Thursday, 25 October 2012





Posted: 25 Oct 2012 03:38 AM PDT
ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် မူစဲကမ်းအတွင်း ဘင်္ဂလီ မွတ်ဆလင်များနှင့် တိုက်ခိုက်နေကြသော လူအုပ်ထဲကို
စစ်တပ်မှ ချိန်ရွယ် ပစ်ခတ် သဖြင့် ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေ
သည့် အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

" နှစ်ဦးပွဲချင်းပီ သေပါတယ်။ ၉ ဦးဒဏ်ရာ ရပါတယ်။ အခု လူနာ ၉ ဦးက စစ်တွေ ဆေးရုံကိုေ
ရာက်နေပြီ ဖြစ်ပါတယ်" ဟု အမျိုးသမီးက ပြောသည်။

သေဆုံးသူများမှာ ကျွန်းကြီးကျေးရွာမှ ဦးသိန်းလှမောင်နှင့် နောက်တစ်ဦးမှာ ကံချောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

" အခု ကျွန်မ သိရတာက စစ်တပ်က လမ်းက ဖြတ်ပြီး ပစ်တယ်လို့ ပြောတယ်။ မိုးပေါ်ကို ခြောက်လှန့် ပစ်ခတ်မျိုး မဟုတ်ဘဲ လူအုပ်ထဲကို တည့်တည့်ပစ်တယ်လို့ ပြောပါတယ်။ အခု အခြေအနေက တော်တော်ဆိုးရွားနေပါတယ်" ဟု သူမက ပြောသည်။

ညောင်ပင်ကြီး မွတ်ဆလင် ရွာအနီးတွင် လက်နက်အပြည့်အစုံဖြင့် စောင့်နေသော စစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ညနေက တိုက်ခိုက်ကြရန် စုဝေးနေသော လူအုပ်ကြီးကို ပစ်ခတ်ခဲ့သည်ဟု ပြောသည်။

နောက်ဆုံး အခြေအနေကို မေးကြည့်ရာ အမျိုးသမီးက ဆက်ပြီး " နောက်ဆုံး အခြေအနေက စစ်တပ်က ခုမိုးပေါ်ကိုထောင် ပစ်တာမရှိဘူး။ လူအုပ်ထဲကို တည့်တည့်ချိန်ပြီး တော့ ရေတွက်မရအောင် ဖြိုပစ်နေပါတယ်။ ဒါတော်တော် ရက်စက်ယုတ်မာတဲ့ ထိန်းသိမ်းမူ တခုဖြစ်နေပါတယ် " ဟု ပြောသည်။

အဆိုပါဒေသအတွင်း ရခိုင်ရွာများဖြစ်သည့် ဆားပြင်ကြီး၊ ကျွန်းကြီးရွာ၊ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်လည်၊ ပန် ဇင်းမောင်ရွာ၊ ရွာကြီးမြောက်ရွာ၊ ကန်ချောင်းရွာနှင့် ဘင်္ဂလီရွာများ ဖြစ်သည့် အနောက်ပြင် ရွာနှင့် ညောင်ပင်ကြီး ကျေးရွာတို့ရှိသည် ဟုသိရ
သည်။

ယခုအခါ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီ မွတ်ဆလင် အဓိဂရုဏ်းမှာ တမြို့နယ်ပီး တမြို့နယ် ကူးစက်ပျံ့ပွားနေပြီး တိုက်ခိုက်မူများ မြို့နယ် တချို့တွင် ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန
Posted: 24 Oct 2012 07:53 AM PDT
နွံအိုင်တွင်းမှ ကျောက်ရိုင်းများ
(ကဗျာရှင် နေရဲနီ)

အဟမ်း
အဟမ်း
အဟမ်း

ချောင်းဟန့်နေစရာမလိုပါဘူး
အချိန်မရွေး ရဲရဲသာဝင်ခဲ့ပါ
တစ်ယောက်တည်းနေပေမဲ့
သာသနာတော်အတွက် အလုပ်တွေကများလွန်းလို့
ဘာကိုမှ ဂရုမစိုက်အားဘူး။
ဇဗ္မူရစ်ရွှေစင် ဆိုတာ
မီးဖိုထဲ ထည့်ဖုတ်ဖုတ်
အက်ဆစ်ငရဲမီးနဲ့ဘဲတို့တို့
အချိန်မရွေး မှတ်ကျောက်တင်ခံနိုင်ရတယ်။
ရွှေမစစ်ရင်တော့ ပြာဖြစ်သွားမှာဘဲ။

(အမရပူရတောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
(အရှင်ဃောသိတ ၏ တဘဝသာသနာမှ မှတ်မိသမျှ ကူးယူဖေါ်ပြပါသည်။)


မြန်မာ့ပညာရေး
ကမ္ဘာ့အလယ်ဝင်ဆန့်နိုင်ရေးအတွက်
အမေစု
သူ့လွှတ်တော်နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများသို့
ပညာရေးအခြေအနေများကိုဝင်ရောက်စစ်ဆေးလေသောအခါ...

ဆိုင်ရာဆိုင်ရာဌာန အပေါင်းအစုတို့တွင်
အချို့သည်ကား
နွားရှေ့ထွန်ကျူးလေခြင်းဟူ၍
တီကောင်ကိုဆားနှင့်တို့သကဲ့သို့
အခံရခက်ကာ တဖျက်ဖျက်လူး၏






အချို့သည်ကား
ကိုယ့်အလုပ် ကိုယ်မလုပ်
နေရာတကာ ဝင်ရှုပ်ရန်ကောဟူ၍
ငါးပြေမဆားနှင့် ပက်သကဲ့သို့
ဆွေ့ဆွေ့ခုန်ကြ၏။

အချို့သည်ကား
မဆီမဆိုင် လက်ပံသားဓားနှင့်ချိုင် ဟူ၍
အနာပေါ် ဒုတ်ကျသကဲ့သို့
မခံမရပ်နိုင်ဖြစ်ကြကုန်၏။

ရွှေမစစ်၍မှတ်ကျောက် အတင်မခံနိုင်ဟူ၍သာ
မှတ်ယူရပေလိမ့်မည်။

နှစ်ပေါင်းငါးဆယ်ကျော်မျှ
မဆုံးနိုင်သော အစမ်းသပ်ခံပညာရေးစနစ်ကို
ကျော်ဖြတ်လာကြကုန်သော
ကျွန်ုပ်တို့တစ်တွေသည်ကား
ကျောက်သွေး သမားတည်းဟူသော
အာဏာရှင် နိုင်ငံ့ခေါင်းဆောင်တို့၏
အရည်အချင်းညံ့ဖျင်းမှုကြောင့်
တန်ဘိုးမဖြတ်နိုင်သော ကျောက်ကောင်းဘဝသို့မရောက်ကြရဘဲ
တပြားမျှမတန်သော ကျောက်ရိုင်းအဖြစ်နှင့်သာ
ဆင်းရဲခြင်းတည်းဟူသောနွံအိုင်အတွင်း၌
နစ်ခဲ့ရချေပြီတကား။

အနာဂတ်မြန်မာပြည်တွင်
ကျောက်ရိုင်းတည်းဟူသောလူငယ်တို့၏ဘဝသည်
တန်ဖိုးမဖြတ်နိုင်သော သွေးပြီးသားကျောက်ပမာ
ကမ္ဘာ့တန်းဝင် ပညာရှင်ဘဝသို့ရောက်နိုင်ကြပါစေ။

နေရဲနီ





ဓာတ်ပုံ ဖိုးစိုင်း
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610


No comments:

Post a Comment