ကင်ဆာရောဂါနှင့် သင်္ဘောရွက် (ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)
လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ (ဆောင်းပါး နည်းနည်းရှည်သည်။ အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်း အပိုင်း ခွဲ၍ ဖတ်ကြပါလေ။)
"ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရောဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်း အံ့သြမဆုးံဖြစ်သွားတယ်။
ဒါနဲ့ 'ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်' လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက်ချက်ချ မပြောနိုင်ဘူး ဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ" ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက်စိမ်း အာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။
ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက်ပျောက်ပင် ရှိခဲ့သည်။
ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် "ကင်ဆာရောဂါပျောက်စေသော သင်္ဘောရွက်" ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။
ကျွန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည်သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရောဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။
ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
"သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စတင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါ ပျောက်စေပါသည်။
စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ "ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။
အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြောကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အား ဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။
သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်း သုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။
R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သော ဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူများကို မျှတစေပါသည်။
ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။
အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။
တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့ နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီး ဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့ လုံး ပျံ့နှံသွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။
နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)
ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။ ကျွှန်တော်သည် ထိုအကြောင်း ကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကို စကားစပ်မိရင်း ပြောပြ သည်။ ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦးအား ပြောပြသည်။ သင်္ဘောရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။ ဆရာတက္ကသိုလ်ဝင်းမွန်က "ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့ လည်ပင်းကြီး ရောဂါဟာသိသိသာသာ လျော့ကျသွားတယ်" ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော ရွက်စိမ်းကတော့ တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။
ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။ ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့်စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။ ကျွန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။ ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။ ရောဂါ ၊ဝေဒနာခံစားမှုမှ လျှော့ပါးနိုင်ကြပါစေ။
from http://gtuonlinefriends.ning.com/profiles/blog/show?id=2660565%3ABlogPost%3A822297&xgs=1&xg_source=msg_share_post
Tuesday, 27 September 2011
ကင်ဆာရောဂါအတွက် သင်္ဘောရွက်
အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သော အစားအစာ (၂)မျိုး၊ HIV-ပိုးကို ကုသရန်အတွက်ဆေးသစ်များထွက်ပေါ်၊ သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းလမ်းများ ၊ သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ် ၊ မျက်နှာမှဒဏ်ရာများ အား မျှော့ များ အသုံး ပြုကုသ ၊
- အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သော အစားအစာ (၂)မျိုး၊
- HIV-ပိုးကို ကုသရန်အတွက်ဆေးသစ်များထွက်ပေါ်၊
- သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းလမ်းများ ၊
- သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ် ၊
- မျက်နှာမှဒဏ်ရာများအား မျှော့များအသုံးပြုကုသ ၊
- ဆယ်ကျော်သက်များ ဖက်ရှင် သဖွယ် ဆေးလိပ်သောက်မှု မြင့်တက်လာ ၊
- အသားအရေ လှပ စေမည့် အိပ်စက်မှု ပုံစံ ၊
- လျှပ်စစ်ဓာတ်အား တာဝါတိုင် နားနေတဲ့ ကိုယ်ဝန်ဆောင်တွေ သတိထားဖို့ ၊
- ဇနီးသည် အိပ်မပျော်လျှင် ပေါင်းသင်း ဆက်ဆံရေး ထိခိုက်နိုင် ၊
- ကျင်းထုံနှင့် Baby Care ခြင်ဆေးခွေများကိုပိတ်သိမ်း နှင့် ကိုယ်ဝန်ပျက်စေတဲ့ အကြောင်း ၊
- လေချဉ်တက်ခြင်း ကင်းဝေးစေရန် ၊
အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သော အစားအစာ (၂)မျိုး
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှု တွေ လုပ်ပါတော့တယ်။သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ ခေါ်တဲ့ စိန်ဖြူ)အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။ ပါမောက္ခကြီးဟာ သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးနဲ့ မသေဆုံးခင်ကခံစားခဲ့ ရတဲ့ ရောဂါလက္ခဏာတွေကို မြင်မြင်တွေ့ ခဲ့ သူတွေကို သေချာမေးမြန်းခဲ့ ပါတယ်။ပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ " သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ မတော်တဆ အစာထဲကအာဆင်းနစ်စိန်ဖြူအဆိပ်သင်
့ခဲ့ ရတာပါ၊ " လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။လူတွေက နားမလည်နိုင်ဘဲ အစာထဲမှာ အာဆင်းနစ်က ဘယ်ကဘယ်လို ပါလာသလဲ ဆိုပြီး ပဟေဠိဖြစ်နေကြပါတယ်။
"Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲမှာ အစာတွေခြေဖျက်ရာကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီ (vitamin C)ကို နေ့တိုင်း မှီဝဲခဲ့တယ်လို့ သိရပါတယ်ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ" လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ သတ္တ၀ါတွေရဲ့ အခွံမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက လေ့လာ တွေ့ ရှိခဲ့ ကြပါတယ်။ ဒီအစားအသောက်တွေဟာ ဒီအတိုင်း သူ့ ချည်းပဲတော့ အဆိပ်အာနိသင်မဖြစ်စေပါဘူး။အာဆင်းနစ်ဟာ ပြဒါး၊ခဲစတဲ့  သိပ်သည်းသောသတ္တုများ(heavy metals)လို့ ခေါ်တဲ့  လူ့ ခန္ခာကိုယ်ထဲမှာ များများမရှိသင့်တဲ့ အဆိပ်သင့်သတ္တုတွေထဲမှာပါပါတယ်။သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ အာဆင်းနစ်အောက်ဆိုဒ်(arsenic oxide, As2O5)ကနေ အဆိပ်ပြင်းလှတဲ့  အာဆင်းနစ်ထရိုင်အောက်ဆိုဒ်( arsenic trioxide, As2O3)အဖြစ်ပြောင်းလဲသွားပါတယ်။ဒါက အားလုံးသိကြတဲ့ ပရဆေးဆိုင်တွေမှာရောင်းတတ်ကြတဲ့ စိန်ဖြူပဲဖြစ်ပါတယ်။ကျွန်တော်တို့  ခဏခဏကြားနေကြရတဲ့  ကိုယ့်ကိုယ်ကိုယ်သတ်သေချင်ရင်သံ
ပုရာရည်နဲ့ သောက်တဲ့ စိန် ဖြစ်ပါတယ်။ သံပုရာရည်ထဲက ဗိုက်တာမင်စီနဲ့  အာဆင်းနစ်နဲ့ ပေါင်းသွားပြီး အဆိပ်ဖြစ်သွားတယ်ဆိုပါတော့။
အာဆင်းနစ်အဆိပ်ရဲ့ အာနိသင်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့  အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒီအပြင် အသက်ရှူရာကနေ စွမ်းအင်ထုတ်တဲ့ လမ်းကြောင်းကိုလဲ ပိတ်လိုက်တဲ့ အတွက် စွမ်းအင်မရတော့ဘဲ သတိလစ်မေ့မျောခြင်းတွေဖြစ်လာနို
င်ပါတယ်။
ဒါကြောင့် ပုဇွန် ၊ အခွံပါတဲ့ ရေသတ္တ၀ါတွေကို ဗီတာမင်စီ ပါတဲ့ အစားအစာများ(ဥပမာလိမ္မော်သီး၊သံပုရာသီး၊ဇီးဖြူသီးစသည်)၊ဗီတာမင်စီဆေးပြားများ(ဥပမာ စီဗစ်)တို့ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။ဒီအစားအစာတွေကို မကြိုက်လို့ မစားပေမယ့် အခုအချိန်မှာ တုပ်ကွေးအအေးမိတာကို ကာကွယ်တဲ့ အနေနဲ့  စီဗစ်သောက်နေကျလူများလဲ အထူးသတိထားကြရန်လိုပါတယ်။ နီးစပ်ရာလူတွေကို လက်ဆင့်ကမ်းပြောပေးကြပါဦး။
HIV-ပိုးကို ကုသရန်အတွက်ဆေးသစ်များထွက်ပေါ်
(အက်ဖ်-ဒီ-အေ) အမေရိကန် အစားအသောက်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့မှ (အိတ်ခ်ျ-အိုင်-ဗွီ) ပိုးကို ကုသရန်အတွက် ဆေးသစ် ဖြစ်သော Edurant (ဒူးရင့်) ဆေးကို အသိအမှတ် ပြုပေးလိုက်ပြီဖြစ်သည်။ ယင်းဆေးသည် (နူကလီယိုဆိုက်) မဟုတ်သော (အာရ်-အင်န်-အေ) ကို တည်မီသည့် (ဒီ-အင်န်-အေ) (ပေါ်လီမာရေ့စ်) ဖြစ်သည်။
အဆိုပါဆေးကို (ဂျွန်ဆင်-အင်န်-ဂျွန်ဆင်) ၏ လက်အောက်ခံ (တိုင်ဘိုတက်ခ်-သာရာပြူးတစ်) မှ ဈေးကွက်တွင် ရောင်းချမည် ဖြစ်သည်။ ၄င်းကုမ္ပဏီမှ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးများ ဖြစ်သော Intelence (Etravirine) နှင့် Prezista (Darunavir) တို့ကိုလည်း ရောင်းချနေပေသည်။
"လူနာတွေဟာ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးတွေကို တုံ့ပြန်ပုံရော၊ ဘေးထွက်-ဆိုးကျိုးတွေ ရတာမှာပါ မတူကြဘူး။ (အက်ဖ်-ဒီ-အေ) ကနေ အခုလို ဆေးသစ်ကို အသိအမှတ် ပြုလိုက်တယ်ဆိုတော့ ဆေးကုနေရတဲ့ လူနာတွေအတွက် ရွေးချယ်စရာ လမ်း ပိုရလာတာပေါ့" ဟု (အင်တီ-မိုက်ခရိုဘီရယ်) ထုတ်ကုန်များဆိုင်ရာ (အက်ဖ်-ဒီ-အေ) ရုံး ဒါရိုက်တာ ဒေါက်တာ (အက်ဒွပ်-ကောက်စ်) ကပြောသည်ဟု (အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အသိအမှတ်ပြုချက် အသစ်ကြောင့် (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးစာရင်းထဲတွင် (အင်န်-အင်န်-အာရ်-တီ-အိုင်) အမျိုးအစားသစ် တခု တိုးလာပေသည်။ အလားတူ (ဒူးရင့်) နှင့် (ထရူဗါဒါ) ပေါင်းစပ်ထားသော ဆေးကိုလည်း (အက်ဖ်-ဒီ-အေ) မှ အသိအမှတ် ပြုရန် အလားအလာ တိုးလာသည်။
(အထရီပါ) ဆေးအစား သုံးနိုင်ရန် တွဲဆေးလုံးကို (ဂီးလ်လိဒ်-ဆိုင်းယင့်စ်) မှ ထုတ်လုပ်ရန် ရှိသေးသည်။ ယင်းအတွက် (ဂီးလ်လိဒ်) မှ ၂ဝ၁ဝ နိုင်ဝင်္ဘာကတည်းက အသိအမှတ်ပြုမှုကို လျှောက်ထားခဲ့ရာ သြဂုတ်လတွင် အဆုံးအဖြတ်ရမည်ဟု ခန့်မှန်းထားသည်။
(ဒူးရင့်) ဆေးကို အသိအမှတ်ပြုခဲ့ခြင်းမှာ ဆေးသစ်ကို သတိမမူသည့် (အိတ်ခ်ျ-အိုင်-ဗွီ) လူနာများအား စမ်းသပ်သည့်အခါ (ဆပ်စ်တီဗာ) ဆေးကဲ့သို့ပင် ထိရောက်ကြောင်း တွေ့ရှိရ၍ ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးသည် အမေရိကားတွင် အများဆုံး သုံးနေသော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးမျိုး ဖြစ်သည်။ ထို့ပြင် လောလောဆယ် ကုထုံး လမ်းညွှန်များ အရ ယခင်က (အိတ်ခ်ျ-အိုင်-ဗွီ) ကို မကုသဘူးသေးသူများအတွက် ရွေးချယ်သင့်သော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးလည်း ဖြစ်သည်။ (ဆပ်စ်တီဗာ) သည် အသုံးများသော (အင်တီ-ရီထရို-ဗိုင်းရယ်) ကုထုံးဖြစ်သည့် (အထွီပလာ) ၏ အစိတ်အပိုင်း တခုလည်း ဖြစ်သည်။
၄၈ ပါတ် ကုသပြီးနောက် (ဒူးရင့်) ဆေး သုတေသနပြုချက်တွင် ပါဝင်သည့်လူနာ ၈၃% သည် (ဗိုင်းရပ်စ်) ဖိနှိမ်မှု တနည်းအားဖြင့် သွေးထဲတွင် (အိတ်ခ်ျ-အိုင်-ဗွီ) ပိုး ရှာမတွေ့လောက်အောင် နည်းစေမှုကို ရလာစေသည်။ (ဆပ်စ်တီဗာ) ဆေးပေးသူများတွင် ၈ဝ% ထိုသို့ ရစေသည်။
(ဒူးရင့်) ဆေး ၂၅ မီလီဂရမ်ကို တနေ့ ၁ ကြိမ် အစာနှင့်တွဲ သောက်ရသည်။ (အက်ဖ်-ဒီ-အေ) မှ အသိအမှတ်ပြုသည်မှာ ယင်းဆေးအား အခြား (အင်တီ-ရီထရို-ဗိုင်းရယ်) ဆေးများနှင့် တွဲဖက်သုံးရန် ဖြစ်သည်။
(အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်ထဲတွင် (ဒူးရင့်) သည် (ဆပ်စ်တီဗာ) ကဲ့သို့သော အားနည်းချက်များ မရှိကြောင်း၊ ဆေးသုတေသန လုပ်စဉ်က (ဒူးရင့်) ဆေးသောက်ရန် ပျက်ကွက်ခဲ့သူများတွင် (ဆပ်စ်တီဗာ) ဆေးမသောက်သူများထက် ဆေးယဉ်ခြင်း အဖြစ်မြန်သည်ကို တွေ့ရှိခဲ့ရသည်။
ထို့ပြင် ဆေးသုတေသန လုပ်စဉ်က (ဗိုင်ရယ်လ်-လုတ်) များသော တနည်းအားဖြင့် သွေးထဲတွင် ဗိုင်းရပ်စ်အရေအတွက် ၁ မီလီလီတာတွင် ကောင်ရေ ၁ သိန်းထက် များသော သူများ၌ (ဗိုင်ရယ်လ်-လုတ်) နည်းသူများလောက် (ဗိုင်းရပ်စ်) ဖိနှိမ်မှု မရသည်ကို တွေ့ရှိရသည်။ (ဗိုင်ရော်လောဂျစ်-ဖေလူယာ) ခေါ် ဗိုင်းရပ်စ်ဆေး ကုမရခြင်းကို ၁၃% တွင် တွေ့ရသည်။ (ဆပ်စ်တီဗာ) ဆေးနည်းက ထိုးသို့ ဖြစ်နိုင်ချေ ၉% ရှိသည်။
(ဒူးရင့်) ဆေး၏ ဘေးထွက်-ဆိုးကျိုးများမှာ (ဆပ်စ်တီဗာ) နှင့် သဘောသဘာဝရော ဖြစ်နိုင်ချေပါ တူညီသည်။ အမျိုးဆုံး ဖြစ်နိုင်သည်မှာ စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် အနီပြင်ထွက်ခြင်းတို့ဖြစ်သည်။ ဘေးထွက်-ဆိုးကျိုးကြောင့် (ဒူးရင့်) ဆေးသုံးသူ ၂% နှင့် (ဆပ်စ်တီဗာ) ဆေးသုံးသူ ၇% တို့က ဆေးရပ်ပြစ်ကြသည်။
(ဒူးရင့်) ဆေးကို ဇွန် ပဌမလဝက်အတွင်း ဆေးဆိုင်များသို့ပို့ရန် မျှော်လင့်ကြောင်း (တီဗိုတက်ခ်) ကိုယ်စားလှယ်တဦးမှ ပြောကြားလိုက်သည်။ ဆေးတန်ဘိုးမှာ ဆေး ၁ လုံးလျင် ၂၁ ဒေါ်လာ၊ တနှစ်စာ ၇၇ဝဝ ဒေါ်လာ ကုန်ကျမည် ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးတန်ဘိုးမှာ တနှစ်စာ ဒေါ်လာ ၇၂ဝဝ ရှိသည်။ အဆိုပါတန်ဘိုးများသည် ပုံမှန် လူကြီးတဦးလျင် တနေ့ ၆ဝဝ မီလီဂရမ်ဖြင့် တွက်ထားခြင်းဖြစ်သည်။
(တီဗိုတက်ခ်) မှ ၄င်း၏ ဝင်ငွေနည်းပါးသူများအား အခမဲ့ဆေးထောက်ပံ့ရေးအစီအစဉ်နှင့် အခြား လူနာအကူအညီ (ပရိုဂရမ်) များသို့ပါ (ဒူးရင့်) ဆေးကို ထည့်သွင်းမည်ဖြစ်သည်။
ကဲသူငယ်ချင်းတို့ရေ မြန်မာပြည်ကို ဒီဆေး ရောက်ဖို့ကတော့မလွယ်သေးပါဖူး..ဒေါ်လာနဲ့ဆိုတော့ တွက်ကြည့်ကြပေတော့ဗျာ.။
၎င်းရောဂါဆိုးကြီးကနေ လူတိုင်းလွတ်မြောက်နိုင်ကြပါစေ..။
အားလုံးလေးစားစွာဖြင့် အောင်နိုင်သူ
သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းလမ်းများ
လေကိုစုပ်ယူတဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ
သွေးတိုးရောဂါမဖြစ်အောင် အလွယ်ကူဆုံး ကာကွယ်နည်းဟာ နှာခေါင်းမှတစ်ဆင့် အသက်ရှူသွင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ အောက်ပါ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။
၁။ အဆုတ်အောက်ပိုင်းအတွင်းသို့ လေဝင်ပြီး ယင်းမှတစ်ဆင့် အဆုတ်တစ်ခုလုံးလေတွေ ပြည့်သွားတဲ့အထိ နှာခေါင်းမှတစ်ဆင့် ဖြည်းဖြည်းနဲ့ နက်နက်အသက်ရှူသွင်းပါ။
၂။ ၁၀ စက္ကန့်ခန့်အချိန်ယူပြီး ဖြည်းဖြည်းလေး ပါးစပ်မှတစ်ဆင့် အသက်ရှူထုတ်ပါ။ အသံတိတ် ဒါမှမဟုတ် အာလို့အသံမြည်ကာ အဆုတ်တွင်းမှ လေတွေကုန်သွားအောင် အသက်ရှူထုတ်ပါ။
၃။ အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းကို တစ်နေ့လေးကြိမ်မှ ငါးကြိမ်ပြုလုပ်ပေးပါ။ သင့်မှာ အချိန် အနည်းငယ် ရတိုင်းလုပ်ပါ။ (ဥပမာ - မီးပွိုင့်မီးနီနေတုန်းအချိန်တွေ)
ဒီအသက်ရှူလေ့ကျင့်ခန်းဟာ သွေးဖိအားကို လျော့ကျစေရုံမက စိတ်ဖြေလျော့မှု ပိုမို ရရှိစေပြီး ခုခံအားစနစ်လည်း မြင့်တက်လာနိုင်ပါတယ်။
Ref : Good Health
သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ်
သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါ အတိုင်း လေ့လာ ဖော်ထုတ် ခဲ့ပါတယ်။
၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ
ဆွစ်ဇာလန် နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ် အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေ ထက် နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခရမ်းလွန် ရောင်ခြည် အေနဲ့ ပို ထိတွေ့မှုကြောင့် ဗီတာမင် ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါ လိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုး ရောဂါတွေနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေ နိုင်တယ် လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
လုပ်သင့်တာက
လူအများစုဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၁ဝဝဝ အိုင်ယူ ရရှိသင့် ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ ပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်ငါး တို့ကို စားပေးသင့် ပါတယ်။ ဒါ့အပြင် နံနက် ၁ဝနာရီ မတိုင်ခင် နဲ့ ညနေ သုံးနာရီ ကျော်ချိန် တွေမှာ ထွက်တဲ့ နေခြည်နုနုကို ခံယူပေးပါ။
၂) ပေါင်းသင်း ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ပါ
ဘရိုင်ဟမ် လူငယ် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ် အရ ခိုင်မာတဲ့ ပေါင်းသင်း ဆက်ဆံရေး ရှိတာက ပုံမှန် သက်တမ်းထက် အသက် ၃ ဒသမ ၇ နှစ်ခန့် ပိုနေရ စေတယ် လို့ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ပေါင်းသင်း ဆက်ဆံရေးရဲ့ ထောက်ပံ့မှု အင်အားကြောင့် ခုခံအား စနစ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ပိုကောင်း စေတာ ဖြစ်တယ်လို့ လေ့လာသူက ဆိုပါတယ်။ ထိုက်တန်တဲ့ ပေါင်းသင်း ဆက်ဆံရေး ဖြစ်အောင် သူငယ်ချင်းကောင်းတွေကို ရွေးချယ် ပေါင်းသင့် ပါတယ်။
လုပ်သင့်တာက
သင်ရဲ့ ပေါင်းသင်း ဆက်ဆံရေး စက်ဝန်းကို ချဲ့ထွင်ပါ။ သူငယ်ချင်းတွေကို ဖုန်းခေါ်တာ၊ အီးမေး ပို့တာတွေ လုပ်ပါ။
၃) သွားပုံမှန် တိုက်ပါ
တစ်နေ့မှာ နှစ်ကြိမ်ထက် နည်းပြီး သွားတိုက်တဲ့ သူတွေက တစ်နေ့မှာ သုံးကြိမ် သွားတိုက်သူတွေ ထက် နှလုံးရောဂါနဲ့ ဆေးရုံ တက်ရနိုင်ခြေ ဒါမှမဟုတ် သေဆုံးနိုင်ခြေ ၇ဝ ရာခိုင်နှုန်း ပိုများတယ်လို့ လန်ဒန် ကောလိပ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေက သွေးကြောထဲကို ဝင်သွားနိုင်ပြီး သွေးကြောတွေ ထဲမှာ သွေးခဲ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။
လုပ်သင့်တာက
ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေ ကင်းစေဖို့ သွားကို နံနက်စာ စားပြီး တစ်ကြိမ်နဲ့ ညအိပ်ရာ ဝင်ခါနီး တစ်ကြိမ် မှန်မှန် တိုက်ပေးပါ။ သွားကြား ပွတ်ကြိုး ထိုးပေးပါ။
၎) သန့်ရှင်း လတ်ဆတ်သော လေကို ရှူသွင်းပါ
လေကောင်းလေသန့် ရတဲ့ နေရာတွေမှာ နေတဲ့ သူတွေက တခြားသူတွေထက် အသက် တစ်နှစ် ပိုရှည်ရှည် နေရလေ့ ရှိတယ်လို့ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ် အရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ညစ်ပတ်တဲ့ လေတွေက ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ဖုန်မှုန့်မွှား သေးသေးလေးတွေကို သယ်ဆောင် လာပါတယ်။ ဒါကြောင့် ညစ်ပတ်တဲ့ လေကို ရှူရှိုက်ရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်ရတာပါ။
လုပ်သင့်တာက
ယာဉ်ကြော ပိတ်ဆို့တဲ့ နေရာမှာ မနေပါနဲ့။ လေ့ကျင့်ခန်း လုပ်တဲ့ အခါ လေထု ညစ်ညမ်းမှု များတဲ့ နေရာတွေမှာ မလုပ်သင့်ပါ။ လေကောင်း လေသန့် ရတဲ့ နေရာတွေမှာ အသက်ပြင်းပြင်း ရှူတာက အဆုတ် ကျန်းမာရေး ကောင်းစေ ပါတယ်။
၅) သင့် အသက်ကို လက်ခံပါ
ကိုယ်ရဲ့ လက်ရှိ အသက်ကို လက်ခံပြီး ဆင်ခြင် နေထိုင်တဲ့ သူတွေက လက်ရှိ အသက်ကို လက်မခံသူတွေထက် ပျမ်းမျှအားဖြင့် အသက် နှစ်နှစ် ပိုရှည်ကြောင်း ဘာလင်စိတ် ပညာရှင်တွေရဲ့ လေ့လာမှု အရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ကိုယ့် အသက်အရွယ်ကို လက်ခံတဲ့ သူတွေက ကိုယ့် အသက်အရွယ်နဲ့ သင့်တော်တဲ့ အနေအထိုင်၊ အပြုအမူနဲ့ အစားအသောက်တွေကို လိုက်နာ နေထိုင် ကြတာကြောင့် ကျန်းမာရေး ကောင်းကြတာ ဖြစ်တယ်လို့ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။
လုပ်သင့်တာက
အသက်ကြီးလာတဲ့ အခါ ကိုယ့်ထက် အသက်ငယ်တဲ့ သူတွေနဲ့ နှိုင်းယှဉ် မနေပါနဲ့။ ပိုပြီး စိတ်ဓာတ် ကျရ ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ငယ်တယ်လို့ အတင်း သတ်မှတ်ပြီး ငယ်တဲ့ အရွယ်တွေ လုပ်တဲ့ အလုပ်တွေကို လိုက်လုပ်ဖို့ မသင့်ပါဘူး။
မျက်နှာမှဒဏ်ရာများအား မျှော့များအသုံးပြုကုသ
အသည်းယားဖွယ်ရာ မျှော့များဖြင့် ကုသနေပုံ © dailymail
ဆွီဒင်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အမျိုးသမီး တစ်ဦး၏ မျက်နှာတွင် ရရှိထားသော ဒဏ်ရာဒဏ်ချက်များကို ပြန်လည် တွယ်ဆက်ရန်အတွက် မျှော့များကို အသုံးပြုခဲ့ကြောင်း သိရသည်။
သူမသည် ခွေးတစ်ကောင်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအတွင်း မျက်နှာတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။ သူမကိုယ်တိုင် မွေးထားသော ခွေးက မျက်နှာကို ကိုက်ခဲ့ပြီးနောက် အသား အတော်များများ ပဲ့ထွက်သွားခဲ့သည်။ သူမ၏ မျက်နှာတစ်ခြမ်းသည် အထက်နှုတ်ခမ်းမှ မျက်လုံးအောက်ထိ ဒဏ်ရာရနေခဲ့သည်။
နိုင်ငံတောင်ပိုင်း မယ်မိုရှိ စကိန်း ဆေးရုံမှ ဆရာဝန်များသည် ဆေးရုံသို့ အရေးပေါ် ရောက်လာသည့် လူနာ၏ မျက်နှာအသားစများကို ပြန်လည် တွဲကပ်နိုင်ရန် မျှော့အရှင် ၃၅၈ ကောင်ကို အသုံးပြုခဲ့ရသည်။ ခွဲစိတ်ဆရာဝန် စတိုင်းနာ ကလက်ဆန်က "အရေးကြီးတဲ့ ကိစ္စက စုတ်ပြဲနေတဲ့ မျက်နှာက သွေးတွေကို စုပ်ထုတ်ဖို့ပါ။ ဒါကို ခွဲစိတ်မှု မစခင် တစ်နာရီအတွင်း လုပ်နိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းတို့သည် မျှော့များကို ပျက်စီးနေသည့် အရေပြားအား ဖြတ်သန်းစေရန် အသုံးပြုခဲ့သည်။ "ဆေးရုံမှာ ထားထားတဲ့ မျှော့တွေ ကုန်သွားတယ်။ အဲဒီတော့ ဗြိတိန်ကနေ လေယာဉ်နဲ့ အရေးပေါ် သွားသယ်ရတယ်"ဟု ကလက်ဆန်က ရှင်းပြခဲ့သည်။
ခက်ခဲရှုပ်ထွေးသော ခွဲစိတ်မှုသည် ၁၅ နာရီ ကြာခဲ့ပြီးနောက် ဆရာဝန်များက အမျိုးသမီး၏ နှုတ်ခမ်း၊ နှာခေါင်းနှင့် ပါးပြင် အစိတ်အပိုင်းများကို ပြန်လည် ပြင်ဆင်ပေးနိုင်ခဲ့သည်။ ခွဲစိတ်မှု အောင်မြင်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သော်လည်း အမည်မဖော်ပြသော ဆွီဒင် အမျိုးသမီးသည် နောက်ထပ် ဆင့်ပွား ခွဲစိတ်မှုများ ခံယူရန် လိုအပ်နေဆဲဟုလည်း ပြောကြားခဲ့သည်။ "ရလဒ်က ကောင်းပါတယ်။ သူ အသက်ရှင်နိုင်ခဲ့တယ်။ ခုဆိုရင် လူနာက ကောင်းကောင်း အသက်ရှူနိုင်နေသလို စားတာ၊ သောက်တာတွေလည်း လုပ်နိုင်ပါတယ်"ဟု ပြောဆိုသွားသည်။
ဆယ်ကျော်သက်များ ဖက်ရှင် သဖွယ် ဆေးလိပ်သောက်မှု မြင့်တက်လာ
အမေရိကန် ပြည်ထောင်စုရော ဂါထိန်း ချုပ်ရေးနဲ့ ကူးစက်မှုကာ ကွယ်ရေး ဌာနကထုတ်ပြန်တဲ့ကြေ ညာချက် အရ ဆယ်ကျော်သက် တွေ ရဲ့ကြားမှာ အထူးသဖြင့်အထက်တန်း ကျောင်းသား တွေကြားမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိလေ့ လာမှုအရ ဆေးလိပ်အလွန် အကျွံ သောက်သုံးမှုက ကျဆင်းသွားပေ မယ့် အပျော်သဘော ဖက်ရှင်သ ဘော သောက်သုံးမှုက ၁၂ ရာခိုင် နှုန်းအထိ တက်လာတယ်လို့ သိရ ပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကူးစက် မှုကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်အရ ဌာနမှာရှိတဲ့ ဆေး လိပ်နှင့် ကျန်းမာရေးဌာနခွဲရဲ့ တွဲဖက် ဒါရိုက်တာ ဒေါက်တာ တယ်ရီပက် ချက်က "တစ်နိုင်ငံလုံး ဘယ်လိုဖြစ် နေတာလဲ ဆိုတာ စောင့်ကြည့်နေပါ တယ်။ ဆေးလိပ် ကင်းစင်တဲ့ပတ်ဝန်း ကျင်နဲ့ ဆေးလိပ် ကို ဆန့်ကျင် ကန့် ကွက်တဲ့ အသိုင်းအ၀ိုင်းလူနေမှုစရိုက် တွေဖြစ်လာဖို့ လုပ်ပေးဖို့လည်းလို ပါတယ်" လို့ ပြောပါတယ်။
သုတေသန စစ်တမ်းအရ အ ထက်တန်းကျောင်းသား ၁၁,၀၀၀ ကျော်က ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု၊ လိင်ကိစ္စ လက်တည့် စမ်းမှု နဲ့ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက် မှုပုံစံတွေ လုပ်နေကြတယ်လို့ သိရ ပါတယ်။
ဆေးလိပ်နည်းနည်း သောက် တယ်ဆိုတာ တစ်နေ့ကို ဆေးလိပ် တစ်လိပ်ကနေ ငါးလိပ် သောက်တာ ကိုခေါ် တာပါ။ သုတေသန ပညာရှင် တွေကတော့ တစ်နေ့ကို ၁၁ လိပ်အ ထက် သောက်တာကို ဆေးလိပ်အလွန် အကျွံသောက်တယ်လို့ သတ်မှတ်ပြီး အဲဒီလိုဆေးလိပ် အလွန်အကျွံသောက် တာမျိုး ၁၉၉၁ ခုနှစ် မှာ ၁၈ ရာခိုင် နှုန်းလောက်ရှိရာ ကနေ ၂၀၀၉ ခုနှစ် မှာတော့ ၇ ဒသမ ၈ ရာခိုင်နှုန်း လောက်ပဲ ရှိတော့ တယ်လို့ သုတေ သနပညာရှင်တွေက ဆိုပါတယ်။ အပျော် သဘောလောက် သောက် တာမျိုး ကတော့ ၆၇ ဒသမ ၂ ရာခိုင် နှုန်းကနေ ၇၉ ဒသမ ၄ ရာခိုင်နှုန်း အထိ တက်လာ တာတွေ့ရတယ်လို့ ဆိုပါတယ်။
အပျော်သဘောနဲ့ သောက်ပေ မယ့်လည်း အန္တရာယ်ရှိတာ ကရှိတာ ပါပဲလို့ ဒေါက်တာကယ်ရီပက်ချက် က ဆိုပါတယ်။
နည်းနည်း သောက်လည်း ရော ဂါရတာပဲ သေနိုင်တာပဲ။ နှလုံးရော ဂါဖြစ်နိုင်တယ်။ နှလုံးက ကျန်တဲ့ ခန္ဓာ ကိုယ်အစိတ် အပိုင်းတွေဆီကိုရောက် အောင် သွေးကို မပို့ ပေးနိုင်တော့ ဘူး။ အဲဒီလို ရောဂါဖြစ်နိုင်ခြေက လူကောင်း ထက် ဆေးလိပ်နည်းနည်း သောက်တဲ့သူက သုံးဆပိုများပါ တယ်။
ဆေးလိပ် တစ်ရက်ကို တစ်လိပ် ကနေ လေးလိပ်သောက်ရင် ဟာ့တ် အတက်ရဖို့ နှစ်ဆ များရတယ်။ အ မျိုးသမီးမှာ ဆိုရင် လုံးဝဆေးလိပ်မ သောက်သူထက် တစ်ရက်ကို လေး လိပ်အထိသောက်တဲ့သူက ကင်ဆာ ဖြစ်နိုင်ခြေ လေးဆ ပိုများပြီး အမျိုး သားဆို သုံးဆပိုများပါတယ်။
စစ်ငြိမ်းအေး
Ref; Reuters မြန်မာပို့စ် သတင်းဂျာနယ် မှ ပြန်လည်မျှဝေလိုကပါသည်။ BADBOYအသားအရေ လှပ စေမည့် အိပ်စက်မှု ပုံစံ
ညဘက်မှာ အိပ်ရေးဝဝ အိပ်တာက အသားအရေရဲ့ ကျန်းမာ လှပရေးကို အထောက်အကူ ပြုကြောင်း သိပြီး ဖြစ်မှာပါ။ အိပ်စက်တဲ့ အခါမှာ ဘယ်လို ပုံစံမျိုးနဲ့ အိပ်စက်ရင် အသားအရေကို ပို အကျိုးပြုတယ် ဆိုတာကို သိစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသား လိုက်ရ ပါတယ်။
၁) ပိုးသားဖြင့် လုပ်ထားသော ခေါင်းအုံးစွပ်ကို သုံးပါ
ပိုးသားနဲ့ လုပ်ထားတဲ့ ခေါင်းအုံးစွပ်က မျက်နှာ အရေပြားကို ချောမွေ့စေပြီး မျက်နှာမှာ အရေးကြောင်း ထင်တာနဲ့ တွန့်ရာ ထင်တာတွေကို သက်သာစေ ပါတယ်။
၂) ခြေအိတ်၊ လက်အိတ် စွပ်ပြီး အိပ်ရာဝင်ပါ
အမျိုးသမီး အများစုက အိပ်ရာ မဝင်ခင်မှာ သူတို့ရဲ့ လက်တွေနဲ့ ခြေထောက်တွေကို အစိုဓာတ် ထိန်းလေ့ ရှိကြ ပါတယ်။ ဒါပေမဲ့ အိပ်တဲ့အခါ စောင်ခြုံ လိုက်တာထက် ပါးလျတဲ့ ချည်သား ခြေအိတ်၊ လက်အိတ်တွေကို စွပ်ပြီး အိပ်စက် အနားယူတာက အစိုဓာတ်ကို ပိုထိန်းထား နိုင်တယ် ဆိုတာကို မေ့လျော့ နေတတ် ကြပါတယ်။
၃) မှောက် မအိပ်ပါနှင့်
မှောက်အိပ်တာက အရေပြား အတွက် မသင့်တော်ပါဘူး။ ဒူးအောက်မှာ ခေါင်းအုံး တစ်လုံး ထားပြီး ပက်လက် လှန်အိပ်တာက ပိုပြီး သက်သောင့် သက်သာ ဖြစ်စေပါတယ်။
၎) အိပ်ရာ ခေါင်းရင်းကို မြှင့်ထားပါ
ခုတင် ခေါင်းရင်းအောက်မှာ အုတ်ခဲတွေကို ထားတာက သွေးစုတာကို လျော့ကျ စေပြီး မျက်လုံးအောက်မှာ ဖောင်းအစ်တာကို လျော့ကျစေ ပါတယ်။ ဒါ့အပြင် သင့်ခင်ပွန်းရဲ့ အသက်ရှူ လမ်းကြောင်းကို ပွင့်စေတာကြောင့် ခင်ပွန်း ဟောက်တာကို သက်သာစေ ပါတယ်။
လျှပ်စစ်ဓာတ်အား တာဝါတိုင် နားနေတဲ့ ကိုယ်ဝန်ဆောင်တွေ သတိထားဖို့
လျှပ်စစ် ဓာတ်အား လိုင်း တာဝါ တိုင်တွေ အနီး အနား မှာ နေတဲ့ ကိုယ် ဝန်ဆောင် အမျိုး သမီး တွေ၊ ဆံပင် အခြောက်ခံစက်၊ ဖုန်စုပ်စက်နဲ့ မိုက်ခရိုဝေ့(ဖ်)မီးဖို အသုံးပြုသော ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ မွေးလာမယ့် ကလေးငယ်တွေကို ပန်းနာ ရင်ကျပ်ရောဂါဖြစ်ပွားအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေတယ်လို့ သိပ္ပံပညာရှင် တွေက အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ပညာရှင်တွေက မမွေးသေးတဲ့ ကလေးတွေကို အိမ်သုံး ပစ္စည်းတွေက လာတဲ့၊ အ္တရာယ်ဖြစ် စေတဲ့ သံလိုက်စွမ်းအင်တွေ၊ လျှပ်စစ်လှိုင်းတွေနဲ့ ထိတွေ့ခြင်းဟာ ရောဂါ ပိုမိုဖြစ်စေနိုင်တဲ့ အခြေအနေတွေ ပဲလို့ သတိပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း ကလေးငယ်တွေရဲ့ ပန်းနာ ရင်ကျပ်ဖြစ်ပွားမှုနှုန်း ဟာ သိသိသာသာ တိုးတက် လာတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။ သိပ္ပံပညာရှင်တွေက လျှပ်စစ် သံလိုက်စက်ကွင်း တွေရှိတဲ့ နေရာတွေ မှာနေတဲ့ မိခင်လောင်း ၈၀ဝ ခန့်ကို လေ့လာခဲ့ကြပြီး သူတို့မွေးလာတဲ့ ကလေးငယ်တွေ နောက် ၁၃ နှစ်အတွင်း ပန်းနာ ရင်ကျပ်ရောဂါဖြစ်ပွားသူဘယ်လောက်
ဒီဖော်ပြချက်က သိပ္ပံပညာရှင် တွေရဲ့ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနှုန်းနဲ့ လျှပ်စစ် သံလိုက်လှိုင်းပါတဲ့ ပစ္စည်းတွေ သုံးခြင်း၊ လျှပ်စစ် ဓာတ်အားတာဝါတိုင်တွေရဲ့ အနီးအနားမှာ နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရဲ့ ဆက်သွယ်ချက်ကို ပထမဆုံး အကြိမ် ဖော်ပြခြင်းပဲဖြစ်ပါတယ်။
သုတေသနပြုသူတွေက သံလိုက်စွမ်းအင်ဟာ သားပျက်သားလျှောဖြစ် စေခြင်းနဲ့ တချို့ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြင်း အန္တရာယ် အခွင့်အလမ်းကို တိုးစေတယ်လို့ ဖော်ပြထားပါ တယ်။
တချို့ ကျွမ်းကျင်သူတွေက ဒီ အသစ်တွေ့ရှိချက်ကို ဖယ်ထားပြီး ပန်းနာ ရင်ကျပ်ဖြစ်စေတဲ့ အခြား အကြောင်းအရာ တွေကိုပဲ ထောက်ပြ နေကြပါတယ်။ သို့သော်လည်း သုတေသနပညာရှင်တွေ ကတော့ ဒီလိုဖြစ်ပွားနိုင်တဲ့ အခြေအနေ အခွင့်အလမ်းကို လျစ်လျူရှုမထားဖို့ အပြင်းအထန် တောင်းဆိုကြပါတယ်။ သူတို့က ကိုယ်ဝန်ဆောင်တွေကို ဆံပင်အခြောက် ခံစက်၊ ဖုန်စုပ်စက်၊ ပန်ကာနဲ့ ကော်ဖီ ဖျော်စက်တွေ အသုံးပြုမှု လျှော့ချကြဖို့ လည်း တိုက်တွန်းထားပါတယ်။
HPPO
ဇနီးသည် အိပ်မပျော်လျှင် ပေါင်းသင်း ဆက်ဆံရေး ထိခိုက်နိုင်
ဇနီးသည်တွေ ကောင်းကောင်း အိပ်မပျော်ရင် နောက်တစ်နေ့ အိမ်ထောင်ရေးမှာ ဖိအား သက်ရောက်မှု ဖြစ်စေနိုင်တယ် လို့ လေ့လာမှု အသစ် တစ်ရပ်က ဆိုပါတယ်။ ငယ်ရွယ် ကျန်းမာတဲ့ စုံတွဲ ၃၅ ဦးရဲ့ အိပ်စက်မှု ပုံစံကို ၁ဝ ညတာ လေ့လာမှု အရ ဇနီးသည်တွေ အိပ်မပျော်တာက နောက်တစ်နေ့မှာ စုံတွဲတွေရဲ့ ဆက်ဆံရေး ဆိုင်ရာ အခက်အခဲ သိသိသာသာ ရှိတာ တွေ့ရကြောင်း သိရပါတယ်။
အိပ်မပျော်တဲ့ ဇနီးသည်တွေ ရှိရင် အိမ်ထောင်ဖက် နှစ်ဦး စလုံး အတွက် အကောင်းထက် အဆိုးကို ပိုမို ဖြစ်စေနိုင်တယ် လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ ခင်ပွန်းသည်တွေ အိပ်ရေး မဝတာကြောင့် စုံတွဲတွေရဲ့ ဆက်ဆံရေး အပေါ်မှာ သက်ရောက်မှုက နည်းပါးကြောင်း သိရပါတယ်။
ဝမ်းရောဂါ
ဝမ်းရောဂါဆိုတာ ကုသခံယူမှု မရရင် ကိုယ်ထဲက အရည်ဓာတ်တွေ၊ ဓာတ်ဆားတွေ ဆုံးရှုံးကာ သွေးပေါင်ချိန်တွေ အရမ်းကျ၊ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့ ၀မ်းလျောဝမ်းပျက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ကလေးငယ်တွေ၊ အာဟာရ ပြည့်အောင် မစားနိုင်သူတွေ၊ ကိုယ်ခံအား ကျဆင်းနေသူတွေမှာ ဖြစ်ရင် ပိုဆိုးရွားစွာ အန္တရာယ် ရှိပါတယ်။ ဒီလို ၀မ်းရောဂါဟာ သေနိုင်လောက်အောင် ပြင်းထန်သလို ကူးစက်ပျံ့နှံ့နှုန်း မြန်လွန်းပြီး ကပ်ရောဂါအသွင်အထိ ဖြစ်နိုင်ပေမယ့် ကုသရ ခက်တဲ့ ရောဂါ တစ်ခုတော့ မဟုတ်ပါဘူး။ ၀မ်းရောဂါ ဖြစ်သမျှ လူတိုင်းရဲ့ ၈၀% လောက်ကို ဓာတ်ဆားရည် ဖြည့်တင်းပေးခြင်း တစ်ခုတည်းနဲ့ အောင်မြင်စွာ ကုသကယ်တင်နိုင်ပါတယ်။
ဝမ်းရောဂါ ဆိုတာ ဘာလဲ
ပုံမှန် ၀မ်းလျှော ၀မ်းပျက်ခြင်းကို WHO ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ လူတစ်ဦးတစ်ယောက်ဟာ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်း သုံးကြိမ်နဲ့ အထက် သွားခြင်းကို ၀မ်းလျောဝမ်းပျက်ခြင်းလို့ သတ်မှတ်ပါတယ်။ တစ်ချိန်က ကပ်ရောဂါ အသွင် ဆောင်ခဲ့လို့ ကာလ၀မ်းရောဂါ လို့ ခေါ်ခဲ့ဖူးကြတဲ့ ၀မ်းရောဂါကျတော့ ၀မ်းသွားရင်း သွားရင်းနဲ့ လုံးဝ အရည်တွေပဲ သွားတော့ပြီး လူက သိသိသာသာ အားကုန် ပျော့ခွေသွားခြင်းဟာ တခြား ၀မ်းပျက်ရောဂါတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အချက် ဖြစ်ပါတယ်။
ဝမ်းရောဂါ၏ ဆိုးရွားသော သမိုင်းနောက်ခံများ
၁၉ ရာစုတုန်းက အိန္ဒိယနိုင်ငံ Ganges မြစ်ဝကျွန်းပေါ် ဒေသကနေ စတင်ကာ ကမ္ဘာနဲ့ချီပြီး ကပ်ရောဂါအသွင် ဆောင်တဲ့ ၀မ်းရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးပါတယ်။ ကမ္ဘာ့ တိုက်ကြီးများ အားလုံးမှာ တပြိုင်နက်နီးပါး ၀မ်းရောဂါကပ် ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေ ရှိပါတယ်။
ခုနစ်ကြိမ်မြောက် ၀မ်းရောဂါကပ်ဟာ ၁၉၆၁ ခုနှစ်က အာရှတိုက်တောင်ပိုင်းမှာ စတင် ဖြစ်ပွား ခဲ့ပြီး တစစနဲ့ အကင်းမသေဘဲ ကြီးထွားပျံ့ပွားလာကာ ၁၉၇၁ ခုနှစ်မှာ အာဖရိကတိုက်၊ ၁၉၉၁ ခုနှစ်မှာ အမေရိကတိုက်များ သို့ပါ ရောက်ရှိကူးစက်သွားခဲ့ဖူးလို့ အထူးသတိထားစရာ ရောဂါဆိုးတစ်မျိုးပါပဲ။ ယနေ့ကမ္ဘာပေါ်မှာ ၀မ်းရောဂါဖြစ်ပွားနှုန်း လျော့နည်းသွားပြီလို့ အကြမ်းဖျဉ်း ဆိုနိုင်ပေမယ့် လူနေမှုစနစ် နိမ့်ကျတဲ့ နေရာဒေသများမှာ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အနေအထား ရှိနေဆဲပါပဲ။
ဘာကြောင့် ၀မ်းရောဂါ ဖြစ်ရတာလဲ
ဝမ်းရောဂါဟာ သိပ္ပံအမည်အားဖြင့် Vibrio cholerae လို့ ခေါ်တဲ့ ၀မ်းရောဂါပိုး ကူးစက်ခံရမှုကြောင့် ဖြစ်ပွားရတာ ဖြစ်ပြီး မသန့်ရှင်းတဲ့ အစားအသောက်၊ သောက်သုံးရေ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့် အဓိက ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီပိုးဟာ အဆိုပါ နည်းလမ်းတွေနဲ့ လူ့ကိုယ်ထဲကို ၀င်ရောက်ပြီးရင် ရောဂါပေါ်ဖို့ အများဆုံး ၃ ရက်ကနေ ၅ ရက်လောက်အထိ ကြာတတ်ပေမယ့် ကူးစက်ခံရသူရဲ့ ကိုယ်ခံအားကို လိုက်ပြီး နှစ်နာရီအတွင်းတောင်စဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း လူဦးရေ အများကြီးကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။ ဒါတောင် ဒီပိုး ကိုယ်ထဲရောက်ခံရတဲ့ လူလေးဦးမှာ သုံးဦးဟာ ရောဂါလက္ခဏာ မပေါ်ဘဲ သူတို့ရဲ့ မစင်ကနေတစ်ဆင့် ရောဂါပိုးတွေ ပျံ့နှံ့စေနိုင်တာမျိုးပဲ ဖြစ်စေလို့ တော်သေးတာပေါ့ ပြောရမလားပဲ။
ဒါပေမဲ့ အများသုံး ရေထွက်ပင်ရင်းထဲ မစင်စွန့်တဲ့ အလေ့အထ ရှိတဲ့(ဥပမာ မြစ်ချောင်းအင်းအိုင် များထဲ အိမ်သာလှည့်ဆောက်ထားတဲ့) အရပ်ဒေသများမှာ ကျတော့ ဒီအချက်ကြောင့် လူပေါင်းများစွာ ပိုမိုလျင်မြန်စွာ ကူးစက်ခံရတတ်တာ တွေ့ရပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ
အပေါ်မှာပြောခဲ့သလို လူတစ်ဦးတစ်ယောက်ဟာ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်း သုံးကြိမ်နဲ့ အထက် သွားမယ်၊ အရည်ဝမ်း သွားတဲ့ အကြိမ်အရေအတွက် အရမ်းစိပ်လာမယ်ဆိုရင် ၀မ်းရောဂါ ဖြစ်နေပြီလို့ သေချာပေါက် ပြောနိုင်ပါပြီ။ ၀မ်းသွားတော့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့ အတွက် ကြွက်သားတွေ အားနည်းခြင်း (အထူးသဖြင့် လမ်းလျှောက်ရာတွင် နုံးခွေသွားခြင်းက သိသာသည်)၊ မျက်လုံးအမြင် အာရုံများေ၀၀ါးခြင်း၊ ခေါင်းမူးခြင်း၊ ရံဖန်ရံခါ အော့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
အရည်တွေ အများကြီး အချိန်တိုအတွင်းမှာ ဆုံးရှုံးသွားတဲ့ အတွက် သွေးပေါင် အရမ်းကျသွားပြီး ခေါင်းမူးတာ၊ အမြင်တွေ ၀ါးကုန်တာ၊ အရမ်းဆိုးရင် မူးလဲ သတိလစ်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေမှာ အရည်ဓာတ် ဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေ ပိုမို မြန်ဆန်ပြင်းထန်တာ တွေ့ရပါတယ်။ အရည်နဲ့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့ အနေအထားဟာ သတိလစ် မေ့မျောခြင်း၊ တက်ခြင်း၊ တစ်ခဏချင်း သိသိသာသာ ပိန်ကျသွားခြင်း၊ မျက်တွင်းကျခြင်း၊ ငယ်ထိပ် မပိတ်သေးတဲ့ ကလေးငယ်တွေမှာ ငယ်ထိပ် ချိုင့်ကျသွားခြင်း၊ မှိန်းသွားခြင်း၊ ဗိုက်ကြွက်သားကို လက်ညှိုးလက်မနှင့် ညှပ်၍ ဒေါင်လိုက်ဆွဲကြည့်ပါက တင်းတင်းရင်းရင်း မရှိတော့ဘဲ ပါးရေတွန့်သကဲ့သို့ ရှုံ့တွဲနေခြင်း စတာတွေနဲ့ တွဲဖက် ဖြစ်ပေါ်လာရင် လူနာဟာ ပြင်းထန်လွန်းသော ကိုယ်တွင်း အရည်ဓာတ် ဆုံးရှုံးမှု (Severe Dehydration) သို့ ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ အထူးစိုးရိမ်ရတဲ့ အနေအထားမှာ ရှိလို့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး မဖြစ်မနေ သွားရောက်သင့်ပါပြီ။
အိမ်မှာ နေတဲ့ အချိန်နဲ့ သွားမယ့် လမ်းမှာ လူနာကို ဓာတ်ဆားရည် ၀င်သမျှ တိုက်ကျွေးပေးဖို့ လုံးဝမမေ့ပါနဲ့။ ၀မ်းရောဂါ ဖြစ်ပွားသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ သေချာပေါက် Severe Dehydration ကြုံရတတ်လေ့ရှိပြီး အာဟာရ ချို့တဲ့သူ၊ အခြား ကိုယ်ခံအားကျစေသော ရောဂါကြီး တစ်ခုခု (ဥပမာ HIV, TB စသဖြင့်) ရှိသူတွေနဲ့ အသက် ကြီးလွန်း ငယ်လွန်းသူတွေဟာ ဖြစ်ဖို့ ပိုနီးစပ်တာ တွေ့ရှိရပါတယ်။
ဘယ်လို ကုသမလဲ
ဝမ်းရောဂါဟာ တကယ်ဖြစ်လာရင် ကြောက်စရာ ကောင်းပေမယ့် ကုသရ လွယ်ကူတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်မှာတော့ ကုဖို့ မလွယ်ပါဘူး။ ကုန်ဆုံးသွားတဲ့ အရည်တွေနဲ့ ဓာတ်ဆားတွေ ပြန်ဖြည့်ရမယ့် အမြန်နှုန်းဟာ ပါးစပ်ကနေ တိုက်ရင် မမီနိုင်ဘဲ အကြောကနေတစ်ဆင့် သွင်းပေးဖို့ မဖြစ်မနေ လိုအပ်လို့ ၀မ်းရောဂါမှန်း သေချာပြီ ဆိုတာနဲ့ လူနာကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဒေသန္တရ ကျန်းမာရေး ဌာန စတာတွေကို အမြန်ဆုံး ပို့ဆောင်ပေးရပါမယ်။ ဒါမှသာ လူနာဟာ အသက်ချမ်းသာရာ ရဖို့ စိတ်ချရမှာပါ။
အဲဒီ နေရာတွေနဲ့ အရမ်းဝေးတယ် ဆိုရင်လည်း နေအိမ်မှာ၊ သွားနေတုန်း လမ်းမှာ မဖြစ်မနေ အရည်များများ တစ်ချိန်လုံး တိုက်သွားဖို့ လိုအပ်ပါတယ်။ ကဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေနဲ့ ဂက်စ်ပါဝင်တဲ့ အအေးတွေကလွဲလို့ အာဟာရ ပြည့်ဝစေတဲ့ အရည်ဆိုရင် ဘာအရည်မဆို သင့်တော်ပါတယ်။ ဆေးရုံနဲ့ ဒေသန္တရ ကျန်းမာရေး ဌာနတွေမှာ UNICEF နဲ့ အခြား အဖွဲ့အစည်းတွေက ဖြန့်ဝေထားတဲ့ ဓာတ်ဆားထုပ်တွေ ရရှိနိုင်ပြီး လိုအပ်တဲ့ ကုသလမ်းညွှန်မှုကိုပါ ရရှိနိုင်မှာပါ။
ဝမ်းရောဂါအတွက် ပုံမှန်မှာ ပဋိဇီဝ ပိုးသတ်ဆေး မပေးပေမယ့် အရမ်းဝေဒနာပြင်းထန်သူတွေ ကျတော့ သောက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အူလမ်းကြောင်း ပုံမှန် ပြန်လည်ကောင်းမွန်ဖို့ ဖောလစ်အက်ဆစ် ဆေးပြားနဲ့ Zinc ဓာတ်ဖြည့် ဆေးပြား မှီဝဲပေးဖို့လည်း လိုအပ်ပါတယ်။ သေချာစနစ်တကျသာ ကုသမယ်ဆိုရင် ၀မ်းရောဂါဟာ အဖိတ်အစင် မရှိသလောက် နည်းအောင် ကုလို့ ရပါတယ်။ ပတ်ဝန်းကျင်က လူတွေအများကြီး ၀မ်းရောဂါ ဖြစ်လာတာ တွေ့ရရင် ဘာလုပ်မလဲ ၀မ်းရောဂါ ရုတ်တရက် ပျံ့နှံ့မှု (Cholera Outbreak) ဖြစ်လာပြီဆိုရင် မိမိ ကုသမှု ခံယူရရေး မြန်မြန်လုပ်သင့်သလို သက်ဆိုင်ရာ ကျန်းမာရေး ဌာနကို မဖြစ်မနေ အကြောင်းကြားရပါမယ်။
ပြင်ပဆေးခန်းတစ်ခုခုမှာ လူတွေ အစုလိုက်အပြုံလိုက် ၀မ်းရောဂါနဲ့ လာပြကြတယ် ဆိုရင်လည်း ဆေးခန်းရဲ့ ဆရာဝန်က အကြောင်းကြားဖို့ တာဝန်ရှိပါတယ်။ ပြည်သူတွေ အားလုံးကို သိစေချင်တာက ၀မ်းရောဂါဟာ ကိုယ့်ဟာကိုယ် အိမ်ထဲမှာ ကြိတ်ကုလို့ မလွယ်တဲ့ ရောဂါမျိုးပါ။ ဒါ့အပြင် မိမိတစ်အိမ်တည်း မဟုတ်ဘဲ ပတ်ဝန်းကျင် အိမ်တချို့မှာပါ ဖြစ်လာပြီဆိုရင် တာဝန်သိ ပြည်သူတစ်ယောက် အနေနဲ့ သက်ဆိုင်ရာ မြို့နယ်/ကျေးရွာ ကျန်းမာရေးဌာနကို မဖြစ်မနေ အသိပေး အကြောင်းကြား ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန်မီ စနစ်တကျ မတားဆီးရင် ၀မ်းရောဂါဟာ အချိန်တိုအတွင်း ကပ်ရောဂါ အသွင် ဆောင်သွားနိုင်တဲ့၊ အစိုးရရဲ့ ကျန်းမာရေးဌာန အဆင့်ဆင့်ကနေ လိုအပ်ရင် နိုင်ငံအချင်းချင်းပါ အကြောင်းကြားသင့်ရင် ကြားရမယ့် ရောဂါများထဲက တစ်ခု (One of The Notifiable Diseases) ဖြစ်နေလို့ပါပဲ။
တကယ် ဖြစ်လာတဲ့ အချိန်မှာ ရောဂါ ဖြစ်နေတဲ့ သူတွေကို အချိန်မီ ကုသအသက်ကယ်တဲ့ အလုပ်နဲ့ ရောဂါမပြန့်ရေး အတွက် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ထမ်းများနဲ့ အကူအညီ ပေးဖို့ ရောက်လာတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက လုပ်ကြပါလိမ့်မယ်။ ဒီနေရာမှာ လိုအပ်တာ တစ်ခုက လူတွေအားလုံး သောက်သုံးနေတဲ့ ရေထွက်ပင်ရင်းမှာ ၀မ်းရောဂါပိုး ရှိမရှိ စစ်ဆေးပြီး ရှိနေရင် ပိုးသန့်စင်ဖို့၊ ရေသန့်တွေ လုံလောက်စွာ ဖြန့်ဝေဖို့၊ ရောဂါဆက်မပျံ့ဖို့ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး၊ နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပညာရေး လုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။
လူတွေ အစုလိုက်အပြုံလိုက် ဖြစ်တဲ့ ၀မ်းရောဂါဟာ မြို့ပြဒေသရဲ့ ကျူးကျော်ရပ်ကွက်များ၊ ဆင်ခြေဖုံးလူနေမှုနိမ့်ရာ အပိုင်းများမှာ အများဆုံး ဖြစ်လေ့ရှိပြီး မသန့်ရှင်းတဲ့ နေရာတွေမှာ နေတဲ့ လူဦးရေ မြင့်တက်လာတဲ့ နှုန်းအတိုင်း နှစ်စဉ်ဝမ်းရောဂါ ဖြစ်နှုန်းတွေပါ အပြိုင် မြင့်တက်လာတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ စာရင်းဇယားဂရပ်ဖ်တွေ အရ သိရပါတယ်။
ယနေ့ကမ္ဘာကြီးမှာ နည်းပညာကြောင့် လူနေမှုစနစ်တွေ၊ စီးပွားရေးတွေ မြင့်တက်လာတယ် ဆိုပေမယ့် နိမ့်ကျတဲ့ လူနေမှုအနေအထားမှာ အဓိက ဖြစ်တတ်တဲ့ ၀မ်းရောဂါ ဖြစ်ပွားမှုတွေကတော့ လျော့ကျမသွားဘဲ ကမ္ဘာ့လူဦးရေနဲ့ အပြိုင် တိုးတက်လာလျက် ရှိနေတယ်လို့ WHO က ထုတ်ဖော်ပြောဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ အတွင်း ကထက်စာရင် ၀မ်းရောဂါ ဖြစ်ပွားမှုဟာ ၂၀၀၄-၂၀၀၈ ကာလအတွင်းမှာ ၂၄% တောင် တိုးတက်လာပါသတဲ့။ ၂၀၀၈ ခုနှစ် တစ်နှစ်တည်းမှာကိုပဲ ၅၆ နိုင်ငံမှာ ၀မ်းရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ကြပြီး စာရင်းရှိတင်ပဲ လူပေါင်း ၅၁၄၃ သေဆုံးစေခဲ့ပါတယ်။
ဒါဟာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ခြင်း (Sanctions) ခံရသောနိုင်ငံများ၊ စာရင်းကောက်ယူရန် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသော ဒေသများက စာရင်းတွေ မပါသေးပါဘူး။ တကယ်တမ်းကျတော့ ကမ္ဘာကြီးပေါ်မှာ တစ်နှစ်ကို ၀မ်းရောဂါကြောင့် သေဆုံးသူဦးရေ နှစ်စဉ် ပျမ်းမျှ တစ်သိန်းကနေ တစ်သိန်းနှစ်သောင်း ရှိပါတယ်လို့ WHO ရဲ့ စာရင်းဇယားများ အရ သိရပါတယ်။ ဒါကြောင့် ဒီလိုနေရာဒေသတွေရဲ့ သန့်ရှင်းတဲ့ ရေရရှိမှု၊ လူနေမှု အဆင့်အတန်းနဲ့ ကျန်းမာရေး အသိ မြင့်တက်လာဖို့ မဖြစ်မနေ လိုအပ်လျက်ရှိပါတယ်။ ဒါ့အပြင် မုန်တိုင်း၊ငလျင် စတဲ့ သဘာဝဘေးအန္တရာယ် တွေရဲ့ နောက်ကနေ အဖော်အပေါင်းအဖြစ် ပါလာတတ်လို့ ဒီအချိန်မျိုး တွေမှာလည်း အထူးသတိထား ကာကွယ် ဆောင်ရွက်ပေးရပါမယ်။
ဘယ်လို ကာကွယ်ရမလဲ
လူတစ်ဦးတစ်ယောက်ချင်းစီ အတွက်ကနေ ပတ်ဝန်းကျင် တစ်ခုလုံးစာအတွက် ကာကွယ်နည်းတွေ သန့်ရှင်းတဲ့ သောက်သုံးရေကို ပုံမှန်ရရှိနိုင်အောင် ဆောင်ရွက်ရပါမယ်။ လိုအပ်ရင် ရေကို ကျိုချက် အအေးခံပြီး သောက်ရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး အထူးသဖြင့် အစားအသောက်တွေ ပြင်ဆင်ချိန် စားသောက်ချိန်မှာ လက်သန့်ရှင်းရေး အထူး အလေးထားရပါမယ်။ ယင်နားစာနဲ့ ဖုန်မှုန့်တွေ ၀င်နိုင်တဲ့ အစာတွေ မစားပါနဲ့။ အိမ်ထဲက အစားအစာတွေကိုလည်း ယင်မနားအောင် ကာကွယ်နိုင်ရပါမယ်။ ယင်လုံအိမ်သာ သုံးပါ။
အိမ်သာတက်ပြီးတိုင်း၊ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ ဆေးတဲ့ အကျင့်ကို မွေးမြူပါ။ အစစအရာရာ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ဒီလိုလုပ်လို့ ငွေဘယ်လောက်မှ ပိုကုန်တာလဲ မဟုတ်၊ အလုပ်ပိုရှုပ်တာလဲ မဟုတ်ပါဘူး။ မိသားစုကျန်းမာရေးအတွက် လူကြီးမိဘများက စလို့ ကလေးတွေကို အခြေခံ ကျန်းမာရေး အသိတွေ သင်ကြားပေးပါ။ ကိုယ်တိုင် လိုက်နာပြပါ။ ရပ်ရွာအလိုက် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြပါ။
လူနေမှု စနစ်နဲ့ ကျန်းမာရေး အသိနိမ့်လို့ ရောဂါတွေ ဖြစ်လာနိုင်သလို ဒီလို ရောဂါတွေ ဖြစ်လာလို့ တိုင်းပြည်ထူထောင်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်တွေ လျော့ကျသလို ရေရှည်မှာ တိုင်းပြည်ဘဏ္ဍာ ပိုမို ထိခိုက်ကုန်လို့ တစ်ဖန် ပြန်ပြီး တိုင်းပြည်နိမ့်ကျ ထိခိုက်မှု သံသရာလည်နေတာကို ရောဂါများကြောင့် နှစ်ဆတိုးစေသော ၀န်ထုပ်ဝန်ပိုး (Double Burden of Diseases) လို့ခေါ်ပါတယ်။ ယနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်ကို ကူးပြောင်းနေကြပြီ ဖြစ်တဲ့ နိုင်ငံများဟာ အမျိုးသား ကျန်းမာရေး ပညာရေး၊ စီးပွားရေးနဲ့ တန်းတူ အထူးအလေးထား မြှင့်တင်ကာ ၀န်ထုပ်ဝန်ပိုးနှစ်ဆ မဖြစ်အောင် ပါးနပ်စွာ ရှောင်ရှားသွားနိုင်တာ အတုယူစရာပါပဲ။
ဝမ်းရောဂါအတွက် ကာကွယ်ဆေး ရှိလား
ရှိပါတယ်။ တကယ်ဝမ်းရောဂါ အသည်းအသန် ဖြစ်နေတဲ့ ဒေသတွေမှာ ကပ်ရောဂါအဖြစ် ပျံ့ပွားမသွားရေး တားဆီးရန် WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး နှစ်မျိုးကို တိုက်ကျွေးနိုင်ပေမယ့် ပုံမှန်မှာ လူတိုင်းစေ့ တိုက်ကျွေးနိုင်ဖို့ မလွယ်ပါဘူး။ Dukoral နဲ့ Shanchol ဆိုတဲ့ ကာကွယ်ဆေးနှစ်မျိုးဟာ နှစ်ကြိမ် တိုက်ကျွေးလိုက်ရင် ၀မ်းရောဂါကနေ ၈၅-၉၀% လောက် အကာအကွယ် ပေးနိုင်ပေမယ့် ဒီကာကွယ် ဆေးတွေကို ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆိုတဲ့ လူနေမှု စနစ် မြှင့်တင်ရေးတွေလောက် မထိရောက်၊ စိတ်မချရတာ တွေ့ရပါတယ်။ ဒါကြောင့် mmDailyNews ပရိသတ်များနဲ့ မြန်မာပြည်သူများ အနေဖြင့် အစာ၊ရေ၊ ပတ်ဝန်းကျင်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးများဖြင့် နွေရာသီဝမ်းရောဂါ ဖြစ်ပွားတတ်မှုကို ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကျင်းထုံနှင့် Baby Care ခြင်ဆေးခွေများကိုပိတ်သိမ်း
ထွန်းညှိထားလျှင် ခြင်များ ပြုတ်ကျသေဆုံးသည်ကို တွေ့ရသဖြင့် ဈေးကွက်အတွင်း လူကြိုက်များနေသော တရုတ်နိုင်ငံလုပ် ကျင်းထုံခြင်ဆေးခွေနှင့် Baby Care ခြင်ဆေးခွေများတွင် အဆိပ်အာနိသင်ရှိသော ဓာတုပစ္စည်းများ ခွင့်ပြုထားသည်ထက် ပိုမိုပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တားမြစ် ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိပ်ဓာတ် ပါဝင်မှု များသောကြောင့် ခြင်များကို ကျသေစေပြီး လူကြိုက်များနေသောကြောင့် ဈေးကွက်မှ လိုက်လံသိမ်းဆည်းနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါခြင်ဆေးခွေသည် အခြားခြင်ဆေးခွေများထက် ပန်းနာရင်ကြပ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများအပေါ် ပိုဆိုးစေသော သက်ရောက်မှု ရှိစေနိုင်ပြီး ကလေးသူငယ်များအနီး ထွန်းရန် လုံးဝမသင့်တော်ကြောင်း ၄င်းက ဆက်လက် ပြောကြားသွားသည်။
*******************************************
လေချဉ်တက်ခြင်း ကင်းဝေးစေရန်
တချို့လူတွေဟာ လူကြားထဲမှာ "အေ့…အေ့"ဆိုပြီး လေချဉ်တက်လေ့ရှိပါတယ်။ လေချဉ်တက်လိုက်မှ လေပွလေထခြင်းနဲ့ ဗိုက်အောင့်ခြင်း သက်သာသွား တတ်တာကြောင့် နေသာထိုင်သာ ရှိအောင် ပြုလုပ်ကြတာပါ။
လေချဉ်တက်ရတာဟာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အတွက် သူတို့ဟာ သူများထက် လေအများကြီးရှိတယ်လို့ တချို့က ယုံကြည်နေကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ လေတွေ ရှိတတ်ပေမယ့် တစ်ခါတစ်ရံမှာ လေပွခြင်းနဲ့ ဗိုက်အောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။
ဒါဟာ နေ့စဉ်စားသောက်နေထိုင်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့အတွက် လေချဉ်တက်ခြင်း ကင်းဝေးစေဖို့ သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။
၁။ လေထစေသော အစားအသောက်ကို လျှော့စားပါ
လေထစေတဲ့အစားအသောက်တွေက ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ရေကညွတ်တို့လို ဟင်းသီးဟင်းရွက်တွေ၊ သစ်တော်သီး၊ ပန်းသီးတို့လို အသီးအနှံတွေ၊ ဖွဲနုနဲ့ ဂျုံတို့လို ကောက်နှံတွေ၊ အချိုရည်တွေ၊ ဒိန်ချဉ်နဲ့ ရေခဲမုန့်တို့လို နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ကွေကာစတဲ့ လက်တို့စ်သကြားပါတဲ့ အဆင်သင့်မုန့်တွေနဲ့ သကြားမပါတဲ့ ချိုချဉ်တွေပဲ ဖြစ်ပါတယ်။
ဒီအစားအသောက်အများစုမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေတဲ့အတွက် "တန်ဆေး၊လွန်ဘေး" ဆိုသလို အသင့်အတင့်သာ စားဖို့ အကြံပြုချင်ပါတယ်။
၂။ ရိုးရိုးရေ၊ စွပ်ပြုတ်နှင့် အမြှုပ်မထသော အရည်သာသောက်ပါ
ဆော်ဒါ၊ ဘီယာတို့လို လေထစေတဲ့ အရည်တွေကို တတ်နိုင်သမျှ ရှောင်ပါ။
၃။ မျိုချသော လေပမာဏကို လျှော့ချပါ
ကျွန်မတို့ဟာ နေ့စဉ်နေထိုင်စားသောက်မှုကနေ လေကို မသိမသာမျိုချမိနေတတ်ကြပါတယ်။ လေမျိုချနိုင်မှုကနေ ကာကွယ်နိုင်အောင် -
• အစာကို ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပါ။ ဒါဟာ အစာစားရင်း လေမျိုချနိုင်တဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။
• မာတဲ့သကြားလုံးတွေကိုမစားပါနဲ့။ ဆေးလိပ်မသောက်သင့်ပါ။
• သင်ဟာ သွားတုတပ်ထားရင် သွားတုတွေမြဲနေအောင် သွားဆရာဝန်နဲ့ တွေ့ဆုံပါ။
၎။ အစားအသောက် ဒိုင်ယာရီထားရှိပါ
သင်နေ့စဉ်စားတဲ့ အစားအသောက်ကို ရေးမှတ်ထားရင် သင့်ကို အများဆုံးလေထစေတဲ့ အစားအသောက်ကို သိလာရမှာပါ။ အဲဒီအစားအသောက်ကို ရှောင်ကြဉ်လိုက်တာနဲ့ လူကြားထဲမှာ လေချဉ်တက်ရတဲ့ အန္တရာယ် ကင်းဝေးသွားပါလိမ့်မယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပြီးတာတောင် လေထပြီး လေချဉ်တက်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ခံစားနေရတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Tip!
• လူတိုင်းရဲ့ အစာခြေစနစ်မှာ လေ (Gas) ရှိပါတယ်။
• နေ့စဉ်နေထိုင်စားသောက်မှုကနေ လေကို အမှတ်မဲ့ မျိုချမိနေနိုင်သလို လေကို မသိမသာ ထုတ်ပစ်တတ်တာမျိုးလည်း ရှိပါတယ်။
• လေပမာဏ လျော့ကျအောင် လေထစေတဲ့ အစားအသောက်ရှောင်ခြင်းနဲ့ လေကို မျိုချတဲ့ ပမာဏ လျှော့ချခြင်းဆိုတဲ့ အချက်နှစ်ချက်ကို လိုက်နာသင့်ပါတယ်။
Ref : Good Health
- ဆူးလေဘုရားအနီးသို့ သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများ ဆန္ဒပြ နေ
- မြန်သရန့်ပြည်အကြောင်း ရေးသူ- ဖိုးသူတော်
- မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်- ရေးသူ-လူထုစိန်ဝင်း
ဆူးလေဘုရားအနီးသို့ သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများ ဆန္ဒပြ နေ Posted: 26 Sep 2011 12:16 AM PDT ဒေါ်နော်အုံးလှတို့ ဦးဆောင်ပြီး ရန်ကုန်မှာ အခု ဆန္ဒပြနေပါတယ် လို့သတင်းရရှိပါတယ်။ မြောက်ဥက္ကလာနေ ဆုလေဘုရားကို ချီတက်ကြမယ်။လူ၁၀၀ လောက်ရှိတယ်လို့သိရပါတယ်။ မရမ်းကုန်းမြို့အ၀င်လမ်းဝန၀ဒေး ရုပ်ရှင်ရုံရှေ့မအရောက် ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်လို့ဆိုပါတယ်။ ရဲကခြိမ်းခြောက်တာဖြစ်ပါတယ်။ မြစ်ဆုံကိစ္စ လို့ ယူဆနိုင်ပါတယ်။ အခု တံတားလေးလမ်းဆုံမိုးလေ၀သရောက်နေပြီ လို့သိရပါတယ်။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီအစိုးရလို့ဆိုထားတော့ ဆန္ဒပြခွင့်ပေးထားသလား စမ်းသပ်မှုတခုပဲလို သုံးသပ်မိပါတယ်။ အခုဖြစ်နေတဲ့ ပြည်တွင်းကလှုပ်ရှားမှုတွေ ဆူးလေမှာ လူ၄၀၀လောက်စုပြီး လှုပ်ရှားမှုတွေလုပ်နေတယ် ဆုတောင်းပွဲ ကို ရွှေဝါရောင်တူညီဝတ်စုံဝတ်ကြတယ်လို့ကြားတယ် .. မြောက်ဥက္ကလာမှ ဆန္ဒပြသူများချီတက် နောက် မိနစ် 30 တွင် ဆူးလေရောက်မည် ဆူးလေမှာရာနဲချီပြီး မြောက်ဥက္ကလာမှ ချီတက်လာသူတွေကိုကြိုအခု အခြေအတင်ဖြစ်နေတယ်.. ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်တဲ့ မရမ်းကုန်းမြို့အ၀င်လမ်းဝ န၀ဒေး ရုပ်ရှင်ရုံရှေ့မှာ ခြိမ်းခြောက်တာပါ ရမလားလို့ ဆန္ဒပြခွင့်ပေးထားတာပဲဆိုပြီး အယောက် ၃၀ ကဖေါက်ထွက်လာတယ် တချို့က မိုးလေ၀သေ၇ှ့အပိတ်ခံနေရတယ် န၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာ အပိတ်ခံနေတယ်လို့ သတင်းရရှိပါတယ် ။ မြို့ထဲကိုချီတက်တဲံ့သူတွေ မီဒီယာလွှတ်ပေးပြီး အမြန်ဆုံး သတင်းရယူပေးစေလိုပါတယ် ခင်ဗျာ ။ ရန်သူကအားသုံးပြီးနှိမ်နင်းမယ့်သဘောရှိတယ်။ ပြည်သူလူထု အားလုံး ပူးပေါင်းပေးကြပါ.....ခင်ဗျာ ။ |
မြန်သရန့်ပြည်အကြောင်း ရေးသူ- ဖိုးသူတော် Posted: 25 Sep 2011 09:44 AM PDT ![]() မြန်သရန့်ပြည်အကြောင်း အပိုင်း ( ၁ ) အေဒီ ၂၀၆၀ ' မာမား မာမား… သားသားလေ ဒီနေ့ သမိုင်းဆိုင်ရာ စာမေးပွဲမှာ ပထမရခဲ့တယ်'… သားသား၏ အသံစာစာနှင့် ပြေးဝင်လာမှုကြောင့် ကျမ မီးဖိုချောင်မှာ ဟင်းချက်နေရင်း ဂတ်စ်အိုးကို အသာပိတ်ကာ အိမ်ရှေ့ခန်းသို့ ပြေးထွက်လာမိ၏။ 'သားသား ဘာတွေဖြစ်လာတုန်း၊ မာမားကို ပြောပါဦး' သားသားလေ ဒီနေ့ အတန်းထဲမှာ သမိုင်းမေးခွန်းဖြေဆိုမှုမှာ ပထမအဆင့်နဲ့ အောင်ခဲ့တယ် မာမားရဲ့' 'ဟုတ်လား သားသားတို့ သမိုင်းဆရာက ဘာတွေမေးတာတုန်း' 'ဆရာက ဟိုးတုန်းက မေးခွန်းတွေလည်းမေးတယ် ၊ ခုနောက်ပိုင်း သမိုင်းခေတ်သစ်မေးခွန်း တွေလည်း မေးတယ်' 'ဟုတ်လား သားသားရဲ့၊ မာမားကို ပြောပါဦး သားသားမေးခွန်းတွေကို' 'ဆရာက မေးတာက လွယ်ပါတယ်' 'သားသားတို့ ပြည်မကြီးမှာရှိတဲ့ မဟာတံတိုင်းကြီးကို ဘယ်သူဆောက်ခဲ့သလဲတဲ့' 'သားသားက ရှီဟွန်တီး လို့ဖြေခဲ့တယ်' 'နောက်ပြီး သားသားတို့ တရုတ်ပြည်သစ်ကြီးကို ဘယ်သူ တည်ထောင်ခဲ့သလဲတဲ့' 'သားသားက မော်စီတုန်းလို့ ဖြေခဲ့တယ်' 'နောက် သားသားတို့ မဟာတရုတ်ပြည်ကြီး အာရှမှာ ကြီးထွားဖို့ ဘယ်သူလုပ်ခဲ့သလဲတဲ့' 'သားသားက ဟူကျင်းတောင်လို့ ဖြေခဲ့တယ် မားမားရဲ့' 'အို. သားသားက သိပ်တော်တာပဲ' 'ဒါပေမဲ့ မာမား ဆရာက အမှတ်စာရင်းတွေ ပြောပီးတော့ သားသားကို တခုမေးတယ် သိလား' 'ဘာတဲ့တုန်း သားသားရဲ့' 'လျောင်ချန်းယိ မင်း ဧရာဝတီဆိုတာ သိသလားတဲ့' 'သားသားက ဆရာဘာပြောတာလဲလို့ ထပ်မေးတော့ ဆရာက ဧရာဝတီဆိုတာ သိသလားလို့မေးတယ်' သားသား မသိဘူး မာမား။ အဲ့ဒါ ဘာကို ပြောတာလဲဟင်။ မာမားကော သိလား။ ပြောပြပါလား မာမား သိရင်' 'ဩော် သားသားရယ်၊ မာမား အများကြီး ပြောပြချင်ပါတယ်။ ဒါပေမဲ့ မာမား ခုတော့ မပြောပါရစေနဲ့ဦး။ သားသားကို ပြောပြဖို့ မာမား ပြန်စဉ်းစားဦးမယ်နော်..။ ကဲ သားသားလဲ ရေသွားချိုးချေဦး' သားသားသည် ငါတို့ တိုင်းပြည် တရုတ်ပြည်ကိုချစ်သည်၊ တို့ဘိုးဘွားအမွေ တို့ တရုတ်ပြည်ကို မြတ်နိုးသည်ဆိုသော ကျောင်းတွင် မူလတန်းမှ စ၍သင်ထားပေးသော သီးချင်းကို ဆိုငြီးကာ ရေသွားချိုးလေသည်။ အပိုင်း ( ၂ ) တကယ်တော့ သားသားသည် အသက် ၁၀ နှစ်သားခန့် အခြေခံပညာ အလယ်တန်း ၅တန်းကျောင်းသား ကြီး ဖြစ်နေပေပြီ။ ကျမတို့ အကြောင်းကို ပြောပြရရင် ကျမတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်သရန်ပြည်နယ်၊ ပြည်မြို့အနီးတွင် နေထိုင်နေပါသည်။ ကျမ၏ မိခင်သည် မြန်မာလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားလာပြီး၊ ကျမ၏ ဖခင်သည် ပြည်ကြီးတရုတ်မှ လူမျိုးခြားတဦးဖြစ်လေသည်။ ကျမ မြန်မာတ၀က်၊ တရုတ်တ၀က်ကိုယ်တိုင် ကပြားသည်ပင် သားသားတို့ အဖေ လျောင်ချင်းချို နှင့် အိမ်ထောင်ကျပီး ယခုဆို သားသားတောင် မွေးဖွား၍ ၁၀ နှစ်သား ရောက်လို့ နေပေသည်။ ကျမသည် သားသား၏ သမိုင်းဆရာ နောက်ဆုံးမေးသော မေးခွန်းနှင့်ပတ်သက်၍ စိတ်ထဲတွင် အတွေးမျိုးစုံဖြစ်နေပါသည်။ 'သမိုင်းဆရာ၏ သားသားကို ဧရာဝတီကို မင်းသိသလား' ဟုသော မေးခွန်းသည် ကျမကိုယ်တိုင်ပင် ဧရာဝတီကို ငါကော သိသလားဟူသော ထပ်ဆင့်မေးခွန်းပေါ်တွင် မူတည်နေပါသည်။ သားသားရေချိုးပီးလျှင် သားသားကို ဖြေရမည့် အဖြေသည် ကျမအတွက် ရင်လေးနေပါသည်။ အကယ်၍ သည်နေရာတွင် သားသားဖခင် ကျမခင်ပွန်း လျောင်ချင်းချိုရှိပါက သူကိုယ်တိုင်ဖြေမည်ဖြစ်သော်လဲ ခင်ပွန်းသည် သည်ယခုအခါ နေပြည်တော် ဘေဂျင်းရှိ နိုင်ငံများနယ်မချဲ့ရေး အစည်းအဝေးသို့ သွားရောက်တက်ရောက်နေပေသည်။ ယခု အခါ ကမ္ဘာပေါ်တွင် တပြည်ထောင်နှင့်တပြည်ထောင် နယ်မချဲ့ရေး၊ တန်းတူညီမျှ ဆက်ဆံရေး၊ နှင့် တိုင်းပြည်အချင်းချင်းတို့ ဖေးမကူညီပေးရေးတို့ ခေတ်စားနေရာ နိုင်ငံခြားရေးဌာန မြန်သရန့်ပြည်နယ်တွင် အလုပ်လုပ်နေသော ကျမခင်ပွန်း သည်အစည်းဝေးသို့ သွားသည်မှာ မဆန်းလှပေ။ ကျမ ဇာတ်ကြောင်း ကျမ ပြန်ပြောပြရသော်၊ ကျမ၏ နာမည်အရင်းမှာ ဆွေသက်ထားအောင် ဖြစ်ပါသည်။ တရုတ်အမည်ကတော့ လျန်ကျဲမူ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ကျမ အဖေသည်ပြည်ကြီးတရုတ် လျန်ဟောင်ဟီး ဖြစ်၍ ကျမအမေသည် မြန်မာလူမျိုး လှလှစိန် ဖြစ်ပါသည်။ ထိုထက်ပို၍ ဆိုရသော် ကျမ အဖိုးနှင့်အဖွားဖြစ်ပါသည်။ ကျမ အမေ၏ အဖေနှင့်အမေလည်းဖြစ်ပါသည်။ အဖိုး၏ နာမည်သည် ဦးသူတော်ဟု ခေါ်ဆို၍ အမေ၏ နာမည်သည် ဒေါ်သက်နှင်းဟူ၍ ဖြစ်ပါသည်။ အဖိုးတို့ အဖွားတို့ လူရွယ်ခေတ်က ကျမကြားဖူးသည်မှာ ယခု ကျမတို့ မြန်သရန့်ပြည်နယ်သည် မြန်မာပြည်ထောင်စု နိုင်ငံဟုခေါ်တွင်သည်ဟု အမေပြောဆိုချက်များကို ကြားဖူးပါသည်။ ကျမသည် အဖိုးအဖွားတို့အားကောင်းကောင်း မမှီလိုက်သော်လည်း အမေနှင့်အထိအတွေ့များ၍ အမေ့ထံမှ မြန်သရန့်ခေါ် မြန်မာပြည်အကြောင်းကို အများကြီး ကြားခွင့်ရခဲ့သည်။ အမေ လှလှစိန်၏ အဖေ အဖိုး သူတော်သည် သူ့ခေတ်သူ့အခါ ကျမစိတ်ထင် ( အေဒီ ၂၀၁၇ ) သာသာလောက်တွင် မြန်သရန့်ပြည်တွင်း ထင်ရှားသော အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပေမည်။ အဖိုးတို့သည် မြန့်သရန့်ပြည်ကြီးကို ချစ်ခင်မြတ်နိုးပေလိမ့်မည်။ ဒီနေရာတွင် စောန သားသားတို့ သမိုင်းဆရာ စကားဆက်၍ ပြောချင်သည်မှာ ဧရာဝတီကိစ္စဖြစ်သည်။ အဖိုးတို့ခေတ်က ဧရာဝတီဆိုသည့် မြစ်ကြီးဧရာမှာ မြန့်သရန့်ပြည်ကြီး မြောက်ပိုင်းအစမှ တောင်ပိုင်းအဆုံးထိ ပြည်ကြီးအစအဆုံးမိုင်ပေါင်း ၁၃၀၀ ကျော် အလွန်ရှည်လျားသော မြစ်ကြီးတစင်းဖြစ်ပေမည်။ ကျမကိုယ်တိုင်က သက္ကရာစ် ၂၀၃၁ ခုနှစ်တွင် ဖွားမြင်ခဲ့လေတော့ အဖိုးတို့ခေတ် မြန်မာပြည်နှင့် အဖိုးတို့ ဧရာဝတီကို ကောင်းကောင်းမှီသူမဟုတ်ပေ။ ကျမအမေ ဒေါ်လှလှစိန် ကိုယ်တိုင်ပင် ၂၀၁၂ မှာမွေးဖွားလေတော့ ဧရာဝတီကို သူမှီပင် မှီလိုက်သော်လည်း အမေ အရွယ်ရောက်သော အချိန်မှာ မြန်သရန့်ပြည်ကြီးတွင် ဧရာဝတီဆိုတာ မရှိတော့ပေ။ ရှေးလူကြီးများ အိပ်ရာဝင် ပုံပြင်များအဖြစ်သာ ကြာရပေတော့သည်။ ကျမ၏ အမေ ငယ်ငယ်က သူ့အဖေ ကျမအဖိုးပြောပြောပြသော ဧရာဝတီပုံပြင်များကို အမြဲကြားခဲ့ရသည်။ အဖိုးတို့ခေတ်က ဧရာဝတီသည် မြန်သရန့်ပြည်ကြီး၏ အဓိက အရေးပါသော မြစ်ကြီးအဖြစ် စီးဆင်းခဲ့ကြောင်း၊ အဖိုးတို့ အမျိုးသားအားလုံးအတွက် သမိုင်းစဉ်တလျှောက် တန်ဖိုးကြီးပစ္စည်းအဖြစ်ရှိသော မြစ်ကြီးအဖြစ် လည်းကောင်းကြားသိခဲ့ရသည်။ အဖိုးတို့ လူရွယ်အရွယ်တွင် ၎င်းမြစ်ကြီးသည် ခုကျမတို့ ပြည်မကြီးမှ လျှပ်စစ်ဓါတ်အားထုတ်ရန်ဆိုသော အပြောဖြင့်ဆည်ဆောက်သိမ်းပိုက်လိုက်သောကြောင့် ယခုအခါတွင် ထိုမြစ်ကြီးသည် လျှပ်စစ်ဓါတ်အား ဘာမှ မထုတ်နိုင်ပဲ တိမ်ကောသွားရလေသည်။ ကျမယောက်ျား လျောင်ချင်းချိုပြောဖူးသည့် သူတို့ သမိုင်းမှာ၊ သူတို့ ပြည်ကြီးသားများသည် မြန်သရန့်မြစ်ကြီးကို လျှပ်စစ်ထုတ်လွှတ်ဖို့ ဆည်ဆောက်သည်ဟူသော အကြောင်းပြချက်သေးသေးလေး ပြသော်လည်း နောက်ကွယ်တွင် ကြီးမားသော ရည်ရွယ်ချက်များရှိကြောင်း၊ ထိုရည်ရွယ်ချက်များကို သူ တက္ကသိုလ် တက်ရောက်သောအခါ ဂုဏ်ထူးတန်းတွင် အထူးပြုဘာသာရပ်အနေဖြင့် သင်ကြားခဲ့ရကြောင်း ပြောကြားပါသည်။ ထို ရည်ရွယ်ချက်မှာ လျှပ်စစ်ဟူသည် သူတို့ ပြည်မကြီးဘိုးဘေးအစဉ်က တရုတ်ပြည်မကြီးကို တည်ထောင် ခဲ့ သော မော်စီတုန်းအဖိုးကြီး၏ ဆရာများဖြစ်သော လီနင်ဆိုသည် သူတို့ ပြည်မကြီးနှင်း ကပ်လျက်တိုင်းပြည်က နှာဖူးပြောင်း ထိပ်ကြဲအဖိုးကြီးက သူတို့ ရုရှ ဆိုသည်ပြည်ကြီး တည်ထောင်စဉ် ကတည်းက 'လျှပ်စစ်နှင့်ရုရှပြည်ကြီးတည်ဆောက်အံ့' ဟု ကျမအဖိုး၏ အဖေ မမွေးခင်ခေတ်ကတည်းက ကြွေးကြော်သောကြောင့် ဒီကိစ္စသည် မထူးဆန်းကြောင်း။ လျှပ်စစ်ကို ထုတ်လွှတ်လိုလျှင် သည်လောက် ပထ၀ီနိုင်ငံရေးအတွက် အရေးပါသော အဖိုးတန်မြစ်ကြီးများကို ရင်းစရာမလိုပဲ တခြားသော နည်းများဖြင့် ထုတ်လွှတ်နိုင်ကြောင်း ကျမ ယောက်ျားမကြာခဏ ပြောဖူးပါသည်။ မင်းတို့ အဖိုးတွေခေတ်က မင်းတို့ အဖိုးတွေပြည်ကြီးက ပညာမတတ်လို့ လူညာခံထိသည်ဟု မကြာခဏ စနောက်ပြောရာ ကျမသည် ယောက်ျားကပြောသော်လည်း အမျိုးကိုထိ၍ မချိအောင် နာမိပါသည်။ ကျမကိုယ်ထဲတွင် မြန်သရန့်ပြည်ကြီး ၏ သွေးတွေ အများကြီး ရှိသည်မဟုတ်ပါလော။ ကျမလည်း ခေတ်ပညာကို အထိုက်အလျောက်သင်ကြားတက်မြောက်ခဲ့ပြီး မြန်သရန့်ပြည်ကြီးကစက်မှုလက်မှု တက္ကသိုလ်ကြီးမှ ဘွဲ့ရခဲ့သော အင်ဂျင်နီယာ တဦးဖြစ်ပါသည်။ ယခုကျမတို့ခေတ်တွင် ရေအား၊လေအားတို့မှ လျှပ်စစ်ထုတ်ယူသည်ဆိုသည်မှာ သားသားတို့ ကျောင်းတွင် ကလေးချင်း အပျင်းပြေဆော့ကစားရာ တခုလို ဖြစ်နေပါသည်။ ကျမ စဉ်းစားမိသည်။ ကျမတို့ အဖိုးသူတော်တို့ လူတွေသည် အသိဥာဏ်နုံနဲလို့သာ ကျမ ယောက်ျားတို့ ပြည်မကြီး၏ အလိမ်အညာတွင် ခံရ၍ သူတို့ သမိုင်းဝင်အဖိုးတန်မြစ်ကြီးကို ထိုးပေးလိုက်ရ သည် ဟု ထင်ပါသည်။ ကျမတို့ ခေတ်တွင် မြစ်၊ချောင်းများ မပြောနှင့်၊ အိမ်နားကပ်စီးနေသော မြောင်းများ ကို ပင် တယုတယနှင့် ထိန်းသိမ်းပေးနေသေးသည်။ လျှပ်စစ်ဓါတ်အားဆိုသည်မှာ မရချင်အဆုံး နျူကလီးယားဆိုသည့် ဟိုက်ဒရိုဂျင်ဆင့်ကွဲပေါက်ဖွားမှု ဖြစ်စဉ်မှ ထုတ်ယူနေရာ များလွန်း၍ မနည်းပင် အတောသတ်ထားရသေးသည်။ အဖိုးတို့ လျှပ်စစ်လေးနှင့် မြစ်ကြီးကို ထိုးကျွေးလိုက်တာ မတန်လိုက်လေးချင်းဟု ကျမထင်မိပါသည်။ ကျမ တို့ အဖိုးပြည်သည် ယခင်က မြန်မာနိုင်ငံဟု၍လည်းကောင်း ဧရာဝတီ မြစ်ကြီးပိုင်ရှင်ဟု၍လည်းကောင်း ရှိသည်ဟု သိရပါသည်။ ဒါကလဲ ကျမအမေ၏ ပြောပြချက်အရသိပါသည်။ ကျမတို့ ခေတ်တွင် သမိုင်းကို ပြည်ကြီးသမိုင်းဟုသာ သင်ရပါသည်။ ဆွန်ယက်ဆင် ၊ မော်စီတုန်း၊ လူချောက်ချီ၊ ကျူအင်လိုင်း၊ ၀မ်ကျားပေါင်နှင့် ဟူကျင်တောင်းတို့မှာ ကျမတို့ မဟာတရုတ်ပြည်ကြီး၏ သမိုင်းဝင်ခေါင်းဆောင်များ ဖြစ်ပါသည်။ တကယ်တော့ လျှပ်စစ်လေးအတွက် ဒီတပြည်လုံးကြီးနောက်ဆုံး ထိုးကျွေးသလို ဖြစ်သွားမယ် ဆိုတာ ကျမတို့ အဖိုးတို့ခေတ်က သမိုင်းဝင်ခေါင်းဆောင်များ မစဉ်းစားကြဘူးလားလို့ ကျမတွေးမိပါသည်။ ကျမတို့ အဖိုးသူတော်တို့သည် အသုံးမကျသော အသိဥာဏ်နုံနဲသော သူများသာ ဖြစ်ပေမည်ဟု ကျမစဉ်းစားမိပါသည်။ ဤအတွက် ကျမ အရှက်ရမိပါသည်။ ကျမ၏ တဦးတည်းသော သားသားကို သည်ကိစ္စ ဖွင့်ပြောမည် မဟုတ်ပါ။ အပိုင်း ( ၃ ) သားသားသည် ရေမိုးချိုး ထမင်းစားပီး၍ ညအိမ်စာလုပ်ပီးသော အခါတွင် ကျမအား ကျောင်းက ပြန်လာစဉ် အခါက မေးခွန်းကို မေးပါသည်။ 'မာမား ၊ ဧရာဝတီဆိုတာ ဘာလဲဟင်၊ မာမားသိရင် ပြောပြပါလား' 'အို၊ သားရယ်… မာမားလည်း ကြားဖူးတယ်ကွ၊ ဧရာဝတီဆိုတာ မာမား အဖိုးတို့ ခေတ်တုန်းက ရှိတဲ့ မြစ်ကြီး တစင်းကွ' 'ဟုတ်လား မာမား ၊ မာမား အဖိုးက ဘယ်သူတုန်းဟင်' 'မာမား ၊ မပြောပါရစေနဲ့ကွာ၊ သားသားက လိမ်မာပါတယ်' 'ဟင့်အင်၊ မရဘူး၊ မာမားရယ် ပြောပါ ၊ မာမားအဖိုးက ဘယ်သူတုန်း' 'အင်း…………..။ သားသား အတင်းမေးတော့လဲ မာမားပြောပြရမှာပေါ့' 'မားမားတို့ အဖိုး သားသား အဘေးကြီး ဟာ ဖိုးသူတော်ပဲ သားသားရဲ့' 'ဖိုးသူတော် ဟုတ်လား မာမား' အေး ဟုတ်တယ် သားသားရဲ့' 'အဖိုးတို့ ခေတ်တုန်းက မားမားတို့ ခုနေတဲ့ မြန်သရန့်ပြည်ကြီးမှာ ဧရာဝတီဆိုတဲ့ မြစ်ကြီး တစင်းရှိတယ်ပြောတယ်။ မာမားတော့ မကြုံဘူးပါဘူးကွယ်' အဲ့. မြစ်ကြီးက ဘယ်ရောက်သွားသလဲ မာမား' 'အင်း မာမား အမေ မင်းဖွားဖွား ပြောတာတော့ အဲ့မြစ်ကြီးကို မာမား အဖိုးတွေက ခု ပါပါးတို့ ပြည်ကို ရောင်းစားလိုက်တယ်တဲ့' 'ဟင်… ပါပါးတို့ ကို ရောင်းတယ်ဆိုတော့ မာမား ဖိုးဖိုးတွေက ဆင်းရဲလို့ပေါ့နော်' 'အင်းပေါ့ မာမားလဲ သေချာမသိပေမဲ့ မရှိလို့ ရောင်းလိုက်ရတယ်လို့ ထင်မိတာပဲလေ' 'ဟင်.. အဲ့ဒါနဲ့ ဘယ်လိုဖြစ်သွားလဲ။ အဲ့ မြစ်ကြီးကို သားသား သွားလည်ချင်တယ်' 'အို.. သားသားရယ် ဖိုးဖိုးတို့က အဲ့မြစ်ကြီး ရောင်းပီး သိပ်မကြာဘူး၊ မြစ်ကြီးလဲ ကောသွားတယ်လို့ မာမား အမေက ပြောတယ်' 'ဟင်. ဒါဆို မြစ်ကြီးမရှိတော့ဘူးပေါ့ နော် မာမား' 'ဟုတ်တယ် သားသား။ မာမားတို့ အဖိုးတွေဟာ ဒီမြစ်ကြီးကို မရောင်းအောင် အသက်နဲ့ ရင်းပီး ကာကွယ်စောင့်ရှောက်ပေမဲ့ အဖိုးတို့ ခေတ်က အာဏာပိုင်ရှင်တွေက အတင်းရောင်းလို့ မြစ်ကြီးက အရောင်းခံရတယ်တဲ့' 'သားသား ပါပါးကိုတော့ သွားမပြောနဲ့ဦးနော်၊ သူတို့တွေက မြစ်ကြီးကိုလိုချင်တာ မဟုတ်ဘူး။ လျှပ်စစ်ဓါတ်အားကို လိုချင်တာ မဟုတ်ဘူး။ မာမားတို့ ခုနေနေတဲ့ မြန်သရန့်ပြည်ကြီးကိုလို ချင်နေတာ။ အဲ့ဒါကြောင့် အဲ့လို တဖက်လည့်လုပ်လိုက်တာ' 'ဟင် . မာမားကလည်း အဲ့လို တဖက်လည့်လုပ်ရအောင်၊ မာမားတို့ အဖိုးတွေက ငတုံးငအတွေလား။' 'ဖိုးဖိုးတို့ကတော့ မတုံးလောက်ပါဘူး။ ဒါပေမဲ့ သူတို့ အာဏာပိုင်တွေက တုံးလို့ နေမှာပေါ့' မာမားကလဲ ဒါလေးကို လူထုနည်းနဲ့ ဆန္ဒပြရင် ဘယ်သူက လုပ်ရဲမှာမို့လို့လဲ။ သာသားတို့ဆို ကျောင်းမှာ အိမ်စာ နှစ်ပုဒ်ပေးလို့ မလုပ်ချင်ရင် တပုဒ်လုပ်ပီး တယောက်ထဲ ထ ဆန္ဒပြတောင် ဆရာမတွေက ခွင့်ပြုသေးတာပဲ' 'အေးကွယ် . မာမားတို့ အဖိုးခေတ်က ခွင့်မပြုလို့နေမှာပေါ့။ မာမားလဲ ဒီအကြောင်းတွေ ပြောသာ ပြောနေရတာ သေချာမသိပါဘူးကွယ်။ မာမား အမေ သားသားအဖွား မသေခင်ပြောသွားတာတုန်းက ခုမာမားတို့ နေနေတဲ့ ကွန်ဒိုမီနီယံအောက်ကဟာ အရင်က ပြည်ရွှေစံတော်နားမှာ ရစ်ခွေသွားတဲ့ ဧရာဝတီလို့ခေါ်တဲ့ မြစ်ကြီးနေရာပဲတဲ့' 'ဟင်.. ဟုတ်လာ'.. 'ဟုတ်တယ် သားသား ဖွားဖွားကြီးက ပြောခဲ့တာ။ ဟိုဘက်ကမ်းကို ကြည့်ပါလား၊ ဘုရားကြီး အကြီးကြီးကို မြင်ရလိမ့်မယ်။ အဲ့ဒါ မာမားအမေက သူ့အဖေ ငယ်ငယ်တုန်းက ဓါတ်ပုံတခုမှာ မြင်ဖူးတယ်လို့ ပြောတယ်။ သူလဲ နောက်တော့ သေချာမသိတော့ပါဘူး' 'ကဲ သားသား အိပ်တော့လေ။ မနက်ဖန် ပါပါး ပြန်လာမှာ။ စောစော ထပီး လေယာဉ်ကွင်းသွားကြိုရဦးမယ်။' 'လူဝင်မှု အရာရှိတွေနဲ့တွေ့ရင် သားသားက ကောင်းကောင်းမပြောရင် သူတို့က သားသားကို ဖမ်းထားဦးမယ်' 'ဟုတ်ကဲ့ပါ မာမား။ သားသားတို့ ပါပါး နိုင်ငံသားကဒ်ကြောင့်နေနေရတာ သိပါတယ်။. သားသားအိပ်တော့မယ်' 'ဂွဒ်နိုက်ခ်'S အပိုင်း ( ၄ ) ကျမလဲ သားသား အိပ်သွားတော့ ကျမတို့ အဖိုးခေတ်အကြောင်းကို တွေးမိနေလေသည်။ ဒီနေရာဟာ ကျမ အဖွားပြောရသလိုဆို ကျမတို့ မြန်မာတွေနေရာပါပဲ။ ခုတော့ ကျမတို့ ကပြားတွေက သားသားအဖေ ကျမယောက်ျား လျောင်ချင်းချို နိုင်ငံသားကဒ်ကြောင့်နေနေရသော နေရာဖြစ်နေပါတယ်။ ကျမတို့ ခိုင်းစေတဲ့ အခိုင်းအစေလေးတွေကတော့ တကယ့်ကို ဖိုးဖိုးတို့ မြန်မာလူမျိုးတွေ ဖြစ်မယ်ထင်ပါတယ်။ အသားက ညိုညို ၊လေးတိလေးကန် ၊ အသိဥာဏ်ထိုင်းထိုင်းနဲ့ လူတွေပါ။ အို ကျမလဲ ဒါတွေ မတွေးချင်တော့ပါဘူး. မနက်ဖန် ယောက်ျား လျောင်ချင်းချို ပြန်လာမှာပဲ စိတ်က တွေးပီး အိပ်ယာဝင်လိုက်ပါတော့တယ်.။ ပြီးပါပြီ။ တကယ်တော့ ဒီဝတ္ထုကို ရေးဖို့ အာရုံရသည်က ညနေက ရုံးအပြန် ၁၅ မိနစ်လောက် လမ်းလျှောက်ရသည့် လမ်းမှာ အာရုံရချင်းဖြစ်ပါသည်။ ဒါပေမဲ့ လမ်းတ၀က်လောက်ရောက်နေတော့ ငါ ပြန်ရေးရင် ကောင်းမလားဟု စိတ်က တထင့်ထင့်ဖြစ်နေပါသည်။ ထမင်းစားပီးလို့ အချိန် ရနေတုန်း ရေးချင်စိတ်ကလဲ အရမ်းဖြစ်လာလို့ သည်တွေးမိတဲ့ ဇာတ်ကွက်လေးကို ဇာတ်လမ်းလေးအသွင် ဖန်တီး ရေးသားလိုက်ပါတယ်။ ဖတ်တဲ့ သူများလဲ ကျနော့် ၀တ္ထုဆိုလိုရင်းကို သဘောပေါက်မိမယ်လို့ ထင်ပါတယ်။ သည်ဝတ္ထုက ဂျော့ခ်ျအော်ဝဲလ်၏ 1984 ၊အက်လဒပ်စ် ဟပ်ကစလေ ၏ Brave New World တို့ နှင့် တူညီခြင်းမရှိနိုင်ပါ။ ကျနော့်၏ ကိုယ်ပိုင် အတွေးအမြင် အရသာ ပေါက်ဖွားမွေးဖွားပေးသော ၀တ္ထုလေးတပုဒ်ဖြစ်ပါသည်။ မိတ်ဆွေများအားလုံး တွေးဆကြပါ။ သမိုင်း၏ လူဆိုး၊ မိမိတို့ မျိုးဆက်များစွာရဲ့ အရေးမပါ အသိဥာဏ်တုံးသော လူများ မဖြစ်ကြပါစေနှင့်။ ဖိုးသူတော် Facebookမှ |
မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်- ရေးသူ-လူထုစိန်ဝင်း Posted: 25 Sep 2011 09:09 AM PDT ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ![]() မန္တလေး နန်းမြို့နှင့် ရေကျူံး သိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက်မ ကြည်မသာလည်း ဖြစ်ရတယ်။ ပွဲသဘင်ပေါတဲ့မြို့မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင် လောက် အောင် ကို အံ့သြမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးကလူတွေကို ကိုယ်တိုင် မေးကြည့်တော့မှ ဟုတ်တယ...်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာ တဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိ ထည့်လေ့ရှိတယ်။ သဘင့်တက္ကသိုလ်ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြားချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။ အနုပညာမြို့တော်ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှ မရှိဘူး။ မန္တလေးက မျက်ပါးရပ်တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။ အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူးမင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော်အဆင့်ကို လျှောကျ သွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိ နေရတာ ကိုပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ် ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။ အမြင်ကျဉ်းတာမဟုတ်ဘူးအမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို ချစ်တာ၊ တွယ်တာ မြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များ အတွက်လည်းရပ်ကွက်တွေ တည် ပေးပြီး ဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာ ဒေါက်တာမတ်ကြီးကို လည်း သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါဆောက်ပေးပြီး စာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင် ကြားစေခဲ့တယ်။ ဆွေလိုမျိုးလိုနေကြမန္တလေးမှာ ရတနာပုံ နေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများ ဟာ ရှေးဟောင်း အစဉ်အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာ ဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။ ဗမာတွေဖြစ်ကုန်ကြအိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။ သူတို့လူများစုဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက် တိုင်း မှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။ ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးကနေပြီး ထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။ ဗမာစာပါ ပျောက်မှာစိုးယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ လူထုစိန်ဝင်း |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
အမေရိကန် ဆရာဝန် ကြီး Dr Gordon Seagrave
Dr Gordon Seagrave
အဲဒီလို တုန်း.. ကိုယ့် ဖေ့စ်ဘွတ် ထဲ မှာ ရှိနေတဲ့.. အနုပညာသည် ဆရာဝန် တယောက် ရဲ့.. စာမျက်နှာ နံရံ မှာ..
-
လီဒို လမ်းမကြီး စ ဖောက် ခဲ့ တဲ့..၁၉၄၂ က နေပြီး.. ၁၉၄၃ မှာ ပြီးဆုံး သွား တဲ့ အထိ.. လမ်းဖောက် လုပ် ရ တဲ့.. တရုတ် စစ်သား တွေ ..ဒေသခံ တွေ ကို.. ၀ါးလုံးတိုင်ထူပြီး..လေထီပိုးစ မိုး ထား တဲ့..တောတွင်း ကုသဆောင် တွေ မှာ.. မနားတမ်း ကုသ ပေး ခဲ့ ရ သည်။
လွတ်လပ်ရေး ရ ပြီးတော့ လည်း .... ပြည်တွင်း မညိမ် မသက် မူ တွေ က .. ကပ် ပါ လာသည် မဟုတ်လား.. ။ အဲဒီ ဒေသ မှာ..ကချင် လူမျိုး တွေ က..စ ပြီး လက်နက် ကိုင် ခဲ့ တယ်။ နောက်တော့.... တရုတ်ဖြူ ကျူးကျော်မူ ကြီး ဖြစ်လာတယ်။ ရှမ်းဒေသ မှာ.. ပြည်မ စစ်တပ် တွေ ပိုပြီး ၀င်ရောက် လာရတယ်။ အဲဒီလို နဲ့.. ရှမ်းလူမျိုး တွေ လည်း နောက်ဆုံး မှာ လက်နက် ကိုင် လာ ကြ တော့ တယ်။ အဲဒီ လောက် တိုတောင်း တဲ့..နှစ်ပိုင်း လေး တွေ မှာ.. ဗမာ ပြည် ကြီး ရဲ့ အခြေအနေ တွေ မြန်မြန် ဆန်ဆန်..ဖြစ်ပျက် ပြောင်းလဲ နေတာ ဟာ.. တကယ်တော့..အခုနေ တွေးကြည့်ရင်..မယုံ နိုင် စရာ ပါပဲ..။
သူ့ အသံ နဲ့ သူ့ဟန် ပန် ကို.. ကံအားလျော် စွာ.. အခု လို သက်ဝင် လှုပ်ရှား မြင်တွေ့ ရ တော့..သူ့ လုပ်ရပ် စိတ်နေ သဘော ထား ကို..ပိုလို့ပင် ကြည်လင် ပြတ်သား စွာ နားလည် မိ ရ လေ သည်။
-
-
-
charge No. 2, that he had written a letter to facilitate the rebels' arrest of a government commissioner—(guilty)
ဆရာဝန် တယောက် ..လူနာကို မြင်တဲ့ အခါ..ဆင်းရဲသား လား.. လူချမ်းသာလား..ရန်သူ လား..မိတ်ဆွေလား.. ကျုးကျော်သူလား..မဟာမိတ် လား ဆိုတာ..အရင် ခွဲ ခြား ပြီးမှ ကုသ ရ မတဲ့ လား။
-
Dr Seagrave Goes to Jail, LIFE, 12 February 1951 , p.45
Trail of Burma Surgeon, LIEF, 27 November 1950 , p.39
Burma: Sea of Troubles, TIME, 29 January 1951.
J.Butler, American Medical Center for Burma Records, Wastionton DC, 2010.
http://kthwe.blogspot.com/