Friday, 10 February 2012




Posted: 08 Feb 2012 11:13 AM PST


အမေနှင့် အောင်နိမိတ်များ
(ကဗျာရှင် နေရဲနီ)

အမေ နေထိုင်တာ
ပါဝါ (၅၄)
တြင်းကြေ န၀င်းကြေ
ဘာနဲ့မှချေလို့မကြေ
ကတ်ကင်းနဲ့ ဓာတ်ရိုက်ဓာတ်ဆင်ဒဏ်ကို
နှစ်ပေါင်းနှစ်ဆယ်ကျော်ခံလာတာ
စိန်သားလိုမာပြီး
စိန်ရောင်လိုတဖျက်ဖျက်တလက်လက်
ယနေ့ထက်တိုင်အပြုံးမပျက်။

အမေ ဝင်ပြိုင်မှာ
ကော့မှူးမြို့နယ်
အာဏာ ပါဝါနဲ့ ကိုယ့်ကိုယ်ကိုအမွှန်းတင်
မှူး ဆိုတဲ့စကားလုံးကို
အသက်လိုခင်တွယ်ပြီး
တသက်လုံးဖက်ထားချင်သူများ
ကျော ကော့ အောင်သာခံဘို့ရာ
ပြင်ထားကြပေတော့။

အမေ သန်းခေါင်စာရင်းသွင်းတာ
ဝါးသင်္ခရွာ။
ပြည်သူ့ဘဏ္ဍာကို
မတော်မတရား ဝါး ထားတဲ့သူတွေလည်း
သင်္ခါရ ဥပဒေတရားနဲ့သာရွေ့ကြပေတော့။

အမေ ထားဝယ်သွားတုန်းက
အမေ ချီလာတဲ့လမ်းကြောင်းပေါ်မှာ
ဆင်စီးလာတဲ့ ရှင်ဘုရင်တောင်
လမ်းဘေး ဆင်းရှောင်ပေးခဲ့ရတယ်။
ဘုရင်ရူးရူးနေတဲ့သူတွေလည်း
ကိုယ့်အကြောင်းကိုယ်သိရင်
ခုကတည်းက တော်ရာကို
ကြိုတင်ကာ ရှောင်ရှားကြပေတော့။

အတိတ်နိမိတ်တွေကတော့ပြနေပြီ
မကြာခင်မှာ
အာဏာရှင်တွေ ရင်ထိတ်ပြီး
ပြည်သူတွေဘ၀ စိတ်အေးချမ်းရတော့မယ်။

နေရဲနီ
အဖွဲ့နှင့် မိဘပြည်သူများ တွေ့ဆုံ မိတ်ဆက်ပွဲ...
Posted: 08 Feb 2012 07:04 AM PST
ယနေ့ ၈ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၂ ခုနှစ် နံနက် ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌
' ဒို့သွေးဖြင့်အသက်ကယ်မယ် ' ' B.G သွေးအကူအညီပေးရေး ရံပုံငွေဈေးရောင်းပွဲ ' သို့ ၈၈ မျိုးဆက်ကျောင်း
သားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး အစရှိသည့်
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်မျာဒ တက်ရောက်ခဲ့ကြပြီး ရံပုံငွေ ဈေးရောင်းပွဲတော်အား ကိုဂျင်မီနှင့် မနီလာသိန်း
တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖဲကြိုးဖြတ်အခမ်းအနားပြီးသည့်နောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်း
ဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့မှ အမှာစကားများ ပြောကြားခဲ့ကြပြီး ဈေးရောင်းပွဲတော်၌
ဝယ်ယူသည့်ပစ္စည်းများကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ကြသည်။
ထိုမှတဖန် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်၌ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဥက္ကံဒေသ BG
သွေးအကူအညီပေးရေးအဖွဲ့ နှင့် မိဘပြည်သူများတွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားသို့ တတ်ရောက်ခဲ့ကြပြီး ၈၈
မျိုးဆက်ကျောင်းသားများ တစ်ဦးချင်း မိဘပြည်သူများအား မိတ်ဆက်ပေးခဲ့ကြသည်။

ထိုမှ ဥက္ကံဒေသမှ ဖလုံရွာရှိ BG သွေးအကူအညီပေးရေးအဖွဲ့သားများ၊ ရွာသူရွာသားများ နှင့် တွေ့ဆုံခဲ့ကြပြီး
ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
 
သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ၊ ခမခဆဲ..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment