နိုင်ငံခြားသတင်းဌာန တစ်ခုလာတဲ့သတင်း ဖတ်လိုက်ရတယ်။ အလိုလေး သတင်းကောင်း ကြီးပါကလား။ သတင်းကဒီလိုဗျ။ ဖင်လန်နိုင်ငံရောက် ကျုပ်တို့သမ္မတကြီးဦးသိန်းစိ
သမ္မတနှယ်ဗျာ။ ပြောစရာနေရာရှားရော့လား။ ဖင်လန်နိုင်ငံမှ သွားပြောရတယ်လို့။ နေပြည်တော်မှာ မပြောချင်နေ။ ရန်ကုန်ရောက်တုန်း ပြောပါတော့လား။ ချင်းတောင်ရောက်တုန်း ပြောပါတော့လား။ ဖင်လန်ဆိုတဲ့ နိုင်ငံမှာမှ သွားပြောရလား။ အနံ့၊ အရသာနဲ့ ပြည်စုံတဲ့ တပ်မတော်သတင်းကို အန်ချင်စရာလုပ်တာ များလားဗျာ။
`
ဒါပေမယ့်… သမ္မတကြီးက ပြောတယ်ဗျ။ လာမယ်ကြာမယ်တဲ့။ ဒီနေ့လွှတ်တော်အတွင်းမှာ တပ်မတော်က အစိတ်သားကြီး (အဲလေယောင်လို့) ၂၅ ရာခိုင်နှုန်းကြီးများတောင် ပါနေပါတယ်။ ပါချင်လို့ပါနေတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံပေါ်ဖို့အတွက် လွှတ်တော်ထဲ ရောက်နေတာပါတဲ့။ လက်တလောတော့ လျှော့ချလို့ မဖြစ်နိုင်ပါဘူးတဲ့။ ၂၀၁၅ နောက်ပိုင်းမှာတော့ ဂုဏ်သိက္ခာရှိစွာ လျော့ချနိုင်မှာပါတဲ့။
သမ္မတကြီးက အခြေခံဥပဒေကြီးပြောင်းဖို့ေ
ဖင်လန်မှာပြောတဲ့ စကားမှာတော့ အခြေခံဥပဒေပြင်ရေး မပါရေးချမပါဗျ။ အခြေခံဥပဒေ မပြင်မပြောင်းဘဲနဲ့ ဘယ်လိုများ ‘အပ်ချလောင်း’ မလို့လဲဗျာတို့။
အခြေခံဥပဒေပုဒ်မ ၁၀၉ (ခ) မှာက ‘၁၁၀ ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ’ ရယ်လို့ ပြောင်းတတ်ပြီး ရေးသွင်းထားတာလေဗျာ။ ပုဒ်မ ၁၄၀ (ခ) မှာက ‘အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး’ လို့ ရှင်းထင်းကြီး ရေသွင်းထားတာလေဗျာ။
ဘာတွေပြောပြောဗျာ။ ကျုပ်ကတော့ သမ္မတကြီးပြောတာကို ယုံတယ်။ ရွှေလည်တိုင်ဖော့ရိုး ကျိုးခါမှကျိုးရော့။ ကျုပ်ကတော့ ၂၀၁၅ အလွန်ကို မျှော်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်တစ်ယောက်တည်း အိုကြောင်ဖြစ်လာသလား မသိပါဘူးဗျာ။ ယုံတယ်....မျှော်တယ်ဆိုတဲ့စ
ကျုပ် အိမ်နီးချင်း သူငယ်ချင်းက နားငြီးလို့ လာငေါက်မှပဲ မန္တန်ရွတ်ရပ်တော့တယ်။
သူမေးတာနဲ့ကျုပ်က ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ သူက မင်းနှယ်ကွာ မကြီးမငယ် တောမျှော်-တောင်မျှော် လုပ်နေရတယ်လို့။ မင်းတို့ ဒီချုပ်ညီလာခံကြီးက တေမိလုပ်နေမှာလားကွ။ ၂၀၀၈ က ဒီချုပ်ထုတ်ခဲ့တဲ့ အခြေခံဥပဒေပြင် ၁၂ ချက်လို ကိစ္စမျိုးက အသံထွက်လာမှာပေါ့ကွာ။ ဒီချုပ်ကြားဖြတ်ရွေးကောက်ပွ
ဒီတော့မှ ကျုပ်လည်း မေ့ရာကလန့်နိုးသလို အမောတကြီးပြောမိတယ်။ အေး ဟုတ်တာပေါ့။ အခြေခံပြင်ဆင်ရေးလူထုလှုပ်ရှ
ဟုတ်တယ်ဗျ။ ဒီချုပ်ဗဟိုညီလာခံလိုမျိုးက
ကျုပ်ကတော့ မေ့တေ့တေ့ပဲ။ ဟိုစကားပုံကြားဖူးရဲ့မဟုတ်လ
ကိုင်း.....ကိုင်း.....သံပြ
ပြည်သူတွေ ပြင်ပြင်
ရှင်ဘုရင်တွေ ပြောင်းပြောင်း
ကဲ....နောက်တစ်ကျော့.....။
ပြည်သူတွေ ပြင်ပြင်
ရှင်ဘုရင်တွေ ပြောင်းပြောင်း။ ။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အမှတ်(၁၀)။ ။
No comments:
Post a Comment