Saturday, 25 August 2012






Posted: 21 Aug 2012 09:40 AM PDT
ဓာတ်ပုံ... ဇွန်လ(၁၉)ရက်နေ့က စစ်တွေ အောင်မင်္ဂလာခေါ် အင်ဘာလာ ဘင်္ဂလီရပ်ကွက် မြင်ကွင်း (ဒီမိုဝေယံ
သတင်းထောက်)

အများပြည်သူနှင့် ရခိုင်ပြည်သူများအား ထင်ယောင် ထင်မှားဖြစ်စေသည့် Yangon Press International (YPI)၏သတင်းရေးသား ဖော်ပြချက်အား ကန့်ကွက်ပါသည်...။

သြဂုတ်လ ၂၀ရက်နေ့က ပြည်တွင်းက အွန်လိုင်း သတင်းဋ္ဌာန တခုဖြစ်တဲ့ Yangon Press International (YPI)မှ
 ရခိုင် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်နှစ်ဦးကို ကန့်ကွက်ဖို့ စီစဉ်နေဟူသော ခေါင်းစဉ်ဖြင့် ရေးသား
 ဖော်ပြချက်ပါ... (ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများအားစုံစမ်းရန် နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးလိုက်
သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ပါအဖွဲ့ဝင်နှစ်ဦးအား စစ်တွေ ဒေသခံအချို့ကလက်မှတ်ရေးထိုး ကန့်ကွက်ရန်
 စီစဉ်နေသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ဟုဖော်ပြပါရှိကာ

နိုင်ငံတော် သမ္မတ အမိန့်ဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်တွင်
 ပါဝင်သည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ၈၈ မျိုးဆက်ေ
ကျာင်းသားခေါင်းဆောင် ကိုကိုကြီးတို့ နှစ်ဦးအားကန့်ကွက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။)ဟု
 ရေးသား ဖော်ပြခဲ့ပြီး ၎င်းတို့ နှစ်ဦးမှာ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးနှင့် အချက်အလက်မှန်များ ရရှိရေးတွင်
သံသယရှိသည့်အတွက် စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်ရခြင်ြး
ဖစ်ကြောင်း (စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။)ဟု ရေးသားဖော်ပြခဲ့သည်...။

ဒီနေရာမှာ တခုပြောလိုတာက Yangon Press International (YPI)ရဲ့
 အောင်မင်္ဂလာ ရပ်ကွက် ဒေသခံများဆိုတဲ့ ရေးသားဖော်ပြချက်ပါပဲ..။ တကယ်တော့ စစ်တွေမြို့လယ်က
 အောင်မင်္ဂလာ ရပ်ကွက်ဆိုတာ ဘင်္ဂလီများ သီးသန့်နေထိုင်တဲ့ အင်ဘာလာ (ခေါ်) အောင်မင်္ဂလာ ရပ်ကွက်ဖြစ်ပြီး
 အဆိုပါ ရပ်ကွက်မှ ဒေသခံတချို့အား ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့က သဲချောင်းရွာသို့ လုံခြုံရေး
 အကူအညီများဖြင့် သဲချောင်းရွာသို့ ပြောင်းရွှေခဲ့ပါတယ်..။

(YPI)ရဲ့ သတင်းရေးသားဖော်ပြချက်ဟာ အောင်မင်္ဂလာရပ်ကွက် ဆိုတာမည်သည့်
ရပ်ကွက်ဖြစ်ကြောင်း ရှင်းရှင်းလင်လင်း ရေးသားဖော်ပြချင်း မရှိပဲ ဒေသခံ ရခိုင်ပြည်သူများ
 ဖြစ်သယောင် မရှင်းမလင်း ရေးသားထားတာ တွေ့နိုင်ပါတယ်..။ ထို့အတူ ရခိုင်ဒေသခံများမှ
 ဒေါက်တာအေးမောင်နဲ့ ၈၈မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးတို့အား မထောက်ခံ
သယောင် ယုန်ထင်ကြောင်ထင် ဖြစ်စေတဲ့ ရေးသားချက် ဖြစ်သလို ဒေါက်တာအေးမောင်နဲ့ အထူးသဖြင့် ၈၈မျိုး
ဆက်ခေါင်းဆောင် ဦးကိုကိုကြီးတို့ရဲ့ Image ကိုလည်း ထိခိုက်စေပါတယ်..။ အဆိုပါ ရေးသားချက်ဟာ ပြည်ပအခြေဆိုက်
 ရိုဟင်ဂျာ အဖွဲ့အစည်း ၈ခုရဲ့ ကြေငြာချက်ပါ ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်မှာ ပါဝင်နေတဲ့
 ဒေါက်တာအေးမောင်၊ ဦးကိုကိုကြီးနဲ့ ဦးခင်မောင်ဆွေ(NDF) တို့ပါဝင်နေမှုနဲ့ ပါတ်သတ်ပြီး ကန့်ကွက်တဲ့
 ကြေငြာချက်ပါ အချက်များအား ထောက်ခံရေးသား သယောင်ဖြစ်နေပါတယ်..။

အထက်မှာ ဖော်ပြခဲ့သလို (YPI)ရဲ့ ယခုကဲ့သို့ အများပြည်သူနှင့် ရခိုင်ပြည်သူများအား ထင်ယောင်
 ထင်မှားဖြစ်စေသည့် သတင်းရေးသား ဖော်ပြချက်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်...။

Yangon Press International အနေဖြင့် အောင်မင်္ဂလာရပ်ကွက်ဆိုတာ စစ်တွေမြို့လယ်က
 ဘင်္ဂလီ အင်ဘာလာရပ်ကွက် ဖြစ်ကြောင်း ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြပေးရန် ထပ်မံေ
တာင်းဆိုပါသည်။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပုံရိပ်အား ထင်ယောင်ထင်မှား
 ဖြစ်စေမည့် အရေးအသားအားလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်သည်..။

YPI ရေးသားချက် သတင်းလင့်ခ် Click
Posted: 21 Aug 2012 09:13 AM PDT
ငါးဖမ်းလျှောဆည်များ ပိတ်ဆို့၍ ဆည်ချထားခြင်းကြောင့် လယ်ယာစိုက်ပြီါ်မြေများ ရေနစ်မြုပ်ရမှုအား တိုင်ကြားစာ..
ပေးပို့သူ ဟင်္သာတနှင်းမောင်
Posted: 21 Aug 2012 08:46 AM PDT

ရွှေတွင်းလုပ်သားများနှင့် ရွှေတွင်းလုပ်သားများ နစ်နာမှုတွေအတွက် အတူတကွ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုမောင်မောင်လတ်တို့ ILOရုံးသို့ရောက်စဉ်

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ချက်
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၁) ရက် )
(၂၁.၈.၂၀၁၂)

    
မိုးထိမိုးမိရွှေလုပ်သားများ၏ နေပြည်တော်သမ္မတအိမ်အရောက် ချီတက်ဆန္ဒဖော်ထုတ်
မှုကို ၁၄.၆.၂၀၁၂ရက် နေ့တွင် ရွှေမြင်တင်ဘုရား၌ အချက်(၆)ချက်ပါစာချုပ်ကို ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွားတိုး
တက်ရေး ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည်။ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဘက်မှ
စာချုပ်ပါ အချက်များကို လိုက်လျောမှု မရှိသည့်အပြင် ရွှေလုပ်သားများကို ဖမ်းဆီး အရေးယူခြင်း၊ ခြိမ်းခြောက်မှုများ
 ပြုလုပ်ခြင်း လက်နက်များကိုင်ဆောင်ခြင်း၊ ဆိုင်ကယ် ကယ်ရီများကို ပေးမတက်စေခြင်း၊ စာချုပ်ပါအချက်များ ကိုဖောက်
ဖျက်၍ အမိန့်အမျိုးမျိုး ထုတ်ပြန်ခြင်းများကို ပြုလုပ်လျှက်ရှိပါသည်။

ကိုမောင်မောင်လတ် (ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုယာယီအလုပ်အမှုဆောင် ကော်မတီ
 တာဝန်ခံ ၈၈ကျောင်းသားဟောင်း)သည် ၁.၆.၂၀၁၂ရက်နေ့ မိုးထိမိုး
မိတောင်ပေါ်ရှိ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီလီမီတက် (စခန်းကြီး) ရှေ့မှစတင်ပြီး ရွှေလုပ်သား
များနှင့် အတူဆန္ဒဖော်ထုတ်ခဲ့ကာ ယနေ့အချိန်ထိ မိုးထိမိုးမိတောင်ပေါ်တွင် ရွှေလုပ်သားများနှင့်
အတူ တသားတည်းနေ၍ ရွှေလုပ်သားများ၏ အခွင့်အရေးများကို ဆက်လက်တောင်းဆို မှုပြုလုပ်လျှက်ရှိသည်။
ယခုအခါ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက် နှင့် မန်ဘာ ဦးဆန်နီတို့က မိုက်ကယ်(လူမိုက်)အင်အား
 -၂၀၀- နီးပါးဖြင့် ကိုမောင်မောင်လတ်ကို ဖမ်းဆီးရန်ပြုလုပ်နေပါသည်။

 အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် စာချုပ်ပါအချက် များကို လိုက်လျောခြင်း မရှိသည့်အပြင်
 ရွှေလုပ်သားများ ရပိုင်ခွင့်အတွက် ကူညီပေးနေသော ၈၈ကျောင်းသားဟောင်း ကိုမောင်မောင်လတ်(ကိုလတ်) အပေါ်တွင်
လည်း အညှိုးထား၍ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် မိုးထိမိုး
မိတောင်ပေါ်၌ အဓိကရုဏ်းဖြစ်အောင် ပြုလုပ်နေ ခြင်းဖြစ်ပါ
သည်။ ကိုမောင်မောင်လတ်နှင့် ရွှေတွင်းလုပ်သားများသည် ပြဿနာများကိုပြေလည်အောင် ဆောင်ရွက်
 နေသော်လည်း အမျိုးသားကြီးပွား တိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ဘက်မှ တိုက်ခိုက်ပြုလုပ်မှုများ လုပ်ဆောင်
 နေခြင်းကို ချက်ခြင်းရပ်တန့်ပေးရန်နှင့် ဆက်လက်လုပ်ဆောင်နေပါက အမျိုးသားကြီးပွားတိုးတက်ရေး
အုပ်စု ကုမ္ပဏီလီမီတက်ကသာ တာဝန်ဖြစ်ကြောင်းအတိအလင်းကြေညာလိုက်သည်။

မှတ်ချက်။ ။ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် မိသားစုနှင့် ပြည်သူလူထုကြီးမှ ပေးပို့လာသော သတင်းများကို တစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment