Monday, 10 September 2012






















Posted: 08 Sep 2012 10:08 AM PDT

























အခုတလော ကျနော့်ကို ညီငယ်များ၊ မိတ်ဆွေများက တမေးတည်း မေးလာကြသည်။ ပြည်တော်ပြန်ဝင်လာတဲ့ ဘယ်သူ့ကို
ဘယ်လိုထင်သလဲ။ တပ်မတော် အရာရှိဟောင်း အနေနဲ့ရော လက်ရှိ လူမှုနိုင်ငံရေး လှုပ်ရှားမှုတွေ မှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေ
တဲ့ လူတယောက် အနေနဲ့ရော ဘယ်လို ထင်မြင် ယူဆပါသလဲ။ ဘယ်သူတွေ နဲ့ ဘယ်လို လက်တွဲဆောင်ရွက်သွားပါမလဲ ဘာတွေ
 ဆက်လုပ်ဖို့ ရည်စူးထားပါသလဲ ဆိုတာကို အတော်လေး မေးလာကြပါတယ်။

ကျနော့် ပင်ကိုယ် ရည်မှန်းချက် ကိုက ညီညွတ်ရေး ၊ တိုးတက်ရေး နဲ့ ငြိမ်းချမ်းရေး အတွက် ဦးတည်ပြီး ရှုဒေါင့်ပေါင်းစုံကနေ
တိုင်းပြည်ကောင်းဖို့ နောက်လာနောင်သားတွေ ကောင်းစားဖို့ အတွက် ရတဲ့နည်းမှန်သမျှနဲ့ ညီညွတ်ရေးကို အခြေတည်ပြီး
တပ်မတော်နဲ့ ပြည်သူ ဟန်ချက်တူစွာနဲ့ ပေါင်းကူးချိတ်ဆက် နိုင်ငံသစ် အတွက် တည်ဆောက် ကြိုးစားသွားချင်တာ ကျနော့် ဆန္ဒပါ ။

ဒီအတွက် အချို့သော မေးခွန်းမေးလာသူ များကို အခုလို ဖြေခဲ့ဖူးပါတယ်။
....................ပြည်တော်ပြန်ဝင် လာတဲ့ သူများရော။ လက်ရှိ နိုင်ငံရေး ရပ်ဝန်းထဲမှာ ထင်ပေါ်သူ မထင်ပေါ်သူ ၊ ထောင်ကျဖူးသူ၊
 ထောင်မကျဖူးသူ အားလုံးသော နိုင်ငံရေး အပြေးပြိုင် ၀င်္ကဘာထဲမှာ ဦးတည်ချက် အမျိုးမျိုးနဲ့ သွားနေသူတိုင်းကို ဘယ်လိုမြင်သလဲ
 ဆိုတဲ့ မေးခွန်းအတွက်။

.........တရားဥပဒေ စိုးမိုးမှု ဖြစ်လာတဲ့ တနေ့ သူ့လမ်းသူသွားမယ် သူတွေဖြစ်တယ်။

သူစိုက်ခဲ့တဲ့ မျိုးစေ့ကို သူရိတ်သိမ်းရမယ့် နိုင်ငံရေး သမား တွေ ဖြစ်တယ်။

ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် တိုင်းပြည်အတွက် အလုပ်လုပ်နေကြသူတွေ လို့ပဲမြင်ပါတယ်။

အလင်းအမှောင်၊ နေ့ည၊ အကောင်းအဆိုး ဆိုတာ အမြဲဒွန်တွဲလေ့ရှိတတ်တဲ့ အတိုင်း အဖွဲ့အစည်းတိုင်း မှာ ကောင်းသူ မကောင်းသူ
 ဆိုတာတွေ ရှိနေစမြဲပါ။ ဒါကြောင့် ...........................

နိုင်ငံရေး အသွင်ကူးပြောင်းစ အခု လတ်တလော ကာလ အတွင်း မှာတော့ ဘယ်သူဟာ ဘာဖြစ်လာနိုင်မယ်။

ဘယ်သူဟာ ဘာအတွက် ဘယ်လိုနည်းနဲ့ ဘယ်သူ့ကို ချည်းကပ် နေတယ် သိပ် မသဲကွဲသေးပါဘူး ဥပမာ နှိုင်းပြရရင်
အမြီးလေးတွေ ကိုယ်စီနဲ့ ငါးဖလောင်းလေးတွေ ရေထဲမှာလူးလားခေါက်တုန့် သွားနေသလိုပါပဲ။

ငါးလား ဖါးလား ကွဲမှာ မဟုတ်ပါဘူး။

အားလုံးသော လှုပ်ရှားနေကြသူ အပေါင်းဟာ ရေထဲမှာဖလောင်းလေးတွေ အမြီးလေး တရမ်း ရမ်းသလို အလုပ်တွေ တကုပ်ကုပ်တော့
 ရှုပ်နေကြတာပဲမဟုတ်လား။

ဒါပေမယ့် ................

အချိန်တန်ရင်တော့
ငါးလား............
. ဖါးလား .........................
ရေထဲမှာနေကျန် မှာလား
ကုန်းတပိုင်းရေတပိုင်း အသက်ရှင်မယ့်သူလား ................................... ကွဲသွားမှာပါ။
အချိန်က စကားပြောလာပါလိမ့်မယ်။.................................
.. ပြည်သူက မှတ်ကျောက်တင်ပေးသွားပါလိမ့်မယ်။................................
.သမိုင်း စာမျက်နှာတွေက အသက်ဝင်လာပါလိမ့်မယ်။

နေမျိုးဇင်
(မျိုးချစ်တပ်မတော် အရာရှိဟောင်း တဦး)
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

အခမ်းအနား အုပ်ချုပ်ရေးဌာနများမတက်ရောက်
Posted: 08 Sep 2012 08:45 AM PDT
ရန်ကုန်မြို့တိုင်းဒေသကြီးလွှတ်တော်တွင်ယနေ့ကျင်းပနေသောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ

ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တရားသူကြီးဟောင်းများ၊ဥပဒေပညာရှင်များတွေ့ဆုံပွဲသို့လက်ရှိတာဝန်
ထမ်းဆောင်နေသော ဌာနဆိုင်ရာအရာရှိများတက်ရောက် မရှိကြောင်း သိရသည်။ မတက်ရောက်သောဌာနများမှာတရားဥပဒေစိုးမိုးရေးနှင်တည်ငြိမ်အေးချမ်းရေးအတွက်အဓိကဌာနများဖြစ်သည့် ပြည်ထဲရေးဝန်ကြီး
ဌာနမှ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် တရားစီရင်ရေးဆိုင်ရာ
ဌာန များမှ တက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကိုယ်တိုင် တက်ရောက်သည့် ယင်း
အခမ်းအနားကို အဆိုပါ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခြင်းမရှိခြင်းမှာအုပ်ချုပ်ရေးအခန်းကဏ္ဍနှင့်ဥပဒေပြုရေးကဏ္ဍတို့ပူးပေါင်းဆောင်ရွက်နိုင်မှုအား
နည်းနေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ယခင်လို ပြုမူဆောင်ရွက်နေခြင်းမျိုးဖြစ်နိုင်ကြောင်း ယင်းပွဲသို့
တက်ရောက်နေသော တရားဥပဒေ၀န်ထမ်းဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသွားသည်။
ရန်ကုန်မြို့တွင်ယနေ့ကျင်းပခဲ့သောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့်တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက"ဘာကို ကြောက်နေကြတာလဲတော့ မသိဘူး၊
 တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိဘူး၊ ရဲရဲဝင့်ဝင့်ပြောကြ၊ လုပ်ကြလေ" ဟုမေးခွန်းထုတ်လိုက်သည်။

၎င်းကပင် ""တရားဥပဒေစိုးမိုးရေးဆိုတာ အပြောနဲ့တော့မရဘူး။ ဟန်ပြနဲ့တော့မရဘူး။ အပြောလေးနဲ့ ဟန်ပြနဲ့မရသလိုပဲ ကျွန်တော်
တို့က ရဲရဲဝံ့ဝံ့သတ္တိရှိရှိမလုပ်ဘူး ဆိုရင်တော့ မဖြစ်ဘူး။ ဒီမိုကရေစီနုနယ်တယ်ဆိုတာ ဒီမိုကရေစီက ရှိပြီးသားကြီးပဲ။ နုနယ်တာက
 ဒီမိုကရေစီစနစ်နဲ့ ကျွန်တော်တို့နုနယ်တာ။ နုနယ်တဲ့ဟာကိုမှ အခြေခံကျတဲ့ဟာကိုမှလက်မခံနိုင်ဘူးဆိုရင် လက်မခံနိုင်တဲ့လူတွေ
သွားပေတော့။ ဒီမိုကရေစီပြောင်းကာစမို့လို့ ဒီဟာကိုခွင့်လွှတ်ရမယ်ဆိုရင် ခွင့်လွှတ်တဲ့ဟာက မှန်သလား မှားသလား ပြန်ပြီးကြည့်ဖို့
လိုတယ်။ ခွင့်လွှတ်လိုက်ရင် နောင်လည်းလုပ်လို့ရတာပဲဆိုပြီး ဒီလိုပဲဖြစ်သွားမှာပဲ။ ဘာဖြစ်မလဲ။ သံသရာတစ်ပတ်လည်မယ်။ အလေးအနက်ထားစဉ်းစားဖို့လိုတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ကျလည်းကျဆုံးသွားနိုင်တယ်။ ဒါပေမယ့် ကျန်တဲ့
လူတွေက ဆက်လက်တိုက်ဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ကျွန်တော်တို့နိုင်ငံမှာ ဆက်လက်မရှင်သန်ဘူး။ မကျင့်သုံး
ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နိမ့်ကျနောက်ကျနေမှာပဲ"" ဟု ဆက်လက်ပြောကြားသွားသည်။

ကော်မတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှလည်း

""တရားဥပဒေစိုးမိုးရေးကိုအများပြည်သူနားလည်အောင် ပြောရမယ်ဆိုရင်တော့ ကျွန်မရဲ့အမြင်မှာ တရားဥပဒေစိုးမိုးရေးရှိတဲ့
 လူ့အဖွဲ့အစည်းမှာဆိုရင် လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို တရားဥပဒေက ကာကွယ်ပေးမယ်ဆိုတဲ့
ယုံကြည်ချက် ရှိဖို့လိုပါတယ်။ ဒီလိုပဲ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ငါတို့ရဲ့ လွတ်လပ်ပိုင်ခွံင့်တွေနဲ့ ငါတို့ရဲ့ လုံခြုံမှုကို ဥပဒေတွေက ကာကွယ်ပေးနိုင်တယ် ပေးလည်းပေး မယ်။ ပေးနိုင်တဲ့အခြေအနေမှာရှိတယ် လို့ ယုံကြည်မှုရှိပြီ ဆိုရင်တော့ ဒီလူ့အဖွဲ့အစည်းမှာ
 တရားဥပဒေစိုးမိုးရေးရှိပြီလို့ ကျွန်မတို့ ပြောလို့ရ ပါတယ်"" မိန့်ခွန်းပြောဆိုသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းမှလည်း ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်သူလူထုစိတ်ကြိုက်ဖြစ်အောင်လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး
ဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စိန်ခေါ်လိုက်သည်။ လူငယ်ပိုင်းနိုင်ငံရေးလေ့လာသူ ကိုမျိုးညီညီက ပြောကြားရာမှာ
 "ဒါကျွန်တော့်အမြင်ပေါ့နော်၊ ကျွန်တော်မြင်တဲ့ပုံစံက အခု ဥပဒေပြုရေးအာဏာစွဲကိုင်ထားတဲ့လွှတ်တော်တွေက အုပ်ချုပ်ရေးအာဏာ
ပိုင်တွေကို ဆက်တိုက်ဆိုသလို ဖိအားပေးနေတယ်လို့မြင်ရတယ်၊ ဒါဟာဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးပိုင်းက အောက်ခြေပိုင်း
ဝန်ထမ်းတွေ ညွှန်ချုပ်အဆင့်ကနေ အောက်အထိ ပုံစံမပြင်ကြသေးလို့ဘဲ၊ လက်ရှိအုပ်ချုပ်ရေးရဲ့ ထိပ်ပိုင်းဆိုင်ရာတွေကို သမ္မတကြီးကဦးဆောင်ပြီးအောင်မြင်အောင်ပြုပြင်ပြောင်းလဲနေတယ်၊ ဒါပေမယ့် ၀န်ကြီးဌာနတစ်ခုချင်းစီရဲ့ ဦးစီးဌာနအောက်ခြေ၀န်
ထမ်းတွေမှာ အရင်လို ရှေးရိုးဆွဲတွေ၊ ပုဒ်မလေး(ပေးမှလုပ်) အကျင့်တွေမပျောက်ကြသေးဘူး၊ ဒါကအုပ်ချုပ်ရေးမဏ္ဍိုင် ရဲ့အဓိက
အားနည်းချက်ပေါ့နော်။

တရားစီရင်ရေးပိုင်းမှာလဲဒီလိုပဲ ငွေများငွေနိုင်ဆိုတဲ့ခေတ်ကမပျောက်သေးဘူး။ ငွေရှိမှ အမှုဖြစ်လို့ရတဲ့ခေတ် ကျန်နေသေးတယ်။
ဒါတွေကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်ကြီးတွေရဲ့ အကြီးအကဲတွေနဲ့တင် ပပျောက်အောင်၊ အားနည်းအောင်လုပ်ဆောင်
သွားနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့်လည်း ပြည်သူတွေကိုယ်တိုင်ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်လွှတ်တော်အ
မတ်တွေပါဝင်တဲ့ ကော်မတီတွေ
 ကော်မရှင်တွေပါ ပါဝင်လာကြတယ်လို့ထင်တယ်၊" ဟု သုံးသပ်ပြောဆိုသွားပါတယ်။

အုပ်ချုပ်ရေး၊ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်သုံးခုနှင့်ပတ်သက်ပြီး ကိုမျိုးညီညီက ဆက်လက်ပြောကြားရာမှာ "ဒါကတော့ ဒီမိုကရေစီကျင့်သားမကျသေးတဲ့နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းပါပဲ၊ တစ်ချိန်မဟုတ်တစ်ချိန်မှာ မဏ္ဍိုင်အချင်းချင်း ပွတ်
တိုက်မှုလေးတွေ၊ ထိပ်တိုက်တွေ့မှုလေးတွေတော့ ရှိလာမှာပဲ။ ဒီနေ့ကျင်းပသွားတဲ့ပွဲမှာကို မြင်နိုင်တယ်။ တရားဥပဒေစိုးမိုးရေးခေါင်း
စဉ်အောက်က ပါဝင်သင့်တဲ့ လက်ရှိဝန်ထမ်းအများစုမလာဘူး။ဒါဟာဘာကိုပြနေသလဲဆိုရင်သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ညွှန်ကြား
ချက်ကြောင့်လား၊ ဒါမှမဟုတ်အရင်တုန်းကလိုဝန်ထမ်းဆိုရင်NLDနဲ့ကင်းအောင်နေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ကင်းအောင်နေ၊
 နိုင်ငံရေးနဲ့ မပတ်သက်ရဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကျန်နေကြသေးတယ်လို့မြင်တယ်။ ပြီးတော့ ခပ်ရိုင်းရိုင်းပြောရရင်
"ဘယ်သူ့ကိုအဖေခေါ်ရမလဲ" ဆိုတဲ့ပြဿနာရှိနေတယ်လို့ ယူဆလို့ရတယ်။ မိမိရဲ့သက်ဆိုင်ရာ ၀န်ကြီးဌာနက အဓိကလား ကော်မတီတွေ ကော်မရှင်တွေကအဓိကလားဆိုတာသူတို့ကိုယ်တိုင်ဝေခွဲလို့မရသေးဘူးလို့မြင်မိတယ်။

နောက်ပိုင်းကျတော့ ဘယ်သူညွှန်ကြားတာကို လုပ်ရမှာလဲဆိုတဲ့ Complaint တွေဖြစ်လာမယ်။ အဲဒီမှာ ထိပ်တိုက်တွေ့ကြမှာ။
ဒါပေမယ့် အကောင်းဘက်ကို သွားတဲ့ ထိပ်တိုက်တွေ့တာမျိုးဆိုရင်တော့ ကြိုဆိုရမှာပေါ့၊ ဒီလိုမှမဟုတ်ဘဲ နောက်ပြန်လှည့်နိုင်တဲ့ဖြစ်ရပ်မျိုးဆိုရင်တော့အားလုံးတတ်နိုင်သလောက်ရှောင်လိုက်ရင် ပြည်သူတွေအတွက် အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်" ဟုပြောကြားသွားပါတယ်။

People Development For Knowledge

Posted: 08 Sep 2012 08:20 AM PDT





















Photo..Voa
(VOA သတင်းဌာနမှ 7 September 2012 ရက်စွဲပါ "Tourism Surge Presents New Problems for Burma"ကို
ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား တိုးရစ်နှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာသူ နိုင်ငံခြားသား ဦးရေမှာ ၃၀ ရာခို
င်နှုန်းကျော် မြင့်တက်လာသလို ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာလည်း နိုင်ငံတွင်း အပြောင်းအလဲ ဖြစ်မှုများကို ဖော်ကျူးသည့်
 ညွှန်းကိန်းတစ်ခု ဖြစ်လာသည်။

ယခုနှစ် ၇လတာ ကာလအတွင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာသော တိုးရစ်ဦးရေမှာ သုံးသိန်းဖြစ်ပြီး အဆိုပါ ပမာဏသည် ပြီးခဲ့
သည့် ၂၀၁၁ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော ပမာဏ နီးပါးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ် သူများထဲတွင်
 ထိုင်းနိုင်ငံမှ အများဆုံးဖြစ်သည်။ ထိုင်းနိုင်ငံပြီးလျှင် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့ရှိသည်။ ဥရောပ တိုက်သားများမှာမူ မြန်
မာနိုင်ငံသို့ ဝင်ရောက်သည့် တိုးရစ်စုစုပေါင်း၏ လေးပုံ တစ်ပုံခန့် ရှိသည်။

လာမည့် ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံထိပ်သီး ဆွေးနွေးပွဲ လက်ခံကျင်းပချိန်တွင် နိုင်ငံခြားသား တိုးရစ် တစ်သန်းနီးပါး
ခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအနေအထားတွင် နိုင်ငံတစ်ဝန်း၌ ဟိုတယ်အခန်းပေါင်း ၂၅၀၀၀ရှိသည်။
 စီးပွားရေးမြို့တော်ဟု ဆိုသော ရန်ကုန် တွင်မူ ဟိုတယ်ခန်း စုစုပေါင်း ၈၀၀၀ရှိသည်။

သို့သော် နိုင်ငံခြား တိုးရစ်ဝင်ရောက်မှု အဆမတန် မြင့်တက်လာခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများတွင် လုပ်ငန်းကြန့်ကြာ

မှုနှင့် အခက်အခဲများ တွေ့ကြုံလာရသလို တိုးရစ်နှင့် စီးပွားရေး ခရီးသွားများ အကြား ဟိုတယ်အခန်း ရရှိရေး ယှဉ်ပြိုင်မှုမှာလည်း
 မြင့်တက်လာသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် Asian Trailsမှ အမှုဆောင် အရာရှိချုပ် Luzi Matzigက မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့်
 ခရီးသွား လုပ်ငန်း အဆမတန် ကြီးထွားလာခြင်းမှာ မကြုံစဖူးပင် ဖြစ်ကြောင်းပြောဆိုသည်။

"ယခုလို တိုးရစ်ဝင်ရောက်မှု အဆမတန် မြင့်တက်လာတာမျိုးကို ကျွန်တော်တို့ ဘယ်နိုင်ငံမှာမှ မကြုံဖူးပါဘူး။ ဘယ်တုန်းကမှလည်း
 ဒီလိုမျိုး မဖြစ် ဖူးပါဘူး။ ယခု မြန်မာနိုင်ငံကို သွားချင်တဲ့ ခရီးသည်တွေ များပြားနေချိန်မှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာက
 အတော့်ကို ကိုင်တွယ်ဖြေရှင်းရ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ဟိုတယ်ခန်းတွေ ဒါမှမဟုတ် သယ်ယူ
ပို့ဆောင်ရေး လုပ်ငန်းတွေ လုံလုံလောက်လောက် မရှိတာပါပဲ" ဟု ပြောကြားသည်။

ဟိုတယ်ခန်း ငှားရမ်းမှု နှုန်းထားများ ဈေးအဆမတန် မြင့်တက်ခြင်း၊ အခန်းငှားရမ်းမှုအတွက် အဆင့်မြင့် ကန်ထရိုက်ချုပ်ဆို ပေးနိုင်မှု
 မရှိခြင်း အစ ရှိသည်တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများက မကျေမနပ် ဖြစ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး မှတ်တမ်းများ တိုးတက်ကောင်းမွန် လာခြင်းကြောင့် အနောက်နိုင်ငံများက သတ်မှတ်ပြဋ္ဌာန်းခဲ့သော
 ပိတ်ဆို့ အရေးယူမှုများ ဆိုင်းငံ့သွားရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် လာရောက်သူ နိုင်ငံခြားသား ခရီးသွားဦးရေမှာ
လည်း မြင့်တက်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ယခင်တိုးရစ်များ ပုံမှန်ငှားရမ်းလေ့ရှိသော အခန်းများကို အချို့သော
 ကုမ္ပဏီကြီးများက ကြိုတင်ဘွတ်ကင် လုပ်ထား ကြသည်။

မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင်က တိုးရစ်ဝင်ရောက်မှုနှုန်း မြင့်တက်လာမှုမှာ ကြိုဆိုရမည့် ကိစ္စဖြစ်သော်
လည်း စိန်ခေါ်မှု အသစ်များကို ဖန်တီးလာကြောင်း၊ အထူးသဖြင့် လူသားအရင်းမြစ်နှင့် အခြေခံအဆောက်အဦး လိုအပ်ချက်ပင်
 ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ အဆင့်အတန်းတွေ၊ ဝန်ဆောင်မှု အဆင့်အတန်းတွေ မြှင့်တင်ရပါမယ်။ အဲဒီကိစ္စဟာ အင်မတန် အရေးကြီးပါ
တယ်။ နောက် တစ်ချက်က သယ်ယူပို့ဆောင်ရေးပါ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပေါ့။ နောက်ပြီးတော့ ဟိုတယ်တွေ၊
 ရှိပြီးသား ဟိုတယ်တွေရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ရပါမယ်။ ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက်ကြည့်ရှုတဲ့ နေရာတွေ
 ကိုလည်းပဲ အလားတူ အဆင့်မြှင့်တင် ရမှာဖြစ်သလို တိုးရစ်တွေအတွက် နေရာသစ်တွေကိုလည်း ထပ်မံဖွင့်လှစ် ရမှာဖြစ်ပါတယ်"ဟု ဦးဌေးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုအခါ ရန်ကုန်မြို့အနီး၌ နိုင်ငံတကာ လေဆိပ်သစ်ကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက် ရှိသလို ရန်ကုန်ရှိ
 တိုက်ခန်းများကို ဟိုတယ်ခန်းအဖြစ် ပြောင်းလဲလျက်ရှိရာ ယခုနှစ်အတွင်း ဟိုတယ်ခန်းပေါင်း ၅၀၀အထိ တိုးမြင့်လာသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကမူ မြန်မာနိုင်ငံအတွက် တိုရစ်ဇင်လုပ်ငန်းဆိုင်ရာ မဟာစီမံကိန်းကြီး တစ်ရပ်ကို ပြင်ဆင်ပေးလျက်ရှိပြီး
 အာရှဒေသ တွင်း လေကြောင်းလိုင်း များကလည်း မြန်မာနှင့် ချိတ်ဆက်ကာ ခရီးစဉ်သစ်များ ပြေးဆွဲပျံသန်း ပေးလျက်ရှိသည်။

ADBမှ စီးပွားရေးပညာရှင် Alfredo Perdigueroက တိုင်းပြည်စီးပွားရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အခြေခံ
အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအခရာကျကြောင်း ပြောကြားသည်။

"ဆိပ်ကမ်းတွေမှာရော နယ်စပ်ဒေသတစ်လျှောက်မှာပါ သယ်ယူပို့ဆောင်ရေးကိစ္စနဲ့ပတ်သက်တဲ့ အဟန့်အတားတွေရှိနေဆဲဖြစ်ပါ
တယ်။ လုပ်ကိုင်နိုင်မှု စွမ်းအားကို ကြည့်မယ်ဆိုရင် အလုပ်သမားတွေ လိုအပ်လာပါတယ်။ ကျွန်တော်တို့မှာ လုပ်ကိုင်ပေးနိုင်စွမ်းတွေ
 အသေအချာ ရှိနေပေမယ့် လည်း မြန်မာနိုင်ငံရဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ တက္ကသိုလ်ပညာရေးစနစ် ဆိုးရွားညံ့ဖျင်းမှုကြောင့် ဘာမှလုပ်လို့မရပဲ ဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။ မြန်မာအစိုးရကမူ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဆိုင်ရာ မူဝါဒများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အထောက်အကူဖြစ်ကြောင်း၊ အမျိုးသမီးများ အတွက်လည်း အခွင့်အလမ်းများ ရရှိစေ
မည်ဖြစ်ကြောင်း၊ ပုံမှန်အနေအထားဖြင့် တိုးရစ်ဝင်ရောက်မှု တိုးတက်လာခြင်းကြောင့် ပြည်တွင်းမှ လူ့အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောဆိုထား
သည်။

Yangon chronicle

Posted: 08 Sep 2012 08:13 AM PDT
၂၀၁၂ သြဂုတ်လ (၃၁) ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပ သို့ထွက်ခွာသွားသောဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်သူများအနက်တိုင်းပြည်သို့ပြန်လာခွင့်ရ သော ဒေါက်တာသောင်းထွန်း၊
 ဒေါက်တာနိုင်အောင်၊ ဦးညိုအုံး မြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ သွားရောက်ကြိုဆို ခဲ့ပါသည်။ လေဆိပ်တွင် သတင်း
 ရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင် ပြေစွာသတင်းရယူနိုင်ရန် စီစဉ်ပေး ခဲ့သော်လည်း အဆင်မပြေဘဲ
အခြားခရီးသည်များကိုပါ အနှောင့် အယှက်ဖြစ်စေခဲ့သည်။

ထို့အပြင် သတင်းထောက်တစ်ဦးက ကျွန်တော့် အားတွန်းလိုက်သည့်အတွက်လဲကျ သွားရာမှ အမှတ်မဲ့ဆဲမိပါသည်။ ထိုဖြစ်ရပ်သည်
 မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအား လည်းကောင်း စိတ်အနှောင့်အယှက် ဖြစ်စေ
သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။

ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ် မှုနှင့် တိုးတက်ရေးအတွက်သာအမြဲ လုပ်ဆောင်လိုသောဆန္ဒရှိပြီး နိုင်ငံ ၏ အရေး
ပါသောစတုတ္ထမဏ္ဍိုင် ကို အရှင်းစော်ကားလိုသော စိတ် မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများနှင့် မီဒီယာ များအား
 တောင်းပန်အပ်ပါသည်" ဟု ဇာဂနာရဲ့ ကိုယ်ပိုင် Facebook ပေါ်မှာ လူကြီးလူကောင်းဆန်ဆန် ဂုဏ်သရေရှိစွာဖြေရှင်းရေးသား
 ထားတာကို တွေ့ရပါတယ်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းဝါရင့်သတင်းဂျာနယ် အယ်ဒီတာချုပ်တစ်ဦးက "မီဒီယာ သမားဆိုတာ သတင်းဦးရချင်တယ်
ဆိုတာ လက်ခံပါတယ်။ အသိအမှတ် လည်းပြုပါတယ်။ ဒါပေမဲ့ သတင်း ရရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ်၊ ဘယ်သူသေသေဆိုတဲ့
 စိတ်မျိုးက သတင်းသမားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူး။ မီဒီယာ တွေမှာ ဇာဂနာကမီဒီယာတွေကို ဆဲတယ်လို့ရေးတာတွေ
ဖတ်ရတော့ အံ့သြမိတယ်။ ဇာဂနာဆိုတာ မီဒီယာအသိုင်းအ၀ိုင်းကမွေးဖွား လာတဲ့သူလေ။ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာ
ဆရာကြီး နန်းညွန့်ဆွေ၊ ဒေါ်ကြည်ဦးတို့က မွေးတဲ့သားပါ။ မီဒီယာရဲ့ စစ်မှန် တဲ့ တန်ဖိုးကိုအလေးအနက်ထား တဲ့ ပုဂ်္ဂိုလ်ပါ။ဟုတ်ရော
ဟုတ်ရဲ့ လားလို့ သံသယဖြစ်မိတယ်။

ဇာဂနာ Facebook ပေါ်မှာ သူကိုယ်တိုင်ရေးတဲ့တောင်းပန်စာ လေးကို ဖတ်ရမှတကယ်ဖြစ်ခဲ့တာ ပါလားလို့လက်ခံလိုက်ရတာ။
မီဒီယာဆိုတာ ကျီးကန်းတွေမဟုတ် ဘူး။ အသားတစ်တုံးကို တွေ့တာ နဲ့ ဘယ်သူဘာဖြစ်ဖြစ်ဝိုင်းထိုးမယ် ဆိုတာ ကျီးကန်းစိတ်ပဲ။
 ဒီလိုအဖြစ် အပျက်မျိုးဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပွဲမှာ တစ်ခါဖြစ်ခဲ့ပြီးပြီ။ မင်းကိုနိုင်တို့ ပြန်လွတ်လာတဲ့နေ့ က လေဆိပ်က
အဖြစ်အပျက်တစ် ခုကို ပြောပြမယ်။

သတင်းထောက် ဆိုတဲ့ ပုဂ်္ဂိုလ်က ကိုယ့်ရှေ့မှာရပ် နေတဲ့ သတင်းထောက်မိန်းကလေးတစ်ယောက်ကို နောက်ကလူတိုး သလိုလိုဓာတ်ပုံရိုက်ချင်သလိုလိုနဲ့ ရှေ့ကသတင်းထောက်မိန်းကလေး ရဲ့ တင်ပါးကို မသိမသာပွတ်နေ တာ၊ အတင်းဝင်ဖိနေတာ၊
 ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ တယ်။

အဲဒီလိုသတင်းထောက်မျိုးဆိုရင်ဆဲရုံတင်မဟုတ်ဘူး။ဆွဲပါထိုးပစ်ရမယ်၊သတင်းထောက် လောကထဲကတောထုတ်ပစ်ရမယ်။
 ဒါမှမီဒီယာတန်ဖိုးတက်လာမယ်။ အသားထဲကလောက်ထွက်တဲ့ မသမာသူတစ်ယောက်ကြောင့် ကျီးကန်းလိုဝိုင်းအာတာမျိုး
ကျွန်တော် ရွံမုန်းတယ်။ အီတလီမှာ မာဖီးယား ဂိုဏ်း၊ ဂျပန်မှာ ယာကူဆာဂိုဏ်း ကို လူတွေကြောက်ကြသလို၊ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်းမီဒီယာဆိုသူများကိုမှားမှားမှန်မှန် ကြောက်နေရတယ်ဆိုရင်မဟုတ်
 သေးဘူးလို့ပဲ ပြောချင်တယ်"လို့ မှတ်ချက်ပေးပြောကြားတာကိုလည်း ကြားသိခဲ့ရပါတယ်။
ညီညီ (hotnewsweekly)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment