ဦးမောင်ဦး အပေါ် ရခိုင်ပါတီအမြင်
နယူးဒေလီ (မဇ္စျိမ) ။ ။ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ကြံ့ခိုင်ရေးပါတီ၏ စည်းရုံးရေး ခရီးစဉ်အဖြစ် မေလ ဒုတိယပတ် အတွင်းက ရခိုင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။ ခရီးစဉ်အတွင်း ဦးမောင်ဦး၏ ပြုမူဆောင်ရွက်မှုများ မောက်မာရိုင်းစိုင်းသည်ဟု နာမည်ဆိုး ထွက်ရှိလာခဲ့သည်။
ဦးမောင်ဦး၏ ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်များအတွင်း ပြောဆိုသွားမှုများ အပေါ် သုံးသပ်ချက်၊ တချိန်က ရခိုင်ပြည်နယ် တိုင်းမှူးဖြစ်ခဲ့စဉ်က ဦးမောင်ဦး၏ ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်ခဲ့မှုများ၊ ဦးမောင်ဦး အပေါ် ရခိုင်လူထု၏ အမြင်၊ ဦးမောင်ဦးအပေါ် RNDP ၏ မှတ်ချက်များ စသည်တို့ကို မဇ္ဈိမက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောကို ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။
ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးမောင်ဦး ရခိုင်ကိုရောက်လာတုန်းက သူလုပ်သွားခဲ့တာတွေ၊ ပြောသွားခဲ့ တာတွေနဲ့ ပတ်သတ်ပြီးတော့ ရခိုင်ပြည်သူတွေက တော်တော် မကျေမနပ် ဖြစ်ကြတယ်လို့ သိရပါတယ် ခင်ဗျာ့။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ဆရာတို့ပါတီ အနေနဲ့ကရော ဘယ်လို အမြင်တွေ ရှိပါသလဲခင်ဗျာ့။ |

RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစော (ဓါတ်ပုံ မဇ္ဈိမ)
ပေါ့ဗျာ။ မှန်ပါတယ်။ နောက်ကျနော်တို့ ပါတီအပေါ်မှာလဲ
အဲဒီလို ခြိမ်းခြောက်တာတွေပေါ့ဗျာ။ တော်တော်ကို ဆိုးဆိုးရွားရွားပါ။ ရွေးကောက်ပွဲ ကာလတုန်းက ရခိုင်ပြည်မှာ ကြံ့ခိုင်ရေးတာဝန်ခံ ဖြစ်ခဲ့တာက ဗိုလ်ချုပ်ဦးသိန်းဖေ ခင်ဗျာ့။ ကျနော့်အထင်ကတော့ အဲဒီ ဦးသိန်းဖေဟာ ပျော့ပျောင်းတယ်၊ သဘောထား
ပျော့ပျောင်းတဲ့ အတွက် ရခိုင် RNDP က နိုင်သွားတာ ဆိုပြီးတော့။ အဲဒါကြောင့် အဲဒီနေရာမှာ ဦးမောင်ဦးကို အစားထိုးလိုက်တယ်ပေါ့ဗျာ။ သူက နည်းနည်း ခပ်ကြမ်းကြမ်း လူမိုက်ဆိုတော့ သူ့ကို အစားထိုးတာပေါ့”
သူကဘာကြောင့် အဲဒီလိုမျိုး လုပ်ရတာလဲ။ ရခိုင်ပြည်သူလူထုကို တမင်သက်သက် ရည်ရွယ်ပြီး ပြောတာလား။ သူတို့ရဲ့ကြံ့ခိုင်ရေးပါတီ ရှုံးရတဲ့အတွက် မကျေနပ်လို့ ပြောတာလား။ |
“ကျနော်တို့ ယူဆတာက ရွေးကောက်ပွဲက ပြီးသွားပြီ။ ကျနော်တို့ ရခိုင်မှာ ပြည်ခိုင်ဖြိုးပါတီက ရှုံးတယ်။ ဒါအမှန်တရားပဲ။ ဒါလူထုမထောက်ခံလို့ အဲဒီလိုရှုံးတာ။ ဒါကို လက်ခံရမှာပေါ့။ အဲဒါကို သူတို့က မကျေနပ်ဘူး
ဆိုတဲ့ သဘောမျိုးနဲ့ အဲဒီခပ်ကြမ်းကြမ်း လူမိုက်တယောက်ကို လွှတ်လိုက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ချလိုက်တဲ့ သဘောထားလားပေါ့ဗျာ။ ဒီဒေသကို ခပ်ကြမ်းကြမ်းကိုင်မှ ရမယ်ဆိုပြီး လွှတ်လိုက်တဲ့ သဘောထားလားတော့ မသိဘူး။ ပြည်ခိုင်ဖြိုးပါတီရဲ့ သူတို့ရှုံးတဲ့ ဒေသတခုကို အဲဒီလို လူမိုက်တယောက်ကို လွှတ်လိုက်တာဟာ ပြည်ခိုင်ဖြိုးပါတီက တော်တော်ဆိုးရွားတဲ့ အမှားတခုကို ကျူးလွန်တာပဲ။ ဒါမျိုးက ဘယ်လို ဖြစ်မလဲ။ ဘာလို့လဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပါတီကဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲမှာ ကျနော်တို့ပါတီထဲက လူတွေလဲပါနေတာပဲ။ အဲဒီတော့ ဒီမှာ သမ္မတဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ကလဲ ပါတီစွဲတွေကို ဖျောက်ပါ။ တိုင်းပြည်ကို အတူတူပူးတွဲ တည်ဆောက်ရအောင်လို့ ပြောတဲ့အတွက် ကျနော်တို့လဲ ဒီအထဲမှာ သဘောထားကြီးကြီးထားပြီး မျှော်လင့်လို့ ပါနေတာပဲ။ အဲဒီလိုလာပြီး လူမိုက်တယောက်ကို လွှတ်ပြီးတော့ဗျာ ပါတီကို ခြိမ်းလိုက်၊ လူထုကို ခြိမ်းလိုက် လုပ်တာမျိုးဆိုရင်တော့ ဒါဟာ ပါတီမှာ တာဝန်ရှိတာပေါ့။ အပြန်အလှန် သုံးသပ်ရမှာပေါ့”
ကျနော်တို့ကြားသိရသလို ရခိုင်ပြည်ကို ဦးမောင်ဦးကပဲ ထိန်းနိုင်တယ်ပေါ့၊ သူကကြမ်းတယ်။ အရင်တိုင်းမှူး လုပ်တုန်းကလဲ သူပဲရခိုင်တွေကို နိုင်ခဲ့တယ်၊ သူပဲ ထိန်းနိုင်တယ်ပေါ့။ အဲဒီလို သဘောထားမျိုးတွေကိုကော ဆရာ ဘယ်လိုသုံးသပ်လဲ။ |
“အဲဒီလို သဘောထားမျိုးနဲ့ လာတာလဲ ဖြစ်နိုင်တာပေါ့။ သူတို့မှာက အယူအဆ အပြောင်းအလဲက သိပ်မတွေ့ရဘူး။ ဒါပေမဲ့ ကျနော်တို့က ဗမာပြည်မှာ အလှည့်အပြောင်းတခု ဖြစ်သွားပြီ။ ပြောချင် တိုင်းပြောလို့၊ ဟောက်ချင်တိုင်း
ဟောက်လို့၊ မောက်မာချင်တိုင်း မောက်မာလို့ကတော့ လူထုက ငုံ့ခံမယ့် အနေအထားတော့ မရှိတော့ဘူး။ အခုကတော့ နည်းနည်းမော့ လာပြီပေါ့ဗျာ။ မော့ကြည့်ရဲလာပြီ၊ မော်ပြောရဲ လာပြီ အနေအထား တခုကို ရောက်လာ
ပြီပေါ့ဗျာ။ အရင်တုန်းက ဆိုရင်တော့ ငုံ့ခံပြီး ဝပ်နေကြမှာပေါ့။ အခုက အဲဒီ မဟုတ်ဘူး။ မီဒီယာ ပွင့်လင်းမှု ရှိလာတယ်။ ကျနော်တို့ သက်ဆိုင်ရာကို တိုင်ထားတယ်။ ဦးရွှေမန်းဆီကို ကျနော်တို့စာ တင်ထားတာ ရှိတယ်။ ဦးသိန်းစိန်ဆီလဲ စာတင်ထားတာ ရှိတယ်။ ဒီလိုမောက်မာရိုင်းစိုင်းတဲ့ သူတွေကို ထားတာက တကယ့် ဒီမိုကရေစီ ကူးပြောင်းခြင်းမှာ မသင့်တော်ဘူးဆိုတဲ့ အကြောင်းပေါ့။ အဲဒီတော့ အရင်တုန်းကလို မောက်မာချင်တိုင်း မောက်မာလို့ ဘယ်ရမလဲ။ သူတို့တွေရဲ့ မိုက်ချက်တွေကိုပြောင်း ပေးရမှာပေါ့။ မပြောင်းရင် ဒီလူတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းထဲမှာ မရှိသင့်တဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီလိုလူမျိုးတွေကို ပါတီထဲမှာ လက်ခံထားတာကိုက တော်တော့ကို စဉ်းစားစရာ ကောင်းတယ်”
ဦးမောင်ဦးရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ ဆရာတို့ အနေနဲ့ တင်ပြ၊ တိုင်ကြားခဲ့တာတွေကို နည်းနည်း ထပ်ဖြည့်ပြောပေးပါ။ |
“ကျနော်တို့ ပါတီကတော့ သက်ဆိုင်ရာတွေကို တင်ပြထားပါတယ်။ သူနဲ့ပတ်သတ်ပြီးတော့ ပြန်လည် စိစစ်ပေးဖို့ ကျနော်တို့ကတော့ ဥပဒေကြောင်းအရပဲ လက်ခံတာပေါ့ဗျာ အဲဒီလိုတင်ပြပါတယ်၊ နေပြည်တော်မှာရှိတဲ့ သက်ဆိုင်ရာတွေကို ပေါ့ဗျာ”
ဦးမောင်ဦး ပေါက်တောမြို့မှာ ပြောသွားခဲ့တဲ့ အရာရာကို ဥပဒေအတိုင်း လုပ်လို့ မရဘူးဆိုတဲ့ စကားအပေါ်မှာကော ဆရာတို့ အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။ |
“ဟုတ်တယ်။ သူပြောသွားခဲ့တဲ့ အထဲမှာ ပါတယ်။ ဦးရွှေမန်းကတော့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူး ဆိုပြီးပြောတယ်။ အခု ဦးမောင်ဦးက တမျိုးပြောတယ်။ အဲဒါတွေက ကွဲလွဲနေတာပေါ့။ နောက်တခုက ကျနော်တို့ကို ဒီမှာ တိုင်းရင်းသား ချစ်ကြည်ရေးလို့ ပြောနေတယ်။ အဲဒီမှာကျတော့ ဦးမောင်ဦးက ချင်းတွေက စာမတတ်ဘူး၊ ချင်းတွေက ဝန်ကြီးနေရာနဲ့ မတန်ဘူးဆိုပြီးတော့ ပြောတာတွေလဲ ပါသေးတယ်။ အင်မတန် ရိုင်းစိုင်းတာပဲ။ ဒါပြည်ထောင်စုစိတ်ဓာတ်လို့ ဘယ်လိုခေါ်မလဲ”
ဦးမောင်ဦးလာတယ်၊ ဓားကြိမ်း ကြိမ်းတယ်။ ဒါတွေဟာ ရခိုင်အမတ်သုံးယောက် အမှု ရှုံးသွားတာ နဲ့များ ဆက်စပ်နေမလား။ |
“အသေအချာ စဉ်းစားရင်တော့ ဆက်စပ်ကောင်း ဆက်စပ်နိုင်တယ်ဗျာ့။ ကျနော်တို့ ရခိုင်အမတ်တွေကလဲ တကယ် လူထုထောက်ခံမှုနဲ့ မဲအပြတ်နဲ့ကို နိုင်တာ။ ဒါပေမဲ့ တကယ့် ဆုံးဖြတ်လိုက်တဲ့ အခါ ရွေးကောက်ပွဲ ကော်မရှင်က
နေပြီးတော့ ကျနော်တို့ ရခိုင်အမတ်တွေကို အရှုံးပေးလိုက်တယ်။ အဲဒါကတော့ ကျနော်တို့ပါတီအပေါ်မှာ ဖိအားတွေ ဝင်တယ်ပေါ့ဗျာ။ အဲဒါ ဦးမောင်ဦး ပြောတာနဲ့ အမတ်တွေရှုံးတာနဲ့ တထပ်တည်း ဖြစ်ကောင်းလဲ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်မယ်ဆိုရင်တော့ ဒါဟာ အင်မတန် စိတ်ပျက်ဝမ်းနည်းစရာ ကောင်းတာပဲဗျာ့”
ကြံ့ခိုင်ရေးပါတီထဲမှာ ဦးမောင်ဦးလိုမျိုး သဘောထားရှိတဲ့ သူတွေကော နောက်ထပ် ရှိသေးလား ခင်ဗျာ့။ |
“အမတ်ထဲမှာတော့ တယောက်ရှိတယ်ဗျာ့။ ဦးမောင်ဦး ခရီးထွက်တဲ့အချိန်က ဦးမောင်ဦးနောက်လိုက်ပြီး ဦးမောင်ဦး
လို ကြိမ်းသွားတာ။ သူက ရခိုင် ပြည်နယ်ထဲက ဝန်ကြီးတပါးပေါ့။ သူက ဂွက အမတ် အခုတော့ ဝန်ကြီး။ သူလဲ ဦးမောင်ဦးလို ကြိမ်းသွားတာတွေ ရှိတယ်။ နယ်တွေမှာ”
ကျောက်ဖြူဘက်မှာ ဦးမောင်ဦး တိုင်းမှူးလုပ်ခဲ့တဲ့ အချိန်တုန်းက ရောင်းစားခဲ့တဲ့ သမဝါယမပိုင် မြေကွက်တွေ အရေးနဲ့ ပတ်သတ်ပြီးတော့ ကျေးရွာသားတွေက အထက်ကို တိုင်မယ်လို့ ကြားရပါတယ် ခင်ဗျာ့။ အဲဒါနဲ့ပတ်သတ် ပြီးတော့ကော ဆရာတို့ သိထားတာတွေ ရှိပါသလား ခင်ဗျာ့။ |
“ဟုတ်ကဲ့သိပါတယ်။ အဲဒါ ကျောက်ဖြူ ဂုံးချိန် ဘက်မှာပါ။ သူတိုင်းမှူးလုပ်တုန်းက ဗိုလ်ကျပြီးယူခဲ့တဲ့ မြေကွက်တွေ
ပေါ့ဗျာ။ အခု တပ်ကလူတွေကို စောင့်ခိုင်းထားတယ်ပေါ့။ ကျေးရွာသားတွေက သူတို့အသိနဲ့သူတို့ စုစည်းပြီး
တော့ ပြန်လည်တောင်းဆိုဖို့ တရားစွဲဆိုဖို့ ကြိုးစားနေတယ်လို့တော့ သိရပါတယ်ခင်ဗျာ့။ အရင်တုန်းကလို တိုင်းမှူးခေတ် မဟုတ်တော့ဘူးဆိုတော့ တစုံတရာ အပြောင်းအလဲ တခုလုပ်ခဲ့ပြီဆိုတော့ လူထုကလဲ
နိုးကြားလာခဲ့ကြပါပြီ။ ငါတိုင်းမှူး၊ လုပ်ချင်သလို လုပ်လို့ ရတယ်ဆိုတဲ့ ခေတ်မဟုတ်တော့ဘူးပေါ့ဗျာ”
နောက်ဆုံးတခုအနေနဲ့ ရခိုင်ပြည်ကို ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူး တယောက် အနေနဲ့ ရောက်လာခဲ့တဲ့ ဦးမောင်ဦးဟာ ပြောချင်ရာပြော၊ သူလုပ်ချင်သလို လုပ်သွားနိုင်တာက ဘာကြောင့်လို့ ထင်ပါသလဲဆရာ။ သူ့ရဲ့ ရခိုင်ပြည် စည်းရုံးရေးကကော အောင်မြင်တယ်လို့ ပြောနိုင်မလား။ |
“အဲဒါကတော့ ကျနော်တို့အနေနဲ့ မပြောတတ်ဘူးဗျာ။ ကျနော်တို့ ရခိုင်ဘက်က လူတွေကတော့ ပြောပါတယ်။ ဦးမောင်ဦးကို အဲဒီလိုလွှတ်လိုက်တာ ကြံ့ခိုင်ရေးပါတီ အနေနဲ့ စည်းရုံးရေးအရ အများကြီး ဆုံးရှုံးတယ်။ ရခိုင်ပါတီ RNDP က ပိုတောင် မြတ်သေးတယ်လို့ ပြောတဲ့လူတွေ ရှိပါတယ်။ အဲဒါ ကျနော်တို့လဲ မစဉ်းစားမိဘူး။ စည်းရုံးရေးဆိုတာက အမှန်မှာ အင်မတန်ပျော့ပြောင်းတဲ့ သူတဦးကို လွှတ်ရမှာ အခုတော့ ဒီလိုလူမျိုးကိုလွှတ် လိုက်တော့ ကြံ့ခိုင်ရေးပါတီက လူထုကို ဘယ်စည်းရုံးလို့ ရတော့မလဲ။ ကျနော်တို့ ရခိုင်တွေကတော့ ပျော်ပါသေး တယ်။ ဦးမောင်ဦးလို လူတဦး ရောက်လာတာ ရခိုင်ပါတီအတွက် ကောင်းပါတယ်တဲ့။ ဘာမှမလုပ်ဘဲ ထိုင်နေရင်
တောင် ရခိုင်ပါတီက ကိုယ်နဲ့ ပြိုင်ဘက်ကို လူတွေမုန်းသွားမယ်ပေါ့ဗျာ”
No comments:
Post a Comment