Tuesday 26 July 2011


Link to Human Rights Myanmar

Posted: 22 Jul 2011 08:30 PM PDT
နိုင်ငံရေးသိပ္ပံသင်တန်းဖွင့်​ပွဲအခမ်းအနားကို ဒီနေ့ဇူလိုင်လ(၂၂)ရက် နံနက်(၈)နာရီခွဲက ဌါနချုပ် ဗဟိုအစည်းအဝေးခမ်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနား သဘာပတိအဖြစ် ဒုတိယဥက္ကဌဦးတင်ဦးကဆောင်ရွ​က်ပြီး၊ အခမ်းအနားမှူးအဖြစ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မအေးအေးငြိမ်း ကဆောင်ရွက်ပါတ​ယ်။

ပြည်နယ်တိုင်းအသီးသီးက သင်တန်းသားတွေ၊ မိတ်ဖက်နိုင်ငံရေး ပါတီများက သင်တန်းသားတွေ၊ ဗေဒါအခမဲ့ပညာဒါနကျောင်းက သင်တန်းသားတွေ၊ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းအဖွဲ့​တွေက သင်တန်းသားတွေ စုစုပေါင်း(၇၈)ဦး သင်တန်းကို တက်ရောက်ပါတယ်။

သင်တန်းကို တောင်ကိုးရီးယားနိုင်ငံက နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်ကြတဲ့ ဒေါက်တာဘရန်ဒန်ဟိုဝဲလ်နဲ့ ဒါက်တာမက်သီရပ်စ်မားစ်တို့က​ ပို့ချပေးကြပါတယ်။ သင်တန်းကာလက ဇူလိုင်(၂၂)ရက်မှ ဇူလိုင်(၂၈)ရက်နေ့ အထိဖြစ်ပြီး ပို့ချမယ့် ဘာသာရပ်တွေကတော့ လူသားမျိုးနွယ် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းပညာနှင့် နိုင်ငံတကာဆက်ဆံရေး နိဒါန်းတို့ဖြစ်ကြပါတယ်။

National League for Democracy (NLD Facebook Albums) မှ ပြန်လည်မျှဝေသည်။








You are subscribed to email updates from Human Rights Myanmar
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment