Posted: 23 Aug 2012 12:17 AM PDT
နောက်တစ်နေ့ သမ္မတကြီးရဲ့ ရပ်တည်ချက်ဟာ မမှန်ကန်ဘူးလို့ ယူဆရင် သမ္မတကြီးကို နောက်တစ်နေ့ ကန့်ကွက်မယ်၊ ရှုံ့ချမယ် လို့ ဆိုတဲ့ ဆရာတော် ဦးဝီရသူ(မစိုးရိမ်) ရဲ့ ရခိုင်အရေးနဲ့ ပတ်သတ်ပြီး သမ္မတကြီးကို ထောက်ခံပြီး ကင်တားနားကို ကန့်ကွက်တဲ့ အင်္ကျီ မိတ်ဆက်ပွဲနှင့် မီဒီယာများ တွေ့ဆုံပွဲမှ နိဂုံးချုပ်သြဝါဒ စကား ဦးဝီရသူ(မစိုးရိမ်) |
၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးမှာလူထု အုံကြွ မှု သတင်း ရယူ စဉ် ဂျပန်သတင်း
ထောက် ကန်ဂျိနာဂါအိသေဆုံးပြီးဒုတိယမြောက် ဆီးရီးယားမှာ အလားတူသေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတိုရဲ့နောက်ဆုံးVideo မှတ်တမ်း(ရုပ်/သံ)
Posted: 22 Aug 2012 09:54 AM PDT
ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။ တိုကျိုမြို့ တော် အခြေစိုက် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။ အဆိုပါ သတ်ဖြတ် ခံရမှုနှင့် ပတ်သတ်၍ Japan Press သတင်း အေဂျင်စီက မည်သည့် သတင်း ထုတ်ပြန်ချက်မျှ ထုတ်ပြန် သွားခြင်း မရှိသေးပေ။ ယာမာမိုတိုသည် ၁၉၉၅ ခုနစ်မှ စတင်ပြီး Japan Press သတင်း အေဂျင်စီနှင့် လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အာဖဂန်နှင့် အီရတ် စစ်ပွဲ များတွင်လည်း စစ်သတင်းများ လိုက်ခဲ့ကြောင်း အေဂျင်စီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။ ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်း စစ်သတင်း လိုက်ရင်းဖြင့် အမေရိကန် သတင်းထောက် တစ်ဦး နှင့် ပြင်သစ် သတင်းထောက် နှစ်ဦးလည်း သေဆုံး ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ၂၀၁၁ခုနှစ် မတ်လမှ စတင်ဖြစ်ပွားသော အစိုးရနှင့် အတိုက်အခံများကြား တိုက်ပွဲများကြောင့် ဒေသခံ ၁၈၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံသား ၂ ဒသမ ၅ သန်းကျော် အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ သတင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ထားသည်။ The Voice Weekly |
Posted: 22 Aug 2012 09:07 AM PDT
Photo..Associated Press (The Wall Street Journal မှ 21 Aug 2012 ရက်စွဲပါ "China State media at odds over Myanmar Censorship move" သတင်းကို ဘာသာပြန် ဆိုသည်။) မြန်မာနိုင်ငံတွင် သတင်းဆင်ဆာဖြတ်မှုကို ရုတ်သိမ်းလိုက်ပြီဟူသော တနလာင်္နေ့က သတင်းများကြောင့် တရုတ်အစိုးရ သတင်းစာများထံမှ ကွဲပြား သော အမြင်များ ထွက်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံက ယင်း၏ ချုပ်ချယ်မှုများကိုလည်း မကြာမီအတွင်း ရုတ်သိမ်းပေးမှာလားဟူသော သံသယများ အွန်လိုင်း အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်လာသည်။ နိုင်ငံပိုင် မီဒီယာ အတွင်း၌ပင် ကွဲပြားသော အမြင်အမျိုးမျိုးကို တွေ့မြင်ကြရသည်။ ကွန်မြူနစ်ပါတီအာဘော်People'sDailyသတင်းစာ၏၀က်ဘ်ဆိုက်တွင်ရန်ကုန်မှ ပြည်တွင်းသတင်းထောက်တစ်ဦး ပြောကြားသည့်အတိုင်း "မြန်မာစာနယ်ဇင်းသမားများ အားလုံးအတွက် ကြီးကျယ်သော နေ့တစ်နေ့" ဟု မျှမျှတတရေး သားဖော်ပြထားသည်။ ယင်းဖော်ပြချက်ကြောင့် အခြားဘလော့ဂါများထံမှ ချီးကျူးမှုကို ရရှိခဲ့သည်။ Google China ၏ ယခင် အကြီးအကဲ ကိုင်ဖူးလီက "မြန်မာဆင်ဆာ သတင်းနှင့်ပတ်သက်၍ အခြားမီဒီယာများထက် ဖော်ပြမှုသာလွန်သောကြောင့် People's Daily ၀က်ဘ်ဆိုက် ကို သြဘာပေးသည်။" ဟု ရေးသားထားသည်။ အွန်လိုင်းတွင် အမြဲတမ်း ပြစ်တင်ရှုတ်ချခံနေရသော People's Daily သတင်းစာ အနေဖြင့် ယခုကဲ့သို့ ချီးကျူးခံရခြင်းသည် ပြီးခဲ့သောနှစ်ပတ် အ တွင်း ပြောင်မြောက်သော လက္ခဏာတစ်ခု အဖြစ်ထင်ဟပ်နေသည်။ People's Daily သတင်းစာက ထုတ်ဝေသော အမျိုးသားရေး အစွန်းရောက်စာစောင် Globle Timesကမူ မြန်မာဆင်ဆာ သတင်းကို ထောက်ခံ လိုပုံ မရပေ။ ၎င်း၏ အင်္ဂါနေ့ ခေါင်းကြီးပိုင်းတွင် တရုတ်နိုင်ငံသည် မြန်မာတို့၏ ပုံစံနောက်သို့ လုံးဝမလိုက် သင့်ဟု ရေးသားထားသည်။ "မြန်မာတွေရဲ့ ပြုပြင်ပြောင်းလဲမှုက အဖူးထွက်ကာဦးစပဲ ရှိပါသေးတယ်။ တရုတ်နိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်ကတော့ အကြိမ်ပေါင်းထောင်ချီပြီး အစမ်းသပ်ခံ ပြီးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုကိုယ် သံသယ၀င်နေမယ်ဆိုရင် ကလေးဆန်ပြီး နုံအရာ ရောက်ပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ ဖူး သစ်စ မဟုတ်ပါဘူး။ ရှင်သန်ဖွံ့ဖြိုးနေတဲ့ သစ်ပင်ဖြစ်နေပါပြီ" ဟု Global Timesက ဆိုပါသည်။ "တရုတ်နိုင်ငံဟာ သတင်းစာလွတ်လပ်ခွင့် လမ်းကြောင်းပေါ်မှာ ရှိနေပြီးသားပါ။ အနာဂတ်မှာ ပိုကောင်းလာမှာပါ။ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေကို လိုက်ကြည့်ပြီး တုန်လှုပ်နေမယ့်အစား တရုတ်နိုင်ငံရဲ့ အမျိုးသားရေး အနေအထားအပေါ် အခြေခံပြီး ဆက်လုပ်သွားသင့်ပါတယ်" ဟု Global Times က ရေးသားထားသည်။ အဆိုပါ ခေါင်းကြီးပိုင်းသည် တရုတ်လူမှုမီဒီယာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံရသည့် "တရုတ်ဟာ သတင်းစာလွတ်လပ်ခွင့် လမ်းကြောင်း ပေါ် မှာ အရင်ကတည်းက ရှိနေသတဲ့လား။ ဒါပေမယ့် လမ်းမှားနေပါတယ်" ဟု ဘလော့ဂါတစ်ဦးက "တွယ်" ထားသည်။ "မြန်မာနဲ့ ဗီယက်နမ်အပေါ် Globle Times ရဲ့ မှတ်ချက်ပေးပုံဟာ ဒီနိုင်ငံမှာ ဖြစ်နေတာနဲ့ အတူတူပါပဲ၊ သူဌေးက လူမွဲကို အထင်သေးတဲ့ အကြည့် မျိုးပေါ့" ဟု အခြားဘလော့ဂါတစ်ဦးက ဝေဖန်သည်။ အွန်လိုင်းဘလော့ဂါ အများစုကမူ တရုတ်နိုင်ငံသည်လည်း မီဒီယာချုပ်ချယ်မှုကို လျှော့ပေးတော့မှာလားဟု မျှော်လင့်ချက် ထားနေကြသည်။ "အခုဆိုရင် မြောက်ကိုရီးယားနဲ့ ကျွန်တော်တို့ပဲ ကျန်တော့တယ်။ တရုတ်သတင်းစာသမားတွေအတွက် ဒီလိုကြီးကျယ်တဲ့နေ့ ဟာ ဘယ်တော့လဲ" ဟု ဘလော့ဂါတစ်ဦးက မေးခွန်းထုတ်လိုက်သည်။ Yangon chronicle |
Posted: 22 Aug 2012 08:59 AM PDT
ကျနော် လူဆိုးဖြစ်နေပြီလားတော့ မသိဘူး။ ဒါမှ မဟုတ် အဆိုးမြင်တွေပဲ များနေပြီလား မသိဘူး။ အခု အားလုံးသိတဲ့ အတိုင်းပဲ ကျနော်တို့ တိုင်းမှာ ရေတွေ ကြီးနေတယ်။ ရေဘေး ကယ်ဆယ်ရေးတွေလဲ လုပ်ကြတာပေါ့ ဗျာ။ ရေဘေးကြောင့် ၀မ်းနည်း ရပေမယ့် လုပ်နေကြတာတွေ တွေ့တော့လဲ အားရစရာကြီးပါဗျာ။ အဲဒီမှာပဲ ပြောချင်တာတွေ ရှိလာတယ်။ ပြောချင်နေတာတော့ ကြာပါပြီ ။ အခု ရေဘေးကျမှပဲ ပြောဖြစ်တော့တယ်။ ကျနော် ပြောတာမှားသွားရင်လဲ ကျနော်ပြောတာ ကျနော် တာဝန်ယူပါ့မယ်။ ပရဟိတ လုပ်နေကြတဲ့ လူတွေကို ကျနော် ကြည့်လိုက်တော့ အကြမ်းဖျင်းအားဖြင့် ကောင်းတာ (၂) မျိုး၊ ဆိုးတာ (၂) မျိုးပဲ တွေ့နေရတယ်။ ဆိုးတဲ့ (၂) မျိုးအကြောင်း အရင်ပြောကြည့်မယ်နော်။ အဆိုး(၁)။ ။ ပရဟိတလေးကို လာဗန်းပြပြီး ကိုယ် နာမည်ကြီးအောင် လုပ်တဲ့သူတွေ။ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့ရမှာပါ။ လှုစရာရှိတဲ့ လူက ၅၀၀ လောက်ကို ၅၀ စာလောက် လာလှုပြီး ဓါတ်ပုံတွေ ရိုက်၊ သူများကို ကြွား၊ တစ်ချို့ဆို မီဒီယာတွေကိုပါ တစ်ခါတည်း ခေါ်လာပြီး ဘယ်တုန်းက ဘယ်လိုလှုခဲ့တာ။ ငါတို့က ဘယ်လောက်လှူခဲ့တာကွ ဘာပေါ့ ညာပေါ့။ အဲဒီလူတွေက စေတနာတော့ မလှူတာထက်စာရင် ကောင်းပါတယ်။ ဒါပေမယ့် ပေးတာထက် ယူတာက ပိုများနေတယ်။ ဒုက္ခသည်တွေကို ဘာအသုံးချနေသလိုပဲ။ ကျနော်တော့ အဲလိုတွေ တွေ့ရတာ ရင်နာတယ်။ အဆိုး(၂)။ ။ ငါတို့က ပရဟိတ လုပ်တာကွ။ ကျန်တဲ့သူုတွေကတော့ ဘာအသုံးမှ မကျဘူး။ ငါတို့ကမှ လူကောင်း၊ ကျန်တဲ့ သူတွေက ဘာစိတ်ဓါတ်မှ မရှိတဲ့သူတွေ စသည်ဖြင့် ဘ၀င်မြင့် လေကြီးနေတဲ့သူတွေ။ ကျန်တဲ့သူတွေ ဘာလုပ်တယ် ဘယ် လိုစိတ်ဓါတ်ရှိတယ် ဆိုတာ မသိဘဲ စွတ်ပြီးတင်နေတဲ့သူတွေပေါ့။ သူ့ဘာသူ အိမ်မှာနေပြီး ဆန်လှူနေတာလဲ သုမသိတာဖြစ် မှာပေါ့။ ကျနော် ကြုံဖူးတယ်။ အခုမှ စလုပ်ဖူးတဲ့ ကျောင်းသားတစ်စုကို ဘယ်လိုလှူလဲ ဘာလဲ နဲနဲပါးပါးလေး မေးတာတောင် မဖြေချင်သလို ဖြေချင်သလို။ မေးတဲ့သူကိုပဲ အဖတ်မတန်သလို ဘာလိုလို။ ပြီးတော့လဲ ရှိသေးတယ်။ လမ်းမှာ ကြုံတာတောင် ငါ အဲ့ဒုက္ခသည်စခန်းက ပြန်လာတာပါ ဆိုတာတောင် ကျနော်တို့ လှူမှာလေ။ ထမင်းတွေ ဟင်းတွေလေ ဆရာသိတယ်မလား ဘာ ညာနဲ့ ။ ကျနော်တော့ ဘာပြောရမှန်းမသိဘူး။ စိတ်ကိုညစ်ရော။ နောက်တော့မှ တွေးဖြေလိုက်တယ်။ အော် …. အရက်ဆိုင် ရောက်နေတာထက်စာရင်တော့ ဘယ်လိုပဲ အတွေးလွဲလွဲ ၊ ဘယ်လောက်ပဲ ဘ၀င်မြင့်မြင့် တစ်ချိန်တော့ လုပ်ပါများရင် မှန်လာမှာပေါ့ လို့ဆိုပြီး တွေးလိုက်ရတယ်။ ကဲ…. အကောင်း(၂) မျိုးကို ပြောကြည့်မယ်။ ကျနော်ကတော့ အဲ့လူတွေ အကြောင်းပြောရတာ အားရ၀မ်းသာရှိတယ်ဗျာ။ အကောင်း(၁)။ ။ လုပ်လဲ တကယ်လုပ်တယ်။ စိတ်လဲ တကယ်ရှိတယ်။ အရင်ကလဲ အများကြီး လုပ်ဖူးထားတော့ အတွေ့အကြုံက လဲ ရှိမှရှိ။ နာမည်ကောင်းလဲ တစ်ခါမှ မယူဘူး။ သူတို့ကို တွေ့လိုက်ရင် ဘယ်နေရာတွေက ကယ်ဆယ်ရေးတွေ မရောက်သေးတာ သွားရဦးမယ်။ ဘယ်နေရာတွေမှာတော့ ပိုလိုအပ်နေတာ။ ဘယ်နေရာမှာတွေ မှာတော့ ဘာတွေ လိုအပ်နေတာ။. ကျနော်တို့ လှူတာ ဘယ်လိုဆိုရင် ပိုပြီးကောင်းမယ်။ ပိုပြီး စနစ်ကျမယ်။ ဘယ်လိုလုပ်မှ ပိုထိရောက်မယ် စသည်ဖြင့် အမြဲ ပိုကောင်းသ ထက်ကောင်းအောင်ပဲ တွေးနေကြတာ။ ကြွားဖို့၊ သူများကို နှိမ့်ချဖို့၊ ဒုက္ခသည်တွေကို အသုံးချဖို့ ဝေးလို့ အဲလိုတွေ တွေးကြံ လုပ်ကိုင်နေရတာနဲ့တင်ပဲ သူတို့မှာ လုံးဝမအားကြဘူး။ သူတို့ကို ကြည့်လိုက်ရင် ကိုယ်တွေတောင်သိမ်ငယ်တယ်။ တစ်ချို့တွေဆို တော်တော် ငယ်ငယ်လေးတွေ။ ဆက်လုပ်ကြ… ငါ့ကောင်တွေရေ။ အကောင်း(၂)။ ။ သူတို့တွေကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေ၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေပေမယ့် လဲ အလှူသွားခံ တစ်ခါမှ မငြင်းဘူး။ အထပ်ထပ် အခါခါ လှူတာပဲ။ နောက်ပြီး အမြဲလဲ နားစွင့်နေတာပဲ။ ဘယ်သူတွေနဲ့ လှူရမလဲ။ ဘယ်လိုလှူရမလဲ။ သူတို့ အလုပ်လဲ မပျက်၊ အများကောင်းကျိုးကိုလဲ တစ်ဖက်တစ်လမ်းက လုပ်နိုင်ကြတော့ ကောင်းတာပေါ့ဗျာ။ တစ်ချို့ဆို စိတ်ကူးတောင် ကောင်းကြသေးတယ်။ ထမင်းထုပ်ဝေရင်းနဲ့ ထမင်းထုပ်ထဲ သူတို့ တတ်နိုင်သလောက် ၁၀၀၀ တန်တို့ ၅၀၀ တန်တို့ကို ပလပ်စတစ်အိပ်လေးနဲ့ ထည့်ပြီး ကံစမ်းမဲလိုမျိုး ရတဲ့သူတွေ ခေတ္တတော့ ဘ၀အမောတွေ ပြေအောင် လုပ်တတ်ကြတ ယ်ဗျာ။ အင်း…. ပြောရရင်တော့ အပေါ်က လူ(၄) မျိုးစလုံး ပရဟိတ လုပ်နေကြတာပဲ။ လုပ်ပုံကိုင်ပုံ၊ စိတ်ဓါတ်မတူ တာပဲ ရှိတာပါ။ အဲတော့ ကျနော် ဆုတောင်းလိုက်တာက အဆိုး (၂) မျိုးလဲ နောက်ပိုင်း ကောင်းလာကြပါစေ။ အကောင်း (၂) မျိုး လူတွေလဲ ပိုများလာပါစေ။ သူတို့ အဆင်ပြေပြေ ဆက်လုပ် နိုင်ကြပါစေလို့။ ပရဟိတ လို့ပြောပြီး ကိုယ့်အတ္တ ကို အကောင်းဆုံး ပုံဖော် ကြေငြာ နေတာမျိုး မှ ကင်းလွတ်ကြပါစေဗျာ။ Soe Kothu Facebook |
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ရန်ပုံငွေရှာဖွေရေး စေတနာဝသန်ဂီတဖျော်ဖြေပွဲအမှတ်
တရအဖြစ် လေလံတင်ရောင်းချမည့် ဂစ်တာ
Posted: 22 Aug 2012 08:40 AM PDT
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ရန်ပုံငွေရှာဖွေရေး စေတနာဝသန်ဂီတဖျော်ဖြေပွဲကို စက်တင်ဘာ(၁)ရက်၊ ညနေ ၄း၀၀နာရီတွင် ရန်ကုန်မြို့မင်းဓမ္မလမ်းရှိMCC ခန်းမ၌ကျင်းပမည်ဖြစ်ရာ အဆိုပါဂီတဖျော်ဖြေပွဲတွင် အမှတ်တရအဖြစ် ဂစ်တာတစ်လက်ကို လေလံတင်ရောင်းချမည်ဖြစ်သည်။ အဆိုပါဂစ်တာ၌ ရန်ကုန်တက္ကသိုလ်၏ အထင်ကရ ဘွဲ့နှင်းသဘင်နှင့် သစ်ပုတ်ပင်တို့ကို ပန်းချီရေးချယ်နေသည့် ၈၈မျိုး ဆက်ကျောင်းသားမင်းကိုနိုင်....၊၄င်းပန်းချီကို၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော ဌေးကြွယ်နှင့်ပြုံးချိုတို့က လည်းပါ ၀င်ရေးဆွဲထားကြသည်။ 88 Generation Students |
ကာကွယ်ရေးဝန်ကြီးဌာန မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး
ဗိုလ်မှူးကြီးခင်မောင်စိုး(ငြိမ်း) ခေါင်းဆောင်သည့် အကျင့်ပျက်ဝန်ထမ်းများကိုအရေးယူပေးပါရန်
Posted: 22 Aug 2012 08:26 AM PDT
ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ အရိပ်ကို ခို၊ အကိုင်းကို ချိုး၊ နေသောမြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်မောင်စိုး(ငြိမ်း) ခေါင်းဆောင်သည့်လူမှုရေးဖေါက်ပြန်သောအကျင့်ပျက်ဝန်ထမ်း များသည်အမျိုးကောင်းသား/ သမီးများအားအကျင့်စာရိတ္တပျက်စီးစေရန်အတွက်ရုံးအတွင်းလမ်းပြ မြူဆွယ်လုပ်ဆောင်နေပါသည်။ လူမှုရေးဖေါက်ပြန်သူများအားအထူးအခွင့်ရေးများပေးခြင်း၊ရုံးတွင်းစည်းကမ်းများဖေါက်ပျက်နေသော်လည်း မျက် ကွယ်ပြုနေခြင်းတို့ကြောင့် ရိုးသားသောဝန်ထမ်းများမှာဝန်ထမ်း အခွင်အရေးများ ဆုံးရှုံးနစ်နာ နေပါသည်။ကကငွေ တွင်တာဝန်ထမ်းဆောင့်ခဲ့သောလူမူရေး ဖေါက်ပြန်သူများ ဖြစ်သည့်ဦးကျော်မင်း(ယခု- မြန်မာစီးပွားရေးကော်ပို ရေးရှင်း) လက်ထောက်အထွေထွေမန်နေဂျာ-ငွေစာရင်းဋ္ဌာန(စာရင်းစစ်)နှင့် ဒေါ်မာမာညို(ယခု- မြန်မာစီးပွားရေးကော်ပိုရေးရှင်း) မန်နေဂျာ-ငွေစာရင်းဋ္ဌာန(စာရင်းစစ်) တို့နှင့် ပူးပေါင်းမိသောအခါ လုပ်ပိုင်ခွင့်များကို ပိုမိုအလွဲသုံးစားပြုလုပ်လာကြပါသည်။ ထိုကြောင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဝန်ထမ်းများအကြားတွင် တီတိုးပြောဆိုနေသောစကားများမှာ- ၁။ ဝန်ထမ်းအလိုရှိသည်။(ပြည့်တန်ဆာ/ဖါခေါင်း လုပ်ငန်းကျွမ်းကျင်ရမည်။) ၂။ ခိုးဝှက် ၊ လိမ်လည် တက်ရမည်။ ၃။ ကာမပိုင်ရှိသည်/မရှိသည်ဖြစ်စေ ဖျက်စီးတက်/ခံရမည်။ သို့ပါသော်ကြောင့် တာဝန်ရှိသူများကိုဖေါ်ထုက် အရေးယူနိုင်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ဆက်လက် တင်ပြဆောင်ရွက်ပေးပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment