Friday 1 July 2011



ငါတို. ခြေတွေလက်တွေပေးတာ တိုင်းပြည်အတွက်တကယ်ကောဟုတ်ရဲ.လားဆိုတာတပ်မတော်သားများစဉ်းစားစေလို

Posted: 28 Jun 2011 09:44 AM PDT


Photo..jinghpawkasa.blogspot.com
ပြည်တွင်းစစ်ကျနော် လေ့လာရသလောက်ကတော့ အခုလဲ ဖြစ် နောက်သိပ်မကြာခင်ဒီထက်ကြီးတဲ့ ပြည်တွင်းစစ်ဖြစ်မယ့်သဘောရှိတယ်..ဟို လွတ်လပ်ရေးရကာစက မြန်မာစစ်တပ်ဆိုတာ ပြောရရင် ပြည်သူလူထု အများစုရဲ. ထောက်ခံမှုအပြည့်ရတယ်..

သူပုန်တွေကြည့်လိုက်ရင်ကွန်မြူနစ်နဲ. လူမျိုးရေးဦးတည်ချက်တွေဖြစ်နေတယ်.. ဒါကြောင့် ဘယ်လောက်သူပုန်တွေအင်အားတောင့်တောင့် တွန်းလှန်နိုင်ခဲ့တယ်အခုဟာက အဲ့လို မဟုတ်တော့ဘူး ..သူပုန်အားလုံးကိုက တော်တော်လေး ပေါင်းမိနေပြီး အဓိကကလဲ လူမျိုးရေးဆိုတာထက် နိုင်ငံရေးဦးတည်ချက်ကို အဓိကထားလာတယ်.. နောက် မြန်မာလူမျိုး ဖြစ်တဲ့အမေစုကိုလဲ အားလုံးကလက်ခံထားပြီးသား သူတို.ဒေသက ပြည်သူတွေသာမက အတွင်းထဲက ပြည်သူတွေကပါ ထောက်ခံလာကြတယ်...

တပ်ကိုကြည့်လိုက်ရင် တကယ်တော့ တပ်ရင်းတစ်ရင်း ရှစ်ရာဆိုတာ အင်္ဂလိပ်ခေတ်က ပုံပါ ရောင်စုံသူပုန်နဲ. ရင်ဆိုင်ရတာကော နဲ. တပ်တွေခွဲထုတ်တာနဲ. မဆလခေတ်ရောက်လာတော့ ၆၀ဝ လောက်ပဲ များတယ် နောက်လေးရာဖြစ်လာတယ် ....

နဝတခေတ်နောက်ပိုင်းမှာ လေးရာထက်နည်းလာတယ် ကြားတယ် အခုနောက်ဆုံးသတင်းအရ အတောင့်ဆုံးတပ်ရင်းတွေတောင် နှစ်ရာတဲ့ နောက် ကလေးစစ်သားက အများသား ဗိုလ်တွေကလဲ စစ်မဖြစ်တဲ့ အချိန်အတွင်းမှာ ပြစ်မှုမရှိဘာညာနဲ. တိုက်ပွဲမရှိပဲ ရာထူးတက်လာတာ မေဂျာလောက်အထိက သူတို.တွေဖြစ်နေပြီ နောက် မီဒီယာကောင်းတော့ အမြင်ကျယ်တဲ့သူက ပိုကျယ်လာတယ်...နောက် စက်တင်ဘာအရေးအခင်းက တကယ့်ကို အပြောင်းအလဲဖြစ်စေတယ်...

ဒါပေမယ့် အထူး သဖြင့် မြန်မာစစ်တပ်မှာ အထက်က တိုက်ဆိုရင် တိုက်ဆိုတော့လဲ တိုက်ရဦးမှာပဲ ဟိုဘက်က လဲ ထိပ်တိုက်မတွေ.ပဲ ပျောက်ကျားစနစ်ဆိုတာ ကျေညာထားပြီးပြီ.. ကြားရတာတချို.ဆို ပစ်တာတောင် ပွိုင်ဖိုက်ကို မှန်ပြောင်းတပ်ပြီး ပစ်တာ ခေါင်းတွေပြုတ်ထွက်တဲ့သူက ပြုတ်ထွက်ကုန်တယ်ဆိုပဲ သေသွားတော့ လူပျိုက ပြသနာမှရှိဘူး ..အခုလို ခေတ်ပျက်ကြီး ဇနီးမယားငယ်ငယ် သမီးပျိုငယ်ငယ်ထားခဲ့ရတဲ့ သူတွေအဖို.က သေဖို. ဖြောင့်မှာ မဟုတ်ဘူး ..ခြေပြတ်လက်ပြတ်တွေကလဲ ပေါဦးမယ်.. လူကငယ်ငယ်လေး တချို.ဆိုကြားရတာ ပေါင်နှစ်ဖက်လုံးပြတ်သွား လူကတော့ အရာရှိပေါက်စ အသက်က ငယ်ငယ် လာကြည့်တဲ့သူကမရှိသလောက် ဘယ်သူမှလဲ ဒီလို ဒုက္ခိတကို အရေးတယူနဲ. မလုပ်ချင်ဘူးလေ ...သူ.ခမျာ အမှန်တရားတွေပိုသိလာတဲ့အချိန်မှာ ဘယ်လောက်ရင်နာဦးမလဲ...

ငါတို. ခြေတွေလက်တွေပေးတာ တိုင်းပြည်အတွက်တကယ်ကောဟုတ်ရဲ.လားဆိုတာ တကယ်ကို ထိုက်ထိုက်တန်တန်ပေးရတာမျိုးဆိုရင် အသက်ပေးတာတောင် ဘာခံစားချက်မှ မရရင်နေ နေပျော်တယ်ဆိုတဲ့သူတွေက တပ်ထဲမှာ အများကြီးပါ အခုဟာကတော့ခေတ်ပြောင်းလာလာ မလာလာ ဒီဒုက္ခိတတွေက ကျနော်တို. ပြည်သူတွေရဲ. တာဝန်ပါပဲ သူတို.ဟာ ကျနော်တို.လူမျိုးတွေညီအစ်ကိုတွေပါပဲ ဒါပေမယ့် အဲ့လို လူတွေကို မြင် ခြေလက်ကောင်းအောင်လဲ ကိုယ်တွေက ပြန်မလုပ်ပေးနိုင် ထိထိ ရောက်ရောက်လဲ မကူနိုင်တော့ ကျနော်တို. ပြည်သူတွေတော်တော်လေး စိတ်မကောင်းခံစားရဦးမှာပါပဲ ..တိုင်းပြည်ရဲ. တွန်းအားဖြစ်တဲ့ လူငယ်လေးတွေ က တွန်းအားမဖြစ်ပဲ တိုင်းပြည်ရဲ. ဝန်ထုပ်ဝန်ပိုးတွေပဲ ထပ်ဖြစ်လာတာ မြင်ရတာလဲ တကယ်ကို စိတ်မကောင်းစရာပါပဲဗျာ..ဟိုဘက် အတိုက်အခံဘက်ကိုလဲ ဒီလို မျိုးမဖြစ်စေချင်ပါဘူးဗျာ... ကျနော်တို.က တစ်နိုင်ငံတည်းနေနေကြတာပါ တစ်ယောက်စကား. တစ်ယောက် နားမလည်တောင် မြန်မာစကားပြောပြီး ဆွေးနွေးလို.ရပါတယ်ဗျာ..

တိုင်းပြည်တစ်ခုမှာ စစ်တပ်တစ်ခုတည်းပဲ ရှိရမယ်ဆိုတာ ကျနော် အပြည့်အဝထောက်ခံပါတယ်
ဒါပေမယ့် အဲ့ဒီစစ်တပ်က ပြည်သူသာ အမိ ပြည်သူသာ အဖခေါ်မယ့် တပ်ပဲ ဖြစ်ရပါမယ် မဟုတ်ရင်တော့ တခြားစစ်တပ်တွေရှိလာမှာ မလွဲပါ....

အချုပ်ဆိုရသော် ပြည်တွင်းစစ်ကော ပြည်ပစစ်ကော မလိုလားပါဘူး

အဓိက ပြသနာက လက်ရှိမြန်မာအစိုးရပါ..ဟိုဘက်က ထောက်ခံပြီးသားမြန်မာလူမျိုးခေါင်းဆောင်ဖြစ်တဲ့ အမေစုဆိုတာလဲ ရှိနေပြီ ဆိုတော့ကာ သူကို.ဦးဆောင်စေပြီး ဒီပြသနာကို အမြန်ဆုံးရှင်းစေချင်ပါတယ်ဗျာ...
ဒါမျိုးဖြစ်စေဖို.က တပ်က ညီအစ်ကိုတွေကို ပြောချင်တာ အားလုံးညီညီညွှတ်ညွှတ်နဲ. ဆိုင်ရာအထက်ကို စာရေးလက်မှတ်ထိုးပြီး တောင်းဆိုသင့်ပါတယ်... ဒါဟာ စစ်မတိုက်ရဲ လို. သတ္တိမရှိဘူးလို. ပြောမရပါဘူး ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တာကို တိုင်းပြည်အတွက် အသက်တောင်ပေးထားတဲ့တပ်မတော်သားတွေအနေနဲ. လုပ်သင့်တဲ့ကိစ္စလို. ထင်လို.ပါ ..ခက်ခဲမယ်ဆိုတာ နားလည်ပါတယ် အခုအချိန်မှာ တပ်မတော်သား အများစုကသာ အဓိကပါ ဒီအရေးအခင်းနဲ.ပတ်သက်ရင်။
ဒီသူပုန်ကို နှိမ်နင်းဖို.ဆိုတာ ကွန်မြူနစ်ကြီးဆီက ချေးငွေသာရချင်ရပါ့မယ် တရုတ်စစ်သားတွေတော့ ချေးမရပါဘူး အဓိက တပ်မတော်သားများပါပဲ ညီပါစေဗျာ

ရေးသားသူ ....mmcpမှ Chitpaအားကျေးဇူးတင်ရှိပါသည်.....


အညတရ သူရဲကောင်း ဆု အတွက်စကားဝိုင်း ဆွေးနွေးဖလှယ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ပွဲ အခမ်းအနား

Posted: 28 Jun 2011 09:43 AM PDT

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆု ချီးမြှင့်နိုင်ရေးအတွက် အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီမှလစဉ်ပုံမှန် အစည်းအဝေးနှင့် စကားဝိုင်း ဆွေးနွေးဖလှယ်ပွဲအား တိုကျိုမြို့ မီနာမိအိုဆုကာခန်းမ ၃တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိုးသောက်ကြယ်စာကြည့်တိုက်မှ တာဝန်ခံ ကိုစိုးဝင်းရှိန်နှင့် မိုးသောက်ကြယ် စာကြည့်တိုက် အဖွဲဝင်များမှ အလှူငွေ ယန်း၇သောင်းတိတိအား အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီအမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သည့် ကိုမင်းထက်ဇော်မှ ကျေးဇူးတင် အမှာစကားပြောကြားပြီး စာနာဂုဏ်ပြုမှုမှသည် တစ်မျိုးသားလုံး လွတ်မြောက်မှုဆီသို့ ခေါင်းစဉ်ဖြင့် တက်ရောက်လာသော ပရိသတ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။


မိုးသောက်ကြယ် စာကြည့်တိုက်မှ အလှူငွေ လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ပြောကြားရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ အမေစုရဲ့ ဆန္ဒကို ကျနော်တို့တစ်တွေ ဖြည့်ဆည်းပေးလိုတဲ့ ရည်ရွယ်ချက်ပါ။ ဒေါ်စုက နိုင်ငံရေး အကျဉ်းသားတွေကို မေ့မထားဖို့၊ ထောက်ပံ့ကူညီကြဖို့ ပြောကြားချက်အားပြောကြားသွားပြီး ဆက်လက်လှူဒါန်းရန် ရည်ရွယ်ချက်များစွာ ရှိကြောင်း အကျယ်တ၀င့် ဆွေးနွေး အကြံပြုခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဌ ဦးလှဟန်မှလည်း အညတရ သူရဲကောင်းဆု အတွက် အမြဲ ဆုချီးမြှင့်နိုင်ရေးအတွက်လိုအပ်သည်များကို အနီးကပ် အကူအညီ ပေးသွားမည်ဖြစ်ပြီး အကြံဥာဏ်ကောင်းများ ရှေ့ဆက်လုပ်ရန် မှာကြားခဲ့ပါတယ်။ တက်ရောက်လာကြသော သူများမှ ဆုငွေများပေးအပ်ခဲ့ပြီး ဒုတိယအကြိမ် ဆုချီးမြှင့်နိုင်ရေးအတွက် အစီအစဉ်များကို အညတရသူရဲကောင်းဆု ကျင်းပရေး ဆပ်ကော်မတီဝင်များ၏ လုပ်ဆောင်မှုများအပေါ် အလေးထား ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ ပိုမိုကောင်းမွန်သည့် အကြံပြုချက်များနှင့် ဆုချီးမြှင့်နေသည့် လုပ်ငန်း အရှိန်အဟုန်ကြီးစွာ လုပ်ဆောင်နိုင်စေဖို့အတွက် တတ်နိုင်သည့်ဖက်မှ အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ကတိပေးစကားများ ပြောဆိုခဲ့ကြသည်။

လာမည့် ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ချီးမြှင့်ပေးအပ်ပွဲ၌ အနည်းဆုံး ၅ ဦးအထိ ပေးအပ်နိုင်ရန် စီစဉ်ထားကြောင်းသိရှိရပြီး တစ်ဦးလျင် ဂျပန်ငွေ ယန်း ၁ သိန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၀ သိန်းနှုန်းဖြင့် သိန်း ၅၀ ပေးပို့ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။ အညတရသူရဲကောင်း ဆုချီးမြှင့်ရေး ဘဏ္ဍာရေးဆပ်ကော်မတီ၏ စာရင်းထုတ်ပြန်ချက်အရ ယနေ့အချိန်အထိ ကောက်ခံရရှိငွေနှင့် မိုးသောက်ကြယ် စာကြည့်တိုက်အဖွဲ့မှ လှူဒါန်းငွေအပါအ၀င် ယန်း၂၉၆,၅၀၀+အမေရိကန်ဒေါ်လာ ၂၀(ဂျပန်ယန်း ၂ သိန်း ၉ သောင်း ၆ ထောင် ငါးရာယန်း)သာရှိသေးပြီး မိမိတို့ရည်မှန်းထားသည့် မြန်မာငွေသိန်း ၅၀ နှင့်ညီမျှသော ငွေပမာဏရရှိပါက ပြည်တွင်းရှိ ဆုချီးမြှင့်ရေးနှင့် ဆုရွေးချယ်ရေး တာဝန်ခံများထံသို့ ချက်ခြင်းလွှဲအပ်ကာ အမြန်ဆုံး အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်.။


ဓါတ်ပုံ ဟန်ဝင်းထွန်း mtk
သတင်း ထွန်းဝေ 08030991503


မျိုးချစ်စိတ်ဆိုတာ ရောင်းစားရတဲ့ အရာ.... မဟုတ်ဘူးဆိုတာ သက်ဆိုင်သူ( လိပ်ပြာ မလုံနိုင်သူ) တွေ သိစေချင်ပါတယ်။

Posted: 28 Jun 2011 08:43 AM PDT


မြန်မာပြည်သား.. လုပ်ငန်းရှင်ကြီးများ.. နေ့ စဉ်ဖြတ်သန်းနေရပုံပါ....။ အမှတ်တမဲ့ ကြည့်တော့ စီးပွားရေးပေါ့ဗျာ...။သေချာ ကြည့်တော့ လူမျိုးရေး က ပါလာရော..။ ဒါပေမယ့် (၂) ခုလုံးက အမျိုးသားရေး ဆိုတာ မမေ့လျော့စေချင်ပါဘူး..။ စီးပွားရေး ကိုလိုနီ ဖြစ်နေတာ ဘယ်သူမှ မငြင်းရဲပါဘူး။ သိန်းထောင်ချီတဲ့ လမ်းဆုံ တစ်နေရာမှာ သုံးထပ်တိုက်ဆောက်ပြီး ရှမ်းခေါက်ဆွဲ ရောင်းတဲ့ နေရောင်မခတဲ့ ဖြူဖြူ အသားနဲ့လက်လုပ်လက်စားလေး တွေ မန္တလေးမှာ အများကြီးပါ။ မန္တလေး ဟာ ခုတော့ အဖြူရောင် နယ်မြေ ဖြစ်နေပါပြီ..၊ တရုတ် တွေချည်းပါဘဲ... ဈေးချိုနားကတော့ နည်းနည်း အမဲရောင် ကျန်သေးတယ်... ၊ ဟိုး မြို့တော် အပြင်ဘက်..ကတော့ အညိုရောင် နယ်မြေပေါ့...မြန်မာတွေ နေတယ်လေ..။

( မြေမြို ၍ လူမျိုးမပျောက်၊ လူမြို မှ လူမျိုးပျောက်မည် )....တဲ့။

ဟုတ်ကဲ့....... လဝက က အရာရှိများ ကို မေးလိုပါသည်။ မျက်စိ မမြင်ရတော့ဘဲ တာဝန် ထမ်းဆောင်နေတာလား..၊ (ဒါမှမဟုတ်) စာမတတ် ပဲ တာဝန် ထမ်းဆောင်နေတာလား..။ အလွန်သိချင်ပါတယ်... ဘယ်..လ.ဝ.က ရုံးထဲ ဝင်ဝင်.... ဒီစာကြီးကို.. အပြာရောင်ပေါ် အဖြူနဲ့ ရေးထားတာ... လ.ဝ.က ဝန်ထမ်းတွေ ..... မမြင်တာလား.. မဖတ် တတ်တာလား ဆိုတာပါ..။

သူတို့ မပါဘဲ မြန်မာတိုင်းရင်းသား မဟုတ်တဲ့သူတွေ မှတ်ပုံတင် မရနိုင်၊ အခြေ မချနိုင်ပါဘူး..။ ကျွန်တော် တို့  ငွေ ကြေးသက်သက်နဲ့ အားမတန် မာန်လျော့ပေးလိုက်ရတဲ့ စီးပွားရေး..။ ကျွန်တော် တို့  ငွေ ကြေးသက်သက်နဲ့ ရလိုမှု အတွက် အလိုလိုက် လိုက်ရတဲ့ လူမျိုးရေး..။၊ သေသေ ချာချာ စဉ်းစားဖို့  .. မျိုးချစ်စိတ်ဆိုတာ ရောင်းစားရတဲ့ အရာ.... မဟုတ်ဘူးဆိုတာ သက်ဆိုင်သူ( လိပ်ပြာ မလုံနိုင်သူ) တွေ သိစေချင်ပါတယ်။

Yeyint Kyaw facebookမှ


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment