Sunday 11 September 2011

ကွမ်းစား ဆေးလိပ်သောက် ဘေး မရောက် ရလေအောင်

ကွမ်းစား ဆေးလိပ်သောက် ဘေး မရောက် ရလေအောင်

ကင်ဆာ ရေစီးကြောင်း ဟာ ကမ္ဘာ့အနှံ့အပြား၊ လူ့ဘ၀ အထွေ ထွေ၊ ကျား မ အသီးသီး မှာ စဉ်ဆက်  မပြတ် စီးဆင်း နေပါတယ်။ ဒါကြောင့် လည်းပဲ ကမ္ဘာ့ ကင်ဆာ ရောဂါကာ ကွယ်ရေး အဖွဲ့ (International Union Against Cancer) နဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) တို့ ပူး ပေါင်းကာ ပညာပေး လုပ်ငန်း တွေ လုပ်နေ ကြပါတယ်။ ဖေဖော်ဝါရီ ၄ ရက်ကိုလည်း ကမ္ဘာ့ ကင်ဆာ ရောဂါ ကာကွယ်ရေး နေ့ (World Cancer Day) ရယ်လို့ သတ်မှတ်ပြီး ကမ္ဘာ ကို ကင်ဆာ သတင်းစကား တွေ တတ် စွမ်းသမျှ ကျယ်ကျယ် ပြန့်ပြန့် ပေးခဲ့ ပါတယ်။

သက်ဆိုင်ရာက ထုတ်ပြန်ကြေ ညာ ထားတဲ့စာရင်း ဇယားတွေ အရ ခရစ်နှစ် ၂၀၂၀ မှာ တစ်ကမ္ဘာလုံး မှာ ကင်ဆာ လူနာ အသစ်သန်း ၂၀ ရှိမယ် တဲ့။ ၂၀၀၅ ကနေ ၂၀၁၅ အ တွင်း ကင်ဆာ ကြောင့်သေတဲ့ လူနာ ၈၄ သန်း အထိ ရှိမယ်လို့ ဆိုပါတယ်။ ဒါတွေက ကင်ဆာဟာ သေမင်းတ မန် ရောဂါ ဖြစ်တယ်။ ကမ္ဘာ့ ကျန်းမာ ရေးပြဿနာ ဖြစ်တယ် ဆိုတာကို ပြ သနေ တာပါပဲ။

ကျွန်တော်တို့ ၀န်းကျင်မှာ ကင် ဆာ ဖြစ်နေတဲ့ သူတွေ ရှိသလို ကင် ဆာ ကြောင့် ကွယ်လွန် သွားတဲ့ချစ် သူ ခင်သူ မြတ်နိုး သူများရဲ့ အသုဘ ကို ပို့ရတာ တွေလည်းရှိရဲ့။ ကင်ဆာ တိုက်ပွဲ ကို အားမာန် ခဲပြီး ဆင်နွှဲနေ တဲ့ သူတွေနဲ့ မိသားစု အသိုင်းအ၀ိုင်း တွေကို တက်စွမ်း သမျှ နှစ်သိမ့်အား ပေးကြ ရတာလည်း အကြိမ်ကြိမ် ပါ။ ကျွန်တော့် အစ်မ အရင်းဆိုရင် ရင်သား ကင်ဆာ နဲ့ တိမ်းပါး ခဲ့ရပြီး ရင်သား ကင်ဆာ ကြောင့် သေဆုံးရတဲ့ မိတ်ဆွေ ကျောင်းဆရာမ တစ်ဦးရဲ့ ရက်လည် နေ့မှာ မိခင်အိုကြီးဟာ ကွယ်လွန် ခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ ကင်ဆာရဲ့ နောက်ဆက်တွဲ အသက် ဆုံးရှုံး ခဲ့ရတာကို လည်း ကြုံဖူးပါတယ်။  အဆုတ် ကင်ဆာနဲ့ ကွယ်လွန် ခဲ့တဲ့ ပန်းချီ အကျော်ဆရာ ပေါ်ဦးသက်၊ လည်ချောင်း ကင်ဆာ ဝေဒနာခံစား ရင်း ရောဂါကို ဒူးမထောက်၊ လက်မ မြောက်ဘဲ နောက်ဆုံး ထွက်သက်အ ထိ စိန်ခေါ် ရင်ဆိုင်ခဲ့တဲ့ ဆရာ မိုးဟိန်း (သားဂျာနယ်ကျော်)၊ ဆရာတက် တိုး၊ ဒေါ်နုယဉ်တို့ရဲ့သားကြီး၊ ခံတွင်း ကင်ဆာနဲ့ ကွယ်လွန် ခဲ့တဲ့ ဦးမင်း အောင် အစ ရှိတဲ့ ပုဂ္ဂိုလ် များဟာ မြန် မာ့ ကင်ဆာ ရောဂါ သမိုင်းဝင် ပုဂ္ဂိုလ် ကျော်တွေပါ။

ကင်ဆာဟာ ကိုယ်ခန္ဓာ အနှံ့အ ပြားမှာ ဖြစ်ပွားခဲ့ပြီး အစာအိမ်၊ အ ဆုတ်၊ ရင်သား၊ အသည်း၊ သားအိမ် ခေါင်း၊ အစာပြွန်၊ ဆီးကြိတ်၊ ခံတွင်း ကင်ဆာ အစရှိသည့်ဖြင့် နာမည် အ မျိုးမျိုး ခွဲခြား ထားပါတယ်။ အမည် ကွဲ ပေမယ့် အသက် အန္တရာယ်ကိုဖြစ်စေ တဲ့ သေမင်း တမန်တွေပါပဲ။

ကင်ဆာ သမိုင်း ကလည်း စိတ် ၀င် စားစရာပါ။ လွန်ခဲ့တဲ့ နှစ်သန်း ပေါင်းရာလောက် ချီ ကတည်းက ကင် ဆာ က စတင် ခြေချ ခဲ့ပါတယ်။ ရှေး အကျ ဆုံးတွေ့ထားရတဲ့ ကင်ဆာက တော့ ဗြိတိသျှ ပြတိုက်မှာ ရှိတဲ့ ဒိုင် နိုဆောရုပ်ကြွင်းတစ်ခုရဲ့ အမြီးမှာ တွေ့ထားတဲ့ ကင်ဆာဖြစ်ပါတယ်။

ကင်ဆာ ဖြစ်ရခြင်းအကြောင်း ရင်းတွေ ထဲမှာ လူနေမှု စရိုက်ပုံစံ (Life Style) လည်းပါဝင်ပါတယ်။

တစ်ခါတုန်းက "ကွမ်း၊ ဆေး လက်ဖက် နတ်သစ်ရွက်"၊ "ဆေးတစ် အိုး ကျွမ်း၊ ကွမ်းတစ်ယာညက်" စတဲ့ မြန်မာ့ ယဉ်ကျေးမှု အမှတ်အသား၊ ရှေးထုံး အစဉ်အလာ တွေဟာ အခု တော့ ခေတ်သစ် ကျန်းမာရေး နယ် မြေမှာ သတိပြုစရာ တွေအဖြစ် ဂရု မူစရာ ဖြစ်လာပါပြီ။ ဆေးလိပ် သောက်၊ ကွမ်းစားခြင်းဟာ ကင်ဆာ ရဲ့အခြေ ခံအုတ်မြစ် တစ်လွှာ ဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး နေရပါ ပြီ။ ဆေးလိပ်သောက်၊ ကွမ်းစား သူ ကလည်း များမှ များပဲ။ တစ်နေ့က မိတ်ဆွေ တစ်ယောက်ရဲ့ ကွမ်းယာ ဆိုင်မှာ လေ့လာ ကြည့်မိ တော့ ကွမ်း ယာ အချိုဆိုတာ လုံးဝ မရှိတော့သ လောက်ဖြစ် နေပြီး အဆိမ့်၊ ဆေးအ မျိုးမျိုးနဲ့ ယာပြီး ရောင်းနေရ တာကို တွေ့ရပါတယ်။ ဆေး အမျိုးမျိုးဆို တာက နိုင်တီတူး၊ ဘုရင်မ၊ စစ်က နယ်၊ ဟန်ဒရက်၊ ဆာဂါ၊ ဖော်တီဖိုက် စတဲ့ ဆေးတွေဖြစ်ပြီး ဗမာဆေး၊ နှပ် ဆေး တို့ကိုလည်း စားသုံးသူ အကြိုက် ရောင်းချ တာတွေ့ရပါတယ်။ တစ်နေ့ ကို ကျပ် ၂,၀၀၀ ဖိုး လောက် အထိစားတဲ့ သူတစ်ယောက် ရှိတယ် တဲ့။ အမျိုးသား၊ အမျိုးသမီး၊ လူငယ်လူရွယ်တွေ အားလုံး စားကြ တယ်။ အကြောင်း အမျိုးမျိုးပြလို့ ပေါ့။ အခြား နိုင်ငံက ၀င်လာတဲ့ ကွမ်း ပေါင်း စားမိလို့ ရုတ်တရက် သေဆုံးခဲ့ တဲ့သတင်း ကိုလည်း မကြာမီက ဂျာ နယ်တွေမှာ ဖတ်လိုက် ရပါသေးတယ်။

"ကွမ်းစား၊ ဆေးလိပ်သောက် ကျပျောက်သလောက်" ရှိတယ် ဆို ပြီး ကွမ်း၊ ဆေးလိပ်အပေါ် လျှော့ တွက်တာ တွေလည်း ရှိပါတယ်။ တ ကယ်တော့ ကွမ်းစား၊ ဆေးလိပ် သောက်တာ ဟာ ရောဂါရ ရုံသာမ က အသက်ပါ ပျောက် နိုင်ပါတယ်။ ခံတွင်း ကင်ဆာများ လည်း ဖြစ်စေပါ တယ်။ ကွမ်း၊ ဆေးကြောင့် လျှာကင် ဆာ၊ လျှာအောက် ကင်ဆာ၊ နှုတ်ခမ်း ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ သွားဖုံး ကင်ဆာ၊ အားသီးကင်ဆာ၊ အာ ခေါင်ကင်ဆာ အစ ရှိတာတွေဖြစ်စေ ပါတယ်။

ခံတွင်း ကင်ဆာ ဖြစ်စေတဲ့  အ ကြောင်း အရာများထဲမှာ ဆေးလိပ် သောက်ခြင်း၊ ကွမ်းစားခြင်း၊ ကွမ်း နှင့် ဆေးရွက်ကြီး ငုံခြင်း၊ အရက် သောက်ခြင်း၊ ချွန်ထက် သောသွား များနှင့် အစဉ်အမြဲ ထိခိုက်နေခြင်း၊ ခံတွင်း သန့်ရှင်းမှုမရှိခြင်း၊ ဗီတာမင် အေနှင့် စီ ချို့တဲ့ခြင်း အစ ရှိသည်တို့ ပဲဖြစ်ပါတယ်။ အဓိက ကတော့ ကွမ်း စားခြင်း၊ ဆေးလိပ် သောက်ခြင်း စတဲ့ အန္တရာယ်အပြုအမူ တွေပါပဲ။ ချက် ချင်း မဖြစ်ဘဲ အချိန် ယူပြီး အန္တရာယ် လမ်းခင်း ပါတယ်။

ပါးစပ်မှာ ကျက်ခဲ တဲ့အနာ ပေါက်ခြင်း၊ လျှာ၊ သွားဖုံး၊ ပါးစောင်၊ လည်ချောင်း ကြာရှည် စွာနာနေခြင်း၊ ပါးစပ် ထဲမှ သွေးထွက်ခြင်း၊ လျှာပါး ယောင်ခြင်း၊ နားကိုက် ခြင်း၊ လည် ပင်းမှာ အကျိတ် စမ်းမိခြင်း၊ ပါးစပ် မဟ နိုင်ခြင်း၊ အစာမျိုရန် ခက်ခဲခြင်း အစ ရှိတာတွေ ဖြစ်ခဲ့ရင် သက်ဆိုင် ရာ ကျွမ်းကျင်သူ တွေကို အချိန်မီပြ သဖို့ လို ပါတယ်။ စောစော သိ၊ စော စောကုနိုင်လေ အသက်ရှည်ဖို့ အခွင့် အရေး ရလေပါပဲ။

ဆေးလိပ် ကြောင့် ခံတွင်းကင် ဆာသာမက အဆုတ် ကင်ဆာ၊ အ သံအိုး ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ တွေလည်း ဖြစ်စေပါတယ်။ ဆေးလိပ်နဲ့ ကျန်း မာရေး၊ ကျန်းမာရေးကိုသာ ရွေးဖို့လို သလို ငယ်ငယ် ကတည်းက အကျင့် မလုပ်မိဖို့ လည်း အရေးကြီး ပါတယ်။

ခံတွင်း ကင်ဆာ မဖြစ်စေဖို့ ဆေး လိပ်မသောက်ရန်၊ ကွမ်းမစားရန်၊ ဆေးမငုံရန်၊ အရက် မသောက်ရန်၊ သွားနှင့် ခံတွင်း သန့်ရှင်းရေး ဂရုစိုက် ရန် အစရှိတဲ့ အချက်အလက် တွေ ကို သက်ဆိုင်ရာ ကျွမ်းကျင်သူ များက ပညာပေးထား ပါတယ်။ ဒါတွေကို  လက်တွေ့ လိုက်နာကျင့် သုံးဖို့လိုပါ တယ်။ အလုပ် မပါရင် ကျန်းမာရေး ပညာ မဟုတ်ပါ။

ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်း မာရေး ဦးစီးဌာန၊ လည်ခံ တွင်းကင် ဆာကာကွယ်ရေး အတွက် ပညာပေး နေ သလို ခွဲစိတ် ကုသခြင်း၊ ဓာတ် ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးထိုး ဆေးစား၍ ကုသခြင်း စတဲ့ ကုသနည်း မျိုးစုံနဲ့ လိုအပ် သလို ကုသပေး နေပါ တယ်။

ဆေးလိပ် သောက်ခြင်း၊ ဆေးငုံ ခြင်း၊ ဆေးရွက်ကြီး စားသုံးခြင်း၊ ကွမ်း စားခြင်းတို့ဟာ ခံတွင်း ကင်ဆာဖြစ် ပွား ရေးမှာ အဓိက အကျဆုံးဖြစ်ပ တယ်။ ဒါကြောင့် မလျှော့တဲ့ ဇွဲလုံ့ လ၊ ကြီးမားတဲ့ အားမာန်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ် ဖိဖိစီးစီးနဲ့ သတိပြုရှောင် ရှားကြဖို့ လိုကြောင်း တိုက်တွန်းနှိုး ဆော် လိုက်ရပါတယ် ခင်ဗျား။

ဦးအောင်ကျော်ကျော် (ကျန်းမာရေးပညာ)




No comments:

Post a Comment