Sunday 24 May 2015

လှေစီးသွားသူများထဲတွင် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ မပါဝင်


လှေစီးသွားသူများထဲတွင် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ မပါဝင်ဟု ရခိုင်ပြည်နယ် အစိုးရဆို
May 21, 2015


စစ်တွေ၊ မေ ၁၉
မလေးရှားနိုင်ငံသို့သွားနေကြသည့်လှေစီးဘင်္ဂါလီများအထဲတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းမှ ပါဝင်ခြင်း မရှိဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း က ထုတ်ဖော်ပြောဆိုလိုက်သည်။

မေလ ၁၉ ရက်နေ့၊ ညနေပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေး ခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

"အဲဒီလှေစီး ရိုဟင်ဂျာတွေထဲမှာ ရခိုင်ပြည်နယ်ကဘင်္ဂါလီဒုက္ခသည်စခန်းတွေကနေပါတယ်ဆိုပြီး ပြောနေကြတဲ့
သူတွေကို ဘာအထောက်အထားနဲ့ စွပ်စွဲနေကြတာလဲလို့ ကျနော်တို့က မေးချင်တယ်။ ကျနော် တို့မှာ ဒီကနေ့အထိ ဘယ်ဒုက္ခ သည်စခန်းက ဘယ်ဘင်္ဂါလီဒုက္ခသည်တွေမှ လူကုန်ကူးပွဲစားတွေနဲ့ လိုက်သွားလို့ ပျောက်နေတာ မရှိသေးဘူး"ဟု ယင်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဒုက္ခသည်စခန်း ၁ဝ ခုကျော်ရှိသော်လည်း ယင်းစခန်းရှိဘင်္ဂါလီဒုက္ခသည် များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့က လုံခြုံရေးအပြည့်အဝရယူထားသဖြင့် ဘင်္ဂါလီဒုက္ခသည် များအနေဖြင့် အလွယ်တကူဝင်/ထွက်သွားလာမှု မရှိကြောင်းလည်း ဦးလှသိန်းက ဆက်ပြောသည်။

"ရိုဟင်ဂျာဆိုတာနဲ့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကို တန်းမြင်ကြတော့တာပဲ။ ကျနော်တို့ သိရသလောက်ကတော့ အဲဒီလှေစီးဒုက္ခသည်တွေကို မင်းတို့ တစ်ခုခုဖြစ်လို့ရှိရင် ရိုဟင်ဂျာလို့ပြောဆိုပြီးတော့ လူပွဲစားက သင်ပေးပြီးသား။ ဒါကြောင့် ဘင်္ဂလီတွေအားလုံးက ခုလို ထွက်ဆိုကြတာ"ဟု ယင်းက ဆိုသည်။ ယခု မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတွင် ကယ်တင်ထားသော လှေစီးဒုက္ခသည်များသည် ဘင်္ဂလာဒေရှ့် ကမ်းခြေမှ တဆင့် ထိုင်းလုပ် ၀ါးလက် ငါးဖမ်းလှေများဖြင့် ထွက်ခွာကြသူများ ဖြစ်ကြကြောင်း သိရသည်။ နိုင်ငံတကာ သတင်းမီဒီယာများကမူ ယခု လှေစီဒုက္ခသည်များမှာ ဖိနှိပ် ခွဲခြား ဆက်ဆံခံရမှုတို့ကြောင့် ရခိုင်ပြည်နယ် ရှိဒုက္ခသည် စခန်းများမှ ထွက်ပြေးလာကြသူများ ဖြစ်ပြီး အချို့မီဒီယာများကမူ ဒုက္ခသည်စခန်းများမှ လူအချို့ကို ငွေဖြင့် ရွေး၍ လူမှောင်ခိုသမားများလက်မှ ပြန်လည် ကယ်တင်ခဲ့ရသည်ဟု သတင်းများတွင်
ဖော်ပြနေကြသည်။ ယင်းသို့ ဘင်္ဂါလီကို ရိုဟင်ဂျာဟုအမည်ခံကာ မဟုတ်မမှန်စွပ်စွဲပြောဆိုနေကြခြင်းမှာ
မြန်မာနိုင်ငံ ပုံရိပ်ကျဆင်းစေလိုသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်းလည်း ဦးလှသိန်းက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားသည်


 မာန်ယုကျော် (ရွှေဝမြေ)

နိုင်ငံသားတိုင်း ကူညီဖို့လိုပြီ

May 21, 2015
SOCIALIZE IT →


အခုဆို ထိုင်းစစ်ဖက်ထောက်လှမ်းရေးတွေ တဖြည်းဖြည်းသတင်း
ရလာပြီ....ကျွန်းတွေမှာဖမ်းမိတဲ့ဘင်္ဂလီတွေထဲမှာ အင်္ဂလိပ်လိုတတ်သူတွေပါတော့..


ဟိုမေးဒီမေးစစ်ဆေးရင်း လုံးဝဘင်္ဂလားဒေ့ရှ်နိုင်ငံသားဆိုတာ ပေါ်လာတယ်..

ပြီးတော့..သူတို့ကို နိုင်ငံခြားပို့ပေးမယ်ဆိုပြီး တက်ကနက်က ဒုက္ခသည်ကမ့်မှာထားတာတွေ တနေ့မှာဗြုန်းဒိုင်းကြီး ဒုက္ခသည်စခန်း ဘင်္ဂလားအာဏာပိုင်တွေမှ လာခေါ်ပြီး လှေငယ်တွေနဲ့ ပင်လယ်ပြင်ထဲခေါ်သွား...

ဘင်္ဂလားရေတပ်စစ်သင်္ဘောနဲ့ညဖက်ကြီး ကမ်းလွန်ပင်လယ်ပြင်ကိုထွက် ...
ကမ္ဘာ့ရေကြောင်းမှာ အသင့်စောင့်နေတဲ့ ထိုင်းငါးဖမ်းလှေတွေထဲပြောင်း....
အဲလိုနဲ့ ထိုင်းရေပိုင်နက်ရောက်....ထိုင်းကကန်ထုတ်တော့ အင်ဒိုရေထဲရောက် အင်ဒိုကပြန်ကန်တော့ ထိုင်းရေထဲပြန်လာ.....နောက်ဆုံးထိုင်းဝါလတ်လှေမှ ကျွန်းမှာပစ်ထားခဲ့ကြောင်းပြန်ပြောပြတယ်....

( ဒုတိယ ကမ္ဘာစစ်အပြီး အိန္ဒိယနိုင်ငံအောက်က ခွဲထွက်ကြတော့ မြန်မာပြည်က သီးခြား နယ်မြေ ဖြစ်ခဲ့တော့
အိန္ဒိယ သမိုင်းကို လေ့လာမိသူနဲပါတယ် ။

မြန်မာပြည်မှာတော့ ဂျပန်တပ်ကို တိုက်ဖို့  ဘင်္ဂလီကို အင်္ဂလိပ်က လက်နက်ဆင်ပေးဆင်တာဂျပန်ကို မတိုက်ဘဲ ရခိုင်ကို တိုက်တဲ့ သမိုင်းတွေသာမူဂျာဟစ်သောင်းကျန်းသူ ဆိုပြီး ဖတ်ဖူးကြပါတယ် ။

အိန္ဒိယ မှာတော့ ဟိန္ဒူ နဲ့  အစ္စလာမ် လူအုပ်စုကြီးက အတူတကွ နေထိုင်လို့ မရဘဲ လူအုပ်စုလိုက် ရိုက်ပွဲတွေ ဖြစ်ပြီး ပါကစ္စတန် နိုင်ငံ အဖြစ် စတင် ကွဲထွက်သွားပါတော့တယ်။ပါကစ္စတန်ကနေပြီး ဓလေ့ထုံးစံ မတူကြလို့  အရှေ့ နဲ့  အနောက် ပါကစ္စတန်လို့ ထပ်ကွဲ အဲဒီကမှ ဘင်္ဂလားဒေ့ရှ် ဆိုပြီး ကွဲထွက်ကာ အစ္စလာမ်ဘာသာ အခြေပြုတိုင်းပြည်တွေ ဖြစ်လာပါတယ် ။

အိန္ဒိယ မှာတော့ ဟိန္ဒူ နဲ့  အစ္စလာမ် လူအုပ်စုကြီး ရိုက်ပွဲဖြစ်ကြတော့ ဘိုးဘွား အစဉ်အဆက် နေလာတဲ့ နယ်မြေခံဟိန္ဒူ တွေ နိုင်ကြပါတယ် ။ အစ္စလာမ်တွေ ဘယ်ကို ပြေးကြသလဲ ။ အဲဒီကာလက ဖေ့ဘုတ် နဲ့ မှတ်တမ်း မရှိသေးတော့ အစ္စလာမ်ဒေသတွေ ဖြစ်ကြတဲ့ အာကဖန်နစ်စတန်အရှေ့ နဲ့  အနောက် ပါကစ္စတန် ဘင်္ဂလားဒေ့ရှ် ကို ဆိုနီ ရှီယာ အုပ်စုလိုက် ပြေးကြမှာ သေချာပါတယ် ။

သက်သေမပြနိုင်သေးတဲ့ သတင်းများအရ ဘင်္ဂလားဒေ့ရှ် ကို ဝင်လာတဲ့ ခြေသလုံးအိမ်တိုင်တွေနဲ့  သူတောင်းစားတွေကိုရခိုင်နယ်စပ်ဖက်က ဒုက္ခသည် စခန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ ဖမ်းဆီးပြီး ပို့ ဆောင်တာ
နှစ် ၂၀ ကျော် ကြာခဲ့ပါပြီ ။

သူတို့ ကို ဘယ်လို စီစစ်ကြမှာလဲ ။

လူသားတဦး ဖြစ်လို့  လူ့ အခွင့်အရေး ရပိုင်ခွင့် ရှိသင့်ပါတယ် ။စစ်အစိုးရ လက်ထက်မှာ ငွေပေးပြီး နိုင်ငံသားဖြစ်ခဲ့ရင်နေရင်တောင် နိုင်ငံသား ဖြစ်ခွင့် မရှိပါဖူး ။

လူကုန်ကူးမှု တားဆီးရေး နဲ့  နိုင်ငံသားအတု ဖေါ်ထုတ်ရေးကို အမျိုးသားရေး အသွင်ဖြင့်
အထူး ဥပဒေတွေ ချမှတ်ပြီး နိုင်ငံသားတိုင်း ကူညီဖို့ လိုလာပါပြီ ။

ဌေးတင့်

အစိုးရ နဲ့ ပြည်သူ လက်တွဲကူဖို့လိုတယ်။

May 21, 2015

ပင်လယ်ထဲမြောနေတဲ့ ဘင်္ဂါလီတွေ အကြောင်းနဲ့ ပက်သက်ပြီးတော့ သတင်းတွေလိုက်ဖတ်... ချိတ်ဆက်ကြည့်မိတော့...

UNHCR/Malaysia ရဲ့ ဘင်္ဂါလီတွေကို မြန်မာ ရိုဟင်ဂျာဆိုပြီး UN Cards တွေ... အကုန်လုံးနီးပါးကို ထုတ်ပေးတဲ့ ပြဿနယဟာ အဓိကအကြောင်းရင်း ဖြစ်ပါတယ်... ဒီလူတွေဟာ မြန်မာ - ဘင်္ဂလား နယ်စပ်ကနေ ထွက်ခွာပြီး မလေးရှားမှာ အလုပ်လုပ်မယ် အဲ့ဒိကနေ အခြေအနေကောင်းရင် တတိယ နိုင်ငံတွေက ဒုက္ခသည် ကယ်ဆယ်ထောက်ပံတဲ့ အစီအစဉ်နဲ့ ခေါ်ရင်သွားကြမယ်လို့ ရည်ရွယ်ကြတာ ဖြစ်ပါတယ်...


မြန်မာတွေကို အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ ကျွန်လုပ်ထားတာကို AP က ထုတ်ဖော်မှုကြောင့် ကမ္ဘာကသိပြီး ပါဝင်ပက်သက် နေကြတဲ့ မလေးရှား... ထိုင်းနိုင်ငံတွေက ဒေသခံ အာဏာပိုင်တွေဟာ လူကုန်ကူးမှုတွေကို မျက်စေ့မှိတ်ပေးလို့ မရတော့တဲ့ အနေအထားမှာ လူကုန်ကူးမှုတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးလာရပါတယ်...

ထိုင်းငါးဖမ်း စက်လှေတွေဟာ လူတွေကို ကျွန်ပြုရာမှာ နာမည်ကြီးကြတဲ့ လူမှောင်ခို သမားတွေ ဖြစ်နေတာနဲ့... ရေတပ်အင်အား ချိနဲ့နည်းပါတဲ့ မြန်မာ့ရေပြင်မှာ ငါးခိုးဖမ်းနေကြ ဖြစ်ကြပါတယ်... ဒီထိုင်းက ငါးခိုးဖမ်းတဲ့ စက်လှေတွေဟာ ဟိုးအရင်ကတည်းက ရခိုင်ကမ်းရိုးတန်း ဒေသတွေ အထိအောင် ခိုးဝင်ဖူး ငါးခိုးဖမ်းဖူးတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်...

နောက်ပြီးတော့ ဒီငါးဖမ်း စက်လှေတွေဟာပဲ ရခိုင်ကမ်းမြှောင်နဲ့ စစ်တကောင်း ဒေသကနေ မလေးရှားမှာ သွားအလုပ်လုပ်ပြီး ဒုက္ခသည်အဖြစ် ခံယူလိုတဲ့ ဘင်္ဂါလီတွေကို စက်လှေတွေနဲ့ လူအပြည့်အကျပ် တင်ဆောင်သယ်ပို့ ပေးကြတဲ့ လူကုန်ကူးရာမှာ အဓိကဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး သမားတွေ ဖြစ်ကြပါတယ်... ဒါတွေကို ဒေသအခေါ် အနေနဲ့ကတော့ ဘောလုံးတွေလို့ ခေါ်ကြပါတယ်...

လူကုန်ကူးတဲ့ ပွဲစားတွေ အများစုဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားက ဖြစ်ကြပြီးတော့... မူရင်းဒေသခံ အနည်းငယ်လဲ ပါဝင်နိုင်ပါတယ်... သူတို့ဟာ ဒေသခံ အာဏာပိုင်တွေကို အတွင်းကျကျ ထဲထဲဝင်ဝင် ပက်သက်ပိုင်နိုင်ကြတဲ့ သူတွေဖြစ်ကြပါတယ်... ဒီလူကုန်ကူးတဲ့ စက်လှေတွေရဲ့ ခရီးတစ်ထောက် နားခိုရာဟာ မလေးရှားနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတွေနဲ့ လူမနေတဲ့ ကျွန်းတွေဖြစ်ကြပါတယ်...

အဲ့ဒီကမှတဆင့် မလေးရှားနိုင်ငံထဲ ဒေသခံ အာဏာပိုင်တွေနဲ့ စည်းဝါးရိုက်ပြီး ကုန်းလမ်းကြောင်းနဲ့ ခိုးဝင်ကြတာ ဖြစ်ပါတယ်... မလေးရှားက တရားမဝင် မြန်မာအများစု သွားကြရာ အောက်လမ်း ဆိုတာဟာလဲ ဒီလမ်းကြောင်းပါပဲ... ဒီလုပ်ငန်းတွေဟာ ပင်လယ်ပြင်မှာ ငါးပုဇွန် ဖမ်းကာလတွေ ဖြစ်ကြတဲ့ နွေရာသီအကုန် မိုးရာသီအကျဖြစ်တဲ့ ငါးပုဇွန်ဖမ်း ရာသီကုန်လို့ ရပ်နားရမယ့် အချိန်မျိုးမှာ အုံနဲ့ကျင်းနဲ့ လုပ်နေကြ ဖြစ်ပါတယ်... နှစ်စဉ်တိုင်း ဒီကာလပဲ ဖြစ်နေတာဟာ တိုက်ဆိုငမှုတော့ မဟုတ်ပါဘူး...

ထိုင်းမှာ လူကုန်ကူးတဲ့ စခန်းတစ်ခုကို ဒေသခံတွေရဲ့ သတင်းပေးမှုအရ ဖမ်းဆီးမိရာကနေ လူမဆန်စွာ ညှင်းပန်းနှပ်စက်မှုတွေ... အသတ်ခံရသူတွေကို မြေမြုပ်ထားတဲ့ နေရာတွေ... အတင်းအဓမ္မ အကျင့်ခံရတဲ့ ဇာတ်လမ်းတွေ ဆက်တိုက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါတယ်... ဒီနောက်ဆက်တွဲ လူကုန်ကူးသူတွေကို ထိုင်းအစိုးရက မျက်စေ့မှိတ်ပေး နေလို့မရတော့ပဲ ဆက်တိုက်ဆိုသလို ဖမ်းဆီးတာတွေ လုပ်လာခဲ့ရပါတယ်...

ဒါ့အပြင် လွတ်မြောက်နေသေးတဲ့ လူကုန်ကူးသူ ပွဲစားတွေကလဲ ဖမ်းဆီးခံရမှာ စိုးရိမ်တာကြောင့် တိမ်းရှောင်နေတာမို့ လက်ဝါးချင်းရိုက် စည်းဝါးကိုက်ထားတဲ့ ဘောလုံးလို့ခေါ်တဲ့ လူကုန်ကူးတဲ့ လှေတွေဟာ စစ်တကောင်းဒေသက သီတင်း ၂ ပတ်ကျော်လောက် ကြာအောင်ပင်လယ်ထဲ ခုတ်မောင်းလာခဲ့ ရပြီးနောက် ထိုင်းနိုင်ငံက ကြိုတင်ချိန်းချက်ထားတဲ့ ကမ်းခြေနေရာမှာ လာရောက်ကြိုရမယ့် ပွဲစားတွေနဲ့ အချိတ်အဆက် မရတော့ပဲ... ဟိုနိုင်ငံ ကပ်ရနိုးနိုး ဒီနိုင်ငံ ဆက်သွားရနိုးနိုးနဲ့ အခုလို နိုင်ငံတကာ အရေးကိစ္စတွေ ဖြစ်လာတာ ဖြစ်ပါတယ်...

AP သတင်းမှာ ရေးခဲ့သလိုပဲ လူကုန်ကူးသူတွေဟာ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ကလေးငယ်တွေ... သားသယ်အမေတွေနဲ့ မိန်းကလေးငယ်တွေကို ဆွဲဆောင်သိမ်းသွင်း ပြန်ပေးဆွဲပြီး ဒီလှေတွေပေါ်မှာ အခေါက်တိုင်းလိုလို ခေါ်လာခဲ့ကြပါတယ်... ရည်ရွယ်ရင်းကတော့ အခုလို မတော်တဆ လွဲချော်မှု
တွေ ဖြစ်ခဲ့သည်ရှိသော် နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုဆိုတဲ့ သနားစာနာမှုကို အလွယ်တကူ ရယူနိုင်ဖို့ ဖြစ်တယ်...

ဒီအချိန်မှာ OIC လို အဖွဲ့မျိုးက ဝင်ပြီးတော့ ဘေးတီးပေးတဲ့အခါ အာရပ်ကမ္ဘာရဲ့ အထောက်အပံ့ခံ BBC လို နိုင်ငံတကာ မီဒီယာကြီးတွေက ဒီကိစ္စကို လူမျိုးရေး ဘာသာရေး ပဋိပက္ခရဲ့ အကျိုးဆက်အဖြစ် ပုံဖော်ပြီးတော့ ဒေသတွင်းက နိုင်ငံတွေကို UN ကအစ လူသားချင်း စာနာမှု ခေါင်းစဉ်အောက်မှာ ဖိအား
တွေ ပေးပါတော့တယ်... ဒီတော့အခါ လူသားချင်း စာနာမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူကုန်ကူးသူတွေဟာ လွတ်မြောက်သွားကြပြီး မြန်မာနိုင်ငံဟာ တရားခံ ဖြစ်ကျန်ခဲ့ တာပါပဲ...

တကယ်သာ လူကုန်ကူးမှုတွေ ဘယ်လောက်ဖြစ်နေလဲ သိချင်ရင်တော့ မလေးရှားက UNHCR ရုံးကနေ ကဒ်ထုတ်ပေးနေတဲ့ စာရင်းဇယားတွေကိုသာ စစ်ဆေးလိုက်ပါ... အဲ့ဒိရုံးမှာ ခြေကျင်းလိမ်နေတဲ့ ပွဲစားတွေသာ ဖမ်းစစ်လိုက်ပါ... ဘွားကနဲပေါ်လာမှာပါ...

------------------------------------------------------------------------------------

ဒီကိစ္စနဲ့ ပက်သက်ပြီး မလေးရှား... အင်ဒိုနီးရှား... ထိုင်းတို့လို နိုင်ငံတွေနဲ့ UN အစရှိတဲ့ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ဖိအားပေးတဲ့အခါ မြန်မာနိုင်ငံရဲ့ တုံ့ပြန်ချက်ကလဲ... အဆိုပါ ဒေသ
တွင်း နိုင်ငံတွေက ဒေသခံ အစိုးရလူကြီးတွေ ပါဝင်ပက်သက်နေတဲ့ လူကုန်ကူးမှုတွေရဲ့ အကျိုးဆက်ဖြစ်ကြောင်းနဲ့ ထိုနိုင်ငံတွေက ကာလရှည်ကြာ မဖြေရှင်းပဲ ထားခဲ့ကြတဲ့ ကိုယ့်ပြဿနာကို မြန်မာကိုပဲ လွှဲချတာကို လက်မခံဘူး ဆိုတာပဲ ဖြစ်ပါတယ်...

နောက်တစ်ချက်က ဒီဘင်္ဂါလီတွေရဲ့ မူရင်းဒေသဖြစ်တဲ့ နိုင်ငံရဲ့ အကျယ်အဝန်းထက် လူဦးရေများပြားနေပြီး လူဦးရေ ပေါက်ကွဲမှုနှုန်း အင်မတန်များပြီး ထိန်းချုပ်မှုမရှိ ပရမ်းပတာထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုကျ လက်ညှိုးမထိုး ရဲကြသလို... ဒီလိုကိစ္စမှာ ဖြေရှင်းကြဖို့လဲည ထည့်မစဉ်းစားကြပါဘူး... ဘင်္ဂလားဒေ့ရှ်
နိုင်ငံအနေနဲ့လဲ မျိုးနွယ်တူတွေ ကိစ္စမှာတောင်မှ အင်မတန်မှ နေစိမ့်တာမို့ ကျန်တဲ့နိုင်ငံတွေက လက်မခံချင်တာဟာလဲ အပြစ်မဆိုသာ ဖြစ်နေပါတယ်...

ဒီပင်လယ်ထဲ လှေနဲ့မျောနေတဲ့ ဒီဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံကလား အဆိုပါ ဘင်္ဂလားဒေ့ရှ်ကလား ဆိုတာကို အထောက်အထား မရှိပဲနဲတော့ မြန်မာနိုင်ငံကို ပြဿနာရဲ့ အရင်းအမြစ်အဖြစ် ဘာသာရေး လူမျိုးရေး ပြဿနာတွေနဲ့ စွပ်စွဲတာကို မြန်မာဘက်က အခုလို တုံ့ပြန်လိုက်တာဟာ ထောက်ခံစရာပါ... ဘယ်ကမှန်းမသိ လှေစီး
ဒုက္ခသည်တိုင်းဟာ မြန်မာကပါဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲမှုဟာ အဓိပ္ပါယ် သိပ်ကိုမဲ့လွန်း လှပါတယ်...

စစ်လဲဖြစ်မနေ ဘာသာရေး ပဋိပက္ခလဲ ရှိမနေတဲ့ ဒီအချိန်မှာ ဒီပြဿနာ ဖြစ်လာတာဟာ ဒီဘင်္ဂါလီတွေရဲ့ ရည်ရွယ်ရင်းဟာ ဘာလဲဆိုတာ ပိုမိုပြီးတော့ ထင်ရှားစေပါတယ်... ဒီလူတွေသည် မြန်မာနိုင်ငံ
ကို ပြန်ပို့ရင်တောင် ပြန်လာချင်ကြတာ မဟုတ်ပါဘူး... သူတို့တွေ လိုချင်တာသည် မလေးရှားမှာ အလုပ်လုပ်ကိုင်ပြီး UN အထောက်အပံ့နဲ့ တတိယ နိုင်ငံတွေမှာ အခြေချချင်တာ ဖြစ်ကြတာ ဖြစ်ပါတယ်...

ဒါပေမယ့် မြန်မာနိုင်ငံ ဘက်ကလဲ ဒီလူတွေကို အကြောင်းမဲ့ ပြန်လက်ခံ ဖို့ကိုသာ ငြင်းဆန်တာ ဖြစ်ပါတယ်... ကျန်တဲ့ မလေးရှား... ထိုင်း... အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် တို့လိုတော့ ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီးတော့ မျက်နှာလွှဲ ခဲပစ်လုပ်တာ မဟုတ်ပါဘူး...

မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံသား စီစစ်မှု လုပ်ငန်းစဉ် တစ်ခုကို ပြုလုပ်ပြီးတော့ မြန်မာနိုင်ငံက ထွက်လာတာ မှန်ကန်ကြောင်း သက်သေပြ အထောက်အထား ပြနိုင်မယ်ဆိုရင် လက်ခံမယ်ဆိုတာ ပြောပြီးသား ကြေ
ညာပြီးသားပါ... ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုဟာ တရားနည်းလမ်း အင်မတန်ကျလှပါတယ်... ဒါကို နိုင်ငံတကာက သိရှိအောင် လုပ်ရမှာပါ...

ဒါပေသည့် ပြည်သူလူထုနဲ့ အချင်းချင်း ယုံကြည်မှု မတည်ဆောက် နိုင်သေးတဲ့ လက်ရှိအစိုးရဟာ နိုင်ငံတကာမှာ ဒီပြဿနာကို ကျေလည်အောင် မဖြေရှင်း နိုင်သေးပဲနဲ့ လောလောဆယ် ခံစစ်အနေနဲ့ပဲ ကစားနေရတာ
ကို မြင်နိုင်ကြမှာပါ... တစ်ဘက်က ဘင်္ဂလားနိုင်ငံနဲ့ ဆိုရင်လဲ သူခိုးလူဟစ်ပြီး ဒီဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံကပါ ဆိုတာမျိုးကို ပြန်မလှန်နိုင်ပဲ လိပ်ခဲတည်းလည်း ပြဿနာများစွာ ရှိနေဆဲပါပဲ...

နိုင်ငံတကာ အမြင်မှာ မြန်မာနိုင်ငံဟာ လူနည်းစုတွေကို ဖိနှိပ်နေတယ်... လူမျိုးရေး ဘာသာရေးအရ နှိပ်ကွပ်နေ ပါတယ်လို့သာ မြင်နေကြတာပါ... ဒီအမြင်တွေကို ချေဖျက်ဖို့နဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့က အစိုးရနဲ့ ပြည်သူဟာ ယုံကြည်မှု အပြန်အလှန် ရှိကြဖို့ လိုအပ်ပါတယ်... ဒါမှမဟုတ်ရင် ပြည်သူနဲ့ အပြန်အလှန် ယုံကြည်ကိုးစားမှု ရှိကြတဲ့ သူတွေအစိုးရ ဖြစ်လာဖို့ လိုအပ်မှာဖြစ်ပါတယ်...


ကိုသာပို





--

No comments:

Post a Comment