အကယ်၍
အကယ်၍ မင်းအသိုင်းအဝိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ 
ဝိုင်းဝန်းပြစ်တင်လာကြတဲ့ အခါ
မင်းဟာခေါင်းအေးအေးနဲ့ 
ရင်ဆိုင်နိုင်မယ်ဆိုရင်။
အကယ်၍ အားလုံးကမင်းကို
မယုံသင်္ကာဖြစ်လာတဲ့ အခါ
သူတို့ ကိုနားလည်စွာခွင့်လွှတ်ရင်းနဲ့ 
မင်းကိုယ်မင်းယုံကြည်မှု့ 
အပြည့် အဝရှိမယ်ဆိုရင်။
အကယ်၍ မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့် စားပြောင်းလဲပြီး
မုသားအဖြစ်
ထောင်ချောက်ဆင်ညစ်တဲ့ အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ 
နာကြားနိုင်မယ်ဆိုရင်၊
ဒါမှမဟုတ်
မင်းဘဝတခုလုံးပေးပြီး
အရိပ်တကြည့် ကြည့် နဲ့ 
ဖြည့် ဆည်းခဲ့ ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးနောက်
အင်မတန်သေးငယ်လှတဲ့ 
တန်ဆာပလာအရာရာကို
ပြန်လည်တည်ဆောက်
နိုင်မယ်ဆိုရင်။
အကယ်၍ မင်းနိုင်ခဲ့ သမျှတွေဟာ
ကြွေတလှည့် ကြက်တခုံပမာ
တလှည့် တခါတည်းနဲ့ 
ဆုံးရှုံးသွားခဲ့ ရင်
ပြီးတော့အစကနေ
ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ 
ဘယ်သောအခါမှ
ညဉ်းငြူမနေဘူးဆိုရင်။
အကယ်၍
သူများတွေ လုပ်ပြီးသွားကြလို့ 
အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့ အခါ
မင်းတယောက်တည်းနဲ့ ဘဲ
အားနဲ့ မာန်နဲ့ ဇွဲနဲ့ 
သတ္တိရှိရှိ ဆက်ကြိုးစား
နိုင်မယ်ဆိုရင်
ဒီလိုနဲ့ ဘဲမင်းမှာ
စိတ်အင်အားကလွဲ လို့ 
ဘာဆိုဘာမှမရှိတော့တဲ့ အခါ
အဲဒီစိတ်အင်အားကို
ခိုင်မာစွာနဲ့ ဘဲ
ဆက်လက်ဆုတ်ကိုင်
ထားနိုင်မယ်ဆိုရင်။
အကယ်၍
စောင့်သင့် တဲ့ အချိန်ကို
စောင့်နိုင်ပြီး
အဲဒီအတွက်လည်း
မမောမပန်းနေနိုင်မယ်ဆိုရင်၊
ဒါမှမဟုတ်
မင်းရဲ့ အကြောင်း
မဟုတ်မတရား
မုသားစကားတွေ
ကြားရတဲ့ အခါ
မင်းကလဲ အလိမ်အညာတွေနဲ့ 
မတုန့် ပြန်ဘူးဆိုရင်၊
ဒါမှမဟုတ် မင်းကို လူတကာက
ဝိုင်းဝန်းမုန်းတည်းတဲ့ အခါ
မင်းဟာအမုန်းတွေနဲ့ 
ပြန်မပွါးဘူးဆိုရင်
ပြီးတော့မင်းကိုယ်မင်း
လူတော်တယောက်လို့ 
မမြင်ဘဲ
ပညာရှိစကားတွေလဲ
မပြောဘူးဆိုရင်။
အကယ်၍
စိတ်ကူးယဉ်အိမ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်
ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ
မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်။
အကယ်၍
အောင်မြင်မှု့ သုခနဲ့ 
ဆုံးရှူံးမှု့ ဒုက္ခတွေကို
ကြုံတွေ့ ရတဲ့ အခါ
တူညီသောလောကဓံ
တရားတွေပါလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်။
အကယ်၍
လူတွေနဲ့ ထိတွေ့ ပြောဆို
ဆက်ဆံလာရတဲ့ အခါ
ကိုယ်ကျင့်သိက္ခာကို
စောင့်ထိန်းနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ 
အတူလမ်းလျှောက်နေရပေမဲ့ 
မာန်မာန သွေးမကြွဘူးဆိုရင်။
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီးနာကျည်းအောင်
မလုပ်နိုင်စေရင်။
အကယ်၍
လူတိုင်းကိုတန်ဘိုးထား
လေးစားရပေမဲ့ 
စွဲလန်းမှု့ သံဃောဇဉ်တွေ
ထားမနေဘူးဆိုရင်။
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ 
တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ 
စက္ကန့်် ၆၀အဖြစ်
အသုံးပြုနိုင်မယ်ဆိုရင်
ငါ့ သားရေ မင်းဟာ
အရာရာရှိတဲ့ အရာရာဖြစ်တဲ့ 
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့ 
အရာရာဘာမဆို
မင်းစွမ်းနိုင်ပြီပေါ့ 
အဲဒီတော့မင်းဟာလည်း
ယောင်္ကျားကောင်းတယောက်ပေါ့ ။
(၁၉၉၀ ခုနှစ် NLD လူငယ်များစည်ရုံးရေးဆင်းရန် လမ်းညွှန်ချက်ပေးသောအခါ ဒေါ်အောင်ဆန်းစုကြည်
ဖတ်ကြားခဲ့ သောကဗျာ)
No comments:
Post a Comment