Saturday 20 April 2013

ဒေါင်းမာန်ဟုန်









Posted: 19 Apr 2013 10:12 PM PDT


ပန်းချီဒီဇိုင်းပညာရှင်..Khaing htoo artist (Sunday Art Facebook)
Posted: 19 Apr 2013 09:59 PM PDT

ငလျှင်ထပ်မံ လှုပ်ရှားမည် စိုးရိမ်နေကြသော ကျောင်းသားများ အဆောက်အဦးရှေ့ ထွက်နေကြပုံ
VIDEO: Massive quake hits China

ဒီကနေ့ နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ စီချွမ် (Sichuan) ပြည်နယ်အနောကိပိုင်းကို ဗဟိုပြုပြီးတော့ လှုပ်ရှားသွားတဲ့ အင်အား magnitude ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးကြောင့် လူရာနဲ့ချီပြီးတော့ သေဆုံးဒဏ်ရာ ရနိုင်ဖွယ်ရှိတယ်လို့ ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။ ။

စီချွမ်ငလျှင် ဗျူရိုရဲ့ အတည်ပြုပြောကြားချက်များနဲ့ အစိုးရသတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအရ လူရာနဲ့ချီပြီးတော့ ငလျှင်ဒဏ်ကြောင့် ဒဏ်ရာရတာ သေဆုံးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သေဆုံးသူ နှစ်ဦးပဲ ရှိသေးတယ်လို့လဲ သတင်းများက ထွက်ပေါ်နေပါတယ်။ အခုအချိန်အထိတော့ သေဆုံးဒဏ်ရာ ရရှိမှု စာရင်းကို အတည်မပြုနိုင်သေးပါဘူး

ငလျှင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရတဲ့ စီချွမ်ပြည်နယ်ရဲ့ အနောက်တောင်ဘက် ရှီဖန်း (Shifang) ကလူတွေကတော့ နောက်ဆက်တွဲ ငလျှင်တွေ ထပ်မံဖြစ်ပေါ်လာမှာ စိုးရိမ်နေကြတဲ့အတွက် လမ်းမတွေပေါ်ကို ထွက်နေကြတယ်လို့ ဆိုပါတယ်။

USGS က တာဝန်ရှိသူတွေကတော့ ငလျှင်ပမာဏဟာ အတော်လေးကို ပြင်ထန်ပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေ ပျက်စီးဆုံးရှုံးမှုတွေ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။ ဒေသစံတော်ချိန် နံနက် ၈ နာရီအချိန်လောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီငလျှင်ဟာ အင်အား ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးဖြစ်ပြီးတော့ စီချွမ်ဒေသရဲ့ အနောက်ဘက်ပိုင်း နေရာတွေကို ဆိုးဆိုးရွားရွား ရိုက်ခတ်ခဲ့ပါတယ်။

စီချွမ်ဒေသမှာ၂၀၀၈ခုနှစ်က လှုပ်ရှားခဲ့တဲ့ တရုတ်ပြည်ရဲ့ ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျှင်ဒဏ်ကြောင့် လူပေါင်း ၈၇ ၀၀၀ လောက် သေကျေပျက်စီး ခဲ့ဖူးပါသေးတယ်။ ငလျှင်ဒဏ်ခံစားရတဲ့ ဒေသကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ် ပေးနိုင်ဖို့ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် လွှတ်လိုက်ပြီလို့ ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ အခုရရှိတဲ့ သတိပေးချက် အဆင့်အရ နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့် တုံ့ပြန်မှုတွေ လုပ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။

အစိုးရ ငလျှင်ဗျူရိုကတော့ ငလျှင်ဟာ ဒေသစံတော်ချိန် ဒီကနေ့ စနေနေ့ မနက် ၈ နာရီလောက်မှာ စတင်ရိုက်ခတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပြီးတော့ Ya'an မြို့ကို အဓိက ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ ဒေသခံများစွာတို့ဟာ လမ်းပေါ်ထွက် နေကြရပါတယ်။

အစဆုံးမှာ တရုတ်ငလျှင်ဗျူရိုက အင်အား ၇ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် USGS ကတော့ အင်အား ၆.၆ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပြင်အားဟာ ပြင်ထန်တဲ့ သေဆုံး ဒဏ်ရာရမှုတွေနဲ့ ပျက်စီးမှုတွေကို ဆိုးဆိုးရွားရွား ဖြစ်နိုင်စေနိုင်ပါတယ်။

ဒီငလျှင်ဟာ မြေပြင်နဲ့ နီးကပ်တဲ့ မြေအောက် ၁၂.၃ ကီလိုမီတာ(၇.၆ မိုင်) အနက်ကို ဗဟိုပြုတဲ့အတွက် ပျက်စီးမှုတွေ ပိုများစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဆင်ဟွာသတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ငလျှင်ဟာ အရှေ့ဘက် ၁၁၅မိုင် အကွာအဝေးက ပြည်နယ်မြို့တော် ချန်ဒူး (Chengdu) မှာလဲ ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

REF: http://www.news.com.au/

ဘာသာပြန်..ကိုသာပို
Posted: 19 Apr 2013 09:15 PM PDT
မြန်မာတွေ ဖေ့စ်ဘွတ်ခ် ပေါ်မှာ သဘောထား မှတ်ချက်တွေ ဝင်ရေးတဲ့ အခါ မကြားဝံ့ မနားသာ ကြမ်းတမ်း ညစ်ညမ်းစွာ ဆဲရေး တိုင်းထွာမှုတွေကိုလည်း သုံးကြတဲ့ အတွက် လူကောင်းတွေတောင်မှာ ဖေ့စ်ဘွတ်ခ် ထဲဝင်ရေးဖို့တွန့်လာနေကြတယ် ၊ နောက်တခါ ဒီဖေ့စ်ဘွတ်ကို သုံးပြီးတော့ ရည်ရွယ်ချက် ရှိရှိလှုံ့ဆော် တိုက်ခိုက်မှုတွေ လုပ်လာနေကြတယ် ဒါတွေကိုတုန့် ပြန်ရအောင် ဖေ့စ်ဘွတ်ခ် သုံးသူတွေ ကျင့်ဝတ် နားလည်တဲ့ ယဉ်ကျေးမှု တရပ် ပေါ်လာအောင် ၈၈ ကျောင်းသား အဖွဲ့က ကြိုးစားခဲ့ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ ကြီးထွားလာအောင် ၊ နောက်ပြီး ဒီမိုကရက် အင်အားစုတွေကို ဦးတည်ထား တိုက်ခိုက်တဲ့ စံနစ်တကျ ပြင်ထားတဲ့ ကွန်ယက်တွေကိုတောင် တွေ့နေရတယ်လို့အဲဒီ လှုပ်ရှားမှုကို ဦးဆောင်တဲ့ ကိုဂျင်မီက ပြောပါတယ်။

တယောက်က ပြောတာနဲ့နောက်တယောက်ကပါ ဆက်တိုက် ဝုန်းဝုန်းနဲ့ ဆဲလိုက် ဆိုလိုက် ပစ်လိုက် ခတ်လိုက်တာပေါ့ ၊တချို့ ဝေဖန်ချက် အကောင်းတွေ ဝင်ရေးပေးမယ့် သူတွေကတောင် ဒီလူတွေနဲ့ရောပြီး မရေးပေးချင်တော့ဘူး ၊ ဘာလို့လဲ ဆိုတော့ သူတို့က ရေးလိုက်လို့ ရှိရင် အဲဒီ လူတွေက ကြမ်းကြမ်းတမ်းတမ်းနဲ့ဝင်ဆဲတဲ့ အခါကျတော့ သူတို့နဲ့ဖက်မဖြစ်ချင်တဲ့ အခါ လူကောင်းတွေက မပါတော့ဘူး ၊ နောက်ဆုတ်လာတယ်လို့ သူက ဆိုပါတယ်။ဒီလူတွေ လမ်းမှန်ပေါ် ရောက်လာအောင် ဘယ်လို လုပ်မလဲလို့ဘီဘီစီက မေးကြည့်တော့ ကိုဂျင်မီက ပြန်လည် ဖြေကြားရာမှာ ဖေ့စ်ဘွတ်ခ်မှာ ကိုယ်ရေး အချက်အလက်နဲ့ ပတ်သက်လို့ အမှန်အတိုင်း ဖော်ပြသူကိုသာ မိတ်ဆွေ အဖြစ် လက်ခံမယ် ၊ ဒီလူတွေကိုဘဲ လေးလေးစားစားနဲ့ ပြန်လှန်ဆွေးနွေးတာတွေတုန့်ပြန်တာတွေ ၊ ဝေဖန်ချက် ပေးတာတွေ အဲဒီ အလေ့အကျင့်ကောင်းတွေ လုပ်ပေးသွားမယ် ဆိုရင်တော့ ပိုပြီး အကျိုးရှိလာမယ်လို့ ထင်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အဓိက ကတော့ သူတို့ရဲ့ အတွေးအခေါ်တွေက နိမ့်ကျနေတယ် ၊ ဖေ့စ်ဘွတ်ခ် သုံးတယ် ဆိုတာ လက်ကွက် ရိုက်တက်ရုံ ဓါတ်ပုံ တင်တက်ရုံနဲ့ မပြီးဘူး ၊ ဖေ့စ်ဘွတ်ခ် ဆိုတာ ကိုယ်ပိုင် ဖြစ်တယ် ဆိုပေမယ့် အများက ကိုယ်တင်သမျှကို ကြည့်မြင် ခံစားနိုင်တယ် ဆိုတာကို သိထားဖို့ လိုတယ် ၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ် သုံးမယ် ဆိုရင် လူ့ကျင့်ဝတ် ထုံးတမ်းနဲ့ယဉ်ကျေး ရည်မွန်မှုတော့ ရှိဖို့ လိုတယ်လို့ကိုဂျင်မီက ပြောပါတယ်။ဒါ့အပြင် အမည်းအမှောင် လောကသားတွေကတာ့ သူတို့ ကိုယ်ရေး အချက်အလက် မှန်ကို မပြောဘူး ၊ သူတို့ဟာ တယောက်တည်းပေမယ့် အကောင့်တွေ အများပြီး ဖွင့်ပြီး ပုံစံမျိုးစုံနဲ့ပျက်စီးရာ ပျက်စီးကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကတော့ ဆက်ရှိနေဦးမှာဘဲ ၊ ဒီလူတွေကိုတော့ လွှတ်ထားပေးလို့ မရဘူးလို့ သူက ဆိုပါတယ်။ အခု လောလောဆယ် မှာတော့ ဖေ့စ်ဘွတ်ခ် သုံးသူတွေကြား ကျင့်ဝတ်ကို နားလည်လာအောင် ကြိုးစား သွားမှာ ဖြစ်ပြီး နောက်ပိုင်းကျရင်တော့ ကွန်ယက်ဖွဲ့ပြီး တိုက်နေတဲ့ သူတွေကို နည်းပညာတွေ သုံးလို့ဖော်ထုတ် သွားမယ်လို့သိရပါတယ်။

ဘီဘီစီ
Posted: 19 Apr 2013 08:52 PM PDT

နှစ်သစ်ဦးအလှူ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နေ့စဉ်နှင့်အမျှ ကူညီဖေးမမှုများအား အစဉ်အမြဲ မုဒိတာပွားကာ အားပေး ကူညီလှူဒါန်းခဲ့ကြသော ရပ်ဝေးရပ်နီးမှ မိဘပြည်သူ အလှူရှင်အပေါင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှစ်သစ်ဦး အချိန်အခါကာလတွင် ရွှင်လန်းချမ်းမြေ့ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ထိုဆုတောင်း မေတ္တာနှင့်အတူပင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပွင့်ခဲ့ပြီးကုန်သော ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်၊ မိဘပြည်သူ အလှူရှင်အပေါင်းတို့၏ လှူဒါန်းမှု သဒ္ဒါတရားအား အမှူးထား၍ မကျွတ်မလွတ်ကြကုန်သော အပါယ်လေးပါး သတ္တဝါတို့အား ရည်စူးကာ နှစ်သစ်ဦးကောင်းမှုအဖြစ် အနယ်နယ် အရပ်ရပ်မှ ကြွရောက် သီတင်းသုံးတော်မူကြကုန်သော (ရန်ကြီးအောင် ဆင်းတုတော်၊ စကျင်အောင်တော်မူ ဆင်း တုတော်၊ ရှေးဟောင်းရှမ်းဘုရား၊ ကျောက်စိမ်းနက် ဆင်းတုတော်၊ အလိုတော်ပြည့်ယွန်းဆင်းတုတော်၊ မဟာမြတ် မုနိရုပ်ပွားတော်၊ ဆင်စီးမြင်းရံ ဆင်းတုတော်၊ မဟာသွံသာရ ဆင်းတုတော်၊ ရပ်တော်မူဗျာဒိတ်ပေး ကျွန်းပြန် ဆင်း တုတော်၊ သင်္ကန်းနက် ဆင်းတုတော်၊ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်၊ ပြဒါးအောင်ဘုရား၊ အင်းဝခေတ် ကြေးဆင်း တုတော်၊ ဗောဒိတစ်ထောင် ရုပ်ပွားတော်၊ သီရီလင်္ကာ ဗုဒ္ဓမြတ်စွယ်တော်) အစရှိသည့် ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းများကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၁၇.၄.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပြုလုပ်ခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် သံဃာတော် အရှင် သူမြတ်ငါးပါးအား ပင့်ဖိတ်ကာ အရုဏ်ဆွမ်းဆပ်ကပ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဗုဒ္ဓဆင်းတုတော်များအား အနေကဇာတင်ကာ ညနေပိုင်းတွင် ဝဋ်ကြွေးတော်ပြေ သာသနာပြုကျောင်းမှ သံဃာတော် (၅)ပါးအား ပင့်ဖိတ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "သုခ" ခန်းမအတွင်း၌ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြကာ အလှူရှင်ပေါင်းတို့နှင့် အပါယ်လေးပါး သတ္တဝါအပေါင်းတို့ကို နှစ်ဟောင်းတွင်ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် တို့အား အမျှပေးဝေ မုဒိတာပွား စေခဲ့ပါတော့သည်။

ထိုနှစ်သစ်တွင် ပြုလုပ်သော ကောင်းမှုကုသိုလ်တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "ပေးဆပ်သူ များ" သင်္ကြန်သံချပ်အဖွဲ့သည်လည်း သင်္ကြန်ကာလအတွင်း မိဘပြည်သူအပေါင်းတို့အား ဖျော်ဖြေအသုံးတော်ခံ ခဲ့ကာ သင်္ကြန်အတက်နေ့ကိုကျော်လွန်ကာ နှစ်ဆန်းတစ်ရက်နေ့ နံနက် (၃းဝဝ) နာရီအချိန်တွင်မှပင် ဖျော်ဖြေရေး အစီအစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့တော့သည်။ ယင်းသံချပ်အဖွဲ့အား အများပြည်သူအပေါင်းတို့မှ ချီးမြှင့်ငွေ ကျပ်သိန်း တစ်ရာလေးဆယ့်နှစ်သိန်းတစ်ထောင့်နှစ်ရာ ၁၄၂ဝ၁၂ဝဝိ/- ကျပ်အား ရရှိခဲ့ပါသည်။ ထိုငွေများကို "ပေးဆပ်သူများ" သံချပ်အဖွဲ့အနေဖြင့် မိမိတို့ကိုယ်ကျိုးအတွက် အသုံးမပြုပဲ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုအကျိုးပြု လုပ်ငန်း များတွင် အသုံးပြုသွားမည်။ မဟာသင်္ကြန် ကာလမတိုင်မီက ရန်ကုန်-လိုင်ဇာ ငြိမ်ချမ်းရေးလမ်းလျှောက်အဖွဲ့အား လည်း စစ်မှန်သော ငြိမ်းချမ်မှုကိုရရှိစေရန် ရည်သန်၍ သာသနဘောင်သို့ ရောက်ရှိစေရန် ပို့ဆောင်ပေးခဲ့ပြီး ဖြစ် သည်။ ထိုနေ့တွင်ပင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ရန်ကုန်လိုင်ဇာ ငြိမ်ချမ်းရေး လမ်း လျှောက်အဖွဲ့မှ လူငယ်တစ်ဦး ဂုဏ်ပြုရေးဖွဲ့ထားသော ကဗျာလေးအား မိဘပြည်သူများသိရှိ မုဒိတာပွားစေနိုင်ရန် အတွက် မိဘပြည်သူအပေါင်းတို့အား တလက်စတည်း တင်ပြပေးလိုက်ရပါတော့သည်။

ထို့ကြောင့် ယခုကဲ့သို့ နှစ်သစ်ဦး အခါသမယတွင် ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် အစုစုတို့အား (၃၁) ဘုံတွင် ကျင်လည်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အပေါင်းတို့နှင့်တကွ အထူးအားဖြင့် အပါယ်လေးဘုံတွင် ရောက်ရှိနေကြသော သတ္တဝါပေါင်းတို့အား အစထားကာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု ပရဟိတလုပ်ငန်းများအား အစဉ်တစိုက် အားပေးကူညီ လှူဒါန်းခဲ့ကြသော မိဘပြည်သူ ရဟန်းရှင်လူ အလှူရှင် ပေါင်း၊ မြန်မာနိုင်ငံသားအပေါင်း၊ ကမ္ဘာသူ ကမ္ဘာသားပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏ ထိုထိုသော ကုသိုလ်တို့အား မုဒိတာပွားကာ သာဓု … သာဓု … သာဓု .. ခေါ်တော်မူကြပါ ကုန်သော်….။
Posted: 19 Apr 2013 10:45 AM PDT
ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူအဖြစ် သံသယရှိသူ လွတ်မြောက်နေဆဲဖြစ်သူဟာ အသက် (၁၉) နှစ်ရှိ မူဆလင်အကြမ်းဖက်သမားလေး Dzhokhar Tsarnaev ကို ရဲအရာရှိပေါင်း ကိုးထောင်ကျော် နဲ့ စစ်သားတွေ တင့်ကားတွေ ဟော်လီကော်ပတာတွေနဲ့ ဘော်စတွန် မာဆာကျူးဆက် ဝါးတားတောင်းမြို့လေးမှာ ပိုက်စိတ်တိုက်ရှာဖွေနေကြပါတယ်။

ဆက်သွယ်ရေးတွေအားလုံး ပိတ်ထားတယ်။ ဘော်စတွန်လေပျံခရီးစဉ်ပါ ပိတ်ဆို့ထားတယ်။ တက်ကစီတွေ ဘတ်စ်ကားတွေ မီးရထားတွေ အားလုံး ပိတ်ထားတယ်။ တစ်မြို့လုံးစီးပွါးရေးတွေ ပိတ်လိုက်တယ်။ ကျောင်းတွေအားလုံးပိတ်ထားပါတယ်။ ရဲအရာရှိတွေ မူ့ခင်းအရာရှိတွေ စစ်သားတွေ အားလုံး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေနေပါတယ်။ အကြမ်းဖက်သမားဖြစ်သူအ ကိုကြီးကတော့ အသက် ၂၆နှစ်ရှိပြီး အမည်မှာ Tamerlan Tsarnaev ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးခွဲအကြမ်းဖက်သူ လူငယ်ညီအကို နှစ်ဦးဟာ ဘော်စတွန် ကွန်မြူနတီကောလိပ်မှာ အင်ဂျင်နီယာဘာသာ သင်ယူနေကြတဲ့ မူဆလင် ညီအကိုနှစ်ဦးဖြစ်ပါတယ်။ ရုရှားပြည်ထောင်စုကခွဲထွက်သွားတဲ့ CHECHNYA (ဥရောပရဲ့ အရှေ့တောင်အရပ် ) က ကျောင်းလာတက်ကြတဲ့ ညီအကိုတွေဖြစ်ကြပါတယ်။ အမေရိကား ကို လွန်ခဲ့တဲ့ (၇) နှစ်လောက်ကတည်းက ပြောင်းရွှေ့အခြေချလာကြသူတွေဖြစ်ပါတယ်တဲ့။

လူတကာ ကြောက်လန့်ပြီး ပြေးလွှားနေတဲ့အချိန်မှာ ခပ်တည်တည်နဲ့ မှင်သေသေ လမ်းလျှောက်သွားတဲ့ သံသယရှိတဲ့လူ အမှတ် ၂ ကို ဒေးဗစ်ဂရင်းဆိုတဲ့လူ ရိုက်ထားတဲ့ ဓာတ်ပုံမှာ တွေ့ရတဲ့ ပုံ ။ ရဲနဲ့ပြည်သူ လက်တွဲကူ ဆိုတာ ဒါမျိုးဖြစ်မယ်ဗျ ။ ဒီလို ရနိုင်သမျှ ဓာတ်ပုံတွေကို အသေးစိတ် ကြည့်ရူကြရင်းနဲ့ ခြေရာခံမိသွားတာ။ ပြည်သူရဲ့အားက အများကြီးပါသလို FBI ရဲ့ ကြိုးစားအားထုတ်မူကလည်းကြောက်ခမန်းလိလိပါ။

ဗုံးကွဲကွဲခြင်း အိုဘားမားက ကျွန်တော်တို့ ဘယ်သူ လုပ်လည်း ဖော်ထုတ်မယ် ဘာကြောင့်လုပ်လည်း
ဖော်ထုတ်မယ်လို့ ယုံကြည်မူ ရှိရှိတဲ့ ပြောသွားတဲ့ စကားကို အစက သိပ် မထင်ထားပေမယ့် ခုတော့ ကောင်းကောင်း သက်သေပြသွားပါပြီ။ ဗုံးကွဲမူဖြစ်ရင် ဘာမှမဆိုင်တဲ့ လူကို ပြီးပြီးရော ဆွဲထည့်တတ်တဲ့ အစဉ်အလာရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတုယူနိုင်ပါစေဗျာ။
Zaw Win, Nyi Thit
Posted: 19 Apr 2013 09:30 AM PDT
၂၀၁၅ခုနှစ်တွင် သမ္မတအဖြစ်သို့ ရည်ရွယ်ထားသည်ဟုဆိုသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည(၆း၃၀) နာရီခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ဧပြီလ ၁၇ရက်နေ့တွင် Japan National Press Clubတွင် ပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၂၀၁၅ခုနှစ်တွင် သမ္မတဖြစ်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်တွင် လာရောက်ကြိုဆိုသော ပြည်သူများကလည်း ၂၀၁၅ခုနှစ်တွင် အမေစု သမ္မတဖြစ်စေရမည်ဟု သံပြိုင်ကြွေးကြော်ကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

"နှစ်သစ်မှာ အမေစု ကျန်းမာပါစေ။ ၂၀၁၅မှာ အမေစု သမ္မတဖြစ်စေရမယ်" ဟု ပြည်သူများက လေဆိပ်မှ အိမ်ပြန်လမ်းတစ်လျှောက်တွင် ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။ ဂျပန်နိုင်ငံတွင် ရက်သတ္တပတ်ကြာ ကြာမြင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နှင့် နိုငံခြားရေးဝန်ကြီးတို့ အပါအဝင် ဂျပန်အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံခဲ့ပြီး တိုကျိုတက္ကသိုလ်မှ ပေးအပ်သော ဂုဏ်ထူးဆောင်ဆုတစ်ခုကိုလည်း လက်ခံခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်းဆန်းစုကြည်၏ ယခုပြန်လည်ရောက်ရှိလာသော ဂျပန်ခရီးစဉ်သည် ၂၀၁၃ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့သောပြည်ပ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

လူမင်း၊အောင်သိုက်(မြန်မာ့ခေတ်)
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment