Friday, 10 February 2012







Posted: 09 Feb 2012 10:52 PM PST



Photo..The Voice weekly

Posted: 09 Feb 2012 08:48 AM PST
Video-Message of Daw Aung San Suu Kyi, laureate of the 2002 UNESCO-Madanjeet Singh Prize for the Promotion of Tolerance and Non-Violence, Nobel Peace Prize laureate (1991), UNESCO's International Simon Bolivar Prize (1992) on the occasion of the commemoration of the 2011 International Day for Tolerance and acceptance of the 2002 UNESCO-Madanjeet Singh Prize.
ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကို-မက်ဒန်ဂျီဆင့် ဆုဖလား (Trophy Of the UNESCO-Madanjeet Singh Prize) ကိုချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးက သတင်း ထုတ်ပြန်သည်။

ထိုဆုကို လာမည့်ဖေဖော်ဝါရီလ ၁၀-ရက်နေ့နံနက်တွင် ယူနက်စကို ညွန်ကြားရေးမှုးချုပ် ကိုယ်စား အမှုဆောင်ဒါရိုက်တာ မစ္စတာယူဟေးဟိုဆိုဟား က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပေးအပ်မည် ဖြစ်သည်။

ထိုဆုသည် သည်းခံစိတ် ရှည်မှု၊ အကြမ်းမဖက်မှုများ မြှင့်တင်ခြင်းအတွက် ရည်ရွယ်၍ပေးအပ်သော ဆုဖြစ်ကြောင်း သိရသည်။ထိုဆုအား ယူနက်စကို ၏စေတနာရှင် သံတမန် အိန္ဒိယလူမျိုးပန်းချီပညာရှင် စာရေးဆရာနှင့် သံတမန်ကြီးဖြစ်သူ မစ္စတာ မန်ဒန်ဂျီဆင့်၏သူ့ဘဝ တစ်လျောက်လုံး ငြိမ်းချမ်းရေးနှင့် စိတ်ရှည်သည်းခံနိုင်ရေး တို့အတွက် အစဉ်တစ်စိုက် စွန့်လွှတ် ကြိုးစားခဲ့ခြင်းတို့အပေါ် ရည်ရွယ်၍ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် မဟတ္တမဂန္ဒီကြီး၏ ၁၂၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ယင်းဆုကို တီထွင်ခဲ့ခြင်းဖြစ်သည်။၁၉၉၆ မှစ၍ ထိုဆုကို ၂-နှစ်တစ်ကြိမ် ပေးအပ်ခဲ့ပြီး ဆုတန်ဖိုးမှာ ဒေါ်လာတစ်သိန်း ဖြစ်သည်။ ယခုအချိန်အထိဆုရရှိသူ လူပေါင်း(၈)ဦး ရရှိပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုဆုကို ၂၀ဝ၂ ခုနှစ်ကရရှိခဲ့ပြီး ယခုမှ ယူနက်စကို အဖွဲ့က ကိုယ်ထိလက် ရောက်ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းမ်

Posted: 09 Feb 2012 08:08 AM PST
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန်တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာကြွယ်ဝ နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပုံ
"ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်" အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းခဲ့ရာမှာ ဖေဖေါ်ဝါရီ ၇ ရက်က သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။

တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၇ ရက်က သွားရောက်ခဲ့တဲ့ ပုသိမ် စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်တက္ကသိုလ် ကျောင်းသားတွေ လာရောက် ကြိုဆိုနိုင်ခြင်း မရှိအောင် အဲဒီနေ့မှာ နည်းပြ စာမေးပွဲတွေ စစ်ဆေးခဲ့ပြီိး စာမေးပွဲ မဖြေသူတွေကို နောက်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်မယ်လို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို မိမိတို့ အန်အယ်လ်ဒီက တိုင်ကြားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောဆိုပါတယ်။

"ကောလိပ်မှာလည်း ဒီစာမေးပွဲမဖြေရင် ဖိုင်နယ်မဖြေရဘူး စသည်ဖြင့် လုပ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ထားပါတယ်။ ဒါတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့လက္ခဏာတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်"

Posted: 09 Feb 2012 07:46 AM PST


ဒီကနေ့ Al Jazeera သတင်းဌါနက AJ Streamမှာ US Campaign for Burma က ကရင်လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ် Myra ၊ မြန်မာဟစ်ဟော့အဆိုတော် အနဂ္ဂတို့နဲ့ တွေ့ဆုံပြီး မြန်မာပြည်က လတ်တလောဆင်ဆာအကြောင်း၊ မြန်မာ့နိုင်ငံရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ဆန်ရှင် အစရှိတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment