Thursday, 25 October 2012
    Posted: 25 Oct 2012 12:10 AM PDT
    ၁၉၆၂ခုနှစ်မတ်လ(၂)ရက်နေ့တပ်မတော်အာဏာသိမ်းရာတွင်ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူဗိုလ်မှူးချုပ်ဟောင်းအောင်
    ကြီး(သခင်အောင်ကြီး-ပေါင်းတည်)သည် ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီ ၂၀ မိနစ် တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့ ၊ ရှစ်မိုင်ရှိနေအိမ်၌ ကွယ်လွန်သွားကြောင်းသိရသည်။
    ဦးအောင်ကြီးသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့မှစ၍ ပါလီမန် ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်အထိတပ်မတော်၌ရာထူးအဆင့်ဆင့်ဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ဦးနေဝင်း၏ဆိုရှယ်လစ်ခေတ်တွင်
    တပ်မတော် မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးလောကသို့ဝင်ရောက်ခဲ့သည်။ ၁၉၈၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာ၌လည်း ဦးအောင်ကြီး ပါဝင်ခဲ့သည်။
    သခင်အောင်ကြီး (ပေါင်းတည်) ကပေဖူးလွှာမဂ္ဂဇင်းတွင် "ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၏ မျက်စိရောဂါ" ဆောင်းပါး၌ ဒေါ်ခင်ကြည်အကြောင်းကို အောက်ပါအတိုင်းရေးသားခဲ့ဖူးသေးသည်။
    "နွေရာသီပူအိုက်သော သင်္ကြန် မတိုင်မီ ရက်တစ်ရက်ကဖြစ်ပါတယ်။ကျွန်တော်မာဇဒါ ဆလွန်းကားလေးကို ကိုယ်တိုင်
     မောင်းကာ ယူနီဗာစီတီရိပ်သာလမ်းက ခြံကြီးဟာ အင်းလျားကန်စပ်မှာ ရှိပြီး
    အတော်ကျယ်တန်သလောက်ကျယ်ပါတယ်။ သရက်ပင်၊ ငှက်ပျောပင်၊ အုန်းပင်တွေနဲ့ ပြည့်နှက်လျက်ရှိပြီး မာလကာပင်၊ သံပရိုပင်တွေ၊ စက္ကူပန်းပင်တွေ အစုလိုက်၊ အစုလိုက်ရှိပါတယ်။ ပန်းမျိုး စုံရှိတဲ့ ငွေဖလားကြီးတွေနှင့် တင့်တယ်လှပတဲ့ ခေါင်းလောင်းပုံသဏ္ဍန်အဖြူပွင့်တွေသာပွင့်တဲ့လီလီဆိုတဲ့ အနောက်နိုင်ငံက ပန်းတစ်မျိုး ကိုသာ အခင်းနှင့်အခင်းနှင့်စိုက်ပါတယ်။ အဲ့ဒီခြံကြီးတစ်ခုလုံးကို မာလီအိုကြီးတစ်ဦးနှင့် ဒေါ်ခင်ကြည်တို့ကိုယ်တိုင် စိုက်ကြပါတယ်။
    ပန်း တွေဟာ ဈေးဖိုးကာမိသလောက် ကာမိပါတယ်။ ဗိုလ်ချုပ်ကတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးစဉ်က အာဇာနည်ကြီးများ
    ရဲ့ ဇနီးကို ထောက်ပံ့တဲ့ ပင်စင်ကလေးနှင့် ငွေတစ်ထောင်ပေါ့ခင်ဗျာ။ အဲဒီခြံကရတဲ့ပန်းဝင်ငွေ ကလေးနှင့် မျှတအောင် နေခဲ့ပါ
    တယ်။ တစ်ခါမျှ ညည်းတာမရှိခဲ့ပါဘူး။
    အမေရိကန်မှာ အလုပ်လုပ်နေရှာတဲ့သူ့သားကြီး အောင်ဆန်းဦးနဲ့ အင်္ဂလန်မှာနေတဲ့ သမီးအောင်ဆန်းစုကြည်တို့ထံ မှ ထောက်ပံ့တာလည်း လုံးဝ ဘူးပယ် လက်မခံ ရုံမက တစ်ခါက ဘဏ္ဍာရေးဒုဝန်ကြီး ဦးချစ်မောင် (ယခုရှေ့နေလိုက်သူ) ကလာရောက် ပြောပြသည့်အတွက် သူ့ရပိုင်ခွင့်ရှတဲ့ မိခင်နှင့် ကလေး စောက်ရှောက်ရေး ဌာန ညွှန်မှုး လုပ်သက်၊ အိန္ဒိယပြည်နယူးဒေလီမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြိးအဖြစ် အလုပ်လုပ်ခဲ့တဲ့ လုပ်သက်များအရ ရရှိခဲ့တဲ့ ပင်စင်ကလေးကိုတောင် စွန့်လွှတ်ပြီး ကျစ်ကျစ်လျစ်လျစ်ကလေးပဲ နေထိုင်ခဲ့ရှာသူ ဖြစ်ပါတယ်။ နိုင်ငံဂုဏ်ရည်တွေ ပေးတဲ့အချိန် အရောက်မှာ ကျွန်တော်တို့တစ်တွေ နိုင်ငံဂုဏ်ရည် ပင်စင်နှင့် အစိုးရလုပ်သက်ပင်စင်နှစ်ခုတွဲရတဲ့ အခါမှ ပြန်လည် ရခဲ့ပါတယ်။"
    '' နှလုံးရောဂါနဲ့ဆုံးတာပါ၊ အသက် ၉၄ နှစ်ရှိပါပြီ၊ စနေနေ့ (အောက်တိုဘာ ၂၇) ၁၁ နာရီ ရေဝေးမှာ မီးသင်္ဂြုဟ်ပါမယ်'' ဟု ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၏ သားဖြစ်သူ ကိုမင်းကျော်သူ(ခ)ကိုသားငယ်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။
    အသက် ၉၀ ရှိပြီ ဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး (photo: True News) ပေါ်ပြူလာနယူးစ်
    Posted: 24 Oct 2012 09:23 AM PDT
    သံရည်ကျိုစက်ကိုသာ အမြန်ပို့လိုက်ပေတော့
    ကျုပ်တို့ တိုင်းပြည်ဖြစ်နေပုံက ယာဉ်အိုယာဉ်ဟောင်းကြီးနဲ့ တူနေသလိုပါပဲ၊ ဟောင်းစုတ်နေတဲ့ ယာဉ်အိုကြီးဟာ ဟိုနားက ဖောက်လိုက်၊ သည်နားက ဖောက်လိုက်၊ ဒီဟာ ကောင်းသွားတော့ ဟိုဟာပျက်၊ ဟိုဟာကောင်းတော့ ဒီဟာ ပျက်။ မက္ကင်နစ်အိုကြီးလည်း ချွေးပြန်၊ ယာဉ်အိုကြီးက ဘယ်လိုလုပ်ကောင်းနိုင်မလဲ၊ လဲတော့ လဲပါရဲ့၊ ဒီဝပ်ရှော့ထဲမှာ ရှိတဲ့ ပစ္စည်းတွေ
    နဲ့ပဲ လဲနေတာကိုး၊ အကောင်းဆုံးအကြံပေးရရင်တော့ ဘာမှ လဲဖို့ ကြိုးစားမနေနဲ့တော့၊ ဒီယာဉ်အိုယာဉ်ဟောင်းကြီး တစ်ခုလုံးဆွဲသွားပြီး သံရည်ကျိုစက်ကိုသာ အမြန်ပို့လိုက်ပေတော့။ ပြီးတော့ မျိုးဆက်သစ် စလစ်ကိုင်ပြိး အသစ်ဆုံးမော်ဒယ် ၂၀၁၂ မော်ဒယ်သာ မှာပေတော့။ ဒီယာဉ်အိုကြီးနဲ့တော့ ဘာဆိုဘာမှ လုပ်မရဘူးဆိုတာ အမြင်မှန် မြန်မြန်ရလေ တိုင်းပြည် မြန်မြန်တိုးတက်လေဆိုတာ သိစေချင်တယ်ဗျာ၊
    (ကောင်းဆက်နိုင်၊ အံ့သြလွန်းလို့ သေတော့မယ်၊ ပြည်သူ့ခေတ် အတွဲ ၃၊ အမှတ် ၁၁၆၊ စာ-၁၂)
    Posted: 24 Oct 2012 08:41 AM PDT
    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် နေရာတွင် တာဝန်ကျနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦး နှင့် ဒုတပ်ကြပ်တစ်ဦးတို့အား ပြည်တွင်းသတင်းထောက်တစ်ဦးမှ တာဝန်ထမ်းဆောင်နေရသည့် အခြေအနေ
    များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ ၎င်းတို့နှစ် ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖဖ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အမည်မဖေါ်ပြလိုသည့် ရုပ်သံ သတင်း ထောက်တစ်ဦးမှ ပြောဆိုခဲ့သည်။
    မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများ၊ ယင်းစီမံကိန်းနေရာတွင် တာဝန်ကျနေသည့် တပ်မတော်သားအချို့နှင့် တရုတ်နိုင်ငံမှ လာ ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် မြန်မာဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက်မှ တရုတ်နိုင်ငံသားဝန်ထမ်း
    များ အပါအဝင် ရဲတပ်ဖွဲ့ဝင်တို့၏ အခြေအနေ များ၊ အထက်အရာရှိများ၏ အခြေအနေများကို သတင်း ထောက်အား ရဲရဲဝင့်ဝင့် ထုတ်ဖေါ်ပြောကြားခဲ့ကြသည့် ဗီဒီယိုဖိုင်မှာ မြန်မာပြည်တဝှမ်းလုံးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီးနောက်ပိုင်း ပြည်သူ့ဝန်ထမ်း ရဲအုပ်အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့အား ယခုကဲ့သို့ ဖဖ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
    "သူတို့ကို ပထမတော့ အမှတ် ၂ ရဲစခန်းမှာ ထားတယ်၊ တစ်မြန်မနေ့ကတော့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်လို့ သိရ တယ်။ အခုတော့ သူတို့နှစ်ယောက်လုံး အဲဒီစခန်းမှာ မရှိတော့ဘူးလို့ သိရတယ်၊ သူတို့ကို တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေတယ်လို့ ထင်တယ်၊ ဒါ့ အပြင် သူတို့ကို အင်တာဗျူးလုပ်ခဲ့တဲ့ Golden Star စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း ၁၈ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀ မိနစ်လောက်ကနေ ၁၉ ရက်နေ့ ၁၀ နာရီ လောက်အထိ ပုခုံးမှာ အပွင့်နှစ်ပွင့်နဲ့ တစ်ခွေပါတဲ့ ရဲအရာရှိက မုံရွာ အမှတ် ၂ ရဲစခန်းက ခေါ်ယူစစ်ဆေးတယ်ဆိုတာ
    သိရတယ်။ အင်တာဗျူးလုပ်ခဲ့တဲ့ သတင်းထောက်ကိုလဲ လူပုံသဏ္ဍန်တွေ၊ ဝတ်ထားတဲ့ အဝတ်အစားတွေ၊ နာမည်တွေ၊ နေရပ်လိပ်စာတွေကို သိသလားဆိုတာ မေး မြန်းတယ်လို့ သိရတယ်"ဟု အမည်မဖေါ်လိုသူ ရုပ်သံသတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။
    ဆက်လက်ပြီး ၎င်းက ကျနော်မေးတော့ ဆိုင်ပိုင်ရှင်က သူ့ကို စာတွေရိုက်ထားတဲ့ စာရွက် ၄၀ လောက်ရှိတဲ့ စာရွက်တွေပေါ်မှာ လက်မှတ်ထိုး ခိုင်းတယ် ပြောတယ်။ သူက ဘာလို့ထိုးခိုင်းတာလဲမေးတော့ အစိုးရသက်သေ လုပ်ခိုင်းမလို့လို့ ပြောတယ်။ စာရွက်ပေါ်မှာ ဘာတွေရေးထားလဲဆိုတာကို လဲ ဖတ်ခွင့်မပေးဘူး ပြောတယ်။ ရဲနှစ်ယောက်ကိုလဲ အမှတ် ၂ ရဲစခန်းက အခန်းတစ်ခုထဲမှာ တွေ့တယ်လို့ ပြောတယ်ဟု ပြောပြခဲ့သည်။
    "ကျနော် yangon.chronicle@facebook.com ဝဘ်ဆိုဒ်နဲ့ တင်ထားတာနဲ့ DVB မှာလွှင့်သွားတဲ့ သူတို့ရဲ့ အင်တာဗျူးတွေကို ကြည့်ရတယ်။ ပြည်သူ့ဖက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ထုတ်ဖေါ်ပြောကြားတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခုလို ဖဖ်းဆီးအရေးယူမှုလုပ်တာ ကျနော် လုံးဝ လက်မခံပါဘူး။
    ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နေပြီလို့ ပြောနေတဲ့အခြေအနေမှာ အခုလုပ်ရပ်က အရမ်းကို အရုပ်ဆိုးလွန်းပါတယ်။ အခုဖြစ်ရပ် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အခြေအနေကို ဖြစ်သွားတယ်"ဟု ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို မျက် ခြေမပြတ် စောင့်ကြည့်လေ့လာနေသူ အလွတ်တန်းသတင်းထောက် ကိုညီမှ ပြောဆိုခဲ့သည်။
    လက်ပံတောင်းတောင် ပြည်သူ့ညီလာခံကို အောင်မြင်အောင် အစမှအဆုံး ဝိုင်းဝန်းကူညီခဲ့သူများထဲမှ တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားမိသား စုများ အကျိုးဆောင်ကွန်ယက်မှ တာဝန်ခံ ကိုဟန်ဝင်းအောင်က "လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူ့ဖက်က ရပ်တည်ပြီး ဦးပိုင်လီမိတက်ရဲ့ မတရားဖိနှိပ်ခိုင်းစေမှုတွေကို ထုတ်ဖေါ်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရဲဝန်ထမ်းနှစ်ယောက်ကို ဖဖ်းဆီးထားတယ်။ ဒါဟာ ပြည်သူ့ရဲဝန်ထမ်း တွေရဲ့ အနေအထားနဲ့ အဆင့်အတန်းကို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်"ဟု ပြောပြခဲ့သည်။
    ဆက်လက်ပြီး ၎င်းမှ "ရဲဝန်ထမ်းတွေကို ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ခွင့်ပေးပါ။ ပြည်သူ့ဖက်က ရပ်တည်လို့ ရဲဝန်ထမ်းတွေကို မဖမ်း ပါနဲ့၊ သေချာတာတစ်ခုက ရဲဝန်ထမ်းတွေလည်း အပြောင်းအလဲကို ပါဝင်ခွင့်မရှိဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ပါတယ်။ အခု သူတို့ ဆိုး ဆိုးရွားရွား နှိပ်စက် စစ်ကြောခံနေရတယ်။ တစ်ယောက် ဆိုရင် အစာအိမ်ရောဂါဖြစ်နေတယ်။ မိသားစုနဲ့ လုံးဝဆက်သွယ်လို့မရဘူး၊ စိတ်မကောင်းစရာပါ။ ဒါပေမယ့် သူတို့လုပ်ရပ်ကို သူတို့ကိုယ်တိုင် ပြည်သူ့အတွက် ရွေးချယ်ခဲ့တာဖြစ်လို့ စိတ်ဓါတ်မကျဘူးလို့ ကြားသိရလို့ လေးစားမိပါတယ်"ဟု ပြောပြခဲ့ သည်။
    အဆိုပါ ပြည်သူ့ရဲဝန်ထမ်းနှစ်ယောက် ဖဖ်းဆီးခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ ဖုံးနံပါတ် ၀၇၁ ၂၁၀၁၈ သို့ ဆက်
    သွယ်ပြီး တာဝန်ရှိသူ ရဲအုပ်ဝင်းကိုကိုအား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
    ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးဖြစ်သူ ရဲအုပ် အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး လွတ်မြောက်ရေး အပါအဝင် ယခုကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးနိုင်ရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပ နှစ်ခုစလုံးမှ ကြိုးစားသွားမည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများထံ မှ သိရှိရသည်။
    ရန်နိုင် (Yangon chronicle)
    Posted: 24 Oct 2012 08:34 AM PDT
    ယနေ့ ညနေက မင်္ဂလာတောင်ညွှန့် တရားရုံးတွင် နေမျိုးဇင်အား တရားခံပြေး ကြေငြာလိုက်ကြောင်း GW ကိုမိုဃ်းသွေး က ပြောပြနေစဉ်။ တရားရုံးမှ အပြန် တခါတည်း ကျနော့်ထံ လာရောက်တွေ့ဆုံပြီး ခါးနာနေသော ကျနော့်အား တရားသူကြီး အမိန့်အကြောင်းကို ရှင်းပြခဲ့ပါသည်။ မင်္ဂလာတောင်ညွန့် တရားရုံးမှ ယခုလေးတင်ပင် ကျနော် နေမျိုးဇင် အား တရားခံပြေး အဖြစ် ကြေငြာပြီး ဖမ်းမိန့် ၀ါးရမ်း ထုတ်လိုက်ကြောင်း တရားရုံးမှ ကိုဝေလုက အသိပေး အကြောင်းကြားလာပါသည်။
    နေ့ခင်း က တောင်ညွှန့် ရဲစခန်းမှ စခန်းမှူး ရဲအုပ်မောင်မောင်က ကျနော့်ကို လာရောက်ပါရန် ဆင့်ခေါ်စဉ်က ကျနော် ပြန်ကြားလိုက်ပါသည်။ ခါးနာ နေသောကြောင့် မည်သည့် ကားမျှ ထိုင်ပြီး မစီးနိုင်သေးကြောင်း။ ပြီးတော့ တရက်ကို တရုံးနှုန်းနှင့် ဆက်တိုက်ခေါ်လာလျှင်လည်း ကျနော် မသွားနိုင်ကြောင်း၊ လာခေါ်မည် ဆိုလည်း ဆေးရုံကားနှင့် လာခေါ်လျှင် အိပ်လျက် လိုက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
    ယခု အိမ်တွင် ပင် အိပ်နေသော ကျနော် တရားခံပြေး အဖြစ် ဘ၀ တွင် ရာထူး တခု ထပ်ရပေပြီ။
    ဗိုလ်ကြီး ဟူသော ရာထူး။
    နိုင်ငံရေး အကျဉ်းသား ဟူသော ရာထူး၊
    မနက်ဖြန်တွင် ရွှေရောင် ပိတ်ကား ထက် ဘာတွေများ ဆက်ဖြစ်လာပါမည်လဲ စောင့်ကြည့် ကြပါအုံးစို့
    ( နေမျိုးဇင်)
    Posted: 24 Oct 2012 08:17 AM PDT
    ဂုတ်သွေးစုတ်နေတဲ့ ဦးပိုင်လီမိတက်။
    ၁။ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကို ကြိုးကိုင်ခြယ်လှယ်ပြီး တရားဥပေဒစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ဟန့်တားနှောင့်ယှက်မှုပြုနေတဲ့ …
    - နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အပြီးအပိုင် ဖျက်သိမ်းရေး … ဒို့အရေး ….
    ၂။ ပြည်သူပိုင် စက်ရုံအလုပ်ရုံများ၊ လယ်ယာမြေများနဲ့ မြန်မာ့မြေပေါ်မြေအောက်သယံဇာတတွေကို အတင်းအဓမ္မ သိမ်းပိုက်
    လုယူ လက်ဝါးကြီးအုပ် မောင်ပိုင်စီးပြီး လက်တဆုပ်စာ စစ်အာဏာရှင်တစုအကျိုးအတွက် စီးပွားရှာနေတဲ့ …
    - မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) အပြီးအပိုင် ဖျက်သိမ်းရေး … ဒို့အရေး ….
    ၃။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်အရေးအတွက် ဒီမိုကရေစီစံချိန် စံညွှန်းများနဲ့ မကိုက်ညီတဲ့ …
    - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး … ဒို့အရေး ….
    http://niknayman-niknayman.blogspot.jp/2012/10/blog-post_9757.htmlမှ
    Email delivery powered by Google
    No comments:
    Post a Comment