Thursday 17 May 2012
    အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက်
    Posted: 16 May 2012 04:44 PM PDT
    (YPI)
    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
    ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁၀ ဦးခန့်ဖူးယောင်ဒဏ်ရာ ရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။
    '' သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေ၀င်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး " ဟု ၎င်းကပြောသည်။
    ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း ဖြစ်နိုင်သော်လည်း ညပိုင်းအရိုက်ခံရသူများမှာ နေ့ခင်းက ရန်ဖြစ်ခဲ့သည့် အရပ်သားတို့နှင့် မည်သို့မှ ပတ်သက်ခြင်းမရှိဟု ရပ်ကွက်ခံ တို့ကပြောသည်။
    ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ရပ်ကွက်တွင်းမှ ရဲတပ်ရင်းသို့ ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်ဆဲဆို ကြိမ်းမောင်းမှုများပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့အား တုတ်၊ ခဲ စသည်တို့ဖြင့်ပစ်ခတ်ခြင်း၊ ရေအိုးများ ရိုက်ခွဲခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အင်အား ငါးဆယ်ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။
    လုံခြုံရေးရဲများ၏ တုတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် မအေးအေးနိုင်က " သူတို့က လမ်းမှာ တွေ့တဲ့သူရိုက်ကွာလို့ပြောပြီး ဆိုင်ရှေ့ထွက်နေတဲ့ ကျွန်မကို ၀ါးရင်းတုတ်နဲ့ပစ်သွားတယ်။ အခုလိုခံလိုက်ရတာကို မကျေနပ်ဘူး။ အရမ်းဒေါသထွက်တယ် " ဟု YPI ပြောသည်။
    ယခုကဲ့သို့ ၀င်ရောက် ရမ်းကားခြင်းအား လုံခြုံရေးရဲများမှ ကြိုတင်ပြင်ဆင်လူစုထားခြင်းဖြစ်ကြောင်း၊ ယခုဝင်ရောက်ရိုက်နှက်ရာတွင် ၎င်းတို့အနေဖြင့် ချိန်းကြိုး၊ တုတ်၊ ခဲ၊ လေးခွ စသည်တို့ကို ကြိုတင်ယူဆောင်လာကြကြောင်း မျက်မြင်သက်သေများကပြောသည်။
    ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် မောင်စိုးဝေလင်း၏ ဖခင် ဦးနွေဦးက " ပြည်သူတွေကို ကာကွယ်ရမယ့် ပြည်သူ့ဝန်ထမ်းလူတန်းစားက ပြည်သူတွေကို ဒုက္ခပေးမယ်လို့ကြိမ်းသွားတယ်။ သူတို့ပါးစပ်ကိုက ရပ်ကွက်ကို မီးနဲ့ ရှို့မယ်လို့ပါ ကြိမ်းမောင်းသွားတယ်။ ကျွန်တော်တို့ မခံစားနိုင်ဘူးဗျာ " ဟုပြောသည်။
    ပတ္တမြားမြို့သစ်နေ ဒေါ်စောတင်တင်ကလည်း အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယခင်ကလည်း ပတ္တမြားမြို့သစ်အတွင်းသို့ သုံးကြိမ်ခန့် ၀င်ရောက်ရမ်းကားခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ရမ်းကားခြင်းခံရသဖြင့် မိမိစိတ်တွင် မလုံခြုံဟု ခံစားရကြောင်းပြောသည်။
    ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်းခံရသည့် လူငယ်အချို့မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားလျက်ရှိသည်။ ။
    Yangon Press International
ဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေး(ရုပ်/သံ)
    Posted: 16 May 2012 10:39 AM PDT
    အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့ Acceleration of Human Freedom လို့ ခေါ်တဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေး
    www.bushcenter.comမှ
    "အမေရိကန်နိုင်ငံသားတွေအနေနဲ့ လက်ရှိအခြေအနေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သင့်လျော်တယ်လို့ ယူဆရင် ကျမအနေနဲ့ ဒါကို မကန့်ကွက်လိုပါဘူး။ ဒါပေမယ့် ဒီနေရာမှာ သတိထားဖို့ ကျမ ထောက်ပြလိုပါတယ်။ လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်းမြင်လွန်းကြတယ်လို့ ကျမအနေနဲ့ တခါတလေ ခံစားမိပါတယ်။ကျမတို့အနေနဲ့ မမေ့အပ်တာ ကတော့ ဒီမိုကရေစီဖော်ဆောင်မှုဟာ နောက်ပြန်မဆုတ်နိုင်ဘူးလို့ ပြောလို့ မရနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ကျမလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။ စစ်တပ်အနေနဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ လေးလေး နက်နက်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သံဓိဌာန်ခိုင်မာစွာ မချမှတ်မချင်း ကျမတို့ အနေနဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို နောက်ပြန်ဆုတ်လို့ မရနိုင်ဘူးဆိုတာကို ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ပါဘူး။"
    အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ရည်မှန်းချက်ကို ထိရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမ ဆုံး ခေါ်ယူတဲ့လွှတ်တော်အတွင်းမှာပဲ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးအဆိုကို ပထမဆုံးတင်သွင်း အတည်ပြုခဲ့တာကိုကြည့်ရင် အရေးယူမှုတွေ ထိရောက်ခဲ့တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြပါတယ်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို အရေးတကြီး ကြိုးပမ်းမှာဖြစ်ပေမယ့် အလျင်စလိုတော့ ဆောင်ရွက်နိုင်မယ့်အခြေအနေ၊ အလားအလမှာ မရှိဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
    "ကျမတို့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဦးဆုံးလုပ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ဖြစ်မှာပါ။ ဒီအထဲ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေပါ။ ဒီတော့ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ စစ်တပ်ရဲ့ ထောက်ခံမှု ပါမှ ရမှာပါ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ ဦးဆုံးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျမတို့ အရေးတကြီး အလေးထားလုပ်ဆောင်သွားမယ့်ကိစ္စဖြစ်ပါတယ်။"
    နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်လို့လည်း မြန်မာအစိုးရအနေနဲ့ တကယ်တန်း ဒီမိုကရေစီရေး ဖော်ဆောင်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
    "ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက နိုင်ငံရေးအကျဉ်းသားအတော်များများ လွတ်လာပါတယ်။ ဒီ လွှတ်လိုက်သူတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ စာရင်းမှာ ပါတဲ့သူတွေလို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒီ စာရင်းအတိုင်းပြောမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား ၂၇၁ ဦး လွတ်ဖို့ ကျန်နေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ပြောဆိုနေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ထပ်ဆွေးနွေးချင်ပါတယ်။ သူတို့ကြေညာသလို ဒီ စာရင်းအတိုင်း လွှတ်ပေးတယ်ဆိုရင်တော့ ကျန်နေတဲ့ ၂၇၁ ဦးကို ဘာကြောင့် လွှတ်မပေးသေးတာလဲဆိုတာ တရားဝင် သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဖော်ဆောင်မှုတွေလုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လုံးလုံးမရှိသင့်ပါဘူး။"
    တိုင်းရင်းသားလူနည်းစုအရေးကိစ္စနဲ့ပတ်သက်လို့တော့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအရ အဖြေထုတ်နိုင်မှသာ တိုင်းရင်းသားဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်လိမ့်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
    "အပစ်အခတ်ရပ်စဲရေး လုပ်ရုံတင် မလုံလောက်ပါဘူး။ အပစ်အခတ်ရပ်စဲရေးဆိုတာ အစ သက်သက်ပါ။ နိုင်ငံရေးအရ အဖြေရှာမှုမျိုး မရှိသေးပါဘူး။ ဒီအခြေအနေနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအရ အဖြေထုတ်နိုင်ဖို့ လိုအပ်ပါတယ်။"
    (VOA)
    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ကလေးဝ လမ်းမအတွင်း သောက်သုံးရေကန်များ ခမ်းခြောက်
    Posted: 16 May 2012 09:06 AM PDT
    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ကလေးဝ လမ်းမ၊ ၂၆မိုင်၊ ၂၇မိုင်၊ ၂၈မိုင်၊ ၂၉မိုင်၊ ၃၀မိုင်၊ ၃၁မိုင် အတွင်း သောက်သုံးရေကန်များ ခမ်းခြောက်လာကာ သောက်သုံးရေ အခက်အခဲများ ဖြစ်နေပါသည်၊ ကန်၏ အနီးအနားတွင် လက်ယက်တွင်းကလေးများတူးကာ နည်းနည်းချင်းစီ ခပ်ယူ နေရပါသည်။ ဘာလီပုံးလေးပြည့်ရန် ၁ နာရီကြာအောင် တန်းစီကာ နေပူပူထဲတွင် ရေရဖို့အရေး နေပူခံ ကာ ကြိုးစား စောင့်ခပ်ယူနေရပါသည်။ လာရောက်ခပ်ယူသူများလည်း ၂၈မိုင်၊၂၉ မိုင်၊ ၃၀မိုင် ကနေ ၃၁မိုင်ကို လာရောက်ပြီး .... နွားလှည်းရှိတဲ့သူက နွားလှည်းဖြင့် လာကြသည်၊ မရှိတဲ့သူက ခြေလျှင် လာကြရပါသည်။ ၄င်း အခု ၁၅၊ ၅၊ ၂၀၁၂ ရက်နေ့က သွားရောက်ကြည့်ခဲ့ရာ နောက် တစ်ပတ်လောက် ဆိုရင် ကန်ရေ၏ အနေအထားကို ကြည့်ရသည်မှာ လုံးဝ ခမ်းခြောက်ဖွယ် ဖြစ်နေသည်။ ထိုအတွက် အလှူရှင်များအားဖိတ်ခေါ်လိုက်ပါသည်။
    ကိုသိန်းထွေး (ကနီ) သို့ ဆက်သွယ်ရန် ၀၉ ၆၄၅၀၅၅၆၊
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မုံရွာမြို့နယ်) ရုံးသို့ဆက်သွယ်ရန် ၀၉ ၆၈၁၈၀၅၀
    ayemyamyalwin@gmail.com
    ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ကိုဇာဂနာနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ အင်တာဗျူး (ရုပ်/သံ)
    Posted: 16 May 2012 08:47 AM PDT
    လှူဒါန်းနေဆဲ လှူရအုံးမယ့် ဒလမြို့နယ် ရေရှားပါးမှု
    Posted: 16 May 2012 08:26 AM PDT
    ဒလမြို့နယ်မှာ သောက်သုံးရေ အခက်အခဲကြောင့် သွားရောက်လှူဒါန်းနေသူ ဦးဝင်းချိုအား ဒလရေဘေး နဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ နောက်ဆုံး လှူဒါန်းနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြတာက တော့ ` အခုလည်းလှူနေတယ်။ ရပ်လို့မရဘူး။ ရပ်ရင် ငတ်မှာ။ ရေက ဘယ်လောက်အထိ လှူရမယ်ဆိုတာကိုလည်း မမေးနဲ့ ။ မိုးရွာလာရင်တောင် မိုးရေလှောင်စရာမရှိတဲ့ ဒေသခံတွေမှာ သောက်သုံးရေအတွက် အဆင်ပြေ ဦးမှာ မဟုတ်ဘူး။ ရေကန်တစ်ကန် ရှိတာကလည်း ရေက နွံနှစ်ရောင်ပေါက်နေပြီ။ အဲဒီကန်မှာ မနက်တစ်ခါ ညနေတစ်ခါ ရေခပ်ခွင့်ပေးထားတယ်။ သံဆူးကြိုးခတ်ပြီး ပိတ်ထားရတယ်။ မနက်စောစော အလုပ်သွားရမယ့် လူတွေဆို သူတို့ ခပ်ခွင့်ပေးတဲ့အချိန်ထိ မစောင့်နိုင်လို့ ခိုးခပ်တာမျိုးတွေတောင် ရှိတယ်´ လို့ပြောပါတယ်။
    လှူဒါန်းနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ ` ကျွန်တော်ကတော့ စမိထားတဲ့အတွက် ရပ်လို့မရပါဘူး။ အခု အလှူရှင်တွေက ဆက်သွယ်ပြီး လှူဒါန်းလာတာတွေ ရှိပါတယ်။ အဲဒါကိုလည်း လိုအပ်သလို သုံးသွားမှာပါ။ ကားတစ်စီးကို ပင်တိုင်ငှားထားပြီး တာဝန်ခံနိုင်မယ့်သူတွေကို ဦးစီးဦးဆောင် လုပ်ခိုင်းထားပါတယ်။ အလှူရှင်မရှိတဲ့နေ့တွေလည်း အမြဲတမ်းပဲ အကြွေးလှူထားရပါတယ်။ လှူဒါန်းငွေရ တော့လည်း အဆင်ပြေပါတယ်။ မရှိလည်း ဆက်တိုက်လှူနေမှာပါ။ အကြွေးတင်ခံပြီးတော့လည်း လှူရတော့မှာ ပါပဲလို့´ လို့ပြောပါတယ်။
    အဲဒီမှာ တခြားသော အဖွဲ့အစည်းတွေကလည်း လှူဒါန်းနေတာတွေရှိပြီး အချို့နေ့တွေမှာတော့ ကားအစီး ၂၀ ကျော်လောက်အထိ လိုက်လံလှူဒါန်းနေတာမျိုး ရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေက သူတို့ရဲ့အခက်အခဲကို လှမ်းအကူအညီတောင်းတယ်။ ကိုယ်က ဒီကနေတစ်ဆင့် စီစဉ်ပေးရတယ်။ မိုးရွာတဲ့အထိ ရေအလှူက ရပ်လို့ ရဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ တစ်နေ့ကို ကားခ ၅၀၀၀၀ နဲ့ နေ့စဉ်မပြတ်လှူဒါန်းနေကြောင်း သိရပါတယ်။
    ဒလမှာ ရေမရှိတဲ့ အုတ်ကန်မှာ တွေ့မြင်ရတဲ့ ကဗျည်းထိုး ဆိုင်းဘုတ်တင် အလွန်ဝါသနာပါတဲ့ ကြံ့ဖွံ့အမှတ်တံဆိပ်
    Naung taw lay
    တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့်အစိုးရအဖွဲ့အာဇာနည်ကုန်းကိုလာဂါဝရပြုတာ သေသွားတဲ့သူတို့တောင်ကိုးရီးယားဝန်ကြီးတွေအတွက်လို့မြန်မာသတင်းစာဖော်ပြရေးသား
    Posted: 16 May 2012 08:11 AM PDT
    သတင်းစာထဲမှာတော့ ၁၉၈၃ခုနှစ်မြောက်ကိုး၇ီးယားမှအာဇာနည်ကုန်း ဗုံးဖောက်ခွဲမှုကြောင့် သေသွားတဲ့သူတို့တောင်ကိုးရီးယားဝန်ကြီးတွေအတွက်..သွားပြီးပန်းခွေချတယ်လို့ရေးထားပါတယ်...
    သွားတဲ့လူက..အာဇာနည်ဗိမာန်ကိုသွားပြီး..ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို..ပန်းခွေမချပဲနဲ့ သူတို့လူချည်းပဲသက်သက်အတွက်..အဲဒီလိုခေါင်းစဉ်နဲ့သွားလို့ရလား...
    ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေကိုပန်းခွေမချရ...လို့ ဒီက..ကန့်သတ်ထားတာရှိလို့များလား...
    မကန့်သတ်ရင်ရော...ဗိုလ်ချုပ်နဲ့အာဇာနည်တွေကိုပန်းခွေမချပဲ..သူတို့ဝန်ကြီးတွေအတွက်ပဲဂါရ၀ပြုတာကို...ဒီကလူကြီးတွေက..လက်ခံကြလား...တောင်ကိုးရီးယားသမ္မတကရောအဲဒီသဘောထားရှိလား။ရှိရင်တော့သူတကယ်ရိုင်းစိုင်းကြီးကျယ်တဲ့လူပဲ...၊မရှိရင်တော့ဒီကလွန်တာ....
    သူတို့ဆီကအာဇာနည်ဗိမာန်လိုနေရာမျိုးကိုဒီကလူကြီးတွေတရားဝင်သွား..ဂါရ၀မပြုပဲ စားသောက်ပြီးပြန်လာလို့ရလားဗျာ...
    သတင်းစာကရေးတာရော....မှန်ရဲ့လားဆိုတာ..တောင်ကိုးရီးယားသမ္မတကတကယ်အဲဒီသဘောဆိုရင်တောင်..သတင်းစာကထိန်းရေးရမှာ...ကိုယ့်သိက္ခာကိုယ်ချသလိုကြီးဗျာ......ထိန်းရေးသင့်တယ်..လုံးချပြီးရေးလို့ရတယ်...ဘာကြောင့်အဲဒီလိုပေါ်တင်ရေးချရတာလဲမသိ...တကယ်ကိုမသိတာပါ..
    ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့..လွပ်လပ်တဲ့တိုင်းပြည်အရသာကိုမခံစားတတ်လို့..ဒီလိုတွေမစဉ်းစားတတ်တာ...ခံယူချက်တွေဖြစ်လာတာလား....ကျော်ဆန်းရာ...ဗိုလ်ချုပ်အောင်ဆန်း..ဆိုရင်ကို...အာဇာနည်ဗိမာန်ဆိုရင်ကို...မင်းတို့ထွန့်ထွန့်လူးနေတာ.....၊မလုပ်သင့်တာကိုမလုပ်ပါနဲ့လို့ပြောချင်ပါတယ်...
    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များအား ဂါရ၀ပြုတယ်လို.မပါဘူး...။
    ကျနော်တို. နိုင်ငံ ရဲ.အာဇာနည်ဗိမာန်ကိုသွားပြီး ကျနော်တို. နိုင်ငံရဲ.အာဇာနည်တွေ ကိုတော့ ဂါရ၀မပြုဘူး ဆိုတာ စော်ကားတာပဲ။ ကျနော်တို.အစိုးရက အဲသည်လို လုပ်ခွင့်ပြုသလား ?????? သတင်းစာက ဖုံးကွယ်ပြီးရေးတာလား ?????? ဘာပဲဖြစ်ဖြစ် ဒီကိစ္စ ကို လုံးဝ လက်မခံနိုင်ပါဘူး…။
    တရားဝင်ဖြေရှင်းချက်ထုတ်ပေးရန်တောင်းဆိုပါတယ်..
    Pa Yit
    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610
    No comments:
    Post a Comment