Monday, 31 October 2011
Wednesday, 26 October 2011
အာနိသင်ထက်မြက်သော လိမ္မော်သီး
လိမ္မော်သီးကို မြန်မာ့အစားအစာ၏ အာဟာရဘက်ကကြည့်လျှင် လိမ္မော်သီဒးအလေးချိန်(၁၀၀)ဂရမ် (ခြောက်ကျပ်တမတ်သား)တွင် ကယ်လိုရီ(၄၁)၊ ပရိုတင်း(၀)ဒသမ(၇)ဂရမ်၊ အဆီဓာတ်(၀)ဒသမ(၂)ဂရမ်၊ ကစီဓာတ်(၁၀)ဒသမ(၂)ဂရမ်၊ ထုံးဓာတ်(၂၆)ဒသမ(၀)မီလီဂရမ်၊ သံဓာတ်(၀)ဒသမ(၂)မီလီဂရမ်၊ ဗီတာမင်အေအိုင်ယူ(၂၅၆)၊ ဗီတာမင်ဘီဝမ်း(၀)ဒသမ(၀၉)မီလီဂရမ်၊ ဗီတာမင်ဘီတူး(၀)ဒသမ(၀၄)မီလီဂရမ်၊ နိုင်ယာစင်(၀)ဒသမ(၄)မီလီဂရမ်၊ ဗီတာမင်စီ(၄၂)မီလီဂရမ်တို့ အသီးသီးပါဝင်ပါသည်။
ထို့ပြင် လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်တို့လည်း ပါရှိသည်။ အထူးသဖြင့် ဗီတာမင်စီ အများဆုံး ပါဝင်သည်။ ဗီတာမင်စီသည် အနာကျင်မှုကို မြန်စေ၍ သံဓာတ်စုပ်ယူအား ကောင်းစေသည်။ ဗီတာမင်စီ ပါဝင်သော လိမ္မော်ရည်ကို သောက်ခြင်းအားဖြင့် အစာအိမ်၊ အစမျိုးပြွန်၊ ပါးစပ်၊ အူမကြီးကင်ဆာရောဂါ များကို ကာကွယ်နိုင်ပါသည်။ လိမ္မော်ရည်ကို တနေ့ အနည်းဆုံး နှစ်ဖန်ခွက်မှ အများဆုံး လေးဖန်ခွက်အထိ
သောက်လျှင် ကျောက်ကပ်ကျောက်တည်ခြင်းကို ဟန့်တားနိုင်သည်။
လိမ္မော်သီး၌ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် (Calcium)သည် လူ့ခန္ဓာကိုယ် ဖွဲ့စည်းမှုစနစ်အတွင်းရှိ အက်ဆစ်ပြင်း(Alkaline Mineral) တို့ကို ပျက်ပြယ်သွားစေနိုင်သည့် အဆိပ်ပြေဆေးတမျိုးဖြစ်သဖြင့် သွေးသစ်၊ သွေးသန့် တိုးပွားစေသည်။ ရုမတွိုက် ရိုးဆက်ရောင်ရမ်းနာ Rheumatoid Arthritis (ရူမတစ်ရောဂါနှင့် ဆင်သည့် ရောဂါလက္ခဏာများဖြစ်သော ရိုးဆက်ရောင်ရမ်းခြင်း)ကို ကာကွယ်နိုင်သည်။
လိမ္မော်သီး၌ ပါဝင်သည့် သကြားဓာတ်သည် သဘာဝအချိုဓာတ်ဖြစ်သည်။ ထို့ပြင် အသီး၌ပါဝင်သည့် အမျှင်များသည်လည်း သကြားစုပ်ယူမှုကို လျော့နည်းစေသောကြောင့် လိမ္မော်သီးစားသုံးခြင်းအားဖြင့် သွေးအတွင်းရှိ သကြားဓာတ်ကို လျင်မြန်စွာ မတက်နိုင်ပေ။ ထို့ကြောင့် လိမ္မော်သီးသည် ဆီးချို၊ သွေးချို၊ ခန္ဓာကိုယ်ဝဖြိုးသူများနှင့် သင့်လျော်သည်ဟု ဆိုသည်။ သို့သော် အချို့က သွေးချို၊ ဆီးချိုရှိသူများ လိမ္မော်သီး မစားသင့်ဟုဆိုသည်ကို တွေ့ရပြန်သည်။ မည်သို့ဖြစ်စေ တန်ဆေး လွန်ဘေး ဖြစ်ရကား သင့်တင့်မျှတစွာ စားလျှင် ဘေးဥပါဒ်ဖြစ်နိုင်မည်မဟုတ်ပေ။
အမှန်တော့ ကျန်းမာသန်စွမ်းသူများပင် လိမ္မော်သီးကို အလွန်အကျွံစားလျှင် အပူကန်လာပြီး အာခံတွင်းရောင်ရမ်းနာ၊ သွားဖုံးတဝိုက် ရောင်ရမ်းနာ၊ စသည်တို့ ဖြစ်တတ်သည်။ သို့ဖြစ်၍ လိမ္မော်သီးကို တနေ့တလုံးသာ စားသင့်သည်။ လိမ္မော်သီး တနေ့တလုံး (သို့) လိမ္မော်ရည် တနေ့တဖန်ခွက် သောက်သုံးလျှင် ငှက်ပျောသီးစားသကဲ့သို့ပင် အစာအိမ်ရောဂါနှင့် အစာအိမ်ကင်ဆာဖြစ်ရန် အခွင့်အလမ်းလည်း နည်းစေသည်။
လိမ္မော်သီးစားပြီးနောက် တနာရီအတွင်း နွားနို့မသောက်မိဖို့လည်း သတိပြုသင့်သည်။ အကြောင်းမှာ နွားနို့၌ ပါဝင်သည့် ပရိုတင်းများက တာရာရစ်အက်ဆစ်နှင့် ပေါင်းစပ်ပြီး ခဲသွားသောအခါ အစာကြေနိုင်မှု ခက်ခဲသွားနိုင်ကာ အစာထဲက အာဟာရစုပ်ယူမှုကိုပါ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
ပင်လယ်စာစားသူများသည် လိမ္မော်သီးနှင့် တွဲဖက်၍ စားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်စာထဲမှ Histamine ဓာတ်များကြောင့် ခန္ဓာကိုယ်နှင့် နှုတ်ခမ်းတလျှောက်၌ အဖုအပိန့်များ ထွက်လာပြီး ယားယံတတ်သောကြောင့် ဖြစ်၏။ ယင်းကို လိမ္မော်သီး၌ပါဝင်သော Antibistmine ၏ သတ္တိက အကာအကွယ် ပေးနိုင်သည်။
လိမ္မော်ရည်ကလည်း အာနိသင်ရှိသည်။ ခံတွင်းကောင်း၍ အစာကြေစေသည်။ ဝမ်းမှန်စေသည်။ အားအင်ပြည့်ဖြိုးစေသည်။ သွေးအားကောင်း၍ သွေးကိုသန့်စေသည်။ သွားဖုံး သွေးယိုခြင်းကို ကာကွယ်နိုင်သည်။ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့၌လည်း ဆေးအဖြစ် အသုံးပြုနိုင်သည်။
လိမ္မော်ခွံအခြောက်ကလည်း လွှင့်ပစ်စရာမလို။ ယင်းသည် အော့အန်ခြင်းကို သက်သာပျောက်ကင်းစေနိုင် သည့်အပြင် ပုံမှန်မှီဝဲလျှင် သန်ကောင်ရောဂါကို ကာကွယ်နိုင်သည်။ လိမ္မော်ခွံအခြောက်ကို အစာကြေဆေး၊ ခ့တွင်းနဲ့ကောင်းဆေး၊ ဝမ်းပိတ်ဆေး၊ လေဆေး စသည်တို့ ဖော်စပ်ရာ၌လည်း အသုံးပြုကြသည်။
လိမ္မော်ခွံမှ ထုတ်ယူရရှိသည့် လိမ္မော်ဆီကလည်း အင်အားတိုးပွား၍ အစာကြေစေသည်။ လိမ္မော်ပွင့်မှ ထုတ်ယူရရှိသော အဆီကလည်း အမူးအမော်အတွက် အလွန်ကောင်းသည်။ လိမ္မော်ခွံ၌လည်း အနံ့သင်းသော Limonen ခေါ်လွှင့်ပျ့ဆီအပြင် ဂလူးကို့စ်ဆိုဒ်၊ တင်နင်ဓာတ် ပြာဓာတ်များ ပါရှိသည်။ လိမ္မော်ပွင့်၌လည်း Neroli ခေါ်ရနံ့သင်းဆီတမျိုး ပါဝင်သည်။ ယင်းကို နာမည်ကျော် အော်ဒီကလုံးရေမွှေးဖော်စပ်ရာ၌ ထည့်သွင်းအသုံးပြုကြသည်။
လိမ္မော်ခွံအောက်၌ ကပ်လျက်ရှိနေသည့် ဖော့သားအဖြူရောင်၌လည်း သက်စောင့်ဓာတ်နှင့် အခြားကင်ဆာရောဂါများကို တိုက်ဖျက်ပေးနိုင်သောဓာတ်များ ပါရှိသည်။ ထို့ပြင် အပြင်ခွံနှင့် အခံအတွင်းပိုင်း အဖြူရောင်အမျှင်များ၌ရှိသော Flavonoids နှင့် Polyphenols ဓာတ်များကလည်း သွေးပေါင်ချိန်နှင့်
သွေးတွင်းအဆီဓာတ်ကို လျော့စေသည်။ ယင်းသည် အရောင်ကျစေသည့် အာနိသင်ရှိသဖြင့် ရင်ကျပ်ရြေ၈ါအတွက် အကျိုးသက်ရောက်စေသည်။ ထို့ပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေ၍ ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖယ်ရှားပေးပြီး အူမကြီးကင်ဆာကိုလည်း ကာကွယ်နိုင်သည်။ ထို့ကြောင့် လိမ္မော်သီးကိုစားလျှင် အမျှင်ပါ စားသင့်သည်။
ဂျပန်နိုင်ငံ သုတေသနပညာရှင်များ၏ လေ့လာချက်အရ လိမ္မော်သီးကို ပုံမှန်စားသုံးသူသည်
နှလုံးသွေးလွှတ်ကြောရောဂါ၊ သွေးတိုး၊ ဆီးချို၊ ဂေါက်နာရောဂါတို့ ဖြစ်ပွားမှုနည်းကြောင်း တွေ့ရသည်။ ထို့ပြင် လိမ္မော်သီးက ဆေးလိပ်နှင့် အရက်ကြောင့် အသည်းရောဂါဖြစ်ပွားသူများအတွက်လည်း အကျိုးပြုကြောင်းနှင့် အသည်းကင်ဆာ၊ အသည်းကြီးခြင်း၊ အသည်း၌ ဖြစ်သော ရောဂါများကိုလည်း ကာကွယ်ပေးကြောင်း တွေ့ရသည်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်အရ လိမ္မော်သီးစားသုံးခြင်း အားဖြင့် သွေးလွှတ်ကြောများ၌ အနည်ထိုင်သော ကိုလက်စထရောအဆီ အဆုံးသတ်ပြောင်းလဲမသွားအောင် ကူညီကြောင်း တွေ့ရသည်။
အမေ၇ိကန်နိုင်ငံ စုတားပြည်နယ် ဆေးပညာဌာနမှ သုတေသီများ၏ လေ့လာချက်အရ ဆီးကျောက်တည်သူများ လိမ္မော်ရည်သောက်သုံးခြင်းအားဖြင့် နောက်တဖန် ဆီးကျောက်ပြန်မတည်စေရန် အထောက်အကူပြုကြောင်း တွေ့ရသည်။ ထို့ပြင် လိမ္မော်သီး၌ပါဝင်သော ဆစ်ထရက်အက်ဆစ်သည် ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားနိုင်ကြောင်း၊ လိမ္မော်ခွံ၌ ကပ်၍ပါလာသည့် လိမ္မော်သီးစေ့ (လိမ္မော်ခွံ ကလူးကို့စ်ဆိုက်)သည် ဆ့ချည်မျှင်သွေးကြောများ ပျော့ပျောင်း၍ ကြံ့ခိုင်သန်စွမ်းနိုင်ကြောင်း၊ သွေးတိုးနှုန်း ကျဆင်းစေသည့် နှလုံးပတ်သွေးလွှတ်ကြောကိုလည်း ကျယ်စေကြောင်း၊ လိမ္မော်သီးအမြွှာ၌ ရှိသည့်အမျှင်သည် အာဟာရဖိုင်ဘာမျှင်ဖြစ်၍ ပက်တင်း(Peca Tin)ဟုခေါ်သော သစ်သီးအစေး ပါဝင်သဖြင့် ဝမ်းမှန်စေကြောင်း၊ သွေးတွင်းအဆီကိုလည်း ကျစေကြောင်း တွေ့ရသည်။
မြန်မာ့ဆေးကျမ်းများ၌လည်း လိမ္မော်ပင်၊လိမ္မော်သီးတို့၏ အသုံးများကို တွေ့ရသည်။
* ဆံရင်းအစပ်တွင် ယားနာပေါက်သူများ လိမ္မော်ရွက်ကိုထုထောင်း၍ ပျားရည်နှင့်စပ်ပြီး ယားနာနေရာ၌ အုံပေးလျှင် သက်သာပျောက်ကင်းစေသည်။
* သွေးလေညီညွတ်၍ စိတ်ရွှင်လန်းစေရန်အတွက် လိမ္မော်ရွက် ၅၀-ခန့်ကို ဝိုင်နှင့်ဖြစ်စေ၊ ခေါင်ရည်နှင့်ဖြစ်စေ
နေ့တဝက်စိမ်ပြီးနောက် ယင်းအရွက်များကို ပျားရည်(၅))ကျပ်သားထည့်ထားသောအိုးထဲသို့ ပြောင်းထဲ့ကာ မီးမျှဉ်းမျှဉ်းဖြင့် အရောင်ပြောင်းလာအောင် ကျိုပါ။ ထိုပနောက် တနေ့နှစ်ကြိမ် တခါသောက် လက်ထက်ရည်ဇွန်းတဇွန်းခန့် သောက်ပါ။
* ချောင်းဆိုးသူများ လိမ္မော်ရည်တဖန်ခွက်ကို လိမ္မော်ရွက် လေးငါးရွက်ခန့်နှင့် ဆူအောင်ကျိုပြီးနောက် မီးဖိုမှ ချ၍ ငါးမိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် အရွက်များကို ဖယ်ရှား၍ ပူပူနွေးနွေးအရည်ကို တနေ့ သုံးကြိမ် သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* အကြောအားနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်အခြောက်ကို တနေ့နှစ်ကြိမ် မှန်မှန် စားလျှင် အကြောအားကောင်း၍ မှတ်ဉာဏ်တိုးစေနိုင်သည်။
* ကလေးငယ်များ သူငယ်နာ အကြောတက်၊ အကြောဆွဲခြင်းများ ဖြစ်နေပါက လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေသုံးပိဿာ၌ တညစိမ်၊ နောက်တနေ့နံနက်၌ ပေါင်းအိုးဖြင့်ပေါင်း၍
ပေါင်းခံရည်စုထားပြီး ၄င်းကို တခါသောက် ထမင်းစားဇွန်း(၅)ဇွန်းမှ (၁၀)ဇွန်းခန့်အထိ နေ့စဉ်တိုက်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* အစာမကြေခြင်းနှင့် နှုတ်မမြိန်ခြင်းတို့အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်းသောက်လျှင် အစာကြေ၍ နှုတ်မြိန်စေသည်။ ယင်းသည် လေနာ၊ လေချုပ်၊ လေဆန်နာများကို အကျိုးပြုသည်။
* မျက်နှာဝ၌ ဝက်ခြံထူထပ်သဖြင့် အသားအရေ မချောမမွေ့ဖြစ်နေသူများ သနပ်ခါးရည်ကျဲကျဲထဲသို့ ဆားအနည်းငယ်ထည့်၊ လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍ ထွက်လာသောချွေးရည်နှင့်ရောပြီး ၄င်းကို အိပ်ရာဝင်ချိန်တွင် မျက်နှာ၌လိမ်းလျှင် အသားအရေ ချောမွေ့လာစေနိုင်သည်။
* ရာသီဥတု အကူးအပြောင်း၌ ဖြစ်တတ်သော အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းတို့အတွက် လိမ္မော်ရည် တဖန်ခွက်ကို ပူအောင်နွှေး၍ ပက်ပါမင့်အဆီ သုံးစက်ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် ၄င်းကို တနေ့သုံးကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* ဝမ်းမှန်၍ စားသောက်ကောင်းစေရန်အတွက် လိမ္မော်ရည် တဖန်ခွက်(၂၅၀)စီစီကို မီးနွေးနွေးဖြင့်ပြ၍ ဆားပုပ်၊ ငရုတ်ကောင်းစေ့ခန့်နှင့် ချင်းခြောက်မှုန့် ဇွန်းငယ်တဇွန်းခန့်ထည့်ပြီး အအေးခံသောက်လျှင် သုံးလေးရက်သောက်ရုံဖြင့် ဝမ်းမှန်၍ စားသောက်ကောင်းလာစေနိုင်သည်။
* ကလေးများ သွေးအားနည်း၊ အကြောအားနည်း၊ အရိုးပျော့၊ ဝမ်းပျက်ခြင်းတို့ဖြစ်ပါက လိမ္မော်ရည်ကို ရေကျက်အေးနှင့် ဆတူရော၍ တိုက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* နှင်းခူနာဖြစ်သူများ လိမ္မော်ခွံကိုထုခြေ၍ အနာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* မျက်နှာ၊ ခြေ, လက်တို့တွင် အဖြူ၊ အနီ၊ အနက် စသောအကွက်များ ထွက်ပါက လိမ္မော်ခွံကို နေရိပ်၌ ခြောက်သွေ့အောင်လှန်း၊ အမှုန့်ထောင်း၍ ရေနှင့်စပ်ပြီး ၄င်းကို အကွက်များပေါ်၌ တနေ့သုံးကြိမ် ခပ်ထူထူလိမ်းလျှင် ပျောက်ကင်းစေနိုင်သည်။
* ဝမ်းလျှောဝမ်းပျက်သူများ လိမ္မော်ခွံအမှုန့်နှင့် စပျစ်စေ့အမှုန့်ကို ဆတူရော၍ တနေ့သုံးကြိမ် တခါသောက် ဇွန်းငယ်တဇွန်းခန့်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* အရေပြားနှင့် ခြေသည်း, လက်သည်းများပေါ်၌ ပွေးပေါက်ပါက လိမ္မော်ခွံအစိုကို ညက်အောင်ထောင်း၍ ပွေးကွက်ကို လိမ္မော်ခွံဖြင့် ဖြည်းညင်းစွာခြစ်ပြီးနောက် ထောင်းထားသော လိမ္မော်ခွံဖြင့် အုံပေးပါ။ ဆေးအသစ်လဲတိုင်း ပွေးကွက်ကို လိမ္မော်ခွံဖြင့် အသာအယာခြစ်ပေးခြင်းအားဖြင့် ပွေးကွက် တဖြည်းဖြည်းကျဉ်းပြီး ပျောက်ကင်းသွားစေနိုင်သည်။
* အသားပပ်၊ အသားကြမ်း၊ ညှင်းပေါက်သူများ လိမ္မော်ခွံကိုညှစ်၍ ရသော ချွေးဖြင့် လိမ်းပေးနိုင်သည်။
* တင်းတိပ်ပေါက်သူများ လိမ္မော်ခွံကို မီးဖြင့်နွှေး၍ ချွေးကိုညှစ်ပြီး ၄င်းချွေးဖြင့် တင်းတိပ်ပေါက်သော နေရာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။
* လေထိုး လေအောင်သူများ လိမ္မော်ပင်အခေါက် အနည်းငယ်ကို သုံးခွက်တခွက်တင်ကျို၍ တနေ့နှစ်ကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။ ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များလည်း ကျစေနိုင်သည်။
လိမ္မော်သီးနှင့်ပတ်သက်၍ ဥတုဘောဇနသင်္ဂဟကျမ်း၌ လိမ္မော်သီးသည် မွှေးသောရနံ့ရှိ၏။ ချို၏၊ စဉ်းငယ်ချဉ်၏၊ နှုတ်ကို မြိန်စေ၏၊သလိပ်ကို နိုင်၏၊ နှလုံးကို နှစ်သက်စေတတ်၏ဟု၎င်း၊
ဒဗ္ဗဂုဏပကာသနီကျမ်း၌ လိမ္မော်သီးသည် လေကိုနိုင်၏။ နှလုံးကို ကြည်လင်စေတတ်၏။ အော့အန်နာကို ပျောက်စေ၏ဟု၎င်း။
ဇီဝိတဝဍ္ဎနကျမ်း၌ အချိုများသော လိမ္မော်သီးကို ဆားအနည်းငယ်နှင့်တို့၍စားလျှင် သလိပ်ရွှင်၍ ဆီးများစေသည်။ အချိုများသော လိမ္မော်သီးသည် သလိပ်ကပ်၊ ချောင်းဆိုး၍ ကိုယ်ပူစေတတ်သည်ဟု၎င်း။
သဘာဝဓမ္မအလင်းပြ ကျမ်း၌ လိမ္မော်သီးသည် အကြောင်းဥဏှငြိမ်းစေသော သီတတေဇောဓာတ်စာ၊ အေး၊ ချဉ်၊ သီတ၊ အာကာသဓာတ်စာ၊ အရသာချို,ချဉ် အကျိုးသွား ဆီးများ၊ လေသက်ဟု၎င်း။
ဓတာသြသဓရာသီကျမ်း၌ လိမ္မော်သီးသည် အအေးအာပေါ၊ အသက်ဟုဟု၎င်း ပြဆိုထားသည်။
ချုပ်၍ဆိုရသော် လိမ္မော်ပင်၊ လိမ္မော်သီးသည် လူတို့ကျန်းမာသက်ရှည်ရေးအတွက် အာနိသင်ထက်မြက်သော သဘာဝဆေးတခွက်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
စေတနာလှိုင် (ရေစကြို)
Ref:
* မြန်မာ့အစားအစာ၏ အာဟာရ(ကျန်းမာရေးဝန်ကြီးဌာန)
* လိမ္မော်သီးနှင့် ကျန်းမာရေး (မင်းမောင်လွင်)
မြတ်မင်္ဂလာစာစောင်၊ (၂၀၀၇)ခုနှစ် ဇူလိုင်လ။
* လိမ္မော်သီးများများစားပါ။(ဒေါက်တာခင်မိုးမိုး)
(၂၂-၁၂-၂၀၀၄)ရက်နေ့ Good Health ဂျာနယ်)။
* လိမ္မော်သီးစားသုံးခြင်းဖြင့် ကင်ဆာရောဂါ ကာကွယ်နိုင်
(၈-၁၂-၂၀၀၈)ရက်နေ့ ကြေးမုံသတင်းစာ။
* ဥတုဘောဇန သင်္ဂဟကျမ်း-ယောအတွင်းဝန် ဦးဘိုးလှိုင်။
* သုတအဖြာဖြာ တိုင်းရင်းဆေးပညာ
(ဒေါက်တာအောင်နိုင်၊ ဆေးသုတေသန)
* ရောဂါများနှင့် တိုင်းရင်းဆေး (ကျော်တင့်ဆွေ)။
(ဂမ္ဘီရ ၂၀၀၉-ခု ဇူလိုင်လ
Ref; WWW.Mawluu.com
Fwd: မေတ္တာစိတ်နဲ့ နားထောင်တတ်သူ
မေတ္တာစိတ်နဲ့ နားထောင်တတ်သူ
တလောက အပေါ်ထပ်၊ အောက်ထပ်ကလူတွေကြောင့် ကျွန်မရူးမတတ်ဖြစ်ခဲ့ရတယ်။
ကျွန်မနေတာက ဒုတိယထပ်မှာပါ။ ကျွန်မအိမ်ရဲ့အောက်ထပ်မှာ
အလုပ်လက်မဲ့လင်မယားနှစ်ယောက် နေပါတယ်။ စားဝတ်နေရေးအတွက်
သုံးဘီးဆိုင်ကယ်ဟောင်းတစ်စီး သူတို့ဝယ်ထားတယ်။ အဲဒီဆိုင်ကယ်က
ဟောင်းလွန်းတော့ ရင်ကျပ်ရောဂါ အပြင်းအထန်ခံစားနေရတဲ့လူနာလို အသံဗလံ
ဆူညံသံတွေ ထွက်နေပါတယ်။ ညတိုင်း ကျွန်မအိပ်ပျော်ခါနီးအချိန်မှာ
အဲဒီဆိုင်ကယ်ဟာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး အသက်လုပြန်လာတတ်တယ်။
အဲဒီအသံကိုကြားရင် ကျွန်မ အိပ်ချင်စိတ်တွေ ပျောက်သွားတော့တယ်။
ကျွန်မအိမ်ရဲ့ အပေါ်ထပ်မှာနေတဲ့မိသားစုက သမီးဖြစ်သူကို
ပလွေတစ်ချောင်းဝယ်ထားပေးတယ်။ မနက်မိုးလင်းတိုင်း သမီးကို အတင်းအဓမ္မ
ပလွေမှုတ်ကျင့်ခိုင်းကြတယ်။ ပလွေသံက ဝီး...ဝီး.. အီး..အီးနဲ့ နားထောင်ရတာ
သရဲသဘက် ငိုညည်းနေသလိုပါပဲ။
ညတိုင်း အောက်ထပ်က သုံးဘီးဆိုင်ကယ်ရဲ့ "ချောင်းသံ"ကြောင့်
ကျွန်မအိပ်မရခဲ့သလို မနက်စောစောမှာ အိမ်ပေါ်ထပ်က ပလွေ"ငိုသံ"ကြောင့်
ကျွန်မ အစောကြီးနှိုးခဲ့ရတယ်။
အပေါ်ထပ်၊ အောက်ထပ်ကမိသားစုတွေနဲ့ ကျွန်မ
ကောင်းကောင်းဆွေးနွေးဖို့လိုပြီးလို့ ကျွန်မထင်တယ်။ ဒါပေမဲ့
သူတို့အိမ်ရှေ့ရောက်တာနဲ့ ကျွန်မခြေလှမ်းတုန့်ပြီး တွေဝေသွားတတ်တယ်။
အောက်ထပ်မိသားစုအတွက် ဟောင်းနွမ်းတဲ့သုံးဘီးဆိုင်ကယ်ဟာ
သူတို့ရဲ့ထမင်းအိုးပါ။ အပေါ်ထပ်မိသားစုမှာ ပလွေသံက
အဲဒီကောင်မလေးရဲ့မျှော်လင့်ချက်ပေါ့။ သူတို့ရဲ့ထမင်းအိုး၊
မျှော်လင့်ချက်တွေကို ကျွန်မလက်လွတ်ခိုင်းရမလား? ကျွန်မထုတ်ပြောရက်သလား?
အတန်ကြာစဉ်းစားပြီး အိမ်ပြောင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။
အေးဆေးဆိတ်ငြိမ်တဲ့နေရာတစ်ခုဆီ ပြောင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ဒါမှ
စာတွေကို ကျွန်မစိတ်ဝင်တစား ရေးလို့ရမှာဖြစ်သလို
ကိုယ်စိတ်ကျန်းမာမှာဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်ကို ကျွန်မအဖြစ်အပျက်တွေ
ရင်ဖွင့်ပြပြီး နေရာကောင်းတစ်ခုရှာပေးဖို့ အကူအညီတောင်းလိုက်တယ်။
သူငယ်ချင်းက ကျွန်မပြောတာတွေကို ပြုံးပြုံးလေးနားထောင်နေရင်းက ကျွန်မကိုမေးတယ်။
"ငါနေတဲ့ပတ်ဝန်းကျင်ကရော ဘယ်လိုလဲလို့ နင်ထင်သလဲ?"
"နင့်နေရာက ဆိတ်ငြိမ်လို့ နင့်ဖက်မှာ ငါအခန်းရှာခိုင်းတာပေါ့"
ကျွန်မအပြောကို သူငယ်ချင်းက ခေါင်းတဆတ်ဆတ်ညိတ်ပြီး "ဒါဆိုလဲ ငါ့အိမ်မှာ
တစ်နာရီလောက်ထိုင်ပြီး ခံစားကြည့်ပါဦး"လို့ဆိုတယ်။
သူငယ်ချင်းအိမ်မှာ တစ်နာရီကြာ ကျွန်မနေလိုက်တယ်။ သူ့အိမ်ပတ်ဝန်းကျင်က
တကယ့်တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဒါပေမဲ့ တစ်နာရီနောက်ပိုင်းမှာ လူအသီးသီး
ရုံးဆင်းပြန်လာကြတယ်။ အသံတွေ စပြီးဆူညံလာခဲ့တယ်။ အဆိုးဆုံးက
ဘေးအိမ်ဝရံတာက စကားပြောသံလိုလို လွှင့်လာတဲ့အသံတွေဖြစ်တယ်။
ရှေးလူရိုင်းတွေ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်နေတဲ့အသံလိုမျိုး
အသံကစူးရှပြီး နားစည်ပေါက်မတတ်ပါပဲ။ ကြားရသူကို နားမသက်သာစေခဲ့ပါဘူး။
ဒါ ဘာအသံလဲလို့ သူငယ်ချင်းကိုကျွန်မမေးတော့ သူငယ်ချင်းက
"၉နှစ်ကောင်လေးတစ်ယောက် စကားပြောသင်နေတာလေ.. သူဘာပြောနေသလဲလို့
နင်သေသေချာချာ နားထောင်ကြည့်!"လို့ပြောလို့ ကျွန်မ
နားစိုက်ထောင်လိုက်တယ်။ အဲဒီကောင်လေးက စကားတစ်ခွန်းကို ထပ်တလဲလဲ
ပြောနေသလိုပါပဲ။ ဒါပေမဲ့ ဘာပြောနေမှန်း ကျွန်မသေသေချာချာ နားမလည်ခဲ့ဘူး။
"မေမေပေါ် နေလောင်ဖြန်းထားတယ်လို့ သူပြောနေသလိုပဲ" လို့
ကျွန်မခန့်မှန်းပြောကြည့်တော့ သူငယ်ချင်းက တဟားဟားအော်ရယ်ပြီး "နင်ပြောတာ
မှားတယ်... သူပြောတာက မြေပြင်ပေါ် နေရောင်ဖြန့်ထားတယ်တဲ့"။ သူငယ်ချင်းက
ပြောပြောဆိုဆို အဲဒီကောင်လေးရဲ့အသံကို ပိုကြားရအောင် ဝရံတာဖက်ကတံခါးကို
ဆွဲဖွင့်လိုက်တယ်။ ကောင်လေးရဲ့အသံထွက်မှန်အောင် ပြင်ပေးနေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ အသံကိုပါ ကျွန်မကြားလိုက်တယ်။ အမျိုးသမီးပြောနေတာက
"မြေပြင်ပေါ်နေရောင်ဖြန့်ထားတယ်" လို့ဆိုပေမယ့်
ဘယ်လိုအသံထွက်မှန်အောင်ပြောလည်း ကောင်လေးပြောနေတာက "မေမေပေါ်
နေလောင်ဖြန်းထားတယ်"ဆိုတာပဲဖြစ်နေတယ်။
"တကယ်လို့ နင်ဒီမှာနေမယ်။ နေ့တိုင်း ဒီလိုအသံပဲကြားနေရမယ်ဆိုရင်
နင်ဘယ်လိုခံစားရမလဲ?" သူငယ်ချင်းက ကျွန်မကိုမေးခွန်းထုတ်တယ်။
"ဟင့်အင်း.. ငါ ခံနိုင်မှာမဟုတ်ဘူး။ အသံတွေ ဆူညံနေတဲ့အပြင် ဘယ်လိုသင်သင်
သင်လို့မရတဲ့ အဲဒီကောင်လေးအသံကို နားထောင်ရင်း သူ့အတွက်
ငါစိတ်ညစ်ပြီးသေသွားလိမ့်မယ်" ကျွန်မခေါင်းခါပြပြီး
အမှန်အတိုင်းပြောလိုက်တယ်။
"ဒါပေမဲ့ ငါ့နားထဲမှာတော့ အဲဒီကောင်လေးရဲ့အသံက နားဝင်ချိုတဲ့ဂီတသံလိုပဲ။
ဒါ ငါတစ်ယောက်ထဲ ခံစားရတာ မဟုတ်ဘူး။ ဒီတိုက်မှာနေတဲ့လူတိုင်း
ငါ့လိုပဲခံစားကြရတယ်တဲ့"
သူငယ်ချင်းရဲ့အပြောကြောင့် အံ့သြသွားတဲ့ကျွန်မကိုကြည့်ရင်း သူငယ်ချင်းက
စကားဆက်ပြောတယ်။
"ဒီကလေးက အစွန့်ပစ်ခံထားရတဲ့ကလေး။ မွေးလာကတည်း အ,နေတာ။ ဒါကြောင့်
သူ့မိဘတွေက သူ့ကိုစွန့်ခဲ့ကြတယ်။ သူ့ကို ငါ့အိမ်နီးချင်းက
ကောက်ပြန်လာခဲ့တယ်။ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အပြင် နေရာအနှံ့
ဆရာဝန်ရှာပြီး ဆေးကုခဲ့တယ်။ ကလေး၎နှစ်မှာ ငါ့အိမ်နီးချင်းက
စကားစသင်ပေးခဲ့တယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ငါတို့ထင်ခဲ့ကြတယ်။ ဒါပေမဲ့
သူ လက်မလွတ်ခဲ့ဘူး။ နေ့တိုင်း ကလေးကို စကားသင်ပေးခဲ့တယ်။
ကလေး ၅နှစ်ရောက်တော့ တစ်နေ့မှာ "မေမေ"လို့သူခေါ်ခဲ့တယ်။ အသံကလုံးထွေးပြီး
မပီသဘူးဆိုပေမယ့် ငါတို့တတွေ ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။
ငါ့အိမ်နီးချင်းဆို ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။
အဲဒီမှာရှိနေတဲ့လူတွေလည်း မျက်ရည်တွေဝဲလို့။ သူ နှစ်နှစ်လလ
ပင်ပင်ပန်းပန်း စကားပြောသင်ပေးခဲ့တဲ့ ကလေးလေး စကားစပြောလာခဲ့ပြီလေ။ ဒါ
မခံစားရဘူးလို့ နင်ထင်မလား? အဲဒီနောက် ငါ့အိမ်နီးချင်းက ကလေးကို
ပိုအလေးစိုက်ပြီး စကားတွေသင်ပေးခဲ့တယ်။ ငါတို့ဒီတိုက်မှာနေတဲ့
လူတွေအားလုံးက အဲဒီအသံကို အလှဆုံး၊ အသာယာဆုံးအသံလို့ ထင်ခဲ့ကြတယ်"
သူငယ်ချင်းအိမ်ကနေ မထွက်ခွာခင် သူငယ်ချင်းက "ဒီကလေးရဲ့အသံက စူးရှတယ်။
နားမသက်သာစေဘူးလို့ နင်ထင်တာက သူ့အသံကို နင်နားနဲ့နားထောင်လို့ပဲ။
ဒီကလေးရဲ့အသံ နားဝင်ချိုတယ်။ နားထောင်လို့ကောင်းတယ်လို့ ငါတို့ထင်တာ
ငါတို့က မေတ္တာစိတ်နဲ့နားထောင်လို့ပေါ့။ မေတ္တာနဲ့ နားထောင်တတ်ရင်
ဒီလောကမှာရှိတဲ့ အသံတော်တော်များများက လှပတဲ့အသံတွေပါပဲကွာ" လို့
ပြောပါတယ်။
လောကထဲမှာ လုံးထွေးဆူညံနေတဲ့အသံတွေကို နားထောင်ဖို့ ဘုရားသခင်က
ကျွန်မတို့ကို နားရွက်တွေပေးလိုက်တယ်။ လုံးထွေးဆူညံတဲ့အသံကို
နားဝင်ချိုတဲ့အသံအဖြစ်ပြောင်းဖို့ လူတွေက ကိုယ့်ကိုယ်ကို
မေတ္တာစိတ်တွေထည့်ခဲ့ကြတယ်။ တကယ်လို့ လှပသာယာတဲ့အသံကို သင်နားထောင်ချင်ရင်
မေတ္တာစိတ်နဲ့ နားထောင်တတ်ဖို့ သင်,သင်ယူရပါလိမ့်မယ်။
အရက်ကို ဘယ်လိုသောက်ရမယ်လို့ သိနားလည်သူက "ခံစားချက်"ကို ရှာဖွေတွေ့တယ်။
ရောင့်ရဲတင့်တိမ်မှုကို သိနားလည်သူက "ပျော်ရွှင်ခြင်း"ကို ရှာဖွေတွေ့တယ်။
လက်လွတ်တတ်တာကို သိနားလည်သူက "စိတ်လက်ချမ်းသာခြင်း"ကို ရှာဖွေတွေ့တယ်။
တန်ဖိုးထားတတ်တာကို သိနားလည်သူက "ကောင်းမြတ်ခြင်း"ကို ရှာဖွေတွေ့တယ်။
ယုံကြည်စိတ်ချမှုကို သိနားလည်သူက "သောကကင်းခြင်း"ကို ရှာဖွေတွေ့တယ်။
မေ့ပျောက်ခြင်းကို သိနားလည်သူက "လွတ်လပ်ပေါ့ပါးခြင်း"ကို ရှာဖွေတွေ့တယ်။
ဂရုစိုက်ကြင်နာခြင်းကို သိနားလည်သူက "သူငယ်ချင်း"ကို ရှာဖွေတွေ့တယ်။
မူရင်း-- http://blog.xuite.net/mama5456/666/25748416
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Fwd: ပြစ်ဒဏ်စာရွက်လေးတစ်ရွက်
ပြစ်ဒဏ်စာရွက်လေးတစ်ရွက် <http://www.99sanay.com/2011/10/blog-post_14.html>
ဂျာမဏီနိုင်ငံက စက်မှုလုပ်ငန်း အရမ်းထွန်းကားတဲ့နိုင်ငံပါ။ Mercedes-Benz, BMW,
Siemensလို့ ပြောလိုက်ရင် မသိတဲ့လူမရှိသလောက်ပါပဲ။ ကမ္ဘာ့အဏုမြူဓာတ်ပေါင်းဖိုတွေထဲက
အကောင်းဆုံး အဏုမြူစုပ်စက်ကို ဂျာမဏီရဲ့မြို့ငယ်လေးတစ်မြို့မှာ
တည်ဆောက်ထားပါတယ်။ ဒီလိုတိုးတက်ခေတ်မီတဲ့ နိုင်ငံတစ်နိုင်ရဲ့ လူနေမှုစရိုက်က
အပျော်အပါး၊ အသောက်အစားကြူး၊ ဖြုန်းတီးမှုတွေနဲ့ ပြည့်နှက်နေခဲ့မလား?
ဂျာမဏီကို သွားရောက်မလည်ပတ်ခင် ကျွန်တော်တို့ဟာ
အဲဒီနိုင်ငံကိုပုံဖော်ကြည့်ကြတယ်၊ ဖော်ညွှန်းကြည့်ကြတယ်။
ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hamburgကိုရောက်တော့ ကျွန်တော်တို့က ထုံးစံအတိုင်း
စားသောက်ဆိုင်ကို အရင်ချီတက်ကြတယ်။ ကျွန်တော်တို့ကို လာကြိုတဲ့မိတ်ဆွေရဲ့
အပြုအစုကို
ကျွန်တော်တို့ ဧကန်မလွဲခံရတော့မယ်။
စားသောက်ဆိုင်ထဲ ကျွန်တော်တို့ဝင်လိုက်တယ်။ စားပွဲဝိုင်းတော်တော်များများနဲ့
ဧည့်သည်နည်းနည်းကို ကျော်ဖြတ်နေချိန်မှာ ကျွန်တော်စိတ်ထဲ သံသယဖြစ်မိတယ်။
ဒီလောက်တိတ်ဆိတ်
ခြောက်ကပ်နေတဲ့ စားသောက်ဆိုင်က ကြာကြာရပ်တည်နိုင်ပါ့မလား?
ပိုရယ်စရာကောင်းတာက စားပွဲဝိုင်းတစ်ဝိုင်းမှာ အတွဲတစ်တွဲထိုင်နေတယ်။
သူတို့ရှေ့စားပွဲပေါ်မှာ ဟင်းနှစ်မျိုးထည့်ထားတဲ့ ပန်ကန်းပြားတစ်ချပ်နဲ့
ဘီယာနှစ်ဗူးပဲရှိတယ်။ ဒီလောက်ရိုးရှင်းတဲ့ အပြင်အဆင်နဲ့
သူတို့ဘယ်လိုရိုမန်တစ်ဆန်ဆန် တွေ့ဆုံကြတာပါလိမ့်? တကယ်လို့ ယောက်ျားလေးက
ငွေထုတ်ရှင်းတယ်ဆိုရင် သူကပ်စီးနည်းလွန်း မနေဘူးလား? ကပ်စီးနည်းတဲ့သူ့ကို
ချစ်သူမိန်းကလေးထားခဲ့မှာ မစိုးရိမ်ဘူးလား?
နောက် စားပွဲဝိုင်းတစ်ဝိုင်းမှာက လူဖြူအဘွားအိုတချို့ထိုင်နေကြပြီး
အစားအသောက်ကို ဇိမ်ပြေနပြေစားနေကြတယ်။ ဟင်းတစ်ပွဲရောက်လာတိုင်း စားပွဲထိုးက
သူတို့အတွက်ခွဲဝေပေးတယ်။ ခွဲဝေပေးတဲ့အစားအစာတွေ ခဏတွင်းချင်း
သူတို့အပြောင်စားလိုက်ကြတယ်။
သူတို့ကို ကျွန်တော်တို့ သိပ်ကြာကြာ ဂရုစိုက်ကြည့်မနေတော့ပါဘူး။
ကျွန်တော်တို့ဝိုင်းအတွက် အစားအသောက် မြန်မြန်လာချဖို့ကိုပဲ
ကျွန်တော်တို့ဆန္ဒစောနေခဲ့တယ်။ နယ်ခံမိတ်ဆွေက
ကျွန်တော်တို့ဆာလောင်နေပုံကိုကြည့်ပြီး ဟင်းတွေ ပိုမှာလိုက်တယ်။
ကျွန်တော်တို့လည်း အားနာမနေတော့ပါဘူး။ သူ့ရဲ့စေတနာကို ကောင်းကောင်းကြီး
အသိအမှတ်ပြုလိုက်ကြပါတယ်။
စားသောက်ဆိုင်ထဲမှာ ဧည့်သည်တွေနည်းတော့ ဟင်းတွေမြန်မြန်ရောက်လာပါတယ်။
ကျွန်တော်တို့စားပွဲဝိုင်းက ခဏတွင်းမှာပဲ ဟင်းပန်းကန်တွေနဲ့
ပြည့်သွားတော့တယ်။ ကြည့်ရတာ
ဒီကနေ့မှာ ကျွန်တော်တို့က ဒီစားသောက်ဆိုင်ထဲမှာ အသုံးဖြုန်းနိုင်ဆုံး
ဖြစ်လိမ့်မယ်။
အစားအသောက်တွေကို ကျွန်တော်တို့ အားရပါးရစားကြတယ်။
လျှောက်လည်ဖို့ရှိသေးတယ်ဆိုလို့ အစားအစာတွေနဲ့ ကျွန်တော်တို့
အချိန်ဆွဲမနေတော့ဘဲ စားသောက်ဝိုင်းကို ခပ်မြန်မြန်လေး အဆုံးသပ်လိုက်ကြတယ်။
ဒါကြောင့် အစားအသောက် ၃ပုံ ၁ပုံလောက်က မကုန်ဘဲကျန်နေခဲ့တယ်။ ငွေရှင်းပြီး၊
သွားကြားညှပ်တာတွေရှင်းပြီးနောက် ဆိုင်ထဲကနေ ကျွန်တော်တို့ လိမ်ဖည်လိမ်ဖည်နဲ့
ထွက်လာခဲ့ကြတယ်။ ဒါပေမဲ့ စားသောက်ဆိုင်ဝ မရောက်ခင် ဆိုင်ထဲကလူတစ်ယောက်ယောက်က
ကျွန်တော်တို့ကို လှမ်းခေါ်တယ်။ ကျွန်တော်တို့အဖွဲ့ထဲက
ပစ္စည်းများမေ့ကျန်ခဲ့သလားပေါ့?
ကျွန်တော်တို့ အထူးအဆန်းနဲ့ နောက်ပြန်လှည့်ကြည့်ကြတယ်။ လူဖြူအဘွားအိုတစ်သိုက်
စားသောက်ဆိုင်ပိုင်ရှင်နဲ့ ကွိစိကွစ တစ်ခုခုပြောနေကြတယ်။ ကြည့်ရတာ
ကျွန်တော်တို့ကိုရည်ရွယ် ပြောနေပုံရတယ်။ သူတို့အနီးနားကျွန်တော်တို့
ရောက်သွားတော့ အင်္ဂလိပ်လို သူတို့ပြောင်းပြောကြတယ်။ ကျွန်တော်တို့မှာတဲ့ဟင်းတွေ
အများကြီးကျန်ကြောင်း၊ အရမ်းဖြုန်းတီးကြောင်း ကျွန်တော်တို့နားလည်လိုက်တယ်။
ဒီအဘွားကြီးတွေ တော်တော်စွက်စွက်ဖက်ဖက်နိုင်လွန်းတယ်ဆိုပြီး
ကျွန်တော်တို့ရယ်ချင်သွားတယ်။
"ကျွန်တော်တို့ ပိုက်ဆံပေးပြီးစားတာပဲ၊ ဟင်းတွေဘယ်လောက်ကျန်ကျန် ခင်ဗျားတို့နဲ့
မဆိုင်ပါဘူး"
မိတ်ဆွေကရှေ့ထွက်ရပ်ပြီး အဘွားကြီးတွေကိုပြောတယ်။ မိတ်ဆွေစကားကိုကြားတော့
သူတို့ပိုစိတ်ဆိုးသွားပုံရတယ်။ ရှေ့ဆုံးမှာရပ်နေတဲ့ အဘွားအိုတစ်ဦးက
ချက်ချင်းဟမ်းဖုန်းထုတ်ပြီးဆက်တယ်။
တအောင့်နေတော့ ဆိုင်ရှေ့ကားတစ်စီးထိုးရပ်ပြီး ဝတ်စုံဝတ်လူတစ်ယောက် ဆင်းလာတယ်။
လူမှုလုံခြုံရေးဝန်ထမ်းလို့ သိရပါတယ်။ အဲဒီလူက အကျိုးအကြောင်းတွေ မေးမြန်းပြီးနောက်
ကျွန်တော်တို့ကို ဂျာမဏီငွေ(၅ဝ Mark) ပြစ်ဒဏ်စာရွက်တစ်ရွက် ထုတ်ပေးတယ်။
ကျွန်တော်တို့ အသံမထွက်ရဲတော့ဘူး။ ကျွန်တော့်မိတ်ဆွေကလည်း
မျက်နှာကိုတစ်ဖက်လှည့်ပြီး
အာခံပြန်မပြောရဲခဲ့တော့ဘူး။ ပြစ်ဒဏ်ငွေ (၅ဝ) ထုတ်ပေးလိုက်ရတဲ့အပြင်
"ဆောရီး"လို့ တောင်းပန်လိုက်ရသေးတယ်။
လူမှုလုံခြုံရေးဝန်ထမ်းက ငွေကိုလက်ခံပြီး ကျွန်တော်တို့ကို လေးလေးနက်နက်ပြောတယ်။
"အစားအသောက်ကို စားနိုင်သလောက်ပဲမှာပါ! ပိုက်ဆံက ခင်ဗျားတို့ရဲ့ကိုယ်ပိုင်ပါ။
ဒါပေမဲ့ သဘာဝအရင်းအမြစ်တွေက လူသားအားလုံးနဲ့ဆိုင်ပါတယ်။ ကမ္ဘာပေါ်မှာ
သဘာဝအရင်းအမြစ်ချိုတဲ့နေသူတွေ
အများကြီးရှိတယ်။ ခင်ဗျားတို့ ဆင်ခြေပေးပြီး ဖြုန်းတီးချင်တိုင်း ဖြုန်းတီးလို့
မရပါဘူး"
ကျွန်တော်တို့ရဲ့မျက်နှာတွေ နီမြန်းကုန်ကြတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဒီစကားကို
ထောက်ခံနေကြပါတယ်။ ကြီးပွားတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံကလူတွေဟာ
ဒီလိုသတိပြုဆင်ခြင်တာတွေ
ရှိကြသေးတယ်။ ကျွန်တော်တို့ ပိုလိုတောင် ဆင်ခြင်သင့်ပါတယ်။
ကျွန်တော်တို့နိုင်ငံက လူဦးရေများပြီး သဘာဝရင်းမြစ်တွေ လုံလုံလောက်လောက်
မရှိတဲ့နိုင်ငံပါ။
ကျွန်တော်တို့ဟာ ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးတိုင်း အိမ်ရှင်မျက်နှာပွင့်အောင်၊
ဧည့်ဝတ်ကျေအောင်၊ ကပ်စီးနည်းသူအထင်မခံရအောင်ဆိုပြီး ဟင်းတွေတပုံကြီးမှာတယ်၊
ပြင်ဆင်တယ်။ နောက်တော့ စားမကုန်ဘဲ အများကြီးကျန်ခဲ့တယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့အကျင့်ကို ကျွန်တော်တို့ပြောင်းလဲဖို့ လိုအပ်နေပါတယ်။
သဘာဝရင်းမြစ်တွေကို အလွဲသုံးစား ဖြုန်းတီးမနေသင့်တော့ပါဘူး။ အဲဒီနေ့က မိတ်ဆွေက
ပြစ်ဒဏ်စာရွက်ကို မိတ္တူကူးပြီး လူတိုင်းကို တစ်စောင်ဆီ အမှတ်တရအနေနဲ့
လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော်တို့ လိုလိုလားလားလက်ခံပြီး
သိမ်းဆည်းခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံကို
ပြန်ရောက်ပြီးနောက် မိတ္တူတွေကူးပြီး တခြားလူတွေကို မျှဝေပါလို့
မိတ်ဆွေကမှာပါတယ်။ ကိုယ့်ကိုယ်ပိုင်စာရွက်ကိုတော့ အိမ်ကနံရံမှာ
ကျွန်တော်တို့ကပ်ထားကြတယ်။ အချိန်တိုင်း အသိတရားရှိနေအောင်လို့ပေါ့............
မူရင်း--- http://city.udn.com/51670/1448074?tpno=0&cate_no=53746
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
နိုင်ငံေ၇းအကျဉ်းသားဟောင်း မော်ဒန်ကဗျာဆရာအကျော်အမော် လှသန်း (ခေါ်) ကြည်မောင်သန်း ကွယ်လွန်
ကိုလှသန်းဟာ ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ၈ ယောက်အနက် ဒုတိယသားကြီး ဖြစ်ပါတယ်။ ငယ်စဉ်က စပြီး စာဖတ်၊ သီချင်းနားထောင်၊ ပန်းချီဆွဲ၊ ဂစ်တာတီးနဲ့ ရုပ်ရှင်ကြည့်ခြင်းတို့ကို အရသာတွေ့ခဲ့တယ်။ အသက်မွေးဝမ်းကြော်းအမျိုးမျိုး ပြောင်းခဲ့ပေမယ့် ကဗျာဖတ်ခြင်း၊ ကဗျာရေးခြင်းကို ဘ၀ရဲ့ တသက်တာအလုပ်အဖြစ် ခံယူထားသူ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ စာသင်ပြသူတဦနဲ့ နှစ်ဦသဘောတူ ပေါင်းသင်းနေထိုင်ခဲ့ပါတယ်။
၁၉၈၂ မိုးဝေမဂ္ဂဇင်းမှာ ပါတဲ့ "ဆူးလေရဲ့ ရာဇ၀င်" ကဗျာဟာ သူ့ရဲ့ ပထမဦးဆုံး ပုံနှိပ်ကဗျာ ဖြစ်ပါတယ်။
၁၉၉၄ နိုဝင်ဘာ ဟန်သစ်မဂ္ဂဇင်းက "ဖြောင်ချက်" ကဗျာကို အဲသည်အယ်ဒီတာအဖွဲ့ရဲ့ တနှစ်တာအကြိုက်ဆုံးကဗျာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
"လက်" (၁၉၉၈ သြဂုတ်လ ရနံသစ်မဂ္ဂဇင်း) ကဗျာက ၁၉၉၈ မန္တလေးစာဖတ်သူများရဲ့ အကြိုက်ဆုံးကဗျာဆု (နောင်တွင် ထန်းရိပ်ညိုကဗျာဆု) ရရှိခဲ့ပါတယ်။
"အနေအထိုင် မတတ်မှုများ" (၁၉၉၉ ဇူလိုင်၊ ရနံသစ်) ကဗျာက ပြင်ဦးလွင်လူငယ်တွေ နှစ်သက်တဲ့အတွက် ငွေ ၃ သောင်း ဂုဏ်ပြုမှုကို မ၈္ဂဇင်းတိုက်ကတဆင့် ပေးပို့ ချီးမြှင့်ခံရပါတယ်။
"တောင်အမေရိကကို သွားချင်တယ်" (၂၀၀၅ ဒီဇင်ဘာ ရနံသစ်) ကဗျာက ၂၀၀၆ ခုနှစ် ပျဉ်းမနား အလယ်ရိုးမကဗျာဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
"အာရှတိုက်ရဲ့ တနေရာ" (၂၀၀၅ ဒီဇင်ဘာ နှလုံးအိမ်မဂ္ဂဇင်း) ကဗျာနဲ့ ၂၀၀၆ ရွှေအမြုတေ ကဗျာဆု ရရှိခဲ့ပါတယ်။
"ငါလည်း တနေ့" (၂၀၀၆ အောက်တိုဘာ မဟေသီ) ကဗျာနဲ့ ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆု ရရှိခဲ့ပါတယ်။
"ဒီပင်္ဂရ" (၂၀၀၈ မေ၊ ချယ်ရီမဂ္ဂဇင်း) ကဗျာဟာ မိစ္ဆာနဲ့ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့တဲ့ ဒီပဲရင်းမြို့ဝန်းကျင်က သမိုင်းဝင်အဖြစ်အပျက်ကို ရေးသားခဲ့တာ ဖြစ်လို့ ကဗျာဖတ် ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်ပြီး စာပေစိစစ်ရေးက နောက်ကြောင်းပြန်အရေးယူခံခဲ့ရတဲ့ ကဗျာတပုဒ်ဖြစ်ပါတယ်။
"ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း" ကဗျာစာအုပ်ကို "ကြည်မောင်သန်း" အမည်နဲ့ ၂၀၀၇ စက်တင်ဘာမှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အဲသည်စာအုပ်နဲ့ တော်ဘုရားကလေး စာပေဆု ရရှိခဲ့ပါတယ်။ ၂၀၁၁ မတ်လ ၂၁ ကမ္ဘာကဗျာနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၀ မန္တလေးခေတ်ပေါ်ကဗျာဆု (ဒုတိယအကြိမ်) အတွက် တနှစ်တာအတွင်း အနှစ်သက်ဆုံး ကဗျာဆရာအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ကဗျာဆရာ လှသန်း ဆိုတဲ့ အမည်ကို စာပေစိစစ်ရေးပ ပိတ်ခဲ့တဲ့အတွက် ကြည်မောင်သန်း၊ နမိတ်ထွန်း၊ စံသိုက်၊ လိပ်ပြာသန့်သန့်၊ ရန်မခ၊ မောင်သီးသန့် စတဲ့ ကလောင်ပေါင်း မြောက်များစွာနဲ့ လူထုအတွက် ကဗျာတွေကို ကြံ့ကြံ့ခံရေးသားခဲ့ပြီး …
"ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာတွေ သေဖို့သာပြင်လို့ အရင်ကရေးခဲ့ဖူးပါတယ်။ အခုတော့ သေဖို့ အသင့်ပြင်ထားရင်း ရှင်မယ့်ကဗျာတွေ ရေးဖြစ်ပါတယ်" လို့ ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။
Tuesday, 25 October 2011
မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) အနီးတွင် ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က တောင်ဥက္ကလာ ဘေလီတံတာဘက်မှ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံအောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ရာ အဆိုပါ ယာဉ်၏ ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
- တပ်မတော်စည်းကမ်းရှိမှ ရုရှားမှာ နေခွင့်ရမည်.. (ရုရှားမှစစ်ဗိုလ်များ စည်းမဲ့ကမ်းမဲ့ နေထိုင်မှုကြောင့် အဆောင်မှနှင်ထုတ်မည့် အခြေအနေအား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်)
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးအောင်ဆန်းဦး၊မော်နီတာဂျာနယ်ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ)ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်တို့အား တရားစွဲဆိုပြီ..
- ပခုက္ကူ ရေဘေးကယ်ဆယ်ရေးလုပ်ငန်း ကူညီဆောင်ရွက်ရန် မတ်ဖန်ပရဟိတအဖွဲ့ကိုယ်စား သွားရောက်နေတဲ့ အယ်ဒီတာချုပ်ရဲ့ ခရီးစဉ်မှတ်တမ်း
- ပြည်တွင်းစစ်ဆိုတာ လူသတ်ပြီး တိုင်းပြည် ဘဏ္ဍာဖြုန်းတဲ့လုပ်ရပ်သာလျှင်ဖြစ်တယ်.... (ဆောင်းပါးရှင် မောင်မောင်ဝမ်း)
- မြောက်ဥက္ကလာပ အမေ့အိမ်(၂)
- သေချင်းဆိုး မှတ်တမ်း (ကဗျာရှင် နေရဲနီ)
Posted: 25 Oct 2011 05:47 AM PDT ရုရှားမှ မြန်မာစစ်ဗိုလ်များရဲ့ ၂၀၁၀ ပြည်ထောင်စုနေ့က မြန်မာ့ရိုးရာ အတာသင်္ကြန် သရုပ်ပြပွဲ.. ရုရှားမှ နောင်တခေတ်ရဲ့ အောင်စစ်သည်များ စည်းမဲ့၊ ကမ်းမဲ့ စည်းပျက်၊ ကမ်းပျက် နေထိုင်မှုကြောင့် အဆောင်မှ ထွက်ပေးရန် တောင်းဆိုခံရမှုနှင့် ၂၀၁၀သြဂုတ်လက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်တဲ့ဗျို့... ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလက ရုရှားမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တွေ့ရတဲ့ သံအမတ်ကြီး ဦးမင်းသိန်း (ဝဲ-ဒု)၁၆ သြဂုတ် ၂၀၁၀ ခုနှစ်က မြန်မာသံအမတ်ကြီး ဦးမင်းသိန်း၏ လျှို့ဝှက် သတိပေးစာ |
သေချင်းဆိုး မှတ်တမ်း (ကဗျာရှင် နေရဲနီ) Posted: 24 Oct 2011 09:28 AM PDT သေချင်းဆိုး မှတ်တမ်း ဒုတိယကမ္ဘာစစ်ကာလမှာ ဖက်ဆစ်ဝါဒရဲ့ အရှင်သခင်ကြီး မူဆိုလိုနီကို တော်လှန်ရေးသမားတွေက မီလန်မြို့လယ်မှာ ဇောက်ထိုးဆွဲပြခဲ့တယ်။ ဂျာမဏီရဲ့ အရှင်သခင်ကြီး အာဏာရှင်ကြီး ဟစ်တလာကတော့ သူ့နားထင်သူပစ်ပြီး သူ့ကိုယ်သူ သေနတ်နဲ့အဆုံးစီရင်ခဲ့တယ်။ ဖိလစ်ပိုင်က မားကို့စ် ဟာဝိုင်ယီကို ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်။ စိတ်ကျရောဂါနဲ့ ငရဲကျသွားတယ်။ ရိုးမေးနီးယားက နီကိုလိုင်ချောင်ချက်စကူးတို့ လင်မယားကို သေနတ်နဲ့ပစ်ပြီး သေဒဏ်ပေးတဲ့ အခမ်းအနားကို ရုပ်မြင်သံကြားကနေ ပြည်သူကို တိုက်ရိုက် ပြခဲ့တယ်။ ပါကစ္စတန်မှာ ဇီယာအူဟတ် လေယာဉ်ပျက်ကျတော့ ပြည်သူတွေ ကျိတ်ဝမ်းသာခဲ့တယ်။ အီရတ်မှာ ဆတ်ဒမ်ဟူစိန်ကို ကြိုးပေးတော့ ကမ္ဘာကို တိုက်ရိုက်ပြခဲ့တယ်။ မြန်မာပြည်ကဦးနေ၀င်း စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ တမလွန်ကိုလားရတယ်။ လစ်ဗျားက ကဒါဖီ ၄၂ နှစ်ပြည့်ဖို့ ၂ ရက်အလိုမှာ ထရီပိုလီက ထွက်ပြေး ဇာတိမြို့ဆာအတ်နဲ့ မလှမ်းမကမ်း ရေဆိုးထုတ်တဲ့ ပိုက်ခေါင်းထဲမှာ ခွေးပုန်းဝက်ပုန်း ပုန်းနေတုန်း တော်လှန်ရေးသမားတွေက သူခိုးကြမ်းပိုးဖမ်းသလို ကုပ်ကနေဆွဲထုတ်ခဲ့တယ်။ အပြင်ကိုရောက်တော့ ထိုးကြိတ်ရိုက်ပုတ် လိုက်ကြတာက ဦးခေါင်းမှာသွေးသံရဲရဲနဲ့ ၀မ်းဗိုက်က သေနတ်ဒဏ်ရာက ပစ်ရင်းခတ်ရင်းထိတာ နားထင်က သေနတ်ဒဏ်ရာက နာကျည်းနေတဲ့ တော်လှန်ရေးသမား လက်ချက်လား ထိုးကြိတ်နေတာကို မမြင်ရက်တဲ့ စာနာစိတ်ရှိတဲ့ သူရဲ့လက်ချက်လား သစ္စာရှိတဲ့ တပည့်ရဲ့ လက်ချက်လား ဘယ်ဒဏ်ရာနဲ့ သေရတယ်ဆိုတာ သူ့ကိုယ်သူတောင် သိမှာမဟုတ်ဘူး တိရိစ္ဆာန် အသားတွေထည့်တဲ့ အအေးခန်း ကွန်တိန်နာရဲ့ ကြမ်းပြင်ပေါ်မှာ အပေါ်ပိုင်း အ၀တ်မပါတဲ့ ခေါင်းဆောင်ကြီး ကဒါဖီရဲ့အလောင်းကို ပြည်သူတွေနှာခေါင်းပိတ်ပြီး ဂါရ၀ပြုကြတယ်။ ရွှေဝါမြေက ကြက်ဆူပင်တို့ရဲ့ အရှင်သခင်ကြီးကတော့ ခုလောက်ဆို ကြောက်ဒူးတုန်နေရော့မယ်။ နေရဲနီ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
Monday, 24 October 2011
ပြည်ပရောက် ကျောင်းသားတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်ဆိုး
မနိုင်းရေ...
ကျနော်က ပြည်ပမှာ ပညာသင်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ကျနော်ရဲ့မိုက်မဲခဲ့မှု (ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုး)ကို တခြားပြည်ပရောက် မြန်မာကျောင်းသားတွေကို မကြုံတွေ့စေလိုတဲ့အတွက် မနိုင်းကတဆင့် မျှဝေပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနိုင်းရဲ့စာဖတ်ပရိတ်သတ်တွေမှာ ပြည်ပရောက် ကျောင်းသားကျောင်းသူတွေ အများအပြားရှိလို့ပါပဲ။ ကျနော့်အမည်ရင်းနဲ့ အဖြစ်အပျက်နေရာကို မဖော်ပြထားတာ နားလည်ပေးစေချင်ပါတယ်။ ဤစာကိုကျေးဇူးပြုပြီး ပြည်ပရောက် ကျောင်းသားတစ်ဦးရဲ့ ဖွင့်ဟချက်အနေနဲ့ မျှဝေပေးဖို့ ကျနော်အကူအညီတောင်းလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
--------
ဂျူလိုင်လလယ်မှ စက်တင်ဘာလကုန်ထိကာလသည် အလွန်သာယာသော အခါသာမယဖြစ်သည်။ တစ်နှစ်ပတ်လုံးအတွက် အသာယာဆုံးရာသီဥတုရှိပြီး နွေရာသီကျောင်းပိတ်ရက်လည်း ဖြစ်သည်။ ထိုနွေကာလ တစ်နေ့သောအခါဝယ် ကျွန်တော်သည် မြို့ပြကြီးတစ်ခုသို့ ခြေဦးလှည့်မိသည်။ ကျောင်းပိတ်ရက် အိမ်တွင်းမအောင်းချင်သဖြင့် မရောက်ဘူးသေးသော ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသည့်နေရာများသို့ မြေပုံအတိုင်းလျှောက်သွားကြည့်၏။
နေသာသောနေ့တစ်နေ့၏ မွန်းလွဲချိန်ဖြစ်ပြီး အပူချိန်မျှတသည်။ ခြေဦးတည့်ရာ လျှောက်ကြည့်နေရင်းနှင့် ထိုမြို့၏နာမည်ကြီး မီးနီရပ်ကွက် (တနည်းဆိုသော် ပြည့်တန်ဆာတန်း) သို့ရောက်သွား၏။ တစ်နေရာအရောက်တွင် ဆိုင်တစ်ခု၏အပြင်ဘက်မှာ ထိုင်နေသော အသက် (၅ဝ)ကျော် (၆ဝ)ခန့်ရှိ လူတစ်ယောက်က ကျွန်တော်ကိုမေးသည်။
"မင်းဒီကိုအလည်လာတာလား!"
"ကျွန်တော်ကျောင်းသားပါ"
"ဒီနေရာက နေ့ကလပ်။ နေ့ခင်းဘက် ကျောင်းသားလူငယ်တွေ ဒီမှာအပျင်းပြေ ကိုကာကိုလာ ဒါမှမဟုတ် ဘီယာသောက်ရင်း အမျိုးသမီးတွေ ကပြဖျော်ဖြေတာ ကြည့်လို့ရတယ်။ (၇)ဒေါ်လာပဲ ကျမယ်။ မင်းစိတ်ဝင်စားလား?"
ကျွန်တော် ဘာမှပြန်မပြောခင်မှာဘဲ ….
"လာ… ငါနဲ့လိုက်ကြည့်ပါ"
ကျွန်တော်လည်း တစ်ခါမှရောက်ဘူးသေးသောနေရာ… ပြီးတော့ (၇)ဒေါ်လာသာကျမည် ဆိုသောကြောင့် လိုက်သွားကြည့်မိသည်။ အထဲသို့ရောက်သောအခါ နေရာတစ်ခုပေးပြီး ဘာသောက်မလဲဟုမေးသည်။ ကျွန်တော်လည်း ကိုကာကိုလာတစ်ပုလင်းမှာပြီး စင်ပေါ်တွင်ကပြနေသော အမျိုးသမီးကိုကြည့်နေမိသည်။ လျှပ်ပေါ်လော်လီဝတ်စုံဖြင့် ကပြဖျော်ဖြေနေခြင်းဖြစ်သည်။
တခဏအကြာတွင် ဤဆိုင်၌အလုပ်လုပ်သော အမျိုးသမီးတစ်ဦးက မှာထားသောကိုကာကိုလာကို လာပေးရင်း ကျွန်တော့်အနားတွင်ဝင်ထိုင်ကာ စကားစမြည်ပြောလေသည်။ မိတ်ဆက်၍ အလာပ သလာပပြောရင်းမှာပင် သူက...
"ကျွန်မ ရှင့်ကိုကပြပါ့မယ်။ ကျွန်မကို တစ်ခုခုဝယ်တိုက်ပါလား"
"ရပါတယ်"
ထိုအခါ သူသည် ယမကာဖျော်ရည်တစ်ခုကို မှာသောက်သည်။ ခဏအကြာတွင်စင်ပေါ်မှ အမျိုးသမီးကဆင်းလာပြီး..
"ကျွန်မလည်း ရှင့်ကိုကပြပါ့မယ်။ ကျွန်မကိုလည်း တစ်ခုခုဝယ်တိုက်ပါ"
ထို့နောက် စကားစမြည်ပြောရင်းနှင့်ပင် ကျွန်တော့်အနားတွင် ကနေကြသည်။ တခဏအကြာတွင်မှ ပထမအမျိုးသမီးက
"ရှင်ငွေအရင်ရှင်းလိုက်ပါ။ ပြီးရင် ကျွန်မဆက်ကပြပါ့မယ်"
ထို့ကြောင့် ကောင်တာသို့သွားပြီး ဘောက်ချာတောင်းသောအခါ…
မြတ်စွာဘုရား…
ဒေါ်လာ(၉ဝဝ)ကျပါသတဲ့….
ဖြစ်ပုံမှာ ကိုကာကိုလာနှင့် ဘီယာမှတပါး ကျန်သောသောက်စရာတို့မှာ အနည်းဆုံးဒေါ်လာ(၃ဝဝ)ရှိသည်။ မည်သို့မှမတတ်နိုင်။ ကျောင်းသားတစ်ဦးအတွက် ထိုငွေပမာဏမှာ ကြောက်မက်ဖွယ်ရာပင်။ ကျွန်တော်၏အကြီးမာဆုံးသောအမှားမှာ ကိုကာကိုလာနှင့်ဘီယာသည် (၇)ဒေါ်လာသာကျသဖြင့် ကျန်အဖျော်ယမကာများသည် (၁ဝ)ဒေါ်လာ (၁၅)ဒေါ်လာထက်မပိုနိုင်ဟု လက်လွတ်စပယ် ယူဆလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါ ပထမအမျိုးသမီးက
"ရှင်ကကျောင်းသားဖြစ်လို့ ငွေအရင်ရှင်းခိုင်းလိုက်တာ။ ကျွန်မတို့ထပ်မှာရင် ဒေါ်လာ (၃ဝဝဝ)လောက်အထိတော့ အသာလေးကျသွားနိုင်တယ်။ ရှင့်ရဲ့အမှားကတော့ မမေးတာပဲ။ ဘယ်တော့မဆို တစ်ခုခုဆိုရင် ဈေးကိုအရင်မေးပါ။ အခုတော့ရှင်းလိုက်ပါ။ ကျွန်မလည်းမတတ်နိုင်ဘူး"
ဘာလုပ်ရမှန်းမသိဘဲ ထွက်ပြေးဖို့ စဉ်းစားကြည့်တော့…
"ငါက လက်ရှိပညာရှာဆဲ ကျောင်းသားတစ်ယောက်။ ထွက်ပြေးလို့မိသွားပြီး ရဲလက်ကိုအပ်လိုက်လျှင် ပညာရေးသာမက အနာဂတ်ပါထိခိုက်လိမ့်မယ်။ ဘယ်တတ်နိုင်မလဲ။ တောင်းပန်ကြည့်တာပေါ့"
"ကျောင်းသားတစ်ယောက်အတွက် ဒေါ်လာ(၉ဝဝ)က အင်မတန်မှခက်ခဲပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တတ်နိုင်သလောက် လျော့ပေးပါ။ ကျွန်တော်အနူးအညွတ် တောင်းပန်ပါတယ်"
အချိန်အတော်ကြာ တောင်းပန်ပြောဆိုပြီး နောက်ဆုံးတွင်ဒေါ်လာ (၅၅၀)ရှင်းခဲ့လိုက်ရသည်။
အိမ်ပြန်ရောက်၍ အင်တာနက်တွင် နှိုက်နှိုက်ချွတ်ချွတ် မွေနှောက်ရှာဖွေကြည့်သောအခါမှ ထိုကဲ့သို့ဖြစ်ရပ်များသည် ဥရောပတွင်အဖြစ်များပြီး ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်လေ့ရှိသော လိမ်လည်မှုဖြစ်သည်။ သို့သော် ထိုလိမ်လည်မှုသည် တရားဝင်သည်။ ထိုဆိုင်၏ဈေးနှုန်းကိုမကြည့်ဘဲ ဝယ်ရန်သဘောတူမိသည့်အတွက် ရဲအရာရှိများလည်း မဖြေရှင်းပေးနိုင်ပေ။ အင်တာနက်ပေါ်တွင် ရှာကြည့်သောအခါတွင်မှ ဒေါ်လာထောင်သောင်းချီပြီး ရှင်းခဲ့ရသူများရှိသည်။
ထိုအကြောင်းခြင်းရာများကို စဉ်းစားရင်း ...
"အကယ်၍ ငါသာဒေါ်လာထောင်သောင်းနှင့်ချီပြီး ရှင်းရမည်ဆိုလျှင်…" ဆိုသည့်အတွေးက ယခုထိခြောက်လှန့်နေဆဲဖြစ်သည်။
ထိုကြောင့် ပြည်ပတွင်ပညာသင်ကြားနေသူ ကျောင်းသားလူငယ်များကို ဤအဖြစ်အပျက်နှင့် မကြုံတွေ့စေလိုပေ။
"လူလိမ္မာတို့မည်သည် တပါးသူအမှားမှ သင်ခန်းစာယူသည်။ လူမိုက်တို့မည်သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရသည်။ ပို၍မိုက်မဲသောသူတို့ကား ကိုယ်တိုင်မှားပါလျက်နှင့် သင်ခန်းစာ မယူတတ်ကြကုန်"
ထို့ကြောင့် ကျွန်တော်လူမိုက်သည် ပို၍မိုက်မဲသောသူ မဖြစ်အောင်ကြိုးစားရင်း လူလိမ္မာ ကျောင်းသားလူငယ်တို့ ဆင်ခြင်တွေးတော သင်ခန်းစာယူနိုင်ရန် မျှဝေလိုက်ရပါသည်။
ပြည်ပရောက် ကျောင်းသားတစ်ဦး
သစ္စာဖေါက်ခံနေရဆဲ မျိုးဆက်သစ် မြန်မာ့ လူငယ်များ
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘုတ်မှာ မိတ်ဆွေ တယောက် တင်လိုက်တဲ့ သတင်းကိုဖတ်ပြီး တော်တော်လေး စိတ်မအီမသာ ဖြစ်သွားတယ်။ ပညာခေတ်မှာ မြန်မာလူငယ်တွေ ရရှိနေတဲ့ ပညာ အရည်အသွေးနဲ့ ပတ်သက်လို့ပါ။ မောက္ခပညာရေး မဂ္ဂဇင်းမှာ စာတွေရေးဖြစ်၊ ဖတ်ဖြစ်တော့ ကမ္ဘာ့နိုင်ငံ အများစုတွေဟာ ပညာရေးမှာ ရင်းနှီးမြုပ်နှံမှု အပြိုင်အဆိုင် ဖြစ်လာတာကို တွေ့မြင်နေရတယ်။
ကွန်ပျူတာ ကတ်တလောက်စနစ်၊ နောက်ဆုံးထုတ် အင်္ဂလိပ်စာအုပ်များ၊ ကျောင်းသားများအတွက် ဆိတ်ငြိမ် စာဖတ်ရန် နေရာများဖြင့် ထိုင်းနိုင်ငံ၊ ချုလာလောင်ကွန်းတက္ကသိုလ် စာကြည့်တိုက် ၂၁ ရာစုဟာ နည်းပညာ ပေါက်ကွဲတဲ့ ရာစုနှစ်၊ ပညာရေးက အရာရာကို ဦးဆောင်မယ်ဆိုတဲ့ ခေတ်မှာ ကျနော်တို့ရဲ့ တိုင်းပြည် ခေါင်းဆောင်တွေက တက္ကသိုလ် အဆောင်တွေကို ဟိုတယ်လုပ်မယ့် စီးပွားရေး လုပ်ငန်းရှင်တွေဆီ လေလံပစ် ရောင်းစားတာကို တွေ့ရတော့ တော်တော်လေး စိတ်ထိခိုက်ရပါတယ်။ ကျနော့်တို့ရဲ့ နိုင်ငံခေါင်းဆောင်ဆိုသူများ အသိဉာဏ် နည်းပါးရလေခြင်းဆိုပြီး ယူကျုံးမရ ဖြစ်မိပါတယ်။ ကျနော်တို့ မျိုးဆက်တွေဟာ ၁၉၆၂ ခုနှစ် ကတည်းက အုပ်ချုပ်သူတွေရဲ့ ဖျက်ဆီးမှုကို စနစ်တကျ ခံခဲ့ကြ ရပါတယ်။ နှစ် ၂၀ ကိုမျိုးဆက် တခုအဖြစ် သတ်မှတ်ရင် အခုဆိုရင် မျိုးဆက် သုံးခုလောက်ဟာ မတရား ဖျက်ဆီး ခံလိုက်ရပါပြီ။ ကျနော်က ၁၉၉၂ ခုနှစ်မှာ စစ်တွေ ဒီဂရီ ကောလိပ်ကို တက်ခွင့်ရပါတယ်။ ကောလိပ်၊ တက္ကသိုလ်တို့ဆိုတာ ကျောင်းသားတွေ သုတေသနလုပ် အသုံးပြုနိုင်ဖို့ စာအုပ်စာတမ်းတွေ သိပ္ပံသုတေသန လုပ်မယ့် ဓါတ်ခွဲခန်းသုံး ကရိယာတွေ ဘယ်လောက်များများ စားစားရှိသလဲဆိုတဲ့ အချက်က အရေးကြီးသလို ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း တော်တော်လေး အရေးပါပါတယ်။ ကျနော်တက်ရောက်ခွင့် ရခဲ့တဲ့ ဒီဂရီ ကောလိပ်မှာ စာကြည့်တိုက် Library သီးသန့် မရှိပါဘူး။ ကျောင်းသားတယောက် စာဖတ်ချင်လို့ စာအုပ် ငှားချင်သပဆိုရင် စာအုပ်တအုပ် ရဖို့ နာရီနှင့်ချီ စောင့်ဆိုင်းရပါတယ်။ (၀ါရင့် ကျောင်းသားအချို့၏ သင်ပြချက်အရ စာအုပ်မြန်မြန် လိုချင်ရင် စာကြည့်တိုက် ၀န်ထမ်းများကို မုန့်များဖြင့် လာဘ်ထိုးထားခြင်းဖြင့် မိမိလိုချင်သော စာအုပ်ကို အမြန် ရရှိနိုင်သည်မှာ ကိုယ်တွေ့ဖြစ်ပါသည် )။ တက္ကသိုလ် ကျောင်းသားတယောက်ရဲ့ အဓိက တာဝန်က မိမိဘာသာရပ်နှင့် ဆိုင်တဲ့ စာအုပ် စာတန်းတွေ ရှာဖွေ ဖတ်ရှု ရပါမယ်။ ဒါပေမဲ့ ကျနော်တို့ ကျောင်းနေစဉ် တက္ကသိုလ် ကျောင်းသား အများစုက စာဖတ်တဲ့ အလေ့ အကျင့် မရှိကြပါဘူး။ စာမဖတ်တဲ့ အပြင် စာမေးပွဲမှာ ခိုးချတဲ့ အလုပ်ကို ပါလုပ်ကြပါတယ်။ ကျောင်းပြီးလို့ လူ့လောကထဲ ကျင်လည်ရမယ့် လူငယ်တွေ စာမေးပွဲမှာ ခိုးချနေကြခြင်းဟာ ကျနော်တို့လူအဖွဲ့အစည်း အတွက် ကောင်းသော လက္ခဏာ မဟုတ်ပါဘူး။ ကျနော် ၂၀၀၁ ခုနှစ်မှာ ထိုင်းနိုင်ငံက နာမည်ကျော် ချူလာလောင်ကောင် တက္ကသိုလ်မှာ ပညာသင်နေတဲ့ မိတ်ဆွေ တယောက်ဆီကို အလည်အပတ် ရောက်ပါတယ်။ မြန်မာပြည်က ကျောင်းသားတွေနဲ့ မတူညီတဲ့ အချက်က စာဖတ်တာပါပဲ။ နေ့လည်စာ စားပြီးတာနဲ့ စာကြည့်တိုက် (Library) မှာ စာဖတ်နေရာ တစ်နေရာ ရဖို့အတွက် အပြေးအလွား အလုအယက် ယူရတဲ့ အနေအထားပါ။ ၂၀၀၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံက နာမည်ကျော် ဂျဝါဟာလာနေရူး တက္ကသိုလ်ကို ရောက်တော့ အမိမြန်မာပြည်က ကျောင်းသားတွေ ၊ အနာဂတ် ခေါင်းဆောင်လောင်းတွေ ဘယ်အထိ ခေတ်နောက်ကျ ကျန်ခဲ့ပြီလဲဆိုတာ တွေးမိပြီး စိတ်မကောင်းဖြစ်မိပါတယ်။ တက္ကသိုလ် အာဏာပိုင်တွေက စာကြည့်တိုက်ကို ည (၁၂) နာရီထိ ဖွင့်ပေးထားတယ်။ စာကြည့်တိုက်ကြီး ကိုယ်တိုင်က စာပေလေ့လာနေတဲ့ ကျောင်းသား တယောက်ရဲ့ စိတ်ပိုင်း ဆိုင်ရာတွေနဲ့ သင်ယူလေ့လာ ဆည်းပူးလိုစိတ်ကို တက်ကြွနိုးကြား စေပါတယ်။ ကြီးကျယ်တဲ့ တက္ကသိုလ်တွေနဲ့ ကျောင်းစာကြည့်တိုက် ကြီးတွေဟာ အနာဂတ် ခေါင်းဆောင်တွေရဲ့ အလိုအပ်ဆုံးသော၊ မရှိမဖြစ်သော ရတနာသိုက်တွေ ဖြစ်နေပါတယ်။ စာရေးဆရာကြီး မြသန်းတင့်ရဲ့ စကားလုံးကို ငှားသုံးရမယ် ဆိုရင် ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်ပေါ့ဗျာ။ တိတ်ဆိတ် ငြိမ်သက်စွာနှင့် စာပေလေ့လာနေတဲ့ ကျောင်းသားလူငယ်တွေ စာကြည့်ခန်းထဲ မှာအပြည့်။ တွေးတော၊ ဝေဖန်စဉ်းစားရင်း အနာဂတ်ကမ္ဘာကို ကိုယ့်ပညာနယ်ပယ်အလိုက် စိတ်ကူး ပုံဖော် နေကြပုံများက အားရစရာ၊ အားကျစရာပါ။ ရန်ကုန် တက္ကသိုလ်မှာတော့ ကျောင်းသားတွေ စည်ကားတဲ့ နေရာက လက်ဖက်ရည်ဆိုင် ဖြစ်နေဆဲ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ် ပင်မ စာကြည့်တိုက်မှာ စာအုပ်ဖတ်နေတဲ့ ကျောင်းသား တယောက်စ နှစ်ယောက်စက လွဲပြီး ကျန်သူတွေကတော့ သမီးရည်းစား ချိန်းတွေ့တဲ့ သူတွေ ဖြစ်နေပါတယ်။ အဓိပတိ လမ်းမဘေးက သစ်ပင်အောက် ခုံတန်းလျားတွေဟာ အတွဲတွေ ချစ်ဇာတ်လမ်းခင်းတဲ့ နေရာမျှသာ ဖြစ်နေတာ စိတ်မကောင်းစရာ ဖြစ်နေပါတယ်။ ကျောင်းသားတွေ ဒီလိုဖြစ်နေအောင် ဖန်တီးထားတာက စစ်အုပ်ချုပ်ရေး အောက်က ပညာရေးစနစ်ပါ။ တွေးခေါ်စဉ်းစားတဲ့၊ ဝေဖန်ပိုင်းခြားတဲ့ လူငယ်တွေ မလိုဘဲ အမိန့်နာခံတတ်မှု တခုအတွက် ရည်ရွယ်တည်ဆောက် ထားတဲ့ နိမ့်ကျတဲ့ ပညာရေး စနစ်ကြောင့် ဖြစ်ပါတယ်။ လူငယ်ထုကို လမ်းကြောင်းလွှဲထားတယ်။ အသိ ပညာဖွံ့ဖြိုးမှုအတွက် အဆင်မပြေတဲ့ တက္ကသိုလ်ပညာရေးပါ။ ကမ္ဘာ့နိုင်ငံ တော်တော်များများက ခေါင်းဆောင်တွေဟာ သူ့တို့နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာမယ့် လူငယ်တွေအတွက် ပညာရေး ကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေကြတာကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရပါတယ်။ (Worldwide Education and Library spending) ၀ဘ်ဆိုဒ် စာမျက်နှာမှာ ဖေါ် ပြချက် အရ အမေရိကန် ပြည်ထောင်စုက ပညာရေး ကဏ္ဍမှာ ဒေါ်လာ ဘီလီယံ (၅၀၀) နဲ့ နံပါတ် တစ်နေရာမှာ ရှိနေပါတယ်။ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေက ဒုတိယ၊ တတိယနှင့် စတုတ္တနေရာ အသီးသီးမှာ ရှိနေကြ ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ စာကြည့်တိုက် တခုတည်းမှာ သုံးတဲ့ အသုံးစရိတ်က ဒေါ်လာ ၁၂ ဘီလီယံ ရှိပါတယ်။ ဒီလောက် ရင်းနှီးမြုပ်နှံမှု လုပ်နေတာတောင် ၂၀၀၉ ခုနှစ်က လုပ်တဲ့ (Program for International Student Assessments - PISA) စစ်ဆေးမှုမှာ အမေရိကန် ပြည်ထောင်စုက ကျောင်းသားတွေ နံပါတ် (၁၄) နေရာကို ရောက်သွားတဲ့ အတွက် အုပ်ချုပ်သူတွေ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရပါတယ်။ ပညာရေး ၀န်ကြီး (Arne Duncan) က ဆိုရင် ဒီသတင်းကို ကြားပြီး တုန်လှုပ် ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ (Spunik moment) လို့ ပြောဆိုခဲ့ပါတယ်။ Spunik moment ဆိုတာ ဆီုဗီယက် ပြည်ထောင်စုက ကမ္ဘာပတ် လမ်းကြောင်းထဲကို ဂြိုဟ်တု လွှတ်တင် လိုက်တဲ့အချိန်၊ အမေရိကန်က ခေတ် နောက်ကျ ကျန်ခဲ့ပြီ ဆိုပြီး အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပေါ်ခဲ့တဲ့ သုတေသနနှင့် နည်းပညာလှုပ်ရှားမှု အကြောင်းရည်ညွန်း ပြောသွားတာ ဖြစ်ပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ ဆိုရင် (King Abdullah Science and Technology Institute) တက္ကသိုလ် တခုတည်းမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံ ခဲ့ပါတယ်။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံ့ခေါင်းဆောင် တွေဟာ ပညာရေးကို ဘယ်အတိုင်းအတာထိ စိတ်ဝင်စားနေတယ် ဆိုတာ သိသာပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် အုပ်ချုပ်သူတွေ၊ ပညာရှင်တွေ၊ ကျောင်းအာဏာပိုင်တွေဟာ မကြာခင်မှာ ဖြစ်ပေါ်လာမယ့် (Asean Economic Community - အာဆီယံ စီးပွားရေးကွန်မြူနတီ) ၀င်ဆန့်ဖို့ ကြိုတင် ပြင်ဆင် နေကြတာကို တွေ့မြင်နေရတာ တော်တော် အားကျစရာ ကောင်းပါတယ်။ တာဝန်ရှိသူတွေသာ ပြင်ဆင်တာ မဟုတ်ဘဲ ကျောင်းသားတွေ ကိုယ်တိုင်က လာမယ့်အနာဂတ် ကာလမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေ အပေါ် ရင်ဆိုင်ဖို့ ပြင်ဆင် နေကြပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၂၇ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍမှာ သုံးထားပြီး အမျိုးသား ထုတ်ကုန် GDP နှင့် တွက်ရင် ပညာရေး အသုံးစရိတ်က ကမ္ဘာ့နံပါတ် တစ်နေရာမှာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့မြန်မာနိုင်ငံ၊ စစ်အာဏာပိုင်တွေက နိုင်ငံတခုရဲ့ ကျက်သရေဆောင် အမျိုးသား စာကြည့်တိုက်နှင့် တက္ကသိုလ်တွေကို လေလံတင် ရောင်းချလိုက်၊ ပညာရေး အသုံးစရိတ်ကို အနိမ့်ဆုံးထားလိုက်၊ လူငယ်ထုကို မတွေးခေါ်တတ်အောင် ပိတ်ဆို့လိုက်၊ ထောင်ချလိုက်၊ သင်ရိုးကိုလည်း ပြောင်းလဲပြုပြင်ခွင့် မပေးနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အလုပ်တွေကို လုပ်နေတာ တော်တော် ရင်လေးစရာ ကောင်းလှတယ်။ ပညာရေးကို ဘယ်ပုံ၊ ဘယ်နည်း တည်ဆောက် ပုံဖော်နေကြသလဲ ဆိုတာ စိုးရိမ်စရာပါ။ နိုင်ငံရဲ့ လူဦးရေ တ၀က်ရှိတဲ့ လူငယ်တွေ ၂၁ ရာစုကို ဘယ်ပညာရေး၊ ဘယ်အတွေးအခေါ်နှင့် ရင်ဆိုင် ဖြတ်သန်းကြမလဲ ဆိုတာ အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံက မျိုးဆက်သစ် လူငယ်တွေ အုပ်ချုပ်သူတွေ အဆက်ဆက်ရဲ့ သစ္စာဖေါက်ခြင်းကို ခံနေလိုက်ရပြီလားလို့ တွေးမိပါတယ်။ လှရွှေ Sources; Think Again, Education (Foreign Policy) Worldwide education and library spending Ministry of education (Thailand) http://maukkha.org/index.php?option=com_content&view=article&id=1896&catid=91&Itemid=359 |
ကမ္ဘာကျော်ကြီးပေမယ့် မိတ်ဆွေတစ်ယောက်ဆီက လက်ဆင့်ကမ်းလာတဲ့ ကြော်ငြာလေးတစ်ခု ဓာတ်ချောစာကနေ ဝင်လာတယ်။ ဖတ်ကြည့်လိုက်တော့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တစ်ခုက ကမကထလုပ်ပြီး ကျင်းပမယ့် "အမျိုးသမီးများရဲ့ စကားဝိုင်း" အစီအစဉ်ပါတဲ့။ အဲဒီ့အစီအစဉ်မှာ ပြောမယ့်သူတစ်ယောက်ကြောင့် ကျွန်တော် မျက်လုံးပြူးသွားရပါတယ်။ သူကတော့ ဗြိတိသျှ ရုပ်ရှင်မင်းသမီး အကျော်အမော် အယ်မာ ထော(မ်)ဆင်(န်) ဖြစ်နေပါတယ်။ သူ့ နာမည် မြင်လိုက်တာနဲ့ ခေါင်းထဲမှာ ပေါ်လာတာက "ဂျိန်း အော် စထင်(န်)" ရဲ့ ဂန္ထဝင်ဝတ္ထုကြီးဖြစ်တဲ့ Sense and Sensibility ပါပဲ။ အဲဒီ့ဝတ္ထုကို ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် သည်မင်းသမီးကိုယ်တိုင်က ရေးသားခဲ့ပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီ့ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ညွှန်း အော်စကာဆုကို သူက ဆွတ်ခူးရရှိခဲ့တဲ့အပြင် အော်စကာဆုမဟုတ်ပေမယ့် BAFTA လို့ လူသိများတဲ့ "ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အနုပညာ ဗြိတိသျှ အကယ်ဒမီ"က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုလည်း အဲဒီ့ကားနဲ့ပဲ ရခဲ့ပါသေးတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်သလို Howards End ဆိုတဲ့ ဇာတ်ကားနဲ့လည်း အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အော်စကာဆု ရရှိထားသူလည်း ဖြစ်ပါတယ်။ တိုတိုပြောရရင် အောင်မြင်ထင်ရှားတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးပေါ့။ အဲဒီ့မင်းသမီးက သည်အခမ်းအနားမှာ စကားပြောမယ်ဆိုတော့ ကျွန်တော်လည်း အလွန်စိတ်ဝင်စားသွားတယ်။ ကမ္ဘာကျော် မင်းသမီး တစ်ယောက်ကို အပြင်မှာ မြင်ဖူးဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးတာမျိုးပါ။ အခုတော့ ကိုယ့်တိုင်းပြည်ထဲကလည်း တစ်လက်မမှ မထွက်ရဘဲ သူလို မင်းသမီးကို မြင်တွေ့နိုင်တဲ့အခွင့်အရေးမို့ လက်လွတ်မခံတော့ဘဲ သက်ဆိုင်တဲ့ တာဝန်ခံဆီကို ဖိတ်စာပို့ပေးဖို့ ဓာတ်ချောစာနဲ့ပဲ လှမ်း မေတ္တာရပ်ခံလိုက်ပါတော့တယ်။ ဟိုကလည်း မဆိုင်းမတွဘဲ အကြောင်းပြန်တယ်။ နေရာအခက်အခဲကြောင့် ဖိတ်စာကန့်သတ်ထားကြောင်းနဲ့ ဖိတ်စာတွေ အဆင်သင့်ဖြစ်ရင် ကျွန်တော်တို့ ဇနီးမောင်နှံအတွက် ပို့ပေးပါ့မယ်တဲ့။ သည်လိုနဲ့ ဖိတ်စာကလည်း အင်တာနက်ကတစ်ဆင့်ပဲ ရလာတယ်။ ဖိတ်စာကို ပုံနှိပ်ပြီး ယူလာခဲ့ပေးပါလို့လည်း မှာပါသေးတယ်။ သည်လိုနဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စနေနေ့မှာ အဲဒီ့အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီ့ အခမ်းအနားက နေ့ခင်း ၃ နာရီမှာ စမှာ။ ၃ နာရီအတိမှာ စချင်တဲ့အတွက် ၂ နာရီ ၄၅ မတိုင်ခင် အရောက်လာပြီး နေရာယူပေးဖို့လည်း ဖိတ်စာမှာ နှိုးဆော်ထားတယ်။ ဖြစ်ချင်တော့ အဲဒီ့နေ့ နေ့လည် တစ်နာရီက သုံးနာရီအတွင်း ကန်တော်ကြီးစောင်းက ဟိုတယ်ကြီးတစ်ခုမှာ ကျင်းပမယ့် မင်္ဂလာအခမ်း အနားအတွက် အခမ်းအနားမှူး လုပ်ပေးဖို့ ကျွန်တော်က လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လက်ခံထားမိနေတယ်။ အချိန်က နည်းနည်း ကသီလင်တဖြစ်ချင်စရာပေါ့။ တကယ်လည်း ကသီပါတယ်။ မင်္ဂလာဆောင်က ပြန်ထွက်လာတော့ ၂ နာရီ ၁၅ မိနစ်ရှိနေပြီ။ ဖြစ်ချင်တော့ ကျွန်တော့်ကားရှေ့မှာ တခြား ကားတစ်စီးက ပိတ်ရပ်သွားလို့ အဲဒီ့ကားရှင်ကို ရှာရတာနဲ့ အချိန်က ပိုကြာသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဆုန်စိုင်းပြီး အိမ်ပြန်ပြေးရသေးတယ်။ အဝတ်ပြန်လဲရသေးတာပ။ ပွဲထိုင် အဝတ်ကြီးနဲ့ လန်းလန်းလန်းလန်း လုပ်ပြီး သွားဖို့မှ မတော်ဘဲလေ။ သည်လိုနဲ့ ၂ နာရီ ၄၅မိနစ်အတိမှာပဲ "အမျိုးသမီးများရဲ့ စကားဝိုင်း" ကျင်းပမယ့် ရွှေတောင်ကြားထဲက ဩစတြေးလျသံရုံးရဲ့ အပမ်းဖြေရိပ်သာကို ရောက်သွားပါတယ်။ စိတ်ထဲမှာ သံသယတစ်ခုက ရှိနေသေးတယ်။ သူတို့ကသာ အယ်မာ ထော်(မ်)ဆင်(န်) ပြောမယ်လို့ ပြောတာ။ လူကိုယ်တိုင် မဟုတ်ဘဲ ရုပ်မြင်သံကြားကတစ်ဆင့် ပြောရင်လည်း ဖြစ်နိုင်နေတာပဲလို့ တွေးမိနေရတာပါ။ ဒါပေမယ့် ကျွန်တော် ရောက်ပြီး မကြာခင်မှာပဲ မင်းသမီးကြီး ဝင်လာတာတွေ့လိုက်ရပါတယ်။ အသက် ၅၃ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ မင်းသမီးကြီးက ချောမောတင့်တယ်လှပါတယ်။ သူနဲ့အတူ ပြောမယ့်သူတွေက အငြိမ်းစား ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၊ စာရေးဆရာမ ဂျူးနဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့လည်း ပါပါတယ်။ ကျွန်တော့် ကင်မရာက မနားတော့ပါဘူး။ အခမ်းအနားကို သုံးနာရီတိတိမှာ စလိုက်ကြပါတယ်။ စုစုပေါင်း လူ ၇၀ စာ ထိုင်ခုံချထားပြီး ထိုင်ခုံ အားလုံးနီးပါး ပြည့်ပါတယ်။ အများစုက အမျိုးသမီးတွေပါ။ အမျိုးသားရယ်လို့ ဆယ်ယောက်မပြည့်ပါဘူး။ အဖွင့်အမှာစကားကို မြန်မာနိုင်ငံဆိုင်ရာ ဩစတြးလျ သံအမတ် အမျိုးသမီးကြီးက ပြောတယ်။ သူ့နောက်မှာ ကမကထပြုတဲ့ Action Aid အဖွဲ့အစည်းက အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အဲဒီ့နောက် ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က မြန်မာနိုင်ငံက အမျိုးသမီးများရဲ့ အနေအထားကို ပုဂံခေတ်က အစချီကာ ပြောပါတယ်။ အသံချဲ့စက်မပါတဲ့ အခမ်းအနားမို့ တိုးတိုးသက်သာ ပြောတဲ့ ဆရာမကြီး အသံကို အတော် နားစိုက်ထောင်ရပါတယ်။ ဆရာမကြီးက အင်္ဂလိပ်ဘာသာနဲ့ပဲပြောတာပါ။ နောက် ဆရာမဂျူးအလှည့်ပါ။ ကျွန်တော်နဲ့အတူ မော်လမြိုင်မှာ ဟောတုန်းကထက် သည်မှာ ဒေါ်ဂျူးကပိုပြီး သွက်လက်နေတယ်။ မိန်းကလေးဆိုရင် ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး ပုံသေကားချ သတ်မှတ်ချင်ကြတဲ့ သဘောထားကို ပယ်သင့်တဲ့အကြောင်းကို သူက ဆွေးနွေးသွားတာပါ။ သူ့မိခင် ဖခင်တို့ရဲ့ အိမ်ထောင်ရေးဘဝ၊ မိသားစုဘဝကို နမူနာလေးနဲ့ ပုံဖော်သွားတာက စိတ်ဝင်စားဖွယ်၊ နှစ်လိုဖွယ်ပါပဲ။ နောက်တစ်ယောက်က ဖြူဖြူကျော်သိန်းဖြစ်ပါတယ်။ သူကလည်း အင်္ဂလိပ်လိုပဲ ပြောပြန်ပါတယ်။ ရော့(ခ်)အဆိုတော် တစ်ယောက်အဖြစ် သူ လျှောက်လှမ်းခဲ့ရတဲ့ လမ်းကြောင်းလေးနဲ့ အစချီပြီး အမျိုးသမီးများရဲ့ အနာဂတ်အတွက် အခြေခံအကျဆုံးကတော့ ပညာရေးသာ ဖြစ်ကြောင်း သူကလည်း ချက်ချက်ချာချာ ပြောသွားတယ်။ လာပါပြီ။ ကမ္ဘာကျော်မင်းသမီးကြီး။ သည်မင်းသမီးကြီးရဲ့ ဂုဏ်ပုဒ်တွေထဲမှာ သရုပ်ဆောင်မင်းသမီး၊ ဟာသပညာရှင်၊ ဇာတ်ညွှန်းဆရာမ ဆိုတဲ့ ဂုဏ်ပုဒ်သုံးရပ်က တွဲနေပါတယ်။ ဟာသပညာရှင်ပြီပြီ သူ စဝင်လာကတည်းက ပရိသတ်က တသောသောနဲ့ ရယ်မောနေကြရရအောင် ဟန် မာန်အပြည့်နဲ့ လှုပ်လှုပ်ရှားရှား ပြောသွားပါတယ်။ ဟောစင်နောက်မှာ တောင့်တောင့်ကြီး ရပ်ပြီး ဟောပြောတာကို ဘယ်တုန်းကမှ မကြိုက်တတ်သလို ကိုယ်တိုင်လည်း တစ်ခါမှ မလုပ်ဖူးတဲ့ ကျွန်တော့်အတွက်တော့ အယ်မာ့ ပြောပုံ ဆိုလက်နဲ့ ဟန်အမူအရာတွေ၊ အလှုပ်အခတ်တွေက စွဲမက်စရာ ကောင်းနေပါတယ်။ မင်းသမီးပီပီ မျက်နှာထား၊ အသံနေ အသံထားနဲ့ မင်မောင်းကလည်း အလွန်ကောင်းလှပါတယ်။ သူကလည်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝ၊ သူရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အပူပိုင်းဒေသမှာ တွေ့ခဲ့ရတဲ့ မိန်းကလေးတွေရဲ့ ဘဝများနဲ့ အစချီရင်း မိန်းမကောင်းဆိုတာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုတဲ့ ခေါက်ရိုးအထပ်ထပ် အချိုးခံပြီး ပုံစံခွက်ထဲ အသွပ်ခံရပုံများကို ပြောသွားပါတယ်။ အဲဒီ့ အစဉ်အလာ အရိုးစွဲအတွေးအမြင်တွေ ပပျောက်အောင် ဆောင်ရွက်ဖို့က လူတိုင်းမှာ တာဝန်ရှိကြောင်းပေါ့။ အားလုံးခြုံလိုက်ရင် စိတ်ဝင်စားစရာ ကောင်းတဲ့ အစီအစဉ်လေးပါပဲ။ ဟောပြောသူတွေကလည်း တစ်ယောက်ကိုတစ်ယောက် ငဲ့ပြီး အချိန်တွေ အများကြီး ယူမသွားဘဲ တိုတိုကျဉ်းကျဉ်းနဲ့ ထိထိမိမိ ပြောသွားကြတာမို့ ကျစ်ကျစ်လစ်လစ် ရှိပါတယ်။ ဒါတောင် အခမ်းအနားပြီးတော့ ငါးနာရီ ထိုးခါနီးနေပါပြီ။ အချိန်ကို ငဲ့ရတာမို့ မူလ အစီအစဉ်အတိုင်း ပရိသတ်ရဲ့ မေးခွန်းတွေကို ဖြေကြားမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြပါတယ်။ ကျွန်တော့်အတွက် နည်းနည်း စိတ်ကသိကအောက်ဖြစ်ဖို့ ကောင်းသွားတာကတော့ အဲဒီ့က တာဝန်ရှိသူ အမျိုးသမီးတစ်ယောက်က ပွဲအလယ်မှာ ကျွန်တော့်ကို သိပ် လမ်းမသလားပါနဲ့လို့ သူ့နားက အဖြတ်မှာ ပြောတာပါပဲ။ လမ်းသလားတာ မဟုတ်ပါဘူး။ ဓာတ်ပုံရိုက်နေတဲ့အတွက် သွားလာလှုပ် ရှားနေရတာပါလို့ ကျွန်တော် ပြောပေမယ့် သူက ဇွတ်ပြောနေပါတယ်။ နိုင်ငံခြားသူတစ်ယောက်ပါ။ စိတ်ထဲမှာ အလွန်မျက်သွားပါတယ်။ အဲဒီ့ပွဲမှာ နိုင်ငံခြားသား လူငယ် ဓာတ်ပုံဆရာတစ်ယောက်၊ မြန်မာ အမျိုးသမီး ဓာတ်ပုံဆရာမတစ်ယောက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်တို့လည်း ဓာတ်ပုံရိုက်နေကြပါတယ်။ သူတို့ဆိုရင် ပရိသတ်အားလုံးရဲ့ ရှေ့ကနေ မတ်တတ်ရပ်ပြီး ရိုက်ကြတာတွေတောင် ပါသေးတယ်။ ကျွန်တော်ကမှ ဘေးဘက်က ရိုက်တာပါ။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ပြောနေတုန်းမှာသာ ဆရာမကြီးက ထိုင်ရာက မထဘဲ ပြောတာမို့ အလယ် မင်းလမ်းက သွားရိုက်ရပါတယ်။ ကျွန်တော်ကိုင်တဲ့ ကင်မရာကလည်း အပျော်တမ်း ကင်မရာဆိုပေမယ့် ကချော်ကချွတ်တော့ မဟုတ်ပါဘူး။ အငယ်တမ်း ပညာရှင်သုံး ကင်မရာမျိုးပါ။ တစ်ခုတော့ ရှိသပေါ့။ ကျွန်တော်က ဓာတ်ပုံရိုက်ရင် ဖြည့်စွက်မီးကို သုံးခဲတယ်။ သဘာဝ အလင်းရောင်နဲ့ ရိုက်တဲ့ အကျင့်ရှိတယ်။ မီးခွက်ကြီး တပ်ဆင်မထားတဲ့ ကင်မရာမို့ သူက အထင်သေးသလားတော့ မသိဘူး။ ဓာတ်ပုံရိုက်နေသူ လေးယောက်အနက်မှာ ကျွန်တော့်တစ်ယောက်ကိုပဲ ကွက်ပြီး အဲလိုပြောတော့ စိတ်ထဲ အတော် မျက်သွားပါတယ်။ အခမ်းအနားကလည်း တန်းလန်းမို့ အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်ချင်လို့သာ ကျွန်တော် ရှောင်ထွက်လာခဲ့ပါတယ်။ မဟုတ်လို့ကတော့ သူ့ကို ကောင်းကောင်း ပြန်ပြောဖြစ်သွားမှာ သေချာတယ်။ မြင်ရတွေ့ရခဲလှတဲ့ ကမ္ဘာကျော် မင်းသမီးကြီးကို အားပါးတရ တွေ့ရတာ၊ ဓာတ်ပုံတွေ ရိုက်ခွင့်ရလိုက်တာ၊ စကားပြောခွင့်ရလိုက်တာနဲ့ပဲ အဲဒီ့ အထစ်အငေါ့လေးကို ကျော်လွှားလိုက်နိုင်သွားပါတယ်။ ပွဲအပြီး လက်ဖက်ရည်ဝိုင်းမှာ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း ဓာတ်ပုံပြပွဲကို ကြည့်ရပါတယ်။ အဲဒီ့ ဓာတ်ပုံတစ်ပုံဝယ်ရင် အယ်မာ ထော(မ်)ဆင်(န်)ရဲ့ လက်မှတ်ပါတဲ့ ကပ်ခွာလေးတစ်ခု ရမှာမို့ ဓာတ်ပုံနှစ်ပုံ ဝယ်လိုက်ပါတယ်။ ပြီးတော့ အယ်မာနဲ့ ဓာတ်ပုံတွဲရိုက်ပေါ့ဗျာ။ မင်းသမီးကြီးကလည်း သဘောမနော ကောင်းစွာပဲ၊ လူတကာနဲ့ ဖက်လှဲတကင်း ဓာတ်ပုံအရိုက်ခံ ပေးတာမို့ ကြည်နူးစရာ ကောင်းပါတယ်။ အပြန်လမ်းမှာ ကျွန်တော့်အိမ်သူက ပြောပါတယ်။ "ကမ္ဘာကျော်ကြီးပေမယ့် ပဲမများဘူးနော်"တဲ့။ ကျွန်တော်က သူ့စကား နောက်ကွယ်က အနက်ပွားကို ဆင်ခြင်မိရင်း ခေါင်းညိတ်ထောက်ခံလိုက်မိရပါတော့တယ်။ အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ ကနေ့ (၂၀-၁၀-၁၁)ထုတ် Bi Weekly Eleven ဂျာနယ်ပါ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။ |
|
ဦးဟန်ညောင်ဝေက NLD ဦးတင်ဦးခြေထောက်ကို ဖက်ပြီး တောင်းပန်ရမယ် Posted: 22 Oct 2011 10:56 PM PDT ကျနော်စာရေးလျှင် တိကျသော အကြောင်းအရာများတွေနှင့် ရေးပြီးမှ ခေါင်းစဉ်ကို စာဖတ်သူများသိအောင် နောက်ဆုံးနိဂုံးမှာ ဖေါ်ပြတတ်သည်။ ခုတော့ ခေါင်းစဉ်ကို အယင်ရေးပြီးမှ နိဒန်းကို စရပါတော့သည်။ အကြောင်းကား ပြည်တော်ပြန်မောင်ဟန် အကြောင်းကို ရေးသားရ၍ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို စာတစောင် ပေတဖွဲ့ ဖြင့် ကျနော် မရေးချင် ။ ရေးလောက်ရအောင်ကလည်း သူကား နိုင်ငံရေးလောကတွင် ဘယ်လိုကောင်မျိုးမှ မဟုတ်။ သူ့ ဖခင်မှာ နိုင်ငံတော် သမတာကြီး စပ်ေ၇ွှသိုက်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့ စဉ်က ဖမ်းဆီးထောင်ချခံခဲ့ ရသူဖြစ်သည်။ သူ့ အကိုတယောက် ယင်းအာဏာသိမ်းပွဲမှာ သေဆုံးခဲ့ ရသည်။ ယင်းဖြစ်ရပ်ကို ကျနော်သည် ကြုံရာဆောင်းပါးများတွင် မခံချိ မခံသာ ရေးခဲ့ သူဖြစ်သည်။ ကျနော်အမှန်စိတ်မကောင်းစွာဖြင်ရေးခဲ့ ခြင်းဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေး ကောင်စီက အာဏာသိမ်းခဲ့ စဉ် ယခုလို အပြစ်မဲ့  လူငယ်တဦး သေဆုံးခြင်းကို အလွန်နှမြောစွာဖြင့် ရေးသားခဲ့ ခြင်းဖြစ်သည် ။ ယခုတော့ ယင်းသမတကြီးစပ်ရွှေသိုက်၏သားက သူ့ အဖေအပေါ် စာနာမှူများ ၊ သူ့ အကိုအပေါ် သနားကြင်နာမှုများကို တစစီ ဆွဲ ယူဖဲ့ ငင်သွားပြီ ။ ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံရေး လောက၌ ၈၈ အရေးအခင်းတွင် အကွက်ချောင်းကာ ၀င်လာသူဖြစ်သည်။ သူဝင်လာသည်မှာ မြက်မြက်ကလေး စားပေါက်ရခြင်းနှင့် အကြံအဖန်အတွက်ဆိုလျှင် အကြောင်းမဟုတ်။ တကယ့်ပီဘိ အန္တရယ်တကောင် သဘွယ် ဗမာလူမျိုး များနှင့် တိုင်းရင်းသား လူမျိုးများကို ရန်တိုက်ပေးလာသူဖြစ်သည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းကြားတွင် နိုင်ငံရေးအဖွဲ့ အစည်းများလည်း ရှိနေသည်။ ယင်းအဖွဲ့ များမှာ ၈၈ အရေးအခင်းဖြစ်ပြီးနောက် ABSDF ကျောင်းသားတပ်ဦးအဖွဲ့ ကလည်း ရှိနေသည်။ အခြားဗမာလူမျိုးများနှင့် နိုင်ငံရေးအဖွဲ့ အစည်းတွေလည်း ရှိနေသည်။ ဦးဟန်ညောင်ဝေမှာ အနောက်နိုင်ငံမှ နေပြီး ထိုင်းနယ်စပ်ကိုဆင်းလာကာ ဗမာမပါသော တိုင်းရင်းသားလူမျိုးများ ကောင်စီကို ဖွဲ့ စည်းလိုက်တော့သည်။ ယင်းကို ENC ဟုခေါ်သည်။ ထိုင်းနယ်စပ်တွင် DAB ဆိုသော လက်နက်ကိုင်တပ်ပေါင်းစု မဟာမိတ်အဖွဲ့ ရှိသည်။ ယင်းအဖွဲ့ က သမိုင်းလိမ်သော ဘင်္ဂလီ မူဆလင်လူမျိုးတွေက အဖွဲ့ ဝင်အဖြစ် ပါဝင်ရန် လျောက်ထားသည် ။ သို့ သော် DAB မှ လက်မခံကြောင်း သိရသည်။ သို့ သော် ဦးဟန်ညောင်ဝေ ဖွဲ့ စည်းသော ENC မှာ သမိုင်းလိမ် မူဆလင် လူမျိုးတွေကို အဖွဲ့ ဝင်အဖြစ် လက်ခံသည်ဟုဆိုသည်။ နောက် ရခိုင်လူမျိုးအဖွဲ့ ဖြစ်သော ANC မှ ပုဂ္ဂိုလ်များနှင့် အတူအကွ ထိုင်ပြီး ဓါတ်ပုံအတူတွဲရိုက်ကာ ရခိုင်လူမျိုးတွေကပင် လက်ခံသယောင်ယောင် လုပ်လိုက်သေးသည်။ တော်လှန်ရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ မဟာမိတ်ပြုလုပ်ဆောင်၇ွက်တတ်ရသည် ။ ENC မှာ ယင်းသို့  မဟုတ်။ အားလုံးသွေးကွဲအောင် လုပ်သလို တကယ်လည်း သွေးရော စိတ်ရော ကွဲ ကြပါသည်။ ဦးဟန်ညောင်ဝေသည် ရခိုင်ပြည်ကို မရောက်ဖူးပါဘဲ မည်သည့်အတွက်ကြောင့် သူတို့ အတွက် အလုပ်လုပ်ပေးရသနည်း ။ ရှင်းနေပါသည်။ သူတို့  ဆီက အကြံအဖန်ရနေ၍ဖြစ်သည်ဟု လူတွေက ထောက်ပြဝေဖန်နေကြတာကို တွေ့ ရသည်။ သူမည်သို့ မည်ပုံ ငွေကြေားထောက်ပံ့မှုများ ရသည်ကို ကျနော်မသိ ။ စိတ်လဲမ၀င်စား။ သူရလျှင် သူတော်လို့  ဖြစ်သည်ဟု စိတ်ထဲမှာ ထင်ထားသည်။ ကာဇစ်စတန်နိုင်ငံမှာ ဘင်္ဂလီမူဆလင်တွေ လူမျိုးတွေက သမိုင်းလိမ်နာမည်နှင့် ညီလာခံလုပ်တော့ ဦးဟန်ညောင်ဝေက ညီလာခံသွားရောက်တက်သည်။ ခေါ်သည့်သူက ခေါ်တော့ သွားတက်တာဘဲ ဖြစ်သည်။ သူ့ မှာ သူတို့ နှင့် ငွေကြေးမည်မျှ ရသည်ကို ကျနော်စိတ်မ၀င်စား ။ ဒေါ်လာ သိန်းပေါင်းများစွာ ကို သမိုင်းလိမ်မူဆလင်လူမျိုးတွေက ပေး၍ ရတော့လည်း သူတော်လို့ သာ ဟု ပြောချင်သည်။ ရခိုင်လူမျိုးတွေက ရခိုင်သမိုင်းတွေကော မြန်မာသမိုင်းတွေကိုပါ အကိုးအကားနှင့် ချပြ ရှင်းလင်းနေပါလျက် ယင်းရှင်းလင်းချက်ကို ဦးဟန်ညောင်ဝေက လက်မခံခြင်းလား သို့ တည်းမဟုတ် မသိကျိုးကျွန် ပြုနေခြင်းလား မပြောတတ် ။ တဖက်ဘင်္ဂလီမူဆလင်လူမျိုးတွေက တိုင်းရင်းသား လူမျိုးစုများဖြစ်အောင် ငွေတွေပုံပေးပြီး လုပ်နေခြင်းလားဆိုသည်ကို ဘာမျ မပြောဆိုလိုတော့ ။ ယင်းမှာ ဦးဟန်ညောင်ဝေ ပြသနာဖြစ်သည်။ ဘင်္ဂလီမူဆလင်လူမျိုးတွေကို တိုင်းရင်းသားလူမျိုးစုနွယ်အဖြစ် သတ်မှတ်မည့်သူမှာ လက်ရှိအစိုးရသာ ပတ်သက်သည်။ သမိုင်းဆရာကြီများ သုတေသီများ မဟုတ်။ သမိုင်းဆရာကြီးများ နှင့် သုတေသီများမှာ သူတို့  သိကျွမ်းသော အချက်အလက်များကို အကိုးအကားများ နှင့် တင်ပြကြပေမည်မှာ အမှန်ဖြစ်သည်။ ထို့ ကြောင့် ယခုအချိန်တွင် ဦးဟန်ညောင်ဝေမှာ ရန်ကုန်ရောက်နေပြီဖြစ်သည် ။ ရခိုင်သမိုင်းများနှင့် မြန်မာနိုင်ငံ မှန်နန်းရာဇ၀င်များကို ဦးဟန်ညောင်ဝေ လေ့လာနိုင်တော့မည်ဖြစ်သည် ။ ရခိုင်သမိုင်းဆရာများနှင့် သုတေသီတို့ က ဦးဟန်ညောင်ဝေနှင့် နဖူးတိုက်ဒူးတိုက် တွေ့ ဆုံ ဆွေးနွေးရတော့မည်။ တွေ့  ဆုံဆွေးနွေးရေးအတွက် သက်ဆိုင်ရာ သမတ ဦးသိန်းစိန် အစိုးရသည်လည်း ဆောင်ရွက် ပြုလုပ်ပေးရန်လိုသည်။ သို့  တည်းမဟုတ် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်က ဦးဆောင် ပြုလုပ်ပေးရန်လိုသည်။ သို့ မဟုတ် ရခိုင်သမိုင်းဆိုင်ရာ ကော်မီမှ ဦးဟန်ညောင်ဝေနှင့် တွေ့ ဆုံ ဆွေးနွေးရန်လိုသည် ။ သို့ မဟုတ် ဦးဟန်ညောင်ဝေမှ ရခိုင်လူမျိုးတွေနှင့် တွေ့ ဆုံဆွေးနွေးရန် ကြိုးစားရမည်ဖြစ်သည်။ အကြောင်းမှာ ပြည်ပနိုင်ငံတွင် ဦးဟန်ညောင်ဝေ ကြိုးစားခဲ့ သော သမိုင်းလိမ်မူဆလင်လူမျိုးတို့ အား တိုင်းရင်းသား လူမျိုးစုနွယ်အဖြစ် အသိအမှတ်ြ့ပုရန် ကြိုးပမ်းခြင်းမှာ မှားယွင်းခြင်းလားဆိုသည်ကို အဖြေရှာနိုင်ရန်ဖြစ်သည်။ တချိန်တည်းမှာပင် ပြည်တွင်းမှ အခြားလူမျိုးတွေက ပြည်ပမှ နာမည်တမျိုးဖြင့် တိုင်းရင်းသားလူမျိုးစုနွယ် အဖြစ် အသိအမှတ်ပြုရေးကို ဦးဟန်ညောင်ဝေအား မျက်ဝါးထင်ထင် လေ့လာခွင့်ရအောင် ဖန်တီးပေးရန်လိုသည်။ မြန်မာနိုင်ငံအတွင်းတွင် ရခိုင်ပြည်နယ် အပါအ၀င် မည်သည့် နေရာဒေသ၌ မဆို ယင်းလူမျိုးများရှိသည်ဆိုဘျင် တွေ့ ခွင့်ပေးကာ လေ့လာမှတ်သားခွင့် ပြုလုပ်ပေးရန်လိုသည်။ ပြည်ပမှာကျတော့ ရိုဟင်ဂျာ လူမျိုးပါလို့  အော်ပြောနေ၍ မရ ။ ဆရာကြီး ဦးဟန်ညောင်ဝေကို ယင်းလူမျိုးများနှင့် တွေ့ ဆုံပေးရန်လိုသည်။ ယင်းလူမျိုးများနှင့် တွေ့ ဆုံလျင် မြန်မာနိုင်ငံအတွင်း အမှန်တကယ်ပင် လက်ထက်ထိမ်းမြားမှု မရခြင်း ။ စီးပွါးရေးမပြုလုပ်နိုင်ခြင်း ။ခရီးသွားလာမှုမပြုနိုင်ခြင်း ။ ပလီတက်ပြီး ဘာသာရေးအရ ဆုတောင်းမပြုနိုင်ခြင်းတို့ ကို တကယ်ရှိမရှိ လက်တွေ့ ပြပေးစရာလိုသည်။ သမိုင်းအရ လူမျိုးတမျိုးသည် နှစ်ပေါင်းထောင်နှင့်ချီကာ နေထိုင်ခဲ့ သည်ဟု ဆိုလျင် သူတို့ မှာ ရှေးဟောင်းယဉ်ကျေးမှ အဆောက်အဦးများ ရှိရလိမ့်မည်ဖြစ်သည်။ ယင်းရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦးများကို လေ့လာခွင့် ပြုလုပ်ပေးရန်လိုသည်။ အကယ်၍ ဦးဟန်ညောင်ဝေအား ယင်းလူမျိုးများက ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦ ။ နေထိုင်ချက်မြုပ်ရာဒေသများ နှင့် စာပေကျမ်းဂန်များကို ပြသနိုင်ခဲ့ က မည်သူမျှ ငြင်းချက်ထုတ်၍ ရမည်မထင်ချေ ။ သို့ အတူ ဦးဟန်ညောင်ဝေကလည်း ပြည်ပနိုင်ငံခြားတွင် သူ၏ ကြိုးစားဆောင်၇ွက်ခြင်းများမှာ အထူးတိုးတက်သွားမည်ဖြစ်သည်။ တခုတော့ ရှိသည် ။ ဦးဟန်ညောင်ဝေသည် ပုဂ္ဂိုလ်ရေးအရ လူမျိုးစွဲ ဒေါသထွက်ခြင်း မဖြစ်စေရဘဲ ပြုလုပ်ဆောင်ရွက်ပေးရန်လိုသည်။ ယခုတလော NLD ဒုဥက္ကဌ ဘဘဦးတင်ဦး၏ ဘင်္ဂလီမူဆလင်လူမျိုးများကို ခိုးဝင်လာသူများဟု ပြောခြင်းနှင့် ပတ်သက်၍ ၀ါကာအူဒင်ဆိုသူက RFA တွင် ရှင်းလင်းပြောသံများကြားရသည် ။ သူပြောမှ ပို၍ရှုပ်လာသောအခြေအနေများကို မြင်လာကြသည်။ နောက် သူတို့  လူမျိုးများ၏ အတွင်းအဉ္ဖတ္တသဏ္ဍန်တွေကို မြင်တွေ့ သွားကြရပြီ ။လွန်ခဲ့သော -၂၀၁၀- မေလ--၅- ရက်နေ့ က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ မှာ အရှေ့တီမော သမတ မစ္စတာရာမို့ စ်ဟိုဆေးက -၂၀၀၈- ဖွဲ့ စည်းအုပ်ပုံအခြေခံဥပဒေကို လက်မခံခြင်း- ၂၀၁၀- ရွေးကောက်ပွဲကို လက်မခံခြင်း ညီလာခံ တခုကို ပြုလုပ်ခဲ့ သည်။ ယင်းညီလာခံမှာ ဥရောပနိုင်ငံများမှ ထောက်ခံပေးပါရန် ပြုလုပ်သော ညီလာခံဖြစ်သည် ။ ယင်းညီလာခံတွင် ဦးဟန်ညောင်ဝေမှ စစ်ရာဇ၀တ်ကောင် တရားခံအဖြစ် ခုံရုံးတင်ရာတွင် NLD ဒုဥက္ကဌ ဘဘဦးတင်ဦးကို စာရင်းတင်ထားရန် ညီလာခံ၌ ရဲရဲတောက်တင်ပြသွားသည် ။ သဘောက ဘဘဦးတင်ဦးအား အစုလိုက်အပြုံလိုက် လူသတ်မှုဖြင့် စစ်ရာဇ၀၀်ကောင်အဖြစ် တရားစွဲရန် ပြုလုပ်စေခြင်းဖြစ်သည် ။ သို့ ဆိုလျှင် ယမန်တနေ့ က ဒေါကတာဝါဒင်အူကာမှ ဘဘဦးတင်ဦးအား အစုလိုက်အပြုံလိုက်သတ်မှုများ ရှိခြင်းနှင့် ပါတ်သက်၍ ပြောသွားသလို ဘဘဦးတင်ဦးအား တောင်းပန်ရမည်ဟု ပြောဆိုခြင်းမှာ အင်မတန်မှ ဆပ်စပ်နေပါသည်ဟု ဆောင်းပါးရှင် အောင်သန်းဦး၏ ဆောင်းပါးမှာ ဖတ်ရှုရသည်။ ဦးဟန်ညောင်ဝေ၏ မွေးထားသောမျောက်တို့  သည် ယင်းသို့ ပြောသည်ဟု ထောက်ပြခြင်းဖြစ်သည်။ ထို့ ကြောင့် ယခုဦးဟန်ညောင်ဝေက ရန်ကန်ုရောက်နေပြီဖြစ်ရာ ဤကိစ္စကို တိကျစွာ ရှင်းလင်းရမည်ဖြစ်သည်။ ဘဘဦးတင်ဦးအား စစ်ခုံရုံးတွင် တင်ရန် ညီလာခံ၌ တင်ပြခြင်းသည် ဒီမိုကရေစီအတိုက်အခံများ၏ ဒီမိုကရေစီနိုင်ငံရေးတခုလုံးကို စော်ကား ခြင်းဖြစ်သည်။ ထို့ ကြောင့် ဘဦးတင်ဦးအား ဒူးထောင်ကာ ခြေသလုံးဖက်တောင်းပန်ခိုင်းရန် ပြုလုပ်ရန် လိုသည်။ ကျနော်တခုဘဲ ပြောချင်သည် ။ ဦးဟန်ညောင်ဝေက ဘဘဦးတင်ဦးကို ခြေထောက်ဖက်ပြီး တောင်းပန်ရမည် ဟု ခိုင်အောင်ကျော် ( နယူးယောက် ) ပေးပို့သူ..SoeLunTun |
ဗိုလ်ချုပ်မြ၏သွေးထွက်အောင်မှန်သောစကား Posted: 22 Oct 2011 10:24 PM PDT ဗိုလ်ချုပ်မြကို ၁၉၉၇ ခုနှစ်ကတောထဲမှာတွေ့တဲ့အခါသူက DABရဲ့သဘောတူညီချက်ကိုမလိုက်နာဘဲ တော်လှန်ရေးအဖွဲ့တွေတဖွဲ့ခြင်းငြိမ်းချမ်းရေးယူကြလို့ အင်အားချိ့နဲ့သွားခဲ့တာကိုထောက်ပြသွားတယ်၊ အခုUNFC ဟာအရင်ကအမှားတွေကိုသင်္ခန်းစာယူပြီး ဖဲ့စည်းရုံးတာမခံဘဲအဖွဲ့လိုက်ဆွေးနွေးပွဲကိုခိုင်ခိုင် ရပ် ပြီးတောင်းဆိုနိုင်ဘို့လိုတယ်။ ဗိုလ်ချုပ်မြက ငြိမ်းချမ်းရေးယူတဲ့အဖွဲ့တွေကိုခေါင်းဆောင်နဲ့ ငယ်သားခွဲ ပစ်လိုက်တော့ ခေါင်းဆောင်လုပ်သူတွေကိုစီးပွားရေးလုပ်ကွက်တွေပေးပြီးဖျက်စီးလိုက်တော့သာယာပြီး ငယ်သားတွေနဲ့ကွာဟသွားတယ် တဲ့ဒီစကားဟာသွေးထွက်အောင်မှန်တယ်လို့ဆိုရမယ်၊ အခုကြည့် ဗိုလ် စောချစ်သူဘယ်လောက်ချမ်းသာနေလဲ၊ DKBA တွေအခုမတရားတာကိုငုံမခံဘဲပြန်ချတော့မပါတော့ဘူး မရဘူးတဲ့စည်းစိမ်ကိုမစွန့်နိုင်တော့ဘူးလေ။ ရာထူးကြီးကြီး ၂ခုယူထားတဲ့ ဟန်ညောင်ဝေဟာအခုရန်သူနယ်မြေမှာ အေးအေးချမ်းချမ်းရှမ်းပြည် အထိသွားပြီးလည်ပတ်နေပြီ၊ စဉ်းစားကြပါ၊ EBO ရဲ့ညွှန်ကြားရေးမှူး၊ DVB ရဲ့ ညွှန်ကြားရေးမှူး (ပူပူ နွေးနွေး ဖြစ်ခါစ) အနေနဲ့ အစိုးရဆန့်ကျင်ရေးအတွက်အောက်ခြေမဟုတ်ဘဲ ထိပ် ဆုံးကနေရာယူထားသူက ဘာသဘောတူညီချက်မှပေးစရာမလိုဘဲ ပြန်သွားနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မ လား၊ UNFC အနေနဲ့ အထူးသတိထားဘို့လိုပြီ၊ ENC လည်းသတိရှိဘို့လိုပြီး၊ တပ်ပေါင်းစုမူအတိုင်းသွား နိုင်ဘို့လိုသည်။ ထွန်းအောင်ကျော် |
မနေ့ကကွယ်လွန်သွားသော နိုင်ငံရေး အကျဉ်းသားဟောင်း ကဗျာ ဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း အမှတ်တရ စာကဗျာ Posted: 22 Oct 2011 08:35 PM PDT ဒီပရင်္ဂ ပုံပြင်ထဲက မြို့လည်း မဟုတ် ဒဏ္ဍာရီထဲက မြို့လည်းမဟုတ် ရာဇဝင်ထဲက မြို့တမြို့ ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့ သမိုင်းဝင် မြို့တမြို့။ ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း မြောက်ဘက်အရပ်အရောက် အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။ အရှေ့မှာ ဧရာဝတီ အနောက်မှာ ချင်းတွင်း မနီးဝေးမှာ မူးမြစ်နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။ သာသနိက အဆာက်အအုံတွေပေါများ ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။ အလောင်းဘုရား လက်ထက်မှာ အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။ ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ စစ်သူကြီး မဟာဗန္ဓုလ မုံတိုင်ပင် ဆရာအရှင်ဝံသ အတုလဆရာတော် အရှင်ယသ မြသိန်းတန် ဆရာတော် အရှင်ဇိန အယူတော်မင်္ဂလာ ဦးနိုး လယ်တီဆရာတော် ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။ ဒီမြို့မှာ မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့ ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ် ဒီမြို့ကနေ ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ် ဒီလိုနဲ့ ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ် ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ် ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ် ဒီမြို့မှာ အမျိုးသမီး တယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ် ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။ တနေ့တော့ မိုးနည်းတဲ့ ဒီဒေသ ဆောင်းတွင်းအခါ သမယမှာ မိုးရွာဖို့ မဆိုထားနဲ့ မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့် ရုတ်တရက် မိုးကြီးရွာချလိုက်တယ် ဆင်ခြေရာတွေတောင် တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့ အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။ မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။ (ကြည်မောင်သန်း) ကဗျာဆရာ လှသန်း (ကြည်မောင်သန်း) ၏ ကျေးဇူးတင်မှတ်တမ်းလွှာ Photo.. http://eaindrar.blogspot.com/ အဆိုပါကဗျာသည် "ဒီပရင်္ဂ"အမည်ရှိ ဒီပဲယင်း မြို့အကြောင်း ဖွဲ့ဆိုထားသည့် ကဗျာဖြစ်ပြီး ယင်း ကဗျာပါဝင် သောမဂ္ဂဇင်း သည် မေလ မကုန်ခင်ကပင် စာပေစိစစ်ရေးခွင့်ပြုချက်ဖြင့် ဖြန့်ချိခဲ့ခြင်းဖြစ်သည်ဟု ချယ်ရီမဂ္ဂဇင်းနှင့်နီးစပ်သည့် စာနယ်ဇင်း သမားတဦးက ပြောသည်။ ထို့ပြင် ကဗျာဆရာက သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ မြို့ဝန်ဖြစ်ခဲ့ဖူးသော ဒီပရင်္ဂ မြို့တွင် ကောက်ကျစ် ယုတ်မာသည့် သစ္စာဖောက်များရှိခဲ့ဖူးကြောင်း၊ သူရဲကောင်းများပျောက်ဆုံးခဲ့ရဖူးကြောင်း၊ အမျိုးသမီး တဦးသည် လည်း သေကံ မရောက် သက်မပျောက် ဖြစ်ခဲ့ရပြီး အံကြိတ် တက်ခေါက်ရသည့် အဖြစ်အပျက်များ ရှိခဲ့ကြောင်း တို့ကို လည်း ရေးဖွဲ့ထားသည်။ အထက်ပါ ဒီပဲယင်းမြို့ကို ရှေးသမိုင်းဝင် အမည် ဒီပရင်္ဂ အမည်ဖြင့်ရေးဖွဲ့ထားသော ကဗျာသည် လူကြိုက်များ၍ ပျံ့နှံ့နေပြီး ယင်း ကဗျာဖော်ပြထားသည့် ချယ်ရီမဂ္ဂဇင်းသည်လည်း အရောင်းသွက်ခဲ့ကြောင်း သိရသည်။ ဒီပဲယင်းမြို့တွင် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့အဝင် ၂၀၀ ခန့်သည် လူအင်အား ၅၀၀၀ ခန့်ရှိ လူအုပ်စု တစု၏ အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုအတွက် စစ်အစိုးရအား နိုင်ငံတကာ စုံစမ်းစစ် ဆေးရေး ကော်မရှင်ဖွဲ့စည်း၍ အရေးယူပေးရန် အန်အယ်လ်ဒီ က တောင်းဆိုထားသည်။ ထိုချယ်ရီ မဂ္ဂဇင်းပါ ကဗျာကိစ္စနှင့်ပတ်သက်ပြီး ချယ် ရီ မဂ္ဂဇင်း သည် လအတန် ကြာ ရပ် နား ခဲ့ ရ၍ ကဗျာအယ်ဒီတာ ထွက်လိုက်ရပြီး စိစစ်ရေးက စာစစ်မှူး ၃ ဦး လည်းရာထူးမှနုတ်ထွက်လိုက်ရပါတယ်.. |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |