Monday 13 February 2012





Barcamp(ရန်ကုန်) ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်
Posted: 10 Feb 2012 08:00 PM PST



တတိယအကြိမ်မြောက် ရန်ကုန်ဘားကမ့်ဖွင့်ပွဲ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
တက်ရောက် အမှာစကား ပြောကြားသွားတယ်လို့ သိရပါတယ်။ အဲဒီ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက် မနက် ၈
နာရီခန့်က ရန်ကုန်မြို့၊ မြန်မာအင်ဖိုတက်၊ လှိုင်တက္ကသိုလ်နယ်မြေမှာ စတင်ကျင်းပတာ ဖြစ်ပါတ...ယ်။ ဒေါ်အောင်ဆန်းစုကြည်
က "အခုလူငယ်တွေဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရေစီးကြောင်းကြီးမှာ တစ်နေရာက ပါဝင်တာပါ။ ကျွန်မတို့ဟာ
ဆက်ဆက်ပြီးတော့ လူသားတွေရဲ့ ကောင်းကျိုးအတွက် ချီတက်နေတဲ့ ရေစီးကြောင်း လိုပါပဲ။ ကိုယ်ဟာ နောင် အနာဂတ်တင်
မဟုတ်ဘူး။ အတိတ်နဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဆက်သွယ်ပေးမယ့် မျိုးဆက်တစ်ဆက် ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်နေရာမှာ
ကိုယ် တန်ဖိုးရှိအောင်လို့ နေရမယ်ဆိုတာကို ကျွန်မကတော့ စိတ်ထဲမှာ ထားစေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ နောင်လာမယ့်
ခေတ်အတွက် စဉ်းစားရမယ်။ နောင်လာမယ့် ခေတ်အတွက် စဉ်းစားဖို့ဆိုတာ အတိတ်အကြောင်းလည်း သိဖို့လိုတယ်။
ဒါကြောင့်မို့လို့ ကျွန်မတို့ ရှေ့အနာဂတ် ရှေ့ပြေးဖြစ်နေတဲ့ ဒီပညာကို သင်နေတဲ့လူတွေဟာ အတိတ်ကိုလည်း မမေ့ပါနဲ့
ကျွန်မပြောချင်တာက သမိုင်းကိုလည်း သိဖို့လိုပါတယ်။ သမိုင်းနောက်ခံရှိမှ နောင်အနာဂတ် အတွက် မှန်ကန်တဲ့အလုပ်တွေ
လုပ်နိုင်မှာပါ" လို့ ပြောကြား သွားပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ အဲဒီဖွင့်ပွဲ အခမ်းအနားကို လူငယ်၊ လူရွယ် အယောက် ၄၀၀ ခန်
့ တက်ရောက်ခဲ့တာဖြစ်ပြီး မနက်ဖန် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ အထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမယ်လို့
သိရပါတယ်။

ရတနာပုံသတင်း

ဒေါ်အောင်ဆန်းစုကြည်သည် ဘားကမ့် ရန်ကုန်ဖွင့်ပွဲအား တက်ရောက်ပြီး ကော့မှူးမြို့နယ်သို့ ဆက်လက်ထွက်ခွာသွားသည်။
Photo. Messenger journal.Twitter

Posted: 10 Feb 2012 07:53 PM PST




တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာမှ ကလေးလူငယ်များ ဒေါ်အောင်ဆန်းစုကြည် အား ကြိုဆိုနေကြစဉ်။

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ်တစ်လျှောက်လုံး နံနက်စောစောမှ စတင်စောင့်ကြိုနေကြသည်။ ဘုရားကြီးကျေးရွာ
မင်္ဂလာပရဟိတဂေဟာမှ ကလေးသူငယ် ၆၃၀ ကျော်လည်း ကြိုဆိုနေကြသည်ကို တွေ့ရသည်။ (ဓာတ်ပုံ-ဥက္ကာကိုကို)

Posted: 10 Feb 2012 07:29 PM PST

အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖော်ပြခဲ့တဲ့ဆောင်းပါးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အပေါ်မှာ
နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားနေ
ပါတယ်။ အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂ အတွင်းက ရန်သူဟောင်းတွေကလည်း အခု အခါ စီးပွားရေးပိတ်ဆို့မှုတွေ
ရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက်လုပ်ကိုင်နေကြတဲ့
ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ
ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီ။

သမ္မတ သိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို
အနောက်ကမ္ဘာ တခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမဲ့ တကယ်တန်းဘာတွေ
ပြောင်းပါသလဲ။ အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေ အပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာ တွေ၊
၂၀၀၈ ခုနှစ် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ် ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုန့်ပြန်
ပုံတွေ၊ ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီးကျင်းပခဲ့လို့
အများကဝိုင်းဝန်း ရှုတ်ချ ပြစ်တင်ခံရတာတွေ၊ ၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း
မဲခိုး မဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကြုံးလုယူသွားတာတွေကို မကြာသေးခင်ကာလ
ကလေးမှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။

အခုခေတ်စားနေတဲ့ သီအိုရီ တခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်
ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း
ဆိုကြလေရဲ့။ အနောက်နိုင်ငံ တော်တော် များများက ဘာပဲလုပ်လုပ် သူတို့ လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို
ထောက်ခံအားပေးရာရောက်ဖို့ နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ ဆိုတဲ့
အချက် အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေ ကြတာကလည်း အထင်အရှားပါပဲ။

ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အီးယူ ဥရောပ
သမဂ္ဂ ဥက္ကဌ ဟားမန်း ဗန် ရွန်းပါ က ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ " မြန်မာအစိုးရရဲ့
အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်းဆက်သွားမယ်
ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်" လို့ ပြောခဲ့ပါတယ်။ အဲသလို သူမပြောခင် တရက်အကြိုမှာ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို "အားပေး" ပါတယ်လို့ ပြောခဲ့ပါတယ်။

တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်း အတိုက်အခံတွေ ငြိမ်နေအောင်၊
အနောက်နိုင်ငံတွေဆီက အရင် ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ်
အချင်းချင်း ကြားမှာ လူဆိုးလူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။ တချို့ကတော့လည်း
သိန်းစိန် အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်းနိုင်လောက်အောင်
ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။ မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို
ဆယ်စုနှစ်တွေနဲ့ ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ "တကယ်တန်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ
ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှ ရှိတာမဟုတ်ဘူး" လို့ ပြောပါတယ်။

စနစ်တကျ အကွက်ချထားတဲ့ အစီအမံ

မြန်မာအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက်ထောက်ခံနေကြ သလဲ ဆိုတာကို
နားလည် နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန်အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်တုံးက
နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက်ရာ
လမ်းပြမြေပုံ ခုနစ်ချက်ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ်ရေးဆွဲ၊
ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော် ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့
ဆိုပါတယ်။

လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက် မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း
ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့
နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လိုဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီအက်စ်အေရဲ့
သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝျက် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ
ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။

မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ်ဖော်ပြထားပါတယ်။
အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမဲ့ နာမည်
ဝှက်လို့ ယူဆစရာရှိပါတယ်။

စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ အမေရိကန် ဆက်ဆံရေး လေ့လာချက် လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ
အဓိကဆွေးနွေးထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး
မီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ခံနေရတဲ့ အရေးပေါ် အခြေအနေကို
ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက်
တင်မြှောက်ခြင်းအားဖြင့် ပြင်ပကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်းကျင့်သုံးပြီး
အနောက်အုပ်စုနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့
အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန် မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာတွေးခေါ်ယူဆတာ
ကတော့ ထင်ရှားလှပါတယ်။

ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေး ပြဿနာကို အနောက်နိုင်ငံတွေက
စိုးရိမ်ပူပန် တာမှန်ပေမဲ့ အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့
ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကိုတော့ အတိအကျ
ပြောပြ မထားပါဘူး။ ဒါပေမဲ့ သူတွေးခေါ်ပုံဟာ အမေရိကန် တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ
အခြေခံကိုရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာ ထင်ရှားပါတယ်။ အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေ
နဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော် ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျော့ပေးတတ်ကြောင်းကို
အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင်ဆူဟာတို လက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။

တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့
ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအ
ကူအညီကို ရနိုင်မယ်လို့ အဲဒီ မဟာစီမံကိန်းကဖော်ပြပါတယ်။ ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့
စေတနာနဲ့ ကုန်သွယ်ရေး အပေါ်မှာ မီခိုနေ ရတဲ့ ဒေသတွင်းနိုင်ငံတနိုင်ငံအဆင့်ကနေ ကျော်လွန်ပြီး
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။

မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျော့ချခင်မှာ
ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်
ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ
သော့ချက်ဖြစ်တယ်လို့ ရေးထား ပါတယ်။ သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို
လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ်ထားပါတယ်။ စုကြည်ကို လွှတ်ပေးခြင်းဟာ
အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထား သလို သူ့ရဲ့ အဆုံးစွန်ရည်မှန်းချက်
အဖြစ် ရှင်းရှင်းလင်းလင်းရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေး ကို ဆန့်ကျင်တဲ့ အနောက်တိုင်း ပညာရှင်တွေကိုလည်း နာမည်နဲ့
တကွဖော်ပြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ် အမတ်တွေရဲ့
နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယ သံတမန်များကအကူအညီ ပေးပါလိမ့်မယ်လို့
ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။

စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ ဖွဲ့ထားတဲ့
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို
မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့ အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်
လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့
အခါ အရင်က ထက်ဝေဖန်တဲ့ အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့
ထိတွေ့ဆက် ဆံရေးမှာ အပေးအယူအပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီးရတဲ့ အခြေအနေဖြစ်အောင်
အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။

တရုတ်ကြောက်ရောဂါ

အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့ အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး
ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့
လူထု လှုပ်ရှားမှုကြီး ကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့
ဆက်ဆံရေးကို လျော့ချလိုက်တာ ကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။
တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး ဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေ ဖတ်ရှုတဲ့ အစီရင်ခံစာတွေကို
ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။

အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမဲ့ သစ်တော သယံဇာ
တတွေကို မတော်မတရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့
ဆိုးဆိုးဝါးဝါး ကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ် အကြောင်းတရားဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။
မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်
မတော် (UWSA) နဲ့ တရုပ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပတ်သက်နေတာကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေ
အနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။ အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ
ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံ စီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း
ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။

အမေရိကန် ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့
ပူးပေါင်းလိုကြောင်း ပြသတဲ့ အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက်ပြုလုပ်ပေးရေးဟာ အဓိက
ဦးစားပေး ဖြစ်လာတယ်။ ဒါ့အပြင် သူတို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား
စစ်ရေး ဆက်စပ်မှုကို ပျက်ပြယ်အောင်လုပ်ဖို့လည်း အမေရိကန်အစိုးရ အနေနဲ့ စိတ်အားထက်သန်တယ်။ ပြီးခဲ့တဲ့
ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ
မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှ အံ့သြစရာမရှိဘူး။

ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ အစိုးရ အရာရှိတွေက သူတို့နဲ့
မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊
ဇွန်လတွေမှာတောင် မြောက်ကိုရီးယားက နေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့
မှတ်တမ်းတွေရှိခဲ့ပါတယ်။

မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ
သယ်ဆောင်လာ တယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင်
USS McCampbell လေယာဉ်တင် သင်္ဘောက တွေ့ခဲ့တယ်။ အမေရိကန် သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီချဉ်းကပ်ပြီး
သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမဲ့ မြောက်ကိုရီးယားဘက်က ငြင်းခဲ့တယ်။ နောက်ထပ် ရက် အနည်းအ
ငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင် ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများခဲ့ကြတယ်။
နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက လမ်းတလျောက် တောက်လျောက်
စောင့်ကြပ်လိုက်ပါလာတဲ့ အတွက် မြောက်ကိုရီးယား သင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။

အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ
ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှုတချို့ကို လျော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး
မြောက်ကိုရီးယား လက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။
မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ
သံသယ ဝင်စရာမရှိပါဘူး။ "အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစား ဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို
လစ်ဘရယ်အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ" လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း
တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန်ဟောင်း ရောဘတ် ဖစ် ကပြောပါတယ်။

မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့ အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ်
ပါတော့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်း သတင်းစာမှာ အမေရိကန် ဗဟိုထောက်
လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန်
အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ ပါတယ်။ စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို
မြှင့်တင်ပေးသူ ထောက်ခံအားပေးသူ အနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပါဘူး။ စီအိုင်အေရဲ့ ဦးစားပေးလုပ်
ငန်းဟာ အမေရိကန်အတွက် မြန်မာရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။

ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။
မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့
လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာ နိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် အားမျှအောင်ချင့်ချိန်ဆောင်ရွက်
ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အားမျှအောင်လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့
မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။

ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း

မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေရှိပါတယ်။
မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုး အုပ်စုကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့်
ကပြနေတဲ့ဇာတ်လမ်းကို နိုင်ငံ တကာက ယုံကြည်ပုံရပေမဲ့ ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့
ဒီလောက် အညှာလွယ်လွယ်နဲ့ ယုံကြည် ကြပုံမရပါဘူး။

မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး
ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက်
အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။ သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ စစ်အစိုးရ
တင်းမာအုပ်စုလူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာ နဲ့ ပတ်သက်ပြီး သံသယ
ကြီးကြီးဝင်နေကြပါတယ်။

အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို
သူတို့ သတိပြုမိကြ ပါတယ်။ မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့်
သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ
ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။

၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီ တပ်စကာ က တင်ဦးနဲ့
သူ့ထောက်လှမ်းရေးတွေ အကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။ "သူတို့ဟာ တခြား အမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့
မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာ အကြောင်းပိုသိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကြပ်တဲ့
ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမဲ့ သူတို့ကို နိုင်ငံခြား သွားခွင့်ပေးထားတယ်။ နိုင်ငံခြား သားတွေနဲ့ လွတ်လွတ်လပ်
လပ် စကားပြောခွင့်ပေးထားတယ်" လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေ အပေါ်မှာ အင်မတန်အညှာတာကင်းရက်စက် ပြီး အလွန်ပါးနပ်
လိမ္မာသူတွေ အဖြစ် လူသိများပါတယ်။ မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ
အမေရိကန် စီအိုင်အေ သင်တန်းကို တက်ရောက်ခဲ့သူ တယောက်ဖြစ်ပါတယ်။ အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ
တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာ စစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ
အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ်ရာထူးတိုးမြှင့်ခံရပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေစစ်အစိုးရ လက်ထက်မှာ မီးရထားဝန်ကြီးဖြစ်လာပါတယ်။

ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာ သက်ဆိုးရှည်ရေး
အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။ စစ်အစိုးရ
လက်ရှိ အာဏာလွန်ဆွဲပွဲ ဇာတ်လမ်းမှာ လူဆိုးအုပ်စုထဲကတယောက်ဆိုသူ ကတော့ နောက်ထပ် ငြိမ်းချမ်းရေးစေ့စ
ပ်ဆွေးနွေးသူတယောက်ဖြစ်တဲ့ အောင်သောင်း ပါ။ ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ
ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။ သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေ
ကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကို နောက်
ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆခံရသူဖြစ်ပါတယ်။ လူကောင်းအောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို
မတက်ခဲ့ပါဘူး။ ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင်
အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။

အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ဆောင်ရွက်
နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင် မစဉ်းစားဘဲ တောက်လျောက်တသမတ်တည်း ငြင်းဆန်နေတဲ့
အချက်ဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီ ချက်ကို တာရှည်တည်တန့်ဖို့ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍန်ကို အခြေခံရေးသားထားပါတယ်။

ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ "ပြုပြင်ပြောင်းလဲရေး" ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ကာလဟာ
သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ
အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ
ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာဖြစ်
လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့လျှောက်သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။ မဟာစီမံကိန်းမှာ အောင်ကျော်လှ
သတိပေးခဲ့တဲ့ တရုတ် အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။

မူရင်းဆောင်းပါးကို ဖတ်ရှုရန်။

http://www.atimes.com/atimes/Southeast_Asia/NB10Ae01.html

Posted: 10 Feb 2012 07:24 PM PST

အောင်ဆန်း အောင်ဆန်း
မြန်မာပြည်ရဲ့ အမှောင်ခန်းကို
အလင်းတန်းပေးခဲ့တဲ့သူ။

နယ်ချဲ့လက်အောက်
ဖက်ဆစ်လက်အောက်က
လွတ်မြောက်အောင်တိုက်ယူပေးခဲ့တဲ့သူ။

အဆောင်ဆောင် ကြငှါန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့သေပုံနှမြော
ပြောခဲ့တဲ့သခင်ကိုယ်တော်မှိုင်း
သမိုင်းရာဇ၀င် ပြင်လို့မရ
လူ့လောက အလယ်မှာ
နှစ်သုံးဆယ်သာသာတာ
နေလာခဲ့ရရှာပေမယ့်
ကမ္ဘာမှာ မြန်မာရယ်လို့
တင့်တင့်တယ်တယ် ဖြစ်လာအောင်
စွမ်းဆောင်ပေးခဲ့တဲ့ အောင်ဆန်း၊

အရပ်ကပုကွကွ
မျက်နှာထားက ဘုကျကျနဲ့
တုမရတဲ့ မူရုပ်
အဟုတ်ကိုအလုပ်လုပ်တဲ့ အညာသား
ဘီအေကျောင်းသား စကားကအနည်းသား
ပြောများပြောမိရင် မရပ်မနား
နတ်မောက်သားဇာတိ
အမိဒေါ်စု အဘဦးဖာတို့ရဲ့သား
အားအားမနေ တိုင်းပြေ(ပြည်)အတွက်
မပြတ်အလုပ်လုပ် အဟုတ်ကိုဇွဲရှိ
သတ္တိကလဲ နှစ်ယောက်မရှိ
လုပ်မိပြီဆိုလျှင် နောက်မဆုတ်တမ်းခေါက်တုံ့ လှမ်းနေရင်းတောင်
မသေမချင်းတိုက်ရမဲ့လွပ်လပ်ရေးအကြောင်း
မွတ်ငတ်ဘေးက
မလွတ်သေးတဲ့ပြည်သူတွေအကြောင်း
ခေါင်းကဆံပင်ညှပ်မပြီးခင်မှာတောင်
လုပ်ဆောင်စရာပေါ်လာရင်ထွက်သွားတတ်သူ
အကွက်များရလိုက်တာနဲ့ဖိနပ်တောင်
ယောင်မှားပြီး ဗြောင်းပြန်စီးတတ်တဲ့သူ
သဘောဖြူ မနောဖြူလိုက်ပုံများ
ကြွားမကြွားလိုက်ချင်
သူ့အားတွေ့ချင်လွန်းလို့
လမ်းမှာတားတဲ့ရွာသားတွေနဲ့အတူ
ကြည်ကြည်ဖြူဖြူ အကြော်တူတူစားတဲ့သူ။


တိုင်းရင်းသားလူမျိုးတွေကြားမှာ
သူတို့အ၀တ်အစား ၀တ်သွားပြီး
သူတို့နဲ့အတူတူပျော်ပါးတတ်တဲ့သူ။

တကယ်တော့ အောင်ဆန်းဟာ
ဟန်ဆောင်သမားမဟုတ်
ရိုးသားပြီး သွေးမကြီး။

ရိုးသားတဲ့နေရာမှာ
ရိုးရိုးဗမာထက်သာ။

တိုက်ရဲတဲ့နေရာမှာလည်း
ရိုးရိုးဗမာတွေထက်ကဲ။

ရရင်ရ မရရင်ချမဲ့ အောင်ဆန်း
အမြင်ကြမ်းပေမယ့်
အတွင်းဘန်းအလွန်နူးညံ့တဲ့သူ။

ချစ်ဇနီးအပေါ် ခေါ်လိုက်တာများ
ကြည်ရေ ရနိုင်ရင် ပဲပြုတ်နဲ့နံပြား
စားချင်သတဲ့….ဗိုလ်ချုပ်ကဇနီးလှအပေါ်
အမိန့်ပေးပြီး အဓမ္မမခေါ် ခဲ့ ဘူးပါ။

အောင်ဆန်းနောက်ကို
ယောင်ရမ်းပြီးတကောက်ကောက်
လိုက်ကြတယ်မထင်နဲ့
သူ့တိုက်ပြနေတဲ့လွတ်လပ်ရေး
သူခေါင်းဆောင်ပေးနေတဲ့အရည်အသွေး
သူ့အရေး သူ့အမျိုး သူ့အကျိုးထက်
မြန်မာတမျိုးလုံးအတွက်ဆိုတာ
အားလုံးကသိကြတယ်။

အရေးကြီး သွေးနီးဖို့
စုစည်းအားနဲ့ တချက်မှ ညည်းမထွားဘဲ
တသီးတခြား ကြီးကြီးမားမားဖြစ်အောင်
အောင်ဆန်းက စည်းရုံးနိုင်ခဲ့တယ်။

သူ.အရည်အချင်းကို
မယွင်းအမြင့်အခေါင်
အတင်းပင့်ဆောင် နိုင်တဲ့အတွက်
ခက်ခဲတဲ့ လွတ်လပ်ရေးတိုက်ပွဲကြီး
မလွဲပြီးမြောက်
အောင်မြင်ခြင်းခရီးရောက်ခဲ့သပေါ့။

မြန်မာတတွေ လွတ်လပ်မြေမှာ
ဒါ ဒို့ပြေ(ပြည်) ဒါ ဒို့မြေလို့
မသွေမုချ ပြောနိုင်ကြတာ
အဖ ဗိုလ်ချုပ်အောင်းဆန်းရဲ့ကျေးဇူးပါ။

မြန်မာ့တပ်မတော်ကို ဖန်ဆင်း
အသက်သွင်း
မွေးဖွားပေးခြင်းဆိုတဲ့ဂုဏ်ပုဒ်ကို
ဖေါ်ထုတ်ပေးလိုက်တဲ့သူဟာလည်း
ဗိုလ်ချုပ်အောင်ဆန်း အောင်ဆန်းဗိုလ်ချုပ်ပါ။

"ရဲဘော်သည် ပြည်သူတွေအတွက်
ပြည်သူသည် ရဲဘော်အတွက်မဟုတ်ပါ"တဲ့

ဗိုလ်ချုပ်စကား မှတ်မိသေးရဲ့လား
ပြည်သူပြည်သားတွေအတွက်
မွေးဖွားပေးခဲ့တဲ့မြန်မာတပ်မတော်ဟာ
ယနေ့ ပြည်သူတွေကိုမတော်မတရား
စော်ကားပြီး ဖိနပ်စာကျွေး
အသက်ပါစတေးတဲ့ ခွေးမသား
လူသတ်သမား လူထုတွေကိုသတ်တဲ့
လူထုသတ်မတော် ဖြစ်သွားပါရော့လား။

ကျေးဇူးရှင်တွေကိုကျေးစွပ်တဲ့အပြင်
ရာဇ၀င် သမိုင်းစဉ်ကိုတောင်
ပြင်ချင်တဲ့အကောင်တွေ။

ခုတော့ အရိုင်းအဆိုင်းတွေက
အသိုင်းအ၀ိုင်းတွေနဲ့ ၀ိုင်းဝိုင်းပြီး
ပိုင်းချ ရိုင်းပြ လိုက်ပုံက
"အောင်ဆန်းရိုသေ-ထောင်နန်းခွေ"
"အောင်ဆန်းအလေးပြုသူပုန်းအမှု"ဆိုပြီး
ကျေးဇူးကန်းပြီး မေတ္တာတွေခမ်းတဲ့ဘီလူးတွေ
အရူးချီး(ချေး)ပန်း
ငရွှေ အီးနမ်းတဲ့ စွမ်းအားရှင်တွေ
အမြင်ပါလွဲ ဖင်ပါကွဲမယ့် ကြံ့ဖွံ့သရဲတွေ။

ငါ့စကားလုံးတွေက ဗုံးလို
လုံးလုံးလျားလျားပေါက်ထွက်သွားပြီ
သောက်ရှက်မရှိတဲ့ ငတိတွေက
ကောက်ချက်ကြည့်လဲ ကြည့်စေတော့
ဖိလို့ဖုံးလို့မှ မရတော့တဲ့ဟာပဲ။

သေချာစဉ်းစား ဘ၀င်မှာကင်းသွားသလို
အယွင်းအမှား မဖြစ်စေနဲ့
ဖြစ်လာရင် မသွေ ကင်းကိုက်
သေတွင်းဆိုက် မှာသေချာပါတယ်။

သင်တို့တတွေ ရပ်တည်နေတဲ့မြေဟာ
အာဇာနည်တွေရဲ့ ချွေးနဲ့
ဆေးခဲ့လို့ ရခဲ့တဲ့မြေ ဆိုတာ မမေ့နဲ့။

သင်တို့စားနေတဲ့ ထမင်းဟာလဲ
အာဇာနည်သွေးနဲ့ ရင်းပေးခဲ့လို့
ရခဲ့တဲ့ထမင်းဆိုတာ မမေ့နဲ့။

ဒီကမ္ဘာမှာ ဗမာရယ်လို့ဖြစ်လာဖို့
အာဇာနည်တွေရဲ့အလောင်းတွေနဲ့
ပြောင်းလဲပို့ဆောင်ပေးခဲ့တယ်ဆိုတာမမေ့နဲ့။

နောင်လာနောင်သား မျိုးဆက်များကိုလဲ
အမွေစားအမွေခံ ဧကန်မလွဲ
စိတ်ထဲစွဲသွားရမှာက အောင်ဆန်းစိတ်ဓါတ်
မွန်မြတ်တဲ့ အောင်ဆန်းစေတနာ
သွေမကွာ ပေါက်ဖွား
တောက်ကြွားးလာမှာက
အောင်ဆန်းကိုယ်ပွား
အပိုမကြွားဘဲ အလိုလိုများလာပါလိမ့်မယ်။

အောင်ဆန်းသေပေမဲ့ သူ့စိတ်ဓါတ်မသေ
ကုဋေကဋာ နေရာတကာမှာ
မိုလိုပေါက်လာပါလိမ့်မယ်။

အမှန်တရားသည်
အောင်ဆန်းဖက်တော်သား
ဒီမိုကရေစီအားသည်
လူထုဖက်မှာဖွား
ကြီးမားတဲ့အားနှစ်အား
စုစည်းထားသမို့
ပြည်ထောင်စုကြီးသားတို့
ကြွားရွားဧကန် အောင်ပွဲခံလိမ့်မယ်။

ဗိုလ်ချုပ်စကား ကြားရုံနဲ့မပြီး
သူလျှောက်ခဲ့တဲ့ခရီး သူ့လုပ်နည်းလုပ်ဟန်
သူ့ပုံသဏ္ဍာန်ကို အမှန်အတုခိုး
လူမျိုးစုတွေကြားသွားပြီး
တသားထဲနေ တရေထဲသောက်
မကြောက်မရွံ့ နောက်မတွန့်ဘဲ
စွန့်လွှတ်မှုမှန်သမျှ ရှေ့ဆုံးက
စံပြအလုပ် အဟုတ်ပင်လုပ်ပြ
ပါးစပ်ကပြောပြီး-မပြီး
အလုပ်ကြီးနဲ့ သက်သေပြခဲ့သူ။

ဤသို့သောသူ အတုယူ
ညီတူအားကျ အားထုတ်ကြ
ပြည်လှဖို့အရေး မဝေးတော့ပါ
ဗိုလ်ချုပ်မွေးနေ့မှာ အဓိဌာန်ချကြပါ။

ဒါဒို့ပြည် ဒါဒို့မြေ ဒို့ကာကွယ်မလေ။
ဒို့ပြေ(ပြည်) ဒို့မြေ အဖိုးတန်ပေ။

တက္ကသိုလ်ဘုန်းကြွယ်

ဖေဖေါ်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့သို့
စကားလုံး အသုံးကြမ်းသွားတာကိုတော့
သီးခံပေး နားလည်ပေးကြပါခင်ဗျား၊

Posted: 10 Feb 2012 09:50 AM PST

နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။

သတင်းသမားတွေ နေရာပေးခံရ

ဒီမေးခွန်းက လွယ်လွယ်ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေရှိသလို မပြောင်းတာတွေလည်း အများကြီးရှိနေတာ
ဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား
မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။

အကြွေးဝန်ထုပ်ကြီး


ပြောင်းတာတွေက အောက်ခြေကိုမရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှထူးခြားမလာဘူး။ တောင်ပေါ်ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်းကိုးတောင်ရှည် ဖြစ်နေရဆဲပဲ။ ဒီကြားထဲမှာ ဈေးကွက် စီးပွားရေးကို လက်ညှိုးထိုးပြီး ဟိုကဈေးတက်၊ ဒီကဈေးတက်ဆိုတော့ ပိုပြီးပင်ပန်းကြရတယ်။ တောသူ တောင်သားတွေက ပိုပြီးခံရတယ်။ မြို့မှာက တစ်ခုမဟုတ်တစ်ခု ကြံဖန်ရှာဖွေစားသောက်လို့ရတယ်။ ယုတ်စွအဆုံး ပလတ်စတစ်လိုက်ကောက်ရင်တောင် ရသေးတယ်။ တောမှာကျတော့ လယ်ယာအလုပ်ကလွဲပြီး တခြားဘာမှ လုပ်စားစရာမရှိဘူး။ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်ရပြီဆိုရင် ကျောပေါ်က အကြွေးဝန်ထုပ်ကြီး ကြီးသထက်ကြီး လာတော့တာပဲ။

ခွက်တစ်ဆယ်အနည်းဆုံး

မြို့ပေါ်ဆင်းရဲသားတွေရဲ့ကျောပေါ်က ၀န်ထုပ်ဝန်ပိုးကြီး နှစ်ပိဿာခွဲလောက်လေးတယ်ဆိုရင် တောသူ တောင်သားတွေရဲ့ကျောပေါ်မှာ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက ခွက်တစ်ဆယ်တော့ အနည်းဆုံး ရှိလိမ့်မယ်။ ဒီဖိစီးမှုကြီးက အရင့်အရင်အစိုးရ အဆက်ဆက်မှာရှိခဲ့တဲ့အတိုင်း ဘာမှ ပြောင်းလဲမသွားဘူး။ အပေါ်မှာ ကြည့်လိုက်ရင်တော့ ပြောင်းနေပေမယ့် အောက်ခြေမှာတော့ ဘာမှမပြောင်းလဲဘူး။ အဲဒါကြောင့် ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူးလို့ ဖြေလိုက်တာ။ နောက်ဆုံးဖုန်းချခါနီးမှာ ''ပြောင်းရင်ပြန်လာမှာမို့လား''လို့ မေးလိုက်တော့ သူဖြေလိုက်ပုံက ''လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ။ ရေရှည်အတွက်လည်း ကြည့်ရသေးတယ်လေ''တဲ့။

စောင့်ကြည့်ချင်ကြသေး


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်နေသူတွေလည်း ပြန်လာနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့
မိန့်ခွန်းပြောခါစက အတော်လေး ၀မ်းသာမိတယ်။ ဒီတစ်သက်တော့ ပြန်မတွေ့နိုင်ကြတော့ဘူးလို့ အောက်မေ့ထားတဲ့
လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တပည့်ဟောင်းတွေကို ပြန်တွေ့နိုင်ဦးမှာပါလားဆိုပြီး
ပျော်သွားတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ဘယ်သူမှ ပြန်မလာကြသေးဘူး။ အခွင့်အလမ်းကောင်း၊ လုပ်ကွက်ကောင်းရှိ
မလားလို့လာပြီး လေ့လာစူးစမ်းသူ တချို့တလေပဲ တွေ့ရတယ်။ အများစုကတော့ အကဲခတ် စောင့်ကြည့်ချင်ကြသေးတယ်။

တိုင်းပြည်ရဲ့ အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊
 သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုး ခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစု လုပ်ကျွေးဖို့အတွက် 
မနည်းကြီး သည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်မျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က
 အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမှ သူတို့ ပြန်လာနိုင်ကြမှာ  . . .


တစ်နေ့တော့ပြန်လာမယ်


ဟုတ်တာပေါ့။ ရေကြည်ရာ မြက်နုရာကိုရောက်နေပြီးမှ သဲကန္တာရထဲကို ဘယ်သူကပြန်သွားချင်မှာလဲ။ စောင့်ကြည့်ဦးမယ်ဆို
သူတွေကို အပြစ်မမြင်ပါဘူး။ တစ်နေ့နေ့မှာတော့ သူတို့ပြန်လာမှာပါ။ ဘယ်လောက်တားတား ပြန်မလာဘဲ သူတို့မနေနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ မြန်မာတွေဖြစ်နေကြလို့ပဲ။ သူများနိုင်ငံတွေ ဘယ်လောက်ချမ်းသာတယ်ပြောပြော
မြန်မာပြည်လောက်တော့ နေချင့်စဖွယ်မရှိနိုင်ဘူး။ မြန်မာနိုင်ငံက ဥတုသပ္ပာယ မျှတတယ်။ အပူလွန်ကဲလို့ လူတွေသေတယ်
ဆိုတာမျိုး မရှိသလို အေးလွန်းလို့ သေတယ်ဆိုတာမျိုးလည်း မရှိဘူး။ မိုးခေါင်လွန်းလို့ အငတ်ဘေးကျရောက်တယ်
ဆိုတာမျိုးမရှိသလို မိုးများလွန်းလို့ လူတွေထောင်သောင်းချီ သေရတယ်ဆိုတာမျိုးလည်း မရှိဘူး။

ရတနာသိုက်ကြီး

ပူပိုင်းဒေသဖြစ်ပေမယ့် အအေးပိုင်းဒေသက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးဝလံတွေလည်း
လမ်းဘေးမှာ ပုံတိုက်ပြီး ရောင်းရလောက်အောင် ပေါပေါများများ ထွက်တယ်။ ၀တ်ဖို့အတွက် ၀ါချည်၊ ပိုးချည်တွေလည်း
ထွက်တယ်။ နေစရာအတွက် သစ်ဝါးတွေလည်း ပေါတယ်။ မြေကြီးကလည်း ဘယ်နေရာတူးတူး ရေနံထွက်တဲ့နေရာက ထွက်၊
ရွှေထွက်တဲ့နေရာက ထွက်၊ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ ထွက်တဲ့နေရာကထွက်မို့ တစ်နိုင်ငံလုံး ရတနာသိုက်ကြီးလို
ဖြစ်နေတယ်။ လူတွေကြောင့်သာ ခုလို ဆင်းရဲတွင်းနက်နေရတာ။

မြန်မာတွေရဲ့ အပြုံး

ဒါတွေအားလုံးထက်ပိုပြီး မြန်မာပြည်ကို စွဲမက်ကြတဲ့အကြောင်းကတော့ မြန်မာတွေရဲ့ နွေးထွေးတဲ့ မေတ္တာတရားနဲ့
မြန်မာတွေရဲ့အပြုံး ဖြစ်တယ်။ မြန်မာတွေက ရန်သူကိုတောင် ဒုက္ခရောက်နေတာတွေ့ရင် ဒါမှမဟုတ် နိမ့်ကျသွားရင်
အခွင့်သာပြီဆိုပြီး အနိုင်ယူလေ့မရှိဘူး။ အင်္ဂ လိပ်တွေနဲ့ အိန္ဒိယသားတွေထွက်ပြေးကြတော့ အစာငတ်ရေငတ်ဖြစ်လာသူကို
ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဂျပန်တွေ အသက်လုပြီး ထွက်ပြေးကြရတော့ လည်း တစ်ယောက်တည်း 
သင်းကွဲထွက်ပြေးလာသူတွေကို အသက်ဘေးက ကယ်ဆယ်ပြီး ၀ှက်ပေးထားခဲ့ကြတယ်။ စစ်ကြီးပြီးဆုံးသွားတာတောင်
ဂျပန်ပြည်ကိုမပြန်တော့ဘဲ အသက်ကယ်ထားတဲ့ရွာမှာပဲ အသက်ထက်ဆုံးနေသွားခဲ့သူတွေ ရှိတယ်။

ရေကုသိုလ်

မြန်မာတွေက လူဆင်းရဲပေမယ့် စေတနာမဆင်းရဲဘူး။ ကျောင်းသားဘ၀ မန္တလေးက ရန်ကုန်ကိုရထားနဲ့လာတော့ 
ရထားရပ်တဲ့ဘူတာတိုင်းမှာ ရေအိုးလေးတွေရွက်ပြီး 'ရေကုသိုလ်၊ ရေကုသိုလ်' နဲ့ တစာစာအော်ရင်း သောက်ရေလိုက်ပေးသူတွေ
လေး ငါးဦးထက်မနည်း အမြဲတွေ့ရတယ်။ တချို့ကအသက်ကြီးကြီး အမျိုးသမီးတွေ၊ တချို့ကအသက်ငယ်ငယ်
ကလေးမလေးတွေ။ ခုခေတ်လိုရေရောင်းတာတွေ မပေါ်သေးဘူး။ စေတနာ သက်သက်နဲ့ လိုက်ကုသိုလ်ပြုကြတာဖြစ်တယ်။
ရပ်ထဲရွာထဲမှာလည်း တစ်အိမ်က ဟင်းကောင်းကျွေး ကောင်းချက်ရင် ဘေးအိမ်က လူကြီးသူမများအတွက်ဆိုပြီး စားဦးစားဖျား
ပို့လေ့ရှိတယ်။ အိမ်နီးချင်းတွေဟာ တစ်အိမ်နဲ့တစ်အိမ် ကူးလူးနေကြတာပဲ။ အလှူမင်္ဂလာဆောင်လိုကိစ္စများဆို တစ်ရပ်ကွက်လုံး
ဝိုင်းကူကြတယ်။ ဘာသိဘာသာ နေလေ့မရှိဘူး။ အင်မ တန်ပျော်စရာကောင်းတာ။

ကန်သမ္မတရဲ့ မှတ်ချက်

ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)က
'မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့ တစ်ခုတည်းသော 
လူမျိုးဖြစ်တယ်' (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့တာဖြစ်တယ်။
ဟူးဗားက နိုင်ငံရေးနယ်ထဲမရောက်ခင် နမ္မတူဘော်တွင်းမှာ သတ္တုတွင်း အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ခဲ့ဖူးတယ်။

အပျော်တွေစိမ့်ဝင်

ပျော်စရာအလွန်ကောင်းတဲ့ ဒေသမှာ လူဖြစ်လာကြရတဲ့အတွက် မြန်မာလူမျိုးတိုင်းရဲ့ဓာတ်ခံမှာ အပျော်တွေစိမ့်ဝင်နေတယ်။
သူတို့ရဲ့မျက်နှာတွေမှာ အတိုင်းသား ဖော်ပြနေတယ်။ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းမယုံနို
င်လောက် အောင်ကို တအံ့တသြဖြစ်ကြတယ်။ ဒါလောက်ဒုက္ခသုက္ခတွေကြားက ပြုံးနေနိုင်တာကို သူတို့ မစဉ်းစားတတ်ကြဘူး။
ဓာတ်ပုံကိုသာမြင်ရရင်'ဆင်' ပြီးရိုက်ထားတာလို့ ထင်မှာသေချာတယ်။ လူကိုယ်တိုင်မြင်ရလို့သာ ယုံသွားကြရတာ။
မြန်မာလူမျိုးက လည်း အံ့သြမယ်ဆို အံ့သြထိုက်တယ်။ မှတ်ကရောဟဲ့ဆိုပြီး ကိုကိုးကျွန်းပို့ ပစ်လိုက်တာတောင် ကျွန်းပေါ်မှာ
ဇာတ်ကဖြစ်အောင် ကခဲ့သူတွေဖြစ်တယ်။ သင်္ကြန်ကျတော့လည်း တီးမှုတ်ကခုန်တာတွေသာမက ဘောလုံးပွဲတွေ၊
ဘောလီဘောပြိုင်ပွဲတွေအပြင် ရခိုင်ရိုးရာ 'ကျင်' ကိုင်ပွဲတွေတောင် လုပ်လိုက်ကြသေးတယ်။

ပြန်ဖြစ်ချင်မှပြန်ဖြစ်မှာ


ပျော်စရာတိုင်းပြည်က ပျော်စရာလူမျိုးတွေကြားမှာနေရတာလောက် ဘယ်နေရာမှ ပျော်စရာကောင်းမှာမဟုတ်ဘူး။
အကြောင်းကြောင်းနဲ့ နိုင်ငံခြားတိုင်းပြည်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေအများစုဟာ တစ်နေ့နေ့မှာ
အသေအချာကို ပြန်လာကြမှာပါ။ မပြန်ချင်ပါဘူးဆိုသူက အနည်းစုဖြစ်ပါလိမ့်မယ်။ 'လုပ်ခွင့်သာရင်တော့ ပြန်လာဖို့
စဉ်းစားမှာပါ' ဆိုသူမျိုးကတော့ ပြန်ဖြစ်ချင်မှ ပြန်ဖြစ်မှာပေါ့။အဲဒီလူမျိုးတွေ ပြန်မလာလို့လည်း တိုင်းပြည်အတွက်
ဘာမှဆုံးရှုံးမသွားပါဘူး။ သူတို့အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်အောင် ဖန်တီးပေးဖို့ ဒီကလူတွေ ရုန်းကန်
လှုပ်ရှားနေကြတာမှ မဟုတ်တာ။ သူတို့လို လူမျိုးတွေက ပြန်လာလည်း အခွင့်အရေးရဖို့လောက်သာ ချောင်းနေကြမှာဖြစ်တယ်။ 
ဘာတစ်ခုမှ လက်ကြောတင်းအောင် လုပ်မယ့်သူတွေမဟုတ်ဘူး။

ချိုးကူးသံလေးကြားရဖို့

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့နိုင်ငံကို ပြန်ပြီးထူမတ်ပေးဖို့အတွက် လက်ကြောတင်းအောင်လုပ်မယ့်
လူတွေ အများကြီးလိုတယ်။ တိုင်းပြည်ရဲ့အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ
ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုးခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစု
လုပ်ကျွေးဖို့အတွက် မနည်းကြီးသည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က
အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူတို့ပြန်လာနိုင်ကြမှာ။
တောင်တန်းပြာကြီးတွေပေါ်မှာ သေနတ်သံတွေ လုံးဝချုပ်ငြိမ်းပြီး ချိုးကူသံလေး ကြားရဖို့လည်း အရေးကြီးပါတယ်။
www.first-11.com/

Posted: 10 Feb 2012 09:30 AM PST




မန္တလာနွေ
ဒဏ်ရာတို့ နဲ့ ပြည့်နှက်နေတဲ့ လူတယောက်ရဲ့
နောက်ဆုံးအချိန်
အသင့်သတ်မှတ်ပြီသား သေဒဏ်ကို
ရဲဝင့်စွာခံဖို့........................
... အော်.........အားပေးစကားတို့ ဝေးကွာ
ဒို့တစ်တွေဟာ
အတူနေ
အတူသေ ဘ၀တွေမှာ ဆိုပေမယ့်
စကားတစ်ခွန်း တောင်မဲ့နေခဲ့
ကျက်သရေမဲ့ည
သီချင်းကသာ ကုသစားနိုင်မယ်ထင်ရဲ့
ကိုညီ ဆိုခဲ့တဲ့ သီချင်းမှာ
မျက်လုံးအရောင်တွေ တောက်ပလာခဲ့တဲ့
ကိုထွန်းအောင်ကျော်အတွက်ပါ..(Kyaw Gyi AB)

(ပါဂျောင် အကျဉ်းထောင်ရဲ့ ညမှာ ကိုညီညီဟာ
ကိုထွန်းအောင်ကျော် အတွက် သီချင်းတပုဒ်ဆို
ခဲ့ပါတယ်။မသေဆုံးခင်ရက်တွေမှာပေါ့..
ဒီသီချင်းကို ကိုထွန်းအောင်ကျော်၊ကိုညီညီတို့ရဲ့
Wavy Echo ၀ိုင်းက ၁၉၈၆ မှာတီးခဲ့ပါတယ်။
ကိုညီညီရဲ့ စာသား ကိုထွန်းအောင်ကျော်ရဲ့ arrangement

Posted: 10 Feb 2012 08:52 AM PST



We met Burmese novelist and astrologer Min Thein Kha in Myanmar in 2006. Our driver Maung Maung took us to his compound outside Rangoon where he was conducting classes in astrology and fortune telling. A beloved character, he welcomed us warmly. Min Thein Kha had served several prison sentences but had no harsh words for the ruling junta. He died in 2008 from complications of diabetes.

Posted: 10 Feb 2012 07:59 AM PST



Photo..Reuters

၁၀-၂-၂၀၁၂ နေ့ ညနေ ၃း၃၀ နာရီတွင် အမှတ် (၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ကြီး စောဌေးမောင်ဦး ခေါင်းဆောင်သည့် KNU-KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့အား ခင်မင်ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ပါတယ်.....

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ''အခုလို ကျွန်တော့်အနေနဲ့ ဒီကို လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ တွေ့ချင်တာလည်း ကြာပြီ။ အခုလို လာတာကလည်း အားလုံးအတွက် လာတာနော်။ အခုလိုလာပြီး တွေ့ရတာ အများကြီး ကျေးဇူးတင်တယ်။ နောက်ပြီးတော့ အာားလုံးကလည်း ၀မ်းသာကြမှာပါ။ ကျန်ခဲ့တဲ့လူတွေလည်း လာစေချင်တယ်။ ပထမဆုံး မလာခင်ကတော့ နည်းနည်းတော့ စိုးရိမ်တယ်၊ ကြောက်တာပေါ့နော်။ အစိုးရနဲ့ ...လာတွေ့တုန်းကလည်း။ အခုတော့ အားလုံးက အဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း။ ဒီမှာလည်း ဒေါ်အောင် ဆန်းစုကြည်နဲ့ လာတွေ့တယ်။ NLD/ အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့ ဗမာပြည်ရဲ့ရှေ့အနာဂတ် ကောင်းစားရေး၊ လူထုတွေ တိုးတက်ရေးအတွက် ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်က အသက်အကြီးဆုံးပါ။ စစ်ထဲ ၀င်တုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အခုတော့ ကျွန်တော် အသက်ကြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က မခွဲခြားပါဘူး။ နောက် ဗမာ လူမျိုးပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားတွေဖြစ်ဖြစ် အားလုံးက ကျောသားရင်သားတွေပဲ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်သွားရမှာ ဖြစ်တယ်။ နောက်တစ်ခေါက်လည်း ဖြစ်နိုင်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ချင်တယ်။ ကျွန်တော်တို့ ကရင်နှစ်သစ်ကူးတာတွေ၊ ဒေသခံတွေနဲ့ တွေ့၊ နောက် တခြားတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဖို့လည်း ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို request လုပ်ထားပါတယ်။ မီဒီယာတွေကိုလည်း ဖိတ်ပါတယ်။ မီဒီယာကိုတော့ မချန်ထားခဲ့ဘူး။ ဖိတ်ပါတယ်''ဟု မီဒီယာများသို့ ကရင်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
Burma vj media network

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment