။
အခုလည်း တနင်္သာရီခရီးမှာ သမ္မတ ပြောပြန်ပြီ။ အရာရှိကြီးတွေ အရည်အချင်းမမီရင် ကျန်ခဲ့မှာတဲ့။ အင်း..... သမ္မတစကားဆိုတော့ အာဏာစူးသလောက် စူးလိမ့်ပေမပေါ့လေ။ စောင့်ကြည့်ကြရမှာပေါ့။
ကျုပ်ပြောချင်တဲ့စကားက စစ်အာဏာရှင်ခေတ်ကြီးကို အမွေခံ လှိမ့်လည်နေတဲ့ ဒီနေ့ အုပ်ချုပ်ရေးယန္တရားမှာ တကယ်တမ်း အုပ်တတ်ချုပ်တတ် လူထုအကျိုးဆောင်တတ်တဲ့သူ အချိုးအစား ဘယ်လောက်များသလဲ။ ရာခိုင်နှုန်းဘယ်လောက်ရှိသလဲ
ဒီမေးခွန်းက မေးကိုမေးရလိမ့်မဗျ။ အားလုံးသိကြတဲ့အတိုင်း ဒီမြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို အရာရှိကြီးတွေဆိုတာထဲမှာ မိုးကျရွှေကိုယ်တွေက နည်းတာမှ မဟုတ်တာဗျာ။ ကျုပ်ထောင်ထဲမှာ ကြုံခဲ့ဖူးတာပြောမယ်။ အရပ်မြင့်မြင့်၊ အပွင့်ကြီးကြီးတွေကို ဘယ်သူဘယ်ဝါ၊ ဘယ်ကလာ၊ ဘာတွေလုပ် မမေးနဲ့။ အကုန်လိုလို ကျန်စစ်သားချည်းပဲဗျ။ စစ်တစ်ဖြစ်လဲချည်းပဲဗျ။ တိုင်းသိပြည်သိကိစ္စဗျာတို့။
ထောင်ထဲမှာတော့ အဲ့ဒီလိုမျိုးပုဂ္ဂိုလ်တွေ အရည်အချင်းပြည့်ကြပါပေတယ်။ ခြေသွက်လက်လျှို အမျိုအဆို့ ကောင်းကြပါ ပေတယ်။ အဲ့ကလို လက်မရွံ့တွေဟာ ထောင်နဲ့တန်တဲ့ အရည်အချင်းရှိတယ်လို့ ဆိုရင်ဆိုပါ။ အများပြည်သူကို ကျောသားရင်သား မခွဲမခြား၊ သနားကြည်ဖြူ အုပ်စိုးတော်မူဖို့ တန်၏ ၊ မတန်၏တော့ အများကြီး ပြန်လည်သုံးသပ်ကြရလိမ့်မယ် ထင်မိသဗျို့။ ကျုပ်တို့ကတော့ စာမတတ် ပေမတတ် ကော်မရှင် စော်နံသူတွေ မဟုတ်ဘူးလေဗျာ။ ဘယ်လိုလုပ်ရင် ကောင်းမယ်ထင်ဆိုတာမျိုး ပြောတတ်မှ မဟုတ်ပေဘူးပေါ့ဗျာ။
တကယ်ပြောတော့လည်း ကော်မရှင်ဆိုတာကြီးတွေတောင်
ဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကော်မရှင်က မေးတော့မယ်။ ဘယ်သူ တာဝန်ရှိသလဲ။ ဘယ်သူအမိန့်ပေးသလဲ။ ဘယ်သူ ဖြိုခွဲမှုကို ကွပ်ကဲသလဲ။ မီးလောင်ဗုံးဆိုလား၊ လောင်မီးဗုံးဆိုလား၊ မျက်ရည်ယိုဗုံးဆိုလား၊ မီရည်ယိုဗုံးဆိုလား၊ အဲ့ဒီ လောင်မီးဟုန်းဟုန်းငရဲဗုံးေ
မေးခွန်းတွေကတော့ တသီတန်းကြီးပေါ့။
ကော်မရှင်ကလည်းမေးတော့မှာပဲ
ကော်မရှင်မမေးခင် အစိုးရပိုင်းက ပုဂ္ဂိုလ်တစ်ဦးက အဲ့ဒီဗုံးကိစ္စ တာဝန်ရှိသူကို အရေးယူရမှာပဲလို့ ဦးခင်အောင် ပြောလိုက်ပြီဗျာ။ ကောင်းလိုက်တာဗျို့၊ ကောင်လေစွ။ ဒါပေမယ့် တာဝန်ရှိသူဘယ်လောက်များသလဲ။
အငှားတရားခံရှာတာမျိုး၊ အောက်ခြေဖိထောင်းတာမျိုး၊ ထမင်းရည်ပူ လျှာလွှဲတာမျိုးမဟုတ်ရင်တော့
ယိုးဒယားမှာ ဖြစ်ပေါ်နေတဲ့ အမှုကိစ္စကြီး ကြားကြရဲ့ မဟုတ်လား။ ၂၀၁၀ ထိုင်းနိုင်ငံ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲမှုကြီးမှာ လူတွေသေကျေခဲ့ကြရတယ်။ အဲ့ဒီကိစ္စတွေအတွက် အစိုးရကဝန်ကြီးချုပ်ဟောင်းအ
နိုင်ငံများစွာမှာ လူထုဆန္ဒပြပွဲ နှိမ်နင်းမှုတွေကို လူထုအပေါ်အကြမ်းဖက်မှုအဖြစ်နဲ
လက်ပံတောင်း သပိတ်အကြမ်း ဖက်ဖြိုခွဲမှုကို ကျုပ်တို့ဘယ်လိုသဘောထားကြမလ
အကြမ်းဖက် သပိတ်ဖြိုခွဲမှုမီးကတော့ မငြိမ်းသေးဘူးဗျာ။ အကြမ်းဖက်ဖြိုခွဲမှုအရေးယူဖိ
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်း ဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၉)
No comments:
Post a Comment