Thursday 17 May 2012






ခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ.. (ပေးစာ)

Posted: 16 May 2012 11:28 AM PDT


နေပြည်တော်မှ ဟိုတယ်တခု မြင်ကွင်း..
၁၄-၅-၂၀၁၂ ရက်နေ့က နိုင်ငံတော်သမ္မတ ပြောကြားခဲ့ သော မိန့်ခွန်းတွင် ဟိုတယ်နှင်ခရီးသွား ကဏ္ဍ တိုးတက်ရေးနှင့် စပ်လျဉ်းပြီး လိုအပ်ချက်များ လမ်းညွှန်ခဲ့ပါကြောင်း သတင်းစာတွင် ဖတ်ရှုရပါသည်။ မှန်ပါသည်။ ဟိုတယ်နှင်ခရီးသွား ကဏ္ဍတိုးတက်ရန် ၀န်ဆောင်မှု ကောင်းသော ခရီးသွားလုပ်ငန်း များလိုအပ်သကဲ့သို့ ၀န်ဆောင်မှုကောင်းသော Reasonable Price ဟိုတယ်များ လိုအပ်ပါသည်။ ဟိုတယ်အများစုသည်..

အခန်းခဈေးနှုံးများကို သတ်မှတ်ချက် မထားဘဲ လိုသလို ဈေးခေါ်နေကြသည်။ သူတို၏ ဈေးနှုန်း သတ်မှတ်ချက် တွင် Rack Rate, Corporate Rate, NGO/ Embassies Rate စသည်ဖြင့် အခန်းတစ်ခန်း၏ အခန်းဈေးနှုန်းများကို အမျိုးမျိုး သတ်မှတ် ထားရှိပါသည်။ ဥပမာ Strand Hotel တွင်US$ ၁၂၀ တန် superior အခန်းတခန်းကို Rack Rate နှင့်ရောင်းပါက US$ ၅၅၀++ အဆိုပါအခန်းကိုပင် Corporate Rate, နှင့်ရောင်းပါက US$ ၁၅၀ NGO/ Embassies Rate နှင့်ရောင်းပါက US$ ၁၄၀ နှင့် ရောင်းပါသဖြင့် reservation မလုပ်ဘဲ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်အတွက် Rack Rate US$ ၅၅၀++ပေး တည်းခို ရပေတော့မည်။
နေပြည်တော် ကျောက်မျက်ပြပွဲ မြင်ကွင်းတခု..
 FIT ဧည့်သည်တွေအတွက် တည်းခိုနေထိုင်ရေး မလွယ်ကူတဲ့ပြသနာပါ။ အခြား ဟိုတယ် များလည်းအလားတူပါဘဲ။ နေပြည်တော် ဟိုတယ်တွေမှာ ကျောက်မျက်ပွဲတော် ကျင်းပတဲ့ အချိန်က ကျပ် ၃၅၀၀၀တန် အခန်းကို ကျပ်၇၀၀၀၀-၈၀၀၀၀ ဈးနဲ့ ငှားရမ်းကြတယ်။ Hospitality Industry လို့ ကြွေးကြော်နေကြတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ Hospitality ရဲ့အဓိပ္ပါယ်ကိုရော နားလည်ကြပါရဲ့လား။ ဟိုတယ်များပိုင်ရှင် ဟိုတယ်/ခရီးဝန်ကြီးရဲ့ နိုင်ငံခြားသားများ ၀င်ထွက်သွားလာမှု အဆင်ပြေစေရေးဆိုသော စီမံချက်နှင့်အတူ Warmly Welcome And Take Care of Tourist ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ရန်ကုန်မြို့လူစည်ကားရာ အရပ်တွေမှာ စိုက်ထူလို့ထားပါပြီ။ လက်တွေ့မှာ နိုင်ငံခြားသားတွေ တည်းခိုရန် ဟိုတယ်များက Reasonable Price ဟိုတယ်များဖြစ်ပါရဲ့လား။

 ဟိုတယ် များ Star သတ်မှတ်ရေး တခုတည်း အာရုံစိုက် မနေဘဲ မိမိ နိုင်ငံလာရောက်သည့် ဧည့်သည်များ အဆင်ပြေစွာ တည်းခို နေထိုင်နိုင်ရေး သည်သာအဓိက ဖြစ်ပါကြောင်း။ နိုင်ငံခြားသားတွေတော့ အများအပြားလာကြပြီ ငါတို့ဂွင်ထဲရောက်တုန်း အပီ ရိုက်လိုက်မယ်လို့ တစ်နပ်စားဥာဏ်နဲ့ လုပ်နေကြရင် ခရီးသွားလုပ်ငန်း တိုးတက်မှုကို နှောက်ယှက် ဟန့်တားသူများဟာ ဟိုတယ်လုပ်ငန်းရှင်များသာ ဖြစ်ပါလိမ့်မည် ဖြစ်ပါကြောင်း ဟိုတယ်များပိုင်ရှင် ဟိုတယ်/ခရီးဝန်ကြီး သိရှိနိုင်ပါရန် တင်ပြလိုက်ရပါတယ်။ Hospitality Industryရဲ့ အနက်အဓိပ္ပါယ်ကို ဟိုတယ်လုပ်ငန်းရှင်များ အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

သတင်း၊နေပြည်တော်ဝန်ထမ်းတဦး
ဓာတ်ပုံများ. ဒီမိုကောင်းကင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာမှ လယ်သမားများ၏ အခက်အခဲများအား ဖြေရှင်းပေးပါရန်... (ပေးစာ၊ တိုင်ကြားစာ)

Posted: 16 May 2012 09:52 AM PDT

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာ၏ မြောက်ဘက်တွင် အရှေ့မှအနောက်သို့ စီးဆင်းလျက်ရှိသော တူးမြောင်းကြီးသည် ၁၉၇၃ခု ဧပြီလတွင် ဆည်မြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိလူကြီးများ လမ်းဗိုလ် ဦးကံ၊ ကာဘိုးဝန်ထောက် ဦးလှမောင်နှင့် အရေးပိုင် ဦးခင်မောင်တို့ ဦးစီးသောအဖွဲ့မှ မှန်ချိန်ခြင်း လုပ်ငန်းများကို စတင် အကောင်အထည်ဖော်၍ ၁၉၇၄ခုနှစ်မှာ တူးဖော်ခဲ့ပါသည်။ ရွှေဘိုမြို့ မဟာနန္ဒာကန်မှ ပထမ(၁၁)ပေါက်ပြွန်နှင့် ဒုတိယ(၁၁)ပေါက် ပြွန်ရေများ လွှတ်လိုက်လျှင် ယင်းတူးမြောင်းကြီး တစ်လျှောက်မှ နတ်မူး(ခ)မူးမြစ် အတွင်းသို့ စီးဆင်းသွားခဲ့သည်မှာ နှစ်ပေါင်း (၃၆)နှစ်ကျော် ကြာခဲ့သည့် အတွက် တူးမြောင်းကြီးကို ပြုပြင်ရန် တောင်သူများမှ ကြိုးစားခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၉-၂၀၁၀ခုနှစ်၊ နှစ်ပေါင်း(၃၆)နှစ် အကြာမှ ပြုပြင်နိုင်ခဲ့ပါသည်။ ထိုသို့ပြုပြင်ရာတွင် ၂၀၀၉-၂၀၁၀ခုနှစ်အတွင်း နိုင်ငံတော်မှ ဘက်ဖိုး မြေကော်စက်များချပေးပြီး နှမစားရစ်ကျေးရွာနေ ပြည်သူများမှ ကုန်ကျစားရိတ်ငွေ ကောက်ခံပြုပြင်ခဲ့ပါသည်။

ထိုသို့ ပြည်သူ့ငွေများနှင့် တူးဖော်ထားသည့် တူးမြောင်း ဆည်ဘောင်ကို ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ ကန်ဘောင်များအဖြစ် ကျူးကျော် သိမ်းပိုက်ထားခြင်း၊ ယင်းဆည်ဘောင်ပေါ်တွင် စည်းရိုးများ ကာရံထားခြင်း တို့ကြောင့် တူးမြောင်းရေလမ်းများ ကျဉ်းမြောင်းခြင်း၊ တူးမြောင်းဘောင်ပေါ်တွင် စည်းရိုးများ ခတ်ထားခြင်းတို့ကြောင့် တောင်သူများ သွားရေးလာရေး အခက်အခဲများ ကြုံတွေ့ နေရပါသည်။ ထိုသို့သွားလာခွင့် မရှိသည့်အတွက် ၁.၉.၂၀၁၁ ခုနှစ် နေ့လည်(၁၁)နာရီ အချိန်က တောင်သူဦးကြီး ဦးမောင်ကြီး၊ အမိဒေါ်မြင့်ကြည်မှ မွေးဖွားသော ငါးယောက်မြောက်သား မောင်ခေါင်းကြီး(ခေါ်) မောင်နေမင်းထွန်းသည် ယင်းတူးမြောင်းကြီး အတွင်း၌ ရေနစ် သေဆုံးခဲ့ရပါသည်။ ထို့ကြောင့် ၎င်းဆည်မြောင်းပိုင် တောင်သူငွေများနှင့် တူးဖော်ထားသော တူးမြောင်းဘောင်အား ငါးမွေးမြူရေး ကန်ဘောင်များအဖြစ် ကျူးကျော် အသုံးပြုနေခြင်းကို ဆည်မြောင်းဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
 နှစ်စဉ် ရေဘေးကြုံတွေ့ နေရတဲ့ ရိုးသားတဲ့ တောနေ ပြည်သူများ..
၎င်းအပြင် ယင်းတူးမြောင်း ဆည်ဘောင်အား ငါးမွေးမြူရေး ကန်ဘောင်များနှင့် တဆက်တည်း တူးဖော်ထားခြင်းတို့ကြောင့် ရေစီးဆင်းရာ လမ်းကြောင်းများ ပိတ်ဆို့ကာ နှစ်စဉ် မဖြစ်ပေါ်သင့်သည့် ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုရေကြီးခြင်း၏ အကျိုးဆက်အဖြစ် လယ်မြေများ နစ်မြုပ်ကာ နှစ်စဉ် စပါးတင်းရေ ထောင်နှင့်ချီပြီး ဆုံးရှုံးခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ပထမရေကြီးချိန်တွင် နှမစားရစ် ကျေးရွာတစ်ရွာထဲမှပင် မျိုးစပါးတင်းပေါင်း (၉၀၀)ကျော် ထောင်ထားသည့် ပျိုးခင်းများ ရေနစ် ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် တောင်သူများမှ ရေကျသွားသောအခါ မျိုးစပါးများကို အလျင်အမြန်ရှာ၍ စိုက်ပျိုးခဲ့ပါသော်လည်း ဒုတိယအကြိမ် ရေကြီးခြင်းကြောင့် ထပ်မံပျက်စီးခဲ့ရပါသည်။ ထိုသို့ ပျက်စီးခဲ့သည့် လယ်မြေဧကမှာ နှမစားရစ်ကျေးရွာတွင် ဧက (၂၀၀)ကျော်၊ သီးလုံးကျေးရွာတွင် ဧက (၇၀)ကျော်၊ ပန်းရံကျေးရွာတွင် ဧက (၂၀၀)ကျော်နှင့် လိပ်ချင်းကျေးရွာတွင် ဧက(၈၀)ခန့်ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ထို့အပြင် ယင်းတူးမြောင်းအနီးရှိ ငါးမွေးမြူရေးကန်များသည် စပါးစိုက်ပျိုးဖြစ်ထွန်းသော ကာဘိုးဆည် ရေသောက်လယ်များကို တူးဖော်ထားခြင်းဖြစ်ပါသည်။

ထို့ကြောင့် ယင်းလယ်များသည် ယနေ့အချိန်အခါတွင် နိုင်ငံတော်မှ သန်းပေါင်းမျာစွာ အကုန်အကျခံ တည်ဆောက်ထားသော သဖန်းဆိပ်ဆည် ရေသောက် လယ်များအဖြစ် တည်ရှိပါသည်။ ယနေ့ အချိန်အခါသည် လယ်ယာမြေ ဖော်ထုတ်ရေးကို အားသွန်ခွန်စိုက် ကြိုးစားနေချိန် ဖြစ်သော်လည်း ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ နိုင်ငံတော် ဆည်မြောင်းဥပဒေကို ချိုးဖောက်၍ သဖန်းဆိပ် ဆည်ရေသောက် လယ်မြေများကို ငါးမွေးမြူရေး ကန်များအဖြစ် တူးဖော်နေခြင်းသည် နိုင်ငံတော်နှင့် လယ်ယာဆည်မြောင်း ၀န်ကြီးဌာနကို မထီမဲ့မြင်ပြုရာကျပါသည်။
(လူမျိုးခြား၊ ဘာသာခြားပိုင်) ငါးမွေးရေးလုပ်ငန်းရှင်များမှ လက်တလုံးခြား ငါးမွေးမြူရေးကန် အဖြစ် တူးဖော်နေပုံ..
 ၎င်းလယ်မြေများကို ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ ရေနက်တွင်းများအဖြစ် လိမ်လည်တင်ပြပြီး ကန်များ တူးဖော်လျက်ရှိရာ ၂၀၁၀-၂၀၁၁ခုနှစ်တွင် ကွင်းအမှတ် ၂၈/၇၅မှ သဖန်းဆိပ်ဆည် ရေသောက်လယ်မြေ ဧကပေါင်း (၃၂)ဧကကို စက်နံပါတ် ၁၄၅၄ ပါရှိသည့် ထယ်သွားနှင့် တွန်းခုံပါ အပြာရောင် ထွန်စက်ကြီး နှစ်စင်းနှင့် ၁၇-၂-၂၀၁၂ရက် နံနက်ပိုင်းတွင် တူးဖော်ခဲ့ပါသည်။ ထို့အပြင်ကွင်းအမှတ် ၂၈/၇၅မှ သဖန်းဆိပ်ဆည် ရေသောက်လယ်မြေဧကပေါင်း(၅၀)ခန့်ကိုလည်း လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်းက တူးဖော်ခဲ့ပါသည်။ ၂၀၁၂ခုနှစ်၌ပင် ၂၉/၀၂ကွင်းမှ သဖန်းဆိပ်ဆည် ရေသောက် လယ်မြေဧက (၁၅)ဧကကို စက်နံပါတ် (၁၄၅၄) ထယ်သွားနှင့် တွန်းခုံပါ အပြာရောင် ထွန်စက်နှစ်စင်းနှင့် တူးဖော်ခဲ့ပါသည်။ ထိုသို့ ဆက်လက် တူးဖော်နေမည်ဆိုလျှင် နှမစားရစ်ကျေးရွာ မြောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ လယ်မြေများသည် ဆယ်စုနှစ်အတွင်း ငါးမွေးမြူရေး ကန်များအဖြစ် မြင်တွေ့ရဖွယ်ရှိရာ နိုင်ငံတော်၏ လယ်ယာမြေများ ဆုံးရှုံးပြီး အလုပ်လက်မဲ့ဦးရေ တိုးပွားရန်သာ ရှိပါသည်။
 ရိုးသားတဲ့ တောနေ ပြည်သူတွေကတော့ နှစ်စဉ် ဒီလိုရေဘေး ဒုက္ခတွေ ခံစားနေရတာပါ..
ထို့ကြောင့် အထက်ဖော်ပြပါ အကြောင်းအရာများကို ပြည်သူ့အသံအား နားစွင့်လျက်ရှိသော နိုင်ငံတော် သမ္မတကြိးနှင့် သက်ဆိုင်ရာ လယ်ယာ ဆည်မြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် နှမစားရစ် ကျေးရွာနှင့် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားထု အတွက် ဒီမိုကရေစီ နိုင်ငံတော်သစ်ရဲ့ စံပြလုပ်ငန်းအဖြစ် အရေးယူ ဆောင်ရွက်ပေးပါရန် ကျေးရွာလူထုကိုယ်စား လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

နှမစားရစ် ကျေးရွာသား

နော်ေ၀၀န်ကြီးချုပ်ဟောင်း၏ အမေ့အိမ် ခရီးစဉ်....

Posted: 16 May 2012 09:13 AM PDT

နော်ေ၀၀န်ကြီးချုပ်ဟောင်း၏ အမေ့အိမ် ခရီးစဉ်
 
နော်ေ၀၀န်ကြီးချုပ်ဟောင်း Mr. Kjell Magon Bondevik နှင့် အဖွဲ့ဝင် လေးဦး လိုက်ပါသော အဖွဲ့သည် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)သို့ (၁၅.၅.၁၂) နေ့မနက် (၉) နာရီတွင်ရောက်ရှိလာပြီး ကျောင်းတာဝန်ရှိ သူများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။ 
 ထိုနောက် ကလေးများ၏ ပညာသင်ကြားနေမှုအား လေ့လာ ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ဘောလုံးဝါသနာပါသော နော်ဝေ ၀န်ကြီးချုပ်ဟောင်းမှ ကလေးများနှင့်အတူ Waka Waka သီချင်းကို ရင်းနှီးစွာ သီဆိုခဲ့ပြီးနောက် ကလေးများနှင့် အတူတကွ ပျော်ရွှင်စွာ ဘောလုံးကစားခဲ့ ကြပါသည်။
နော်ေ၀၀န်ကြီးချုပ်ဟောင်း၏ အမေ့အိမ် ခရီးစဉ်သည် ကျနော်တို့ ကလေးများအတွက် စိတ်ဓါတ်ခွန်အားကို များစွာ ပေးစွမ်းနိုင်ခဲ့ပါသည်။

အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ
ကိုငယ်...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment